Sunday, July 28, 2019

အမေရိကန်​ ဒေါ်လာရဲ့စန်းကျချိန်​ Ko Nay Nay

0 comments
အမေရိကန်​ ဒေါ်လာရဲ့စန်းကျချိန်​ Ko Nay Nay
ဇူလှိုင်​လ၂၄ရက်​နေ့တုန်းကအမေရိကန်​ ရင်းနှီးမြှုပ်​နှံမှုဘဏ်​ကြီးJP Morgan Chase ကအမေရိကန်​ဒေါ်လာရဲ့အနာဂတ်ဟာမှေးမှိန်​လာနေပြီဖြစ်​ပြီး၊ များမကြာမီကာလအတွင်း၌ပို၍ မှေးမှိန်​ဖို့ရန်​ အလားအလာတွေများစွာရှိနေပြီဟုသုံးသပ်​ခန့်​မှန်းထားတဲ့အစီရင်​ခံစာတစ်​ခုကိုထုတ်​ပြန်​ခဲ့သည်​။

အာရှစီးပွားရေးတစ်​ခုလုံးကိုသုံးသပ်​လေ့လာကြည့်​ပါကအနောက်​ဘက်​မှာတူရကီနှင့်​အာရေဗီယံကျွန်းဆွယ်​ကနေအရှေ့ဘက်​၌နယူးဇီလန်​၊ဂျပန်​အထိ၊မြောက်​ဘက်​၌ရုရှားကနေတောင်​ဘက်​သြစတြေးလျအထိအာရှတစ်​ခွင်​လုံးရဲ့စီးပွားရေးဟာ ကမ္ဘာလုံးဆိုင်​ရာစီးပွားရေးတရပ်​လုံးရဲ့ ၆၅% လောက်​အထိ ကိုယ်​စားပြုနေရာယူထားပြီး၊ ကမ္ဘာ့ဂျီဒီပီရဲ့၅၀% လောက်​အထိကိုယ်​စားပြုနိုင်​သည်​။ 
ကမ္ဘာ့ဘဏ်​နှင့်​ တခြားသောနိုင်​ငံတကာငွေကြေးအဖွဲ့အစည်းတွေရဲ့စာရင်းဒေတာများအရတော့ တရုတ်​စီးပွားရေးတစ်​ခုတည်းကတင်​ ကမ္ဘာလုံးဆိုင်​ရာစီးပွားရေးတိုးတက်​မှု့ရဲ့၃၀% လောက်​ကို အထောက်​အပံ့ပေးနေသည်​ဟုဆိုထားကြသည်​။အပြည်​ပြည်​ဆိုင်​ရာငွေကြေးရန်​ပုံငွေအဖွဲ့ (IMF)ရဲ့ကိန်းဂဏန်းဒေတာများအရတော့တရုတ်​စီးပွားရေးတိုးတက်​မှု နှုန်းဟာကမ္ဘာ့ရဲ့ကျန်​တဲ့နိုင်​ငံများထက်​ ၂ဆနီးပါးလောက်​ရှိနေပြီး၊ အနောက်​ထက်​ ၃ဆလောက်​နီးပါး ပိုများနေသည်​ဟုဆိုထားသည်​။
တရုတ်​နိုင်​ငံဟာကမ္ဘာ့နိုင်​ငံပေါင်း ၁၂၀ကျော်​တ်​တို့ရဲ့အကြီးဆုံးကုန်​သွယ်​ဖက်​နိုင်​ငံအဖြစ်​လည်း ရပ်​တည်​နေပါသည်​။အဲဒီနိုင်​ငံပေါင်း ၁၂၀ ကျော်​တို့ကတရုတ်​နှင့်​ ကုန်​သွယ်​မှုလုပ်​ကြရာ၌ယွမ်​ငွေကြေးကိုနေရာပေးလက်​ခံသုံးစွဲမှုတွေလုပ်​လာတာဟာမယုံကြည်​နိုင်​လောက်​အောင်​ မြင့်တက်​လာခဲ့သည်​။ထိုအနေအထားကကမ္ဘာ့ကုန်​သွယ်​ရေး၊ ဘဏ္ဍာရေးစနစ်​နှင့်၊ ငွေပေးချေမှုစနစ်​တို့၌အမေရိကန်​ ဒေါ်လာအစားယွမ်​ငွေကြေးကိုလက်​ခံသုံးစွဲမှုပိုပြီးများလာစေနိုင်​သည်​။၎င်းနိုင်​ငံပေါင်း ၁၂၀ကျော်​တို့ကတရုတ်​ကိုအကြီးဆုံးကုန်​သွယ်​ဖက်​နိုင်​ငံအဖြစ်​ လက်​ခံထားကြမှု အနေအထားကြောင့်​၎င်းတို့ရဲ့ငွေကြေးများတို့ကိုဒေါ်လာဖြင့်​အရင်​ဖလှယ်​မှုလုပ်​ပြီးမှ ယွမ်​ငွေကြေး ပြောင်း၍ပေးချေမှု့ကိုလုပ်​ဆောင်​ခြင်းဟာမလိုလားအပ်​တဲ့ကုန်​ကျစရိတ်​တွေကို ထပ်​တိုးစေနိုင်​လို့ ယွမ်​ငွေကြေးကိုဘဲအဓိကလက်​ကိုင်​ထားသုံးစွဲမှုတွေတိုးလာကြသည်​။

