Sunday, March 27, 2011

ဒုက္ခသယ်ယောင်ဆောင်သူက ဒုက္ခသည်တွေဆီရေးတဲ့စာ(မျိုးမြင့်ချို)

0 comments

ဒုက္ခသည်ယောင်ဆောင်သူက ဒုက္ခသည်တွေဆီရေးတဲ့စာ (မျိုးမြင့်ချို)
အမေရိကန်ကြီး စီးပွားပျက်နေပြီတဲ့။ အမျိုးမျိုးပြောကြတယ်။ အမေရိကန်ဆိုတာကလည်း ကမ္ဘာပေါ်မှာ ပညာရှင်ဆိုသူတွေအပေါဆုံး တိုင်းပြည်တွေထဲက တခုမဟုတ်လား။ ပြောမှပေါ့..။ ကောင်းနေတုန်းကတော့ စီမံခန့်ခွဲမှုညံ့တယ်လို့ လေသံတောင်မဟခဲ့သူတွေက “ပျက်မှာပေါ့ အစိုးရစီမံခန့်ခွဲမှုစနစ်ညံ့တာ ကိုး”လို့ ပြောပြန်တယ်။ ကွန်မြူနစ်ဘက် လှည့်ထားတဲ့ပြောင်းဦးကို အကြမ်းဖက်ဝါဒီတွေဘက် ထိုးချိန်လိုက်တော့ “ဒါမှ ဒို့ခေါင်းဆောင်ကွလို့ …” သံကုန်ဟစ် သူတွေက … အခုတော့ “ပျက်မှာပေါ့ အကြမ်းဖက်တိုက်ဖျက်ရေးဆိုပြီး တမိုးလုံးဖျောက်ဆိပ်လုပ်တာကိုး” လို့ ဆိုကြတယ်။ “ရီပတ်ဘလီကင်တွေ သွေးဆာ လို့တိုင်းပြည်ပျက်တာ” လို့ ပြောသူတွေကို “ရီပတ်ဘလီကင်ဖြစ်ဖြစ် ဒီမိုကရက်ဖြစ်ဖြစ် အရင်းရှင်စနစ်ဆိုတာ ဒီအတိုင်း ဖြစ်ကိုဖြစ်ရမှာ” ဆိုပြီး “စကတည်းက ငါမပြောလား သမားတွေ” က ပညာရှိလေသံနဲ့ တရားပြတယ်။ “ပြည်တွင်းက ဘဏ္ဍာအရင်းရှင်ကြီးတွေ၊ စီးပွားရေးသမားတွေနဲ့ လုပ်ငန်းရှင်တွေမသမာလို့” ဆိုပြီး “အတွင်းပြန်ခတ်”တဲ့သူက ခတ်တယ်။ အရင်တုံးက အမေရိကန်တွေကို ကျားကန်ပြီးအားသန်လာခဲ့သူတွေက အခုတော့ အမေရိကန်ဆိုကန်တန်တန် လုပ်ပြချင်နေပြီ။ “ဆရာလောက်ဆို တော်ရောပေါ့.. ဆရာကြီးလို့ အခေါ်မခံချင်ပါနဲ့တော့” “ဒေါ်လာနေရာမှာ တခြားခိုင်မာတဲ့ငွေတခုခု ပြောင်းသုံးကြရင် ဘယ့်နှယ်လဲ” လို့ မေးဆတ်သူတွေလည်းဆတ်နေပြီ။ တခါတုန်းက အာရှတိုက်ရဲ့ လူမမာကြီးလို့ ကင်ပွန်းတပ်ခံခဲ့ရဖူးတဲ့ နဂါးကြီးကလည်း အမြီးတရမ်းရမ်းနဲ့ မီးပန်းတွေမှုတ်မှုတ် ပြနေချိန်ဆိုတော့ ... အင်း …အမေရိကန် ပြည်ထောင်စုနဲ့ငွေကြေး၊ စီးပွားရေးစတာတွေမှာ တိုက်ရိုက်ချိတ်ဆက်ထားတဲ့ နိုင်ငံတွေလည်း မသက်သာလှဘူး။ ဘယ်သူ လက်ခံခံ၊ မခံခံ-အမေရိကန်ဒေါ်လာဟာ ကမ္ဘာသုံးငွေလိုဖြစ်နေတာဆိုတော့ တိုင်းပြည်တိုင်းလိုလို အနည်းနဲ့အများတော့ အဖျား ခတ်မိကြတာချည်းပါပဲ။ ဘယ်လိုဘဲဖြစ်ဖြစ် အမေရိကန်တွေကတော့ ကျွဲထက်ပိုမပိန်အောင် ဗိုသီဗတ်သီနဲ့ ပြန်အဖတ်ဆည်နေတာလည်း အမှန်ပါပဲ။ ထူးခြားတာက ကျနော်တို့ ဗမာနိုင်ငံက စစ်ဗိုလ်တွေကတော့အေးဆေးပါတဲ့။ ဘာမှမဖြစ်ပါဘူးတဲ့။ သူတို့ကို မထိခိုက်ပါဘူးတဲ့။ ဒီနေရာမှာ သူတို့ပြောတဲ့ “သူတို့” ဆိုတာ ဘယ်သူ့ကိုပြောတာလဲ ဆိုတာတော့ အားလုံးလည်းသိပြီးသားမို့ ဘာမှမပြောလိုပါဘူး။ ထားပါတော့လေ။ ကျနော် စိတ်ဝင်စားတာက ဒီမှာ (အမေရိကားမှာ) ရောက်နေကြတဲ့ ကျနော်တို့အပေါ်ရော ဒီဂယက်က ဘယ်အထိပွတ်တိုက်နေသလဲလို့ စစ်ကြည့်မိတယ်။ ကျနော်တို့လို့ ဆိုတဲ့နေရာမှာ လည်း ပညာနဲ့အခြေခံလုပ်ရတဲ့လုပ်သားတွေကို မဆိုလိုပါဘူး။ စက်ရုံအလုပ်ရုံတွေမှာ အလုပ်လုပ်နေကြတဲ့သူတွေကိုပြောတာပါ။ အရင်ကဆို အထည်ချူပ် စက်ရုံမှာလျှောက်မယ့်သူက အထည်ချူပ်တတ်ရင်၊ သန့်ရှင်းရေးအလုပ်လျှောက်မယ့်သူက သန့်ရှင်းရေးလုပ်တတ်ရင်၊ စက်ပစ္စည်းတွေကိုကိုင်တွယ် မောင်းနှင် ရတဲ့ အလုပ်လျှောက်မယ့်သူက အဲဒါတွေကို ကိုင်တွယ်မောင်းနှင်တတ်ရင်ရပြီ။ မတတ်သေးရင်လည်း အလုပ်လုပ်ရင်းသင်ပေးသေးတာ။ ရွေးချယ် စရာတွေလည်း အထိုက်အလျောက်ရှိတယ်။ ဒီမှာ မကြိုက်သေးရင် - ဟိုမှာ ...။ ဟိုမှာ မကြိုက်တော့ရင် ဒီမှာ…။ ပြောင်းဖို့လည်း သိပ်မခက်ဘူး ဆိုပါတော့။ အင်္ဂလိပ် စကားပြောတတ်လား ... ဆိုတာကတော့ မေးရိုးမေးစဉ်အနေနဲ့ မေးတာလောက်ပါ။ အခုတော့ ဒီလို မဟုတ်တော့ဘူး။ အာလူးကြော်စက်ရုံမှာ အလုပ်သွားလျှောက်လျှောက်၊ တည်းခိုခန်းလိုဟာမျိုးမှာ သန့်ရှင်းရေးအလုပ် သွားလျှောက်လျှောက် - အရင်ဆုံးမေးတဲ့စကားက “အင်္ဂလိပ် စကားပြောတတ် လား …” တဲ့။ ခက်တော့တာပေါ့။ ကဗျာဆရာ “မြေနု” ပြောသလို တသက်လုံး “စစ်မက်နဲ့ ကြီးပြင်း၊ ပြေးလွှားရင်းစာငတ်၊ ဘာတတ်လို့လဲ ... ဆရာရယ်” ဆိုသူတွေကို အင်္ဂလိပ်စာတတ်လား ဆိုတော့။ ခမျာများ လက်ပူတိုက် အင်္ဂလိပ်စာလေး၊ စကားလေး အပြေးအလွှား သင်ယူကြရှာပါရဲ့။ ဒါပေမယ့် အလုပ်ရှာရ တာဟာ “ကျောက်စရစ်တောမာခေါင်ခေါင်မှာ၊ အတောင်ပံကျွတ်သည့်ကြိုးကြာ၊ ရေရှာ၍မရသကဲ့သို့” ဆိုတာလောက် မခက်ပေမယ့်၊ လွယ်တော့ မလွယ်လှ ပါဘူး။ ပြဿဒ်က စ လောင်တဲ့မီးကိုး။ ဒီမှာ ညည်းကြတယ်။ တချို့များ ခြူသံတောင်ပါရဲ့။ ထိုင်းလိုနိုင်ငံတွေမှာ ရွှေ့ပြောင်းအလုပ်သမားတွေအဖြစ် လုပ်နေကြတဲ့ ဗမာအလုပ်သမားတွေနဲ့ ပြည်တွင်းကဗမာအလုပ်သမားတွေသာကြားရင် - ဘယ်လိုနေမလဲ မပြောတတ်ပါဘူး။ ဘယ်နားသွားသွား မကြားချင် ချင်၊ ကြားချင်ချင်၊ ကြားရတတ်တဲ့အသံပါ။ တချို့ကတော့ ဒီစီးပွားပျက်လှိုင်း ကိုယ့်ကိုယ်ဆောင့်လာရင်တောင် အသာလေးရှောင်ပေးလိုက်ရုံပဲလို့ ပေါ့ပါ့ပါးပါး ခံယူထားသူတွေ အသံလည်းကြားရတယ်။ ကောင်းပါတယ်။ ငရဲကလာသူအတွက် ပြာပူဆိုတာ အေးဆေးပါဆိုတဲ့သဘော။ တချို့ကတော့ နေသေးသပ ခြုံထဲကလို့ ကြုံးဝါးပြီးပြန်ကောင်းလာချိန်ကို မျှော်တလင့်လင့်နဲ့ပါ။ ဒါလည်းမဆိုးပါဘူး။ အားမတန်ချိန်မှာ မာန်လေးနည်းနည်းလျှော့ထားသလိုပေါ့၊ တချို့ လည်း ခြိုးခြံချွေတာရေး အစီအစဉ်လေးတွေဆွဲလို့။ ဒါလည်း ကောင်းတာပါပဲ။ ရှိတာလေးနဲ့ဝအောင်စား ဆိုတဲ့ အစဉ်အလာဆိုဆုံးမမှုကနေ သွေဖည် မသွားသေးဘူးလို့ ယူ စရာပါ။ ကျနော်ကလည်း ဒီကို မုန့်ဝေချိန်နဲ့လွဲပြီး တုတ်ဝေချိန်နဲ့တည့်တည့်တိုး ရောက်သူဆိုတော့ “မုန့်ဝေချိန် ရွှေထီးဆောင်း ဇာတ်လမ်း” တွေ ပြန်ကြားရတယ်။ ဝမ်းသာတာပေါ့။ ကိုယ့်လူမျိုးတွေ ကောင်းစားခဲ့တာဘဲဟာ။ ဒုက္ခသည်(အစစ်)တွေအနေနဲ့ ရောက်လာကြပြီး၊ ဒီလိုနိုင်ငံမှာ ကိုယ်ပိုင်အိမ်နဲ့၊ ကားကောင်းကောင်းနဲ့၊ အလုပ်ခိုင်ခိုင်နဲ့ နေနိုင်ဖို့ဆိုတာ လွယ်မှမလွယ်ပဲကိုး။ ကိုယ့်လူမျိုးတွေထဲက တချို့နေနိုင်တာမြင်တော့ ပီတိဖြစ် မိတယ်။ “တုတ်ဝေချိန်၊ ဗိန်းဗောင်းတိုက်သံ” တွေကိုတော့ မရောက်လာခင်ကတည်း နားစွန်နားဖျားတွေကြားခဲ့ရပါတယ်။ ရောက်ရောက်ချင်းလည်း ဆောက်နဲ့ထွင်းခံခဲ့ရပါတယ်။ အမေရိကန်အနေနဲ့ “ကိုင်သမျှမြေ ရွှေပြန်ဖြစ်ဖို့” ကို သိပ်မျှော်လင့်မထားဘဲ ရောက်လာသူဆိုတော့ နေသာဖြေသာရှိပါတယ်။ ကြာတော့ “မုန့်ဝေချိန်အလွမ်းဇာတ်”တွေ ပြန် က တာမြင်ရင် အထည်ကြီးပျက် ပျက်ပြနေလားလို့ တွေးမိချင်လာတယ်။ တခါတခါ စိတ်အချဉ်တောင် နည်းနည်း ပေါက်မိတယ်။ ပြောတော့ မပြောမိခဲ့ပါဘူး။ “ဟိုတုန်းကများ - ကားဆို ဇီးရိုး မိုင်းလေ့ဂ်ျမှ။ (Zero Mileage ဆိုတာက ကားအသစ်ကျပ်ချွတ်ကို ပြောတာပါ။ သူများစီးပြီးသား တပတ်ရစ်တွေမသုံးဘူးဆိုတဲ့ သဘော)။ “ပစ္စည်းဆိုရင်လည်း ဘယ်အမှတ်တံဆိပ်မှ” တို့ …“ဈေးဝယ်ရင် ဘယ်ကုန်တိုက် ကြီး တွေမှ” တို့ …“အပြင်ထွက်စားရင်လည်း ဘယ်ဆိုင်မှာမှ” …“ကိုယ့်အိမ်နဲ့ကိုယ်နေတာ၊ အပတ်မင့်န်တွေမှာမနေဘူး” တို့ …ဘာတို့ ညာတို့ပေါ့လေ။ အဲဒါတွေ ကြားမိတော့ “အပြောဝံ့လှပါလား”လို့တော့ တွေးမိပါတယ်။ လက်ထဲရှိတဲ့ငွေယားလေးနဲ့၊ ဘဏ်ကအတိုးနဲ့၊ ချေးယူလိုက်တာလေးနဲ့ပေါင်းပြီး လက်ငင်း ပေးတန်သလောက်ပေးထား၊ ကျန်တာကို လစဉ်အရစ်ကျလေးသွင်းပြီး နေလိုက်ရင်၊ (အလုပ်ကလည်း မြဲနေမယ်ဆိုရင်ပေါ့လေ) … ဘယ်လောက်ဆို ကိုယ်ပိုင်အိမ်လေးနဲ့နေနိုင်ပြီ။ စမတ်ကျကျလေးဖြစ်သွားပြီ … ဆိုတဲ့ အိပ်မက်လှလှလေးတွေ တိမ် ဖြစ်သွားတာမြင်ရတော့ - စိတ်မကောင်းဖြစ်မိတယ်။ ကား ဖိုး၊ အိမ်ဖိုးတွေမပေးနိုင်တော့လို့ ကားတွေ အိမ်တွေပြန်အပ်ရလိုက်ရတာကို ဘဝတခုစာအပျက်အမှတ်နဲ့ “သိမ်ငယ်သံ” တွေကြားတော့ ဘာပြောရမှန်း မသိ သလိုဖြစ်မိတယ်။ လူမည်း မိသားစုတစု အဲသလိုကြုံရတဲ့ဒဏ်မခံနိုင်လို့ ဆိုပြီး တမိသားစုလုံး သတ်သေသွားကြတဲ့အကြောင်း တီဗီထဲကြားလိုက်တော့ ဒီလူတွေ ဒို့လောက်ခံနိုင်ရည်မရှိဘူးလို့ ကြံဖန်တွေးမိတယ်။ ဒီကို ဘယ်လိုပုံစံနဲ့ ရောက်လာ ရောက်လာ၊ အလုပ်သမားတွေအဖြစ်နဲ့ စက်ရုံအလုပ်ရုံတွေမှာ လုပ်ကိုင်နေကြရသူတွေရဲ့ လုပ်ငန်းခွင်အခြေအနေနဲ့ အလုပ်ကရတဲ့ခံစားခွင့်၊ အလုပ်ကြောင့်ရရှိလာတဲ့အကျိုး … စတာတွေမှာလည်း ထိုင်းက ဗမာအလုပ် သမားတွေနဲ့ရော၊ ဗမာပြည်က ဗမာအလုပ်သမားတွေနဲ့ရော မတူပါဘူး။ နိုင်းယှဉ်ချက်အရ ပြောကြကြေးဆိုရင်တော့ ဒီမှာက အပုံကြီးသာပါတယ်။ တနာရီကို ၈ ဒေါ်လာလောက်ရတဲ့ အလုပ်ကလေးတခုလောက် ပုံမှန်ရသွားပြီ၊ မြဲသွားပြီဆိုရင် ကားလေးတစီးလောက်တော့ အရစ်ကျချေတဲ့ စနစ်နဲ့ဝယ်လို့ ရသွားပြီ။ (ကားဆိုတာကလည်း ဒီမှာတော့ မရှိမဖြစ်လူ့အသုံးအဆောင်ပစ္စည်းပါ)။ အပတ်မင့်န် ကောင်းကောင်းလေးတွေမှာ ရေပူရေအေးနဲ့ လေပူလေအေးနဲ့ (ဒါလည်း ရာသီဥတုလိုအပ်ချက်အရ) နေပြီး၊ ပုံမှန်လေး စားလို့သောက်လို့ နေနိုင်နေပါပြီ။ နောက်ပြီး အလုပ်ကအခြေအနေမကောင်းလို့ အနားပေးလိုက်တယ် (Lay off ပေါ့လေ) ဆိုရင်လည်း အလုပ်လက်မဲ့ကြေးလေးလျှောက်ပြီး စားနေလို့ရသေးတယ်။ ဒီလို Lay off စားနေချိန်မှာ အစိုးရက အိမ်လခ၊ မီးလခ(လျှပ်စစ်ခ) ထောက်ပံ့ပေးတဲ့ ရုံးတွေသွားပြီး လျှောက်ကြမယ်ဆိုလည်း တစိတ်တပိုင်းတော့ ရနေကြသေးတယ်။ ပညာအခံရှိသူတွေကျတော့ (လူရည်လေးလည်း လည်မယ်ဆိုရင်) Lay-off စားချိန်ဆို ကျောင်းလေးဘာလေး တက်လိုက်ရင်၊ ပညာသင်ချေးငွေတို့၊ ထောက်ပံ့ကြေးလေးတို့နဲ့ ဖူဖူလုံလုံလေး ရှိကြပါတယ်။ ဒီအချိန်အတွင်းမှာ နောက်ထပ် အလုပ်သစ်ပြန်ရှာရင်း၊ စားလို့နေလို့ ရနေသေး ပါတယ်။ ဆိုလိုတာက - အလုပ်လက်မဲ့ဖြစ်တာချင်းအတူတူ ပူစရာတော့ နည်း သေးတယ်၊ ဆင်းရဲတာချင်းအတူတူ ကိုယ်ပိုင်ကားလေးနဲ့ဆင်းရဲတယ်၊ အနှိမ်ခံရတာချင်းအတူတူ လူလို့တော့အသိအမှတ်ပြု ခံကြရသေးတယ်။ ဘာပဲ ပြောပြော ကိုယ့်မြေမဟုတ်ပေမယ့် ရပ်နေလို့ရသေးတယ်။ ကိုယ့်ရေမဟုတ်ပေမယ့် အဝသောက်လို့ရတယ်။ ကိုယ့်လေမဟုတ်ပေမယ့် အဆုတ်တွေပြည့် သွားအောင် ရှုရှိုက်ခွင့်ရှိတယ်။ ကုန်ကုန်ပြောရရင် လွတ်လပ်တဲ့ကောင်းကင်တခုအောက်ကနေ မနက်ဖြန်တွေကို မစားရဝခမန်း ယုံလို့ ရနေပါသေး တယ်။ ဆုံးရှူံးစရာကျန်သေးတဲ့ ဆုံးရှူံးမှုတွေကို ကြုံနေချိန်တွေမှာ၊ ဆုံးရှူံးစရာ ဘာမှမကျန်တော့အောင် ဆုံးရှူံးနေရသူတွေဘက်ကို ငဲ့ကြည့်လိုက်တော့ - “မုန့်ဝေချိန် အလွမ်းဇာတ်” တွေကိုရော၊ “တုတ်ဝေချိန် ဗိန်းဗောင်းတိုက်သံ”တွေကိုပါ တဝက်တပျက်၊ ဥပက္ခာစိတ်နဲ့ “နားအဝင်ယဉ်တတ်လာပြီ” လို့သာ … ။ ။

