Saturday, February 29, 2020

(မသိတာကောင်းတယ်..တဲ့)

0 comments
(မသိတာကောင်းတယ်..တဲ့)
မိမိအား တယောက်ယောက်ကကြည့်နေသည်ဟု စိတ်အမှတ်ဖြစ်ကာ လှည်ကြည့်လိုက်တိုင်း တယောက်မဟုတ်တယောက်က တကယ့်ကို စူးစူးစိုက်စိုက်ကြည့်နေတာနှင့် မျက်လုံးချင်းပက်ပင်းတိုးမိသည်ကို လူတိုင်းဘဝ၌ တကြိမ်မဟုတ်တကြိမ်တော့ ကြုံဖူးကြလိမ့်မည်ထင်ပါသည်။ ထိုသို့တိုးမိကြသည့်အခိုက်အတန့်၌ အခြားသူများစိတ်တွင် မည်သို့နေမည်ကို မပြောတတ်သော်လည်း ကျနော့်စိတ်တွင်ကား မလုံမလဲဖြစ်တာ လိုလို ရှက်ရွံ့သိမ်ငယ်တာလိုလို ဖြစ်ပါသည်။ ဘာကြောင့် ထိုသို့ခံစားမှမှန်းတော့ ခုထိမသိသေးပါ။ ဤနေရာတွင် ကျနော်ပြောသည့် မလုံမလဲစိတ်ဆိုသည်မှာ မသင်္ကာကြည့် အကြည့်ခံရပြီး ခိုးထုတ်ခိုးထည်နှင့်လူမိသည့်သဘောမဟုတ်သလို ရှက်ရွံ့သိမ်ငယ်စိတ်ဆိုသည်မှာလည်း ကံသုံးပါးဖြင့် ဒုစရိုက်မှုတခုခုကို လူမသိသူမသိပြုထားပြီး လူလည်ကောင်ပွင့်ကျသွားဖြင့် ဖြစ်ရသည့်စိတ်မျိုးလည်းမဟုတ်ပါ။ ထို့ကြောင့် အမှောက်အမှောက်အမှားမှားဖြင့် လုပ်မိလုပ်ရာထလုပ်လိုက်တာမျိုးမဖြစ်သလို ခြေမကိုင်မိလက်မကိုင်မိ ကျီးကန်းတောင်းမှောက် ဖြစ်ခဲ့သည်တော့လည်း မရှိပါ။ သို့သော် စိတ်ထဲ အခန့်မသင့် ဖြစ်ပါသည်။ ကသိကအောက် နိုင်ပါသည်။ အနေရအထိုင်ရလည်း ခက်ပါသည်။

နောက်ထပ် ဖြစ်သည့်ခံစားမှုမှာ ထိုသို့ကြည့်သူအား ပြန်ကြည့်မိခြင်းနှင့်ဆိုင်ပါသည်။ တမင်ပြန်ကြည့်ခြင်းမဟုတ်ပဲ မိမိအားကြည့်နေသည်ဟု ခံစားမိပြီး လှည့်ပတ်ကြည့်သည့်အခိုက်တွင် မျက်လုံးချင်းဆိုင်မိသွားတာမျိုးဖြစ်ပါသည်။ သတ်သတ်ကြီးလိုက်ရှာ၍ တမင်တကာ ရှာကြည့် ကြည့်ရသည်မျိုးနှင့် လားလားမှမတူပါ။ ထိုသို့ မျက်လုံးချင်း ဖျတ်ကနဲတည့်တည့်တိုးမိသည့်အခိုက်တွင် ကြည့်သူ၏ အတွင်းစိတ်ကို တိတိကျကျ ဖတ်၍ရပါသည်။ တခါတလေ ဘာမှမဟုတ်ပဲ မိမိအား ငေးမိငေးရာကြည့်နေသူမျိုးနှှင့်ကြုံရသလို အခါများစွား၌ စူးစမ်းကြည့် အကဲခတ်ကြည့် စာနာကြည့် ကြည့်သူများသည်ကို သတိထားမိပါသည်။
မျက်လုံးသည် စိတ်တံခါးပေါက် ဖြစ်ပါသည်။ စိတ်တွင် ဖြစ်နေသည့်ခံစားမှုကို အလိုအလျှောက်ဖော်ပြရာ၌ ခန္ဓာကိုယ်၏အခြားမည်သည့် အစိတ်အပိုင်းထက်မဆို မျက်လုံးက တိတိကျကျနှင့်တမဟုတ်ခြင်း ဖော်ပြနိုင်သည်ဟု ကျနော်ထင်ပါသည်။ မိမိအား မသိအောင်ကြည့်နေသူကို ပြန်ကြည့်မိရာတွင်း မိမိအကြည့်တွင် ဖော်ပြချက် တခုခုတော့ မုချပါနေမှာပင်ဖြစ်ပါသည်။ ထိုဖော်ပြချက်ကြောင့်ပင် ကြည့်နေသူမှ မျက်လုံး အရင်လွှဲသွားခြင်းဖြစ်ပါသည်။ ထိုဖော်ပြချက်သည် မိမိအား ထိုသို့ကြည့်ခဲ့ခြင်းအား မနှစ်မြို့သည့်ဖော်ပြချက်ဖြစ်ဖို့ ပိုများမည် ထင်ပါသည်။ တခါတလေ ကြည့်သူ၏အကြည့်ကြောင့် ဘုကြည့်ပြန်ကြည့်မိသည်လည်းရှိပါသည်။ ဘုကြည့်ပဲပြန်ကြည့်ကြည့် ရိုးရိုးပဲပြန်ကြည့်ကြည့် အရင်မျက်လုံးလွှဲသူမှာ ကြည့်သူဖြစ်ပါသည်။
ကျနော်သည့် ထိုသို့အကြည်ခံရခြင်းကို ခြေကောင်းလက်ကောင်းဘဝတုန်းကလည်း မကြိုက်ပါ။ ဒုက္ခိတဖြစ်သွားပြီးသည့်နောက်ပိုင်း ပို မကြိုက်ပါ။ ထို့ကြောင့် တတ်နိုင်သမျှ ဘယ်သူ့ကိုမှ ထိုသို့မကြည့်မိအောင် စိတ်ကိုအလေ့အကျင့်လုပ်ထားပါသည်။ အောင်မြင်သင့်သလောက် အောင်မြင်သဖြင့် “ငါဘယ်တော့မှ သူများကို အဲ့လိုမကြည့်ဘူး”ဟု ကိုယ့်ဘာသာ လက်မထောင်ပါသည်။ ကိုယ့်ကိုယ်ကိုယ် ထင်တလုံးနှင့် နေပါသည်။ လူတောသူတောသွားတိုင်း တွေ့လိုသဖြင့် တမင်ရှာသည်မှတပါး ဘယ်သူ့ကိုမှ မသိအောင်မကြည့်မိအောင် တတ်နိုင်သလောက် ရှောင်ပါသည်။ လူတောသူတောတွင် ထိုအကျင့်ကိုရှောင်၍ရသည့်ကျနော်သည် လူ အလွန်ပြတ်သည့်နေရာတွင်မှ ထိုအပြုအမူကို ပြုမိခဲ့ပါသည်။
ဖို့တ်ဝိန်းမြို့လည်တွင် ကျနော်ထိုင်တတ်သော Fortezza Coffee ဆိုသည့် ကော်ဖီဆိုင်လေးတဆိုင်ရှိပါသည်။ အခါတိုင်းလိုလို ဇနီးပါတတ်သော်လည်း တခါတလေ ကျနော်တ‌ယောက်သွားထိုင်ကာ ကော်ဖီကိုဇိမ်ဆွဲ၍သောက်လေ့ရှိပါသည်။ ဆိုင်လေးက မြို့လည်ကောင်ဆိုသော်လည်း တိတ်ဆိတ် ပြီး လူသွားလူလာနည်းသည့်အပိုင်းမို့ ငြိမ်ငြိမ်သက်သက်နှင့် ဣန္ဒြေ ရပါသည်။ ဆိုင်အတွင်းခင်းကျင်းထားပုံကလည်း ကော်ဖီဆိုင်နှင့်မတူပဲ အိမ်ဆန်ပါသည်။ ကော်ဖီအရသာခံ လာသောက်သူတွေရှိသလို အလုပ်ကိစ္စများတွက် အတွင်းပိုင်း အခန်းသီးသန့်ယူပြီးသောက်သူများလည်း ရှိပါသည်။ သူ့ဆိုင်က ကော်ဖီသည် တခွက်စာပင်ဖြစ်စေ မှာသူရှိမှ ကော်ဖီအမျိုးအစားအလိုက် လှော်ထားသည့်အစေ့များကိုကြိတ်ကာ ချက်ခြင်း ဖျော်ပေးသည့်ဆိုင်ဖြစ်ပါသည်။ ကော်ဖီအမျိုးအစား အမျိုးမျိုးရသော်လည်း ကျနော်က ဖို့တက်ဇ်ဇာ ဘလက်ခ်ကော်ဖီသာ သောက်ပါသည်။ ပထမတခွက်မှာလျှင် ၂ ဒေါ်လာပေးရသော်လည်း နောက်ခွက်များဆိုလျှင်တော့ ဆင့်ကိုးဆယ်သာတောင်းပါသည်။
ကျနော်ဆိုင်ထဲဝင် ကော်ဖီတခွက်မှာက တယောက်ထိုင်ဆိုဖာခုံပုတွင် တကိုယ်လုံးမြှုပ်ပြီး သက်သောင့်သက်သာထိုင်ရင်း ပတ်ဝန်းကျင်နှင့် အပြင်လမ်းမတွေဆီငေးနေတုန်း ကျနော့်ရှေ့ကလွတ်နေသေးသည့်ခုံတွင်အသက် ၈ ဆယ်ခန့် ကြုံကြုံလှီလှီ အဖိုးအိုတယောက်လာထိုင်၏၊ ထိုင်ထိုင်ချင်း ကော်ဖီပူပူကို တဖူးဖူးနှင့် မှုတ်မှုတ်သောက်၏။ လက်ဖဝါးနှစ်ဖက်ကို ဖြန့်ချည်ဆုပ်ချည်လုပ်၏။ လက်ဖဝါးချင်းပွတ်ပြီး လည်ပင်း တလျှောက် သပ်သပ်ချ၏။ မုတ်ဆိတ်ပါးသိုင်းတွေက မညီမညာနှင့် ကျိုးတိုးကျဲတဲ။ ရှေ၌ဘက်အောက်သွားတွေကလည်း မရှိ။ ဆံပင်လည်း နှင်းရည်တွေနှင့် စိုစိုရွှဲရွှဲပြားပြားကပ်ကပ်။ အဝတ်အစား အတော့်ကို နွမ်းဖတ်၏။ ဝေါကင်းရှူးအနှောင့်တွေက လှည်းနင်းသွားသည့်ဖားခြောက်လို အပြင်ဘက် ကားထွက်နေ၏။ ရွှံ့တွေပေကျံနေ၏။ ဂျင်း ဘောင်းဘီကလည်း အတော့်ကိုချောင်ကာ တွဲကျနေ၏။ ခါးပတ်ကလည်း မပါ။ ညစ်ညစ်ထေးထေး ပေပေကျကျံ။ ခါးအထက်ပိုင်းကျတော့လည်း သာမန်ရှပ်အင်္ကျီဟောင်းတထည်အပေါ်မှ ခတ်ပါးပါး ဂျက်ကက် အဟောင်းလေးတထည် ထပ်ဝတ်ထားတာက လွဲ၍ ဘာမှပါ။ အဝတ်စားတွေက ပါးလွှာရသည့်အထဲ ချေးတွေညှော်တွေနှင့်ဆိုတော့ ထိလိုက်လျှင်ပင် အေးစက်စက် စေးထန်းထန်းဖြစ်နေလောက်၏။
ခုက ဆောင်းတွင်းကြီး။ ဆောင်းတွင်းကြီးမှ ရေခဲမှတ်အောက် ၂ လောက် ကျနေချိန်ကြီး။ ဆိုင်ထဲ၌ အနွေးဓာတ်လွှတ်ထားသော်လည်း အပြင်တွင် ခဲနေအောင်အေးနေချိန်ကြီး။ လေကလည်း တဟူးဟူးနှင့် အသားပေါ်နေသည့်နေရာများအား အပ်ဖျားများနှင့်ဆွသည့်နှယ် တစစ်စစ်အေး၏။ သူ့ကိုယ်မှာ နှင်းတွေရွှဲနေပုံထောက်လျှင် သူ ကားနှင့် လာခဲ့မှန်းမဟုတ်ကြောင်းသိနိုင်၏။ “သည်လောက် အအေးတော နှင်းတောကြီးထဲ ဒီဘိုးတော် ဘယ်လိုနေခဲ့ပါလိမ့်။ ဒီရောက်အောင် ဘယ်လောက်လမ်းလျှောက်လာခဲ့ရလဲ။ သူ့မှာ အဖော်အလှော်တွေ မရှိဘူးလား။ သားသမီးကျောထောက်နောက်ခံ မရှိလိုဘူးလား။ ပင်စင်စား တွေလို အေးအေးလူလူ ဇိမ်လေးနဲ့မနေနိုင်ဘူးလား။ အိုးမဲ့အိမ်မဲ့လား။ ရာဇဝတ်မှုတခုခုကျုးလွန်ပြီး ခုမှ ထေင်ကလွှတ်လိုက်တဲ့လူလား။ လမ်း‌ဘေးမှာ တောင်းရမ်းစားသောက်နေသူလား။ မူးတော့ မူးနေပုံမပေါဘူး။ ကော်ဖီကြိုက်လွန်းလို့ လာသောက်တာလား။ ဗိုက်သိတ်ဆာနေလို့ များလား။ ခနနွေးလည်း မနည်းဘူးဆိုပြီး အအေးဝင်ခိုတာလား။ အအေးဝင်ခိုတာဆို စာကြည့်တိုက်တွေနဲ့ အများဆိုင်ရာအဆောက်အဦးတွေထဲ သွားခိုလည်းရတာပဲ။ ဘာလို့ ကော်ဖီဆိုင်ထဲ တကူးတက ဝင်လာရသလဲ။ ဂျာကင်အိပ်နှစ်ဘက်မှာ စာအုပ်တွေပါတော့ စာဖတ်ဝါသနာပါသူလား။ ဒါမှမဟုတ် တွေ့ရာကကောက်လာတာလား” စသည့်ဖြင့် ကျနော်တယောက်တည်း သောင်စဉ်ရေမရတွေးနေမိ၏။
ထိုအချိန်တွင် အဖိုးအိုက ကျောပေးထားရာမှ ကျနော့်ဘက် လှည့်လိုက်၏။ မျက်လုံးချင်းတိုက်ရိုက်ဆုံသွား၏။ ကျနော် မျက်စေ့လွှဲချိန် ရှောင်ချိန် မရလိုက်။ သူခိုးလူမိသလိုဖြစ်သွား၏။ သူက ကျနော့်ကို ပြာမွဲမွဲမျက်းလုံးအစုံဖြင့် ငေးငေးရီရီကြည့်နေ၏။ ကျနော်လည်း အသာအယာ အကဲခတ်သလို ပြန်ကြည့်မိ၏။ ထို့နောက် သူ့မျက်လုံးတွေက တဖြည်းဖြည်းချင်း အရောင်တောက်လာ၏။ ပက်ကြားအက်နေသည့်နှုတ်ခမ်း အစုံက အပြုံးနှင့် ပွင့်လာ၏။ ပြီးတော့ လူမမာ့လေသံအက်အက်ရှရှဖြင့် ဟဲလိုဟု အသံပြု၏။ ကျနော်လည်း ပြန်ပြုံးပြကာ ဟဲလို နေကောင်းလား ဟု နှုတ်ဆက်မိ၏။ ကောင်းပါတယ်၊ ကျေးဇူးပါ၊ မင်းရောဟုပြန်မေး၏။ ကောင်းကြောင်းပြန်‌ဖြေရင်းက ကျနော် အလိုလို မတ်တပ်ရပ်မိရက်သား ဖြစ်သွား၏။ သူ့စားပွဲနားရောက်သွား၏။ ထိုအချိန်ထိ သူရော ကျနော်ပါ အကြည့်များ မလွဲဖယ်မိကြသေး။ စူးစူးစိုက်စိုက်ကြီးတွေ မဟုတ်သော်လည်း မမှိတ်မသုန်တော့ တယောက်ကိုတယောက်ကြည့်လျှက်ရှိနေကြ၏။
ကျနော် သူ့စားပွဲဘေးရပ်မိတော့ သူက ထိုင်ရာမှထ၏။ နှုတ်ဆက်ဖို့ ပထပ ညာလက်ပေးပြီးမှ ဆောရီးဟုဆိုကာ ဘယ်လက်ကမ်းပေး၏။ ကျနော်က သူ့လက်ကိုဖမ်းဆုပ်လိုက်တော့ သူ့လက်တွေကရေခဲအလား အေးစက်နေတုန်းပင်။ “ငါ့နံမည်မျိုးပါ”ဟုပြောတော့ ငါ့နံမည် အီရစ်က်ပါဟု ခတ်တိုးတိုးပြောရင်း “တိုင်းပြည်အတွက်ပေးဆပ်ခဲ့ရာအတွက် ကျေးဇူးတင်ပါတယ် ဆြာ”ဟုဆိုချိန်တွင် သူ့မျက်နှာတွင် ဝမ်းနည်းရိပ်နှင့် ဂုဏ်ယူရိပ်များထင်းနေ၏။ သည်တော့မှ ကျနော်က “ငါက စစ်ပြန်တော့ စစ်ပြန်ပဲ၊ ဒါပေမယ့် အမေရိကန်စစ်ပြန်မဟုတ်ဘူး၊ ဗမာစစ်ပြန်ပါ။ ငါက ဗမာလူမျိုးပါ”ဆိုတော့ သူအံ့အားသင့်သလိုတချက်ဖြစ်သွားပြီး “အေးလေ ဘယ်စစ်သားဖြစ်ဖြစ် သူတို့တိုင်းပြည်အတွက် သူတို့လူမျိုးအတွက် သူတို့ဘဝတွေအသက်တွေ ခန္ဓာတွေပေးဆပ်ရတာပဲမဟုတ်လား၊ မင်းပြည်သူတွေကတော့ မင်းကိုလေးစားတန်ဖိုး ထားကြမှာပဲမဟုတ်လား”ဟုပြောက ပြန်ထိုင်၏။
သည်တော့မှ ကျနော်လည်း ဘေးက ကုလားထိုင်အလွတ်တလုံးဆွဲကာ သူနှင့်အတူထိုင်ရင်း အပြစ်ရှိသလို အားနာသလို စိတ်နည်းနည်း လှုပ်ခတ်နေပါသည်။ ခနနေပြီးစိတ်နည်းနည်းငြိမ်သွားမှ “စောစောက မင်းကိုငါ ကြည့်နေမိတာ စိတ်မဆိုးပါနဲ့နော်။ ငါမင်းကို ဝင်လာကတည်းက စိတ်ဝင်စားပြီးကြည့်နေမိတာ”ဟု တောင်းပန်စကားဆိုပါသည်။ “ရပါတယ်။ ကိစ္စမရှိပါဘူး၊ လူဆိုတာ တ‌ယောက််အ‌ကြာင်း တယောက်မသိရင် စိတ်ဝင်စားတတ်ကြတာပဲ၊ သိသွားတော့လည်း ဘာမှမဟုတ်တော့ဘူး၊ တခါတလေကျတော့လည်း မသိပဲနေတာက ပိုကောင်းပါတယ်၊ မင်းက ငါ့အကြောင်းသိချင်လို့လား”ဆို၍မေးပါသည်။ “မသိချင်ပါဘူး။ ငါ့ဟာငါစိတ်ထဲတွေးထားတဲ့အတိုင်းပဲ ကောင်းပါတယ်” ဟု ကျနော်က ရယ်ရယ် မောမောနှင့်ပြောတော့မှ သူကလည်း “အေးလေ မင်းသာမပြောရင် ငါလည်း မင်းကို အမေရိကန်စစ်ပြန်အနေနဲ့ပဲ လေးစားကျေးဇူးတင်နေမှာပဲ၊ ခု မဟုတ်ဘူးဆိုတာသိရတော့ စိတ်ခံစားမှုနည်းနည်းပြောင်းသွားတာပေါ့ကွာ၊ အမှန်က မသိပဲနေရမှာ” ဟုဆိုပါသည်။
ကျနော်လည်း စကားဖြတ်ချင်သည်နှင့် “မင်းကော်ဖီထပ်မှာမယ်ဆို ငါကော်ဖီဖိုးပေးပါရစေ”ဟု ကောင်းကောင်းမွန်မွန်ပြောလိုက်ပါသည်။ သူ့မျက်နှာတချက် လက်ကနဲဖြစ်သွားပြီး ကော်ဖီတော့ ထပ်မယူတော့ပါဘူး၊ ငါ အပြင်မှာ အေးလွန်းလို့ ခနဝင်ခိုတာ။ ခနနေပြန်မယ်၊ မင်း အဆင်ပြေရင်တော့ အဲ့ဒီတိုက်မယ့်ကော်ဖီဖိုး ငါ့ပေးပါလား၊ ဆေးလိပ်ဝယ်သောက်မယ်လေ”ဟုဆိုပါသည်၊ ထို့ကြောင့် ကျနော် ပိုက်ဆံ အနည်းငယ်ပေးပြီး ကိုယ့်ခုံကိုယ်ပြန်လာခဲ့ပါသည်။
သူပြောသလို လူသည် တခါတရံတွင် တယောက်အကြောင်းတယောက်မသိပဲနေတာက ပိုကောင်းသလားဟုတွေးနေမိပါသည်။
မျိုးမြင့်ချို
ဖေဖော်ဝါရီ ၂၉၊ ၂၀၂၀

Wednesday, February 26, 2020

စစ်အုပ်စု နံပတ်ဝမ်းရှောင်တဲ့အလုပ်

0 comments
စစ်အုပ်စု နံပတ်ဝမ်းရှောင်တဲ့အလုပ်
(၁) က သတင်းစာရှင်းလင်းပွဲပဲ။ ဗိုလ်နေဝင်းမလုပ်ခဲ့သလို ဗိုလ်စောမောင် ဗိုလ်သန်းရွှေတို့လည်းမလုပ်ဘူး။ ဗိုလ်သန်းရွှေကတော့ ရှေ့ကလူတွေလိုတောင် သောင်စဉ်ရေမရ မိန့်ခွန်းရှည်မပေးဘူး။

(၂) ၁၉၆၂ အာဏာသိမ်းပြီးစက ဗိုလ်အောင်ကြီးပက သူ့အကြံနဲ့သူ ဗိုလ်နေဝင်း “သတင်းစာရှင်းလင်းပွဲ”လုပ်ဖို့ သတင်းစာဆရာတွေကို ဖိတ်တယ်။ ဗိုလ်နေဝင်းက မတတ်သာလို့ အဲ့ဒီအစည်းအဝေးလာတယ်။ သတင်းစာဆရာတွေရဲ့ရှေ့မှာ သူ့လူတွေကို ဘာကြောင့် “သတင်းစာရှင်းလင်းပွဲ” လုပ်ရတာလဲလို့ကြိမ်းမောင်းတယ်။ နောက်တော့ ဆောင့်ကြီးအောင့်ကြီးနဲ့ စင်မြင့်ပေါ်က သူ့နေရာထိုင်တယ်။ ခင်ဗျားတို့ ဘာမေးချင်တာလဲလို့ ဘုစကားပြောတော့ ဦးအုန်းခင်(ဗမာ့ခေတ်)က “ဗိုလ်နေဝင်း ခင်ဗျားတို့ကဖိတ်လို့လာတာ။ ခင်ဗျား ပြောစရာရှိပြော၊ မပြောဘူးဆိုပြန်မယ်၊ အလုပ်ပျက်မခံနိုင်ဘူး”လို့ ပြန်ပြီးဘုတောတယ်။ အဲ့ဒီတော့နေဝင်းက မိနစ်အချို့ကြာအောင်ထဖိုင်နေပြီး ပြန်ထွက်သွားတယ်။ စစ်အုပ်စနံပတိဝမ်းတိုင်း သတင်းစာရှင်းလင်းပွကို ရှောင်ကြပါတယ်။ တီကို ဆားနဲ့တို့သလိုဖြစ်မှာ သိတ်ကြောက်ပါတယ်။
(၃) ဗိုလ်ခင်ညွန့်တို့မိုးကောင်းတုန်းကလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲဆိုတာကလည်း ရှေ့လုပ်ငန်းတင်ပြတဲ့ ရှင်းလင်းပွဲမဟုတ်။ သူတို့ရဲ့ဦးတည်ရန်သူကို ထိုးနှက်အပုပ်ချဖို့လောက်ပဲ လုပ်တာဖြစ်တယ်။ ဗိုလ်သန်းရွှေ နံပတ်ဝမ်းဖြစ်တော့ အဲ့ဒီအလုပ်ကိုတောင် ရဲ(ပုလိပ်) ဗိုလ်မှူးချုပ်ခင်ရီလောက်ကိုပဲ လုပ်စေတယ်။ တွင်း(၁)က မလုပ်တော့ဘူး။
(၄) သတင်းစာရှင်းလင်းပွဲလုပ်ရင် နိုင်ငံခြားသတင်းထောက်တွေပါဖိတ်ရတယ်။ ြပည်တွင်းသတင်းစာဆရာကိုမီးသေပေမယ့် သူတို့ကိုတော့ မီးမသေဘူး။ မဖြေချင်တဲ့မေးခွန်းမေးလာရင် “တောက်တဲ့ခွေးနင်း”ဖြစ်မှာကြောက်တယ်။ နောက်တကြောင်းက သူတို့က စစ်ရေးအမြင် သိတ်ရှိတယ်။ ရှေ့မှာ ဘာလုပ်မယ်ဆိုတာကို ဘယ်တော့မှကြိုပြီးမပြောဘူး။ ရွေးကောက်ပွဲလုပ်မဘ့်ရက်ကို ဗြုန်းစားကြီးကြေညာတာ၊ အမတ်လောင်းစာရင်းသွင်းခိုင်းတာကို ခတ်သုတ်သုတ်ပဲလုပ်ခဲ့တာကိုကြည့်ရင် ရှင်းပါတယ်။ နောင်မှာလည်း ဒီလိုပဲလုပ်နေကြမှာပါ/
(၅) တချို့လွှတ်တော်ထဲမှာ မေးခွန်းထမေးလို့ရမယ်လို့ ထင်ကြတယ်။ မရပါဘူး။ ၂၅ ရာခိုင်နှုန်းသောစစ်ဗိုလ်အမတ်တွေက ငိုက်နေဖို့ လွှတ်တော်တက်တာမဟုတ်ဘူး။ ခတ်ကြမ်းကြမ်းအမတ်စစ်ဗိုလ်နဲ့ပဲ စကားနိုင်လုရတာဖြစ်မှာပဲ။ လွှတ်တော်ရဲပနာယကလုပ်သူရဲ့ တော်-တန်-တိတ် လုပ်တာပဲ ခံရမှာပဲ။ သမ္မ ဒုသမ္မတဆိုတာ လွှတ်တော်တက်မှာမဟုတ်ပါဘူး။
စစ်အုပ်စုဆိုတာ မပိုင်ရင်ဘာမှမလုပ်ပါဘူး။ ပုဒ်မ (၆၃)မှာ အတိအလင်းရေးထားပါတယ်။ သမ္မတ ဒုသမ္မတ လွှတ်တော်အမတ်ဖြစ်နေရင်တောင် လွှတ်တော်ကနှုတ်ထွက်ပြီး ဖြစ်ရမတဲ့။
(ထွန်းသော်)
၂၀၁၀ ဒီဇင်ဘာလ ၂၀ ရက်နေ့ထုတ် အရေးတော်ပုံဂျာနယ် အမှတ်(၂)မှ ထွန်းသော်၏ဆောင်းပါးကို ကျနော်က စာရိုက်ပြီးပြန်တင်ပေးတာပါ။ ရွှေမန်းလွှတ်တော် ဦးဝင်းမြင့်လွှတ်တော် တီခွန်မြတ်လွှတ်တော်တွေနဲ့ ချိန်ဆကြည့်နိုင်ဖို့ပါ။ (မျိုးမြင့်ချို) ဖေဖော်ဝါရီ ၂၆၊ ၂၀၂၀

