Sunday, April 28, 2019

(ထိန်းတော့လည်း ထိန်းကြပါ) မျိုးမြင့်ချို

0 comments
(ထိန်းတော့လည်း ထိန်းကြပါ)

ဥရောပနဲ့ အနောက်တလွှားက Green Peace လိုဟာကြီးတောင် Anarchist တွေ စီးထားတာ ကျန်တဲ့ Environmental Groups လေးတွေထဲမလည်း မနည်းပါဘူး။ အစိုးရတွေရဲ့ ကမောက်ကမပေါ်လစီတွေ၊ လူတန်းစားကွာဟချက်ကြီးလွန်းတာတွေ၊ ပညာရေးအသုံးစားရိတ်လျှော့ချတာတွေ၊ လူတွေကို အဓမ္မချွေတာရေး လုပ်ခိုင်းနေတာတွေ၊ ကုန်ဈေးနှုန်းမတန်တဆကြီးမြင့်မှုတွေ၊ စီမံခန့်ခွဲမှုညံ့ဖျင်းတာတွေ၊ လူမှုရေး စီးပွားရေးမညီမျှမှုတွေ ကုန်ကုန်ပြောရရင် လိင်ပိုင်းဆိုင်ရာအရ မညီမျှမှုဆန့်ကျင်ရေးလှုပ်ရှားမှုတွေအထိ Anarchists တွေ ထဲထဲဝင်ဝင်ပါနေတာ တွေ့ရပါတယ်။
တခါတခါကျ ဆိုရှယ်လစ်တွေ လက်ဝဲဝါဒီတွေနဲ့ သူတို့ ဒွေးရောယှက်တင်ဖြစ်နေတတ်ကြပြီး တခါတခါမှာ (အဆုံးစွန်ရည်မှန်းချက်အကြောင်းပြောကြတဲ့အခါမျိုးမှာ) မတည့်မရှု မသင့်မမြတ်တွေဖြစ်ကြပါတယ်။ လူမှု/စီးပွား/လူတန်းစားကွာဟမှုအရေး၊ ကျန်းမာရေးနဲ့လူမှုဖူလုံရေး၊ ပတ်ဝန်းကျင်သဘာဝထိန်းသိမ်းရေးလို စတဲ့ကိစ္စတွေမှာတော့ တွဲပြီးလုပ်ကြပေမယ့် လိင်တူကိစ္စတို့၊ မော်တော်ကားဆန့်ကျင်ရေးကိစ္စတို့၊ ဆေးခြောက်တရားဝင်သုံးစွဲရေးကိစ္စတို့၊ ကိုယ်ဝန်ဖျက်ချခွင့်ကိစ္စတို့၊ လင်/မယား အများအပြားထားခွင့်ကိစ္စလို Issues တွေက ပြဒါးတလမ်းသံတလမ်းလိုနေကြတာပါ။

လတ်တလော ဥရောပက Anarchists တွေရဲ့လှုပ်ရှားမှုတွေအနက် ပြင်သစ်က Yellow Vest လိုဟာမျိုးကျတော့ ၂ စုလုံး ပူးပေါင်းဆောင်ရွက်ကြတာပါ။ အစပိုင်း အလယ်ပိုင်းတွေအထိ လူထုထောက်ခံမှုအတော်ကြီးကိုရသလို ဥရောပတလွှားလည်း တောမီးလို့ ပျံ့သွားပါတယ်။ အကြီးအကျယ်သာ မလောင်လိုက်တာပါ။ ခုတော့ ဖျက်ဆီးမီးရှို့တာတွေ သောင်းကျန်းလွန်းတာတွေ လူတွေစားကောင်းခြင်းမစားရ အိပ်ကောင်းခြင်းမကောင်းရတွေများလာလို့ အော်ကြော့လန်နေပါပြီ။

တွေးမိတာက ပတ်ဝန်းကျင်သဘာဝထိန်းသိမ်းရေးသမားတွေ Environmentalists အကြောင်းပါ။ သူတို့လုပ်တာတွေထဲမှာ ကောင်းတာတွေ အများကြီးပါတယ်။ တကယ့်အနှစ်သာရသဘောကတော့ အရင်းရှင်ကြီးတွေ အချင်းချင်းဥပဒေတွင်းကနေ စားကျက်လုကြတဲ့အခါ အလှူရှင်ဖေါင်ဒေးရှင်းကောက်ထောင်ပြီး ဒီလူတွေကို စုခိုင်းပြီး မွေးယူလိုက်ပြီး အသံထုတ်ခိုင်းတာပါ။ ဒီလူတွေ့အသံ လွှတ်တော်တွေထဲ(ဥပဒေပြုတဲ့နေရာ)မရောက် ရောက်အောင်လည်း ငွေကြေးဖောဖောသီသီသုံးပြီး မိမိလိုရာဥပဒေဖြစ်လာဖို့ အမတ်တွေကို Lobby နားချနားသွင်းလုပ်ပါတယ်။။ တနည်းပြောရင် အမတ်တွေကို ဝယ်တာပါ။
ကျနော်တို့ အင်ဒီယားနားပြည်နယ်မှာ မစ်ရှီဂန်ပါဝါလျှပ်စစ်ကုမ္ဗဏီ(အနုမြူရော ကျောက်မီးသွေးလောင်စာပါသုံး)နဲ့ Windmill Farms လေရဟတ်ကြီးတွေနဲ့လျှပ်စစ်ထုတ်ရေး(ကုမ္ဗဏီတွေ) Fight ကြတော့ ၂ ဘက်လုံးက ပတ်ဝန်းကျင်သဘာဝ ထိန်းသိမ်းရေးသမားတွေကို စပွန်ဆာပေး ပရိုပိုဆယ်လ်ပေးပြီး ဆန္ဒပြပွဲတွေ၊ ဆီမီနာတွေ ဖိုရမ်တွေ အစည်းအဝေးတွေ အကြီးအကျယ်လုပ်ကြတယ်။ ပြည်နယ်လွှတ်တော်အမတ်တွေကိုလည်း အပြိုင်အဆိုင်အသည်းသန် နားသွင်းကြတာပါ။
အဓိက ကတော့ Windmill Farms တွေက ပြည်နယ်အတွင်းမှာ တိုးချဲ့တပ်ဆင်ပြီး လျှပ်စစ်ဓာတ်အားရောင်းစားဖို့ပါ။ တနည်းပြောရရင် မစ်ရှီဂန်ပါဝါရဲ့ လျှပ်စစ်ဈေးကွက်ကို ဝင်လုတာပါ။ သုံးစွဲသူတွေကတော့ လေရဟတ်လျှပ်စစ်မီးကို လိုချင်သူများပါတယ်။ (မီတာခအများကြီးသက်သာတာကြောင့်ပါ)။