သက်ရှိမိုင်း၊ သက်ရှိသမိုင်းနှင့် မိုင်းတပ်သားများအကြောင်း(မျိုးမြင့်ချို)

0 comments

ကျနော် စစ်မြေပြင်အင်္ဂျင်နီယာတက်တော့ သင်ရတဲ့အထဲမှာ အခြားဘာသာရပ်တွေအပြင် “မိုင်းနှင့်ထောင်ချောက်” “ဖေါက်ခွဲဖျက်ဆီးရေး” “စစ်မြေပြင်ခံစစ်နှင့်အတားအဆီး” ဆိုတဲ့ ဘာသာရပ်တွေလည်း ပါပါတယ်။ မိုင်းတလုံးချင်းစီမှာအသုံးပြုထားတဲ့ ခလုပ်အမျိုးအစားအလိုက် နင်းမိုင်း တိုက်မိုင်း ကြွမိုင်းဆိုပြီးအလွယ်ခေါ်တဲ့လူသတ်မိုင်းတွေ၊ ဖေါက်ဖွဲစက်နဲ့ဖေါက်ခွဲရတဲ့ ရှေ့ထွက်မိုင်းလို မိုင်းမျိုးတွေအပါအဝင်၊ ရေအောက်မှာနဲ့ရေမျက်နှာပြင်နားမှာကပ်ပြီးထောင်တဲ့ ရေမြှုတ်မိုင်း၊ ယဉ်တွေ ကိုထောင်တဲ့ တင့်ဖျက်မိုင်းတွေအကြောင်း၊ ဖြုတ်နည်းတပ်နည်း၊ မိုင်းကွင်းများခင်းကျင်းနည်း၊ ရှင်းနည်း စတာတွေကိုအသေးစိတ်သင်ရပါတယ်။ နောက် ထောင်ချောက်များအကြောင်း ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေနဲ့ဆက်စပ်ပြီး ထောင်ချောက်လုပ်နည်းတွေ၊ ဖေါက်ခွဲဖျက်ဆီးရေး (တံတားချိုးတာ၊လမ်းဖျက်တာ) စတာတွေ။ နောက်တော့ စစ်မြေပြင်ခံစစ်စခန်းတွေ တည်ဆောက်ပုံ၊ ခံစစ်တခုချင်းစီရဲ့အရေးပါမှုအလိုက် အတားအဆီးစီစဉ်ပုံတွေသင်ရပါတယ်။

အရပ်အခေါ် “မိုင်းထောင်တယ်” ဆိုတာဟာ မိုင်းတပ်သားတွေပြောတဲ့ “အသက်သွင်းခြင်း” ဖြစ်ပါတယ်။ မက္ကနစ်ဇင်(Mechanism) ဆိုမယ့် ခလုပ်ပိုင်း၊ Spark လို့ပြောတဲ့ မီးပွင့်ခေါင်း၊ အစပျိုးဖေါက်ခွဲပေးမယ့် ဒီတိုနေတာ (Detonator) (ယမ်းအုံကြီးတဲ့မိုင်းတွေမှာ အားမြှင့်ယမ်း (Primer) ဆိုတာထပ်ပိုးရပါသေးတယ်) နဲ့ ယမ်းအုံဆက်စပ်ပြီး၊ နင်းရင်၊ တိုက်ရင် နင်းပြီးပြန်ကြွရင်ပေါက်ကွဲအောင် တပ်ဆင်ပေးရတာဖြစ်ပါ တယ်။ အဲဒါနဲ့ပြောင်းပြန်လုပ်တာကိုတော့ အရပ်အခေါ် ”မိုင်းဖြုတ်တယ်”ဖြစ်ပြီး၊ မိုင်းတပ်သားတွေကတော့ “သက်မဲ့လုပ်ခြင်း”လို့ ပြောပါ တယ်။ အသက်လည်းသွင်းလိုက်တယ် ခလုပ်ကိုလည်းဖြုတ်မိတယ်။ ဒါပေမယ့်မိုင်းကမကွဲဘူး ဆိုရင်တော့ “မိုင်းအ” လို့ခေါ်ပါတယ်။