(တတ်သိပညာရှင်များသို့)

0 comments
(တတ်သိပညာရှင်များသို့)
တချို့ တိုင်းပြည်နဲ့ချီပြီး အရေးကြီးတဲ့ကိစ္စမျိုးတွေမှာ တတ်သိပညာရှင်တွေအနေနဲ့ မီဒီယာတွေရဲအမေးအထိကို စောင့်မနေတော့ပဲ မိမိတို့မှာရှိထားပြီးသား အခိုင်အမာ အချက်အလက်တွေနဲ့ အသစ်ထပ်မံရရှိတဲ့သတင်းတွေနဲ့ ပေါင်းစပ်ပြီး ကိုယ့်အမြင်ကိုယ့သဘောထား ကိုယ့်အယူအဆ ကိုယ့်ကေက်ချက်ဆွဲမှု စတာတွေကို လူထုကိုအသိပေးနိုင်ရင် ကောင်းမယ်လို့ထင်ပါတယ်။

ဒီခေတ်လို လူမှုကွန်ရက်တွေ ပလူပျံနေတဲ့ခေတ်မှာ တခါတလေမှာ မီဒီယာကြီးတွေဟာ အချိန်နဲ့တပြေးညီစီးဆင်းဖို့ ခက်ခက်လာနေတာပါ။ သူတို့မှာက သူတို့အကန့်အသတ်တွေကလည်း ရှိနေပါတယ်။ လူမှုကွန်ရက်တွေကတော့ တနေရာရာမှာ တခုခုဖြစ်လိုက်တာနဲ့ တောမီးလို ဟုတ်ကနဲတောက်ပြီး အရပ်မျက်နှာရှိသမှကို ချက်ခြင်းပြန့်သွားတာပါ။
ပညာရှင်တွေအနေနဲ‌့ တခုခုပြောမယ်ဆို စကားလေးတလုံးကအစ သတိကြီးကြီးထားပြီး စေ့စေ့စပ်စပ်ပြောတတ်ကြတဲ့အပြင် မိမိပြောဆိုချက်တွေကို မိမိဘာသာတာ၊န်ယူရ တာဝန်ခံရတာလည်းဖြစ်တော့ မီဒီယာ့အကူမပါပဲလည်း ပြောလို့ဖြစ်ပါတယ်။ တခါတလေမှာ မီဒီယာတွေကမှ သူတို့လိုချင်တဲ့ဘက် မတိမ်း တိမ်းအောင် မဘိမ်း ယိမ်းအောင် ရေလာမြောင်းပေးတွေ မိကျောင်းမင်းရေခင်းပြတွေ လုပ်တတ်ပါသေးတယ်။ အဲ့သလိုလုပ်လို့လည်း အပြစ်ပြောစရာတော့ မရှိပါဘူး။ မီဒီယာတွေကိုး။ မီဒီယာအလုပ်ပဲလုပ်မှာပါ။ ပညာရှင်အလုပ် သူတို့လုပ်စရာမလိုသလို လုပ်လည်းမလုပ်ပါ။
ပညာရှင်တွေအနေနဲ့ မိမိတို့ပြောမှာဆိုမှာတွေကို စာနဲ့ရေးပြီးပြောတာထက် ဗီဒီယိုကလစ်လေးတွေလုပ်ပြီး တင်တာမျိုးက ဆိုရှယ်လ်နက်ဝပ်တွေပေါ်မှာ ပိုထိရောက်မယ်ထင်ပါတယ်။ စာရှည်ရှည်သာ မဖတ်ချင်ရှိရမယ် စိတ်ဝင်စားတဲ့အကြောင်းအရာဆို ဘယ်သူမဆို ဆယ့်လေးငါးမိနစ်ကြည့်ဖို့ကျ ဝန်မလေးတတ်ကြပါဘူး။ နောက်တချက်က ဗီဒီယိုကလစ်လေးတွေက ကိုယ့်ဘာသာ အချိန်ယူပြင်ဆင်ပြီးလုပ်ရတာလည်းဖြစ်တော့ ကိုယ်ပြောချင်တာ အကုန်ပါအောင် တထိုင်တည်းပြောနိုင်သလို အချိန်ကုန်လည်း သက်သာပါတယ်။ တခြားလည်း ကောင်းကျိုးတွေနဲ့ ထိရောက်မှုတွေရှိပါသေးတယ်။ စာရှည်မစိုးလို့ မရေးပါရစေနဲ့‌ဗျား။
မျိုးမြင့်ချို
ဖေဖော်ဝါရီ ၂၆၊ ၂၀၂၀

(လူ့ဘဝမှာ...ကိုယ်အသက်ဆက်ဖို့)

0 comments
(လူ့ဘဝမှာ...ကိုယ်အသက်ဆက်ဖို့)
တရုတ်မှာ တောတွင်းသတ္တဝါကြီးငယ်တွေနဲ့ တိရိစ္ဆာန်အကောင်ပလောင်လေးတွေ ဖမ်းဆီး သတ်ဖြတ် စားသောက် မွေးမြူ ရောင်းဝယ်ဖေါက်ကားတာတွေကိုမလုပ်ကြဖို့ တားမြစ်လိုက်ပြီလို့ကြားရပါတယ်။

ဗမာပြည်မှာလည်း ဘာကောင်းတယ် ညာကောင်းတယ်တွေပြောပြီး အင်းဆက်မျိုးစုံ အကောင်ပလောင်မျိုးစုံ စားသောက်နေသူတွေ ရှိပါတယ်။ တကယ်ငတ်လို့ ပုရစ်လှော် လေးငါးကောင်နဲ့ ထမင်းတနပ်ပြီးရသူတွေ ကြွက်ကင်တဖဲ့နဲ့ ဝမ်းမီးငြှိမ်းရသူတွေကတော့ တမျိုးဖြစ်မှာပါ။ လူဟာ တကယ်ငတ်လာရင် အကုန်စားရပါတယ်။ တကယ်မငတ်ပဲ လျှာအယား‌ဖြေဖို့ စိတ်အယားပြေဖို့ စားနေကြတာကတော့ တမျိုးစဥ်းစားရမှာပါ။ စားဖူးတယ်ရှိအောင်ဆိုပြီး အပျော်စား စားသူတွေလည်း လူမျိုးတိုင်း နေရာတိုင်းမှာရှိပါတယ်။ အရက်သမားကတော့ မူးလာရင် မမြည်းတာဘာမှမရှိပါ။
အသားအတွက် နို့အတွက် စအတွက် စသည်ဖြင့် စားဖို့မွေးထားတဲ့တိရိစ္ဆန်တွေကို စနစ်တကျမွေးမြူပြီး ကျကျနန စားနေသောက်နေတဲ့ကြားကတောင် ရောဂါပိုးမွှားတွေ ကူးစက်ပြန့်ပွားသေးတာပါ။ တောကောင်သား တောသားတောင်သားတွေမှာာ သူတို့နေလူကိုကူးပြီး ပြီးသွားတဲ့ ဗိုင်းရပ်စ်တွေရှိသလိူ၊ လူကနေလူ ဆက်ပြီးကူးတဲ့ ဗိုင်းရပ်စ်ပိုးမွှားတွေ ရှိနေတာလည်း မျက်မြင်ဒိဌပါပဲ။ အဲ့လိုကူးလို့ သေကြတာလည်း သောက်သောက်လဲပါ။
သမိုင်းဦးလူတွေဟာ စားကောင်းမယ့် အပင်မှန်းအသီးမှန်းသိဖို့ စားမကောင်းတဲ့အဆိပ်ပင် အဆိပ်သီးပေါင်းများစွာကို စားခဲ့ကြသေခဲ့ကြရတာပါ။ အလားတူပဲ အသားဟာ စားကောင်းတယ်ဆိုပေမယ့် အသားကနေတဆင့် ရောဂါပိုးမွှားတွေ ကူးစက်လို့ လူဘယ်နှယောက်သေပွဲဝင်ခဲ့ကြတယ်ဆိုတာ သမိုင်းမတင်ခင်က ကမ္ဗည်းစာမရှိလို့မသိခဲ့ရပေမယ့် ဒီဘက်ခေတ်မှာတော့ တကမ္ဘာလုံးကသိနေကြရပါပြီ။
ကျနော်က သက်သတ်လွတ်ရော သတ်သတ်လွတ်ရောစားသူမဟုတ်ပါ။ အသီးအနှံသမားသက်သက်လည်း မဟုတ်ပါ။ အသား ငါး ဥ အကုန် စားပါသောက်ပါတယ်။ ငတ်တဲ့အချိန်တွေ ဖြတ်ခဲ့ဖူးပါတယ်။ စစ်သားလည်း လုပ်ခဲ့ပါတယ်။ ထောင်သားလည်းဖြစ်ခဲ့ပါတယ်။ အရက်သမားလည်း ဖြစ်ဖူးပါတယ်။ စားဖူးတယ်ရှိအောင်လည်း စားခဲ့တာတွေရှိပါတယ်။ တခုခုဆို သိတ် မမှုတတ်သူလည်းဖြစ်ပါတယ်။
ခုတရုတ်မှာထုတ်တဲ့တားမြစ်မိန့်ဟာ တချိန်ချိန်ကျ ဆန့်ကျင်ဘက်အမိန့်တခုခုနဲ့ ပြန်ပယ်ဖျက်တန်ဖျက်ရဦးမှာပါ။ သတ္တဝါတွေဟာ ဘေးမဲ့ပေးထားဖန်များရင် မျိုးပွားနှုန်းမထိန်းနိုင်ပဲ လူနဲ့ပတ်ဝန်းကျင်ကို ဒုက္ခပေးပါတယ်။
ဖို့တ်ဝိန်းမှာ ဟိုးတမြန်နှစ်က ငန်းရိုင်းတွေ သိန်းသောင်းချီ သုတ်သင်ရပါတယ်။ စကင်ဒီနေးဗီးယန်းပြည်တွေမှာ ဝေလငါးတွေ အကန့်အသတ်နဲ့ လက်စတုံးရပါပြီ။ အင်္ဂလန်ကမြို့လေးတမြို့မှာ ဒေါင်းတွေ ဘယ်လောက်ပဲခန်ဆိုကာ မျိုးဖြုတ်ရပါပြီ။ အာဖရိကမှာ ဆင်တွေ ကျားတွေ ဘယ်နှကောင်ထိပဲချန်ဆိုပြီး ပြောင်အောင် ရှင်းရပါပြီ။ လက်တင်အမေရိကမှာ မိကျောင်းတွေ သိန်းချီသတ်ရပါပြီ။ နောက်လည်း အများကြီးရှိပါသေးတယ်။
ကျနော်တို့ဟာ လူတွေပါ။ တကယ်ငတ်ရင် အကုန်စားပါတယ်။ ကျနော်တို့ဟာ လူတွေပါ။ တကယ်စိတ်ထိခိုက်ရင် အကုန် သနားတတ်ပါတယ်။ ကျနော်တို့ဟာ လူတွေပါ။ ကျနော်တို့အသက်ဆက်ဖို့ သူ့အသက်သတ်ရပါတယ်။ ဘယ်အသက်ကို ဘယ်အတွက်သတ်မလဲကိုတော့ လူသားဆန်တဲ့ လူပီသတဲ့နှလုံးသားနဲ့ ချင့်ချိန်နိုင်ကြဖို့ပါပဲ။
မျိုးမြင့်ချို
ဖေဖော်ဝါရီ ၂၆၊ ၂၀၂၀

Monday, February 24, 2020

(ပူးပေါင်းကြံစည်မှု)

0 comments
(ပူးပေါင်းကြံစည်မှု)
စစ်ပွဲတွေရပ်ဖို့နဲ့ အင်တာနက်ဖြတ်တောက်ထားတာ ပြန်ဖွင့်ပေးဖို့ ရခိုင်မှာ ရခိုင်မျိုးဆက်သစ်လူငယ်တွေနဲ့ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေ တောင်းဆိုနေတယ်။ ရခိုင်ပြည်ကစစ်ကို ‌ဒေါ်အောင်ဆန်းစုကြည်အစိုးရနဲ့ စစ်အုပ်စုက ပေါင်းတိုက်နေတာဖြစ်တယ်။ အစိုးရတာဝန်ခံပြီး အမိန့်ပေးပြီး တိုက်တာမဟုတ်ဘူး။ အစိုးရမှာ စစ်အုပ်စုကို အမိန့်ပေးဖို့နေနေသာသာ ကလန်ကဆန်လုပ်မိရင်တောင် မစို့မပို့အာဏာလေး ကတိမ်းကပါးဖြစ်သွားနိုင်တယ်။ နောက်ပိုင်းမှာဖြစ်လာတဲ့ ရခိုင်ထိုးစစ်ဟာ စစ်အုပ်စုနဲ့စုအုပ်စုရဲ့ ပူးပေါင်းကြံစည်မှုဖြစ်တယ်။ အလိုတူ အလိုပါဖြစ်တယ်။

ချေမှုန်းခိုင်းတယ်ဆိုတဲ့စကားက ‌ဒေါ်စု နသားပါယားအလုပ်များပြီး အဖားလွန် စကားကျွံသွားရုံ သက်သက်တော့လည်း မဟုတ်ဘူး။ ကိုယ်၌က ပြည်တွင်းစစ်ပေါ်အမြင်မှာ စစ်အုပ်စုနဲ့ တချို့နေရာတွေမှာ အတွေးအခေါ်အရ တထပ်တည်းကျသွားတာပါ။ ပြောတုန်းက ခိုးကြောင်ခိုးဝှက် (နိုင်ငံတော်အဆင့် လျှို့ဝှက်တို့ ထိပ်တန်းအဆင့်တို့ဆိုပြီး သံတမန်လိုလို နိုင်ငံရေးလိုလို သုံးချင်သူတွေသုံးပါ မကန့်ကွက်ပါ) ပြောခဲ့တာပါ။ စစ်အုပ်စုက သူ့ ဒီစကားကို ကောက်ကိုင်ပြီး ရှေ့မှာ ငြိမ်းချမ်းရေးဗန်းပြပြီး ခုနှစ်ထွေ ကကောင်းနေတုန်း နောက်ကနေ ထမိန်စ ဆောင့်နင်းချခံလိုက်ရတာပါ။ ခိုးထုတ်ခိုးထည်နဲ့ လက်ပူးလက်ကြပ် မိသွားတာပါ။ ကန်ရာ ရှိသွားတာပါ။ ဒီစကားကို စစ်အုပ်စုက အသေကိုင်ထားပြီး ဇက်ချုပ်ထားတာပါ။ သေဖော်ညှိထားတာပါ။ အမြီးချင်း လိမ်လိုက်တာပါ။
ခု ကျောင်းသားလူငယ်တွေ စစ်ရပ်ဖို့ အင်တာနက်ပြန်ဖွင့်ပေးဖို့ တောင်းဆိုနေပါတယ်။ လုပ်တဲ့လက်သည် ဘယ်သူဆိုတာ ဂုတ်ကနေဆွဲထုတ်ပြဖို့မလိုလောက်အောင် ပေါ်လွင်ပြီးသားဖြစ်ပါတယ်။ လူငယ်တွေကျောင်းသားတွေအနေနဲ့ ဒီ့ထက်ပိုကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာအောင် ဖြစ်နိုင်ရင် လူထုပါ ပါဝင်လာနိုင်အောင် စည်းရုံးနိုင်ရင်ကောင်းပါတယ်။ ဒေသအရေးကို စူးစူးစိုက်စိုက်ထားပြီး တပြည်လုံးအရေးနဲ၌ချိတ်ဆက်လှုပ်ရှားနိုင်မယ်ဆို ပြည်တွင်းပြည်ပရဲ့အလေးထားမှု ခုထက်ပိုရမှာပါ။ အားပိုဖြစ်မှာပါ။ ကျနော် ကိုယ်ရောစိတ်ပါ စာနာပါတယ်။ အင်နဲ့အားနဲ့ကို ထောက်ခံပါတယ်။ အဆုံးအဖြတ်နဲ့ တကယ့်အင်အားက ပြည်တွင်းမှာပါ။
မျိုးမြင့်ချို
ဖေဖော်ဝါရီ ၂၂၊ ၂၀၂၀

(ဖန်တီးသူ)

0 comments
(ဖန်တီးသူ)
ကျနော်နှင့် ငြိမ်းချမ်းဆု လူချင်းသိဖို့ဝေးစွ လူချင်းပင်မမြင်ဖူးပါ။ ထို့ကြောင့် သူ့ကို ကျနော်မသိပါ သို့မဟုတ် သူနှင့်ကျနော် လူချင်းမသိပါဟုပြောလျှင် မှန်ပါသည်။ သို့သော် သူ့အကြောင်း သူ့ပန်းချီကားတွေအကြောင်း သူများတွေ ပြန်ပြောပြ ပြန်ရေးပြတာတွေ ကျနော်ဖတ်ဖူး ကြားဖူးပါသည်။ ထို့ကြောင့် သူ့ကို ကျနော် သို့မဟုတ် သူနှင့်ကျနော် နည်းနည်းပါးပါး သိပါသည်။
စောစောလေးကငြိမ်းချမ်းဆု၏ ကွယ်လွန်ပြီဟု ဆရာလင်းထက်ဆွေ ရေးထားသဖြင့် သိရပါသည်။ အသက် ငယ်ပါသေးသည်။ သက်တမ်းအတိုင်းနေပြီး သေသွားတာမဟုတ်ဟုထင်ပါသည်။ ဤနေရာတွင် ကျနော်ဆိုသည့် သက်တမ်းအတိုင်းဆိုသည်မှာ ဗမာပြည်၏ ပျမ်းမျှလူ့သက်တမ်းကို ဆိုလိုပါသည်။ သူနေဦးမည် သို့မဟုတ် နေရဦးမည်ဆိုလျှင် နေနိုင်ပါသေးသည်။ သူ့ပန်းချီကား သေးသေးလေးတွေရော အကြီးကြီးတွေပါ တကားမှ အပြင်တွင် ကျနော်မမြင်ဖူးပါ။ မြင်ဖူးရမည့်အခွင့်မရခဲ့ မရှိခဲ့တာကြောင့်ဟုပဲ ဆိုရပါလိမ့်မည်။ သူ့ပန်းချီကားတချို့ကို ဓာတ်ပုံအနေဖြင့်သာ တွေ့ဖူးပါသည်။ သိတ် ထွေထွေထူးထူး မခံစားခဲ့ရကြောင်း ကိုယ်ဘာသာသိပါသည်။ ခုတော့ သူ့ကို လူချင်းတွေ့ရန် သို့မဟုတ် တွေ့ရရန် အကြောင်းမရှိတော့ပြီ။ သူ့ပန်းချီကားတွေအစစ်တွေတော့ အခွင့်သင့်လျှင် ပန်းချီကားတွေအဖြစ်နှင့် မြင်ရတွေ့ရနိုင်ပါသေးသည်။
အီလျာအာရင်ဘာ့ဂ်ပြောသလို ပန်းချီဆရာသည် အခြားအနုပညာသည်များလို အန္တရာယ်အလွန်များသည့်ဘဝတွင် နေရသူဖြစ်ပါသည်။ သူတို့သည် နှစ်ဘဝဖြင့် အသက်ရှင်နေရသူများ ဖြစ်ပါသည်။ အခြားလူတို့အတွက် ဘာမှမဟုတ်သည့်အကြောင်းလေးသည် သူတို့အတွက် ဘဝပေးသွားရထိုက်သည့်ကိစ္စလည်း ဖြစ်တတ်ပါသည်။ အခြားသူများအတွက် အသေးအမွှားလေးသည် သူတို့အတွက် အသက်အန္တရာယ်အထိဖြစ်တတ်ပါသည်။ အနုပညာသမားတို့၏ ထို ထိလွယ်ရှလွယ်စိတ်နှလုံးသည် ထို နင့်နင့်နဲနဲ ခံစားနားလည်စာနာစိတ်သည်ပင်လျှင် ဖန်တီးစိတ်ဖြစ်နေပါသည်။
ဖန်တီးသည်ဆိုသည်မှာ မရှိသေးသောအရာကို ရှိလာအောင်လုပ်ရခြင်း ဖြစ်ပါသည်။ ဤသို့ဆိုသဖြင့် လောကတွင် မရှိသေးသောအရာ သို့မဟုတ် မရှိသည့်အရာရှိသလားဟု အမေးထွက်လာပါသည်။ ရှိသည်ဆိုလျှင် ထို မရှိသေးသော သို့မဟုတ် မရှိသောအရာဆိုသည်မှာ ဘာလဲဟု ထပ်မေးစရာ ထွက်မည်ဖြစ်ပါသည်။ တဖန် ထို မရှိသည့် သို့မဟုတ် မရှိသေးသည့်အရာရှိကြောင်းကို မည်သူကသိသနည်းဟု နောက်ထပ်မေးစရာထွက်လာပါလိမ့်ဦးမည်။ အနုပညာသည်တို့က တုံဏှိဘောလုပ်နေသည့်တိုင် ထိုအဖြေကို ပန်းချီ ကဗျာ စာပေ စသည့် အနုပညာမှန်သမျှတွင် တွေ့ရမည်ဖြစ်ပါသည်။
ဘုရားသခင်သည် အရာရာကိုဖန်ဆင်းသည်ဆိုလျှင် အနုပညာကိုတော့ မဖန်တီးနိုင်ခဲ့တာသေချာပါသည်။ အနုပညာသည်များသည် ဘုရားသခင်မလုပ်သည့်အလုပ်ကို လုပ်နေသူများဖြစ်ပါသည်။ ထို့ကြောင့် လောကတွင် ဘုရားသခင်နည်းတူ အနုပညာသည်များ ရှိနေရခြင်းဖြစ်ပါသည်။
မျိုးမြင့်ချို
ဖေဖော်ဝါရီ ၂၄၊ ၂၀၂၀

(ကြက်ဥရေခဲကပ်)

0 comments
(ကြက်ဥရေခဲသကြားကပ်)
ရာသီအေးတာရော ပျင်းတာပါစွက်ပြီး ကြက်ဥ ၂ ရက် မကောက်ဖြစ်ခဲ့။ သည်မနက်တော့ အစာခွက်ရေခွက်လေးတွေ သန့်ရင်း ကြက်ဥပါ ကောက်ခဲ့၏။ ကြက်တွေက အိပ်တန်းမဆင်းသေး။ နိုးတော့ နိုးနေကြပြီ။ ကျနော့်မြင်တော့ ကြက်ဖကြီးက အိပ်တန်းထက်က လှမ်းနှုတ်ဆက်သ‌‌ယောင်ယောင် အိပ်ချင်မူးတူးနှင့် အောက်အီးအီးအွတ်ဟု ခတ်တိုတို တချက်တွန်၏။ သူ ပုံမှန်တွန်လျှင် သံရှည်ဆွဲတွန်ကာ နှုတ်ဆက်သလိုဆိုလျှင်ကား သံပြတ်။ ကြက်မတွေကတော့ ကတွတ် ကတွတ်နှင့် တကောင်တချက်စီ ခတ်သာသာမြည်ပြီး ရေခွက်တွေဆီ ဆင်းလာကြ၏။ မနက်စောစော ရေကြည်ကြည်သန့်သန့် လှယ်ပေးလိုက်လျှင် အငမ်းမရ သောက်တတ်ကြသည်ချည်းပင်။