 ပတ်ဝန်းကျင်သဘာဝဝါဒီတွေကလည်း ပိုက်ဆံယူထားတဲ့လူတွေပီပီ သူ့ဘက်သူယက်ပြီး ကောင်းတာပြော အခြားတဘက်ကိုမကောင်းတာပြော ပြောပြီး ကိုယ့်ငွေရှင်အနိုင်ရရေး လုပ်ကြတာပါ။
မစ်ရှီဂန်ပါဝါဘက်ကလူတွေက လေရဟတ်ကြီးတွေဟာ လေထဲထောင်တားတဲ့ မကောင်းဆိုးဝါးလက်ချောင်းကြီးတွေနဲ့တူပြီး အရုပ်ဆိုးသလို ပတ်ဝန်းကျင်အလှအပတွေကိုပျက်စီးစေတယ်၊ အဲ့ဒါကြီးတွေက တဒီဒီနဲ့အဆက်မပြတ်မြည်သံတွေကြောင့် နားညီးပြီး ကြာတော့လူတွေမှာ စိတ်ကျရောဂါဖြစ်လာတယ်၊ လေထဲပျံနေတဲ့ငှက်တွေဟာ အဲ့ဒါကြီးတွေကို မထိမိအောင်ရှောင်ကွင်းပျံနေရလို့ ပင်ပမ်းအားလျော့ပြီး သားပေါက်နှုန်းတွေကျလာတယ်၊ သဘာဝမျိုးစိတ်တွေ ပါးရှားလာတယ်၊ အကောင်ရေထောင်သောင်းချီပြီး မိုင်ထောင်ချီပျံတဲ့ ဆောင်းခိုငှက်တွေနဲ့ ရွှေ့ပြောင်းငှက်တွေဟာ အဲ့ဒါကြီးတွေနဲ့တိုက်မိပြီး သေကြကြေကြတယ်စတာတွေလည်းပါပါတယ်။ ခုဆို သမ္မတကတော့ ကင်န်ဆာဖြစ်စေတဲ့အထဲ အဲ့ဒါကြီးတွေပါ ပါသယောင်ယောင်ပြောနေတာပါ။

Windmill Farms တွေဘက်ကလူတွေကတော့ ကျောက်မီးသွေးအမှုန်ပတွေ အမှုန်တွေ မီးခိုးတွေ အနံ့အသက်တွေနဲ့ အနုမြူစွန့်ပစ်ပစ္စည်းတွေကြောင့် ချောင်းမြောင်း မြစ် ပင်လယ်တွေ၊ သစ်ပင်တောတောင်တွေ၊ တိရိစ္ဆာန်တွေ လူတွေ အဆိပ်သင့်နေပြီ၊ မိန်းမတွေ မြုံကုန်တာများလာတယ်၊ ရောဂါဆန်းတွေများလာတယ်။ လေထု ရေထု မြေထု ညစ်ညမ်းလာတယ် ဘာညာ စသည်ဖြင့်ပေါ့လေ။ နောက်ဆုံးတော့ ငွေပိုတတ်နိုင်တဲ့ နိုင်ငံရေးအဆက်အသွယ်ပိုကောင်းတဲ့ အာဏာအဝန်းအဝိုင်းနဲ့ ပိုထဲဝင်တဲ့မစ်ရှီဂန်ပါဝါက အနိုင်ရသွားပါတယ်။ Windmill Farms တွေ ထပ်တိုးချဲ့မှာကို ခွင့်မပြုပါလို့ ပြည်နယ်လွှတ်တော်က ဆုံးဖြတ်လိုက်ပါတယ်။