စာတွေ့နဲ့လက်တွေ့ကိုပေါင်းတဲ့သင်ခန်းစာစတဲ့ ပထမဆုံးနေ့က နည်းပြဆရာအကြပ်ကြီးပေးခဲ့တဲ့ ပထမဆုံးလက်ချာကတော့… “မိုင်းတလုံး ထောင်တာပဲဖြစ်ဖြစ် မိုင်းအလုံးရေသိန်းချီပြီခင်းတာပဲဖြစ်ဖြစ် အဲဒါဟာ မိုင်းကွင်းတခုခင်းကျင်းတာဖြစ်တယ်လို့မှတ်ရမယ်။ မိုင်းကွင်းတခုကို ခင်းပြီဆိုတာနဲ့ မခင်းခင်မှာအရင်ဆုံး မင်းတို့ခံယူထားရမှာက (တစ်)မိမိကိုယ်ကို အန္တရာယ်မဖြစ်ဖို့ (နှစ်)မိမိလူများကို အန္တရာယ်မဖြစ်ဖို့ (သုံး) ရန်သူကိုထိခိုက်စေဖို့ဖြစ်တယ်ဆိုတာပဲ။ စစ်မြေပြင်မှာ မိုင်းတပ်သားဟာ သူ့ကိုယ်သူအန္တရာယ်မဖြစ်မချင်း သူဟာ မိုင်းကွင်းတွေခင်းနေ ရှင်းနေလို့ရသေးတယ်။ သူ့လူတွေကို အန္တရာယ်မဖြစ်မချင်း သူဟာ အပြစ်တင်ခံရတာနဲ့အရေးယူခံရတာကနေလွတ်တယ်။ အဲဒီ ၂ ချက်ကနေ ကင်းနေမှ မိုင်းတပ်သားဟာ ရန်သူကိုထိခိုက်အောင်လုပ်လို့ ရနေမှာဖြစ်တယ်ဆိုတာပဲ” ဖြစ်ပါတယ်။