ဥတင်းလေးတွေထဲ လက်နှိုက်လိုက်တော့ ကောက်ရိုးတွေပင် အေးစက်စက်။ ကြက်ဥတွေ လက်နှင့်ထိတော့ ရေခဲတုံးတွေထိမိသလို အေးကနဲစက်ကနဲနေ၏။ ၂ လုံးက ဥခွံတွေအက်ကွဲရာမှာထွက်လာသည့် အကာသားတွေပြန်ဖုံးကာ ရေခဲအုပ် ပလပ်စတစ်အကြည်သား ရိုက်ထားသည့်နှယ် ချောမွတ်လုံးပြောင်လျှက်။ တစက်မှ ကပ်စေးစေးဖြစ်နေသည်မရှိ။ ဖန်ဂေါ်လီအကြည်ကြီးတွေလိုလို လက်ထဲလေးလံ စီးစီးပိုင်ပိုင်နေ၏။ အင်း ဒီမနက် ကြက်ဥရေခဲ သကြားကပ် ၂ လုံးတော့ စားရချည်သေးဟုတွေးကာ အိမ်ထဲပြန်ဝင်ခဲ့၏။
ဖို့ဝိန်းက ပူတော့လည်း ပူတော့လည်းပူလို့။ ဗမာပြည်က အညာနွေထက်ပင် ကဲ‌သေး၏၊ ပူတယ်လေ ဆယ်နွေထက်ကဲပင်။ အေးတော့လည်း ရေခဲမှတ်အောက် ၂ ဆယ် ၂၁ ဒီရီတွေအထိ ကျတတ်၏။ ခုတလော သည်မျှအထိတော့မအေး။ သို့သော် ရေခဲမှတ်အောက် လေး ငါးလောက်အထိဆင်း၏။ ၂ ဆယ်လောက် အထိဆင်းလျှင် ကြက်မကြီးတွေဝမ်းမှ ကျွတ်ကျလာသည့်ကြက်ဥသည် အောက်အခင်းကောက်ရိုးပေါ်မကျမီစပ်ကြားတွင်ပင် ဖျတ်ဖျတ် ဖျတ်ဖျတ်နှင့် လန့်ကွဲထွက်ကုန်၏။ သို့သာ် ဘယ်နေရာမှ ပေပွထမသွား။ ပေပွချိန်မရလိုက်။ အနှစ်တွေအကာတွေက အက်ကွဲသွားသည့် ဥခွံမှအံအထွ် ချက်ခြင်းပင်အေးခဲကာ ကြက်ဥ တ လုံး လုံးအပေါ် ပြန်အုပ်မိပြီး ခဲကျသွား၏။ ကောက်ရိုးပေါ်လည်းအရောက် ကြက်ဥသား ရေခဲတုံးဖြစ်သွားလေပြီ။ ကြက်ဥခဲတုံးဟုခေါ်မှ မှန်မည်ထင်၏။
ထိုသိုခဲ့သွားသည့်ကြက်ဥတလုံးကို အပြင်မှကြည့်လျှင် အက်ကွဲကြောင်းတလျှောက်မှ အတွင်းထဲအထိ တိုးလျှိုပေါက်မြင်ရ၏။ ကျနော် ထိုကြက်ဥမျိုးကို ဓာတ်ပုံရိုက်တင်ဖူး၏။ ထိုမျှ မာသွားခဲသွားလှင်တော့ ချက်ခြင်းစားမကောင်းတတ်။ အိမ်ထဲယူလာ၊ ခန နွေးအောင်ထားပြီးမှ တဖြည်းဖည်းခြင်း အခွံခွာက သကြားအုပ်ရ၏။ အနှစ်တွေအကာတွေ ပြန်ပျော်မသွားချိန် အခဲလည်း အထိုက်အလျှောက်ပေါ့ချိန်ကိုမှန်းပြီး အခွံကို ခတ်မြန်မြန်ခွာရ၏။ အခဲအကုန်ပျော်သွားလျှင် နဂိုအတိုင်းပြန်ဖြစ်သွားပြီး လက်ထဲ ကိုင်မရတော့။ ရေခဲတုံးကြီးအတိုင်းအနေအထားဆိုလျှင်လည်း အခွံက ခွာမရသည့်အပြင် အသားတွေကအလွန်မာပြီး သကြား ကပ်မရတတ်။ ခဲလည်းခဲနေရမည် သကားလည်းအုပ်လျှင် ဥတလုံး လုံးအနှံ့ သကြားကပ်နေရမည်။ ဤအနေအထားကို ကိုယ်တိုင်လုပ်ဖူးမှ ချိန်ဆတတ်မည်ထင်၏။
ထိုသိုခဲ့သွားသည့်ကြက်ဥတလုံးကို အပြင်မှကြည့်လျှင် အက်ကွဲကြောင်းတလျှောက်မှ အတွင်းထဲအထိ တိုးလျှိုပေါက်မြင်ရ၏။ ကျနော် ထိုကြက်ဥမျိုးကို ဓာတ်ပုံရိုက်တင်ဖူး၏။ ထိုမျှ မာသွားခဲသွားလှျင်တော့ ချက်ခြင်းစားမကောင်းတတ်။ အိမ်ထဲယူလာ၊ ခန နွေးအောင်ထားပြီးမှ တဖြည်းဖြည်းခြင်း အခွံခွာက သကြားအုပ်ရ၏။ အနှစ်တွေအကာတွေ ပြန်ပျော်မသွားချိန် အခဲလည်း အထိုက်အလျှောက်ပေါ့ချိန်ကိုမှန်းပြီး အခွံကို ခတ်မြန်မြန်ခွာရ၏။ အခဲအကုန်ပျော်သွားလျှင် နဂိုအတိုင်းပြန်ဖြစ်သွားပြီး လက်ထဲ ကိုင်မရတော့။ ရေခဲတုံးကြီးအတိုင်းအနေအထားဆိုလျှင်လည်း အခွံက ခွာမရသည့်အပြင် အသားတွေကအလွန်မာပြီး သကြား ကပ်မရတတ်။ ခဲလည်းခဲနေရမည် သကားလည်းအုပ်လျှင် ဥတလုံး လုံးအနှံ့ သကြားကပ်နေရမည်။ ဤအနေအထားကို ကိုယ်တိုင်လုပ်ဖူးမှ ချိန်ဆတတ်မည်ထင်၏။
အရင်ဆုံး သကြားမှုန့်အညက်စားကို ပန်ကန်းပြားတချပ်တွင် မထူမပါး ဖြူးထားရ၏။ ဆားလေး အနည်းငယ်ပါလျှင် လေးလေးပင်ပင်မို့ ပိုစားကောင်း၏။ ထို့နောက် ကြက်ဥရေခဲကို အလောတော်အနေတွင် အခွံနွှာပြီးလျှင်ပြီးချင်း ရေးဆေးတာ ဘာတာမလုပ်ပဲ သကြားဖြူးထားသည့်ပန်းကန်ပြားထဲ လှိမ့်လှိမ့်ပေးရ၏။ လှိမ့်နေရင်း သကြားကပ်လာတာမြင်ရ၏။ ရေဆေးလိုက်လျင် ကြက်ဥအခဲပျော်ကာ ရေရွှပ်ပက်ဖြစ်သွား၏။ သကြားအကပ်မကောင်းတော့။ လုပ်ရတာလည်း မကောင်း။ လက်ထဲက ချော်ချော်ထွက်၏။ သကြားထဲ လှိမ့်ပေးရင်းပေးရင်း ကြက်ဥအခဲ နေရာအနှံ့ သကြားဆက်မိပြီဆိုလျှင် စားလို့ရပြီ။
ချက်ခြင်းမစားဖြစ်သေးလျှင် Deep Freezer ထဲ ထည့်သိမ်းထားရုံပင်။ ကျနော်ကတော့ လတ်လတ်ဆတ်ဆတ် ကြက်ဥရေခဲသကြားကပ်ကို အလုံးလိုက်ကြီး လက်ထဲကိုင်ကာ ဘေးပန်းမှ ဖဲ့ကာဖဲ့ကာ တဂျွပ်ဂျွပ် ကိုက်ကိုက်စားရတာကိုပိုကြိုက်၏။ ဘယ်တော့မှ ချန်မစား။ ချက်ခြင်းလုပ် ချက်ခြင်းစား၏။ တခါတလေ အတုံးလိုက် အလုံးလိုက်ကိုက်စားရင် အခဲကြေကာ အစအနတွေ အောက် ထွက်ထွက်ကျသည်လည်းရှိ၏။ ထိုအခါ အသင့်စောင့်နေသည့် ခွေးလေးတွေက အလုအယက် ကောက်ဝါး၏။ ရေခဲလိုအေးနေတော့ ပါးစပ်ထဲကြာကြာမဝါး။ အဖဲ့လိုက်လေးတွေ မြိုမြိုချကြတာတွေ့ရ၏။ ကြက်ဥ၏လတ်ဆတ်မှု ရေခဲ၏အေးစက်စက်အထိအတွေ ကြွပ်ဆတ်မာကျောမှု ကိုက်ရဖဲ့ရသည့်အရသာတို့ ထုံလွှမ်းသည့် ကြက်ဥရေခဲစိမ်ပင်။ နို့မှုန့်တို့ အမွှေးနံ့တို့ ချောကလက်အမှုန့်တို့ပါ ကပ်လိုက်လျှင် ရေခဲမုန့်လိုနေမည်ထင်၏။ သို့သော် ပါးစပ်ထဲတွင် ရေခဲမုန့်လိုတော့ ပွပွမွမွ ညက်ညက်ညောညောနေမည်မဟုတ်။
ခုမနက်ကောက်ခဲ့သည့်ကြက်ဥများထဲတွင် ကြက်ဥရေခဲသကြားကပ်လုပ်စားရန် အလောတော်အရွယ် ဥ ၂ လုံးပါလာ၏။ သို့သော် လုပ်မစားဖြစ်တော့။ အပြင်ထွက်စရာ ပေါ်လ၏။ ပျော်အောင်ထားပြီး နေ့လည်ကျမှ ကြော်စားမည်စိတ်ကူး၏။
မျိုးမြင့်ချို
ဖေဖော်ဝါရီ ၂၃၊ ၂၀၂၀

Friday, February 21, 2020

(ဒီမိုကရေစီနှင့် ဒီမိုကရေစီတော်လှန်ရေးများအပေါ် မာ့က်စ်ဝါဒအမြင်များ)

0 comments
(ဒီမိုကရေစီနှင့် ဒီမိုကရေစီတော်လှန်ရေးများအပေါ် မာ့က်စ်ဝါဒအမြင်များ)
ဗမာပြည်သည် ၁၈၂၄ ခုနှစ်မတိုင်မီက လွတ်လပ်သောပ‌ဒေသရာဇ်မြေရှင်စနစ်တိုင်းပြည် တပြညဖြစ်ခဲ့သည်။ ၁၈၈၅ ခုနှစ်နောက်ပိုင်းတွင်မူ ဗမာတပြည်လုံးသည် လုံးဝကိုလိုနီနိုင်ငံဘဝသို့ သက်ဆင်းခဲ့ရသည်။

ထိုကာလအတွင်း ဗမာပြည်သူများ၏အရေးတော်ပုံတွင် အဓိကတောင်းဆိုချက်မှာ သူ့ကျွန်ဘဝမှလွတ်ေမြာက်ရေး၊ တနည်းအားဖြင့် ကိုလိုနီစနစ်ဖျက်သိမ်းရေးပင် ဖြစ်သည်။
ထိုအရေးတော်ပုံကို ၁၉ ရာစုကုန်ခါနီးနှင့် ကုန်ပြီးနောက်နှစ်တချို့အတွင်း ပ‌ဒေသရာဇ်မင်းညီမင်းသားများက ဦးဆောင်ပြီးတိုက်ပွဲဝင်ခဲ့ကြသည်။ မအောင်ခဲ့။ ၁၉၂၀-၂၁ ခုတွင် အထွတ်အထိပ်သို့ရောက်လာသော အမျိုးသားရေးလှုပ်ရှားမှုကြီးကို အမျိုးသားဓနရှင်များက ဦးဆောင်ဆင်နွှဲခဲ့ကြြပန်သည်။ ဤသည်လည်း မအောင်မြင်ခဲ့။ ထို့နောက် ၁၉၃၁ ခုနှစ် ဆရာစံလယ်သမားအုံကြွမှုကြီး ပေါ်ပေါက်ခဲ့ပြပန်သည်။ ရှူံးနိမ့်သွားရသည်။ ပြီးတော့ ၁၃၀၀ အရေးတော်ပုံ၊ ဓနရှင်ပေါက်စများ၊ တော်လှန်သည့်ဒီမိုကရက်များ ဦးဆောင်ဆင်နွှဲခဲ့သည်။ အောင်မြင်မှုပန်းတိုင်မရောက်ခဲ့ချေ။
သမိုင်းဖြစ်ရပ်များက ပြည်သူတိုပဘဝလွတ်မြောက်ရေးအတွက် လူတန်းစားသစ်တရပ်က ဦးဆောင်ရန်လိုအပ်ကြောင်း တောင်းဆိုလာသည်။ သို့ဖြင့် ၁၉၃၉ ခုတွင် ဗမာပြည်ကွန်မြူနစ်ပါတီ ပေါ်ပေါက်လာခြင်းြဖစ်သည်။
ဒုတိယကမ္ဘာစစ်ပြီးဆုံးသည့်နောက်တွင်မူ ပြပည်သူလူထုကြီး၏ ကိုလိုနီစနစ်ဖျက်သိမ်းရေး၊ လုံးဝလွတ်လပ်ရေးတိုက်ပွဲမှာ အရှိန်အဟုန်ကြီးမြင့်လာခဲ့သည်။ ဖက်ဆစ်ဂျပန်တော်လှန်ရေးထဲတွင် ဆေးသားတင်ပြီး လူထုကြီး၏ အသိအမှတ်ပြုမှုကိုရရှိခဲ့သော ဗမာပြည်ကွန်မြူနစ်ပါတီ၏ အခန်းကဏ္ဍသည် ဤ လှုပ်ရှားမှုကြီးတလျှောက်လုံးတွင် ထင်ရှားခဲ့သည်။ အမြောက်တင်သဘ်ောဖြင့် ဝိုင်းပတ်ချိတ်ဆက်ခဲ့သော ကမ္ဘာအရပ်ရပ်ရှိ ကိုလိုနီသံကြိုးများ ဆွေးမြေ့နေလေပြီ။ မုချပင် ပြတ်တောက်ရတော့မည်။
ဗမာပြည်တွင်လည်း အင်ဂလိပ်နယ်ချဲ့သမားအနေဖြင့် ဤကံကြမ္မာကို ဘ,်သို့ရှောင်လွှဲနိုင်ပါမည်နည်း။ ဤတွင် နယ်ချဲ့သမားများသည် ကိုလိနီပြုထားသောနိုင်ငံများအား ရေရှည်သွေးစုပ်သွားနိုင်ရေး၊ ကမ္ဘာ့အရင်းရှင်စနစ်ကြီး၏ အခြေခံအုတ်မြစ်များ မယိမ်းယိုင်စေရေးတို့အတွက် နည်းလမ်းရှာရတော့သည်။ သူတို့သည် သူတို့၏အကျိုးစီးပွားများကို ကာကွယ်ထိန်းသိမ်းပေးနိုင်မည့်လူများကို ရှာဖွေစေ့စပ်ကာ ၎င်းတို့လက်ထဲသို့ လွတ်လပ်ရေးဆိုသည့် နိုင်ငံရေးအာဏာကို လွှဲပေးလိုက်ကြသည်။
သို့ဖြင့် ဗမာပြည်သည် ကိုလိုနီနိုင်ငံအဖြစ်မှ ကိုလိုနီတပိုင်းနိုင်ငံအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ ထို့အပြင် ဗမာပြည်လူဦးရေအများစုမှာ ကြွင်းကျန်နေသေးသော ပဒေသရာဖ်မြေရှင်စနစ်၏ သွေးစုပ်မှုကိုလည်း ခံနေရသေးသည်။ လယ်ယာထုတ်လုပ်မှုအဓိကဖြစ်နေသောနိုင်ငံတခုအဖို့ ဤသွေးစုပ်မှုကို လျှော့တွက်၍မရ။
ထို့‌ကြောင့် ဗမာပြည်လူ့အဖွဲ့အစည်းသည် လက္ခဏာအရ ကိုလိုနီတပိုင်း။ ပဒေသရာဇ်တပိုင်းနိုင်ငံအဇဖစ်သို့ ပြောင်းလဲလာတော့သည်။ သို့ဆိုပါက အဂ်လိပ်နယ်ချဲ့သမားနှင့်စေ့စပ်ပြီး(လွတ်လပ်ရေး)ရယူခဲ့ကြသော ဗမာပြည်ဓနရှင်လူတန်းစားသည် နယ်ချဲ့စနစ်။ ပဒေသရာဇ်စနစ်ကို ကုန်စင်အောင် တိုက်ခိုက်နိုင်ခဲ့ပါသလော။
ဤတွင် သတိမူသင့်သည်မှာ မေလ ၄ ရက်နေ့ အရေးတော်ပုံဆောင်းပါးထဲတွင် မော်စီတုန်းရေးခဲ့သလို ပြည်ပနယ်ချဲ့အင်အားစုများနှင့် ပြည်တွင်းပဒေသရာဇ်အင်အားစုတို့ကို အခြေခံအားဖြင့်တွန်းလှန်ပစ်ပြီး အမှီအခိုကင်းသည့် ဒီမိုကရေစီနိုင်ငံတော်ကို တည်ထောင်နိုင်မှသာလျှင် ဓနရှင်ဒီမိုကရေစီတော်လှန်ရေးအောင်မြင်သည်ဟု ဆိုနိုင်ပေလိမ့်မည်။
(ဒီမိုကရေစီနှင့် ဒီမိုကရေစီတော်လှန်ရေးများအပေါ် မာ့က်စ်ဝါဒအမြင်များ....မှ ကောက်နှုတ်၍ စာရိုက်တင်ခြင်းဖြစ်ပါသည်။ တွေးစရာအစာ Food for Thoughts ဖြစ်သည်ဆိုလျှင် မဆိုးပါ)
မျိုးမြင့်ချို
ဖေဖော်ဝါရီ ၁၆၊ ၂၀၂၀

(ယူနီကုဒ်ခြင်း)

0 comments
(ယူနီကုဒ်ခြင်း)
ကျနော် သင်းတို့ဟာသင်းတို့ ယူနီပဲကုဒ်ကုဒ် ကူလီပဲလုပ်လုပ်ငါကတော့ ဇော်ဂျီနဲ့ခရီးသွားနေဦးမှာလို့ လို့ ပြောခဲ့ဖူးပါတယ်။ မှတ်မိသူတွေ မှတ်မိကြလိမ့်ဦးမှာပါ။ ခု ကျနော် ယူနီကုဒ်စနစ်ဖောင့်တွေ ပြောင်းသုံးနေပါပြီ။ သုံးရတာက လွယ်ကူတာမကူအဓိက ဖြစ်တာကြောင့်တော့(ခုထိ) မဟုတ်သေးပါ။ ကျနော့်အတွက် ယူနီကုဒ်စနစ်နဲ့စာရိုက်ရတာ (ခုထိ)ဇော်ဂျီနဲ့ရိုက်သလောက် အဆင်မ‌ပြေသေး လက်မသွက်သေး ပုံကျပန်းကျမရှိသေးပါ။ ဒါပေမဲ့ ကျနော် ကြိုးစားပမ်းစား စာရိုက်လေ့ကျင့်နေပါတယ်။ လက်ကွက်တွေ အသေမှတ်နေပါတယ်။ လက်ဆယ်ချောင်း ရှိသူတွေတောင် မနည်းလုပ်ယူရတာဆိုတော့ ကျနော့်လက်ဆစ်ငါးဆစ် မပြည့်တတ်ပြည့်တတ်နဲ့လူ ပိုလုံ့လစိုက်ရပါတယ်။ သိတ်တော့ မသက်သာပါ။ ဒါပေမဲ့ အားမလျှော့ပါ။ စိတ်ဓာတ်လည်းမကျပါ။ တနေ့မှာ တကယ့်ကို ကျင်ကျင်လည်လည် သက်သက်သာသာနဲ့ ဇော်ဂျီရိုက်သလောက် မြန်မြန်သွက်သွက် အမှားအယွင်းနည်းနည်းနဲ့တော့ ရိုက်နိုင်သွားမှာပဲလို့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်ပါတယ်။

ယူနီကုဒ်ပြောင်းသုံးရတာက စနစ်နဲ့အတူလိုက်ပါနိုင်ရေးလည်းပါသလို ကျနော့် အတွေးအရေးတွေ ပြန့်နှံ့ရေးအတွက်ပါ။ ကျနော့်စာတွေကို မကြိုက်သူ ကြိုက်သူတွေနဲ့လည်း အဆက်မပြတ်ချင်လို့ပါ။ နောက်ပြီး ယူနီကုဒ်စနစ်ရှိသွားပြီဆိုတော့ ရှေ့လျှောက်က အတည်ဖြစ်ပြီး တွင်လည်းတွင်ကျယ်သွားတော့မှာဆိုတော့ ကျနော်ချန်နေခဲ့ရင် ကျနော်ကျန်ခဲ့မှာ မကျန်ခဲ့မှာကိုလည်း ထည့်တွက်မိတာပါပါတယ်။ ဇော်ဂျီသုံးနေတဲ့ပရိတ်သတ် ယူနီကုဒ်စံနစ်ထဲကပရိတ်သတ် ၂ ခုကိုလည်း ကျနော်ချိန်ဆပါတယ်။
နောက်တချက်က ကွန်ပြူတာတွေမှာ ဇော်ဂျီ ယူနီကုဒ် ၂ မျိုး မြင်ရအောင်လုပ်ရမခက်ပေမယ့် တယ်လီဖုန်းတွေကျ ပြဿနာရှိတယ်လို့ဆိုပါတယ်။ ဗမာပြည်မှာက အင်တာနက်ကို တယ်လီဖုန်းနဲ့သုံးသူက ပိုများတယ်လို့သိရပြီး ယူနီကုဒ်စနစ်က ပိုတွင်ကျယ်တယ်လို့ဆိုပါတယ်။ ကျနော်က တယ်လီဖုန်းနဲ့ အင်တာနက် သုံးခဲပေမယ့် ကျနော့်မိတ်ဆွေအများစုက တယ်လီဖုန်း သုံးကြတယ်ဆိုပါတယ်။ သုံးရပြုရ သယ်ရယူရလွယ်ကူတာကြေင့် ဖြစ်မယ်ထင်ပါတယ်။
ဘာပဲဖြစ်ဖြစ်ပါ။ ကျနော် ယူနီကုဒ်စာရိုက်စနစ်ကိုသုံးနေပါပြီ။ ဝင်းဘားမီးစ်တွေ ဇော်ဂျီတွေကျေးဇူးနဲ့ ကျနော့်စာတွေလည်း ယူနီကုဒ်နဲ့ ပြန်သိမ်းဖို့ဆည်းဖို့ အချိန်ယူလုပ်ရဦးမှာပါ။ ကရိကထများမှာမှန်ပေမယ့် လုပ်တော့လုပ်ရမှာပါ။
ပြန်ချုပ်ရရင် ကျနော် ယူနီကုဒ်နဲ့စာရိုက်စနစ်ကို ပြောင်းပါပြီ။ အခားအကြောင်းတွေရှိပေမယ့် အဓိက က မိတ်ဆွေတွေ ရန်သူတွေနဲ့ အဆက်မပြတ်ဖို့ပါ။ အခက်အခဲတွေရှိပါတယ်။ ကျော်နင်းသွားနိုင်ဖို့ လုံ့လစိုက်နေပါတယ်။
ဖေဖော်ဝါရီ ၁၇၊ ၂၀၂၀

(We stand က ရွေးကောက်ပွဲအထိ ဆက် with မယ့်သဘောလား)

0 comments
(We stand က ရွေးကောက်ပွဲအထိ ဆက် with မယ့်သဘောလား)
ဒုတိယအကြိမ် ထောင်ကလွတ်တော့ လူမြင်ကွင်းတိုင်းမှာ တို့တာဝန်အရေးသုံးပါးတို့ ဘယ်သူခွဲခွဲ တို့မကွဲ အမြဲစည်းလုံးမည်တို့။ တပ်မတော်သာအမိ တပ်မတော်သာအဖတို့။ ပြည်တွင်းရေးကို ဝင်ရောက်နှောင့်ယှက်နေကြသော ပြည်တွင်းပြည်ပ အဖျက်သမားဟူသမျှ ဆန့်ကျင်ကြ၊ တပ်မ‌တော်ဖြိုခွဲသူ တို့ရန်သူတို့ စတဲ့ ဒီမိုကရေစီအင်အားစုတွေကို အတိအလင်းစစ်ကြေညာတဲ့ ဆိုင်းဘုတ်ကြီးတွေ ထိုးထိုးထောင်ထောင် တွေ့ရပါတယ်။ စိတ်ထဲ အတော်လည်း မခံချင်ဖြစ်မိသလို အံတကြိတ်ကြိတ် တက်တခေါက်ခေါက်လည်း နေရပါတယ်။ အဲ့ဒီတုန်းက ဖွဲ့စည်းပုံ မရှိပါ။ ရွေးကောက်ပွဲမရှိပါ။ လွှတ်တော်မရှိပါ။ လက်ဝေခံအစိုးရမရှိပါ။ မဲဆွယ်ပွဲတွေ မရှိပါ။

ခု ၂၀၂၀ ရွေးကောက်ပွဲ နီးပါပြီ။ ဖွတ်မြီးနဲ့ဖွတ်ချည်ဆိုသလိုပဲ နိုင်ငံရေးရာထူး လက်ကိုင်ရှိပေမယ့် မဲဆွယ်ခွင့်ကရှိထားတော့ သမ္မတကအစ မဲဆွယ်ကြပါလိမ့်မယ်။ မစားရတဲ့အမဲ သဲနဲ့ပက်သူလည်း ပက်ပါလိမ့်မယ်။ ချိုသွေး တမြမြတွေလည်း ရှိပါလိမ့်မယ်။ မိုးကောင်းတုန်း ရွာနှင့်ဦးပေါ့ဆိုသူလည်း ဆိုပါလိမ့်မယ်။ စပျစ်သီးချဥ်သူလည်း ချဥ်ပါလိမ့်မယ်။ ဘယ်လိုပဲ ဖြစ်ဖြစ်ပါ ကျနော် ကြိုက်တာမကြိုက်တာ လက်ခံတာ မခံတာကတပိုင်းပါ။ ရွေးကောက်ပွဲကတော့ ဖြစ်သွားမှာပါ။ သွေးထွက်သံယိုတွေ မသမာမှုတွေသာ မဖြစ်စေ့ချင်တာပါ။ သွေးဆူအောင်ဆွပေး သွေးချောင်းတွေစီးပြီး တကယ်နာတော့ ပြည်သူပါ။ လစ်ဘရယ်လ်တွေကတော့ ဖုတ်ဖက်ခါထသွားမှာပါ။
မဲဆွယ်တာမှာ တဘက်ကို မပုတ်ခတ်ဘဲ ငယ်ကျိုးငယ်နာမဖော်ပဲ အောက်လုံးမထိုးဘဲ ငါ့အိုးပုပ်ပြန်မတောင်းဘဲ စင်စင်ကြယ်ကြယ်နဲ့ သန့်သန့်ပြန့်ပြန့်ဖြစ်ဖို့ဆိုတာ ခဲယဥ်းလှပါတယ်။ ထုံးစံအတိုင်း နိုင်သူက တရားမျှတတယ်ပြောပြီး ရှူံးသူက မမျှတဘူး မသမာဘူးတွေကတော့ ဘဝဂ်ညံအောင်ပြောသံကြားရမှာမို့ တယ်ပြီးဆန်းမယ်မထင်ပါ။
ဒေါ်အောင်ဆန်းစုကြည် ICJ ရုံးချိန်းသွားပြီး အမှုရင်ဆိုင်ရချိန်ကထောင်ခဲ့တဲ့ We stand with DASSK ဆိုင်းဘုတ်ကြီးတွေ ခုထိ ပြူးတူးပြဲတဲ တွေ့နေရပါတယ်။ မသိရင် ကလန်သလိုလိုနဲ့ အဲ့ဒီဆိုင်းဘုတ်ကြီးတွေ ရွေးကောက်ပွဲအထိဆက်မြဲဖို့ ဘီလ်ဘုတ်တွေထောင်သလို အခွန်ဆောင်လိုက်ဖို့ သူခိုးလမ်းပြလုပ်သူတွေ မနည်းပါ။ သဘောက We Stand ကို ရွေးကောက်ပွဲအထိ ဆက် with ကြဖို့ပါ။ မုံရွာအောင်ရှင်လည်း မျက်နှာပြောင်တိုက်ပြီး အိုးရွဲ့ကိုစလောင်းရွဲ့နဲ့ဖုံးပါတယ်။ သူတို့တောင်လုပ်ခဲ့သေးတာပဲဆိုတဲ့ အချိုး ဗြောင်ကျကျ ချိုးတာပါ။ သူ့‌ပြောပေါက်က ဟိုဘက်ခေတ် ဆိုင်းဘုတ်ကြီးတွေကိုတောင် မသတီစိတ်နဲ့ ပြန်အမှတ်ရမိစရာပါ။
မလုပ်ကောင်းဘူး လုပ်ကောင်းတယ်မတွေးပဲ နိုင်ငံရေးသီလသမာဓိတွေ ထည့်မတွက်ပဲ နိုင်ရင်မှန်လို့ The End Justified The Means ဆိုတဲ့ မက္ခယာဗယ်လီကျင့် မက္ခယာဗယ်လီကြံ ကြံတာဆိုရင်တော့ နိုင်ဦးတောင် အစက်အဆုပ် အရှုတ်အချခံရမှာပါ။ ကွယ်ရာမှာ ဆိုင်းဘုတ် တံတွေးထွေးခံရမှာပါ။
နိုင်ငံရေးမှာ ခြွင်းချက်မရှိ ဝိသုဒ္ဓိဖြစ်ရမယ်လို့ဘယ်သူမှ မတောင်းဆိုပေမယ့် မဖြစ်ရင်တော့ နည်းနည်းလေးတောင် မကောင်းပါ။
မျိုးမြင့်ချို
ဖေဖော်ဝါရီ ၁၈၊ ၂၀၂၀