တွေးမိတာက ခု အသံအကျယ်လောင်ဆုံးဖြစ်နေတဲ့ မြစ်ဆုံဆည်တည်ဆောက်ရေးကိစ္စမှာလည်း ပတ်ဝန်းကျင်သဘာဝထိန်းသိမ်းရေးဝါဒီတွေလည်း ပါပါတယ်။ မြစ်ဆုံဆည်ကိစ္စဟာ နိုင်ငံရေးပါ။ နိုင်ငံရေးမှာမှ စစ်အုပ်စုကို ဖယ်ထုတ်ပြီး တရားခံအဖြစ်ကနေဖျောက်ပစ်ပြီး အင်န်အယ်လ်ဒီကို တည်တိုက်နေတဲ့ ရည်ရွယ်ချက်ပါပါ ခြေလှမ်းပါပါလုပ်တာပါ။ တည့်တည့် တည်တိုက်တာပါ။ နိုင်ငံရေးဖြစ်တဲ့အတွက် နိုင်ငံရေးနဲ့တွေးတော့ ဘာမှမထူးဆန်းပါဘူး။ အလားတူပဲ နိုင်ငံရေးဖြစ်တဲ့အတွက် အကျိုးစီးပွားအခြေခံဖြစ်တဲ့အတွက် လူ လုကြရမှာပါဘဲ။ လုလိုက်ကြတဲ့လူတွေ တနည်းပြောရရင် အလုခံကြတဲ့လူတွေထဲမှာ လူရိုသေရှင်ရိုသေလို့ဆိုတဲ့ ပတ်ဝန်းကျင်သဘာဝထိန်းသိမ်းရေး ဝါဒီတွေပါနေတာ တွေ့ရမှာပါ။
ဒီတော့ ကျနော်တို့က ပတ်ဝန်းကျင်သဘာဝ ထိန်းသိမ်းရေးသမားဆိုတိုင်း ဘာလဲ ဘာနောက်ခံလဲ ဘယ်လိုပါဝင်လာကြတာလဲ သူတို့နောက်ကွယ်ကလက်တွေက ဘာလက်တွေလဲစတာတွေကို စဉ်းစားကြတဲ့အခါ တွေးတွေးဆဆ ထောက်ထောက်ချင့်ချင့်ရှိဖို့ လိုပါလိမ့်မယ်တွေးမိပါတယ်။
မျိုးမြင့်ချို
ဧပြီ ၂၈၊ ၂ဝ၁၉

Friday, April 26, 2019

(ပြည်သူပြည်သူချင်းဆက်ဆံရေးတဲ့လား) မျိုးမြင့်ချို

0 comments
(ပြည်သူပြည်သူချင်းဆက်ဆံရေးတဲ့လား)

(ပြည်သူပြည်သူချင်းဆက်ဆံရေးတဲ့လား)


ဗြိတိန်က တရုတ်ရဲ့ ဟွာဝေး 5G ကို အိုကေပြလိုက်တော့ သြစတေးလျ အခက်ပွေပြီး ချီတုံချတုံဖြစ်သွားပါတယ်၊ နိုင်ငံရေးအပေါ် နည်းပညာရဲ့သက်ရောက်မှုလို့ အများပြောနည်းကားပဲပြောရမယ်ထင်တယ်။ တကယ်က နည်းပညာဆိုတာလည်း ပိုက်ဆံပါဘဲ။ ပိုက်ဆံမရှိရင် နည်းပညာလည်းမရှိပါ။ ပိုက်ဆံဟာ သူ့အတိုင်းထားရင် ပိုက်ဆံပဲဖြစ်ပါတယ်။ ပိုက်ဆံကို အရင်းဖြစ်အောင်လုပ်တာဟာ စီးပွားရေးပါ။ လစ်ဘရယ်ဒီမိုကရေစီ တနည်းပြောရရင် အရင်းရှင်နိုင်ငံရေးမှာ ပိုက်ဆံကို အရင်းဖြစ်အောင်လုပ်နိုင်လေလေ စီးပွားဖြစ်လေလေပါ။ စီးပွားဖြစ်လေလေ ပါဝါကြီးလေလေပါ။ အခု တရုတ်က သူ့လက်ထဲက ပိုက်ဆံတွေကို အရင်းဖြစ်သထက်ဖြစ်အောင် လုပ်နေတာပါ။
 