ဒုတိယကမ္ဘာစစ်​နောက်​ပိုင်းကတည်းကအမေရိကန်​ဒေါ်လာဟာကမ္ဘာ့နိုင်​ငံအသီးသီးတို့ရဲ့အရန်​သီးသန့်​ငွေကြေးအဖြစ်​၊ဗဟိုဘဏ်​အများစုတို့ရဲ့လက်​ကိုင်​ထားငွေကြေးနေရာကိုရယူနိုင်​ခဲ့သည်​။ဒေါ်လာနေရာရမှုတွေများလာတာနဲ့အမျှအမေရိကန်​ကဒေါ်လာကို အဓိကပို့ကုန်​အဖြစ်​ ကမ္ဘာ့နိုင်​ငံတိုင်းသို့ခြေဆန့်​ပြီးတင်​ပို့ခဲ့ပါသည်​။အမေရိကန်​ကဒေါ်လာကိုအဓိကပို့ကုန်​အဖြစ်​ ရှေ့တန်း တင်​လာနိုင်​မှုဟာနို​င်​ငံ့အတွက်​ လိုအပ်​တာမှန်​သမျှကိုထောက်​ပံ့ဖြည့်​ဆည်းမှုတွေလုပ်​လာနိုင်​သည့်​အပြင်​၊ နိုင်​ငံရေး၊ စီးပွားရေး၊ စစ်​ရေးတို့မှာလည်း ကမ္ဘာပေါ်၌ဘုရင်တဆူလိုဖြစ်လာ စေခဲ့ပြီး၊ ကမ္ဘာကြီးကိုဗိုလ်​ကျလွှမ်းမိုးမှု့တွေလည်းလုပ်​လာနိုင်​ခဲ့သည်​။ အမေရိကန်​ကထိုအနေ အထားနှင့်​တင်​ အားမရဘဲဒေါ်လာကိုလက်​နက်​သဖွယ်​ အသုံးချလာခြင်းသည်​ကဒေါ်လာရဲ့အခန်းကဏ္ဍကိုပို၍နေရာကျဉ်းလာစေပါသည်​။ 

အမေရိကန်​ကထစ်​ကနဲဆိုရင်​ Sanction ထုတ်​ပြီး၊နိုင်​ငံတို့အားနှိပ်​ကွပ်​အနိုင်​ကျင့်​မှုတွေလုပ်​နေတာကိုကမ္ဘာ့နိုင်​ငံအများစုတို့ကလည်းလက်​မခံနိုင်​တော့ဘဲကြိုတင်​ကာကွယ်​ ပြင်​ဆင်​မှု့တွေလုပ်​လာကြသည်​။အဲဒီအထဲ၌တရုတ်​၊မြောက်​ကိုးရီးယား၊အီရန်​နှင့်​ရုရှားတို့သည်​ကထိပ်​ဆုံး၌ 
ရှိနေကြသည်​။ဒေါ်လာကိုကမ္ဘာ့နိုင်​ငံအများစုတို့ကနေရာပေးမှု့တွေလျှော့ချနေသည့် အနေအထားကအမေရိကန်​ စူပါပါဝါကိုချည့်​နဲ့စေနိုင်​သည်​။

