Wednesday, April 17, 2019

တရုတ်​ ကုန်​ပစ္စည်းများကို သပိတ်​မှောက်​ကြရန်​ အိန္ဒိယကုန်​သည်​များ အသင်းက တောင်းဆိုလိုက်​ခြင်း (ရေးသူ Ko Nay Nay)

0 comments
တရုတ်​ကုန်​ပစ္စည်းများကို သပိတ်​မှောက်​ကြရန်​ အိန္ဒိယကုန်​သည်​များ အသင်းက တောင်းဆိုလိုက်​ခြင်း (ရေးသူ Ko Nay Nay)
Confederation of All India Traders(CAIT)ကုန်​သည်​များအသင်း(အိန္ဒိယကုန်​သည်​သန်း၇၀လောက်​ကိုယ်​စားပြု)က တရုတ်​ ကုန်​ပစ္စည်းများတို့ကို အသုံးမပြုကြရန်​နှင့်​ သပိတ်​မှောက်​ကြရန်​ မနေ့က တောင်းဆိုလိုက်​သည်​ဟုသိရသည်​။ အဲဒီသတင်းနှင့်​ပတ်​သက်​ပြီး အိန္ဒိယ၀န်​ကြီးချုပ်​ မိုဒီက မှတ်​ချက်​ပေးစကား ပြောကြားခဲ့ရာမှာ
ပြည်​သူတွေရဲ့ဆန္ဒကသာ အဓိကပင်​ဖြစ်​ကြောင်းနှင့်​ ပြည်​သူတွေ မနှစ်​ခြိုက်​ပါက အတင်းတိုက်​တွန်းလို့ မရနိုင်​ဟု ပါးပါးနပ်​နပ်​ ဆိုသွားခဲ့ပါသည်​။

အိန္ဒိယဘက်​က ကြာသပတေးနေ့တုန်းက ပြောကြားရာမှာ ပါကစ္စတန်​အခြေစိုက်​ စစ်​သွေးကြွအုပ်​စုတစ်​ခု ဖြစ်​တဲ့ Jaish-e- Mohammed အဖွဲ့ခေါင်းဆောင်​ Masood Azhar ကို အဓိက ပစ်​မှတ်​ထားပြီး ဒဏ်​ခတ်​ပိတ်​ဆို့မှု့လုပ်​ခဲ့သည့်​ အိန္ဒိယနှင့်​ ကုလသမဂ္ဂတို့ရဲ့ ဆုံးဖြတ်​ချက်​ကို တရုတ်​ဘက်​က ဆန့်​ကျင်​ပြီး သေသေချာချာ စစ်​ဆေးသုံးသပ်​ပြီးမှသာ တရုတ်​အနေဖြင့်​ Azar အား ခရီးသွားလာခြင်းအပါအဝင်​၊ စီးပွားရေး
အရေးယူပိတ်​ဆို့မှု့ ၊ပြည်​၀င်​ခွင့်​၊တရုတ်​ပြည်​တွင်းဘဏ်​များနှင့်​ လုပ်ငန်းသဘောဆက်​နွှယ်​မှု့ ဆိုင်​ရာ ကိစ္စရပ်​အားလုံးတို့အပေါ် ပိတ်​ဆို့မှု့လုပ်သင့်​၊မလုပ်​သင့်​ ဆုံးဖြတ်​မည်​ ဖြစ်​ကြောင်းဆို ခဲ့သည့်​အပေါ် အိန္ဒိယဘက်​က အပြင်းအထန်​ ရှုံ့ချခဲ့ပြီး၊ တရုတ်​ရဲ့ လုပ်​ရပ်​ဟာ
နှစ်​နိုင်​ငံကုန်​သွယ်​ရေးကိုပါ ထိခိုက်​နိုင်​ချေ ရှိစေနိုင်​သည်​ဟု တုန့်​ပြန်​ပြောကြားခဲ့သည်​။