အမေရိကန်ရဲ့ ဆိုဗီယက်ဆန့်ကျင်ရေးအတွက် ပေးခဲ့ရတဲ့အခွင့်အလမ်းတွေကို တရုတ်က ထိထိမိမိအသုံးချရုံမက အကြမ်းဖက်မှုအပေါ်နွှဲတဲ့စစ်ဆိုပြီး အမေရိကန်ကမ္ဘာပတ် စစ်တိုက်နေချိန်မှာ တရုတ်က ကမ္ဘာလှည့်ပြီး စီးပွားရှာနေတာပါ။ ခု အမေရိကန် တရုတ်ကြွေးနွံနစ်ပြီး မရှူနိုင်မကယ်နိုင်ဖြစ်နေချိန်မှာ တရုတ်က ထိပ်ဆုံးကစောင့်နေမယ်လို့ မပြောရုံတမယ်နဲ့ OBI လမ်းဖွင့်နေတာပါ။ တကောင်တည်းပြေးမရမှန်းသိလို့ ရုရှနဲ့ရွှေလမ်းငွေလမ်းဖေါက်နေတာပါ။
နည်းပညာ၊ စစ်ရေးအင်အား စတဲ့နယ်ပယ်တွေမှာ ပခုံးချင်းမယှဉ်နိုင်သေးပေလို့ ခုလို ခတ်လျှိုလျှိုလုပ်နေပုံပါ။ အားချင်းတူလာရင် မင်းဘာကောင်လဲ ငါဘာကောင်လဲလုပ်မှာပါ။ အမေရိကန် အလုပ်မခံချင်ဆုံး အလုပ်မခံနိုင်ဆုံးကလည်း အဲ့ဒါပါဘဲ။ ခက်နေတာက အမေရိကန်ဟာ အရင်လို ရော့ဟဲ့ရော့ဟဲ့ မလုပ်နိုင်တော့လို့စားပြီး နားမလည်လုပ်နေတဲ့လူတွေဆိုပြီး သူ့ငယ်မွေးခြံပေါက်နိုင်ငံတွေကို မောင်းမဲနေတာပါ။ မျက်စောင်းတခဲခဲ အံတကြိတ်ကြိတ်ဖြစ်နေတာပါ။
အမေရိကန်ဟာ စူပါ ပါဝါပါ။ စူပါ ပါဝါဆိုတာ အလကားတော့ရခဲ့တာမဟုတ်ပါ။ ငွေကို ရေလို သောက်သောက်လဲသုံးရပါတယ်။ တရုတ်အခြေအနေ (ခုချိန်ထိ)ကြည့်ရတာ စီးပွားရေးစူပါ ပါဝါ ဖြစ်ဖို့ သည်းသည်းမည်းမည်းလုပ်နေပေမယ့် စစ်ရေးစူပါ ပါဝါလုပ်ဖို့အထိတော့ ခြေလှမ်းကျဲတာမတွေ့ရသေးပါ။ ပိုက်ဆံလိုနေသေးလို့လည်း ဖြစ်ပါလိမ့်မယ်။
နိုင်ငံရေး နိုင်ငံရေး ဘယ်လောက်ပြောပြော ပိုက်ဆံမရှိရင် လုပ်မရပါ။ ရတယ်ဆိုရင်လည်း မဖြစ်စလောက်ပါ။ ဓနရှင်နိုင်ငံရေးမှာ ပိုက်ဆံရှိတဲ့လူ သြဇာရှိပါတယ်။ သြဇာထူထောင်ရ လွယ်ပါတယ်။ အပေးအကမ်းရက်ရောတယ် လက်ဖွာတယ်ဆိုတာတွေဟာ အကျိုးစီးပွားနောက်ခံအရ လူမွေး၊ အစိုးရမွေး၊ နိုင်ငံမွေး မွေးယူရတဲ့ ရင်းနှီးမျြပ်နှုံမှုပါ။ လက်ထဲပိုက်ဆံမရှိပဲ နိုင်ငံတွေကို အစိုးရတွေကို မွေးမရပါ။
အခု တရုတ်ကြီး ပိုက်ဆံ တွေကို အရင်းလုပ်နေတာပါ။ လူမွေး၊ အစိုးရမွေး၊ နိုင်ငံမွေးတွေ လုပ်နေတာပါ။ သူက အမေရိကန်ထက် တခုပိုတာက People to People(P to P) လို့ဆိုတဲ့ ပြည်သူပြည်သူတွေချင်းဆက်ဆံရေးကိုပါ ဒစ်ပလိုမေစီထဲ နိုင်ငံခြားရေးပေါ်လစီထဲ ဆွဲသွင်းထားတာပါ။
တရုတ်နဲ့ စီးပွားရေးလုပ်တဲ့နိုင်ငံတွေကိုကြည့်လိုက်ရင် တရုတ်စီမံကိန်းကြီးတွေကို အစိုးရတွေကကြိုက်ပြီး လူထုကမနှစ်မြို့တာပါ။ ခု လက်ပန်းတောင်းတောင်တို့ မြစ်ဆုံတို့ မြို့သစ်တို့စတဲ့ စီမံကိန်းတွေကို နမူနာပြရမှာပါ။ နောက်လည်း လာစရာတွေ တပုံတခေါင်းကြီးရှိပါသေးတယ်။
အရင် နိုင်ငံရေးအစိုးရလက်ထက် ဝန်ကြီးချုပ်ဦးနုက တရုတ်အစိုးရကို ဗကပ ကို အကူအညီအထောက်အခံ မပေးဖို့တောင်းဆိုတော့ တရုတ်ကပြောပါတယ်။ ဝန်ကြီးချုပ်တို့ကို ဆက်ဆံတာက Government to Government (G to G)ဖြစ်ပါတယ်။ ဗကပနဲ့က Party to Party (P to P)ဖြစ်ပါတယ်လို့ ပြန်တုံ့ပြန်တော့ ဦးနု ဆွံ့သွားခဲ့ပါတယ်။ နောက်ပိုင်း (တိန့်ရှောင်ဖိန်လက်ထက်ကစလို့) နိုင်ငံနိုင်ငံခြင်းဆက်ဆံရေး Country to Country (C to C)ဆိုတဲ့သဘောဆောင်တာတွေလည်း သတိထားမိကြမှာပါ။
ဒီဘက်ခေတ် နောက်ပိုင်းကာလတွေကျတော့ ဘယ်နိုင်ငံက ဘာအစိုးရအမျိုးအစားဖြစ်ဖြစ်စီးပွားရေးလုပ်လို့ဖြစ်ရင် ဆက်ဆံတယ်ဆိုတဲ့ပုံစံတွေအထိဖြစ်လာပါတယ်။ ဘယ်လောက် လူထုဆန့်ကျင်ရေးလုပ်နေတဲ့အစိုးရဖြစ်ဖြစ် စီးပွားဘက်ဖြစ်အောင် လုပ်ပါတယ်။ ကျင့်ဝတ်တွေ စည်းမျဉ်းတွေ နိုင်ငံတကာနှုန်းစံတွေ ဘေးချိတ်တာတွေ့ရပါတယ်။
ဒီတော့ အဲ့ဒီနိုင်ငံတွေက ပြည်သူတွေက တရုတ်အစိုးရအပေါ်တင်မက တရုတ်ပြည်သူတွေအပေါ်ပါ အမြင်မကြည်တာတွေ၊ တရုတ် (လူမျိုး)ဆန့်ကျင်ရေးတွေအထိ တက်လာတာကို တရုတ်အစိုးရသိလာပါတယ်။ ဒီတင် People to People ဆက်ဆံရေးကို ဖော်ဆောင်လာတာပါ။ လူအများသည်းခြေကြိုက်မယ်လို့လည်း တွက်ထားပုံပေါ်ပါတယ်။ လောလောဆယ်မှာ ဗမာပြည်သူအများ သည်းခြေကြိုက်မကြိုက် မပြောနိုင်သေးပေမယ့် BRI Second အစည်းအဝေးကြီးမှာ ဒေါ်အောင်ဆန်းစုကြည်တော့ သည်းခြေခိုက်သွားပုံပေါ်ပါတယ်။ သူ့ မိန့်ခွန်း နားထောင်ကြည့်ပါ။
ကျနော်တို့ဟာ ပြည်သူတွေပါ။ အဖိနှိပ်ခံတွေပါ။ တရုတ်အုပ်ချုပ်ခံလူတန်းစားဟာလည်း ပြည်သူတွေပါ။ ဒီမိုကရေစီ၊ လွတ်လပ်ခွင့်နဲ့ လူ့အခွင့်အရေးကို ကျနော်တို့နည်းတူ လိုလားနေကြတာပါ။ တိုင်းပြည်တပြည်မှာ လူအတူတူဖြစ်နေကြရင်ပြည်သူဘဲဆိုတဲ့ ပြည်သူအကဲဖြတ်ချက်နဲ့တော့ ပြည်သူပြည်သူချင်းဆက်ဆံရေးကို မစောကြောမိကြစေလိုပါ။ ပြည်သူပြည်သူချင်းဆက်ဆံရေးဟာကောင်းပါတယ်။ ဒါပေမယ့် ကျနော်တို့ ဘယ်ပြည်သူနဲ့ ဘယ်လိုဆက်ဆံကြမလဲကတော့ ဆုံးဖြတ်ကြရမှာပါ။ မဆက်ဆံလိုတော့ မရပါဘူး။
မျိုးမြင့်ချို
ဧပြီ ၂၆၊ ၂ဝ၁၉

