Monday, April 22, 2019

တရုတ်​သမ္မတ ရှီကျင့်​ပင်းရဲ့ မဟာရည်​မှန်းချက် (Ko Nay Nay)

0 comments
တရုတ်​သမ္မတ ရှီကျင့်​ပင်းရဲ့ မဟာရည်​မှန်းချက် (Ko Nay Nay)

ဧပြီလ ၂၅ရက်​နေ ၂၇ရက်​ အထိကျင်းပပြုလုပ်​မည့်​ တရုတ်​ရဲ့ ဒုတိယအကြိမ်​မြောက်​ BRI ဖိုရမ်​၌ နိုင်​ငံပေါင်း၃၇နိုင်​ငံမှ ခေါင်းဆောင်​များ၊နိုင်​ငံပေါင်း ၁၅၀ တို့မှ ဖိတ်​ကြားထားတဲ့ ဧည့်​သည်​တော်​ဦးရေ ၅၀၀၀ကျော်​၊ ကမ္ဘာ့ဘဏ်​နှင့်​ အပြည်​ပြည်​ဆိုင်​ရာငွေကြေးရန်​ပုံငွေ အဖွဲ့တို့လို နိုင်​ငံတကာအဖွဲ့အစည်း၉၀ကျော်​တို့လည်း စုံစုံလင်​လင်​ ပါဝင်​တက်​ရောက်​ကြမည်​ ဖြစ်​သည်​။ မြန်​မာနိုင်​ငံမှ နိုင်​ငံတော်​ အတိုင်​ပင်​ခံပုဂ္ဂိုလ်​ ဒေါ်အောင်​ဆန်းစုကြည်​လည်း တက်​ရောက်​မည်​လို့ သိရသည်​။

အဲဒီ BRI စီမံကိန်းကြီးဟာ ကမ္ဘာ့မြေထု ရဲ့ ၃ပုံ၂ပုံအထိ ဖြန့်​ကြက်​ထားပြီး၊ နိုင်​ငံပေါင်း၆၅နိုင်​ငံမှ လူဦးရေ ၄.၄ဘီလီယံတို့ကနေ ထုတ်​လုပ်​တဲ့ ဂျီဒီပီ တန်​ဖိုး၂ထရီလီယံ ကျော်​ နှင့်​ဆက်​စပ်​ နေသည်​။ ၎င်းစီမံကိန်းအတွက်​ သတ်​မှတ်​လျာထားတဲ့ ရင်းနှီးမြှုပ်​နှံမှု့ တန်​ဖိုးဟာ ၄-၈ထရီလီယံ အထိ ရှိလေသည်​။ BRIစီမံကိန်းဖြင့်​ ရှီကျင့်​ပင်းသည်​ တရုတ်​ရဲ့စီးပွားရေးကို အနောက်​နိုင်​ငံတို့ရဲ့စီးပွားရေှးင့်​ ဆက်​သွယ်​ဖို့ရန်​ ကြိုးစားဆောင်​ရွက်​ခြင်းသဘောလည်း ဖြစ်​သည်​။

၂၀၁၅ခုနှစ်​ထဲမှာ ပြောကြားခဲ့တဲ့ ရှီကျင့်​ပင်းရဲ့ မိန့်​ခွန်းထဲ၌ တရုတ်​နိုင်​ငံရဲ့ မဟာဗျူဟာမြောက်​ ရည်​မှန်းချက်​တစ်​ခုကတော့ တရုတ်​နိုင်​ငံသားအားလုံးတို့အားဆင်းရဲမွဲတေမှုဘ၀ကနေ လွတ်​ကင်းရေး အကောင်​ထည်​ဖော်​ဆောင်​ရွက်​မည် ဖြစ်​ကြောင်း အလေးပေး မီးမောင်း ထိုးပြောကြားခဲ့သည်​။  ၂၀၁၃ခုနှစ်​ကနေ ၂၀၁၈အထိ ကာလအတွင်း တရုတ်​နှင့်​ စီမံကိန်း ရပ်​၀န်းတလျှောက်​ ရှိ နိုင်​ငံများတို့ရဲ့ ကုန်​သွယ်​မှု တန်​ဖိုးဟာ ဒေါ်လာ ၆ ထရီလီယံ နီးပါးအထိရှိခဲ့ပြီး ၎င်းဒေသရှိ နိုင်​ငံသားများတို့အတွက်​ အလုပ်​အကိုင်​ အခွင့်​အလမ်း ၃သိန်းကျော်​ကိုဖန်​တီးပေးနိုင်​ခဲ့သည်​။ BRI စီမံကိန်းကို လက်​ခံ ပူးပေါင်းလိုကြသည့်​နိုင်​ငံပေါင်း၆၀ကျော်​အထိ ရှိနေပြီး အီတလီ၊နယူးဇီလန်​၊ သြစတြီးယား၊ ကာဇက်​စတန်​ နှင့်​တောင်​အာဖရိကနိုင်​ငံများတို့လည်း ပါဝင်​ကြသည်​။