ပါကစ္စတန်​မှာ အခြေစိုက်​သည့်​ ၎င်းအကြမ်းဖက်​အုပ်​စုဟာ ပြီးခဲ့တဲ့လက ကက်​ရှ်​မီးယား ၌ အသေခံဗုံးခွဲတိုက်​ခိုက်​မှု့တစ်​ခုကို လုပ်​ဆောင်​ခဲ့သလိုဖေဖော်​ဝါရီ ၁၄ရက်​နေ့ ၌ အိန္ဒိယ စစ်​သား ၄၀သေဆုံးခဲ့တဲ့ တိုက်​ခိုက်​မှု့ရဲ့ အဓိက တရားခံလည်း ဖြစ်​သည်​။ အဲဒီလို အကြမ်းဖက်​အုပ်​စုနှင့်​ Azharလို အကြမ်းဖက်​ခေါင်းဆောင်​တို့အား ဒဏ်​ခတ်​အရေးယူဖို့အရေး တရုတ်​ဘက်​က အချိန်​ယူပြီး စနစ်​တကျ စိစစ်​သုံးသပ်​ဖို့လိုကြောင်းအစီရင်​ခံစာ ထုတ်​ပြန်​ခဲ့ပြီးနောက်​မှာ အိန္ဒိယဘက်​က တရုတ်​ရဲ့ဆုံးဖြတ်​ချက်​ကို အပြင်းအထန်​ဝေဖန်​ခဲ့ပြီး အခုလို တရုတ်​ပစ္စည်းများကို အိန္ဒိယနိုင်​ငံသားတို့ မသုံးကြရန်​ အသံတွေထွက်​လာခြင်းလည်းဖြစ်​သည်​။

ကျွမ်းကျင်​သူအများစု ကတော့ တရုတ်​ကုန်​ပစ္စည်းများအပေါ် အခုလို သပိတ်​မှောက်​ခြင်းသည်​က အလုပ်​မဖြစ်​နိုင်​ကြောင်းနှင့်​ တရုတ်​ထက်​ အိန္ဒိယကိုသာ ပိုပြီးအထိနာနိုင်​ဟု သုံးသပ်​ယူဆထားကြသည်​။

ပြီးခဲ့တဲ့ လက Holi ပွဲတော်​ကြီး၌ ပြည်​တွင်း ကုန်​သည်​အများစုတို့က နေရာဒေသ အသီးသီးတို့၌ တရုတ်​ အ၀တ်​ထည်​များ၊ ကလေးကစားစရာ ပစ္စည်းများ၊ အီလက်​ထရွန်းနစ်​ပစ္စည်းများတို့ကို မီးပုံရှို့ခဲ့ကြသည်​။
မြို့တော်​ နယူးဒေလီ၊ Sadar ဈေးဟာ တရုတ်​ပစ္စည်းအများစု ရောင်းချသည့်​နေရာဖြစ်​ပြီး၊ ရွေးကောက်​ပွဲ မဲဆွယ်​သူများတို့က တရုတ်​ပစ္စည်းများတို့ကို မီးရှို့ခဲ့ကြသည်​။
CAIT ကတော့ မိုဒီ အစိုးရအားတရုတ်​ပစ္စည်းများအပေါ် အမေရိကန်​က အကောက်​အခွန်​နှုန်း တိုးမြှင့်​ကောက်​ခံသည့်​နှုန်းထက်​ ပိုမြှင့်​ပြီး ရာခိုင်​နှုန်း
အားဖြင့်​ ၃၀၀% ကနေ ၄၀၀% အထိ တိုးမြှင့်​ကောက်​ခံရန်​ တိုက်​တွန်းတောင်း​ဆိုထားသည်​။ တရုတ်​ဟာ အိန္ဒိယရဲ့အကြီးဆုံးကုန်​သွယ်​ဖက်​နိုင်​ငံကြီးဖြစ်​နေလို့ မိုဒီအစိုးရအတွက်​ ဆုံးဖြတ်​ရ ခက်​နေသည့်​ အနေအထားမျိုး၌ ရှိနေပါသည်​။ပြီးခဲ့တဲ့နှစ်​၌ တရုတ်​က အိန္ဒိယမှာ ရင်းနှီးမြှုပ်​နှံမှုလုပ်​ရာတွင်​ အမေရိကန်​နှင့်​ ဂျပန်​တို့ထက်​တောင်​ ပိုလွန်​ခဲ့သည်​။ ၂၀၁၇ထဲမှာ အိန္ဒိယ၌တရုတ်​ရဲ့ရင်းနှီးမြှုပ်​နှံမှု့တန်​ဖိုးဟာ ဒေါ်လာ၃ဘီလီယံသာရှိခဲ့ရာကနေ ပြီးခဲ့တဲ့နှစ်​ကတော့ ဒေါ်လာ ၅.၆ဘီလီယံ အထိတောင်​ ရောက်​ရှိခဲ့ပါသည်​။