Monday, April 22, 2019

တရုတ်​သမ္မတ ရှီကျင့်​ပင်းရဲ့ မဟာရည်​မှန်းချက် (Ko Nay Nay)

0 comments
တရုတ်သမ္မတ ရှီကျင့်ပင်းရဲ့ မဟာရည်မှန်းချက် (Ko Nay Nay)

ဧပြီလ ၂၅ရက်နေ ၂၇ရက် အထိကျင်းပပြုလုပ်မည့် တရုတ်ရဲ့ ဒုတိယအကြိမ်မြောက် BRI ဖိုရမ်၌ နိုင်ငံပေါင်း၃၇နိုင်ငံမှ ခေါင်းဆောင်များ၊နိုင်ငံပေါင်း ၁၅၀ တို့မှ ဖိတ်ကြားထားတဲ့ ဧည့်သည်တော်ဦးရေ ၅၀၀၀ကျော်၊ ကမ္ဘာ့ဘဏ်နှင့် အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေ အဖွဲတို့လို နိုင်ငံတကာအဖွဲ့အစည်း၉၀ကျော်တို့လည်း စုံစုံလင်လင် ပါဝင်တက်ရောက်ကြမည် ဖြစ်သည်။ မြန်မာနိုင်ငံမှ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်မည်လို့ သိရသည်

အဲဒီ BRI စီမံကိန်းကြီးဟာ ကမ္ဘာ့မြေထု ရဲ့ ၃ပုံ၂ပုံအထိ ဖြန့်ကြက်ထားပြီး၊ နိုင်ငံပေါင်း၆၅နိုင်ငံမှ လူဦးရေ ၄.၄ဘီလီယံတို့ကနေ ထုတ်လုပ်တဲ့ ဂျီဒီပီ တန်ဖိုး၂ထရီလီယံ ကျော် နှင့်ဆက်စပ် နေသည်။ ၎င်းစီမံကိန်းအတွက် သတ်မှတ်လျာထားတဲ့ ရင်းနှီးမြှုပ်နှံမှု့ တန်ဖိုးဟာ ၄-၈ထရီလီယံ အထိ ရှိလေသည်BRIစီမံကိန်းဖြင့် ရှီကျင့်ပင်းသည် တရုတ်ရဲစီးပွားရေးကို အနောက်နိုင်ငံတို့ရဲစီးပွားရေှးင့် ဆက်သွယ်ဖို့ရန် ကြိုးစားဆောင်ရွက်ခြင်းသဘောလည်း ဖြစ်သည်

