ခုန
လိင်တူချစ်သူတွေလက်ထပ်ထိမ်းမြားမှုနဲ့စပ်လို့ ပြည်နယ်အခြေ အနေလေးပြောရင်း ရွှေပြည်ကြီးကဗမာအမျိုးသမီးထုရဲ့
ချစ်ခြင်းမေတ္တာ၊ လိင်မှုကိစ္စနဲ့ အိမ်ထောင်ရေးဘဝတွေအပေါ် ယောက်ျားကြီးစိုး၊ ဘုန်းကြီးချယ်လှယ်မဟဲ့ဆိုတဲ့
မျိုးစောင့်ဥပဒေအကြောင်း နည်းနည်းပြောခဲ့ပါတယ်။ ချက်ခြင်းဆိုသလိုပဲ ရွှေပြည်ကြီးကလိင်တူချစ်သူများအရေး
ဦးဆောင်ကြိုး ပမ်းနေသူ (ကိုယ်တိုင်လည်းလိင်တူချစ်သူ)တစ်ဦးက ကျနော့်အယူအဆရဲ့တပိုင်းကို
နှစ်နှစ်ကာကာထောက်ခံပြီး တပိုင်းကိုပြတ်ပြတ်သားဆန့်ကျင်ကြောင်း မက်ဆေ့ဂ်ျနဲ့ပြောပါတယ်။
ထောက်ခံတဲ့အပိုင်းက သူတို့အပေါ်စာနားလည်းပေးနိုင်ပြီး သူတို့အရေးကို လူသိရှင်ကြားတခုတ်တရပြောပေးတာကြောင့်လို့ဆိုပါတယ်။
ဆန့်ကျင်တဲ့အကြောင်းက သူလည်း မျိုးချစ်စိတ်ရှိတဲ့ အမျိုး ဘာသာ သာသနာကိုစောင့်ရှောက်သူဖြစ်နေတဲ့အတွက်ကြောင့်လို့ဆိုပါတယ်။ သူ့ လိင်တူချစ်ခြင်းမေတ္တာမှာလည်း အမျိုးသားရေးစိတ်ရှိတဲ့အကြောင်း၊ လိင်တူစုံမက်ကြတာချင်းအတူတူ
သူက လူမျိုး ဘာသာ တူသူကိုမှ ရွေးချယ်ထားကြောင်း စတာတွေလည်း အတော်ပျစ်ပျစ်နှစ်နှစ်ပြောပြ ပါတယ်။
မက်ဆေ့ဂ်ျနဲ့ဆိုသူဖြစ်လို့ သူ့ပရိုက်ဗေစီကိုအလေးထားပြီး ဘယ်သူဘယ်ဝါတော့ ပြောလို့မဖြစ်ပါ။
သူက လိင်တူချစ်သူများအရေးကို ရွှေပြည်ကြီးမှာဥပဒေပြဌာန်းပြီး တရားဝင်ဖြစ်ရေးအတွက် လှုပ်ရှားချင်ကြောင်းနဲ့
အဲ့လိုလှုပ်ရှားမယ်ဆို ပြည်ပရောက်မြန်မာပြည်သားတွေ(ကျနော်အပါအဝင် ကူညီလိုသူတွေ)ကပါ ဝိုင်းဝန်းပြောဆိုပေးကြစေချင်ကြောင်းလည်းပြောပါတယ်။ ကျနော်က လိင်တူလက်ထပ်ရေးဥပဒေကိစ္စက နောက်မှဖြည်းဖြည်းလုပ်ပါ
ခုလောလောဆယ်မှာ ရွှေပြည်ကြီးက လူတချို့ရဲ့ လိင်ခွဲခြားဆက်ဆံမှုနဲ့ ခင်ဗျားတို့အပေါ်မြင်တဲ့အမြင်တွေလျော့ပါသွားအောင်
အရင်လုပ်စေချင်ကြောင်းပြန်ပြော ဖြစ်ပါတယ်။ သူတို့အခု အဲ့ဒီအမြင်တွေပါးသွားတောင် တဖြည်းဖြည်းတော့
နိုင်သလောက်လုပ်နေတဲ့အကြောင်းပြောပြီး ဘယ်ပုံလုပ်တာ လူကြားထဲ ပိုရောက်မယ်ထင်လဲလို့
မေးပါတယ်။ ကျနော်က ခင်ဗျားတို့ ဟိုတယ်လ်တွေ ခန်းမဆောင်ကြီးတွေမှာ မီဒီယာတွေနဲ့တွေ့ပြီး
ပြောတာတွေလည်း ကောင်းပါတယ်။ ခေတ်ပညာတတ် လူလတ်တန်းစားအလွှာက စာနာစိတ်ရှိမယ်ထင်ရသူတွေကိုချဉ်းကပ်ပြီး
သင်တန်းပေးတာတွေ၊ ရေးခိုင်းပြောခိုင်းတာတွေ လုပ်တာလည်းကောင်းပါတယ်။ ဒါပေမယ့် ရပ်ကွက်ထဲအထိရောက်ဖို့ဆို
ရပ်ထဲရွာထဲအထိ ဆင်းကြည့်မှ ရမယ်ထင်တယ်။ အထူးသဖြင့် တောနယ်ရွာတွေက ကျေးလက်လယ်သမားတွေနဲ့
မြို့ပြဆင်းရဲသား အလွှာတွေအထိဆင်းပြီး ဟောတာပြောတာရှင်းပြတာ၊ စာနာနားလည်စိတ်ရအောင်လုပ်တာမျိုးတွေ
လုပ်ကြည့်ပါလားလို့ ပြန်ပြောဖြစ်တယ်။ သူက အဲ့သလိုသွားလုပ်ရင် ကျုပ်တို့ကွဲသွားမှာပေါ့။
အဲ့ဒီလူတွေ အလွှာတွေထဲမှာ ကျုပ်တို့ကို မောင်မစ္စကတွေ အခြောက်တွေ နပုန်းပဏ္ဍုတ်တွေ ဘုရားဆုပန်မရသူတွေ
ဘုန်းကြီးဝတ်ခွင့်မရှိတဲ့သူတွေ ဘာညာနဲ့နည်းမျိုးစုံသုံးပြီး ဆန့်ကျင်ခွဲခြားတဲ့ အလွန်အကျွံဘုန်းကြီးတွေရဲ့
အဟောအပြောတွေကို နားယောင်ယုံကြည်ပြီး ကျုပ်တို့ကိုလက်ခံဖို့ မလွယ်ဘူးဗျလို့ပြောပြန်တယ်။
ကျနော်လည်း ဒီလောက်ဆို တော်လောက်ပြီယူဆလို့ စကားစဖြတ်ရင်း တုတ်ထမ်းပြောရတဲ့ ပုဂံရာဇဝင်ထဲက
ကျန်စစ်သားစောလူးမင်းကို ငရမန်ကန်းလက်ကကယ်ဖို့ သွားခိုးတဲ့ညအကြောင်း တွေးနေမိတယ်။
Pages
ဂိုးလ်ဒင်န်းမွန်းနဲ့ဗျူးတာပါ
ကျနော်စာသင်နေတာပါ
Blog Archive
Followers
Search This Blog
You can replace this text by going to "Layout" and then "Page Elements" section. Edit " About "
Wednesday, February 12, 2014
လိင်တူနွယ်မယ်သာကီနဲ့မင်းစောလူးကိုခိုးတဲ့ည(မျိုးမြင့်ချို)
at
3:00 PM
Posted by
myo
0
comments
Tuesday, February 11, 2014
ပူးတွဲအာမခံချက်၊ ရွှေမူဝါဒနှင့် ၂ဝဝ၈ အခြေခံဥပဒေပြင်ဆင်ရေး(တူမောင်ညို)
at
6:56 AM
Posted by
myo
0
comments
ပူးတွဲအာမခံချက်၊ ရွှေမူဝါဒ နှင့် ၂ဝဝ၈ အခြေခံဥပဒေပြင်ဆင်ရေး(တူမောင်ညို) (၂ဝ၁၄ ခုနှစ်၊ ဖေဖေဝါရီ ၁၁ ရက်)
အများမျှော်လင့်စိတ်ဝင်စားနေခဲ့ကြသည့် ဒီချုပ်ပါတီနှင့် ၈၈ ငြိမ်းပွင့်များ၏ “ ပူးတွဲသဘောထားကြေညာချက်”ထွက်လာခဲ့ပြီ။
“ပူးတွဲသဘောထားကြေညာချက်”ကို ဖတ်ကြည့်တော့ ဒီချုပ်ပါတီနှင့် ၈၈ ငြိမ်းပွင့်တွေက “လမ်းမပေါ်ထွက်ပြီး ဆန္ဒပြပွဲတွေမလုပ်ပါဘူး၊ လမ်းပေါ်ဆန္ဒပြပွဲ မပေါ်ပေါက်အောင်လည်း အတူတကွထိန်းသိမ်းသွားကြမည်ဆိုတဲ့ ပူးတွဲအာမခံချက်ကို သမ္မတ(ဗိုလ်)ဦးသိန်းစိန် ကြံ့ဖွံ့အစိုးရထံ အခိုင်အမာ အာမခံကြောင်း တစ်ဖက်သတ် သတင်းစကားပါးတဲ့သဘောဖြစ်တယ်”လို့ သဘောပေါက်နားလည်မိပါသည်။ “ထိပ်တိုက်ရင်ဆိုင်မည် မဟုတ်ကြောင်း” ကြိုတင်ပြီး (နိုင်ငံရေးပါတီနှင့် CSO) ပူးတွဲ အာမဘန္တေခံနေခြင်းဟုလည်းမြင်ပါသည်။