၂၀၀၉ ခုနှစ်​ နောက်​ပိုင်းကတည်းကတရုတ်​ဟာနိုင်​ငံပေါင်းများစွာတို့နှင့်​currency swap agreements တွေရရှိခဲ့။အဲဒီအထဲ၌အမေရိကန်​ရဲ့မဟာမိတ်​နိုင်​ငံတွေဖြစ်​ကြတဲ့တောင်ကိုးရီးယား၊ကနေဒါ၊ယူကေတို့လိုနိုင်​ငံတွေလည်းပါဝင်​နေကြသည်​။အဲဒီနောက်​ ဂျပန်​ကိုလည်းတရုတ်​ကစည်းရုံးသိမ်းသွင်းနိုင်​ခဲ့သည်​။တရုတ်​ရဲ့'ရပ်​၀န်းတစ်​ခုလမ်းကြောင်းတစ်​သွယ်​စီမံကိန်း'ဟာကုန်​သွယ်​ရေးကိုတိုးမြှင့်​ရန်​ ရည်​ရွယ်​ခဲ့တာမျိုးတင်​မကဘဲ၊ ယွမ်​ငွေကြေးကိုနေရာရအောင်​လုပ်​တာမျိုးတွေလည်းပါဝင်​နေသည်​။ 

ထရမ့်​လက်​ထက်​၌အမေရိကန်​ရဲ့Sanction လက်​နက်​တပြပြလုပ်​နေမှု့အပေါ်နိုင်​ငံအများစုတို့ ကတော့မနှစ်​မြို့ကြတော့ဘဲတချိန်​မှာကိုယ့်​အလှည့်​များရောက်​လာကြတော့မလားဆိုသည့် အပေါ်ရင်​တမမရှိနေကြပြီးကြိုတင်​ကာကွယ်​ရေးတွေလုပ်​လိုကြပြီး၊ ဒေါ်လာလက်​နက်​ကာကွယ်​ရေးကိုသဲကြီးမဲကီးလုပ်​လာကြသည်​။
လက်​ရှိကာလ၌အီရန်​ နှင့်​ဗင်​နီဇွဲလားတို့လိုအမေရိကန်​ရဲ့sanction ထိနေကြတဲ့ရေနံနိုင်​ငံတွေ
ဟာရေနံကိုအရင်​ကဒေါ်လာဖြင့်​သာရောင်းချကြရာကနေယွမ်​ငွေနှင့်​ယူရိုငွေကြေးတို့ကိုအစားထိုးလက်​ခံလာကြသည်​။ရေနံကိုကြိုရောင်း/ကြိုဝယ်​လုပ်​ကြရာ၌လည်းယွမ်​ငွေဖြင့်​စာချုပ်​ချုပ်​ဆိုတာတွေလုပ်​လာကြသည်​။ ထိုအနေအထားမျိုးသည်​ကဒေါ်လာရဲ့ကိုယ်​ရောင်​ကိုယ်​ဝါကိုမှေးမှိန်​စေနိုင်​တဲ့အကြောင်းအချက်​အဖြစ်​ ရှိစေနိုင်​သည်​။