၂၀၁၅ခုနှစ်ထဲမှာ ပြောကြားခဲ့တဲ့ ရှီကျင့်ပင်းရဲ့ မိန့်ခွန်းထဲ၌ တရုတ်နိုင်ငံရဲ့ မဟာဗျူဟာမြောက် ရည်မှန်းချက်တစ်ခုကတော့ တရုတ်နိုင်ငံသားအားလုံးတို့အားဆင်းရဲမွဲတေမှုဘ၀ကနေ လွတ်ကင်းရေအကောင်ထည်ဖော်ဆောင်ရွက်မည် ဖြစ်ကြောင်း အလေးပေး မီးမောင်ထိုးပြောကြားခဲ့သည်  ၂၀၁၃ခုနှစ်ကနေ ၂၀၁၈အထိ ကာလအတွင်း တရုတ်နှင့် စီမံကိန်း ရပ်ဝန်းတလျှောက် ရှိ နိုင်ငံများတို့ရဲကုန်သွယ်မှု တန်ဖိုးဟာ ဒေါ်လာ ၆ ထရီလီယံ နီးပါးအထိရှိခဲ့ပြီး ၎င်းဒေသရှိ နိုင်ငံသားများတို့အတွက် အလုပ်အကိုင် အခွင့်အလမ်း ၃သိန်းကျော်ကိုဖန်တီးပေးနိုင်ခဲ့သည်BRI စီမံကိန်းကို လက်ခံ ပူးပေါင်းလိုကြသည့်နိုင်ငံပေါင်း၆၀ကျော်အထိ ရှိနေပြီး အီတလီ၊နယူးဇီလန်၊ သြစတြီးယား၊ ကာဇက်စတန် နှင့်တောင်အာဖရိကနိုင်ငံများတို့လည်း ပါဝင်ကြသည်

BRI ဟာ တရုတ်နှင့် ကမ္ဘာ့နိုင်ငံတို့အား ချိတ်ဆက်ပေးမည့် ကုန်သွယ်ရေးလမ်းကြောင်း ဖောက်လိုက်ခြင်းသဘောလည်း ဖြစ်သည်။ အနောက် သတင်းမီဒီယာ အများစုတို့က BRI စီမံကိန်းဟာ တရုတ်ရဲကိုယ်ကျိုးစီးပွား ရှေ့တန်းတင် စီမံကိန်းမျိုးသာ ဖြစ်ပြီး ကမ္ဘာ့နိုင်ငံများတို့အတွက် အကြွေး ထောင်ချောက် မိနိုင်သည်လို့ ဝေဖန်သတိပေးရေးသားကြသည်ESSB KGရဲ့ စီအီးအို Alawi Shaaban
Swabury ရဲ့အဆိုအရ အာဖရိကနိုင်
ငံတိုင်းကတော့ BRI စီမံကိန်းကို လက်ကမ်းကြိုကြသည်က များကြသည်ဟု ဆိုထားသည်။ အဲဒီနိုင်ငံတွေက အခြေခံအဆောက်အုံ ဖွံ့ဖြိုးမှုရှိစေခြင်းက ကုန်သွယ်ရေးလမ်းကြောင်းကို ပိုပြီးဖြောင့်ဖြူးစေပြီး ဒေသတွင်း အလုပ်အကိုင်ရရှိမှုနှင့် စီးပွားရေးဖွံ့ဖြိုးမှုကို ရှိစေနိုင်သည်ကို ကောင်းစွာနားလည် သဘောပေါက်ကြသည်ဟု၎င်းက ပြောကြားခဲ့သည်

ဥဇဘက်ကစ္စတန်နိုင်ငံရဲအနာဂတ်ဖွံ့ဖြိုးရေးမဟာဗျူဟာ ပိုင်း၌ BRI စီမံကိန်းကို အမှီပြုထားတာမျိုးလည်း ရှိလေသည်။နိုင်ငံခြားကုန်သွယ်ရေးလမ်းကြောင်းကိုဖွင့်ပြီး ပြည်ပပို့ကုန်တန်ဖိုးကို တိုးမြှင့်နိုင်ရန်အတွက်တရုတ်ရဲ့ BRIစီမံကိန်းကို ပူးပေါင်းပါဝင် လုပ်ဆောင်မည်ဟု ဆိုထားသည်။ နိင်ငံများစွာတို့သည်က လမ်း၊တံတား စီမံကိန်းများလိုမိမိတို့နိုင်ငံ့များရဲ့ဖွံ့ဖြိုးရေးရည်မှန်းချက်များကို အထောက်အကူ ပြုပေးနိုင်မည့် တရုတ်ရဲ့ BRI စီမံကိန်းကို စိတ်ဝင်စားမှု့ များစွာ ရှိနေကြသည်

တရုတ်နှင့် ကမ္ဘာ့နိုင်ငံများတို့ရဲကြား၌ BRI စီမံကိန်း၌ ပင်လယ်ရေကြောင်းလမ်းဖြင့် ထိစပ်နေသည့်နိုင်ငံ့ဆိပ်ကမ်းပေါင်း ဟာ ၆၀၀ထက်မနည်ရှိနေသည်။ ၂၀၁၈ထဲ၌ မီးရထားလမ်းအားဖြင့် တရုတ်-ဥရောပ တို့ကြားကုန်ပစ္စည်းတင်ပို့မှု့ တန်ဖိုးဟာ ဒေါ်လာ ၁၆ဘီလီယံအထိရှိခဲ့သည်။ တရုတ်နှင်BRI နိုင်ငံများတို့ရဲ့ကြား ၂၀၁၇ထဲ၌ ခရီးသွားလည်ပတ်မှု့နှုန်းဟာ ၂.၆ဆ မြင့်တက်လာခဲ့သည်