ဤသို့ တစ်ဖက်သတ်လိုက်လျော ပျော့ပျောင်းပြလိုက်လျှင် “၂ဝဝ၈အခြေခံဥပဒေ”ကို ရှဥ့်လည်းလျှောက်သာ ပျားလည်းစွဲသာ ပြင်ဆင်နိုင်မည့် အလားအလာသည် နေလိုလလို ပေါ်ထွက်လာလိမ့်မည်ဟု မျှော်လင့်ယူဆထားပုံပေါ်ပါသည်။ သို့ပါ၍ ဤမျှအစွမ်းကုန်လိုက်လျော ပျော့ပျောင်းပြနေခြင်းဖြစ်မည်ဟု ယူဆပါသည်။
အရှိကိုအရှိတိုင်းမြင်တယ်ဆိုပြီး “၂ဝဝ၈ အခြေခံဥပဒေ”ဘောင်ထဲ ဒေါ်အောင်ဆန်းစုကြည်နှင့်ဒီချုပ်ပါတီ ဝင်ရောက်သွားခြင်းသည် (နဝတ-နအဖ) စစ်အုပ်စုအတွက် ကြီးမားသည့်ရလဒ်ကြီးတစ်ခုပင်ဖြစ်ပါသည်။ “ကျမ်းကျိန်ရေး”နှင့်ပတ်သက်ပြီး ကြံ့ဖွံ့ပါတီနှင့်စစ်တပ်ထဲတွင် စိုးရိမ်မှု ဒီဂရီခဏတာမျှ မြှင့်တက်ခဲ့သော်လည်း နောက်ပိုင်း “လက်ပံတောင်းအရေးအခင်း”တွင် ထင်ထားသည်ထက် ပိုမို အမြတ်ထွက်ခဲ့သဖြင့် တွက်ချေကိုက်ပါသည်။ အသုံးချခံမည့်သူနှင့် အသုံးချချင်သူတို့ အချိတ်အဆက်မိနေပါသည်။
ဆုံးရှုံးခြင်းကိုရင်ဝယ်ပိုက်ရသူများမှာ လက်ပံတောင်းဒေသခံပြည်သူများနှင့် ဒေါ်အောင်ဆန်းစုကြည်အပေါ်ထားရှိခဲ့ကြသည့် သူတို့၏ ယုံကြည်လေးစားအားကိုးမှုပင် ဖြစ်သည်။ အကျိုးအမြတ်တနင့်တပိုးကို ပူးတွဲရရှိသွားကြသူများမှာ ကြံ့ဖွံ့အစိုးရ၊ ဦးပိုင်နှင့်ဝမ်ပေါင်ကုမ္ပဏီ တို့ပင်ဖြစ်ပါသည်။
ယခုလည်း ပုဒ်မ ၅၉(စ)ကို ချွင်းချက်ပြု၍ ပြင်ပေးပြီး ဒေါ်အောင်ဆန်းစုကြည်အား သမ္မတ သို့မဟုတ် ဒုတိယသမ္မတနေရာပေးလိုက်လျှင် ရရှိလာနိုင်မည့် အကျိုးနှင့်အမြတ်ကို ကြံ့ဖွံ့ပါတီနှင့်စစ်တပ်က စနစ်တကျတွက်ချက်ပြီး ဖြစ်ပါလိမ့်မည်။ အစားထိုးမည့် စာသားပင်အသင့်ရှိနေပုံ ပေါ်ပါသည်။၂ဝဝ၈အခြေခံဥပဒေပြင်ဆင်ရေးကလည်း ယခုအချိန်ထိ ဗိုလ်ရွှေမန်းဆင်ထားသည့်အကွက်တိုင်း ရွေ့နေသဖြင့် စိတ်ပူစရာ သိပ်မရှိလှ။ ၂ဝဝ၈ အခြေခံဥပဒေပြင်ဆင်ရေးဆိုသည်မှာ ကြံဖွံ့ပါတီ၏လက်ခုပ်ထဲကရေဖြစ်သည်။
“၁ဝ၉ ဦးပူးပေါင်းကော်မတီ” သည် ပုဒ်မ ၅၉(စ)အပါအဝင် မပြင်ဆင်လိုသည့် ပုဒ်မ(၇)ခုကိုဖော်ပြ၍ ပွဲဦးထွက်အောင်ပွဲကို ပီပြင်ပိုင်နိုင်စွာ ကပြအသုံးတော်ခံခဲ့ပြီ။ ထို့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှုကော်မတီ “၃၁ဦး ကော်မတီ”သို့ တာဝန် လွှဲပြောင်းပေးခဲ့ပြီ။ “၃၁ ဦးကော်မတီ”ဆိုသည်မှာလည်း “၁ဝ၉ ဦးပူးပေါင်းကော်မတီ”ကဲ့သို့ပင် ဦးနန္ဒကျော်စွာ၊ ဦးမြညိမ်း၊ ဦးအေးမောက် တို့သာ စိတ်ကြိုက်ချယ်လှယ်ကြမည်ဖြစ်ပြီး၊ ဗိုလ်ရွှေမန်း တစ်လက်ကိုင်ကော်မတီသာဖြစ်သည်။
“၂ဝဝ၈ အခြေခံဥပဒေ”ကို လွှတ်တော်တွင်းနည်းတစ်ခုတည်းဖြင့်သာ ပြင်ဆင်မည်ဆိုလျှင် ကြံ့ဖွံ့ပါတီ၊ကြံ့ဖွံ့အစိုးရ၊ လွှတ်တော်နှင့်စစ်တပ်တို့ အလိုကျအဖြေသာ ထွက်မြဲထွက်နေမည်။ သို့တည်းမဟုတ် ကြံ့ဖွံ့ပါတီ၊ ကြံ့ဖွံ့အစိုးရ၊ လွှတ်တော်နှင့်စစ်တပ်တို့က ခွင့်ပြုသလောက်သာ ပြင်ဆင်နိုင်ပါလိမ့်မည်။
“ပုဒ်မ ၅၉(စ) အပါအဝင် မပြင်ဆင်လိုသည့် ပုဒ်မ ၇ ခု” အား ဇန်နဝါရီလ ၃၁ ရက်နေ့ လွှတ်တော်သို့တင်သွင်းခဲ့သည့် “၁ဝ၉ဦးကော်မတီ” အစီရင်ခံစာ၌ ဖော်ပြခဲ့ခြင်း၊ ပုဒ်မ ၅၉ (စ)မပြင်သင့်ဘူးဟု (တစည)ပါတီက အတိအလင်းထုတ်ပြောခြင်း၊ ဒေါ်ခင်ဝိုင်းကြည်နှင့်နေမျိုးဝေ တို့၏ ပုဒ်မ ၅၉(စ)ထောက်ခံဟောပြောပွဲ၊ ပြင်ဆင်ရေးနှင့်ပတ်သက်ပြီး ကြံ့ဖွံ့ပါတီထဲတွင် သူနှင့်ဥက္ကဋ္ဌကြီးဗိုလ်ရွှေမန်းနှစ်ဦးသာရှိသည် ဟူသည့် သူရဦးအောင်ကို၏ နှပ်ကြောင်းပေးနေမှု စသည့်ဖြစ်ရပ်များသည် အကြောင်းမဲ့မဟုတ်ချေ။
လွှတ်တော်တွင်း အဆုံးအဖြတ်မှန်သမျှတွင် မဲအများဆုံးရသူက အနိုင်ရစတမ်းမဟုတ်ပါလား။ ဗိုလ်ရွှေမန်းသည် လွှတ်တော်နာယကကြီး ဖြစ်သဖြင့် မဲပေးစရာမလိုချေ။ လွှတ်တော်တွင်းဖွဲ့သမျှ ကော်မတီတိုင်းတွင် အများစုမှာ ကြံ့ဖွံ့ပါတီနှင့်ကာချုပ်၏ စစ်သားအမတ်များက အများစုဖြစ်မြဲဖြစ်သည်။ သို့အတွက် ဘာမျှမှုစရာမရှိချေ။ လွှတ်တော်တွင်း အဆုံးအဖြတ်မှန်သမျှသည် ကြံ့ဖွံ့ပါတီ၏လက်ခုပ်ထဲ၌သာရှိသည်။
နောက်ဆုံးဖွဲ့ထားသည့် “၃၁ ဦးကော်မတီ”၌ပင် ကြံ့ဖွံ့ပါတီကအများစုဖြစ်ကာ အဖွဲ့ဝင်ထက်ဝက်ကျော်တက်ရောက်လျှင် အစည်းအဝေး ထမြောက်ပြီး၊ တက်ရောက်သည့်ကော်မတီဝင်များ၏ များရာဆန္ဒမဲဖြင့်ဆုံးဖြတ်ရမည်ဟု ဗိုလ်ရွှေမန်းလက်မှတ်ဖြင့် ဖေဖေါ်ဝါရီလ(၃)ရက်နေ့ ရက်စွဲဖြင့်ထုတ်ပြန်ခဲ့သည့် လွှတ်တော်ရုံးအမိန့်ကြော်ငြာစာအမှတ် (၂ဝ/၂ဝ၁၄)ဖေါ်ပြထားသည်။