ကျနော်တပ်ကထွက်ပြီးနောက် တပ်နဲ့ဝေးသွားသလို မိုင်းတွေနဲ့လည်းလှမ်းသွားပါပြီ။ အဲဒီတုန်းက သင်တန်းမှာနည်းပြဆရာအကြပ်ကြီး ပေးခဲ့တဲ့လက်ချာကိုလည်း မှတ်နေစရာမလိုတော့တဲ့ အတူတူဆိုပြီး မေ့သလိုလိုတောင်ထားလိုက်ပါပြီ။ ဒါပေမယ့် တိုက်ဆိုင်တယ်ပဲဆိုမလား မပြောတတ်ပါ။ တရက် မိတ်ဆွေတယောက်နဲ့ အွန်လိုင်းမှာဆုံပါတယ်။ သူက လက်နက်ကိုင်တော်လှန်ရေးကိုယုံကြည်သလို တစုံတရာဖြတ် သန်းမှုလည်းရှိခဲ့သူပါ။ ကျနော်က လက်နက်ကိုင်တော်လှန်ရေးမဟုတ်တဲ့ အခြားနည်း နာတွေကိုယုံကြည်ပြီး ထောင်တွင်းဘဝကိုဖြတ်သန်းလာသူပါ။ မတူတဲ့လမ်းကနေနဲ့တူညီတဲ့ပန်းတိုင်ကို အရောက်သွားကြမယ်လို့ရည်ရွယ်ခဲ့ကြပေမယ့် အခုတော့ သူရောကျနော်ပါ တတိယနိုင်ငံတွေမှာ အခြေချနေပြီး တပိုင်တနိုင်နိုင်ငံရေးဆိုတာလေးနဲ့ ကိုယ့်ကိုယ့်ကိုချွေးသိပ်နေသူတွေဖြစ်နေပါပြီ။ သူနဲ့ကျနော်အွန်လိုင်းမှာ ပြည်တွင်းအခြေအနေနဲ့ဗမာ့နိုင်ငံရေးအခင်းအကျင်း ဆိုတာတွေပြောဖြစ် ပါတယ်။ ပြည်တွင်းနဲ့ပတ်သက်ပြီး ပြည်တွင်းနိုင်ငံရေးလုပ်နေကြသူတွေမှာ အမျိုးအစား ၂ မျိုးရှိတယ်လို့ သူမြင်ကြောင်းပြောပါတယ်။ တမျိုးက “ပေါ်တင်နိုင်ငံရေး”။ နောက်တမျိုးက “ငုတ်လျှိုးနိုင်ငံရေး” လို့ ဆိုပါတယ်။ အစဉ်အဆက်ပြောဆိုသုံးစွဲလာခဲ့ကြတဲ့ “ဥပဒေတွင်းဥပဒေပ” တို့ “မြေပေါ်(အိုဂျီ)၊မြေအောက် (ယူဂျီ)” တို့ဆိုတဲ့ ဝေါဟာရတွေကိုသုံးချင်ဟန် မရှိလို့ဖြစ်မယ်ထင်ပါတယ်။ “ပေါ်တင်နိုင်ငံရေး”မှာ အုပ်စုလိုက်ပြီးရှိကြောင်း ရွေးကောက်ပွဲဝင်လွှတ်တော်တက်မယ့်အစု၊ ရွေးကောက်ပွဲအသိ အမှတ်မပြု ဝင်လည်းမဝင် န.အ.ဖကလည်း ဘယ်လိုထိရမှန်းမသိသေးတဲ့အစု၊ လူမှုရေးမျက်နှာစာနဲ့နိုင်ငံရေး လက္ခဏာဆောင်အစု၊ ကလေး စစ်သားနဲ့အဓမ္မလုပ်အားခေါင်းစဉ်အောက်က သူ့လူကိုယ့်လူ သိပ်မကွဲတဲ့အစုနဲ့တကိုယ်တော်လှုပ်ရှားနေကြသူအစုတွေဖြစ်ပြီး၊ “ငုတ်လျှိုးနိုင်ငံ ရေး” မှာတော့ ဗ.က.သလို ကျောင်းသားအစုတွေ၊ သဏ္ဍန်စုံအမည်စုံနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လုပ်နေကြ တဲ့ပျောက်ကြားလူငယ်အစု၊ နည်းပညာအခြေခံအင်တာနက်ကနေ အတွင်းအပြင်ချိတ်ဆက် လှုံ့ဆော်သူများအစုတွေပါကြောင်း အကြမ်းဖျဉ်းဆိုနိုင်တယ်လို့ပြောပါတယ်။ ပြဿနာက အမျိုးအစား ၂ မျိုးစလုံးမှာ လုပ်ရကိုင်ရတာ အကန့်အသတ်အလွန်ကြီးသလို အကျပ်အတည်းလည်း ရှိနေတယ် လို့ဆိုပါတယ်။
(ဖြည့်စာ-- ကျနော်က သူ အမျိုးအစားသတ်မှတ်ပုံနဲ့ အစုအဖွဲ့ခွဲဖြန့်ပြပုံတွေကိုတော့ သူ့အမြင်သာဖြစ်လို့ ဘာမှမငြင်းခုံဖြစ်ပါ။ ဒါပေမယ့် သူ့ အဖြန့်အခွဲအစုတွေထဲက “ကလေးစစ်သားနဲ့ အဓမ္မလုပ်အားခေါင်းစဉ်အောက်က သူ့လူကိုယ့်လူသိပ်မကွဲတဲ့အစု” ဆိုတာနဲ့ပတ်သက် လို့တော့ ပြောဖြစ်ပါတယ်။ ဒီအကြောင်းတော့ နောက်မှရေးမယ်လို့ တွေးထားပါတယ်)
သူက အဲဒီလို အကန့်အသတ်နဲ့အခက်အခဲတွေ ဘယ်လိုဘယ်လောက်ပဲရှိရှိလုပ်ရမယ့်အလုပ်ကိုတော့ လုပ်နေကြရဦးမှာပဲလို့ဆိုပြီး -------“ပေါ်တင်ဖြစ်ဖြစ် ငုတ်လျှိုးဖြစ်ဖြစ်ပေါ့ကွာ ကိုယ်ရွေးချယ်ပြီးသား မူအတိုင်းတော့သွားရမှာပဲ။ အဲဒီလမ်းပေါက်ဖို့ လုပ်ဟန်နဲ့နည်းနာတွေလည်း ရှိနေကြတာပါပဲ။ လုပ်လည်းလုပ်နေကြတာပဲ။ ဒါပေမယ့် အခုတလော ငါတွေးမိနေတာလေးတခုရှိတယ်ကွ။ အဲဒါက လုပ်ဟန်နည်းနာတွေနဲ့လည်းမဆိုင်ပါဘူး။ လုပ်တဲ့နေရာမယ် ဘယ်လိုခံယူမှုထားမလဲဆိုတာပါ။ ဘယ်လိုခံယူမှုမျိုးနဲ့လုပ်မလဲဆိုတာပါ။ မင်းကို အဲဒါပြောမလို့-“ ဆိုပြီး “မင်းစဉ်းစားကြည့်လေ။ လုပ်နေတဲ့သူက သူကိုယ်တိုင်ထောင်ထဲ ရောက်မသွားဖို့အရေးကြီးတယ်။ ထောင်ထဲရောက်သွားရင် ဘာမှ လုပ်မရတော့ဘူး။ ထောင်ထဲကနေဘာမှလုပ်လို့မရဘူး။ ပြည်တွင်းမှာနိုင်ငံရေးကို ထောင်မကျအောင် လုပ်တတ်ဖို့လိုမယ်။ အနိမ့်ဆုံး ထောင်ကျတော့မယ့်အပေါက်တိုးမိရင် ရှောင်တတ်တိမ်းတတ်ဖို့ လိုမယ်။ နောက်တခုက ကိုယ်ကိုယ်တိုင်တော့ ထောင်မကျဘူးကွာ။ ဒါပေမယ့် ကိုယ့်လူတွေ ထောင်ထဲရောက်သွားပြန်တယ်ဆိုလည်း မနိပ်ပြန်ဘူး။ ကိုယ်ကတော့ အပြင်မှာရှိနေပါရဲ့။ ကိုယ့်လူတွေက အတွင်းမှာဆိုပြန်ရင်လည်း ဘာမှလုပ်မရပြန်တော့ဘူးလေကွာ။ သမင်တကောင်မွေးဖို့ မလွယ်ပေမယ့် ကျားစားဖို့ကတော့လွယ်တယ်မဟုတ်လား။ ကိုယ်လည်း အထဲမရောက် ကိုယ့်လူတွေလည်း အပြင်မှာရှိမှ လုပ်စရာရှိတာလုပ်လို့ရမယ်မဟုတ်လားကွ။ ဆိုတော့ကွာ တစ်က ကိုယ်ထောင်ထဲ မရောက်ရေး။ နှစ်က ကိုယ့်လူတွေထောင်ထဲမရောက်ရေး။ သုံးကမှ ကိုယ်လုပ်စရာရှိတာ ဆက်လုပ်နိုင်ရေးပေါ့ကွာ”
ကျနော့် သူနဲ့စကားပြောရင်း မိုင်းနည်းပြအကြပ်ကြီးရဲ့ ပထမဆုံးနေ့က ပထမဆုံးပေးခဲ့တဲ့လက်ချာအပြင် အဲဒီနေ့ကပေးခဲ့တဲ့ ဒုတိယ လက်ချာကို သတိရမိလိုက်ပါတယ်။ သူ့ ဒုတိယလက်ချာက….
“ငါကမင်းတို့ကို မိုင်းကွင်းခင်းကျင်းတဲ့အခါမှာ ခံယူထားရမယ့်သဘောထားတွေကို အရေးပါမှုအလိုက် အမှတ်စဉ်ထိုးပြီး ၁-၂-၃ ဆိုပြီး ပြောသွားတယ်။ တကယ်လည်း ဒါက မိုင်းတပ်သားတယောက်အနေနဲ့ ခံယူထားရမယ့်သဘောတရားပဲ။ ဆိုတော့ လက်တွေ့မှာရှေ့တန်း စစ်မြေ ပြင်တွေရောက်တဲ့အခါမယ် တချို့မိုင်းတပ်သားတွေက အမှတ်စဉ်တစ်နဲ့နှစ်ကိုသောက်တလွဲတွေးပြီး သောက်တလွဲလျှောက်လုပ်ကုန် တာတွေလည်းတကယ့်ကိုရှိတယ်။ မိုင်းခင်းရင်းကိုယ့်ကိုပြန်ထိမှာကြောက်တော့ မိမိအန္တရာယ်မဖြစ်ရေးနဲ့ မိမိလူတွေအန္တရာယ်မဖြစ်ရေးဆိုတာကို ကာဗာလုပ်ပြီး မိုင်းကိုအသက်မသွင်းတော့ ဘူး။ ထောင်တော့ထောင်လိုက်တာပဲ။ မိုင်းအလုံးလိုက်ကြီးကိုမြေကြီးပေါ်မှာ ထောင်ထားလိုက်တာ။ အသက်သွင်းတာမဟုတ်ဘူး။ အသက်မရှိတဲ့မိုင်းဟာ ကျည်ဆံမရှိတဲ့သေနတ်လောက်တောင် အသုံးဝင်တာမဟုတ်ဘူး။ သေနတ်ကမှ ကျည်မရှိပေမယ့်ရိုက်လို့တော့ရသေးတယ်။ ဆိုတော့ အဲသလိုလုပ်တာရဲ့အကျိုးဆက်ကဘာဖြစ်လာသလဲ။ တစ်တချက် မိမိကိုယ်ကိုယ်လည်း အန္တရာယ်တော့ မဖြစ်ဘူး။ နှစ်တချက် မိမိလူတွေကိုလည်းအန္တရာယ်မဖြစ်တော့ဘူး။ သုံးတချက် ရန်သူကိုလည်း ဘာမှမလုပ်နိုင်တော့ဘူး။ ကိုယ့်ခံစစ်စခန်းမှာ အဲသလိုမိုင်းကွင်းမျိုးရှိတာနဲ့မရှိတာဘာမှမထူးဘူး။ အတူတူပဲလို့မင်းတို့ကထင်မယ်။ မတူဘူး၊ ထူးတယ်၊ ဘာမိုင်းကွင်းမှ မရှိတာထက် အဲသလိုမျိုး မိုင်းကွင်းရှိနေတာက အန္တရာယ်ပိုကြီးကြောင်း ငါ့အတွေ့အကြုံနဲ့ယှဉ်ပြီးပြောပြမယ်။ ငါ မိုင်းတပ်သားဘဝနဲ့ ရင်ဆိုင်ကုန်းတခုကိုရောက်တယ်။ ငါ့ရှေ့ကလူက ငါ့ကိုအဲဒီခံစစ်ရဲ့အတားအဆီးတွေနဲ့ မိုင်းကွင်းတွေ ကို မြေပုံတွေနဲ့ပဲလွှဲသွားတာ။ ငါ့မှာရောသူ့မှာရော မြေပြင်ကိုစစ်ဆေးပြီးမှလွှဲပြောင်းလက်ခံလုပ်ဖို့ အချိန်မရလိုက်ခဲ့ဘူး။ တပ်တွေအချိန်းအပြောင်းလုပ်ပြီး နောက်နေ့မနက်လင်းအားကြီးအချိန်မှာ အတွင်းဘက်တတိယခံစစ်စည်းရိုးတိုင်တွေကို လောင်ချာနဲ့လှမ်းပစ်သံကြားတော့မှ ကင်းသမားကလန့်နိုးပြီး အတွဲလိုက်ဆွဲချလိုက်တော့မှ တစခန်းလုံးလန့်ဖြန့်ပြီးနိုးကုန်ကြတာ။ ဒါပေမယ့် နောက်ကျသွားပြီ။ ရန်သူက ဘန်ကာတွေကိုတောင်ဖြိုနေပြီ။ ဘာမှပြန်လုပ်ချိန်မရတော့ဘူး။ အားလုံးခွေးပြေးဝက်ပြေး ပြေးနိုင်လို့လွတ်လာတာ။ နောက်တော့ စခန်းကိုပြန်တိုက်တယ်။ ပြန်ရတယ်။ အဲဒီညကကျတဲ့ ကင်းသမားတွေ အကုန်လုံးအရေးယူခံလိုက်ရတယ်။ ငါ့ကို ဗျူဟာမှူးက မိုင်းတွေ ဘာကြောင့်မကွဲတာလဲ။ ရန်သူကစနစ်တကျဖြုတ်သွားနိုင်ခဲ့လို့သာ စခန်းရဲ့နောက်ဆုံးခံစစ်ခြေကို ကပ်လာနိုင်တာ ဟုတ်မဟုတ်ခေါ်မေးပြီး မိုင်းကွင်းတွေကို ပြန်စစ်ခိုင်းတယ်။ ငါ ပြန်စစ်တော့မှ ဘယ်မိုင်းမှအသက် သွင်းထားတာမရှိတာတွေ့တယ်။ တွေ့တဲ့အတိုင်း အစီရင်ခံလိုက်တယ်။ လွှဲပြောင်း လက်ခံလုပ်စဉ်က မြေပြင်ကိုစစ်ဆေးပြီးမှ လုပ်ခဲ့တာမဟုတ်တဲ့အတွက် ငါလည်းအရေးယူခံရတယ်။ အသက်ရှိနေတဲ့မိုင်းတလုံးဟာ သက်ရှိကင်းသမားတယောက်ထက်စိတ်ချရတယ်။ လူကမှ ပင်ပန်းရင် ကင်းငိုက်တတ်တယ်။ မိုင်းက ဘယ်တော့မှမငိုက်ဘူး။ သေနတ်တလက်ကျည်ထွက်ဖို့ဆိုတာ ပစ်သူလိုတယ်။ အသက်ရှိနေတဲ့မိုင်းက ကွဲဖို့လူမလိုဘူး။ သက်မဲ့မိုင်းဟာ ဘာမှအသုံးမဝင်ဘူး။ ခံစစ်တွေမှာ မိုင်းဟာ လူထက်စိတ်ချရတဲ့ကင်းသမားပဲ။ မိုင်းကိုစိတ်ချပြီး ကင်းသမားဟာ ကင်း ငိုက်တတ်တယ်။ ဒါကြောင့် ကင်းစစ်ဆိုတာထားရတာပဲ။ ငါက ကင်းသမားကင်းငိုက်တာကို အပြစ်မရှိဘူးလို့ပြောတာမဟုတ်ဘူး။ ကင်းသမားလည်းလူပဲ။ မိုင်းက ကင်းစစ်မလိုဘူး။ ဆိုတော့ မိုင်းကိုစိတ်ချပြီး ကင်းသမားကငိုက်တယ်။ ငိုက်တော့ မိုင်းကသက်မဲ့မိုင်းဖြစ်နေတာ။ မိုင်းအဖြစ်သွားတာမဟုတ်ဘူး။ ဆိုတော့ ရန်သူက အတွင်းစည်းထဲအထိ လုံလုံခြုံခြုံရောက်လာတယ်။ သိလိုက်တဲ့အချိန်မှာ နောက်ကျကုန်ပြီ။ ဘာမှမတတ်နိုင်တော့ဘူး။ ဘာမိုင်းကွင်းမှမရှိထားဘူးဆိုတာကို ကင်းသမားကကြိုသိထားရင် ဘယ်လိုလုပ်ငိုက်ရဲမှာလဲ။ မင်းတို့စဉ်းစားကြည့်။ ကင်းသမားဆိုတာ ရန်သူဝင်တိုက်ရင် အရင်ဆုံးသေရမယ့် သူ။ သူကင်းငိုက်ရင် သူဟာအရင်ဆုံးသေလူပဲ။ သူမသေရေးအတွက်တော့ သူစဉ်းစားမှာပဲ။ အေး..အဲဒါပဲ။ မိမိကိုယ်ကိုအန္တရာယ်မဖြစ်ရေး မိမိလူတွေအန္တရာယ်မဖြစ်ရေးဆိုတဲ့ကာဗာနဲ့ မိုင်းကွင်းကိုအသက်မသွင်းရဲရင် အစကတည်းက မိုင်းတပ်သားမလုပ်တာအကောင်းဆုံးပဲ။ အဲသလိုမိုင်းကွင်းမျိုးနဲ့ အဲသလို မိုင်းတပ်သားတွေရှိနေတာထက် မရှိတာကမှ ပိုကောင်းသေးတယ်” ဆိုတာပါပဲ။
ကျနော်စိတ်က အကျဉ်းထောင်အသီးမှာရှိနေတဲ့၊ ၂ ထောင်ကျော်မိုင်းတပ်သားတွေဆီရောက်သွားတယ်။ ရန်သူကိုထိရေးအတွက် မိုင်းတွေ အသက်သွင်းရင်း မိုင်းထိမှာမကြောက်ကြသူတွေ။ ကိုယ့်လူကိုကာကွယ်ရင်း ခြေချော်လက်ချော်မှာ အထိအရှတွေရှိတာမှန်ပေမယ် ရန်သူကို အတွင်းစည်းထဲအထိ အရောက်မခံခဲ့ကြသူတွေ။ သက်ရှိမိုင်းတွေနဲ့ကင်းသမားကို နိုးကြားစေခဲ့ကြသူတွေ။ တစခန်းလုံးကို မိုင်းကွင်းရဲ့ နောက်မှာလုံခြုံစေခဲ့သူတွေ။ ကိုယ့်အသက်နဲ့ရင်းပြီး မိုင်းခင်းနေကြသူတွေ။ သက်ရှိမိုင်းတွေရဲ့ သက်ရှိသမိုင်းတွေ။ အစကတည်းက မိုင်းတပ်သားလုပ်ဖို့ စာရင်းပေးသွင်း သူတွေဖြစ်ကြောင်းတော့ မိတ်ဆွေကိုပြောပြဖြစ်လိုက်ပါတယ်။ မျိုးမြင့်ချို