တရုတ်သမ္မတ ရှီကျင့်ပင်းလက်ထက်၌ ဟန်မင်းဆက်နှင့် မင် မင်းဆက်တို့လက်ထက်တွင် ကြိုးပမ်းအားထုတ်ခဲ့ဖူးတဲ့ တရုတ်ပြည်ရဲ့ စီးပွားရေးကို အနောက်ရဲစီးပွားရေးနှင့် ဆက်သွယ်နိုင်ဖို့ ကြိုးစားခဲ့သည့် တရုတ်ရဲ့အိမ်မက်ကို အကောင်ထည်ဖော်ရန် ကြိုးစားခြင်းလည်းဖြစ်သည်။ အစောပိုင်းတုန်းက "One Belt One Road "ဟု အမည် ပေးထားရာကနေ "Belt and Road Initiative" လို့ ပြောင်းသုံးလာသည်။ ၎င်းBRIအသုံး၌ တရုတ်သည် "strategy","project","programme","agenda"တို့လို့ စီမံကိန်း ဘက်ကိုကိုယ်စားပြုတဲ့ စကားလုံး၊ အသုံးအနှုန်းများတို့ကို မသုံးဘဲ "initiative" ဆိုသည့် စကားလုံး၊ အသုံးအနှုန်းကိုသာ သုံးနှုန်းထားသည်ကို တွေ့ရသည်

BRI စီမံကိန်း၌ Road ဆိုသည်မှာ တရုတ်ပြည်ရဲတောင်ဘက် ကမ်းရိုးတန်းကို အရှေ့အာဖရိက၊မြေထဲပင်လယ်တို့နှင့် ဆက်သွယ်ပေးမည့် အဓိကပင်လယ် လမ်းကြောင်းစီမံကိန်းကို ဆိုလိုခြင်းဖြစ်သည်Belt ဆိုတာကတော့ ကုန်းလမ်းကြောင်းအတိုင်းတရုတ်နိုင်ငံကို အာရှ အရှေ့အလယ်ပိုင်းနှင့် အရှေ့လယ်ပိုင်းဒေသ တို့ကို ဖြတ်ပြီး ဥရောပ သို့ဆက်သွယ်ပေးမည့် အစီအစဉ် ဖြစ်သည်။ပထ၀ီအနေအထားအရ BRI ကိုသရုပ်ခွဲကြည့်မည်ဆိုပါက မြောက်ပိုင်း၊ အလယ်ပိုင်းနှင့် တောင်ပိုင်း ခါးပတ်များဟူ၍ ရှိသည်။မြောက်ပိုင်းသည်က အာရှအလယ်ပိုင်း နှင့် ရုရှားကို ဖြတ်ပြီးဥရောပနှင့် ဆက်သွယ်သည့် လမ်းဖြစ်သည်။ အလယ်ပိုင်းသည်ကတော့ အာရှအလယ်ပိုင်း၊ အနောက်ပိုင်းနှင့် ပါရှားပင်လယ်ကွေ့ကို ဖြတ်ပြီး မြေထဲပင်လယ်ဆီသို့ဦးတည်သည့်လမ်းဖြစ်သည်။ တောင်ပိုင်းသည်ကတော့ အရှေ့တောင် အာရှ၊တောင်အာရှကနေ အိန္ဒိယသမုဒ္ဒရာဘက်ကို ဖောက်ထွက်မည့် လမ်းဖြစ်သည်

လက်ရှိ၌ ဒုတိယ အကြိမ်မြောက်BRI ဖိုရမ် မတိုင်ခင် နိုင်ငံပေါင်း ၄၀တို့က လက်ခံပူးပေါင်းကြရန် လက်မှတ်ထိုးထားပြီး နိုင်ငံပေါင်း ၆၀ကျော်တို့က ထောက်ခံထားကြသည်BRI စီမံကိန်းဟာ ရေရှည် စီမံကိန်းကြီး ဖြစ်လို့ ခေါင်းဆောင် အပြောင်းအလဲလုပ်လိုက်တာနဲ့ သဲထဲရေသွန်
အနေအထားမျိုးရှိနိုင်
လို့ သမ္မတရှီကျင့်ပင်းက ပထမသမ္မတသက်တမ်း ပြည့်သည့်နေ့မှာ ဒုတိယ သမ္မတသက်တမ်း ထမ်းဆောင်ဖို့ရန် ကြိုးစားခြင်းနှင့်အတူ ဖွဲ့စည်းပုံအခြေခံဥပဒေ အရခွင့်ပြုထားတဲ့ သမ္မတသက်တမ်း ၂ကြိမ်သာ ထမ်းဆောင်ခွင့် ကန့်သတ်ချက်ကို ပယ်ဖျက်ခဲ့ပြီး တခြားသော ပြင်ဆင်ဖြည့်စွက်စရာ အချက် ၂၀ကိုလည်း ပြင်ဆင်ခဲ့သည်။ အဲဒီတော့ ရာထူးမြဲ၊ နေရာမြဲ ဘ၀ဖြင့် ရှီကျင့်ပင်းသည် နိုင်ငံ့ခေါင်းဆောင်နေရာကို အကန့်အသတ်မရှိ တာဝန်ထမ်းဆောင်ပြီးတိုင်းပြည် ဖွံ့ဖြိုးရေး စီမံကိန်းများကို ဆက်၍ မိမိစိတ်ကြိုက် အကောင်အထည် ဖော်လို့ ရနေသည့် အနေအထားမျိုး ဖြစ်သည်