ဗိုလ်သိန်းစိန်၊ ဗိုလ်ရွှေမန်း၊ ဗိုလ်မင်းအောင်လှိုင်တို့ ပူပင်စိုးရိမ်နေသည်မှာ လွှတ်တော်ပြင်ပ “ပြည်သူ့အင်အား”ဖြင့်ဆောင်ရွက်လာမည့် နည်းပင်ဖြစ်သည်။ “ကျွန်မတို့ လက်နက်အင်အားမသုံးဘူး၊ အကြမ်းဖက်မှုမသုံးဘူး၊ ပြည်ပအင်အားမသုံးဘူး၊ ကျွန်မပြည်သူ့အင်အားပဲ သုံးမယ်လို့ ကျွန်မရှင်းရှင်းလင်းလင်းပြောပါရစေ”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောနေသည်မဟုတ်ပါလား။ ဘယ်လို အခြေအနေနဲ့ ရင်ဆိုင်လာရတဲ့ ဘယ်လိုအချိန်ခါမျိုးမှာ “ပြည်သူ့အင်အား”ကို သုံးမယ်လို့တော့ဖြင့် တိတိကျကျထုတ်မပြောဖူးသေးပါ။
ဒေါ်အောင်ဆန်းစုကြည်ပြောနေသည့် ကိုယ့်ကို မကောင်းလုပ်သော်လည်း အကောင်းနှင့်သာတုန့်ပြန်မည့် တရားရှိသည့်လူကောင်းများ၏ “ရွှေနှင့်ထုထားသည့်မူဝါဒ”ကိုတော့ဖြင့် ဗိုလ်သိန်းစိန်၊ ဗိုလ်ရွှေမန်း၊ ဗိုလ်မင်းအောင်လှိုင်တို့က နှစ်သက်လိုလားကြမှာ အမှန်ပင်ဖြစ်ပါလိမ့်မည်။ ထိုမူဝါဒသည် သူတို့အတွက် အတိုင်းမသိ ရွှေမိုးငွေမိုးရွာသွန်းဖြိုးစေမည့်တုန့်ပြန်မှုပင် မဟုတ်ပါလား။ ဗိုလ်သိန်းစိန်၊ ဗိုလ်ရွှေမန်း၊ ဗိုလ်မင်းအောင်လှိုင်တို့အတွက် ရွှေမိုးငွေမိုးရွာသွန်းဖြိုးပြီဆိုလျှင် ပြည်သူများအတွက် သွေးနဲ့မျက်ရည်ပင်လယ်ဝေ စေတော့မည်သာ ဖြစ်ပါသည်။

Sunday, February 9, 2014
ပြည်ထောင်စုနေ့နဲ့စပ်လို့ ၂ဝ၁၃ ဇန်နဝါရီတုန်းက ခေတ်မောင်းစာစောင်အယ်ဒီတာ့အာဘော်
at
4:07 AM
Posted by
myo
0
comments
ပြည်ထောင်စုနေ့နဲ့စပ်လို့
၂ဝ၁၃ ဇန်နဝါရီတုန်းက ခေတ်မောင်းစာစောင် အယ်ဒီတာ့အာဘော်
ခေတ်မောင်း
အတွဲ၂၊ အမှတ်၁၊ ဇန်နဝါရီ ၂ဝ၁၃ အယ်ဒီတာ့အာဘော်
ပြည်ထောင်စုနေ့လို့ သတ်မှတ်ခဲ့တဲ့ ပင်လုံစာချူပ် ချူပ်ဆိုခဲ့တဲ့ နေ့ ၂ဝ၁၃ ဖေဖော်ဝါရီ ၁၂ရက်နေ့မှာ ၆၆နှစ်ပြည့်ပြီ။ ၆၆နှစ်ပြည့်တဲ့ ပြည်ထောင်စုနေ့ဟာ နိုင်ငံတော်က သူ့ရဲ့ ချုပ်အခြာကို တိုင်းရင်းသားတွေကလည်း ထောက်ခံပါတယ်ဆိုပြီး အသားယူဖော်ပြပြီး ကျင်းပမှာကလွဲပြီး ကျန်တဲ့အဓိပ္ပာယ် မရှိနိုင်။ ပြည်ထောင်စုဆိုတဲ့အဓိပ္ပာယ်၊ ပြည်နယ်တွေ တိုင်းရင်းသားတွေစုစုစည်းစည်းရှိကြတယ်ဆိုတဲ့ အဓိပ္ပာယ်ဟာ ပြည်ထောင်စုနေ့ရဲ့အနှစ်သာရ မဟုတ်တော့တာ ၁၉၆၂ကတည်းက စတွက်မယ်ဆိုရင် ၅၁နှစ်ရှိပြီ။
ပြည်ထောင်စုနေ့မှာ တိုင်းရင်းသားတွေစုစုစည်းစည်းရှိပါတယ်လို့ပြောမယ့်အစား တိုင်းရင်းသားတွေ ဘာ့ကြောင့် ပြည်ထောင်စုထဲမှာ ဒုတိယတန်းစားအနှိမ်ခံတွေအဖြစ် နေရတယ်။ သူတို့နယ်မြေတွေကို စစ်တပ်ကဘယ်လို့ အဓမ္မစိုးမိုးဖို့ကြိုးစားကြတယ်ဆိုတဲ့ အကြောင်းကို အကျယ်တဝင့် ပြောဆိုရေးသားပြီး အနှိမ်ခံတွေအတွက် သူတို့အခွင့်အရေးတွေရဖို့ကြိုးစားပေးသင့်တယ်။ အထူးသဖြင့် သူတို့ကို ပြည်ထောင်စုထဲမှာ သူတို့ဆက်နေစေချင်သေးရင် သူတို့အသံကိုနားထောင်ပြီး သူတို့လိုချင်တာရဖို့ဝိုင်းကြိုးစားပေးသင့်တယ်။ ပြည်ထောင်စုနေ့ကို အုပ်ချူပ်သူတွေ အာဏာအတွက်လက်တလုံးခြားပြစားတဲ့ပွဲကြီးအဖြစ် ကျင်းပတာကနေ ရပ်ဖို့ကောင်းပြီ။
၆၆နှစ်ပြည့်တဲ့ပြည်ထောင်စုနေ့ဟာ တခြားနှစ်တွေနဲ့ မတူ၊ ပြည်ထောင်စုစိတ်ဓာတ်နဲ့ ပြည်ထောင်စုအနှစ်သာရကနေ မြန်မာနိုင်ငံ ထင်ထင်ရှားရှားသွေဖည်လာတဲ့ နှစ်ဖြစ်တယ်။ နယ်ခြားစောင့်တပ် မဖွဲ့ဘူးလို့ငြင်းခဲ့တဲ့ ကေအိုင်အိုကို ၂ဝ၁ဝကနေ ဖိနှိပ်ခြိမ်းခြောက်လာတဲ့ မြန်မာစစ်တပ်နဲ့၊ မြန်မာစစ်တပ်ကို သြဇာရှိနေနိုင်တဲ့ မြန်မာလွှတ်တော်က ကေအိုင်အိုကို လွတ်လပ်ပြီးကာလနောက်ပိုင်းမှာ အပြင်းထန်ဆုံး စစ်ဆင်မှုတွေထဲကတခုနဲ့ ထိုးစစ်ဆင်နေတဲ့အချိန်ဖြစ်တယ်။
ကချင်တွေဟာ မြန်မာတွေနဲ့ ပြည်ထောင်စုထဲမှာနေမယ်လို့ ဗိုလ်ချူပ်အောင်ဆန်းကို ကတိပေးခဲ့ကြတယ်။ ပင်လုံစာချူပ်မှာ လက်မှတ် ထိုးခဲ့ကြတယ်။ သူတို့အပါအဝင် တခြားတိုင်းရင်းသားတွေရဲ့ထောက်ခံမှုနဲ့ မြန်မာနိုင်ငံဟာ လိုချင်တဲ့နယ်မြေတွေအားလုံးပါဝင်တဲ့ လွတ်လပ်တဲ့နိုင်ငံအဆင့်ကိုရခဲ့တယ်။ ဒါပေမယ့် တိုင်းရင်းသားဒေသတွေနဲ့ တိုင်းရင်းသားတွေကို မြန်မာခေါင်းဆောင်တွေ အထူးသဖြင့် ၁၉၆၂နောက်ပိုင်းခေါင်းဆောင်တွေဟာ မျက်ကွယ်ပြုခဲ့တယ်။
လောလောဆယ် ၂ဝဝ၈ ဖွဲ့စည်းပုံနဲ့ တိုင်းရင်းသားတွေကို အစိုးရက အကျပ်ကိုင်အနိုင်ကျင့်တယ်။ ၂ဝဝ၈ဖွဲ့စည်းပုံထဲက နိုင်ငံရေး လှုပ်ရှားသူတွေဟာလည်း သူတို့ရဲ့နိုင်ငံရေးမူနဲ့လုပ်ရပ်မှန်တယ်ဆိုတာသက်သေထူထောင်ဖို့ ၂ဝဝ၈ဖွဲ့စည်းပုံပြင်ပက ကိုယ်ပိုင်အချူပ်အခြာအာဏာ ဆက်လက်ထိန်းထားလိုတဲ့ တိုင်းရင်းသားတွေကို စစ်လိုလားတဲ့လူတွေအဖြစ်ပုံဖော်တယ်။ သယံဇာတတွေကိုမက်လို့ စစ်ပွဲမဖြစ်ဖြစ်အောင်လုပ်နေကြသူ၊ သွေးဆာနေတဲ့လူတွေအဖြစ် ပုံဖော်တယ်။