(သိပ္ပံမောင်ဝ ခုလိုဆုံးပါးပါတယ်)

0 comments
(သိပ္ပံမောင်ဝ ခုလိုဆုံးပါးပါတယ်)
၈ လပိုင်း ၇ ရက် ၁၉၄၂ ခုနှစ်ထုတ်မြန်မာ့အလင်းသတင်းစာတွင် သိပ္ပံမောင်ဝကွယ်လွန်ကြောင်း အောက်ပါအတိုင်းပါရှိပါသည်။
ဦးစိန်တင်(သိပ္ပံမောင်ဝ)နှင့် ဦးဘသန်း ဓားပြလူဆိုးများလက်ချက်ဖြင့် သေဆုံးနေပုံ(ကျွန်ုပ်တို့ အထူးသတင်းထောက်ထံမှ) အိုင်စီအက်စ်ဦးစိန်တင်နှင့် ကန့်ဘလူနယ်ပိုင်ဝန်ထောက်ဟောင်းဦးဘသန်း(နှုတ်ခမ်းမွှေးဦးဘသန်းမဟုတ်) ၎င်း၏ဇနီးပါ ဓားပြများက သေနတ်ဖြင့်ပစ်သတ်ပြီးသွားသည့်သတင်းကို ကျွန်ုပ်တို့သတင်းစာတွင် ဖော်ပြခဲ့ပြီးဖြစ်‌ကြောင်း။

သတင်းအကျယ်မှာ ဦးစိန်တင်အား အိန္ဒိယသို့ခေါ်ရန် အထူးမီးရထားဖြင့် ရွှေဘိုမြို့မှ မြစ်ကြီးနားမြို့သို့ခေါ်ဆောင်သွားရာ မြစ်ကြီးနားမရောက်မီ ကန့်ဘလူဘူတာသို့ရောက်သောအခါ ဉးစိန်တင်မိသားစု စီးလာသောရထားတွဲကို ဖြတ်ထားခဲ့၍ ကန့်ဘလူတွင် သောင်တင်ကျန်ရစ်ခဲ့သည် ဆိုကြောင်း။
ကန့်ဘလူတွင် ဦးစိန်တင်နှင့် နယ်ပိုင်ဝန်ထောင်ဟောင် ဦးဘသန်းတို့တွေ့ကြ၍ နေရေးထိုင်ရေးကိုတိုင်ပင်ကြပြီး အခြားသစ်တောအရာရှိများနှင့် ပူးပေါင်းကြလျှက် ကန့်ဘလူအရှေ့ (၁၀) မိုင်အကွာ ဂါးတာဆည်ကြီးရွာဗိုလ်တဲ၌ နေထိုင်ကြသည်ဆိုကြောင်း။
ဦးစိန်တင်တို့လူတစုနှင့် သစ်တောဌာနဘက်တွင်လုပ်သောအရာရှိ ဦးခန့်တို့အား တရားဘက်နှင့်သစ်တောဘက်ကိုခွဲခြားပြီး လူစီတန်း ရပ်ခိုင်းပြီးနောက် ဦးစိန်တင်နှင့်ဦးဘသန်းတို့အား ဗိုလ်တဲအပြင်ဘက်သို့ပြေးခိုင်းပြီး ဦးဘသန်းအား နောက်မှနေပြီး လူဆိုးတ‌စ်ယောက်က သေနတ်ဖြင့်ပစ်ကြောင်း။ ဦးစိန်တင်မှာလည်း သားကလေးကိုလက်ဆွဲလျှက်ပြေးရာ ဗိုလ်တဲ့အပြင်ဘက်ကျမှ ၎င်း၏ဇနီးအော်သံကိုကြားသဖြင့် ဗိုလ်တဲအတွင်းသို့ပြန်ဝင်လာရာ လူဆိုးတစ်ယောက်က သေနတ်ဖြင့်ပစ်လိုက်သဖြင့် ဦးစိန်တင်မှာလည်း သေနတ်ဒဏ်ရာဖြင့် သေဆုံး သွားကြောင်း။ ဓားပြဗိုလ်ကလည်း အရေးပိုင်ကိုမပစ်ရန် အော်ပြောသော်ငြားလည်း ဓားပြတစ်‌ယာက်၏သေနတ်လက်ချက်က ဦးသွားသည်ဆိုကြောင်း။
ထိုသို့အခြင်းအရာများဖြစ်ပွားပြီးနောက် ဓားပြဗိုလ်သက်ထွန်းက သစ်တောအရာရှိ ဦးကောဝိန်အား ခင်ဗျားနေရပ်ပြန်ရန် ရော့ ငွေ ၁၀၀ ယူဆိုပြီး ငွေစက္ကူများပေးအပ်ပြီး ပစ္စည်းများကိုလှည်းဖြင့်တင်ဆောင်ပြီး ထွက်သွားကြသည်ဆိုကြောင်း။ ဓားပြပေးထားခဲ့သောငွေစက္ကူများကိ ရေတွက်ကြည့်ရာ ငွေ(၂၉၀) ဖြစ်နေသည်ကိုတွေ့ရှိရသည်ဆိုကြောင်း။
ဓားပြလူဆိုးများသည် ဦးစိန်တင်နှင့်ဦးဘသန်းတို့အား ပစ်သတ်ပြီးနောက် ရွှေငွေ ပစ္စည်း(၃)သိန်းကျော်ဖိုးကို လှည်း ၂၁ စီးဖြင့်တိုက်ပြီး ယူသွားကြကြောင်း။ ဦးစိန်တင် ဓားပြလူဆိုးတို့၏လက်ချက်ဖြင့် သေဆုံးခြင်းခံရကြောင်းကို ကြားသိရသည်နှင့်တပြိုင်နက် မိတ်ဆွေ သင်္ဂဟအပေါင်းတို့ သွားရောက်ကြပြီး ၎င်းတို့အလောင်းများကို ကိစ္စပြီးအောင် ဝိုင်းဝန်းကူညီလျှက် ဆောင်ရွက်ပေးကြကြောင်း။
ဦးစိန်တင်၏ဇနီးသည်အား သစ်တောဝန်ထောက် ဦးကံတရားက သွားရောက်ပြီး ကန့်ဘလူသို့ပြောင်းရွှေ့နေထိုင်ရန်ခေါ်သော်လည်း ကန့်ဘလူမြို့တော့ဖြင့် မလိုက်ပါရစေနှင့်တော့၊ ရန်ကုန်သို့သာပြန်ချင်ကြောင်းကို သနားစဖွယ်ပြောကြားလိုက်ကြောင်း။ ထိုကဲ့သို့ အရာရှိများကိုသတ်ပြီး ပစ္စည်းများကိုတိုက်ယူသွားသော ဓားပြဗိုလ်သက်ထွန်းတို့တစ်သင်းအား ဖမ်းဆီးရမိအောင် ဦးထွန်းလှအောင်နှင့် ဦးခင်ဖေတို့ ကြိုးစားရှာဖွေနေကြကြောင်း။ (ဒါက သတင်းမူရင်းသတ်ပုံအတိုင်း ကျနော်က စာပြန်ရိုက်တင်ပေးတာတာပါ။ သိပ္ပံ‌မောင်ဝ ဓားပြသတ်လို့သေတယ်ဆိုတာသာ အသိများကြပေမယ့် ဘယ်လိုဖြစ်ခဲ့တယ်ဆိုတဲ့အသေးစိတ်တော့ သိတ်မသိကြဘူးထင်ပါတယ်။ အသတ်ခံရချိန်မှာ ဦးစိန်တင်ခေါ် သိပ္ပံမောင်ဝမှာ အသက် (၄၃)နှစ်သာရှိပါသေးတယ်။ ကိုလိုနီယန္တယားကြီးထဲက ပင်နယံလေးတခုအနေနဲ့ အကျင့်စာရိတ္တနဲ့စပ်လို့ ဘာပြောသံဆိုသံမှ မကြားရသလို(ဒါကလည်း ကျနော် မကြားမိတာကိုပြောတာပါ) စာသမားတယောက်အဖြစ်လည်း ထင်ထင်ရှားရှား အသိအမှတ်ပြုခံရသူပါ။ နိုင်ငံရေးအရ လူတန်းစားရပ်တည်ချက်တွေအရတော့ အလွန်လူပြောသူပြောခံရသူပါ။ အဲ့ဒီအချိန်က ဓားပြဆိုသူတွေဟာ ထွက်ပြေးသွားတဲ့ အင်္ဂလိပ်လက်ကျန်သေနတ်တွေရပြီး လူစုမိကြတာဖြစ်ပါတယ်။ တိုင်းပြည်ပျက်နေချိန်ပါ။ ဒီ ဓားပြတွေဟာ ဓားပြဆိုပေမယ့် ကိုလိုနီစနစ်ဆန့်ကျင်ရေး မျိုးချစ်စိတ်အခံရှိကြသူတွေ တစုံတရာနယ်ချဲ့ဆန့်ကျင်ရေးလက္ခဏာ ရှိကြသူတွေဖြစ်ပြီး ခုလိုတိုက်ရာပါပစ္စည်းတွေကို ဆင်းရဲသားတွေကို ဝေငှတာမျိုး၊ မိမိတို့နယ်ကို စောင့်ရှောက်တာတွေရှိ‌ကြောင်းဖတ်ဖူးသလို လူကြီးတွေပြန်ပြောပြတာလည်း ကြားဖူးပါတယ်။ ဆရာမြသန်းတင့် ရှင်မတောင်ခင်မောင်ဂိုဏ်းအကြောင်းရေးဖူးပါတယ်။ ချင့်ချိန်နိုင်ဖို့ပါ။
မျိုးမြင့်ချို
ဖေဖော်ဝါရီ ၁၈၊ ၂၀၂၀

(မှားရင် ပြင်ပေးကြပါ)

0 comments
(မှားရင် ပြင်ပေးကြပါ)
ကျနော် အရင်တုန်းက စာဖတ်ရင် ဘေးမှာ စာရွက်ဘောပင်န်ချထားပြီး ကိုယ်ကြိုက်တဲ့စကားလုံးလေးတွေ အသုံးအနှုန်းလေးတွေတွေ့ရင် ကောက်ရေးပြီး မှတ်လေ့ရှိပါတယ်။ ခုတော့ အဲ့အကျင့်ပျက်နေတာ ကြာပါပြီ။ ကြာတော့ ဘာဖြစ်သလဲဆိုတော့ ကျနော်ရေးတဲ့စာတွေမှာ စကားတွေထပ်လာသလို ‌ဝေါဟာရအသစ်နဲ့ စကားလုံးအဆန်းလေးတွေ ပါးလျားလာတယ်လို့ ကိုယ့်ဘာသာခံစားမိပါတယ်။

နောက်တချက်က စကားပုံတွေပါ။ စာတပုဒ်မှာ စကားပုံပါမှမဟုတ်ပေမယ့် ပါလိုက်တဲ့စကားပုံ‌ကြောင့် စာတပုဒ်လုံး ဟုတ်သွားတာလည်းရှိပါတယ်။ တော်၏တန်၏သိတ်မတွေးဘဲ စကားပုံတွေ နင်းကန်သုံးလိုက်မိလို့ စာခြေစာလက် ယိုင်ရွဲ့သွားတာမျိုးလည်း ရှိတတ်ပါတယ်။ ဘာပဲဖြစ်ဖြစ် စကားပုံတခုကို သူ့နေရာနဲ့သူ နေရာကျအောင်သုံးလိုက်နိုင်တာဟာ တခါတလေမှာ စာတပိုဒ်ရေးလိုက်တာထက် တာသွားတာလည်းရှိပါတယ်။
နောက်တခုက ပါဠိစကားလုံးတွေပါ။ မြန်မာစာ မြန်မာစကား ဘာတွေဘယ်လိုပြောပြော မြန်မာစာဟာ ပါဠိနဲ့ သက္ကတ စင်လို့ကိုမရပါဘူး။ အိန္ဒိယအလယ်ပိုင်းဒေသ အရိပ်အ‌ငွေ့နဲ့ ဗုဒ္ဓစာပေတွေရဲ့ဩဇာရိပ်က ကင်းလို့မရပါဘူး။ ဆိုတော့ ဦးမြတ်ကျော်(မြန်မာစာအဖွဲ့ဝင်)ပြုစုတဲ့ မြန်မာစာ မြန်မာမှု ပါဠိအဘိဓာန်သစ် လို စာအုပ်မျိုးလည်း လက်နားနီးနီးထားရပါတယ်။
ကျနော်က မြန်မာစာတတ်ပွန်ကျင်လည်သူ ဖြစ်ချင်တာမဟုတ်ပါ။ ဖြစ်ဖို့စိတ်ကူးလည်း မရှိသလို ဖြစ်လည်းဖြစ်နိုင်တဲ့အရည်အချင်းမရှိပါ။ စာကို လူအများစု ဖတ်လွယ်အောင်ရေးတတ်ချင်ပြီး ကိုယ်ပေးချင်တဲ့ အရသာတခုခုကို ဖတ်သူတွေစိတ်ထဲ ရောက်လွယ်အောင် ပို့ချင်ရုံလောက်ပါ။
ဒါ့ကြောင့် သတ်ပုံသတ်ညွှန်းတွေ စာလုံးပေါင်းတွေလည်း တတ်နိုင်သလောက် သတိထားပါတယ်။ စာ စင်အောင်တော့ လုပ်ပါတယ်။ လုပ်တဲ့ကြားက မှားတာတွေလည်း ရှိပါတယ်။ ကျနော့်စာမှာ စာလုံးပေါင်းတွေ သတ်ပုံသတ်ညွှန်းတွေ မှားနေတာမြင်ရင် ပြုပြင်ပေးကြပါ ထောက်ပြပြောပြပေးကြပါဗျ။
ဇော်ဂျီကနေ ယူနီကုဒ်စနစ်ဖေါင့်တွေပြောင်းသုံးတာမို့ လက်မသွက်သေးတာ လက်ကွက်တွေ ကျကျနန မကျက်မိသေးတာ မှားမှက်ရိုက်မိတာတွေလည်း သည်းခံခွင့်လွှတ်ဖတ်ပေးကြပါ။ ကျနော် လောကြီးပြီး တင်ပြီးမှတွေ့လို့ ပြန်ပြင်ရတာတွေလည်း မနည်းပါ။
ခုတော့ စာဖတ်ရင် အနားမှာ ဘောပင်န်နဲ့စာအုပ် ပြန်ဆောင်ရပါတော့မယ်။ စကားပုံတွေ ပြန်စုဆောင်းရပါဦးမယ်။ ပါဠိနဲ့ ပါဠိသက်တွေ ပါဠိပျက်တွေလည်း ပြန်လေ့လာရပါဦးမယ်။
ဇနီးကတော့ နင်စာရေးတာ တပြားမှသာမရတာ အားတော့ အတော်စိုက်ရသားနော်လို့ ခနဲ့တဲ့တဲ့ အားပေးရှာပါတယ်။
မျိုးမြင့်ချို
ဖေဖော်ဝါရီ ၁၉၊ ၂၀၂၀

(စပရင်းရိုးလ်)

0 comments
(စပရင်းရိုးလ်)
Spring Roll လုပ်စားရအောင်ဆိုကာ ဇနီးသည် ဗမာကုန်စုံဆိုင်မှ အသီးအရွက်များ ဝယ်လာပါသည်။ ကျနော်က စားသာစား၍လုပ်လည်း မလုပ်တတ်၊ လုပ်လည်းမလုပ်နိုင်။ သူလုပ်နေတာ ဘေးကထိုင်ကြည့်ရင်း မင်းလိုတဲ့အခါပြောလေ ငါလုပ်ပေးနိုင်တာရှိလုပ်ပေးပါ့မယ်ဟု လေပြေထိုးတော့ ကိုယ့်ဘာသာသွားထိုင် စာဖတ်နေ ငါ့ဘာသာ ကြည့်လုပ်လိုက်မယ်ဆို၏။ အမှန်က သူလည်း ဒီလောက် လုပ်တတ်တာမဟုတ်။ တခါမှလည်း အိမ်မှာလုပ်စားဖူးသည်မရှိ။ ညီမအိမ်သွားရင်း တခေါက်သား Spring Roll နှင့်တည့်တည့်တိုးသဖြင့် သူရောကျနော်ပါ တနင့်တပိုးစားခဲ့ကြ၏။ စားပြီးတော့ သူက မပြီး။ လုပ်နည်းမေးကာ အိမ်မှာလုပ်စားရအောင်ပြော၏။ ဤသို့ အကြောင်းက အိမ်မှာလုပ်စားရန်ဖန်လာ၏။

သူ လှီးချွတ်နေတုန်းကျနော်က ကြက်ကလေးတွေ အစာထွက်ကျွေးပြီးပြန်အဝင် အပြင်မှာအေးလိုက်တာကွာ ရေခဲမှတ်အောက် ဘယ်လောက်တောင် ကျနေလဲမသိဘူးဟုပြောတော့ သူ့ဆီက ကျွတ်ကျွတ် ကျွတ်ကျွတ်နှင့် စုပ်သပ်သံထွက်လာ၏။ ဓားထိပြီမဟုတ်လားဆိုတော့ အင်းတခွန်းပြောပြီး လက်ကို ရေပိုက်ခေါင်းအောင်ထိုးထည့်ကာ ရေဆေး၏။ သွေးညှစ်ချ၏။ ပြီးတော့ ခြောက်အောင်သုတ် အရက်ပျံပွတ်ကာ ဆေးပလာစတာကပ်၏။ ကျနော်က ထားလိုက်တော့ နင့် စပရင်းရိုးလ်၊ နောက်မှလုပ်စားလည်းစား၊ မစားလည်း ငါ့ညီမကိုပေးလိုက်မယ်၊ သူလုပ်ပေးတော့ စားတာပေါ့လေဟုဆိုတော့ လက်ကိုအသာခါရင်း ရတယ် နည်းနည်းလေးရှပ်ထိသွားတာ ဘာမှမဖြစ်ဘူး လုပ်မယ်ဟုဆိုကာ ဆက်လုပ်၏။ ကျနော်လည်း လက်နားနီးရာစာတအုပ်နှင့် ဧည့်ခန်းတွင်ထိုင်၏။ မီးဖိုချောင်က တတောက်တောက် တတက်တက် လှီးသံချွတ်သံ၊ တချက်တချက် ခွေးလေးတွေ၏ ဟောင်သံ တဝုတ်ဝုတ်၊ တင်းဆင်းကြက်မကြီး၏ ကတော်သံ တတော်တော်မှတပါး အိမ်လုံးဆိတ်ညံလျှက်။

ရပြီ နင် မြည်းစမ်းကြည့်မလား လာခဲ့လေဆိုဖြင့် မီးဖိုချောင်သွားတော့ Counter Top ပေါ်က ပန်းကန်ပြားအပက်ကြီးထဲတွင် လိပ်ပြီးသား စရင်းရိုး ၂ ခု နှင့် တို့စားရန်အချဥ်ရည်တခွက်ချထားတာ မြင်၏။ စားကြည့်လေ အလိပ်တော့ကြီးတယ်ဟုပြောရင်း တ‌ယောက်တလိပ်စီယူကြ၏၊ သူ့ အလိပ်တွေက ကြီးရုံမက လိပ်ထားတာကလည်း တင်းတင်းရင်းရင်းမရှိ၊ ပွယောင်းယောင်း၊ ကျနော့်ညီမလုပ်သည့် အလိပ်တွေနှင့် တခြားစီပင်၊ ပြောလိုက်လျှင် စိတ်မကောင်းဖြစ်သွားမလားတွေးပြီး ဘာမှမပြောပဲ အလိပ်ကို အချဥ်ရည်နှင့်တို့ပြီး တကိုက်စာ ကိုက်ချလိုက်၏။ အထဲကအစာတွေက ရှေ့သွားတွေနှင့်တင် မပြတ်၊ တင်းခံနေ၏။ ပါးစောင်အထိ ထိုးသိပ်ကာ အံသွားဖြင့် ကိုက်ပြီးကြိတ်ဖြတ်လိုက်တော့မှ မသပ်မရပ်တွေနှင့် အလိပ်လည်းပြတ်၏၊ အထဲက အဆာပလာတချို့လည်း ဘေးထွက်ကြကုန်၏။

ငါ အဆာတွေလှီးတာ ကြီးပြီး ရှည်လည်းရှည်သွားတယ်၊ ပြီးတော့ အလိပ်လည်း ကြီးသွားတယ်၊ ကျစ်လည်း မကျစ်ဘူးနော်ဟုပြောရင်း သူ့ဘာသာ သဘောကျသလို တဟီးဟီးရယ်တော့ ကျနော် ကျွဲမြီးတို၏။ နင်က ရယ်နေ ငါ့ကြည့်ပါဦး၊ ဒီမှာ အကုန်ပွတကုန်ပြီဆိုမှ အရယ်ရပ်ပြီး ဆောရီးဆောရီးနှင့် အောက်ကျတာတွေ လိုက်ကောက်၏။ အရသာက ကောင်း၏။ အဆာတွေကလည်း လတ်ဆတ်တော့ ကျိုးကျိုးကြွပ်ကြွပ် နေ၏။ အချဥ်ရည် စပ်ထားတာလည်း မဆိုး။ ဗိုက်ဆာဆာနှင့် နောက်တလိပ် လိပ်ခိုင်းပြီး ထပ်စားလိုက်၏။ သည်အလိပ်လည်း အလိပ်ကြီးပင်။

Spring Roll ကို ဘယ်အချိန် ဘယ်သူကစပြီးတည်ထွင်စားသောက်ခဲ့မှန်း ကျနော်မသိသော်လည်း ကြိုက်တော့ ကြိုက်၏။ အမှန်ဆိုရလျှင် စပရင်းရိုးလ်ဆိုသည်ကို ဒီ‌ရောက်မှ ကြားလည်းကြားဖူးသလို စားလည်းစားဖူးတာဖြစ်၏။ စ ပရင်းရိုးလ်ကိုလိပ်သော ဂျုံသား အကြည်နုနုပါးပါးလွှာလွှာမှာ မသိလျှင် ပလက်စတစ်အပျော့လိုလို ရာဘာအကြည်သားပါးပါးလွှာလွှာလို ခတ်တုန်တုန် ခတ်ပျော့ပျော့လေးနှင့် စေးစေးကပ်ကပ်လေးနေ၏။ အလိပ်အရွယ်အစားလိုက် လိပ်ဖက်အကြီးအသေးကွာ၏။ ထို လိပ်ဖက်လေးတွေက အထုတ်လိုက်လာပြီး တထုတ်လျှင် အရွက် အစိတ်ခန့်ပါ၏။ မလိပ်ခင် ထိုလိပ်ဖက်အထပ်ကလေးမှ တရွက်ချင်းကို ဖြည်းဖြည်းစီခွာပြီး ရေအေးအေးတွင် အချပ်လိုက်ကလေး ၅ စက္ကန့်ခန့် စိမ်ရ၏။ ရေစိမ်လိုက်လျှင် ပလပ်စတစ်သားလို ကြည်ကြည် တုန်တုန် ပါးပါး အိအိလေးဖြစ်သွား၏။ ထို ထွာဆိုင်မရှိတတ်ရှိတတ် အိအိတုန်တုန် အကြည်သားပါးလွှာလေးကို အပြင်ညီတခုပေါ်တင်ပြီး အနားလေးတွေမှ တင်းတင်းဆွဲကာ အသာအယာဖြန့်ရ၏။

ပြီးမှ အလောတော်လှီးထားသည့် ဆလတ်ရွက်ကလေးကို အလည်တည့်တည့်တွင်ဖြန့်ခင်းကာ သခွားသီးအချောင်းလေးတွေ၊ ထောပတ်သီးအချောင်းလေးတွေ၊ မုန်လာဥနီအချောင်းလေးတွေ၊ ပဲပင်ပေါက်လေးတွေ၊ ကြက်သွန်မိတ်လေးတွေ၊ ချီးစ်အတောင့် အချောင်းလေးတွေ၊ ပြုတ်ထားသည့်ဆန်ကြာဆံလေးတွေနှင့် ရေ‌နွေးဖျော အခွံသင် နှစ်ခြမ်းခွဲထားသည့် ပင်လယ်ပုဇွန်ဘော့ချိတ်လေးတွေထည့်ကာ အောက်ခံဖက်ရွက်ကလေးကို အသာခေါက်ယူပြီး တဘက်ခြမ်းမှ စအုပ်လိုက်ရ၏။ ပြီးလျှင် ထိပ် ၂ ဘက်မှ အစကို အတွင်းဘက် ခေါက်သိမ်းသွင်းပြီး ထိပ်၂ ဘက်ပိတ်ကာ နံပြားထဲ ပဲပြုတ်ထည့်လိပ်သလို လိပ်ရ၏။ လိပ်နေချိန်တွင် အထဲကအဆာတွေ ဘေးဘီထွက်မလာရန် အလိပ်ညီပြီး ကျစ်နေရန်မှာမူ လက်အချိန်အဆနှင့် ကျွမ်းကျင်မှုလို၏။ အတွေ့အကြုံလို၏။ စိတ်ရှည်ပြီး အနုပညာစိတ်အခံရှိကာ အလှအပကြိုက်တတ်သူဖြစ်ရန်ပါ လိုမည်ထင်၏။

ဤသို့ဆိုလိုက်သဖြင့် စပရင်းရိုးလ်လိပ်သူတိုင်း စိတ်ရှည် အလှအပကြိုက်ကာ အနုပညာအခံရှိသူများချည်းဟု မဆိုလိုသော်လည်း ထိုအရာများမရှိလျှင်တော့ ဘယ်လိုမှ လှပ အသွေးအရောင်စုံကာ အရသာရှိပြီး လက်ထဲကိုင်စားရအဆင်ပြေမည့် စပရင်းရိုးလ်တခု ဖြစ်လာလိမ့်မည်မဟုတ်ကြောင်းတော့ တပ်အပ်ပြောဝံ့ပါသည်။