BRI ဟာ တရုတ်​နှင့်​ ကမ္ဘာ့နိုင်​ငံတို့အား ချိတ်​ဆက်​ပေးမည့်​ ကုန်​သွယ်​ရေးလမ်းကြောင်း ဖောက်​လိုက်​ခြင်းသဘောလည်း ဖြစ်​သည်​။ အနောက် သတင်းမီဒီယာ အများစုတို့က BRI စီမံကိန်းဟာ တရုတ်​ရဲ့ကိုယ်​ကျိုးစီးပွား ရှေ့တန်းတင်​ စီမံကိန်းမျိုးသာ ဖြစ်​ပြီး ကမ္ဘာ့နိုင်​ငံများတို့အတွက်​ အကြွေး ထောင်​ချောက်​ မိနိုင်​သည်​လို့ ဝေဖန်​သတိပေးရေးသားကြသည်​။ ESSB KGရဲ့ စီအီးအို Alawi Shaaban
Swabury ရဲ့အဆိုအရ အာဖရိကနိုင်
ငံတိုင်းကတော့ BRI စီမံကိန်းကို လက်​ကမ်းကြိုကြသည်​က များကြသည်​ဟု ဆိုထားသည်​။ အဲဒီနိုင်​ငံတွေက အခြေခံအဆောက်​အုံ ဖွံ့ဖြိုးမှုရှိစေခြင်းက ကုန်​သွယ်​ရေးလမ်းကြောင်းကို ပိုပြီးဖြောင့်​ဖြူးစေပြီး ဒေသတွင်း အလုပ်​အကိုင်​ ရရှိမှုနှင့်​ စီးပွားရေးဖွံ့ဖြိုးမှုကို ရှိစေနိုင်​သည်ကို ကောင်းစွာနားလည်​ သဘောပေါက်​ကြသည်​ဟု၎င်းက ပြောကြားခဲ့သည်​။

ဥဇဘက်​ကစ္စတန်​နိုင်​ငံရဲ့ အနာဂတ်​ဖွံ့ဖြိုးရေးမဟာဗျူဟာ ပိုင်း၌ BRI စီမံကိန်းကို အမှီပြုထားတာမျိုးလည်း ရှိလေသည်​။နိုင်​ငံခြားကုန်​သွယ်​ရေးလမ်းကြောင်းကိုဖွင့်​ပြီး ပြည်​ပပို့ကုန်​တန်​ဖိုးကို တိုးမြှင့်​နိုင်​ရန်​အတွက်​တရုတ်​ရဲ့ BRIစီမံကိန်းကို ပူးပေါင်းပါဝင်​ လုပ်​ဆောင်​မည်​ဟု ဆိုထားသည်​။ နိင်​ငံများစွာတို့သည်​က လမ်း၊တံတား စီမံကိန်းများလိုမိမိတို့နိုင်​ငံ့များရဲ့ဖွံ့ဖြိုးရေးရည်​မှန်းချက်​များကို အထောက်​အကူ ပြုပေးနိုင်​မည့်​ တရုတ်ရဲ့ BRI စီမံကိန်းကို စိတ်​၀င်​စားမှု့ များစွာ ရှိနေကြသည်​။