ဖိနှိပ်သူနဲ့ အဖိနှိပ်ခံတွေရဲ့ပြဿနာတွေထဲမှာ စကားလုံးပြဿနာပါတယ်။ ဘာသာစကားပြဿနာပါတယ်။ ဖိနှိပ်သူတွေက ဖိနှိပ်ခံရသူတွေအတွက် နာမည်အမြဲတမ်းထွင်တယ်။ သူတို့ပေးတဲ့နာမည် တွင်နေဖို့ ဖိနှိပ်သူတွေဘက်က မီဒီယာအပါအဝင် တခြားအကျိုးဆောင်တွေကလည်း ဝိုင်းလုပ်ပေးကြတယ်။ မြန်မာစစ်တပ်နဲ့ ကေအိုင်အိုကိစ္စမှာ ကချင်တွေကို သွေးဆာသူ၊ ငြိမ်းချမ်းရေးစားပွဲကို ကျောခိုင်းသူ၊ ပြည်သူ့လမ်းပန်းဆက်သွယ်ရေးတွေကို ဖျက်ဆီးသူ၊ အဖျက်သမားလို့ ဝိုင်း သရုပ်ဖော်နေကြတာ ဖိနှိပ်သူတွေရဲ့လုပ်ရပ်ကို တရားထူထောင်ဖို့သာမက၊ ဖိနှိပ်ခံနေရသူတွေဟာ သူတို့ရဲ့နိုင်ငံရေးနဲ့တဉီးချင်း အိုင်ဒန်တတီ၊ ကိုယ်ဘာလဲဆိုတာလဲဆိုတာကို တည်ဆောက်ခွင့်မရအောင် စကားလုံးကအစ ဝိုင်း ချူပ်ကိုင်ကန့်သတ်လိုက်တာဖြစ်တယ်။
နိုင်ငံတော်ကို တိုင်းရင်းသားတွေကထောက်ခံတယ်ဆိုတဲ့အဓိပ္ပာယ်ဖော်ဆောင်ဖို့အတွက်နဲ့တော့ ပြည်ထောင်စုနေ့ကိုခုတုံးမလုပ်ဖို့ ခေတ်မောင်းက ပြောချင်တယ်။ ၆၆ နှစ်ပြည့် ပြည်ထောင်စုနေ့ကိုလည်း ကချင်တိုင်းရင်းသားတွေအပါအဝင် သွေးဆာသူမြန်မာစစ်တပ်ထဲက လက်အောက်တပ်သားတွေနဲ့ သူတို့ရဲ့မိသားစုတွေအတွက် ဝမ်းနည်းကြေကွယ်ဖွယ်နေ့အဖြစ်သာ အသိအမှတ်ပြုအောက်မေ့သင့်တယ်။

ယူတာက
https://www.facebook.com/linayehtin/posts/10201102402792950
Saturday, February 1, 2014
ရိုင်းစိုင်းမောက်မာသော ပြည်ထောင်စုဝန်ကြီးကို သမ္မတက ဘယ်လိုဆုံးမ မလဲ (တူမောင်ညို)
at
10:37 AM
Posted by
myo
0
comments
ရိုင်းစိုင်းမောက်မာသော
ပြည်ထောင်စုဝန်ကြီးကို သမ္မတက ဘယ်လိုဆုံးမ မလဲ (တူမောင်ညို) (၂၀၁၄ ခုနှစ်၊ ဖေဖေဝါရီ ၁ ရက်)
ဗိုလ်အုန်းမြင့်ပြောစကားတွေက
ရိုင်းစိုင်းပြီး မောက်မာလှတယ်။
ကြံ့ဖွံ့ပါတီ၊
ကြံ့ဖွံ့အစိုးရ၊ ကြံ့ဖွံ့လွှတ်တော်တို့ရဲ့အရင်းခံသဘောထားကို ဖွင့်ဟဖော်ထုတ်ပြလိုက်တာလဲဖြစ်ပါတယ်။
ဗိုလ်သိန်းစိန် ပြောပြောနေတဲ့ “နိုင်ငံရေးယဉ်ကျေးမှုသစ်’’ဆိုတာရဲ့ လက်တွေ့သဘောကို ဗိုလ်အုန်းမြင့်ပြောစကားတွေက ထင်ထင်ရှားရှား သက်သေပြသလိုက်ပါပြီ။
“အပြောင်းအလဲ’’
ဆိုတဲ့တံခါးကို ဟလိုက်တော့ ရိုင်းစိုင်းမောက်မာသူတွေဟာ ပြည်ထောင်စုဝန်ကြီးတွေအဖြစ်
ပွဲထွက်လာခဲ့ကြပြီး၊ တပြိုင်နက်ထဲ မြန်မာနိုင်ငံအနှံ့အပြားမှာ “လူမျိုးရေး၊ ဘာသာရေးအရေခြုံ
အကြမ်းဖက်သတ်ဖြတ်မှုတွေ’’ပေါ်ပေါက်လာပါတယ်။
ဒီအချက်ဟာ
“ယနေ့အပြောင်းအလဲ”ရဲ့ထင်သာမြင်သာအရှိဆုံးအချက်လည်း ဖြစ်ပါတယ်။
ဗိုလ်သိန်းစိန်တို့၊
ဗိုလ်ရွှေမန်းတို့က ကြံ့ဖွံ့ပါတီ၊ ကြံ့ဖွံ့အစိုရ၊
ကြံ့ဖွံ့လွှတ်တော်တို့ကို “ဗိုလ်ဇော်မင်း၊ ဗိုလ်လှဆွေ၊ ဗိုလ်အုန်းမြင့်’’တို့လို လူစားတွေဖွဲ့စည်းထားတာပါ။
လျှပ်စစ်ဝန်မင်းဗိုလ်ဇော်မင်း
က ဧရာဝတီမြစ်ဆုံအရေးကိစ္စနဲ့ပတ်သက်ပြီး “ဘယ်တော့မှနောက်မဆုတ်ဘူး၊ ဆက်လုပ်မှာဖြစ်ပါတယ်”လို့
မောက်မောက်မာမာပြောခဲ့သူပါ။
လွှတ်တော်အမတ်ဗိုလ်လှဆွေကတော့
“ဒီတိုင်းခေါ်နေတာမလာရင်၊ (ကျည်ဆံ) “ဘူးလက်”နဲ့ ခေါ်မယ်”လို့ သေနတ်စကားပြောသူ ဖြစ်ပါတယ်။
ဗိုလ်အုန်းမြင့်ပြောစကားတွေက
ပိုပြီး မောက်မာမိုက်မဲပါတယ်။ အားကိုးကြီးကြီးမားမားရှိလို့လည်း ဒီလိုပြောရဲတာပါ။
“ဘယ် နိုင်ငံရေးသမားကိုမှ ဂရုမစိုက်ဘူး --- နယ်တကာလှည့်ပါးရိုက်လာတာ --- ဘယ်နိုင်ငံရေးပါတီမှလည်းမကြောက်ဘူး၊
စော်ကားတဲ့အကောင် တွယ်မှာဘဲ။ ပါးစပ်နဲ့တွယ်လို့မရရင် အချုပ်ထဲထည့်မှာပဲ၊ တိုင်ချင်တဲ့နေရာ
တိုင်လို့ရတယ်”တဲ့။
ယခုလို
တရားမဲ့ပြီး မောက်မာစော်ကားလှတဲ့လူရမ်းကားတွေကို “ဂျင်းတဲလ်မင်းများရဲ့ရွှေနဲ့ထုထားတဲ့မူဝါဒ”နဲ့တုန့်ပြန်လို့
အလုပ်ဖြစ်နိုင်ပါ့ မလား။ သက်သက်စိတ်ကူးယဉ်သလိုများဖြစ်နေမလား။ နိုင်ငံရေးလုပ်တယ်ဆိုတာ
လရောင်အောက်မှာလမ်းလျှောက်တာ မဟုတ်သလို၊ ဇာပန်းထိုးတဲ့အလုပ်မျိုးလည်း မဟုတ်ပါဘူး။
မကြာသေးခင်ကပဲ
ဂျာနယ်တစ်စောင်မှာဖော်ပြခဲ့တဲ့ ကာချုပ်ဗိုလ်မင်းအောင်လှိုင်ပြောတဲ့မိန့်ခွန်းဆိုတာကို
မှတ်မိကြအုံးမှာပါ။ ကာချုပ် ကလည်း ခပ်မိုက်မိုက်ပဲပြောပါတယ်။ ဗိုလ်အောင်မင်းတို့လို
ထွေလီကာလီတွေ၊ လိမ့်လုံးပတ်လုံးတွေမပြောဘဲ။ ဒဲ့ဒိုးပြောပါတယ်။
“ငြိမ်းချမ်းရေးလုပ်တယ်ဆိုတာ
အာဏာခွဲဝေပေးဖို့မဟုတ်ပါဘူး”တဲ့။ မရှင်းပါလား။
ဒီလိုရှင်းပြတ်နေပေမယ့်
လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများက “တော်လှန်ရေး” ဆိုတဲ့စကားလုံးနဲ့ပတ်သက်ပြီး သတ်ပုံမှားချင် နေကြတယ်။ နေရာတကာ မသုံးနဲ့လို့လည်း