အိန္ဒိယမှာရှိနေတဲ့ ထိပ်​တန်း စမတ်​ဖုန်းအမှတ်​တံဆိပ်​ ၅ခု တို့၌ ၄ ခုလောက်​က တရုတ်​ကုမ္ပဏီများက ထုတ်​လုပ်​ကြတာဖြစ်​ပြီး အိန္ဒိယသည်​ တရုတ်​ဆီကနေ ဆက်​သွယ်​ရေးပစ္စည်းများကို တစ်​နှစ်​လျှင်​ တန်​ဖိုးဒေါ်လာ
၁၀ ဘီလီယံဖိုးလောက်​အထိ တင်​သွင်းနေပါသည်​။

၂၀၁၈ ထဲမှာ အိန္ဒိယသည်​ တရုတ်​နိုင်​ငံမှ ကုန်​စည်​တန်​ဖိုး ဒေါ်လာ ၇၆ ဘီလီယံလောက်​အထိ တင်​သွင်းခဲ့သည်​။ အိန္ဒိယက တရုတ်​သို့ ပြန်​ပို့ရာမှာ အများစုသည်​ကုန်​ကြမ်းများသာဖြစ်​ကြပြီး ဒေါ်လာ ၁၈.၈ ဘီလီယံ ဖိုးလောက်​သာတင်​ပို့နိုင်​ခဲ့သည်​။ အိန္ဒိယသည်​လည်း တရုတ်​နှင့်​ကုန်​သွယ်​မှု့ ပြုရာမှာ အမေရိကန်​လိုဘဲ ကုန်​သွယ်​ရေးလိုငွေသာ ရှိခဲ့သည်​။ ၁၉၉၂-၁၉၉၃နောက်​ပိုင်းကတည်းကနေ လက်​ရှိအချိန်​အထိ တရုတ်​နှင့်​ကုန်​သွယ်​မှု့ လုပ်​ရာမှာ ကုန်​သွယ်​ရေးလိုငွေသာ ပြခဲ့သည်​။

တရုတ်​က အိန္ဒိယသို့တင်​ပို့သည့်​ ပို့ကုန်​တန်​ဖိုးဟာ ကမ္ဘာ့နိုင်​ငံများသို့ တင်ပို့တဲ့ ပို့ကုန်​တန်​ဖိုးအားလုံးပေါင်းရဲ့ ၂% လောက်​သာ ရှိနေလို့ အိန္ဒိယ က အမေရိကန်​လုပ်​သလို တရုတ်​ကုန်​စည်​များအပေါ် စည်းကြပ်​ခွန်​တိုးမြှင့်​ ကောက်​ခံခြင်း(သို့) တရုတ်​ကုန်​စည်​များကို အိန္ဒိယ က သပိတ်​မှောက်​ခဲ့လျှင်​လည်း သိပ်​တော့ ဖြုံမယ့်​ပုံ မပေါ်ပေ။ တရုတ်​ဘက်​ကတော့ အိန္ဒိယသည်​ တရုတ်​ကုန်​စည်​များတို့အပေါ်လက်​ရှောင်​ သပိတ်​မှောက်​မှု့ မျိုးလုပ်​ခဲ့မည်​ဆိုပါက အလွန်​မိုက်​မဲရာကျလိမ့်​မည်​ဖြစ်​ပြီး၊ အိန္ဒိယနိုင်ငံကိုသာ ထိခို​က်​မှုအများဆုံးရှိစေနိုင်​မည်​ဟု သတိပေး
တုန့်​ပြန်​ ပြောကြားခဲ့သည်​။ အကျိုးဆက်​အနေဖြင့်​တော့ ပတ်​၀န်း​ကျင်​နိုင်​ငံ တို့အတွက်​ အခွင့်​အရေးကောင်းသဖွယ်​ရှိလာနိုင်​ပါသည်​။
#KoNayNay
Wed,Apr 17

0 comments:

Post a Comment