စပရင်းရိုးလ်တလိပ်ကိုကြည့်လိုက်လျှင် ပလပ်စတစ်သားလိုကြည်နေသည့် ဖက်လိပ်ကလေးမှ အတွင်းသို့ဖောက်ထွင်းကာ မုန်လာဥနီ၏အနီနှင့် ပုဇွန်ဆီရောင်၏အနီ၊ သခွားသီးအစိမ်း၏ အစိမ်းနှင့် ကြက်သွန်မိတ်၏အစိမ်း၊ ထောပတ်သီး၏နို့နှစ်ရောင်နှင့် ချီးစ်အတောင့်လေး၏နို့စိမ်းရောင်၊ ပဲပင်ပေါက်နှင့် ကြာဆံ၏အဖြူရောင်များ လှပစွာရောယှက်လျှက် ဆေးရောင်စုံပန်းချီကားတချပ်လို လှပနေ၏။ အလွန်ကျွမ်းကျင် စိတ်ရှည်သည့်အနုပညာရှင် တ‌ယောက်ကဖန်တီးလိုက်သည့် အနုပညာပစ္စည်းတခုလိုပင် မစားရက်စရာဖြစ်၏။ ထိုသို့အလားတူသည့် မျက်စေ့ပသာဒဖြစ်မှုနှင့် စိတ်တွင်ရသည့်အရသာမှာ စပရင်းရိုးလ်နှင့် ဆူရှီးတို့တွင် သွားတူနေသည်ဟု ကျနော်ကထင်၏။ ဆူရှီးက ပို၍ အရောင်အသွေးစုံ အရသာစုံကာ ပို၍ရှုမညီးစရာဖြစ်သည်ဟုဆိုလာလျှင် တွင်တွင်မငြင်းလိုသော်လည်း စပရင်းရိုးလ်က ပို၍ ကျန်းမာရေးနှင့်ညီညွတ်သည်ဟု ကျနော် စောဒက တက်မိမည်လား မ‌ပြောတတ်ပါ။
မျိုးမြင့်ချို
ဖေဖော်ဝါရီ ၂၀၊ ၂၀၂၀

(ရွေးကောက်ပွဲ)

0 comments
(ရွေးကောက်ပွဲ)
၂၀၁၅ ရွေးကောက်ပွဲဟာ
၁-ကျပ် သန်းပေါင်းလေးထောင်(၄ ဘီလီယံ)အကုန်အကျခံလုပ်ခဲ့တယ်။
၂-လူမျိုးစုလက်နက်ကိုင်အဖွဲ့အစည်းတွေ ပါမရတဲ့ပွဲဖြစ်ခဲ့တယ်။
၃-မတရားသင်းကြေညာခံထားရတဲ့ပါတီတွေ လုပုဂ္ဂိုလ်တွေ မပါရတဲ့ပွဲ၊ မဲပေးခွင့်မရှိတဲ့ပွဲဖြစ်ခဲ့တယ်။
၄-တိုက်ပွဲတွေဆက်ဖြစ်နေချိန်လုပ်တဲ့ပွဲဖြစ်ခဲ့တယ်။
၅-ကော်မရှင်အမိန့်ကြောင့် ရွေးကောက်ပွဲဝင်မယ့်ပါတီတွေ၊ လုပုဂ္ဂိုလ်တွေ ခြေလက်အတုပ်ခံထားခဲ့ရတဲ့ပွဲဖြစ်ခဲ့တယ်။
၆-စစ်အုပ်စုကျိတ်မွေးထားတဲ့ လက်မရွံ့တွေ လက်စွမ်းပြဖို့အစွမ်းကုန်ကြံခဲ့တဲ့ပွဲဖြစ်ခဲ့တယ်။
လွတ်လပ်ပြီးတရားမျှတမှုရှိတဲ့ရွေးကောက်ပွဲဆိုတာ ဆိုင်းဘုတ်သက်သက်သာဖြစ်ခဲ့တယ်။
ဒါပေမဲ့ NLD ဝက်ဝက်ကွဲနိုင်ခဲ့တယ်။ တိုင်းပြည်ဟာ NLD ကိုမဲပုံအောပေးပြီး စစ်အာဏာရှင်စနစ်ကိုရော သူ့အဆွယ်အပွားတွေကိုပါ ပြတ်ပြတ်သားသားဆန့်ကျင်ကြောင်း ၁၉၉၀ မှာလို နောက်တကြိမ်ထပ်ပြခဲ့ပါတယ်။

အင်န်အယ်လ်ဒီ အာဏာမစို့မပို့ရလာပါတယ်။ ခရိုနီတွေနဲ့အတူ ဗျူရိုကရေစီ ယန္တယားဟောင်းကြီးနဲ့ အပွတ်အတိုက်နည်းနည်းဖြစ်ပြီးတော့ တဖြည်းဖြည်း ကျွံကျရင်း အသားကျကျ နေတတ်ထိုင်တတ်သွားပါတယ်။ နိုင်ငံရေး အကျင့် နည်းနည်းချင်းတန်လာပါတယ်။ ပြည်မက ဒီမိုကရေစီအင်အားစုတွေ၊ လူမျိုးစုပါတီအဖွဲ့အစည်းတွေနဲ့ ဝေးသထက်ဝေးသွားပြီး စစ်အာဏာရှင် ဟောင်းသစ်တွေနဲ့ လုံးလားထွေးလားဖြစ်သွားပါတယ်။ ဘယ်လောက်တောင် အစေးမကပ်တော့လဲဆိုရင် ဗျူဟာမြောက်မဟာမိတ်ရော ရွေးကောက်ပွဲမဟာမိတ်ပါမထားဘူးလို့ အတိအလင်းထွက်ပြောတဲ့အထိ ဖြစ်သွားပါတယ်။ ပေးပြီးသားကတီတွေ အကြိမ်ကြိမ် မတည်နိုင်ဖြစ်ရပါတယ်။ ထွေးပြီးသားတံတွေး အကြိမ်ကြိမ် ပြန်ပြန်မြိုရပါတယ်။ စကားလုံးအလှတွေနဲ့ လက်တွေ့မပါတဲ့စေတနာတွေနဲ့ လူထုကိုရော လူမျိုးစုလက်နက်ကိုင်အင်အားစုတွေကိုပါ ချွေးမနည်းသိပ်နေရပါတယ်။ ဘယ်နေရာမှာမှ ထင်သလောက် ခရီးမပေါက်ပါ။ သွားသလောက် ခရီးမရောက်နိုင်ပါ။ မှန်းချက်နဲ့နှမ်းထွက်မကိုက်တော့ တချက်တချက် လူထုအပေါ် တာချပါတယ်။ ကိစ္စတိုင်းအတွက် အစိုးရမှာတာဝန်မရှိဘူးလို့ ငြင်းဆန်ပါတယ်။
၂၀၂၀ ရွေးကောက်ပွဲအချိန်ဇယားကို ဇူလိုင်လောက်မှာ ကြေညာမယ်ထင်ပါတယ်။ ၂၀၁၅ ကတော့ အပေါ်မှာပြောခဲ့သလို ဖြစ်ခဲ့တယ်။ ကြံ့ဖွံ့(စစ်အုပ်စု)က လုပ်တာဖြစ်တယ်။ ခု ၂၀၂၀ မှာ ရွေးကောက်ပွဲကို အင်န်အယ်လ်ဒီကလုပ်မယ်။ အပေါ်မှာပြောခဲ့တဲ့အခြေအနေတွေက ရှိနေတုန်းဖြစ်တယ်။ နံပတ် ခြောက်အချက်တော့ အင်န်အယ်လ်ဒီကလုပ်မှာမဟုတ်ဘူး ပြောနိုင်ပါတယ်။ ကော်မရှင်ဆိုတာက တံဆိပ်တုံးထုရတာဖြစ်တယ်။ ရလာဒ်တွေ ကြေညာရတာဖြစ်တယ်။
တိုင်းပြည်ကတော့ ပြည်မနေရာတွေမှာ အင်န်အယ်လ်ဒီကိုပဲ အားခဲကြဖို့ သေချာပါတယ်။ လူထုမှာ တီထွင်ဖန်တီးနိုင်စွမ်းနဲ့ မကုန်ခမ်းနိုင်တဲ့ အားသစ်အင်သစ်တွေ ရှိပါတယ်။ နိုင်ငံရေးပါတီတွေကသာ ကလေးကလားမဆန်မိကြဖို့ လိုပါတယ်။ လူများစုကြီးအဖို့ ပိုကြောက်ရမယ့်သူရှိနေသရွေ့ အင်န်ယ်လ်ဒီဘက်ပဲ ဦးလှည့်ရမှာပါ။ ရွေးကောက်ပွဲမှာ မထင်မှတ်တာတွေလည်း မဖြစ်ဘူးမပြောနိုင်ပါ။ တချို့ပြည်နယ်တွေရဲ့အဖြေက ငွေရောင်ပိတ်ကားပေါ်မှာ မြင်ရမှာပါ။ ရွေးကောက်ပွဲမကျင်းပနိုင်မယ့် ဒေသတွေ ပိုများလာပါတယ်။ ရခိုင်ပြည်မှာ ပိုသိသာပါတယ်။
ကျနော်တို့ မြင်ရဦးမှာပါ။ ကျနော်တို့ တွေ့ရဦးမှာပါ။ ကျနော်တို့အားလုံးလည်း အားသစ်ခွန်သစ်တွေနဲ့ စစ်အာဏာရှင်အဟောင်းအသစ်တွေကို ဆက်လက် ဆန့်ကျင်တိုက်ခိုက်နေရဦးမှာပါ။
မျိုးမြင့်ချို
ဖေဖော်ဝါရီ ၂၁၊ ၂၀၂၀

ပုန်ကန်ခြင်းဟူသည်မှာ ဆရာလွန်း ( သခင်ကိုယ်တော်မှိုင်း )

0 comments
ပုန်ကန်ခြင်းဟူသည်မှာ

ပုန်ကန်ခြင်းဟူသည်မှာ တစ်ဦးနှင့်တစ်ဦး ဆန့်ကျင်သောသဘောအနက်တွင် အကျုံးဝင်ပေသည်။ သို့သော် တစ်ဦးနှင့် တစ်ဦး ဆန့်ကျင်တိုင်း ပုန်ကန်ခြင်းဟု မဆိုနိုင်။ ဂုဏ်တန်းမတူကြသော အထက်လူကို အောက်လူ၊ အကြီးအကဲကို ငယ်သားတပည့်တို့ မုံဆန်တော်လှန်ခြင်းမှသာလျှင် လောကဝေါဟာရအားဖြင့် ပုန်ကန်ခြင်းဟူ၍ ပညတ်ပေသည်။
ယင်းသို့ တော်လှန်မုံဆန်ပြုခြင်းများမှာ စင်စစ်အားဖြင့်ပုန်ကန်ခြင်းသဘောသို့ ရောက်ငြားသော်လည်း ပုန်ကန်သည် မဟုတ်ချေ။ ကျွန်သည် အရှင်ကို တိုင်းသူပြည်သားသည် မင်းအစိုးရတို့ကို မုံဆန်တော်လှန်ခြင်းပြုမှသာလျှင် ပုန်ကန်ခြင်းမည်လေသည်။

ဆန့်ကျင်ခြင်းဟူသည်မှာ ကောင်းမြတ်သော လက္ခဏာအမူအရာကား မဟုတ်ပေ။ သို့သော် ဆန့်ကျင်တိုင်း မကောင်းဟု မဆိုနိုင်။ ကောင်းသောတရား၊ ကောင်းသောအယူ၊ ကောင်းသောနည်းလမ်းတို့မှ ဆန့်ကျင်မှသာလျှင် မကောင်းသော  အကျိုး ရှိချေသည်။ မကောင်းသောတရား၊ မကောင်းသောအယူ၊ မကောင်းသောအလေ့အကျင့် ဒုစရိုက်တို့မှ ဆန့်ကျင် ခြင်းမှာကား မကောင်းဟုမဆိုနိုင်သည့်အပြင် လူတို့အား အကျိုးကျေးဇူး ထူးပြုတတ်ကြောင်းကို တွေ့ရပေသည်။ ထို့ကြောင့် ဆန့်ကျင်လေတိုင်း ပုန်ကန်လေတိုင်း အပြစ်မဆိုသာ အကျိုးရှိသောပုန်ကန်ခြင်း၊ အပြစ်လွတ်သော ပုန်ကန်ခြင်းများရှိသည်ဟု မုချသိအပ်လေသည်။

စောလူးမင်းကြီးသည် တရံရောအခါ ဥသာပဲခူးကိုစားရသော အထိန်းသားငရန်မန်ကန်းနှင့် အန်ကစားကြရာတွင် ငရန်မန်ကန်း အနိုင်ရလေ၍ မလမ်းပေါက်ထ၍ ခတ်လေသည်။ မင်းကြီးလည်း "နင် ငါ့ကို အန်တပွဲမျှ နိုင်သည်ကို မလမ်းပေါက်ထ၍ ခတ်သည်။ နင် ယောက်ကျားဟုတ်နိုးသော် နင်စားသောပဲခူးနှင့် ပုန်စားလေ" ဟု မိန့်တော်မူသည်။
ငရန်မန်ကန်းလည်း "အကယ်လော" ဟု မေးရာ"ငါတို့ မင်းသည်ကား မဟုတ်သော အရာကို ဆိုရာသည်လော" ဟု မိန့်တော်မူ၍ လွှတ်လေသည်။ ငရန်မန်ကန်းလည်း ကြံစည်ရင်းရှိသည်နှင့် မိမိစားသော ပဲခူးကို ပြန်၍ ကျေးကျွန် သင်းပင်း အလုံးအရင်းစုပြီးလျှင် စစ်ထိုးလေသည်။ လုပ်ရည်ကြံရည်ကောင်းသည်နှင့် နောက်ဆုံးတွင် စောလူးမင်းသည် ငရန်မန်ကန်းလက်တွင် ပျက်စီးရချေသည်။ ဤသို့သော်ကား လက်အောက်ကျေးကျွန်ကို မထေမဲ့မြင်ပြုမိ၍ ပုန်ကန်ခြင်း ဖြစ်ပေသည်။ လက်အောက်ငယ်သား၏ အပြစ်ဟု မဆိုသာချေ။

၎င်းအပြင် တပုံလည်း ကျွန်းဦးသပြေပင်သို့ ဖောင်စင်္ကြာနှင့်ရောက်တော်မူသော အလောင်းစည်သူမင်းကြီး နတ်ပြည် စံတော်မူပြီးနောက် သက္ကရာဇ် ၅၁၉ ခုတွင် သားတော် နရသူ နန်းတတ်လေသည်။ ထိုသို့ ညီတော်နရသူ နန်းတတ်သည် ကို ကြားလေသော် နောင်တော်မင်းရှင်စောလည်း ရေအား၊ ကြည်းအား ချီတတ်လာသည်ကို နရသူသည် အကောက်ကြံ၍ သဒ္ဒါကြည်ဖြူလေဟန်ဖြင့် ပံ့သကူမထေရ်ကို လွှတ်၍ခေါ်ပြီးလျှင် နန်းတင်ပြီးမှ စားတော်ပွဲတွင် အဆိပ်ခတ်၍ သတ်လေသည်။ ဤတွင် မင်းရှင်စောပုန်ကန်ခြင်းကား မိဘအမွေအနှစ်ကို လုခြင်းပင်ဖြစ်သည်။ မိမိဆိုင်သော အရိုက်အရာကို သူတပါးယူ၍သာ ဆန့်ကျင်ခြင်းဖြစ်၍ အပြစ်မဆိုသာချေ။

ထို့ပြင်တပုံလည်း သက္ကရာဇ် ၅၃၃ ခုသော် ယင်းသည့် နရသူမင်း၏သားတော် မင်းယဉ်နရသိင်္ခ နန်းတတ်တော်မူ၍ ညီတော်အား နရပတိစည်သူဟူသော အမည်ဖြင့် အိမ်ရှေ့အရာပေးတော်မူသည်။ ထိုအိမ်ရှေ့မင်းသား နရပတိစည်သူ၏ အိမ်ရှေ့မိဖုရား ဝေဠုဝတီကား လွန်စွာလှပသဖြင့် မင်းကြီးမြင်သော် ခယ်မတော်၌ ပိတ်ပင်တားဆီးမရ တိမ်းမက်တော် မူလေသည်။
သို့နှင့် ညီတော်အား အကောက်ကြံ၍ ငဆောင်ချမ်းသို့ လီဆယ်စေလွှတ်ပြီးလျှင် ညီတော်မရှိက ခယ်မတော်အား အတင်းအဓမ္မနန်းတင်တော်မူလေသည်။ ညီတော် နရပတိစည်သူလည်း နောင်တော်မင်းကြီး သစ္စာမဲ့လေသော အကြောင်းကို ကြားသိလေသော် နောင်တော်အား ပုန်ကန်လုပ်ကြံသဖြင့် မင်းယဉ်နရသိင်္ခ ပျက်စီးတော်မူရလေသည်။
ဤတွင်လည်း ညီတော်သည် နောင်တော်အား ပုန်ကန်သည်မှန်သော်ငြားလည်း နောင်တော်မဟုတ်မတရား သစ္စာ မစောင့်ထိန်းသောကြောင့်သာဖြစ်သဖြင့် အပြစ်မဆိုသာချေ။

တစ်ပုံမှာလည်း အင်းဝရွှေနန်းရှင်ဘုရင် နရပတိနတ်ပြည် စံလွန်တော်မူပြီးနောက် သက္ကရာဇ် ၈၃၀ ပြည့်တွင် သားတော် အိမ်ရှေ့မင်း "မဟာသီဟသူရ ရွှေနန်းတတ်တော်မူသည်။ ထိုမင်းကား ပြည်ထဲရေးကို ပညာရှိတို့နှင့်တိုင်ပင်လျက် ခွဲခန့် စီရင်အုပ်ချုပ်တော်မူ၍ ဆွေတော်မျိုးတော်တို့ကိုလည်း အထိုက်အလျောက် ချီးမြှောက်တော်မူသည်။ သို့နှင့် ဦးရီးတော် ဘကြီးမင်းရဲကျော်စွာ၊ စောရွှေခက်၊ ဦးရီးတော်အငယ် စကုစား သင်္ခယာ၊ ညီတော် ပြည်မင်း ဆင်ဖြူများရှင် မင်းကြီးစွာ၊ ညီတော်အငယ် သာယာဝတီမင်း၊ သတိုးမင်းစော၊ ယောက်ဖတော်ကလေး မင်းရဲကျော်စွာတို့သည် ပဲခူးကိုအမှီပြု၍ မညွတ်မကိုင်း ရိုင်းပြကြလေသည်။ သို့သော် မဟာသီဟသူရ ရုတ်ချည်းနှိပ်တော်မမူပဲ လေးနှစ်တိုင် အရှည်သွေး၍ ဆိုင်းငံ့ညှာတာတော်မူ၍မျှ မရသောအခါ ကြည်းအားစုန်တော်မူလျက် ပြည်မြို့ကို ဝန်းရံတော်မူသည်။

ထိုသည်တွင် ရိုင်းပြသူတို့ ကြောက်လန့်တုန်လှုပ်လျက် ကျွန်တစု သစ္စာမဖောက်ပြန်ပါပြီ ခြေတော်ရင်းသို့ ရောက်ပါတော့ မည်ဟု တောင်းပန်တိုးလျှိုးဝင်လာသောကြောင့် သက္ကရာဇ် ၈၃၄ ခု တပေါင်းလတွင် ပြည်မြို့ တစ်ဖက်ကမ်း ဘိုးဦးတောင်၌ သစ္စာတော်ခံကြလေသည်။ မင်းကြီးလည်း ၎င်းတို့အား ကြီးစွာသော မေတ္တာတော်ဖြင့် သိမ်းပိုက် တော်မူလျက် စားမြဲကျေးစည်းစိမ်တို့ကို မရှုပ်မချ စားမြဲစားစေသည်။ ယင်းသို့သော်ကား တပါးသူစကားကို ယုံမှား ပေါင်းသင်းလျက် ကျေးဇူးရှင်ကို ပြစ်မှားပုန်ကန်ခြင်းဖြစ်သောကြောင့် မကောင်းသောပုန်ကန်ခြင်းဟု ဆိုရပေမည်။

ထိုသို့ အင်းဝရွှေနန်းရှင် မဟာသီဟသူရ ပြည်သို့စုန်တော်မူသောအကြောင်းမှာ ကမ္ဘာအရှည်ဥဒါန်းတည်စိမ့်ငှါ စစ်လျင် ထောင်မှူးရှင်ထွေးညို မော်ကွန်းကြီးတစောင် ဖွဲ့ဆိုခဲ့ပေသည်။ မဟာသီဟသူရလည်း ပြည့်စုံမင်းကြီးဟု ရာဇဝင်တွင် ထင်ရှားလေသည်။

ထိုမှတပုံလည်း သက္ကရာဇ် ၈၆၃ ခုသော် အင်းဝရွှေနန်းဘုရင် နရပတိ နန်းတတ်တော်မူလေသည်။ ထို့နောက် သက္ကရာဇ် ၈၆၅ ခုသော် ညောင်ရမ်းကိုစားသော ဘယကျော်ထင်မရှိလျှင် ၎င်း၏သား ဘယကျော်ထင်ခံ ငတုံးတာနှင့် ညီငပြည့်ဝတို့ တောင်ငူမင်း မဟာသီရိဇေယျသူရကိုမှီ၍ ယင်းတော်ရှစ်ရှားက ပုန်ကန်သောင်းကျန်းကြလေသည်။ ရွှေနန်းကြော့ရှင်လည်း နိုင်ငံတော် မငြိမ်မဝပ်မပိမပြားပဲ ရှိနေခိုက်ဖြစ်၍ မှူးမတ်များကိုသာ အလုံးအရင်းပေး၍ နှိပ်ကွပ် စေရာ မနိုင်မနင်း၊ အရေးတော် မသာမယာရှိချေသည်။ ထိုမှတဖန် ငတုံးတာ ငပြည့်ဝတို့လည်း တောင်ငူမင်း။ ပြည်မင်းကို ပင့်ချီ၍ အလုံးအရင်း အင်္ဂါအားများစွာဖြင့် စလေမြို့ကို ရံနေသည်။

ထိုသို့ ကျူးလွန်စော်ကား မခန့်ငြားသည်ကိုကြားသိတော်မူသော် "ရွှေနန်းကြော့ရှင်"လည်း မှူးမက်တို့နှင့် တိုင်ပင် ပြီးသော် အုန်းဘောင်စော်ဘွားကိုစစ်ကူခေါ်ပြီးလျှင် စလေသို့ ကိုယ်တော်တိုင် ကတ္ထူလွန်းကြင် (၃၀၀)၊ လှော်ကား သံလှေ (၂၀၀)၊ စစ်သည်ရဲမက် (၇၀၀၀၀) နှင့် ရတနာရွှေဖောင်စီး၍ ရေကြောင်းချီတော်မူသည်။
ကြည်းဘက်ကလည်း တိုက်ဆင်(၃၀၀)၊ မြင်း(၆၀၀၀)၊ စစ်သည်သူရဲ(၅၀၀၀၀) နှင့် ပုဂံသတိုးဗိုလ်မှူးပြု၍ ချီလာရသည်။ အုန်းဘောင်သတိုးလဲ တချက်တည်းချိလေသည်။ စလေပုံတောင်သို့ ရောက်လျှင် လှေကတတ်၍ စစ်ပြိုင်တော်မူရာ ပြည်မင်း၊ တောင်ငူမင်းတို့ တပ်ပျက်ချေ၍ "ငတုံးတာ"ကို လက်တော်ရောက်ရှိလေသည်။ ဤသည်လည်း ကျေးဇူးသစ္စာကို ဖောက်ပြန်တော်လှန်ခြင်းဖြစ်၍ မကောင်းသောပုန်ကန်ခြင်း ဖြစ်လေသည်။

ထိုအကြောင်းအရာများကိုလည်း ကမ္ဘာအရှည်တည်စိမ့်ငှါ 'အရှင်မဟာရဋ္ဌသာရဆရာတော်'က မော်ကွန်းတစ်စောင် စီရင်၍ 'ပုံတောင်နိုင်မော်ကွန်းဟု ထင်ရှားရှိချေသည်။
မြန်မာရာဇဝင်မှတပါး အခြားခြားသော တိုင်းကြီးပြည်ကြီးတို့တွင်လည်း အကြောင်းအမျိုးမျိုးတို့ဖြင့် ပုန်ကန်ခြင်းများ ဖြစ်ခဲ့ဖူးပေသည်။ ဥရောပတိုက် ပြင်သစ်ပြည် "တစ်ဆယ့်ခြောက်ယောက်မြောက် လူဝီဘုရင်" လက်ထက် ခရစ်ယန် သက္ကရာဇ် ၁၇၉၂ တွင်ဖြစ်ပွါးသော ပြင်သစ်အရေးတော်ပုံကြီး၊ ထို့နောက် အမေရိကန်ပြည်တွင် 'ဂျော့ဝါရှင်တန်'တို့ လက်ထက် ဖြစ်ပွါးသော အရေးတော်ပုံကြီးများလည်း အထက်မင်းဧကရာဇ်တို့က တိုင်းသူပြည်သားများ၏ အလိုဆန္ဒကို မလိုက် မိမိထင်သလို ဖိနှိပ်စည်းကြပ် ကျွန်ကျေးသဖွယ်သဘောထား၍ ပြုလေသောကြောင့် ထကြွခုခံ တော်လှန်ပုန်ကန် ကြခြင်းများ ဖြစ်သောကြောင့် ကောင်းသောပုန်ကန်ခြင်းများပင် ဖြစ်သည်။

ဤအရေးအကြောင်း ရှေးကထုံးဟောင်းများကို ထောက်ထားသဖြင့် ပုန်ကန်သည်ဟူတိုင်း မကောင်းဟု လှေနံဓားထစ် အမှတ်မထားပဲ ပုန်ကန်သည်တို့၏အလိုဆန္ဒကို မထေမဲ့မြင် မလေးမစားမပြုမူ၍ အကျိုးအကြောင်း ဝေဖန်ပိုင်းခြား မှတ်သားဆင်ခြင်လေတော့သည် ဖြစ်ပေကြောင်း။
ဆရာလွန်း ( သခင်ကိုယ်တော်မှိုင်း )
----
၁၉၃၁ ခု ဩဂုတ်လထုတ် ဂန္တလောကမဂ္ဂဇင်း၊ တိုးတတ်ရေးမဂ္ဂဇင်း အမှတ် ၄၄၊ ၁၉၃၇ မေ ၁၊ စာ- ၂၈ မှ ၃၁

Monday, February 17, 2020

(ပြီးပြီလား မပြီးသေးဘူးလား)

0 comments
(ပြီးပြီလား မပြီးသေးဘူးလား)
လက်နက်ကိုင်တော်လှန်ရေးတရပ်ပြီးဆုံးလျှင် တပ်ပြဿနာသည် အရေးအကြီးဆုံး ဖြေရှင်းရသည့်ပြဿနာဖြစ်သည်ဟု ဆိုပါသည်။ ဗိုလ်ချုပ်အောင်ဆန်း သခင်သန်ထွန်းတို့ခေါင်းဆောင်သည့်အဖွဲ့နှင့် လော့ဒ်မောင့်ဘက်တန်နှင့်ဆွေး‌‌‌နွေး‌ဖြေရှင်းသည့် ကန္နီဖြေရှင်းနည်း ရှိဖူး၏။ (ပြည်သူ့အာဏာဂျာနယ်...မှ)