ပြောသံကြားရပါတယ်။ “တော်လှန်ရေး”ဆိုတဲ့စကားလုံးက ခြင်ထောင်ထဲမှာ သုံးရမယ့်စကားလုံး
မဟုတ်တာတော့ လူတိုင်းသိကြပါတယ်။
တစ်ဖက်မှာ
ဗိုလ်သိန်းစိန်၊ ဗိုလ်ရွှေမန်း၊ ဗိုလ်အောင်မင်းတို့က အပျော့ဆွဲကြောင်ချေးလုံးလေးတွေနဲ့
နှပ်ကြောင်းပေးပြီး၊ အခြားတစ်ဖက် မှာတော့ “ဗိုလ်ဇော်မင်း၊ ဗိုလ်လှဆွေ၊ ဗိုလ်အုန်းမြင့်’’တို့လို
လူရမ်းကားတွေက မောက်မာရိုင်းစိုင်းတဲ့စကားတွေပြောကြဟေ့လို့ တာဝန်ပေး စေခိုင်းထားပုံပေါ်ပါတယ်။ ဒီလိုအပျော့/အမာအဖြစ် တမင်ပုံဖော်နေတာကို နိုင်ငံရေးအမြင်ချိနဲ့
နုံချာသူအချို့က ကြံ့ဖွံ့ပါတီထဲက “အကွဲ” အဖြစ် ရှုမြင်သုံးသပ်နေကြပါတယ်။ သူတို့ချင်းအာဏာနှင့်ဘဏ္ဍာ
စားခွက်လုကြတဲ့အကွဲမျိုး မရှိတာမဟုတ်ပါဘူး။ စစ်အုပ်စုရဲ့ဘုံအကျိုးစီးပွားအပေါ်မှာတော့
သူတို့ဟာ “ဘယ်သူခွဲခွဲ ဒို့မကွဲ အမြဲစည်းလုံးမည်”ဆိုတဲ့အတိုင်း ညီညွတ်လေ့ရှိကြပါတယ်။
“၂၀၀၈ အခြေခံဥပဒေ”အပေါ်သူတို့ချင်းချင်းမကွဲလွဲကြပါဘူး။ “ပုဒ်မ ၅၉ (စ)” မပြင်ဆင်ချင်ကြတဲ့အချက်အပေါ်မှာ
သူတို့ ညီကြပါတယ်။ ကြံ့ဖွံ့ပါတီရဲ့ မိုက်ဖော်ဆိုးဘက်နောင်တော်ဖြစ်တဲ့ (တစည)ပါတီသည်ပင်
“ပုဒ်မ ၅၉ (စ)”မပြင်ရေးမှာ တသဘောတည်းရှိနေတယ်မဟုတ်ပါလား။
ဒါပေမယ့်တချို့ဆိုရင်
ဗိုလ်အောင်မင်းလေမိပြီး နှာစေး၊ ချောင်းဆိုး ၊ အသံဝင်၊ သလိပ်ကပ် ဖြစ်နေကြရရှာပါတယ်။
ရောဂါ ဘယ်လောက်ထိ ကျွမ်းနေပြီလည်းဆိုရင် ဗိုလ်အောင်မင်းရဲ့ပြောစကားတွေ၊
နှုတ်ကတိတွေကို “လက်မှတ်ရေးထိုးပြီးဖြစ်သကဲ့သို့”မှတ်ယူရမယ်လို့ ဆိုပါတယ်။ သူတို့အတွက်
ကုရာနတ္တိ ဆေးမရှိပါ။
ကျားသစ်ဟာ
သူ့အရေခွံပေါ်ကအစက်အပျောက်တွေကို ဖုံးကွယ်ထားလို့မရသလိုပါပဲ။ ယနေ့ ဗိုလ်ဟောင်း/ဗိုလ်သစ်
စစ်အုပ်စုတွေဟာ သူတို့ရဲ့အကျင့်စရိုက်နဲ့မူလဗီဇကို ဖုံးကွယ်ထားလို့မရပါဘူး။ သူတို့လုယူထားတဲ့အာဏာနဲ့ဘဏ္ဍာဆိုတာကို
ထိပါးလာတာနဲ့အမျှ ဟန်ဆောင် လှည့်ဖျားဖုံးကွယ်ထားတဲ့ သူတို့ရဲ့အဆိပ်တွေ၊ အစွယ်တွေ၊ ခြေသည်းလက်သည်းတွေကို
ဗြောင်ထုတ်ပြလာ မှာပါပဲဖြစ်ပါတယ်။ ကြံ့ဖွံ့ပါတီ၊ ကြံ့ဖွံ့အစိုးရ၊ ကြံ့ဖွံ့လွှတ်တော်ထဲမှာ
ဗိုလ်အုန်းမြင့်လိုလူစားတွေအများအပြားရှိပါတယ်။
ရိုင်းစိုင်းမောက်မာသော
ပြည်ထောင်စုဝန်ကြီးဗိုလ်အုန်းမြင့် ကို သမ္မတ(ဗိုလ်) ဦးသိန်းစိန် ဘယ်လိုဆုံးမ မလဲ။
ရိုင်းစိုင်းမောက်မာသော ပြည်ထောင်စုဝန်ကြီး ဗိုလ်အုန်းမြင့်ကို ပြည်ထောင်စုလွှတ်တော်နယက၊
ကြံ့ဖွံ့ပါတီဥက္ကဋ္ဌ (ဗိုလ်) ဦးရွှေမန်းက ဘယ်လိုအရေးယူမလဲ။
ညွန်း -Unity Weekly News ဂျာနယ်၊ အတွဲ ၃၊ အမှတ် (၅) ၊ ၁ ဖေဖေါ်ဝါရီ ၂၀၁၄
၂ဝ၁၄ ဖေဖော်ဝါရီအဆန်းက တိုနန့်နန့်လေးတွေ (မျိုးမြင့်ချို)
at
10:35 AM
Posted by
myo
0
comments
၂ဝ၁၄
ဖေဖော်ဝါရီအဆန်းက တိုနန့်နန့်လေးတွေ (မျိုးမြင့်ချို)
ဒီနေ့
ဖေဖော်ဝါရီဆန်းပြီ။ လင်းအားကြီးအချိန်။ အိမ်နောက်ခြံစပ်အဆုံး ရေဒီယိုစတေရှင်လေးက မီးရောင်တွေလင်းလို့။
အပြင်မှာ နှင်းတွေက အတော်ထူထူထဲထဲ။ ဇနီးသည်က ညကတည်းက “မနက်ဖြန်စနေနေ့..ရုံးသွားစရာမလိုဘူး၊
နေဖင်ထိုးတဲ့အထိအိပ်မယ်”လို့ ဗမာလိုပြောပြီး အိပ်နေတုန်း။ ဖင်ထိုးစရာနေက ဒီနေ့ ထွက်မယ်မထင်ဘူး။
အပြင်မှာ နှင်းက ဒီလောက်ထူနေတာ။ ကွန်ပြူတာရှေ့ထိုင်ရင်း အခန်းတံခါး မှန်ပြူတင်းကနေဖြတ်ဝင် လာတဲ့
ကြက်ဖကြီးနှစ်ကောင်အချီအချတွန်သံကို ကျနော်က ဗမာလို
အောက်အီးအီးအွတ်လို့ အပီအပြင်ကြား ရတယ်။ ကြက်တွန်သံကြားတိုင်း ရွှေပြည်ကြီးကိုလွမ်းသလို
အလွမ်းလည်းပြေတယ်။ အမေရိကန်မှာ မနက်တိုင်းကြက်တွန်သံကြားရတာ နည်းတဲ့ကုသိုလ်မဟုတ်ဘူးလို့
မိတ်ဆွေတစ်ဦးကပြောဖူးတယ်။ ၁ဝ ရက်နေ့ ကျနော့်မွေးနေ့။ အသက် ၄ဝ တုန်းက ထောင်ထဲမှာ မွေးနေ့
တစ်ကြိမ်လုပ်ဖူးတယ်။ ခု နော်ဝေရောက်နေတဲ့ ကိုယဉ်မင်းဦး(ဗူးသီး) ခု ရန်ကုန်က ကိုစိုးထိုက်(မျောက်ကြီး)
တို့ မြှောက်ပေးတာလည်း ပါသလို ခု ၈၈ ငြိမ်း/ ပွင့်က ကိုအံ့ဘွယ်ကျော်(ဘွယ်ကြီး)က
လက်ဘက်ရည်လေး သောက်ကြသေးသပေါ့ ပြောတာလည်းပါပါတယ်။ ဘွယ်ကြီးလက်ဘက်ရည်ကတော့ တသက်စာမမေ့အောင်စွမ်းတယ်
စွဲတယ်။ မနက်ခင်းမှာ ၂ တိုက်စာ ပဲကုလားဟင်းချက်၊ နေ့လည်မှာတော့ လက်ဘက်ရည်ချစ်သူတွေအဖို့
လန်ဒန်စီးကရက်တစ်လိပ်ကျ၊ လက်ဘက်ရည်အကျဂိတ်ဆုံးတစ်ခွက်စီ၊ ညလည်းကျရော အခန်းဝက သံတိုင်ပေါ်လက်ထောက်ရင်း
“နွေလည်အိပ်မက်”ကိုဆိုပြီး ၄၁ နှစ်သားဖြစ်သွားတယ်။ ခု ၅၁ နှစ်သားဖြစ်ပြီ။ မွေးနေ့မှာ
ဘာလုပ်မယ် မတွေးထားသေးဘူး။ စိတ်ကူးထားတာက မြို့နဲ့ ၁၆ မိုင်လောက်ဝေးတဲ့နေရာက အမေရိကန်ကို
ကနဦးအခြေချလာတဲ့ ဂျာမန်နွယ်ဖွားတွေ (ဒီမှာတော့ Amish လို့ခေါ်တယ်)နေတဲ့ရွာကြီးတရွာကို