တရုတ်​နှင့်​ ကမ္ဘာ့နိုင်​ငံများတို့ရဲ့ကြား၌ BRI စီမံကိန်း၌ ပင်​လယ်​ရေကြောင်းလမ်းဖြင့်​ ထိစပ်​နေသည့်​နိုင်​ငံ့ဆိပ်​ကမ်းပေါင်း ဟာ ၆၀၀ထက်​မနည်း ရှိနေသည်​။ ၂၀၁၈ထဲ၌ မီးရထားလမ်းအားဖြင့်​ တရုတ်​-ဥရောပ တို့ကြားကုန်​ပစ္စည်းတင်​ပို့မှု့ တန်​ဖိုးဟာ ဒေါ်လာ ၁၆ဘီလီယံအထိရှိခဲ့သည်​။ တရုတ်​နှင့်​BRI နိုင်​ငံများတို့ရဲ့ကြား ၂၀၁၇ထဲ၌ ခရီးသွားလည်​ပတ်​မှု့နှုန်းဟာ ၂.၆ဆ မြင့်​တက်​လာခဲ့သည်​။

တရုတ်​သမ္မတ ရှီကျင့်​ပင်းလက်​ထက်​၌ ဟန်​မင်းဆက်​နှင့်​ မင်​ မင်းဆက်​တို့လက်​ထက်​တွင်​ ကြိုးပမ်းအားထုတ်​ခဲ့ဖူးတဲ့ တရုတ်​ပြည်​ရဲ့ စီးပွားရေးကို အနောက်​ရဲ့စီးပွားရေးနှင့်​ ဆက်​သွယ်​နိုင်​ဖို့ ကြိုးစားခဲ့သည့်​ တရုတ်​ရဲ့အိမ်​မက်​ကို အကောင်​ထည်​ဖော်​ရန်​ ကြိုးစားခြင်းလည်းဖြစ်​သည်​။ အစောပိုင်းတုန်းက "One Belt One Road "ဟု အမည်​ ပေးထားရာကနေ "Belt and Road Initiative" လို့ ပြောင်းသုံးလာသည်​။ ၎င်းBRIအသုံး၌ တရုတ်​သည်​ "strategy","project","programme","agenda"တို့လို့ စီမံကိန်း ဘက်​ကိုကိုယ်​စားပြုတဲ့ စကားလုံး၊ အသုံးအနှုန်းများတို့ကို မသုံးဘဲ "initiative" ဆိုသည့်​ စကားလုံး၊ အသုံးအနှုန်းကိုသာ သုံးနှုန်းထားသည်​ကို တွေ့ရသည်​။

BRI စီမံကိန်း၌ Road ဆိုသည်​မှာ တရုတ်​ပြည်​ရဲ့တောင်​ဘက်​ ကမ်းရိုးတန်းကို အရှေ့အာဖရိက၊မြေထဲပင်​လယ်​တို့နှင့်​ ဆက်​သွယ်​ပေးမည့်​ အဓိကပင်​လယ်​ လမ်းကြောင်းစီမံကိန်းကို ဆိုလိုခြင်းဖြစ်​သည်​။ Belt ဆိုတာကတော့ ကုန်းလမ်းကြောင်းအတိုင်းတရုတ်​နိုင်​ငံကို အာရှ အရှေ့အလယ်​ပိုင်းနှင့်​ အရှေ့လယ်​ပိုင်းဒေသ တို့ကို ဖြတ်​ပြီး ဥရောပ သို့ဆက်​သွယ်​ပေးမည့်​ အစီအစဉ်​ ဖြစ်​သည်​။ပထ၀ီအနေအထားအရ BRI ကိုသရုပ်​ခွဲကြည့်​မည်​ဆိုပါက မြောက်​ပိုင်း၊ အလယ်​ပိုင်းနှင့်​ တောင်​ပိုင်း ခါးပတ်​များဟူ၍ ရှိသည်​။မြောက်​ပိုင်းသည်​က အာရှအလယ်​ပိုင်း နှင့်​ ရုရှားကို ဖြတ်​ပြီးဥရောပနှင့်​ ဆက်​သွယ်​သည့်​ လမ်းဖြစ်​သည်​။ အလယ်​ပိုင်းသည်​ကတော့ အာရှအလယ်​ပိုင်း၊ အနောက်​ပိုင်းနှင့်​ ပါရှားပင်​လယ်​ကွေ့ကို ဖြတ်​ပြီး မြေထဲပင်​လယ်​ဆီသို့ဦးတည်​သည့်​လမ်းဖြစ်​သည်​။ တောင်​ပိုင်းသည်​ကတော့ အရှေ့တောင်​ အာရှ၊တောင်​အာရှကနေ အိန္ဒိယသမုဒ္ဒရာဘက်​ကို ဖောက်​ထွက်​မည့်​ လမ်းဖြစ်​သည်​။