အခုလက်ရှိ စစ်အုပ်စုနဲ့ အပစ်ရပ်ထားတယ်ဆိုတဲ့အဖွဲ့တွေ(တကယ်က စစ်တပ်ကချဖို့လိုရင် မညှာမတာချပါတယ်။ ကျည် ခနခနပေါက်ပါတယ်) ကို တချိန်က လက်နက်ကိုင်တော်လှန်ရေးလုပ်ခဲ့တဲ့အဖွဲ့တွေလို့ ခေါ်မှ မှန်မှာပါ။ ခုက လက်နက်တော့ကိုင်ထားတယ် တော်လှန်ရေးသဘောနဲ့ တော်လှန်ရေးလက္ခဏာတော့ မရှိတော့ပါ။
တော်လှန်ရေးပြီးသွားတာလားဆိုတော့လည်း မဟုတ်ပါ။ မပြီးသေးဘူးလားဆိုတော့လည်း ဘယ်လိုဖြေမည်မသိပါ။ တော်လှန်ရေး ပြီးသွားတာဆိုလျှင်တော့ ရှင်းပါသည်။ ကိုယ့်တပ်ကိစ္စ ကိုယ့်ဘာသာရှင်းရန်သာ ကျန်ပါသည်။ ခုလည်း တော်လှန်ရေး မပြီးသေးဘူးဟုထားပြီး စဥ်စားလျှင်လည်း တပ်ကိစ္စက ‌ဖြေရှင်းရန်ကျန်နေပါသည်။ သို့သော် မည်သူက မည်သို့မည်ပုံ ‌ဖြေရှင်းမည်နည်းဆိုသည့်က ပြဿနာဖြစ်နေတာ ဖြစ်ပါသည်။ ကိုယ့်မှာ ကိုယ်ဘာသာရှင်းခွင့်မရှိ ဖြစ်နေတာ ဖြစ်သည်။
စစ်အုပ်စုကတော့ရှင်းသည်။ တပ်ဖျက် လက်နက်ချ ပါတီထောင်ရင်ထောင် စီးပွားရေးလုပ်ရင်လုပ် ဒါပဲဖြစ်သည်။ ခင်ညွန့်ခေတ်ကလောက်တောင် နယ်မြေ တပ် သေနတ်ကိုင်ထား ကိုယ့်ဘာသာကိုယ်နေ စီးပွားရှာ ဒါမဟုတ် နယ်ခြားစောင့်လုပ် ပြည်သူ့စစ်လုပ် အကောက် ကောက်စား စတာတွေမပေးနိုင်တော့ပါ။ မပေးပဲလည်း နေလို့ရနေပြီဖြစ်သည်။ ဟိုတုန်းကလို အထိုင်ချစ စမ်းစမ်း စမ်းစမ်း မဟုတ်တော့။ လွှတ်တော်နှင့် အစိုးရနှင့် ပါတီစုံနှင့် ဖွဲ့စည်းပုံနှင့် ရွေးကောက်ပွဲတွေနှင့် အမြိန့်သား အထိုင်ကျနေပြီ။ သို့သော် တချိန်က တော်လှန်ရေးလုပ်ခဲ့ပြီး ခု ဘာလုပ်နေမှန်း‌ ပြောရခက်သည့် လက်နက်ကိုင်တပ်တွေပြဿနာကို ရှင်းတော့ရှင်းရမည်။ ရှင်းမှလည်း ရှင်းရှင်းလင်းလင်း ဖြစ်မည်။ ဒီအတိုင်း မြွေမသေတုတ်မကျိုးလည်း ထားမရ။ လုံးပါး ပါးသွားဖို့လည်း သိတ်စိတ်ကူးယဥ်လို့မဖြစ်။
ခက်နေသည့်ကိစ္စ ဟိုလူတွေဘက်က တော်လှန်ရေး ပြီးသွားတာမဟုတ်တော့ တပ်ပြဿနာသူ၌ဟာသူရှင်းမရ။ စစ်အုပ်စုကလည်း အနိုင်တိုက်ထားတာမဟုတ်တော့ စိတ်တိုင်းကျခြယ်လှယ်လို့မရ ဖြစ်နေသည်။ ထိုသို့ သပွတ်အူလိုက်နေခိုက်တွင် NCA အစဆွဲပြီး ယီးလေးခိုလိုက်လာသည့် ၂၁ ရာစုပင်လုံပါ ပါလာတော့ အမယ်ဘုတ်ကယ် သူ့ချည်ခင်တွေ ဖြစ်ကုန်သည်။
အခု အပစ်ရပ်လိုက် ကျည်ပြန်ပေါက်လိုက်၊ အတည်ဆွေး‌‌နွေးလိုက် အလွတ်သဘောပြောလိုက်၊ သဘောတူလိုက် ပြန်ညှိလိုက် ပြန်ပျက်လိုက်၊ ထပ်သဘောတူလိုက် ထပ်ထပ်ပြီးသဘောတူလိုက်တွေ ထပ်တလဲလဲဖြစ်နေခြင်း၏အရင်းခံမှာ မတော်လှန်တော့သည့် သို့မဟုတ် တော်လှန်ရေး မပြီးသောတပ်များ၏ပြဿနာကို မည်သည့်နည်းနှင့် မည်သူကရှင်းမလဲဆိုသည့်အဖြေ မရခြင်းကြောင့်ပင်ဖြစ်သည်။ တချိုကကတော့ ၂၀၀၈ ဖွဲ့စည်းပုံကို လက်ညှိုးထိုးကြ၏။ မှားလားဆိုတော့ မမှား။ သို့သော် အလုံးစုံ မမှန်။
ဒါက ပြည်သူ၌အာဏာဂျာနယ်မှ စာနှစ်ကြောင်းကိုဖတ်မိပြီး သတင်းစာဆရာတွေ တွေးနည်းကားတွေးပြီး မီဒီယာသမားတို့ ‌ပြောနည်းကားပြောကြည့်ခြင်း ဖြစ်ပါသည်။ နိုင်ငံရေးအရကတော့ ရှင်းပါသည်၊ စစ်အာဏာရှင်စနစ်၊ စစ်အုပ်စု၊ စစ်လက်ဝါးကြီးအုပ် အရင်းရှင်ဗျူရိုကရေစီယန္တယားကြီးရှိနေသော‌ကြောင့် ဖြစ်ပါသည်။
ဖေဖော်ဝါရီ ၁၅၊ ၂၀၂၀

Saturday, February 15, 2020

ဦးခင်မောင်မြင့် သို့မဟုတ် ရှားရှားပါးပါး သံမဏိ နိုင်ငံရေးသမား

0 comments
ဦးခင်မောင်မြင့် သို့မဟုတ် ရှားရှားပါးပါး သံမဏိ နိုင်ငံရေးသမား
ကမ္ဘာကျော် ပန်းချီဆရာကြီး လီယိုနာဒို ဒါဗင်ချီက သူ့ရဲ့အနုပညာ အောင်မြင်မှုအဖြစ် “မိုနာလီဇာ အပြုံး” လို့ လူတွေခေါ်ကြတဲ့ ပန်းချီကားကို ဖော်ပြနိုင်ပါတယ်။ ကမ္ဘာကျော် ရုရှားစာရေးဆရာကြီး လီယိုတော်လ်စတွိုင်း က သူရေးသားခဲ့တဲ့ စစ်နဲ့ငြိမ်းချမ်းရေး ဝတ္ထုကြီးကို လက်ညှိုးထိုးပြပြီး ‘ဟောဒါက ငါ့ရဲ့အနုပညာ အောင်မြင်မှု ကွ’ လို့ ရဲရဲတင်းတင်း ပြောနိုင်တဲ့ အခြေအနေမှာ ရှိခဲ့တယ်။
သိပ္ပံပညာကျော် အိုင်းစတိုင်းက ရီလေတီဗီတီ သီအိုရီ စာအုပ်ကြီးကို ထောင်ပြပြီး ‘ဟောဒါကတော့ ငါ့ရဲ့ အောင်မြင်မှုပဲကွ’ လို့ လက်မထောင်ပြီး ပြောမယ်ဆိုရင် ပြောနိုင်ပါတယ်။
သို့ပေမဲ့ ခေတ်ပြောင်းတော်လှန်ရေး တစ်ရပ်ကို ယုံကြည်ချက် ခိုင်ခိုင်မာမာနဲ့ ဆင်နွှဲနေတဲ့ တော်လှန်ရေးသမား တစ်ယောက်အဖို့ကတော့ တော်လှန်ရေးကြီးတစ်ခု အောင်မြင်ခဲ့သည့် တိုင်အောင် ‘ဒါဟာ ငါ့ရဲ့စွမ်းဆောင်မှု ကြောင့် ဖြစ်တာကွ’ လို့ မပြောနိုင်ပါဘူး။ တော်လှန်ရေးကြီးတစ်ရပ် အောင်မြင်ခြင်းဟာ ထိုနိုင်ငံရှိ ပြည်သူတွေရဲ့ အောင်မြင်မှုသာ ဖြစ်ပါတယ်။
တကယ်လို့သာ မိမိ ပါဝင် ဆင်နွှဲနေတဲ့ တော်လှန်ရေးကြီး ကျရှုံးသွားခဲ့မယ် ဆိုရင်တော့ ထိုတော်လှန်ရေးသမား အတွက် ပြစရာ အောင်မြင်မှုဆိုလို့ သူ့ရဲ့နှလုံးသားနဲ့ သူ့ရဲ့ဘဝမှာ ထင်ကျန်ခဲ့တဲ့ သေရာပါ ဒဏ်ရာဒဏ်ချက် တွေသာ ဖြစ်မှာပါ။
ကျွန်တော်သိကျွမ်းခဲ့တဲ့ ထိုသူမျိုးတွေထဲက တစ်ဦးကတော့ ပြည်သူ့တိုးတက်ရေးပါတီရဲ့ ဥက္ကဌဖြစ်ခဲ့သူ ဦးခင်မောင်မြင့် ပါပဲ။
ကျွန်တော် ဦးခင်မောင်မြင့်ကို ပထမဆုံး အနီးကပ် တွေ့ဆုံဖူးခဲ့တာကတော့ ဆူးလေဘုရားလမ်းထောင့်နဲ့ အနော်ရထာလမ်းထောင့်မှာ ရှိခဲ့တဲ့ ( ထိုအဆောက်အဦကို မကြာမီက ဖျက်ပစ်ခဲ့ပြီး အဆောက်အဦးသစ် ပြန်ဆောက်ဖို့ စီစဉ်နေပါတယ်) အဆောက်အဦမှာ ရှိခဲ့ဖူးတဲ့ ပြည်သူ့လူငယ် အဖွဲ့ချုပ်ရုံးမှာပါ။
နိုင်ငံရေးပါတီ အဖွဲ့အစည်းပေါင်း တစ်ဆယ့်လေးဖွဲ့လောက်ထဲက ပြည်သူ့လူငယ်အ/ဖွဲ့ချုပ်ဆိုတာကတော့ ပမညတ တပ်ပေါင်းစုဝင် လူငယ် အဖွဲ့တစ်ဖွဲ့ပါ။
ထိုအချိန်တုန်းက ကျွန်တော်ဟာ ရန်ကုန်ဆေးရုံကြီးရှေ့ ဟိုက်စကူးမှာ ကျောင်းတက်နေခဲ့တာပါ။ ပထမ ခုနှစ်တန်းကျောင်းသား၊ နောက် ရှစ်တန်း၊ ဆယ်တန်း ကျောင်းသား ဘဝတစ်လျှောက်မှာ ပြည်သူ့လူငယ် အဖွဲ့ချုပ်ရုံးကို တစ်ရက်ခြား တစ်ခါ နှစ်ရက်ခြားတစ်ခါ တစ်ခါတစ်လေမှာလည်း နေ့စဉ်လိုလို ကျောင်းသွား ကျောင်းပြန် ရောက်ခဲ့ပါတယ်။
ကျွန်တော်ဟာ ပြည်သူ့လူငယ်အဖွဲ့ချုပ်ကို ရောက်လေတိုင်းမှာ ကိုသန်း(အင်းစိန်)၊ ကိုချန်ထွန်း၊ ကိုတင်အေး (တကသ ဥက္ကဌဟောင်း ကွယ်လွန်)၊ ကိုအေးမောင်၊ ကိုရဲမြင့်၊ ကိုသန်းမြင့် (နောင် ဗိုလ်တထောင် သတင်းစာ အယ်ဒီတာဟောင်း) တို့နဲ့ မကြာခဏ ဆုံဖြစ်ခဲ့ စကားဝိုင်းဖွဲ့ ဖြစ်ခဲ့ပါတယ်။
တစ်ခါတစ်ရံမှာလည်း ကိုအောင်ဗန်း (ထိုအချိန်က ပြည်သူ့လူငယ်အဖွဲ့ချုပ် ဥက္ကဌ)၊ ကိုသိန်းလွင် ( စာရေးဆရာ မောင်သာရ) နဲ့ ဦးခင်မောင်ထွေး (ခင်မောင်ထွေး၊ ပျဉ်းမနား) တို့ကို အဖွဲ့ချုပ်မှာ တွေ့ရလေ့ ရှိပါတယ်။ တကယ်တော့ ထိုလူကြီးတွေဟာ အသက်အရွယ်အားဖြင့် ကျွန်တော့ထက် များစွာကြီးသူတွေပါ။ သို့ပေမဲ့ ထိုအချိန်တုန်းက ကျွန်တော်အပါအဝင် ကျွန်တော်နဲ့ သက်တူရွယ်တူ လူငယ်တွေက သူတို့နာမည်တွေ ရှေ့မှာ ‘ကို’ တပ်ပြီး ခေါ်ဝေါ် ဆက်ဆံခဲ့ကြပါတယ်။
ကိုအောင်ဗန်း၊ ကိုတင်အေး၊ ကိုသန်းမြင့် စသည်ဖြင့် တရင်းတနှီး ခေါ်ဝေါ်ခဲ့ကြတယ်။ ထိုစဉ်က ဆိုရင် ကျွန်တော်တို့ဟာ အသက်အကြီးဆုံးဖြစ်တဲ့ ဒေါက်တာ မောင်မောင်ကျော်ကိုပင် ကိုမောင်မောင်ကျော်လို့ တရင်းတနှီး ခေါ်ဝေါ်ခဲ့ကြတယ်။ ထိုလူကြီးတွေကလည်း ကျွန်တော်တို့ ချာတိတ်တွေကို တပြုံးပြံုးနဲ့ တုံ့ပြန် ဆက်ဆံခဲ့ကြပါတယ်။
ပြည်သူ့လူငယ် အဖွဲ့ချုပ်မှာ တွေ့ဆုံခဲ့
တစ်နေ့သားမှာတော့ ကျွန်တော်တို့ လူငယ်တွေ ပြည်သူ့လူငယ်အဖွဲ့ချုပ်ရုံးမှာ စုဝေးရောက်ရှိနေချိန်မှာ အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ကိုသန်းမြင့်နဲ့ သူနဲ့ရွယ်တူ လူတစ်ယောက် ရုံးခန်းထဲကို ဝင်လာကြတယ်။ သူတို့ နှစ်ဦးဟာ တစ်ဦးကိုတစ်ဦး ပခုံးဖက်ပြီး ဝင်လာကြတာပါ။
ထိုသူဟာ အသားညိုညို မျက်နှာသွယ်သွယ်နဲ့ ကိုယ်လုံးကိုယ်ဟန် ခပ်ပိန်ပိန်ပါ။ ကျွန်တော့အနားမှာ ထိုင်နေတဲ့ သူငယ်ချင်းက ‘သူ ဘယ်သူလဲကွ’ လို့ ခပ်တိုးတိုး မေးလာပါတယ်။ ကျွန်တော်က သူ့အမည်ကို ခပ်တိုးတိုးပဲ ပြန်ပြောလိုက်တယ်။
‘ကိုခင်မောင်မြင့်ဆိုတာ သူပေါ့ကွ၊ ပီကျူ့(P3) ကလေ’ ကျွန်တော်ဟာ သူ့ကို ဒီအရင်ကတည်းက တစ်ခါနှစ်ခါ တွေ့မြင်ဖူးနေခဲ့တာပါ။
ထိုနေ့က ကိုသန်းမြင့်က သူ့ကို ကျွန်တော်တို့ ချာတိတ်တွေနဲ့လည်း မိတ်ဆက်ပေးခဲ့ပါတယ်။ ကျွန်တော်ဟာ ထိုအချိန်ကစပြီး သူ့ကို တစ်ခါတစ်ရံမှာ နီးနီးကပ်ကပ် တစ်ခါတစ်ရံမှာ ခပ်ဝေးဝေးက တွေ့မြင်ခဲ့ရတယ်။
ဆရာကြီးမှိုင်း ဦးဆောင်တဲ့ ပြည်တွင်းငြိမ်းချမ်းရေး လူထု ဆန္ဒပြပွဲတွေမှာ အစည်းအဝေးအချို့မှာ သူ့ကိုတွေ့ခဲ့ ရတယ်။ တစ်ခါကလည်း (ကန်တော်မင် ပန်းခြံမှာ ထင်ပါတယ်) လူထု အစည်းအဝေးတစ်ခုနဲ့ စင်မြင့်ပေါ်မှာ စိတ်ပါလက်ပါ ဟောပြောနေတဲ့ သူ့ကို တွေ့ခဲ့ရပါတယ်။
သံမဏိ နိုင်ငံရေးသမားတစ်ယောက် ။
တကယ်တော့
ဦးခင်မောင်မြင့်ဟာ “သူ့ရဲ့ဘဝတာတစ်ခုလုံးကို သူ့ရဲ့နိုင်ငံရေး ယုံကြည်ချက်အတွက် ပေးဆပ်ခဲ့တဲ့ သံမဏိနိုင်ငံရေးသမား တစ်ယောက်ပဲ ဖြစ်ပါတယ်။
ဦးခင်မောင်မြင့်ဟာ ၁၉၂၉ ခုနှစ်ဒီဇင်ဘာ (၁၁)ရက်မှာ ဒေးဒရဲမြို့ အဘဦးရွှေလင်း ၊ အမိဒေါ်စာဥတို့မှမွေးဖွားခဲ့သူ
ဖြစ်တယ်။ သူဟာ သားသမီးငါးယောက်ထဲက စတုတ္ထသားဖြစ်ပြီး သူ့အောက်ကညီဖြစ်သူကတော့ ကျွန်တော်တို့ ဆယ်ကျော်သက်အရွယ်က တမ်းတမ်းတတဖြစ်ခဲ့ရတဲ့ “ကြင်နာခြင်းတစ်ဝက် ရှုပ်ထွေးခြင်းတစ်ဝက်”
“တစ်ဆောင်းသစ်ပြန်ပြီ” စတဲ့ သီချင်းတွေနဲ့ အောင်မြင်ကျော်ကြားခဲ့တဲ့ နိုင်ငံကျော်အဆိုတော့ကြီး ကိုသန်းလှိုင် (ကွယ်လွန်) ပဲ ဖြစ်ပါတယ်။
ဦးခင်မောင်မြင့်ရဲ့ မိဘတွေဟာ ဒေးဒရဲမြို့မှ
၁၀မိုင်အကွာ သဲကုန်းလေး ကျေးရွာက ချမ်းသာတဲ့လယ်သမားတွေဖြစ်တယ်၊ ဦးခင်မောင်မြင့်ရဲ့မိဘတွေဟာ ရန်ကုန်မြို့ကို ပြောင်းရွှေ့လာခဲ့ပြီးနောက် ၁၉၃၇ ခုနှစ်မှာ ဦးခင်မောင်မြင့်ကို မက်သဒစ်အမျိုးသမီးကျောင်းမှာ စတင်ပညာသင်စေခဲ့ပါတယ်။ ဦးခင်မောင်မြင့်ဟာ ၁၉၄၆ ခုနှစ်မှာ စိန်ဂျွန်း ကျောင်းကို ရောက်ရှိချိန်မှာတော့ ဦးခင်မောင်မြင့်ကျောင်းအမည်ဟာ “ဂျော့ရွှေလင်း” ဖြစ်လာခဲ့ပါတယ်။
သူဟာ ၁၉၄၉ ခုနှစ်မှာ ဒဿမတန်းအောင်ခဲ့ပြီးနောက် ရန်ကုန်တက္ကသိုလ်မှာ တက်ရောက်ပညာသင်ခဲ့ပါတယ်။ ရန်ကုန်တက္ကသိုလ်ကိုရောက်ခဲ့ချိန်မှာတော့ ဦးခင်မောင်မြင့်ရဲ့နှလုံးသားထဲမှာ နိုင်ငံရေးစိတ်ဓာတ်ဟာ သန္ဓေတည်လာခဲ့တယ်။ သူဟာ ၁၉၄၉ ခုနှစ်မှာ ရန်ကုန်ခရိုင်ကျောင်းသားများ သမဂ္ဂ (ရကသ) အမှုဆောင် တစ်ဦးဖြစ်လာခဲ့တယ်။ ၁၉၅၀ ခုနှစ်မှ ၁၉၅၁ ခုနှစ်အထိ အသစ်ပြန်ဖွဲ့ခဲ့တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲချုပ် (ဗကသများ၊ အဖွဲ့ချုပ်) ရဲ့ အမှုဆောင်ဖြစ်ခဲ့ပြီး ၁၉၅၂-၅၃ ခုနှစ် ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ (တကသ)ရဲ့ အမှုဆောင်တစ်ဦး ဖြစ်ခဲ့ပါတယ်။
တော်လှန်ရေး ဆက်သားကလေး
တကယ်တော့ ဦးခင်မောင်မြင့်ရဲ့ နိုင်ငံရေးစိတ်ဓာတ်ဟာ ဂျပန်တော်လှန်ရေးကာလ ကတည်းက စတင်ခဲ့ သန္ဓေတည်ခဲ့ခဲ့လို့ ဆိုရမှာပါ။
ဂျပန်တော်လှန်ရေးကာလတုန်းက ဒေးဒရဲ၊ သဲကုန်းလေးကျေးရွာမှာ ရှိတဲ့ ဦးရွှေလင်း ဒေါ်စာဥတို့ရဲ့ နေအိမ်ဟာ ဂျပန်တော်လှန်ရေး တိုင်း ၂ ရဲ့ဌာနချုပ်ဖြစ်ခဲ့ပါတယ်။ တိုင်း၂ ဌာနချုပ်ရဲ့နိုင်ငံရေးမှူးက သခင်စိုးဖြစ်ပြီး စစ်ရေး တာဝန်ခံကတော့ ဗိုလ်မှူးကြီးနေဝင်းပါ။
ထိုအချိန်တုန်းက အသက်ဆယ့်လေးငါးနှစ် အရွယ်သာရှိသေးတဲ့ ကိုခင်မောင်မြင့်ဟာ သခင်စိုး၊ ဗိုလ်မှူးနေဝင်း နဲ့အခြားခေါင်းဆောင်အကြားမှာ ဆက်သားအဖြစ် ဆောင်ရွက်ခဲ့ရသူပါ။
ထိုစဉ်က တယောထိုးဝါသနာကြီးပြီး ကျွမ်းကျင်မှုလည်းရှိတဲ့ သခင်စိုး တယောထိုးချင်တဲ့ဆန္ဒပြင်းပြလာအခါမျိုး မှာ (ဘေးပတ်ဝန်းကျင်က လူတွေက သခင်စိုးရှိမှန်းမရိပ်မိအောင်) ထိုနယ်မှာရှိတဲ့ နာမည်ကျော်တယောဆရာ ကြီး ဦးလစ်ဆိုသူကို အိမ်သို့ဖိတ်ခေါ် ထမင်းကျွေးပြီး အိပ်ခိုင်းကာ သခင်စိုးက ဦးလစ်တယောထိုးတဲ့ပုံစံနဲ့ တယောထိုးလေ့ရှိခဲ့ပါတယ်။ ထိုအချိန်မျိုးတွေမှာ ကိုခင်မောင်မြင့်က ဦးလစ်ကို သွားခေါ်ပေးခဲ့ရပါတယ်။
ဦးခင်မောင်မြင့်ဟာ ဘီအက်စီနောက်ဆုံးနှစ် ရောက်တဲ့ ၁၉၅၂ ခုနှစ်မှာ ဦးထွန်းဖေ ၊ ဒေါ်ကျင်ရီတို့ရဲ့ သမီး ဒေါ်တင်တင်နဲ့ အိမ်ထောင်ကျခဲ့တယ်။ ထို့နောက် မှာတော့ စာမေးပွဲမဖြေတော့ဘဲ ကျောင်းကထွက်ခွာလာခဲ့ တယ်။
ပီသုံးလုံးပါတီ ဗဟိုကော်မတီ
အိမ်ထောင်ကျပြီးနောက်မှာတော့ ဦးခင်မောင်မြင့်ဟာ ဘဝရပ်တည်မှုအတွက် ကျောင်းဆရာအလုပ်ကိုလုပ်ခဲ့ ရပါတယ်။ ၁၉၅၃ ခုနှစ်အထိ ပဲခူးအစိုးရအထက်တန်းကျောင်းမှာ အထက်တန်းပြဆရာအဖြစ် တာဝန်ထမ်း ဆောင်ခဲ့ပါတယ်။ ၁၉၅၅ ခုနှစ်မှ ၁၉၆၀ ခုနှစ်အပြည့်အထိ ပဲခူးမြို့မှာ အလွတ်ပညာသင်ကျောင်းဆရာအဖြစ် လုပ်ကိုင်ခဲ့ပါတယ်။
သချာင်္ဘာသာကျွမ်းကျင်တဲ့ အလုပ်လုပ်နေစဉ်မှာ ဦးခင်မောင်မြင့်ဟာ ပဲခူးခရိုင် ပ.မ.ည.တ ရဲ့သဘာပတိ အဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့ပါတယ်။
ဒီနောက် ၁၉၅၈ ခုနှစ်မှာ ငါးခရိုင်ပြည်တွင်းငြိမ်းချမ်းရေး ဆန္ဒပြပွဲကို ရန်ကုန်မှာ ကျင်းပရာမှာ ဦးခင်မောင်မြင့် ဟာ ပဲခူးမြို့ဖြစ် စစ်ကြောင်းကို ဦးဆောင်ချီတက်ခဲ့တဲ့အတွက် ဖမ်းဆီးထိန်းသိမ်း ခံခဲ့ရတယ်။
ထို့နောက် ၁၉၅၉ ခုနှစ်အတွင်း ပြည်လည်လွတ်မြောက်လာခဲ့ပြီးနောက် သခင်သင်၊ သခင်ဗမောင်တို့ ဦးဆောင်တဲ့ ပြည်သူ့ဒီမိုကရေစီပါတီမှာ ဗဟိုကော်မတီဝင် ဖြစ်လာခဲ့တယ်။ ယင်းပါတီရဲ့ ဗဟိုကော်မတီဝင်ဖြစ် တဲ့ ဦးခင်မောင်မြင်ဟာ ပ.မ.ည.တ ဌာနချုပ်ရဲ့ သဘာပတိအဖွဲ့ဝင် ဖြစ်လာခဲ့ပါတယ်။
ထိုနှစ်အတွင်းမှာပဲ ပြည်သူ့ဒီမိုကရေစီပါတီ ဦးအောင်သန်း(ဗိုလ်ချုပ်အစ်ကို) က ဥက္ကဌအဖြစ် ဆောင်ရွက်ပြီး ဦးအောင်မြင့် ခေါ် ကိုကိုကြီး (ဖျာပုံ) က အထွေထွေအတွင်းရေးမှူးအဖြစ် ဆောင်ရွက်တဲ့ အမျိုးသားတိုးတက် ရေးပါတီနဲ့ ကိုခင်ဦး (၁၉၅၃ ခုနှစ် အောက်တိုဘာကျောင်းတစ်လ ပိတ်ရေး အရေးတော်ပုံကြောင့် မန္တလေး တက္ကသိုလ်မှ ရာသက်ပန် ကျောင်းထုတ်ခံခဲ့ရသူ) နဲ့ ကိုဘုန်းလှိုင်တို့ ခေါင်းဆောင်တဲ့ ရဲဘော်ပေါင်းစုံ ထိန်းသိမ်း ရေးအဖွဲ့တို့ ပူးပေါင်းပြီး ပြည်သူ့တိုးတက်ရေးပါတီ (People’s Progressive Party) ကိုတည်ထောင် ခဲ့ပါတယ်။
ဦးခင်မောင်မြင့်က ပီကျူလို့ အတိုကောက်ခေါ်ဝေါ်တဲ့ ပီသုံးလုံးပါတီမှာ ဗဟိုကော်မတီဝင် ဖြစ်လာခဲ့တယ်။
၁၉၇၈ ခုနှစ်အတွင်းမှာ ဦးခင်မောင်မြင့်ဟာ ဗကပ မြေအောက်လှုပ်ရှားမှုအတွက်နောက်ထပ် ထိန်းသိမ်းခံခဲ့ရပြီး ၁၉၈၀ ပြည်နှစ်မှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည် လွတ်မြောက်ခဲ့တယ်။
ဒီနောက် ၁၉၈၈ ခုနှစ် သြဂုတ်လ ၈ရက်မှာ ရှစ်လေးလုံးလူထုအုံကြွမှုကြီး ပေါ်ပေါက်ခဲ့ပါတယ်။ ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်မှာ တပ်မတော်က နိုင်ငံတော်အာဏာကို ရယူကာ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည် ဆောက်ရေးအဖွဲ့ကို ဖွဲ့စည်းခဲ့တယ်။ ဒီနောက်မှာ ပါတီစုံရွေးကောက်ပွဲတွေ ကျင်းပရေးအတွက် နိုင်ငံရေးပါတီ တွေ တည်ထောင်ခွင့်ပြုခဲ့ပါတယ်။
ဦးခင်မောင်မြင့်ဟာ ၁၉၈၈ ခုနှစ် နိုဝင်ဘာလအတွင်းမှာ မြန်မာ့နိုင်ငံရေးသမိုင်းမှာ တစ်ချိန်ကရှိခဲ့တဲ့ ပြည်သူ့တိုး တက်ရေးပါတီကို ၎င်းရဲ့ရဲဘော်တစ်စုနဲ့ ပြည်လည်တည်ထောင်ခဲ့ပါတယ်။ အသစ်ပြန်လည်တည်ထောင်ခဲ့တဲ့ ပြည်သူ့တိုးတက်ရေးပါတီမှာ ဦးခင်မောင်မြင့်က ဥကဌအဖြစ် တာဝန်ယူခဲ့ပြီး ဦးလှရွှေ (ကျောင်းသားခေါင်း ဆောင်ဟောင်း) အထွေထွေ အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့တယ်။
ကိုကိုးကျွန်းကို အပို့ခံခဲ့ရ
တကယ်တော့ ဦးခင်မောင်မြင့်ဟာ သူ့ရဲ့ဘဝကို သူ့ရဲ့ယုံကြည်ချက်အတွက် စတေးခဲ့တဲ့ ပရိုဖက်ရှင်နယ် နိုင်ငံရေးသမားတစ်ယောက်၊ ပရိုဖက်ရှင်နယ်တော်လှန်ရေးသမားတစ်ယောက်ပဲ ဖြစ်ပါတယ်။
၁၉၆၃ ခုနှစ်က တော်လှန်ရေးကောင်းစီနဲ့ တောတွင်းလက်နက်ကိုင်အဖွဲ့အစည်းတွေအကြားမှာ ပြည်တွင်း ငြိမ်းချမ်းရေးအတွက် ဆွေးနွေးပွဲတွေလုပ်စဉ်မှာ ငါးခရိုင်ငြိမ်းချမ်းရေး ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့တယ်။ ဦးခင်မောင်မြင့်ဟာ ရန်ကုန်မှာ ကျင်းပခဲ့တဲ့ အဆိုပါငါးခရိုင် ဆန္ဒပြပွဲမှာ ပဲခူးစစ်ကြောင်းကို ဦးဆောင်ချီတက် ခဲ့ပါတယ်။
ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ပျက်ပြားခဲ့ပြီးနောက်မှာတော့ အဆိုပါ ဆန္ဒပြပွဲတွေမှာ ဦးဆောင်ပါဝင်ခဲ့ တဲ့ လက်ဝဲလက်ယာနိုင်ငံရေးသမား အများအပြား ဖမ်းဆီးထိန်းသိမ်းခံခဲ့ကြရတယ်။
ယင်းသို့ ဖမ်းဆီးခံခဲ့ကြရသူတွေထဲမှာ ဦးခင်မောင်မြင့်လည်း ပါဝင်ခဲ့တယ်။ ထိုအကြိမ်က ဖမ်းဆီးခံခဲ့ရစဉ်မှာ ဦးခင်မောင်မြင့်ဟာ ပထမပိုင်းမှာအင်းစိန်ထောင်မှာ နေခဲ့ရပေမယ့် နိုင်ငံရေးအကျဉ်းသားတွေကို ဒုတိယ အကြိမ် ကိုကိုးကျွန်းကို ပို့ခဲ့ရာမှာ ဦးခင်မောင်မြင့်ပါ အပို့ခံခဲ့ရပါတယ်။
ပြည်သူတွေရဲ့ နိုင်ငံရေးဝိညာဉ်တစ်ခုဖြစ်တဲ့ ဦးခင်မောင်မြင့်ဟာ ၁၉၈၈ ခုနှစ် အရေးတော်ပုံကြီးစတင်ခဲ့တဲ့ အချိန်ကစပြီး နိုင်ငံရေးနယ်ပယ်မှာ နည်းမျိုးစုံနဲ့ လှုပ်ရှားခဲ့ပါတယ်။
ဦးခင်မောင်မြင့်ဟာ ၁၉၈၈ ခုနှစ်မှာ ဖွဲ့စည်းခဲ့တဲ့ ဒီမိုကရေစီမဟာမိတ်များအဖွဲ့ (ဒမဖ) ရဲ့ နာယကအဖွဲ့မှာ ဒေါက်တာမောင်မောင်ကျော်၊ ဦးသာလှအောင်တို့နဲ့အတူ ပါဝင်ခဲ့ပါတယ်။ ၁၉၈၉ ခုနှစ်ဇွန်လ ၂၅ ရက်မှာတော့ ဦးခင်မောင်မြင့်နဲ့တကွ ပြည်သူ့တိုးတက်ရေးပါတီ ဗဟိုကော်မတီအားလုံး အဖမ်းခံခဲ့ ကြရပါတယ်။
ထိုအကြိမ် ဖမ်းဆီးခံရစဉ်မှာ ဦးခင်မောင်မြင့်ဟာ ထောင်ဒဏ်အနှစ်၂၀ ကျခဲ့ပါတယ်။ ၁၉၉၃ ခုနှစ်ဖေဖော်ဝါရီ ၁၆ ရက်မှာတော့ ဦးခင်မောင်မြင့်ဟာ အင်းစိန်ထောင်မှာပဲ ကွယ်လွန်ခဲ့ပါတယ်။ ထိုနှစ် အတွင်းမှာပဲ ဦးခင်မောင်မြင့်ရဲ့ ရဲဘော်တွေဖြစ်ကြတဲ့ ကိုညိုဝင်း (ရန်ကုန်တက္ကသိုလ်ကျောင်းသား ညီညွှတ်ရေး၊ တပ်ဦး ဥကဌဟောင်း)၊ ကိုစိန်ဝင်း (သုံးခွ) ၊ ကိုတင်မောင်ဝင်း (ခရမ်း) နဲ့ ဦးစိုးဝင်းတို့ဟာလည်း ကွယ်လွန်ခဲ့ကြပါတယ်။
တကယ်တော့ ဦးခင်မောင်မြင့်ဟာ မိမိရဲကဘဝတစ်ခုလုံးကို မိမိယုံကြည်ချက်အပေါ် အမှန်တရား အပေါ်မှာ သာ တည်ဆောက်ခဲ့သူ ဖြစ်တယ်။
သူဟာ ဘယ်နေရာဘယ်ဒေသကို ရောက်ရောက် အမှန်တရားအတွက် တိုက်ပွဲဝင်ခဲ့သူပါ။ ကိုကိုးကျွန်းကို ရောက်နေစဉ်မှာပင် ငါးပိပုပ်တိုက်ပွဲ၊ ကိုယ်ထူကိုယ်ထ စနစ်ဖျက်သိမ်းရေးတိုက်ပွဲတွေကို ဦးဆောင် တိုက်ပွဲဝင် ခဲ့ပါတယ်။
ကိုကိုးကျွန်းကိုရောက်စဉ်မှာ အကျဉ်းသားတွေ အခွင့်အရေးနဲ့ ပတ်သက်ပြီး တိုက်ပွဲ ဝင်နေစဉ်မှာ ရန်ကုန်မှ အဆင့်မြင့်အရာရှိကြီး တစ်ဦး ကိုကိုးကျွန်းကို ရောက်လာခဲ့တယ်။ ထိုအရာရှိကြီးက ဦးခင်မောင်မြင့်ကို တွေ့ချိန်မှာ မာကြောင်း သာကြောင်းတွေမေးကာ ပဋ္ဋိသန္ဓာစကားတွေ ပြောခဲ့ပါတယ်။
ထိုအခါမှာ ဦးခင်မောင်မြင့်က “ခင်ဗျားနဲ့ ကျုပ်ရဲ့အကြားမှာ လူမှုရေးအရ ဆက်ဆံစရာ ဘာမှမရှိဘူး။ ကျုပ်တို့ တောင်းတဲ့အချက်တွေပေးမလား မပေးဘူးလားဆိုတာသာပြော၊ မပေးနိုင်ရင်ပြန်တော့” လို့ ခပ်ပြတ်ပြတ် ပြန်ပြောခဲ့သူပါ။
၁၉၇၈ ခုနှစ်အတွင်းမှာတော့ ထိုအချိန်က တိုင်းပြည်ရဲ့ နံပတ်တစ် ဖြစ်သူ သမ္မတကြီး ဦးနေဝင်းဟာ ဂျပန်တော်လှန်ရေးကာလတုန်းက တိုင်း၂ ဒေသဖြစ်ခဲ့တဲ့ မြို့တွေကို ခရီးလှည့်ခဲ့ပါတယ်။
ဦးနေဝင်းဟာ ထိုစဉ်က တိုင်း၂ ဌာနချုပ်လုပ်ခဲ့တဲ့နေအိမ်က မိသားစုဝင်တွေကို ခေါ်တွေ့ခဲ့ပါတယ်။ ဦးနေဝင်း ဟာကိုခင်မောင်မြင့်ရဲ့အစ်မကို ခေါ်တွေ့ပြီး နေရေးထိုင်ရေး အခြေအနေတွေကို မေးခဲ့ပါတယ်။
ဒါ့အပြင်တော်လှန်ရေးကာလက သူတို့အတွက်ဆက်သားလုပ်ပေးခဲ့တဲ့ ကိုခင်မောင်မြင့်ကိုလည်း သတိတရနဲ့ “ကုလားရော၊ ကုလားဘယ်ရောက်နေလဲ” လို့မေးခဲ့ပါတယ်။ ဒါ့အပြင်ဦးနေဝင်းက ဦးခင်မောင်မြင့်ရဲ့ အစ်မတွေ ကို “လိုအပ်တဲ့ အကူအညီတွေတောင်းဖို့ ရန်ကုန်လာပြီး မိမိနဲ့ လာတွေ့ဖို့” မှာခဲ့ပါတယ်။
ထိုကိစ္စနှင့် ပတ်သက်ပြီး အစ်မဖြစ်သူတွေက ဦးခင်မောင်မြင့်ထံလာရောက် တိုင်ပင်ခဲ့ကြတယ်။
ထိုအခါမှာ ဦးခင်မောင်မြင့်က “သူနဲ့သွားတွေ့ဖို့ မတွေ့ဖို့ကတော့ အစ်မတို့ ဘာသာဆုံးဖြတ်ပါ။ ဒါပေမယ့် သူ့ကိုသွားတွေ့ခဲ့မယ်ဆိုရင်တော့ ငါ့ကို တစ်သက်လုံးလာမတွေ့နဲ့တော့ ငါသေလည်း မလာခဲ့နဲ့တော့” လို့ ပြောဆိုခဲ့ပါတယ်။
သံမဏိသူရဲကောင်းတစ်ယောက်ဖြစ်တဲ့ သူ့လိုလူမျိုးတွေကို နောက်ထပ်ကျွန်တော်တို့ ဘယ်နေရာမှာ ရှာတွေ့ဦး မှာပါလဲ။
ဝင်းထွဋ်ဇော်
ပြည်သူ့ခေတ်ဂျာနယ် ။ အတွဲ ၃၊ အမှတ် ၁၁၆ မှ