သွားမလားတွေးနေတယ်။ အရင်လည်း မြို့နီးချုပ်စပ်က သူတို့ရွာတွေအကြိမ်ကြိမ် ရောက်တယ်။
တခါမှ စာမရေးဖြစ်ဘူး။ ရိုက်ထားတဲ့ပုံတွေကတော့ အများသား။ အမေရိကန်မှာ လျှပ်စစ်မီးမသုံးတဲ့၊
ရေနံဆီမီးအိမ်နဲ့ဖယောင်း တိုင်ပဲ ထွန်းတဲ့၊ ဆောင်းတွင်းနဲ့အေးတဲ့အချိန်တွေမှာ
Heater မသုံးပဲ ထင်းတုံးဆိုက်မီးလင်းဖိုကြီးတွေ နဲ့ အိမ်ထဲနေတဲ့၊ ကားမမောင်းတဲ့၊
လယ်ကိုမြင်းနဲ့ပဲထွန်တဲ့၊ ဓါတ်မြေသြဇာမသုံးတဲ့၊ ဘာစက်ကိရိယာမှအသုံးမပြုပဲ စိုက်ပျိုးမွေးမြူရေးနဲ့
အသက်ဘဝ တည်ဆောက်တဲ့၊ တယ်လီဖုန်းမသုံးတဲ့၊ ဓါတ်ပုံရိုက်ရင်မကြိုက်တဲ့(ခွင့် တောင်းပြီးမှရိုက်ရတဲ့)
အချင်းချင်းကလွဲလို့ ဘာသာခြားလူမျိုးခြားကို လက်မဆက်တဲ့ (သာကီတွေလို မောင်နှမချင်းတော့ပြန်မယူပါ)၊
အိမ်ကိုလက်နဲ့ဆောက်တဲ့၊ ဆေးအဖြူပဲသုတ်တဲ့၊ ကျောင်းကို အမြင့်ဆုံး အထက်တန်းလောက် အထိပဲတက်တဲ့၊
ကားဆို ဘာကားမှမရှိတဲ့၊ နွားချေး မြင်းချေးနံ့ရတဲ့၊ ရွှံ့နံ့ဗွက်နံ့ရတဲ့၊ ကြက်တွန်သံကြားရတဲ့
ကောက်ရိုးနံ့/ရိုးပြတ်နံ့ရတဲ့ ဖားလက်တက်အော်သံ ပုရစ်သံ ပုဇဉ်းရင်ကွဲသံ၊ မြင်းဟီသံ၊
နွားသိုးတွန်သံ၊ နွားမအော်သံ၊ သိုး/ ဆိတ်အော်သံတွေကြားရတဲ့ လူ့အစုတွေ နေတဲ့ရွာကြီးပါ။
အမေရိကန်တပြည်လုံး ပြည်နယ် ၆ ခုလောက်မှာ အဲ့ဒီ စက်မှုခေတ်မတိုင်မီလူမှုသဏ္ဍန်နဲ့နေထိုင်ြ ကတဲ့
အားမစ်ရှ်လို့ခေါ်တဲ့ ဂျာမန်အနွယ်တွေအများကြီးရှိတယ်။ ကျနော်တို့ အင်ဒီယားနားပြည်နယ်က
အဲ့ဒီ ၆ ပြည်နယ်ထဲက တစ်ပြည်နယ်ပါ။ သူတို့အစား အသောက်တွေ ကျနော်ကြိုက်တယ်။ သူတို့ဟင်းသီးရွက်မှာ
ပိုးသတ်ဆေးမဖြန်းဘူး ဓါတ်မြေသြဇာနဲ့မသီးမပွင့်ဘူး။ သူတို့နွားနို့ ဒိန်ခဲ ထောပတ်စတာတွေက
အိမ်မှာလုပ်တဲ့လက်လုပ် အိမ်တွင်းဖြစ်သဘာဝအတိုင်း၊ သူတို့ပြောင်းဖူးကချိုလှတယ်။ သူတို့
ဂျုံနဲ့လုပ်တဲ့မုန့်မှန်သမျှ အစားအစာမှန်သမျှမှာ ဆိုးဆေးမပါဘူး ဓါတုဗေဒပစ္စည်း ကြာရှည်ခံပစ္စည်းမထည့်ဘူး။
မီးသွေးမီး ထင်းမီးနဲ့ဖုတ်တဲ့ အိမ်ဖုတ်ပေါင်မုန့်နွေးနွေး အိအိ ပွပွကြီးတွေက မွှေးပြီးအရသာရှိလှတယ်။
ထောပတ်ဆမ်းထားတဲ့ အာလူးထောင်းပြုတ်ချေက အငွေ့တထောင်းထောင်းနဲ့ သွားရည် ကျစရာ။ ပဲသီးစိမ်းတောင့်ပြုတ်၊
အမဲအစိုကင်၊ ဝက်ပေါင်ခြောက်အီအီ၊ ငံငြိငြိဝက်သားဆားနယ်အိုးကင်းပူ တိုက်၊ ငါးကြင်းလိုအကောင်ကြီး
ဆားလေးသုတ်ကာ ဝါးသီတံထိုးပြီးအကောင်လိုက်ကြီး ပြောင်းဖူးရိုးခြောက်မီးနဲ့ကင် ငရုပ်ကောင်းမှုန့်လေးဖြူးပြီး
ဖဲ့ကာရွဲ့ကာစားကြ၊ ညနေ ချိန်ဆိ သစ်ပင်ရိပ်အောက်ထိုင်ကာ ဂျာမန်လက်ဘက်ရည်ချိုလေး ကျိုက်ကာကျိုက်ကာ။
ဝိုင်ချိုကလေး မြုံ့ကာမြုံ့ကာ၊ သူတို့အသားငါးက အသားတိုးဆေးကြွေးပြီးမွေးတာမဟုတ်ဘူး။
သူတို့ တည်တဲ့စပျစ်ဝိုင်လို ဝိုင်ချိုရည်က အနံ့သင်းသင်းနဲ့ ချိုချိုအီအီ ရီရီဝေဝေ။
ဆံပင်အုပ် ခေါင်းဖုံးအဖြူလေးတွေနဲ့ ဇာပန်းထိုးခေါင်းစည်းပုဝါလေးတွေ နဲ့ ပခုန်းဖေါင်းလက်ရှည်
လက်ကောက်ဝတ်စည်းအကျိံရှည်နဲ့ မိန်းကလေးကြီး ငယ်တွေဟာ ဖြူဆွတ်တဲ့အသားအရေ ပန်းဆီရောင်ပြေးနေတဲ့မျက်နှာ
အပြာရောင်ကြည်တောက်နေတဲ့မျက်ဝန်းအစုံနဲ့ ဂါဝန်ပွပွဖါးဖါးရှည်ရှည် ကြီးတွေ နဲ့
လှချင်တိုင်းလှလို့သာနေတယ်။ လူတဖက်သားရင်ထဲအထိဖေါက်အကြည့်ခံ ရသလို စူးရှရှ တည်တည်ကြည်ကြည်မျက်လုံးပြာပြာနဲ့ 
မုတ်ဆိတ်မွေး ပါးသိုင်းမွှေးနဲ့ ခေါင်းမှာ လင်ကွန်းဆောင်းတဲ့ဦးထုတ်ဆန်ဆန် ဦးထုတ်ရှည်နဲ့၊
ကိုယ်မှာ ရိုးရာကိုယ်ကျပ်အင်္ကျီအတွင်းမှာခံ လို့ လည်မှာအစည်းနဲ့ ဥရောပဝတ်စုံနဲ့ ကျကျနနခန့်ခန့်ထည်ထည်
အမျိုးသားကြီးငယ်တွေဟာ ခုနပြောတဲ့ အမျိုးကြီးငယ်တွေနဲ့ ညနေညနေဆို ရွာလည်လမ်းနဲ့ ရွာပတ်လမ်းတွေတလျှောက်
ဘာဂီလို့ခေါ်တဲ့ မြင်းတစ်ကောင်ဆွဲကနေ ၆ ကောင်ဆွဲအထိကြီးတဲ့ မြင်းယဉ်တွေစီးလို့ လေညှင်းခံထွက်လာကြပလားဆို
အမေရိကန်နွေဦးပေါက်ရာသီကို အလှစုံစေတဲ့ပန်းချီကားပဲ။ ပန်းတွေအပြိုင်ပွင့်ကြ၊ သစ်ပင်တွေ
ပုရစ်နုသစ် တွေနဲ့ သစ်ဖူးသစ်ဦးနံ့ထွက်လာကြ၊ မြေပြင်မှာ မြူခိုးတဝေဝေနဲ့ မြေသင်းနံ့လေးတွေ
ထွက်လာကြ။ လမ်းမထက်က မြင်းခွာသံ တဖြောင်းဖြောင်းတဖျော က်ဖျောက်နဲ့။ ဘင်္ဂလားကျွဲထက်ကြီးတွေထက်
ကြီးလည်းကြီးမြင့်လည်းမြင့်တဲ့ မြင်းကြီးတွေနဲ့ လယ်ထွန်ရင်း ထယ်ခွဲရင်း ပါးစောင်မှာဆေးတံခဲလို့
ဂျင်းဘောင်းဘီကြမ်းနဲ့ ထွန်ထုံးထွန်တံနောက်က ယောက်ကျားသားကြီးတွေ လှမ်းတွေ့တဲ့အခါ ဟိုင်းလို့
လှမ်းအော်နှုတ်ရင်း ကြက်စာဝက်စာ စဉ်းနေကျွေးနေတဲ့အမျိုးသမီးကြီးတွေမြင်တဲ့အခါ ဟဲလိုလို့