သာမန်အချိန်မှာသာမန်ပြည်သူဖြစ်ချင်သူ(မျိုးမြင့်ချို)

0 comments

အခုတလောလူပြောအများဆုံးဖြစ်မည်ထင်သည့် ပြည်တွင်းသတင်းမှာ ပြည်သူ့စစ်မှုထမ်းဥပဒေ အကြောင်းဖြစ်ဖို့များမည်။ ကမ္ဘာကြီး ရွာဖြစ်သွားပြီ၊ ကမ္ဘာကြီး ပြားသွားပြီ၊ ကမ္ဘာမှုပြုခြင်းဖြစ်နေပြီ စသည်ဖြင့် ပြောဆိုသံများထောင်းလမောင်းထမည်မျှပင်ထထ၊ အချုပ်အခြာအာဏာဆိုသည်နှင့် ပတ်သက်လျှင်ကား ထိုအကောက်အယူများမှန်ကန်ကြောင်း ထောက်ပြနိုင်စရာ “အရွေ့” များများ စားစားမယ်မယ်ရရ ဘာတခုမရှိသေးသည်မှာ သေချာဆဲပင်ဖြစ်သည်။ အင်တာနက်နှင့်ခေတ်သစ် နည်းပညာများက နိုင်ငံတို့၏နယ်နမိတ်တို့ကိုဖြုတ်ချလိုက်ပြီဟု ဘယ်သို့ပင်ဆိုဆို သက်ဆိုင်ရာအစိုးရတို့က သူတို့မကြည့်စေ မမြင်စေချင်သည့် အင်တာနက်ဝက်ဘ်ဆိုက်များကို ကန့်ထား ပိတ်ထား ဆို့ထားနေ သည်မှာလည်း အထင်အရှားပင်ဖြစ်သည်။ နိုင်ငံတို့၏ နယ်နမိတ်များ၊ စည်းများ ဖျက်ချလို့ မရနိုင်သေး။ နိုင်ငံအချို့ဆိုလျှင် ခြံစည်းရိုးပင်ခတ်လိုက်သေး၏။ ဘာတတ်နိုင်သနည်း။ ဘာမှမတတ်နိုင်။ သူ့အခြေအနေ သူ့အကျိုးအကြောင်း အဆက်အစပ်တို့ အထင်အရှားရှိနေသည်မှာလည်း မျက်မြင်ပင်ဖြစ် သည်။ နိုင်ငံတို့၏ “အချူပ်အခြာအာဏာနှင့်နယ်နမိတ်စည်းများ” ရှိနေဆဲပင်ဖြစ်သည်။ ဖျက်လို့မရနိုင်သေး၊ ဖျက်လို့မဖြစ်နိုင်သေး။

နိုင်ငံသားတိုင်းစစ်မှုထမ်းရမည်ဆိုခြင်း ဥပဒေအကြောင်းပြောလျှင် နိုင်ငံတကာနှုန်းစံတန်ဖိုးတွေနှင့် ချိန်ကြည့်ကြရမည်ထင်သည်။ နိုင်ငံတကာစံဆိုသည့် အထိုင်ပေါ်မှပြောမှလည်း ခြုံမိမည်ထင်၏။ ကမ္ဘာ့နိုင်ငံတော်တော်များများတွင် နိုင်ငံသားတိုင်းစစ်မှုထမ်းရန်လိုသည် ဆိုသည့်ဥပဒေများရှိတတ်ကြသည်။ ဥပဒေဆိုသည့်အတိုင်း ခြွင်းချက်များလည်းရှိ၏။ မထူးဆန်း။ ထိုသို့ဆိုက ဒါဆိုလျှင် ဒီကိစ္စဟာ “စကားလုပ်ပြောနေစရာအကြောင်းမရှိဘူးလား” ဟု တွေးစရာရှိပါမည်။ စကားလုပ်စရာ ရှိပါသည်။  နိုင်ငံတကာစံများအကြောင်းထက် ဗမာပြည်၏လက်ရှိထုတ်ပြန်လိုက်သည့် စစ်မှုထမ်း ဥပဒေအကြောင်း၊ ထိုဥပဒေလိုအပ်/မလိုအပ်။ ဘာကြောင့် ထိုဥဒေထုတ်ပြန်ရ အကျိုးဆက်ဘာတွေဖြစ် စသည်တို့ကား မပြောမဖြစ်ပြောရမည့်ကိစ္စဖြစ်သည်ဟု ယူဆမိသည်။

