Tuesday, February 4, 2020

(ပထမ ကမ္ဘာစစ်က ဘိုနံမည်)

0 comments
(ပထမကမၻာစစ္က ဘိုနံမည္)
ပထမကမ္ဘာစစ် (၁၉၁၄-၁၈)ဖြစ်တော့ ဗြိတိသျှကိုလိုနီဖြစ်နေတဲ့ဗမာပြည်မှာကလည်း စစ်သားစုဆောင်းရေးလုပ်ပါတယ်။ အခု အီရတ်လို့ခေါ်နေကြတဲ့ မက်ဆိုပိုတေးမီးယားကို ပို့တာပါ။ စစ်တိုက်ဖို့ထက် စစ်ဝန်ထမ်းတပ်အဖြစ် အမှုထမ်းရတာဖြစ်ပါတယ်။ စစ်ထဲလိုက်သွားသူတွေထဲ နောင်မှာ ထင်ရှားလာသူတွေထဲမှာ တရားသူကြီးဦးကျော်မြင့်(နိုင်ငံတော်နှင့်ဦးစော(ဗိုလ်ချုပ်တို့လုပ်ကြံခံရတဲ့အမှု) အမှုမှာ ခုံရုံးဥက္ကဌလုပ်ခဲ့သူ)။ အာဠာဝက သခင်ဖိုးလှကြီး(ထောင့်သုံးရာပြည့် အရေးတော်ပုံ၊ ရေနံမြေသပိတ်ခေါင်းဆောင်)နဲ့ နန်းတော်ရှေ့ဆရာတင်(သီချင်းရေးဆရာ)တို့ဖြစ်ပါတယ်။ စစ်ထဲလိုက်တော့ အင်္ဂလိပ်က ဗမာနံမည်တွေနဲ့လက်မခံဘူးလို့ ဆိုပါတယ်။ ဒီတော့ ဒီ ပုဂ္ဂိုလ်ကြီး ၃ ဦးလည်း ဘိုနံမည်ပြောင်းရမှာပါ။ ဦးကျော်မြင့်ကတော့ ကောလိပ်ကျောင်းတက်နေရင်းနဲ့လိုက်သွားတာဆိုတော့ ဘိုနံမည်ရှိချင်လည်းရှိမယ် မရှိလည်း ပြောင်းရလွယ်မှာပါ။ ဖိုးလှကြီးက သူ့ဆရာဘုန်းတော်ကြီးက စစ်အတွေ့အကြုံရအောင်တိုက်တွန်းလို့ ဝင်ဖြစ်သွားတာဆိုတော့ ခေတ်ကျောင်းသားမဟုတ်တဲ့အပြင် ဘိုနံမည်ရှိစရာအကြောင်းပါ မရှိပါ။ သူ့အထုပ၌တ္တိမှာလည်း ဘိုနံမည်ရှိကြောင်းမတွေ့ရပါ။ နန်းတော်ရှေ့ဆရာတင်လည်း ဘိုနံမည်ရှိခဲ့ဖူးတယ်လို့ မကြားမိဖူးပါ။ ဒီပုဂ္ဂိုလ်ကြီး ၃ ဦးရဲ့ စစ်အတွင်းက ဘိုနံမည်တွေကို သိသူများပြောပြပါခင်ဗျား။
မျိုးမြင့်ချို
ဖေဖော်ဝါရီ ၂၊ ၂ဝ၂ဝ

0 comments:

Post a Comment