နှုတ်ဆက်ရင်း၊ လမ်းမတွေပေါ်ပြေးလွှား ကစားနေတဲ့ကေ လးတွေတွေ့တိုင်း ဟေးလို့နှုတ်ဆက်ရင်းနဲ့
သူတို့ရွာဓလေ့မှာ ကိုယ်ပါ ရောပျော်မွေ့ရတယ်။ ဒီမွေးနေ့ သွားဖြစ်ရင် ပြန်ရေးမလားတွေးတာပါပဲ။
ခုတော့ ဗူးသီး မျောက်ကြီး ဘွယ်ကြီးဆိုတဲ့ သီးတစ်သီးနဲ့ ကြီး(၂)ကြီးအပြင် ဒုက္ခအတူ အနှိပ်စက်အတူ
ခံဖော်ခံဘက်တွေအားလုံးကို ကိုသတိရလှတယ်။
(မွေးလမှာ ရောက်တတ်ရာရာ)
ဆေးဝါးအသစ်တွေထုတ်လုပ်ပြီး
တိရိစ္ဆာန်တွေနဲ့စမ်းသပ်တာကို ခါးခါးသီးဆန့်ကျင်တဲ့ ကျနော့်မိတ်ဆွေအမေရိကန်ကြီး ဖျားလည်းဖျားရော
ပဋိဇီဝဆေးတွေချည်းမှီဝဲတာ ဘာလို့တုန်းမေးတော့ ဒီဆေးအစမ်းခံခဲ့ရတဲ့ကောင်တွေက သေလည်းသေကုန်ပါပြီ
ကိုယ်မသုံးလည်း ဒီကောင် တွေပြန်ရှင်လာမှာမှ မဟုတ်တော့တာ”ဆိုတာမျိုး၊ သူ့အသက်သတ်တာ အကုသိုလ်တရားလို့တွင်တွင်ပြောတဲ့ ကိုယ်တော်
ထောင်ထဲမှာ ဝမ်းလည်းကိုက်ရော သောက်လိုက်တဲ့ပဋိဇီဝဆေး။
ပျောက်လည်းပျောက်ရော နောက်မကိုက်အောင်ဆိုကာ လက်ဆေးပိုးသတ်ဆေးရည်
မပြတ်သုံးတာ ကို ပါဏာတိပါတာကံထိုက်/ မထိုက် ဘယ့်နှယ်ဆိုမလဲကိုယ်တော်ဆိုတော့
“အဲ့ဒီပိုးကြောင့် ဟုတ်ချင်မှလည်းဟုတ်မှာပါကွာ ဝမ်းကိုက်တာက၊ ဟုတ်တယ်ဆိုလည်း အဲ့ဒီပိုးက
သက်ရှိဟုတ်/ မဟုတ် ထောင်ကလွတ်မှ အဘိဓမ္မာထဲမွှေနှောက်ရှာကြည့်ရဦးမယ်”ဆိုတာ မျိုး၊
မိကျောင်းတွေအသတ်ခံရတာသနားတယ်။ မိကျောင်းမုဆိုး၊ မိကျောင်းသားရေပစ္စည်းထုတ်လုပ်မှု နဲ့
မိကျောင်းသားရေထည်သုံးစွဲမှု အပြင်းအထန်ဆန့်ကျင်တဲ့အမေရိကန်မ ဘာလို့ နွားသားရေလက်ပွေ့အိပ်
ကိုင်သလဲမေးကြည့်တော့”မိကျောင်းသားရေမဟုတ်ဘူးလေ” ဆိုတာမျိုးတွေတွေ့တိုင်း သြော်..လို့သာ
မှတ်ချက်ပြုမိတယ်။ (ကြောင်သူတော်များကိစ္စ)
ဖေ့စ်ဘွတ်ခ်ဟာ
ပိုက်ဆံမပေးရတဲ့ ဆိုရှယ်မီဒီယာပါ။ ကိုယ်တိုင်ဖန်တီးယူရတဲ့ စာမျက်နှာပါ။ ရည်ရွယ်ချက်အထွေထွေနဲ့
သုံးစွဲသူအမျိုးမျိုးပါ။ စိတ်ဝင်စားစရာနဲ့ စိတ်ဝင်စားစေရာလည်း အကွဲကွဲအပြားပြားပါ။
သန်ရာနဲ့မြန်ရာတွေမှာလည်း အချိန်နဲ့အရှိန်မတူပါ။ မတူတဲ့ဆန့်ကျင်ဘက် အကြောင်းအရာတွေနဲ့
လူတွေလည်း တပုံတမပါ။ အကြောင်းအရာတူကိုစိတ်ဝင်စားတောင် ရေချိန်မတူကြပါ။ အထက်အောက်၊
ဒေါင်လိုက် အလျားလိုက်၊ အပြားလိုက်အဝိုင်းလိုက် ဘာတစ်ခုမှ မရှိတဲ့နေရာပါ။
မိမိအလိုအတိုင်း ထိုက်သလောက်ဖြစ်တဲ့ရပ်ဝန်းပါ။ စိတ်ဝင်စားရာ၊ စိတ်သန်ရာကိုသာလုပ်ရမှာပါ
လုပ်ကြတာပါ။ ကိုယ့်စကားအကြိုက်တူ စိတ်ဝင်စားသူများရင်များသလောက် လူတွေဖတ်ကြမှာပါ။ အကြိုက်
မတူသူကတော့ ရှောင်မှာပါ။ မတော်တဆ ဖတ်မိတောင် ပြောင်းပြန်ပြောမှာပါ။ ပြောမဝရင် ဆဲမှာပါ။
အဲ့သလို အပြောခံရလို့ အဆဲခံရလို့ ယမ်းပုံမီးကျဖြစ်တယ်ဆို ဒါမှမဟုတ် ကိုယ်စိတ်ဝင်စားတာ
သူစိတ်မဝင်စားရကောင်းလား ငြူစူမယ်ဆို ဥပဒေနဲ့မပြဌာန်းထားတဲ့ ဆိုရှယ်မီဒီယာ ကျင့်ဝတ်
Ethic of Social Media နဲ့ ကိုယ့်စိတ်နဲ့ အဟပ်ကျ/မကျပြန်တွေးဖို့သာ စိတ်စောနေမိ။
(ပြောရကောင်းလားအငြိုအငြင်များသူတွေကိစ္စ)
ကျနော်
ပြောနေတာတွေဖတ်မိပြီး ပြောချင်ရင်ပြောပါ(ဆဲချင်စိတ်ပေါက်လာလို့) ဆဲချင်ရင် ဆဲပါဆိုပြီး
အမြဲလိုလိုပြောပါတယ်။ အဲ့လိုပြောလို့ ”သဘောထားကြီးတယ်” တို့၊ ”ဒီမိုကရေစီပဲ” တို့၊
”သဘောမတူဘူး ဒါပေမယ့် ခင်ဗျားလွတ်လပ်ခွင့်ကို ကျနော်အသက်ပေးကာကွယ်မယ်” တို့ ဆိုတဲ့အဓိပ္ပါယ်မထွက်သလို
လက်တွေ့မှာ ကျင့်လည်းမကျင့်သုံးပါဘူး။ လိုသလောက်တုန့်ပြန်ပါတယ်။ ပြောတာဆိုတာ ဆဲတာပြုတာလည်း
(လုပ်ချင်သူအတွက်)အလုပ်ပါပဲ။ ကျနော့်အနေနဲ့ကျတော့လည်း
ခုလို ရေးနေပြောနေတာကို လုပ်စရာလို့မြင်ပြီး လုပ်နေတာပါပဲ။ တပါးသူ မထိခိုက်အောင်ပြောပါဆို
ပြောစရာကိုမရှိတာပါ။ ပြောမှပဲဗျာ ထိခိုက်တော့မပေါ့။ မထိခိုက်အောင်ဆို ဘာမှမလုပ်ပဲနေရုံသာရှိတော့မပေါ့ ။
နှစ်သက်လိုလားအပ်သူကို ချီးမွမ်းအားပေးထောက်ခံသလို မနှစ်သက်မလိုလားအပ်သူကို ပြစ်တင်ရှူတ်ချဆန့်ကျင်မှာပါပဲ။
နှစ်သက်လို လားအပ်/ မအပ်ကိုလည်း ယုံကြည်ရာမှာတူသူ ရပ်ခံချက်ခြင်းတူသူဆိုတဲ့ ဘက်သဘောပေါ်အခြေခံပြီးဆုံးဖြတ်တာပါ။
မက်ဆေ့ဂ်ျနဲ့ နှစ်ကိုယ်ကြားဆဲတော့ လူသိမနည်းဘူးလားဗျာ။ နာအောင်ဆို လူများများသိဖို့လိုတယ်မထင်ဘူးလား။
Comment နဲ့ အားမရရင် Status ။ ဒါနဲ့မှ မလုံလောက်သေးရင် Notes နဲ့ရေးပြီးပြောပါ ဆဲပါဗျ။
ဘာဖြစ်လဲ ကျနော်လည်း လူသိရှင်ကြားပြောနေသေးတာပဲဟာ မိတ်ဆွေလည်း အရပ်တကာသိအောင် ဆဲပေါ့။
လူကြားကောင်းပါတယ်။ (ပါ့စ်ဝါ့ဒ်ဝင်နှိုက်တာတို့ ဝင်ဖျက်တာတို့တော့မလုပ်နဲ့ဗျာ။ တခါတခါထိရင်
ပြန်ပြန် ဆယ်ရတာ အချိန်ကုန်တယ်ဗျ)
(အဆဲသန်သူတို့ကိစ္စ)