နိုင်ငံသားတိုင်းစစ်မှုထမ်းရန်လိုအပ်သည် ဆိုသည့်ဥပဒေကို ယင်းတို့၏ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥဒေများတွင် ပြဋ္ဌာန်းထားသောသက်ဆိုင်ရာနိုင်ငံတို့သည် ယင်းနိုင်ငံသားတို့အား အမြဲတမ်းအချိန်ပြည့် စစ်သည်တော်များအဖြစ် ကာလအကန့်အသတ်ဖြင့် ပုံမှန်တပ်မတော်များတွင် အမှုထမ်းခိုင်းခြင်းမှာ အလွန်နည်းပါး ပါသည်။ “ကမ္ဘာနှင့်ချီ၍ စစ်ရိပ်စစ်ငွေ့များသန်းလာချိန်၊ တနိုင်ငံကတနိုင်ငံကို ကျူးကျော်စစ်ပြုရန် စစ်ပြင်ချိန်၊ တနိုင်ငံငံ၏ ကျူးကျော်စစ်အားတွန်းလှန်ရန် ခုခံစစ်ပြင်ချိန်” စသည့် အချိန်များတွင်ကား အစိုးရတို့သည် ဖွဲ့စည်းပုံအခြေခံဥပဒေပါပြဋ္ဌာန်းချက်ဆိုသည့် ဝှက်ဖဲအားထုတ်သုံး ကြရတော့သည်။ သာမန်အချိန်တွင် သာမန်ပြည်သူတို့ သတိပင်မထားမိသည့်အချက်ဖြစ်၏။

ကမ္ဘာပေါ်တွင်အကန့်အသတ်နှင့်ဖြစ်နေသည့် စစ်ပူရာဒေသများရှိနေသည် မှန်သော်လည်း တကမ္ဘာ လုံးနှင့်ချီ၍ စစ်ဖြစ်မည့်အလားအလာများ လက်တွေ့တွင် မရှိသေးပါ။ ဗမာပြည်သည် ကမ္ဘာ့အစိတ် အပိုင်းဖြစ်ပါသည်။ ကမ္ဘာနှင့်ချီ၍ စစ်ပူနေခြင်းမရှိသေးသလို စစ်ရိပ်စစ်ငွေ့များလည်းမတွေ့ရသေးပါ။ ကမ္ဘာစစ်ကြီး ဆိုသည့်လှန့်လုံးဖြင့် ထိုဥပဒေပြဋ္ဌာန်းရမည့်အချိန်မဟုတ်ပါ။ မရောက်သေးပါ။ မလိုပါ။

ဗမာပြည်၏ပကတိအခြေအနေအရ တိုင်းတပါးကိုကျူးကျော်စစ်ဆင်နွှဲရန် အကြောင်းတရားအရရော လက်တွေအနေအထားအရရော ဘာမှပြစရာမရှိပါ။ လက်ဆုပ်လက်ကိုင်လည်း ပြမရပါ။ စစ်အင်အား၊ နည်းပညာ၊ စစ်ရေးလေ့ကျင့်မှုတို့တွင်လည်း တိုင်းတပါးအားကျူးကျော်ချင်ဦးတော့ အဖက်ဖက်မှာ နိမ့်နေသေးသည်။ အရည်အသွေးပြည့်ဝသည့်ခေတ်မီတပ်မတော် မဖြစ်သေး။ ခေတ်မီတပ်မတော်များနှင့်မယှဉ်နိုင်သေး။ ထို့အတွက် တိုင်းတပါးအား ကျူးကျော်ရန်ဟူ၍ စစ်သားသစ်စုဆောင်းစရာ၊ ထိုဥပဒေပြဋ္ဌာန်းစရာအကြောင်းမမြင်ပါ။ မရှိပါ။မလိုပါ။

ပတ်လည်နိုင်ငံများကဖြစ်ဖြစ် အဝေးတိုင်းပြည်များကဖြစ်ဖြစ် ဗမာပြည်အားကျူးကျော်စစ် ဆင်နွှဲရန် စစ်ပြင်နေသည့် လက္ခဏာဘာတခုမှမရှိ။ ထိုနိုင်ငံများမှ ငွေကြေး၊ နည်းပညာ၊ အရင်းအနှီး၊ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြုတ်နှံမှုများသာ ဒလဟောဝင်လာနေသည်။ စစ်ဝင်လာခြင်းမရှိ။ ထို့အတွက် ခုခံစစ်အတွက်၊ “အမျိုးသားရေးတို့၊ အချူပ်အခြာအာဏာကိုကာကွယ်ရန်တို့” ဆိုပြီးစစ်သားသစ် သိမ်းသွင်းယူစရာမလိုအပ်။ တပ်တိုးချဲ့ရန်မလိုအပ်။ နောက်တခုကလည်း သန်း ၅ဝ သောပြည်သူအတွက် စစ်တပ်အင်အား ယခုထက်ပိုရှိနေလည်း “အမျိုးသားသွေးစည်းညီညွတ်မှု” မရှိလျှင် ဘာမှလုပ်မရ။ ဘယ်တော့မှတွန်းလှန်မရ။ အမျိုးသားသွေးစည်းညီညွတ်မှုအတွက် အကောင်းဆုံးပြယုဂ်မှာ ဗမာ့မျိုးချစ်တပ်မတော်၏ အစပင်ဖြစ်သည်။ ဘီအိုင်အေကို ဗိုလ်တေဇဦးဆောင်ပြီးဝင်လာချိန်က ဗမာပြည်တွင် “အမျိုးသားအမြဲတမ်းမတော်” မရှိ။ ကိုယ့်ထမင်းကိုယ်စား ကိုယ့်လက်နက်ကိုယ်ရှာပြီး စစ်သားဖြစ်လာသူတွေသာများ၏။ အမျိုးသားသွေးစည်းညီညွတ်မှုဖြင့်သာ လွတ်လပ်ရေးရယူနိုင်ခဲ့ခြင်းဖြစ်သည်။

အမြင်တချို့က ယခုလုပ်ဆောင်ချက်အား န.အ.ဖ လက်ထက်တွင် တပ်အင်အားတွေတိုးချဲ့လာသည်။ တပ်တွေမှာ နံပတ်တွေသာတိုးလာသော်လည်း ဖွဲ့စည်းပုံမပြည့်၊ တပ်သားအင်အားနှင့်အရာရှိ အချိုးအစားကမညီ ထို့ကြောင့် တပ်ဖွဲ့စည်းပုံဖြည့်ရန်နှင့် အချိုးမညီသည်ကိုညီအောင်လုပ်ခြင်းဖြစ်သည်၊ “ဖွဲ့စည်းပုံပြည့်ရေးနှင့်အချိုးညီရေး” လောက်သာ လုပ်ခြင်းဖြစ်သည်၊ ထို့ထက်မပို ဟုဆိုသည်။ သည့်ထက်ပိုမတွေးချင်တာလား မတွေးမိတာလားမပြောတတ်။ ထိုမျှနှင့် အတွေးရပ်သွားသည်မှာလည်း မသင့်ဟုထင်သည်။

နောက်အမြင်တခုက မငြိမ်းသေးသည့်ပြည်တွင်းစစ်ကို စစ်ဖြင့်အပြီးငြှိမ်းရန်(တနည်းပြောရလျှင် အပြုတ်တိုက်ရန်) တပ်အင်အားတိုးချဲ့ခြင်းဖြစ်သည်။ ကြီးထွားလာမည့်တပ်အင်အားကြီးဖြင့် “ပြည်တွင်း စစ်ကိုအပြုတ်တိုက်ပြီး န.အ.ဖ က ပြည်တွင်းငြိမ်းချမ်းရေးကို တည်ဆောက်ပြရန်” ရည်ရွယ်ခြင်းဖြစ်သည် ဟု ဆိုသည်။ စစ်ပွဲကို သို့မဟုတ် စစ်ပွဲတပွဲကို စစ်ဖြင့်အနိုင်တိုက်၍ရပါသည်။ စစ်ပွဲနိုင်ရုံမျှဖြင့် ငြိမ်းချမ်းရေး ကိစ္စပြီးမြောက်သွားသည်ဟု အဓိပ္ပါယ်မထွက်ပါ။ စစ်ပွဲနောက်တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ တသီကြီး ရှိနေပါသည်။ စစ်မတိုင်မီ (သို့မဟုတ်) စစ်အတွင်း (သို့မဟုတ်) စစ်အပြီးတွင် စားပွဲဝိုင်းဆွေးနွေးမှုများဖြင့် မျှမျှတတအပေးအယူများ ရှိရပါမည်။ ထိုသို့မဟုတ်မူကား စစ်ပွဲနောက်စစ်ပွဲလိုက် နေပါလိမ့်မည်။