ခွေးစကား

0 comments
(ခွေးစကား)
ကျနော့်တွင် ခွေးလေး ၂ ကောင်ရှိသည့်အကြောင်းနှင့် သူတို့အား တိရိစ္ဆာန်စွန့်ပစ်ဂေဟာမှ ကောက်ယူမွေးမြူခဲ့ကြောင်း ပြောခဲ့ဖူးပါသည်။ ထိုမျှမက ထို ၂ ကောင်၏ အကျင့်စရိုက်ကလေးများနှင့် မတူသည့်သဘာဝလေးများကိုလည်း ကွက်ကွက်ကွင်းကွင်း ပြောခဲ့ဖူးပါသည်။
အငယ်ကောင်ရော့ကီက အစားမက်သလောက် အကြီးကောင်အဇ္ဇီက အကစားမက်ပါသည်။ တခါတလေ သူတို့ မုတ်ဆိတ်ပျားစွဲပြီး အမဲရိုးအစစ်များ ဖောချင်းသောချင်းရှိသည့်အခါမျိုးတွင် အငယ်ကောင်က တချောင်းပြီးတချောင်း ပြောင်းပြောင်းကာ ကောင်နိုးရာရာ လိုက်လိုက်ကိုက်သော်လည်း အကြီးကောင်ကမူ တချောင်းဆိုတချောင်း စွဲစွဲမြဲမြဲကိုက်လေ့ရှိပါသည်။ ယခု ကျနော် အမဲရိုးရပုံရနည်းနှင့် သူတို့အားအစားအသောက်ကျွေးပုံကို စကားထား၍ပြောချင်ပါသည်။
ကျနော်တို့ဖို့တ်ဝိန်းမြိ့ုကလေးတွင် ဗမာပြည်ဖွားများ သောင်းဂဏန်းနီးနီးရှိပါသည်။ ကျော်လျှင်ကျော်နိုင်သော်လည်း ထို့ထက်တော့မလျော့ပါ။ ထိုသူများအနက် အစ္စလာမ်ဘာသာဝင်အများစုမှာ ကျနော်နေသည့် မြိ့ုတောင်ဘက်ပိုင်းတွင် အနေများပါသည်။ အမေရိကန်မြို့တွေ၏ ထူးခြားချက်မှာ မြိ့ုတိုင်းလိုလိုတွင် တောင်ဘက်ပိုင်း၌ ချို့တဲနွမ်းပါးသူများနှင့် အာဖရိကန်အမေရိကန်များ အနေများပါသည်။ လူအမျိုးလည်း ပိုစုံပါသည်။ ထို့ကြောင့် မြိ့ုတောင်ဘက်ပိုင်းတွင် နိုင်ငံတကာအစားအသောက်များ အလျှံပယ်ဝယ်၍ရသလို ဈေးလည်း အလွန်သင့်ပါသည်။။ Cultural Diversity ပိုဖြစ်သည်ဟုပြောရမည်ထင်ပါသည်။
မြန်မာပြည်ဖွား အစ္စလာမ်ဘာသာဝင်အများစု ဖို့တ်ဝိန်းမြိ့ုတောင်ဘက်အခြမ်း၌ အနေများရခြင်းမှာ အခြားအကြောင်းအရာများထက် သူတို့ဝတ်ပြုရာဗလီကျောင်းရှိသလို ကလေးများအတွက် အာရဗီစာသင်ပေးသည့် ကျောင်းကလေးများရှိခြင်းကြောင့်လည်းဖြစ်ပါသည်။ ထို့ကြောင့် အစ္စလာမ်ဘာသာဝင်မိသားစုများပိုင်သည့်ကုန်စုံဆိုင်နှင့် စားသောက်ဆိုင်များရှိနေသည်မှာလည်း ထူးဆန်းသည့်အကြောင်း မဟုတ်တော့ပါ။ အစ္စလာမ်ဘာသာဝင်တို့သည် သူတို့၏ယုံကြည်မှုအရ အသေသား စားဓလေ့မရှိကြပါ။ အမဲ ဆိတ် သိုး ကြက် ဘဲ စသည်တို့အား ဟလ္လာလ် Scarified လုပ်ပြီးမှစားပါသည်။ ထိုဟလ္လာလ်သားသည် အခြားဆိုင်များထက် ဈေးအတန်ငယ်ပိုသော်လည်း ထိုဆိုင်များတွင်သာအရများသဖြင့် ဝယ်သူတို့မတွန့်မတို ဝယ်ကြပါသည်။
ကျနော်တို့ အင်ဒီယားနားပြည်နယ်တွင် အားမစ်ရှ် Amish ရွာများရှိပြီး ဖို့တ်ဝိန်းမှ နာရီဝက် ၄၅ မိနစ်လောက်မောင်းလျှင် အားမစ်ရှ်ရွာများ ရောက်ပါသည်။ ကျနော် သူတို့အကြောင်း သုံးလေးပုဒ်ခန့် ရေးဖူးပါသည်။ ထိုရွာများတွင် ကြက် ဝက် နွား မြင်း ဆိတ် သိုး ဘဲငန်းစသည်တို့ မွေးပါသည်။ အကောင်လိုက်ရောင်းပြီး ဈေးလည်းအလွန်ချိုပါသည်။ ထို့ကြောင့် ဗမာပြည်ဖွားအစ္စလာမ်ဘာသာဝင်များက နွေဦးပေါက် နွေနှင့် ဆောင်းဦးပေါက်များတွင် ထိုရွာများသို့သွားကာ နွား ဆိတ် သိုး ကြက် ဘဲငန်းစသည်တို့ဝယ်ကာ ထိုရွာများ၌ ပေါ်ကာ လေးဘက်ချခုတ်ထစ် ပိုင်းတစ်ပြီး အိမ်ပြန်သယ်သယ်လာကြပါသည်။ တနွေလုံးနှင့် တဆောင်းဦးပေါက်စားပြီးနောက် အထုတ်များထုတ်ကာ Deep Freezers တွင် လှောင်၍ တဆောင်းစာသိုမှီးကြပါသည်။ ထိုသို့ကိုယ်တိုင်ပေါ်စားသဖြင့် အသားလည်း လတ်လတ်ဆတ်ဆတ်စားရသလို အကုန်အကျလည်း နည်းကာ တွက်ခြေလည်းကိုက်ကြပါသည်။ ဆိတ်တကောင် ၃ ရာ ဆိုပါက ၃ ဦးစပ်ပေါ်ပြီး သုံးပုံ ပုံကာ ဆုံစားမျှစား ကြပါသည်။ ဝိုင်းလုပ် ဝိုင်းစား ဆန်ပါသည်။ သူတို့ရသည့် တရာဖိုးဝေပုံကျမှာ ဆိုင်တွင်ဝယ်စားပါက ၂ ရာဝန်းကျင်ခန့်ကျပါသည်။ မိမိဘာသာတယောက်တည်း သွားပေါ်ပြီးမှ အချင်းချင်း ပြန်ရောင်းသည်လည်း ရှိပါသည်။ ဘယ်လိုပဲဖြစ်ဖြစ် ဆိုင်တွင်ဝယ်စားရသည်ထက် ဈေးသက်သာကာ လတ်ဆတ်ပြီး ဝမ်းတွင်းသားများလည်း လှိုင်လှိုင်စားကြရပါသည်။
ကျနော်က သူတို့ နွား ဆိတ် သွားပေါ်သည့်အခါ တခါတရဲ သူတို့ထံမှ အသားဝယ်စားတတ်ပါသည်။ စားအိုးသေးသဖြင့် ၅ ဆယ်ဖိုးလောက် ဝယ်ထားလျှင် တမေ့တမြောစားရပါသည်။ သူတို့ ထိုသို့ အမဲပေါ်သွားလျှင် ကျနော်က အသားနွှင်ယူပြီး ပစ်ခဲ့မည့်အရိုးကြီးများထဲမှ တချောင်း နှစ်ချောင်းလောက် ယူလာပေးရန်ပြောရပါသည်။ သူတို့ကလည်း မငြီးမငြူယူလာပေးပါသည်။ တယောက်ဆိုလျှင် အသားများစွာ ကပ်ကျန်နေသေးသည့် ခါးရိုးလိုအရိုးများပင် ကျနော့်အား အလကားပေးပါသည်။ ထိုခါးရိုး ပေါင်ရိုးများကို စက်ဖြင့်ပိုင်း၍ အိုးကြီးများတွင် အရိုးမြည့်သည်အထိပြုတ်ကာ နော်လာခန်ဂျီခေါ်အမဲရိုးစွပ်ပြုပ်လုပ်သောက်ပါက အလွန်အရသာရှိပြီး ခွန်အားလည်းဖြစ်စေပါသည်။ ထိုအရိုးလိုအရိုးများ ကျနော့်အား အလကားပေးသည့်အခါ ကျေးဇူးတင်ရပါသည်။
ကျနော်က ရလာသည့် အရိုးကြီးများအား လွှစက်ဖြင့် အလောတော်အရွယ်ပိုင်းဖြတ်ကာ အကျယ် ၃ထွာဆိုင်၊ တတောင်ကျော် ဇောက်ရှိသည့် အိုးထဲထည့်ကာ ဆားဆနွင်းများဖြင့် အသားကြေကာ ရိုးတွင်းချဉ်ဆီများ အကုန်ကျသည်အထိ ပြုတ်ပါသည်။ ထိုအသားပြုတ်ရည်မှာ ဂျင်း စပါးလင် ကြက်သွန်ဖြူ နာနတ်ပွင့်စသည့် ဟင်းခပ်အမွှေးအကြိုင်များ ထည့်လိုက်လျှင် တအိမ်လုံးမွှေးမဆုံးပါ။ သောက်၍လည်း အလွန်ကောင်းပါသည်။ ပေါင်မုန့် နံပြားစသည်တို့နှင့် လိုက်ဖက်သဖြင် ကျနော်တို့လင်မယားလည်း တခါတခါ ထိုသားပြုတ်ရည် လုပ်သောက်ကြပါသည်။ ထိုသားပြုတ်ရည်မျိုးသောက်တိုင်း ရာဟုလာသံကိစ္စည်းရေးသည့် ဗော်လဂါမှဂင်္ဂါသို့စာအုပ်ပါ ဗြဟ္မဏတို့ခေတ်က အမဲသားပြုတ်ရည် သားပြွမ်းရည် နွားကလေးသားချိုချိုတို့ကို အားပါးတရသုံးဆောင်လေ့ ရှိကြကြောင်းနှင့် နှောင်းပိုင်းကာလများရောက်မှ ဟိန္ဒူအမျိုးသားတို့ အမဲသားရှောင်ကျဉ်သည့်အလေ့ ဝင်လာကြောင်းကိုရေးသားထားသည်ကိုလည်း ပြန်အမှတ်ရမိပါသည်။ အလားတူပင် အမဲသားမစားရေး အမဲသားရှောင်ကျဉ်ရေး တိုင်းပြည်ပတ် တရားဟောတော်မူခဲ့သော လယ်တီဆရာတော်ဘုရားကြီးလည်း စိတ်မှတ်ထဲဝင်လာပါသည်။ ထို့နည်းတူ အမဲသတ်လိုင်စင် ကိုင်ထားကြသည့် မဘသ အစွန်းရောက်ဘုန်းကြီးများနှင့် ပါဏာတိပါတာကံအကြောင်းလည်း စိတ်ကရောက်ပါသည်။
ကျနော်က ဟင်းခပ်အမွှေးအကြိုင်မပါသည့် သားပြုတ်ရည်ကို ခွေးလေးများအား ထမင်းနှင့် နယ်ဖတ်ကျွေးပါသည်။ အရည်ချည်းတော့ ဘယ်သောအခါမှ မတိုက်ပါ။ အသားကလည်းလည်း လတ်လတ်ဆတ်ဆတ် လေးလေးပင်ပင်ဆိုတော့ သူတို့ အလွန်ကြိုက်ကြပါသည်။ ခွေးစာအစားထိုးကျွေးသည့်သဘော ပိုက်ဆံချွေတာရာရောက်သည့်အပြင် အာဟာရတန်ဖိုးလည်းကြီးပါသည်။ သူတို့လည်း သားပြုတ်ရည် တန်ခိုးကြောင့် ကျန်းမာဝဖြိုးကြပါသည်။ နွေဆိုလျှင် နှစ်ကောင်လုံး တသွေးတမွေး ဖင်တလုံး တင်တလုံးနှင့် ဝဝကစ်ကစ်လေးတွေ ဖြစ်နေကြပါသည်။ တခါများ ကိုယ်အလေးချိန်တက်လာသဖြင့် သူတို့ဆရာဝန်က အမဲစွပ်ပြုတ်မကျွေးရန် တားဖူးပါသည်။ အသားပြုတ်ရည်ကို ထမင်းနှင့် နယ်ကျွေးသလို အရိုးများလည်း သူတို့ကိုက်ရပါသည်။ ဆိုင်တွင် Raw Hide ဆိုသည့်အရိုးတုများဝယ်၍ရသော်လည်း ဈေးကြီး ပါသည်။ နောက်ပြီး သူတို့ ကိုက်ဝါးစားပစ်လိုက်လျှင်လည်း ခနနှင့်ကုန်ပါသည်။ ရေရှည်တွင် မတတ်နိုင်ပါ။
ခွေးလေးတွေ အမဲရိုးအမာကြီးအား မရမက ကိုက်ဖဲ့နေသည်ကိုတွေ့တိုင်း လူ၏ ကာမတဏှာ ကိလေသာစိတ်(လိင်စိတ်)နှင့်နှိုင်းကာ ဆုံးမ စကားဆိုသည်များကိုလည်း ပြန်ကြားယောင်မိပါသည်။ ထိုသူတို့အဆိုတွင် ခွေးသည် အသားစမှမရှိ ဘာအရသာမှမရှိတော့သည့်အမဲရိုးအား သူ့လျှာဖြင့်လျှက်ကာ တံတွေးဖြင့်စွတ်စိုစေပြီး ထိုမရှိသည့်အရသာကို မက်မက်မောမောခံစားနေသည့်သဘော ပြောခြင်းဖြစ်ပါသည်။ ထိုသို့ ပြောဖြင်းမှာ ဆိုဆုံးမဖြင်းထက် လူ၏ကိလေသာစိတ် ကာမစိတ်(လိင်စိတ်)တောင့်တမှုကို အမဲရိုးကိုက်သည့်ခွေးနှင့်နိုင်းကာ ချိုးချိုးဖဲ့ဖဲ့ စကားတင်းဆိုခြင်းဟု ကျနော်က မှတ်ယူမိပါသည်။ မခိုင်းနှိုင်းကောင်းသည်ကို မသိသားဆိုးရွားစွာခိုင်းနှိုင်းခြင်းဟုလည်း မြင်ပါသည်။
အမှန်က ခွေးသည် အမဲရိုးကိုကိုက်ရခြင်း၌ အကြောင်း ၂ မျိုးရှိပါသည်။ တမျိုးမှာ အစားအရသာခံရန်ဖြစ်ပြီး နောက်တမျိုးမှာ သွားကျန်းမာရေးအတွက်ဖြစ်ပါသည်။ သွားကျန်းမာရေးဆိုရာ၌ ၂ ခုရှိပြန်ပါသည်။ ပထမ တခုမှာ သွားများ ကြံ့ခိုင်သန်စွမ်းနေရန် အားရှိ တောင့်တင်းနေစေရန်ဖြစ်ပြီး နောက်တခုမှာ သွားစွယ် သွားတက်များ လိုသည်ထက်ပိုမရှည်လာစေရန် ဖြစ်ပါသည်။ ထို ဒုတိယအကြောင်းက ပိုအရေးပါပါသည်။ အရိုးအမာများ မကိုက်ရသဖြင့် သွားစွယ်သွားတက်များ ရှည်ထွက် ချွန်တက်လာပါက ထိုအစွယ်အတက်များ အထက်အောက် သွားဖုံးများနှင့်ထောက်ကာ သွားဖုံးအနာဖြစ်ခြင်း ရေစီးကမ်းပြိုလိုက်ခြင်းများဖြစ်ပါသည်။ ထို့ကြောင့် ခွေးများသည် အရိုးမာများကို တမင့်ကိုကိုက်ပေးနေရသည်ဟု တိရိစ္ဆာန်ဆရာဝန်ကရှင်းပြဖူးပါသည်။ ထိုအခြင်းအရာကို လူ့ကိလေသာ ကာမတဏှာတို့အကြောင်းနှင့် ခိုင်းနှိုင်းပြောသူများ သိဟန်မတူကြပါ။ သိလျှင် ဘာပြောကြမည်ကိုလည်း ကျနော် မသိပါ။
တကယ်တော့လူတွင် ကာမတဏှာပြောပြော ကိလေသာစိတ်ဆိုဆို ထိုစိတ်ရှိခြင်းနှင့် ထိုစိတ်တောင့်တတပ်မက်ခြင်းမှာ ရှိကောင်းသောအရာ ဖြစ်ပါသည်။ အလွန်အကျွံဖြစ်ခြင်းမဖြစ်ခြင်းဟု ဆိုရာ၌လည်း အလွန်အကျွံနှင့် အလောတော်ကို ဘာနှင့်တိုင်း၍ ဘယ်သူကဆုံးဖြတ်မည်မှန်း ကျနော်မသိပါ။ ကျနော် မသိသည့်ကိစ္စကို ဘာမှမပြောလိုသော်လည်း လူတွင် အနုပညာ၊ နိုင်ငံရေးနှင့်လိင်စိတ်ဆိုသည်မှာ မရှိမဖြစ်ကိစ္စများ ဖြစ်ကြောင်းနှင့် လူသားဖြစ်တည်မှုနှင့် လောကတည်တန့်မှုတို့အတွက် အရေးကြီးသည့်အရာများဖြစ်ကြောင်းတော့ ကျနော်ပြောနိုင်ပါသည်။
မျိုးမြင့်ချို ဖေဖော်ဝါရီ ၁၄၊ ၂ဝ၂ဝ