ကျနော်လူပျိုပေါက်လောက်က
ထောက်ကြန့် အနာကြီးရောဂါဆေးရုံဝင်းအနောက်က အနာကြီးရောဂါသည်တွေနေတဲ့ရွာထဲမှာ ခြတောင်ပို့ကနေ
မှိုအကြီးကြီးတွေပေါက်တယ်။ တောင်ပို့က လူကြီးရင်စို့လောက်မြင့်ပြီး တောင်ပို့အခြေနားကနေကပ်ပြီး
ပေါက်တာ။ တပွင့်တပွင့် စကောအသေးစားသာသာပဲ။ ၅ ပွင့်လောက်ရှိမယ်မှတ်တယ်။ ဖွေးဆွတ်နေတာပဲ။
တစ်ပွင်းချင်းစီသတ်သတ်မဟုတ်ဘူး။ ပင်စည်ရိုးတစ်ခုထဲကနေ ပတ်လည်ဘေးဘက်ကို အထပ်လိုက်ပွင့်ပြီး
တက်သွားတာ။ အတော်လှတယ်။ ကြည့်ရ အမြင်ဆန်းတယ်။
ဆန်းတော့ ထုံးစံအတိုင်း တယောက်စကားတယောက်နား ပျံ့သွားတယ်။ ကောလဟလတွေ အမျိုးမျိုးထွက်လာတယ်။
စစခြင်းတော့ အိမ်ရှင်တွေလည်း သာမန်ပဲ။ နောက် လူပြောလည်းများလာရော။ ခြတောင်ပို့ကို ရာဇမတ်ကာတယ်၊
အတွင်းထဲမှာ သဲဖြူခင်းတယ်၊ ရှန်ပန်းစအနီအဖြူတွေချည်တယ်၊ နံ့သာဖြူ ကရမက်ရည်တွေလောင်းတယ်။
ဆွဲကြိုးတွေလက်ကောက်တွေ ဖလားထဲစိမ်ပြီး ရွှေရည် ငွေရည်လောင်းတယ်။ နောက်တော့ အိပ်မက်ပေးတာတွေ
ဘာတွေပါ ပါလာတယ်။ ဆိုင်းဝိုင်းတွေ အုန်းပွဲငှက်ပျောပွဲတွေပါ ပါလာပြန်တယ်။ လည်ပင်းမှာ
ယောဂီရောင်နဲ့ အဖြူရောင်ပိတ်စပတ်လူတွေက ဘာတွေလဲမသိဘူး ပါးစပ်ကတတွတ်တွတ်ရွတ်ပြီး ဖလားထဲကအရည်တွေထဲ
သပြေခက်တွေနှစ်လိုက် လာကြည့်တဲ့လူတွေပေါ် ပက်လိုက်ဖျန်းလိုက်လုပ်တယ်။ လူတွေ များသထက်များများလာတယ်။
ဘုန်းကြီးတွေ လည်း မနည်းမနောပဲ။ သင်္ကန်းတဖါးဖါးနဲ့ မမောနိုင်မပန်းနိုင် ကြိတ်ကြိတ်တိုးပဲ။
ထိုးဆေးပုလင်းခွံလေးတွေထဲ အဲ့ဒီခြတောင်ပို့မြေမှုန်လေး တွေထ ည့် ရာဘာဖေါ့ဆို့လေးဆို့ပြီး
လဘ်ကောင်းတယ်ဘာညာပြောပြီး သာသနာပြုရန်အလှူငွေဆိုပြီးရောင်း တာ လက်မလည်အောင်ရောင်း
ရတယ်။ ခြတောင်ပို့ရာဇမတ်ကာအထဲမှာလည်း ပိုက်ဆံတွေရော ဆွဲကြိုးတွေ လက်ကောက်တွေ နားကပ်တွေ
လက်ဝတ်လက်စားတွေမှ တနေ့တနေ့ သစ်ရွက်ကြွေသလိုကို တလစပ်ကျနေတာ။ အိမ်ရှင်တွေလည်း ငွေကို
သဲ့ယူသလိုကို ရနေတာ။ နောက်လည်းကျရော မှိုကြီးရဲ့ ပင်စည်မှာ ဘုရားမျက်နှာတော်ပေါ်တယ်ဆိုပြီး
ဖြစ်ကရော။ ပင်စည်ရင်း မြေကြီးနားကပ်ပေါ်တာဆိုတော့ လေးဘက်ထောက်ဖင်ကုန်းပြီး ပါးနဲ့မြေကြီးအပ်ကြည့်မှ
မြင်ရတာ။ မြင်ရတယ်ဆိုပေမယ့် သဲသဲကွဲကွဲတော့မဟုတ်ဘူး။ မှိုပွင့်အရိပ်ကျနေတော့ ခတ်မှောင်မှောင်။
မျက်ခုံး လိုလို နှာတန်လိုလိုဟာလေးတွေ ရေးရေးလောက်ပါ။ ဒါပေမယ့် ဘုရားမျက်နှာတော်အစစ်၊
ဘုရားမျက်နှာတော်အစစ်ဆိုပြီ အံ့ဘနန်းတွေ ဖြစ်ကုန်တယ်။ လူတွေလာတာမှ ဘုရားပွဲထက်စည်တယ်။
ငွေတွေလှူတာမှ အထပ်လိုက်အထပ်လိုက်ပဲ။ ထောက်ကြန့်ရဲစခန်းကရဲတွေလည်း လာစောင့်ပေးတယ်ပြောပြီး
အိမ်ရှင့်ခြံနောက်ဖက်မှာ အနီရောင်အရက်တွေ တနေကုန်မူးနေတာပဲ။ ဘေးပန်းအိမ်တွေကလည်း ကွမ်းယာဆေး
လိပ် စီးကရက် အချိုရည် ရှန်ပန်းနီဖြူ သပြေခက် စပယ်ပန်းစတာတွေ ဆိုင်ခင်းရောင်းကြတယ်။
အတော်ရောင်းရတယ်။ ပျော်တောင်ပျော် စရာကြီး။ နောက်တော့ သိတ်မကြာဘူး။ ထောက်လှမ်းရေးဆိုလား
စသုံးလုံးဆိုလား လူတွေလာတယ်။ မေးတယ်မြန်းတယ်။ မှိုကြီးကို စစ်ဆေးတယ်။ လာတဲ့လူတွေကို
ရွာဝင်လမ်းကနေ မသွားဖို့တားတယ်။ တားတော့ ”ဘုရားလာဖူးတာမတားနဲ့” ”ကုသိုလ်ရေးတောင် ဝန်တို
သူတွေ”ဘာညာနဲ့ ပိုဆိုးကုန်တယ်။ နောက်ဆုံး မှိုကြီးကိုနှုတ် ခြတောင်ပို့ဖြိုချ ရာဇမတ်တွေခွာပြီး
မှိုအခြေမှာ ဂျုံကိုအရောင်နဲ့နယ်ပြီးကပ်ထား တဲ့မျက်နှာတော်ဆိုတာကို အနီးကပ်ဓါတ်ပုံတွေရော
ဓါတ်ခွဲခန်းစစ်ဆေးချက်တွေရောနဲ့ ရှင်းလိုက်တော့မှ ပွဲကပြတ်သွားတယ်။ အိမ်ရှင်လည်း
ရန်ကုန်မြို့ထဲ တောအရက်မှောင်ခိုသွင်းတဲ့ ဂျပန်တပတ်ရစ်ဒတ်ဆန်းကား ၂ စီးစာစုမိသွားတယ်။
ဘယ်သူမှတော့ ဘာမှမဖြစ်ကြပါဘူး။ တော်တော့တော်သေးတယ် အဲ့ဒီခေတ်က ဗမာပြည်မှာ ချဲထီဆိုတာမပေါ်သေးလို့။
ပေါ်များပေါ်လို့ကတေ့ ဒိုင်တွေထောလိုက်ကြမယ့်ဖြစ်ခြင်း၊ တော်တော့တော်သေးတယ် အဲ့ဒီခေတ်က
အရေခြုံဆိုရှယ်လစ်ခေတ်မို့ ဒါမျိုးဆို နည်းနည်းနှိပ်ကွပ်ဖော်ရသေးတယ်။ ဒီဘက်ခေတ်ဆို
နိုင်ငံတော်လို့ ကိုယ့်ကိုယ်ကိုယ်ခေါ်နေတဲ့ကောင်ေ တွ သွားအားပေးကြမှာ။
ပြောချင်တာက ခုတလော ရွှေပြည်ကြီးမှာ ဖွတ်ထွက်မှတောင်ပို့မှန်းသိတဲ့သူ
သိသွားကြတာမှန်ပေသိ တချို့များ ဖွတ်ကြီးတကောင်လုံး တောင်ပို့ထဲဝင်နေတာတွေ့ရက်နဲ့ ဘုရားမှတ်ပြီး
ကုန်းဦးချတုန်း။ ပန်း ရေချမ်း ကပ်တုန်း၊ ရှန်ပန်းစတွေ ချည်တုန်း၊ ရွှေရည်ငွေရည် လောင်းတုန်း။
(ဖွတ်ဝင်တာတောင်တောင်ပို့မှန်းမသိသူတို့ကိစ္စ)
ပြောချင်တာက ခုတလော ရွှေပြည်ကြီးမှာ ဖွတ်ထွက်မှတောင်ပို့မှန်းသိတဲ့သ
Subscribe to:
Posts (Atom)