လက်​ရှိ၌ ဒုတိယ အကြိမ်​မြောက်​BRI ဖိုရမ်​ မတိုင်​ခင်​ နိုင်​ငံပေါင်း ၄၀တို့က လက်​ခံပူးပေါင်းကြရန်​ လက်​မှတ်​ထိုးထားပြီး နိုင်​ငံပေါင်း ၆၀ကျော်​တို့က ထောက်​ခံထားကြသည်​။ BRI စီမံကိန်းဟာ ရေရှည်​ စီမံကိန်းကြီး ဖြစ်​လို့ ခေါင်းဆောင်​ အပြောင်းအလဲလုပ်​လိုက်​တာနဲ့ သဲထဲရေသွန်
အနေအထားမျိုးရှိနိုင်
လို့ သမ္မတရှီကျင့်​ပင်းက ပထမသမ္မတသက်​တမ်း ပြည့်​သည့်​နေ့မှာ ဒုတိယ သမ္မတသက်​တမ်း ထမ်းဆောင်​ဖို့ရန်​ ကြိုးစားခြင်းနှင့်​အတူ ဖွဲ့စည်းပုံအခြေခံဥပဒေ အရခွင့်​ပြုထားတဲ့ သမ္မတသက်​တမ်း ၂ကြိမ်​သာ ထမ်းဆောင်​ခွင့်​ ကန့်​သတ်​ချက်​ကို ပယ်​ဖျက်​ခဲ့ပြီး တခြားသော ပြင်​ဆင်​ဖြည့်​စွက်​စရာ အချက်​ ၂၀ကိုလည်း ပြင်​ဆင်​ခဲ့သည်​။ အဲဒီတော့ ရာထူးမြဲ၊ နေရာမြဲ ဘ၀ဖြင့်ရှီကျင့်​ပင်းသည်​ နိုင်​ငံ့ခေါင်းဆောင်​နေရာကို အကန့်​အသတ်​မရှိ တာဝန်​ထမ်းဆောင်​ပြီးတိုင်းပြည်​ ဖွံ့ဖြိုးရေး စီမံကိန်းများကို ဆက်​၍ မိမိစိတ်​ကြိုက်​ အကောင်​အထည်​ ဖော်​လို့ ရနေသည့်​ အနေအထားမျိုး ဖြစ်​သည်​။

လက်​ရှိ၌ သီရိလက်ာနိုင်​ငံ၊ ကမ္ဗောဒီးယား နိုင်​ငံတို့ကတော့ တရုတ်​ရဲ့ BRI စီမံကိန်းကြောင့်​ အကျိုးဖြစ်​ထွန်းမှုနည်းပြီး တရုတ်​ကုမ္ပဏီများ၊ တရုတ်​နိုင်​ငံသားတို့ကစီမံကိန်းအကြောင်းပြပြီး ၎င်းနိုင်​ငံများထဲသို့ ၀င်​ရောက်​ပြီး ရွှေ့ပြောင်းနေထိုင်​မှု့ တွေ များစွာ တိုးလာသည်​ဟူ
သော ညည်
းညူသံတွေတော့ ထွက်​လာကြသည်​။