လက်ရှိ၌ သီရိလက်ာနိုင်ငံ၊ ကမ္ဗောဒီးယား နိုင်ငံတို့ကတော့ တရုတ်ရဲ့ BRI စီမံကိန်းကြောင့် အကျိုးဖြစ်ထွန်းမှုနည်းပြီး တရုတ်ကုမ္ပဏီများ၊ တရုတ်နိုင်ငံသားတို့ကစီမံကိန်းအကြောင်းပြပြီး ၎င်းနိုင်ငံများထဲသို့ ၀င်ရောက်ပြီး ရွှေ့ပြောင်းနေထိုင်မှု့ တွေ များစွာ တိုးလာသည်ဟူ
သော ညည်
းညူသံတွေတော့ ထွက်လာကြသည်

မြန်မာနိုင်ငံသည်လည်း တရုတ်ရဲ့ BRI စီမံကိန်းတွေမှာ အကျိုးတူ ပူးပေါင်းလုပ်ဆောင်ဖို့ရန် ရှိနေပြီး၊၂၀၁၈ခုနှစ်၊ စက်တင်ဘာထဲ၌ နှစ်နိုင်ငံ အစိုးရတို့ကြား နှစ်နိုင်ငံနားလည်မှု့ စာချွန်လွှာ MOUကို လက်မှတ်ထိုးခဲ့ပြီးဖြစ်သည်။ လာမည်BRIဖိုရမ်သို့လည်း နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် တက်ရောက်မည်လို့လည်းသိရသည်တရုတ်-မြန်မာ ဆက်ဆံရေး၌ မြန်မာနိုင်ငံသည် လက်ရှိအနေအထား၌ မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်လို့ တရုတ်ရဲဖိအားပေးမှု့ ကို ခံနေရသည်။ စစ်အစိုးရ ခေါင်းဆောင် ဦးသန်းရွှေလက်ထက်ကတည်းက အစပြုခဲ့တဲ့မြစ်ဆုံစီမံကိန်းဟာ ဦးသိန်းစိန်လက်ထက်၌ ယာယီရပ်ဆိုင်းခဲ့ပြီးနောက် NLD အစိုးရ လက်ထက်မှာ တာဝန်ယူဖြေရှင်းရမည့် အမှိုက်ထုပ်ကြီးသဖွယ် ရှိနေပါသည်
လက်
ရှိNLD အစိုးရသည်လည်း မြစ်ဆုံစီမံကိန်းကို ပြန်စ မည်ဆိုပါက တရုတ်ရဲ့ ဖိအားပေးမှုကို လျော့ကျစေနိုင်ပေမယ့် မြန်မာပြည်သူတွေရဲ့ ဖိအားပေးမှု့ကို များစွာခံကြရမည်ဖြစ်ပြီး လာမည့်ရွေးကောက်ပွဲမှာ အနိုင်ရဖို့ရုန်းကန် ရဖိုရှိနိုင်မည်

လောလောဆယ်၌ ရခိုင်အရေးလို ကိစ္စမျိုး၌ ကုလသမဂ္ဂနှင်OIC နိုင်ငံတို့က မြန်မာကို အမဲဖျက်ဖို့ရန် ကြိုးစားနေကြသည်ကို တရုတ်ကြီးက နိုင်ငံတကာအရေး၌ မြန်မာနိုင်ငံဘက်က မားမားမတ်မတ် ရပ်တည်ပေးခဲ့လို့လက်ရှိNLD အစိုးရအတွက် အကျဉ်းထဲ အကြပ်ထဲသို့ရောက်ရှိ နေပြီ ဖြစ်သည်။ လက်ရှိအနေအထား၌ တရုတ်-မြန်မာ စီးပွားရေးစင်္ကြန် အပိုင်းစီမံကိန်းကို တရုတ်ဘက်ကရော၊ မြန်မာဘက်ကပါ အကောင်အထည်ဖော်ဖို့ရန် သဘောတူထားပြီးဖြစ်သည်။ တရုတ်နိုင်ငံ၊ယူနန်ပြည်ကနေ မူဆယ်ကိုဖြတ်ပြီး၊ ရခိုင်ပြည်နယ်အထိ ဖောက်မယ့် မီးရထား လမ်းမကြီးစီမံကိန်းကိုတော့ မြန်မာဘက်က လိုက်လျောရဖို့ ရှိနေပါသည်China Myanmar Economic Corridor( တရုတ်-မြန်မာ စီးပွားရေး
စင်္ကြန်)မှာပါဝင်
မည့် စီမံကိန်းက ၁၂ခုလောက်ရှိနေသည်။ ယခုBRI ဒုတိယအကြိမ်မြောက် ဖိုရမ်မှာ ဒေါ်အောင်ဆန်းစုကြည်သည် CMEC နှင့်ဆိုင်တဲ့ စီမံကိန်းတွေအတွက် နားလည်မှုစာချွန်လွှာ ရေးထိုးသွားဖွယ်ရှိနိုင်လို့ နားစွင့်ကြရအောင်လို့ တိုက်တွန်းလိုက်ရပါသည်
#KoNayNay
Mon,Apr 22