သခင်ဗဟိန်း(၁၉၁၇-၂ဝ၁၇) အထ္ထုပ္ပတိ

0 comments
သခင်ဗဟိန်း(၁၉၁၇-၂ဝ၁၇) အထ္ထုပ္ပတိ (မိုးမခ) ဇွန် ၂၃၊ ၂၀၁၇
ထွန်းဝင်းငြိမ်း ပြုစုသည်

သခင်ဗဟိန်းကို ၁၉၁၇ ခုနှစ် ဇွန်လ ၂၇ ရက် ဗုဒ္ဓဟူးနေ့တွင် စစ်ကိုင်းခရိုင် အင်းဝမြို့ကိုင်းတန်းရပ်၌ အဘပွဲစားကြီးဦးမှင်၊ အမိဒေါ်ဒေါ်ဦးတို့မှ ဖွားမြင်ခဲ့သည်။ အင်းဝမြို့ မူလတန်းကျောင်းမှ လေးတန်းအောင်မြင်ခဲ့ပြီး၁၉၃၅ ခုနှစ်တွင် မန္တလေးမြို့ အမျိုးသားအထက်တန်းကျောင်းမှ တက္ကသိုလ်ဝင်တန်းကိုအင်္ဂလိပ်၊ မြန်မာစာ၊ ရာဇဝင်ဘာသာရပ်များတွင် ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည်။ အထက်တန်းကျောင်းသားဘဝမှစ၍ ကျောင်းသားလှုပ်ရှားများတွင် ရှေ့တန်းကပါဝင်ဆောင်ရွက်ခဲ့သည်။
၁၉၃၅-၃၇ တွင် မန္တလေးဥပစာကောလိပ်၌ ပညာဆက်သင်ခဲ့သည်။ ၁၉၃၆-၃၇ တွင် အိုင်အေအထက်တန်းကို ဗမာတနိုင်ငံလုံးပထမရပြီးပါဠိဘာသာဂုဏ်ထူးဖြင့် အောင်ကာ၊ ၁၉၃၅-၃၆ ခုနှစ်၊ မန္တလေးဥပစာကောလိပ် ကျောင်းသားသမဂ္ဂခေါင်းဆောင်အဖြစ် ၁၉၃၆ ကျောင်းသားသပိတ်ကိုဦးဆောင်ခဲ့သည်။ ၁၉၃၇ ခုနှစ် မေလတွင် ပဏ္ဍစ်ဂျဝါဟာလာနေရူး မန္တလေးသို့ လာရောက်သည့် အခမ်းအနားတွင် ဧည့်ခံကော်မတီ၏ သဘာပတိအဖြစ် တင်မြှောက်ခံရသည်။ သခင်ဗဟိန်း ရာပြည့်အခမ်းအနား (ရန်ကုန်) က ထုတ်ဝေဖြန့်ချိမယ့် သခင်ဗဟိန်းအထ္ထုပ္ပတ္တိ ပါဝင်တဲ့ Pumphlet ဖြစ်ပါတယ်။
၁၉၃၇ ခုနှစ် ဇွန်လတွင် ရန်ကုန်တက္ကသိုလ်သို့ ရောက်ရှိခဲ့သည်။ ဘီအေတက်နေစဉ် ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌအဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံရသည်။ ၁၉၃၈ ခုဧပြီလတွင်ပုသိမ်မြို့၌ကျင်းပသော ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများကွန်ဖရင့်တက်ရောက်ခဲ့သည်။ ဗကသမှထုတ်ဝေသည့် မျိုးညွန့်မဂ္ဂဇင်းအယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့သည်။ မြန်မာသက္ကရာဇ် ၁၃ဝဝ ပြည့် အရေးတော်ပုံကြီးတွင် ရေနံမြေ အလုပ်သမားသပိတ်တပ်ကြီးသည် မကွေးမြို့တွင်ပိတ်မိနေစဉ်ရန်ကုန်သို့ ချီတက်အရေးဆိုနိုင်ရေးအတွက် ကိုဗဟိန်းခေါင်းဆောင်သည့် ကျောင်းသားများက ဝင်ရောက်ကူညီခဲ့သည်။
သပိတ်တပ်သားများကို တရားဟောနေစဉ်မြင်းခွာတချက်ပေါက်ရင် မီးဟုန်းဟုန်းတောက်စေရမယ်ဟု ရဲရဲတောက်စကား ပြောကြားခဲ့သည်။ ပြောခဲ့သည့်အတိုင်း ၁၃၀၀ ပြည့် အရေးတော်ပုံကြီးပေါ်ပေါက်လာပြီးသပိတ်မီးသည် တနိုင်ငံလုံးကူးစက်ကာ မီးဟုန်းဟုန်းတောက်သွားသည်အထိပျံ့သွားခဲ့သည်။ သို့အတွက် ကိုဗဟိန်းနှင့် ကိုဗဆွေတို့ကိုမကွေးမြို့တွင်ဖမ်းဆီးကာ နယ်ချဲ့အစိုးရက ထောင် ချခဲ့သည်။
၁၉၃၉ ခုနှစ် နှစ်ဆန်း အင်းစိန်ထောင်၌နေရစဉ် ဓနရှင်လောက၊ ကျောင်းသားအရေးတော်ပုံ၊ ကမ္ဘာစစ်နှင့်ဗမာ့နောင်ရေး စသည့် စာအုပ် အုပ် ရေးသားခဲ့သည်။ နိုင်ငံရေးစာပေသာမက ရသစာပေ၊ ဝတ္ထု၊ ဆောင်းပါးများကိုဒဂုန်မဂ္ဂဇင်း၊ နဂါးနီဂျာနယ်နှင့် လက်ရွေးစင်မဂ္ဂဇင်းတို့တွင် ရေးသားခဲ့သည်။ စာရေးကောင်းသူ အနုပညာအားကောင်းသူအဖြစ် အသိအမှတ်ပြု ကြသည်။
၁၉၃၉ ခု သြဂုတ် ၁၅ တွင် မြေနီကုန်း၊ မြေနုလမ်း၊ အမှတ် ၁၄ ရှိကိုဗဟိန်းအိမ်တွင် သခင်အောင်ဆန်း၊ သခင်ဗဟိန်း၊ သခင်လှဖေ (ဗိုလ်လကျင်္ာ) သခင်စိုး၊ သခင်ဗိုလ်၊ ရဲဘော်ဘတင် (ရဲဘော် ဂိုရှယ်) ဒေါက်တာနတ် (ရဲဘော်ထွန်းမောင်) တို့နှင့် အတူ ဗမာပြည်ကွန်မြူနစ်ပါတီကိုစတင်ဖွဲ့စည်းထူထောင်ခဲ့သည်။
ကိုဗဟိန်းသည် ဒုတိယလမ်းစဉ်သမားဖြစ်သော်လည်း နောင်တွင် တတိယ လမ်းစဉ် မှန်ကန်သည်ကိုလက်ခံကာ တော်လှန်ရေးလုပ်ငန်းများတွင် တက်ကြွစွာ လိုက်ပါဆောင်ရွက်ခဲ့သည်။ ပြောင်းလဲလာသည့်ကမ္ဘာ့နိုင်ငံရေး၊ ဗမာ့နိုင်ငံရေးအခြေအနေတို့ကြောင့် ဘီအေ အထက်တန်းစာမေးပွဲကိုမဖြေဆိုတော့ဘဲ ဒို့ဗမာအစည်းအရုံးသို့ဝင်ရောက်ကာ သခင်ဘွဲ့ခံယူခဲ့သည်။
၁၉၄ဝ ခုမတ်လတွင် သခင်အောင်ဆန်း၊ သခင်သန်းထွန်း၊ သခင် ဗဟိန်း၊ သခင်ခင်အောင်၊ သခင်တင်မောင် (ပန်းတနော်) သခင်အုန်းမြင့်တို့ ပါဝင်သောအဖွဲ့သည် အိန္ဒိယနိုင်ငံ ရမ်းဂါး ညီလာခံသို့ တက်ရောက်ခဲ့သည်။ ခေါင်းဆောင်ကြီး မဟတ္တမဂန္ဒီအပါအဝင် အိန္ဒိယနိုင်ငံရေးခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ထိုနှစ်ထဲတွင် ဆရာအတတ်သင်ကျောင်းသူ မခင်ကြီးနှင့် လက်ထပ်ခဲ့သည်။ သခင်ဗဟိန်းသည် ၁၉၄၁ မတ်လ ၁ဝ ရက်တွင် ပဲခူးမြို့၌ကျင်းပသော ဉ္စမအကြိမ်မြောက် နိုင်ငံလုံးဆိုင်ရာ ဒို့ဗမာအစည်းအရုံးဒုတိယအစည်းအဝေးမှ ဗဟိုမြေအောက်တော်လှန်ရေးအဖွဲ့ (Underground Unit) ဝါဒပြန့်ပွားရေးတာဝန်ခံအဖြစ် တာဝန်ပေးခံရသည်။ ထိုတာဝန်အရအရေးတော်ပုံ၊ ဗမာ့တော်လှန်မှု၊ မီးပွားစာစောင်များကိုကွန်မြူနစ်ပါတီအမည်ဖြင့် လျှို့ဝှက်ဖြန့်ဝေခဲ့သည်။
၁၉၄၁ ခုနှစ် မေလတွင် ဦးချစ်မောင် အယ်ဒီတာချုပ်လုပ်သည့် မြန်မာ့အလင်းသတင်းစာတွင် ဘာသာပြန်အယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့သည်။ လျှို့ဝှက်တာဝန်များကို ထမ်းဆောင်နေစဉ် ၁၉၄၁ အောက်တိုဘာလတွင် ဗြိတိသျှအစိုးရ၏ ဖမ်းဆီးခြင်းခံခဲ့ရသည်။ နယ်ချဲ့အစိုးရ၏ ရန်သူတော် နံပါတ် () အဖြစ် သတ်မှတ်ခြင်းခံရသူဖြစ်သည်။ ၁၉၄၁-၄၂ တွင် မော်လမြိုင်၊ သာယာဝတီ၊ မန္တလေးထောင်များတွင် အကျဉ်းချခံခဲ့ရသည်။ မန္တလေးထောင်ပွင့်သွားသည့်အချိန်မှ လွတ်မြောက်လာခဲ့သည်။ ထောင်မှလွတ်လာပြီးဖက်ဆစ်ဆန့်ကျင်ရေးလုပ်ငန်းများကိုဇောက်ချလုပ်ကိုင်ခဲ့သည်။
ဂျပန်ခေတ် ဗမာအစိုးရအဖွဲ့ဝင်နိုင်ငံခြားရေးဝန်ကြီး သခင်နုလက်အောက်တွင် ဒုတိယအတွင်းဝန် အဖြစ်ဆောင်ရွက်ခဲ့သည်။ ဂျပန်ခေတ်၌ ဆရာကြီး သခင်ကိုယ်တော်မှိုင်းတို့ ဦးဆောင်သည့် တခုတည်းသော တရားဝင်နိုင်ငံရေးအဖွဲ့အစည်းဖြစ်သည့် ရန်ကုန်မြို့ ဂွတ္တလစ်ရပ်ရှိ ဒို့ဗမာဆင်းရဲသားအစည်းအရုံး ဌာနချုပ်သို့ မကြာခဏသွားရောက်လေ့ရှိပြီး ဖက်ဆစ်ဆန့်ကျင်ရေးလုပ်ငန်းများကို လျှို့ဝှက်ဆောင်ရွက်ခဲ့သည်။
ဖက်ဆစ်တော်လှန်ရေးဆောင်ရွက်ရန်သခင်ဗဟိန်းသည် ဇနီးသည် မခင်ကြီး၊ သခင်ဗသိန်းတင်တို့နှင့်အတူ ကွမ်းခြံကုန်းမြို့နယ် အင်းဂလုံးရွာတွင် သခင်စိုးပို့ချသော မာ့က်စ်ဝါဒသဘောတရားသင်တန်းရက် ၂ဝ ကျော် တက်ခဲ့ကြသည်။ ရန်ကုန်ပြန်ရောက်ပြီး ၁၉၄၄ ခုနှစ် သြဂုတ်လဆန်းတွင် သခင်ဗဟိန်းတို့ ဇနီးမောင်နှံသည် ဖက်ဆစ်တော်လှန်ရေးအတွက် တောင်ငူနယ်သို့ ထွက်ခွာခဲ့ကြသည်။
၁၉၄၄ ခုနှစ် သြဂုတ်လ ပထမပတ်တွင် ပဲခူးမြို့ စံပြတပ်ရင်း၌ဖွဲ့စည်းခဲ့သော ဖက်ဆစ်တိုက်ဖျက်ရေး၊ ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ် (ဖတပလ) က ဖက်ဆစ်တော်လှန်ရေးအတွက် စစ်တိုင်း (၁ဝ)တိုင်း သတ်မှတ်ခဲ့သည်။ တိုင်းအလိုက်ခေါင်းဆောင်များကိုရွေးချယ်ရာတွင် တိုင်း () အတွက် စစ်ရေးခေါင်းဆောင်အဖြစ် ဗိုလ်ချုပ်အောင်ဆန်းနှင့် နိုင်ငံရေးခေါင်းဆောင်အဖြစ် သခင်ဗဟိန်းကို ရွေးချယ်ခဲ့သည်။
သခင်ဗဟိန်းသည်တောင်ငူနယ်တွင် ဖက်ဆစ်တော်လှန်ရေးအတွက် အတွေးအခေါ်၊ သဘောတရားသင်တန်းများကို မရပ်မနားပို့ချခဲ့သည်။ ပို့ချခဲ့သောဘာသာရပ်များမှာ လွပ်လပ်ရေးကြေညာစာတမ်း နှင့် ၂၊ တော်လှန်ရန် စိုင်းပြင်းကြစို့၊ ကရင်-ဗမာသွေးစည်းရေး၊ ပြောက်ကျား စစ်၏နည်းသစ်များ၊ လျှို့ဝှက်ရေးကို မည်သို့ကျင့်သုံးမည်နည်း စသည့်စာတမ်းများဖြစ်ကြသည်။ သခင်ဗဟိန်း၏ အောင်မြင်သောစည်းရုံးရေးတခုမှာ သူကိုယ်တိုင် ပြုစုရေးသားပြီး သင်ကြားပို့ချခဲ့သည့် ကရင်-ဗမာသွေး စည်းရေးစာတမ်းဖြစ်သည်။ ထိုစာတမ်းကြောင့် အရှေ့ရိုးမတွင် ကရင်-ဗမာညီညွတ်ရေးသာမက လူမျိုးစုံသွေးစည်းညီညွတ်ရေး အားကောင်းခဲ့သည်။
သခင်ဗဟိန်းမှာ ရုပ်ရည်သွင်ပြင်အားဖြင့် ခပ်ချောချော ခပ်နုနုဖြစ်သည်။ သူသည် ကျောင်းသား၊ အလုပ်သမားခေါင်းဆောင်တဦးဖြစ်သော်လည်း ကြမ်းတမ်းသော လက်နက်ကိုင်တိုက်ပွဲကို နိုင်နင်းစွာဦးဆောင်နိုင်သည့် စစ်ရေးခေါင်းဆောင်ဖြစ်ကြောင်း တောင်ငူခရိုင်ပြောက်ကျားတိုက်ပွဲများဖြင့် သက်သေပြခဲ့သည်။
အိန္ဒိယနိုင်ငံမှ သခင်သိန်းဖေ (သိန်းဖေမြင့်) လေထီးဖြင့် ချပေးသောစာအုပ်များအနက် ပြင်သစ်ပြည်လွတ်လပ်ရေးတိုက် ပွဲ လီနင်ရေးအစိုးရနှင့် တော်လှန်ရေး ဂျူးရင်းအား ချေပချက်” “လုဒွစ်ဖြူးဝါးဘက်အစရှိသော ကျမ်းများကို ထန်းတပင်မြိ့ုနယ် သရက်တန်း၊ ဂွအိုင် အရှေ့ဘက်တွင်ရှိသောယာတဲများ၌ ဘာသာပြန်ခဲ့သည်။ သူ့ခံနိုင်ရည်ရှိသည်ထက် အဆပေါင်းများစွာ အလုပ်လုပ်ခဲ့သည်။ သူ့နံဘေးတွင် သူ့ချစ်ဇနီးမရှိ။ သူ၏အဖော်မှာကာဘိုင်သေနတ် တလက်သာ ဖြစ်ခဲ့သည်။
ဖက်ဆစ်တော်လှန်ရေးအတွက်အားဖြစ်စေမည့် တော်လှန်ရေးသဘောတရားများအနက် ဒေသအခြေအနေနှင့် ကိုက်ညီသည့် ပြောက်ကျားစစ်၏နည်းသစ်များမှာ ပင်ကိုယ်ရေး ပြောက်ကျားစစ်သဘောတရားစာတမ်း ဖြစ်သည်။ သခင်ဗဟိန်းသည် တောင်ငူခရိုင် နေရာအနှံ့အပြား၌ ဖက်ဆစ်တော်လှန်ရေးသဘောတရားများကို မနားတမ်းလှည့် လည်ပို့ချခဲ့သည်။ ပြောက်ကျားတပ်များ၏ ဗဟိုဌာနချုပ်ဖြစ်သည့် ဆင်ပချပ်ရွာအနီးတောင်ခြေတွင်ရှိသော စခန်း၌နေထိုင်ကာတော်လှန်ရေးလုပ်ငန်းများကို ညွှန်ကြားခဲ့သည်။
၁၉၄၅ ခုနစ် မတ်လ ရက်နေ့ညတွင် အထက်ဗမာပြည် တိုင်းမှူးတဦးဖြစ်သည့် ဗိုလ်မှူးဗထူးသည် ဖြူးမြိ့ုနယ် ကြူအင်းရွာ မှာ သခင်ဗဟိန်းနှင့် လျှို့ဝှက်တွေ့ဆုံကာ တော်လှန်ရေးကိစ္စများကို အသေးစိတ်ဆွေးနွေးခဲ့ကြသည်။ ဖက်ဆစ်တော်လှန်ရေးတိုက်ပွဲများတွင် ဖတပလအဖွဲ့ကြီး၏ ဦးဆောင်မှုဖြင့် သခင်ဗဟိန်း၊ သခင်သန်းဖေတို့ခေါင်းဆောင်သော ရဲခေါင်ပြောက်ကျားများသည် ဖက်ဆစ်ဂျပန်များကိုအကြီးအကျယ် ချေမှုန်းနိုင်ခဲ့သည်။ သမိုင်းတွင်ရစ်သည့် ထွန်းပြောင်သောအောင်ပွဲများရရှိခဲ့ကြသည်။
ဖက်ဆစ်တော်လှန်ရေးအပြီးတွင် ကွန်မြူနစ်ပါတီဗဟိုကော်မတီဝင် အလုပ်သမားသမဂ္ဂဥက္ကဋ္ဌ၊ ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ် (ဖတပလ) ဗဟိုဦးစီးအဖွဲ့ဝင်နှင့်ဗမာ ပြည်ကွန်မြူနစ်ပါတီ၏ ပြည်သူ့အာဏာဂျာနယ်အယ်ဒီတာချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ထိုသို့ တာဝန်ထမ်းဆောင်နေစဉ် ငှက်ဖျားရောဂါနှင့် ဆင်းရဲပင်ပန်းမှုဒဏ်များ ကြောင့် ကျန်းမာရေးချို့တဲ့လာသော်လည်း အနားမယူဘဲ ကွန်မြူနစ်ပါတီနှင့် ပြည်သူ့အရေးတော်ပုံပါတီ ပူူးပေါင်းရေး၊ ကွန်မြူနစ်ပါတီ နှစ်ခြမ်းမကွဲရေးတို့အတွက် မနားမနေဆောင်ရွက်ခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်းက ကိုဗဟိန်းကိုယုံကြည် အားထားသည်။ သူတပ်မှထွက်ပြီး နိုင်ငံရေးလောကသို့ ခြေစုံပစ်ဝင်မည်ဟု ပိုင်းဖြတ်သောအခါတပ်ကိုလွှဲအပ်ရန် ကွန်မြူနစ်ပါတီမှ သူယုံကြည်စိတ်ချသောကိုဗဟိန်းကိုတောင်းသည်။ ကိုဗဟိန်းမှာ ပါတီလုပ်ငန်း အများအပြားရှိနေသဖြင့် ပါတီကမပေးနိုင်ခဲ့ချေ။ ကိုဗဟိန်းကိုယ်တိုင်ကလည်း စစ်သေနာပတိရာထူးထက် အလုပ်သမားသမဂ္ဂဥက္ကဋ္ဌအဖြစ်ကို ရွေးချယ်ခဲ့သည်။
၁၉၄၆၊ ဖေဖော်ဝါရီ ၂၂ မှ မတ် ရက် အထိကျင်းပသော ကွန်မြူနစ်ပါတီ၏ ဒုတိယအကြိမ် ကွန်ကရက်အပြီးတွင် သခင်စိုးဦးဆောင်သော ကွန်မြူနစ်ပါတီဗမာပြည် (အလံနီပါတီ) သည် ဗမာပြည်ကွန်မြူနစ်ပါတီမှ ခွဲထွက်ခဲ့သည်။ သခင်ဗဟိန်းက သခင်သန်းထွန်း၊ သခင်သိန်းဖေတို့နှင့် အတူ ဗမာပြည်ကွန်မြူနစ်ပါတီ ပေါလစ်ဗြူရိုအဖြစ် ကျန်ရစ်သည်။ ပါတီကွဲပြီးနောက် အကျိုးဆက်မှာ သခင်ဗဟိန်း၏ရောဂါပို၍ ဆိုးလာခဲ့ခြင်းဖြစ်သည်။
သူ့ကိုပါတီမှလည်းကောင်း၊ သူဥက္ကဋ္ဌလုပ်နေသော အလုပ်သမားသမဂ္ဂမှလည်းကောင်း၊ အနားယူခွင့်ပေးထားရလေသည်။ သူသည် မန္တလေးရှိ မိဘရပ်ထံပြန်ပြီး မန္တလေးဆေးရုံကြီးတွင် ဆေးကုသမှုခံယူကာအနားယူရင်း ဂိုဏ်းဂဏဝါဒကို တိုက်ဖျက်သောစာတမ်းကို ရေးနေသေးသည်။ ဆေးရုံတက်နေချိန် စိတ်အနှောက်အယှက်ဖြစ်စရာတွေ့မည်စိုးသဖြင့် သူ့ကိုမည်သည့်သတင်းစာမျှ ပေးမဖတ်ချေ။
သို့သော် ပစ္စည်းထုပ်လာသော သတင်းစာစက္ကူထဲက ၁၉၄၆၊ အောက်တိုဘာ ၁ဝ ရက်နေ့၌ ဖဆပအဖွဲ့ချုပ်ထဲမှ ဗမာပြည်ကွန်မြူနစ်ပါတီကိုထုတ်ပယ်လိုက်သည့်သတင်းကိုတွေ့ရာ အလွန်အမင်းစိတ်ထိခိုက်သွားခဲ့သည်။ သူ့ရောဂါမှာ ပို၍ဆိုးလာပြီး ၁၉၄၆ နိုဝင်ဘာ ၂ဝ ရက် ဗုဒ္ဓဟူးနေ့ နံနက်အစောပိုင်းတွင် မန္တလေးဆေးရုံကြီး၌ ကွယ်လွန်ခဲ့ပါသည်။ ထွန်းဝင်းငြိမ်း ပြုစုသည်။ သခင်ဗဟိန်း ရာပြည့်အခမ်းအနားကျင်းပရေးကော်မတီ (ရန်ကုန်)