မြန်​မာနိုင်​ငံသည်​လည်း တရုတ်​ရဲ့ BRI စီမံကိန်းတွေမှာ အကျိုးတူ ပူးပေါင်းလုပ်​ဆောင်​ဖို့ရန်​ ရှိနေပြီး၊၂၀၁၈ခုနှစ်​၊ စက်​တင်​ဘာထဲ၌ နှစ်​နိုင်​ငံ အစိုးရတို့ကြား နှစ်​နိုင်​ငံနားလည်​မှု့ စာချွန်​လွှာ MOUကို လက်​မှတ်​ထိုးခဲ့ပြီးဖြစ်​သည်​။ လာမည့်​ BRIဖိုရမ်​သို့လည်း နိုင်​ငံတော်​အတိုင်​ပင်​ခံ ပုဂ္ဂိုလ်​ တက်​ရောက်​မည်​လို့လည်းသိရသည်​။ တရုတ်​-မြန်​မာ ဆက်​ဆံရေး၌ မြန်​မာနိုင်​ငံသည်​ လက်​ရှိအနေအထား၌ မြစ်​ဆုံစီမံကိန်းနှင့်​ ပတ်​သက်​လို့ တရုတ်​ရဲ့ဖိအားပေးမှု့ ကို ခံနေရသည်​။ စစ်​အစိုးရ ခေါင်းဆောင်​ ဦးသန်းရွှေလက်​ထက်​ကတည်းက အစပြုခဲ့တဲ့မြစ်​ဆုံစီမံကိန်းဟာ ဦးသိန်းစိန်​လက်​ထက်​၌ ယာယီရပ်​ဆိုင်းခဲ့ပြီးနောက်​ NLD အစိုးရ လက်​ထက်​မှာ တာဝန်​ယူဖြေရှင်းရမည့်​ အမှိုက်​ထုပ်​ကြီးသဖွယ်​ ရှိနေပါသည်​။
လက်
ရှိNLD အစိုးရသည်​လည်း မြစ်​ဆုံစီမံကိန်းကို ပြန်​စ မည်​ဆိုပါက တရုတ်​ရဲ့ ဖိအားပေးမှုကို လျော့ကျစေနိုင်​ပေမယ့်​ မြန်​မာပြည်​သူတွေရဲ့ ဖိအားပေးမှု့ကို များစွာခံကြရမည်​ဖြစ်​ပြီး လာမည့်​ရွေးကောက်​ပွဲမှာ အနိုင်​ရဖို့ရုန်းကန်​ ရဖို့ရှိနိုင်​မည်​။

လောလောဆယ်​၌ ရခိုင်​အရေးလို ကိစ္စမျိုး၌ ကုလသမဂ္ဂနှင့်​ OIC နိုင်​ငံတို့က မြန်​မာကို အမဲဖျက်​ဖို့ရန်​ ကြိုးစားနေကြသည်​ကို တရုတ်​ကြီးက နိုင်​ငံတကာအရေး၌ မြန်​မာနိုင်​ငံဘက်​က မားမားမတ်​မတ်​ ရပ်​တည်​ပေးခဲ့လို့လက်​ရှိNLD အစိုးရအတွက်​ အကျဉ်းထဲ အကြပ်​ထဲသို့ရောက်​ရှိ နေပြီ ဖြစ်​သည်​။ လက်​ရှိအနေအထား၌ တရုတ်​-မြန်​မာ စီးပွားရေးစင်္ကြန်​ အပိုင်းစီမံကိန်းကို တရုတ်​ဘက်​ကရော၊ မြန်​မာဘက်​ကပါ အကောင်​အထည်​ဖော်​ဖို့ရန်​ သဘောတူထားပြီးဖြစ်​သည်​။ တရုတ်​နိုင်​ငံ၊ယူနန်​ပြည်​ကနေ မူဆယ်​ကိုဖြတ်​ပြီး၊ ရခိုင်​ပြည်​နယ်​အထိ ဖောက်​မယ့်​ မီးရထား လမ်းမကြီးစီမံကိန်းကိုတော့ မြန်​မာဘက်​က လိုက်​လျောရဖို့ ရှိနေပါသည်​။ China Myanmar Economic Corridor( တရုတ်​-မြန်​မာ စီးပွားရေး
စင်္ကြန်)မှာပါဝင်
မည့်​ စီမံကိန်းက ၁၂ခုလောက်​ရှိနေသည်​။ ယခုBRI ဒုတိယအကြိမ်​မြောက်​ ဖိုရမ်​မှာ ဒေါ်အောင်​ဆန်းစုကြည်​သည်​ ၎င်း CMEC နှင့်​ဆိုင်​တဲ့ စီမံကိန်းတွေအတွက်​ နားလည်​မှုစာချွန်​လွှာ ရေးထိုးသွားဖွယ်​ရှိနိုင်​လို့ နားစွင့်​ကြရအောင်လို့ တိုက်​တွန်း​လိုက်​ရပါသည်​။
#KoNayNay
Mon,Apr 22

0 comments:

Post a Comment