ဒေါ်လာအသုံးကိုလျှော့ချဖို့ရန်​ ဟန်​ပြင်​နေကြသည်ကိုဗဟိုဘဏ်​တွေရဲ့ရွှေဝယ်​မှု့ကလည်းသက်​သေထူနေသည်​။ဗဟိုဘဏ်​တွေရဲ့ ၂၀၁၉၊ပထမသုံးလပတ်​ထဲ၌ရွှေဝယ်​မှု့ပမာဏဟာမြင့်​တက်​ခဲ့ကြပြီးတန်​ချိန်​ ၁၄၅.၅ တန်​အထိရှိခဲ့ကြပြီးအရင်​နှစ်​ကထက်​ ၆၅% မြင့်​တက်​ခဲ့ပြီး၊၂၀၁၃ခုနှစ်​နောက်​ပိုင်းအများဆုံးဝယ်​ယူမှုသုံးလပတ်​အဖြစ်​ စံချိန်​တင်​ခဲ့သည်​။ရုရှား၊ တရုတ်​တို့လိုနိုင်​ငံတွေ ကဒေါ်လာကိုလက်​ခါပြီးရွှေကိုတိုးသထက်​တိုး၍ကိုင်​လာကြသည်​။သတင်းရင်းမြစ်​များ၏အဆိုအရတော့တရုတ်​ နှင့်​ရုရှားတို့ဟာဒေါ်လာကိုနန်းချရာမှာဒေသတွင်းနိုင်​ငံများတို့အားလည်း
စည်းရုံးနေကြသည်​ဟုဆိုထားကြသည်​။

တရုတ်​ရဲ့RI စီမံကိန်းတွေမှာယွမ်​ငွေကြေးကိုAIIB ဘဏ်​ကြီးကပွဲထုတ်​လာသည်​ဟုသတင်းရင်း မြစ်​များကဆိုထားကြသည်​။တရုတ်​ကအထောက်​အပံ့ပေးထားတဲ့Asian Infrastructure Investment Bank(AIIB)ရဲ့ချေးငွေထုတ်​ချေးပေးရေးစီမံကိန်းတွေမှာယွမ်​ငွေကြေးကိုနေရာပေး မှုတွေများလာခြင်းသည်​ကဒေါ်လာနေရာကိုယွမ်​ငွေကြေးကဖဲ့ယူနေသည့်​သဘောမျိုးကိုပြသ ပေးနေသလိုဖြစ်​သည်​။ယွမ်​ငွေကြေးအပြင်​ ဒေါ်လာနေရာကိုအစားထိုးယူကြမည့်​ငွေကြေးများ တို့ထဲ၌Facebookရဲ့ Libraလို ငွေကြေးလိုခရစ်​တိုငွေကြေးတွေလည်းပါဝင်​နေကြသည်​။ 

ဒေါ်လာသုံးစွဲမှု့နှင့်​ SWIFT စနစ်​ကိုရှောင်​ဖို့ရန်​ ဟန်​ရေးပြင်​လာမှုတွေလည်းရှိလာကြသည်​။အီရန်​ရေနံကိုပြင်​သစ်​၊ ဗြိတိန်​၊ ဂျာမဏီတို့လို​ EUနိုင်​ငံတွေကိုဝယ်​ခွင့်​ရရှိရန်​အတွက်​ INSTEX (Instrument in Support of Trade Exchanges) စနစ်​မျိုးကိုသုံးပြီးငွေပေးချေမှုလုပ်​နိုင်​ရန်​ စနစ်​သစ်​ကိုမကြာသေးခင်​တုန်းကမှEU နိုင်​ငံခြားရေးရာပေါ်လစီအကြီးအကဲချုပ်​ Federica
Mogherini 
ကကြေညာထားပြီးဖြစ်​သည်​။၎င်းရဲ့အဆိုအရတော့EU ကုမ္ပဏီတွေကိုအီရန်​ဆီကနေရေနံဝယ်​ခွင့်​ရရန်​ ၎င်းစနစ်​ကပံ့ပိုးပေးနိုင်​လိမ့်​မည်​ဟုဆိုထားသည်​။ရုရှားသမ္မတပူတင်​ကလည်းအမေရိကန်​ရဲ့SWIFT စနစ်​ကိုရှောင်​ရှားနိုင်​မည့်​Alternative Payment System ကိုဖန်​တီးနေပြီဖြစ်​သည်​။
ထို့ကြောင့်​ဒေါ်လာဟာအနာဂတ်​မှာကိုယ်​ရောင်​ကိုယ်​ဝါတွေဒီ့ထက်​မကမှေးမှိန်​လာနိုင်​ပါသည်​။
Sun, Jul 28

0 comments:

Post a Comment