နောက်အမြင်တခုက “နိုင်ငံသားတိုင်းစစ်ပညာတတ်မြောက်ထားဖို့” လိုသည်။ တတ်ထားလျှင်ကောင်းသည်။ စစ်ဖြစ်လျှင် “ရော့သေနတ်” ဆိုပြီးပေးလိုက်ရုံ ဖြင့်ပွဲပြီးသည် ဟုဆိုသည်။ စစ်ပညာတတ်မြောက်ထားလျှင်၊ သင်ယူထားနိုင်လျှင်၊ သင်ပေးထားနိုင်လျှင်ကောင်းပါသည်။ သို့သော် “စစ်ပညာတတ်မြောက်ထားရန် လိုခြင်း”နှင့်“မဖြစ်မနေစစ်မှုထမ်းခိုင်းခြင်း”တွင် ကွာခြားချက်တွေအများကြီးရှိသည်။ မတူ။ ယခုကိစ္စက စစ်ပညာသင်ပေးခြင်း၊ သင်ယူခြင်းမဟုတ်။ မဖြစ်မနေစစ်မှုထမ်းခိုင်းခြင်းဖြစ်သည်။ ကွဲကွဲပြားပြား ရှိရန်၊ မြင်ရန်လိုမည်ထင်သည်။

သို့ဆိုလျှင် ဘာကြောင့် ဒီအချိန်မှာ ဒီဥဒေကိုတိုးတိုးတိတ်တိတ် ထုတ်ပြန်ရသနည်း။ စဉ်းစားစရာ ရှိလာပြီဖြစ်သည်။ န.အ.ဖ အနေဖြင့် နိုင်ငံသားတိုင်းကို သေနတ်ကိုင်ထားသည့် (သို့မဟုတ်) ပစ်တတ် ခတ်တတ်သည့်သူများ(တနည်း စစ်သားများ) အဖြစ်မခံနိုင်ပါ။ စစ်သားဆိုသည်မှာ အမိန့်နာခံခြင်းဆိုသည်နှင့် အသေတုတ်ထားခံရသည့် လူသားများဖြစ်သည်။ လူချင်းလည်းအတူတူ၊ သူရောကိုယ်ပါသေနတ်တလက်စီ ကိုင်ထားတာလည်းအတူတူ၊ အဘယ်ကြောင့် အခြားသူတယောက်၏စကားကို အခြားသူတယောက်က အသက်ပေး၍လိုက်နာနေကြရသနည်း။ ထို အရာသည် “အမိန့်နာခံခြင်း” ပင်ဖြစ်သည်။ မိမိဆန္ဒအလျှောက် စစ်သားဖြစ်လာသူနှင့် မထမ်းမနေရအမိန့်ကြောင့် စစ်သားဖြစ်ရသူမှာ အလွန်ခြားနားပါသည်။ ဆန္ဒအလျှောက်စစ်သားလုပ်သူမှာ စစ်သားမဖြစ်မီကပင် စစ်သားဖြစ်လျှင်ဘယ်လိုနေရ ကျင့်ကြံရမည်ကို ကြိုတွေပြီးသား ဖြစ်နေတတ်သည်။ တနည်းပြောရလျှင် အပိုးကျိုးပြီးသား။ အမိန့်နာခံလိုစိတ်မွေးပြီးသား များဖြစ်နေသည်။ မထမ်းမနေရကြောင့် စစ်သားဖြစ်ရသူမှာကား ထိုသို့မဟုတ်။ ကိုယ့်ကိုယ်ကိုအပိုးချိုးမထား၊ အမိန့်နာခံရန်အဆင်သင့်မဖြစ်။ အမိန့်နာခံလို စိတ်လည်းမရှိတတ်။

သို့အတွက် စစ်သားခြင်းအတူတူမှန်သော်လည်း ကိုင်တွယ်ရပုံမှာခြားနားလာသည်။ ခွဲခြားကိုင်တွယ်ရသည်။ တတန်းတည်းထားလို့မရ။ မဖြစ်။ သည်တော့ မထမ်းမနေရစစ်သားကို အမိန့်ဆိုသည့် ကြိုးဖြင့် နေရာတကာမှာချုပ်လို့မရ။ အလျှော့အတင်းရှိရသည်။ ထားရသည်။ ကိုင်ရတွယ်ရ ခက်လာသည်။ သေစမ်း သတ်စမ်းဟူ၍ အမိန့်ဖြင့်ထိန်းချုပ်ခိုင်းစေရသည့်နယ်ပယ်တွင် “အမိန့်နာခံရေး/မနာခံရေး”ဆိုသည်ထက် ကြီးသောပြဿနာဆိုသည်မှာမရှိ။ သည်တော့ တပ်တွင်းမှာ ပြဿနာတွေတက်လာသည်။ လျော့တိလျောရဲတွေဖြစ်လာသည်။ အာဏာဖီဆန်တာတွေ အမိန့်မနာခံတာတွေဖြစ်လာသည်။ သည်မှာတင် အမိန့်ဆိုသည်ကြိုးသည် ကောင်းကောင်းမမြဲနိုင်တော့။ စစ်တပ်သည် စစ်တပ်နှင့်မတူတော့။ န.အ.ဖသည် သူစိတ်တိုင်းကျထူထောင်သည့်တပ်အား ထို အဖြစ်မျိုးအရောက်မခံနိုင်။ အရောက်ခံလို့မရ။ “စစ်တပ်ဖြင့်ထူထောင်ထားသည့်အာဏာ” သည် စစ်မိန့်အတိုင်းမသွားတော့လျှင် အာဏာလက်ဆုပ်ပြေမည်။ န.အ.ဖက အာဏာလက်ဆုပ်ဖြေချင်သူမဟုတ်။

န.အ.ဖ ပြချင်သည်က ၂ ခု ဖြစ်မည်။ သူ့စိတ်တိုင်းကျရွေးကောက်ပွဲလည်းပြီးပြီ။ သူလိုချင်တာလည်း ရပြီ။ ရွေးကောက်ပွဲဝင်သူတိုင်းကလည်း ၂ဝဝ၈ ဖွဲ့စည်းပုံကိုသစ္စာထားပါမည်ဟု အတိအလင်းပြောပြီးပြီ။ စစ်တပ်ကတိုက်ရိုက်လာမည့် စစ်ဗိုလ်ကိုယ်စားလှယ်တွေလည်း လွှတ်တော်ထဲဝင်ရန်အသင့်ဖြစ်ပြီ။ အကုန်အစင်ပြီးပြီလားဆိုတော့မပြီးသေး “ငါတို့နောက်ကိုဒီအတိုင်းလုပ်သွားတော့မယ်” ဆိုသည်ကို ချပြထားရဦးမည်။ ဤတွင် ယခုဥပဒေရေးပြီး တိုးတိုးတိတ်တိတ်ချပြထားရသည်။ “မင်းတို့ လွှတ်တော်ထဲကကောင်တွေက၊ ငါတို့ရေးပေးလိုက်တာကို ဥပဒေဖြစ်လာအောင်လုပ်၊ အတည်ပြုပြဋ္ဌာန်းပေး၊ မင်းတို့ချင်း နည်းနည်းပါးပါးငြင်းစရာ ခုန်စရာဖြစ်မှာလေးတွေ မသိမသာလေးထည့်ပေးထားမယ်။ အဲဒါလေးတွေကို ငြင်းကြခုန်ကြပေါ့၊ ပြီးရင်ဖြုတ်လိုက်ကွာ၊ လူကြားလည်းကောင်း အမြင်လည်းတင့်တယ် တာပေါ့၊ နောက်နောင်လည်း ဒီအတိုင်းသွားကြတာပေါ့” ဆိုသည်ကို လုပ်ပြခြင်းဖြစ်သည်။ ဒါက “အနာဂတ် မြန်မာနိုင်ငံတော်တွင် တပ်မတော်၏အမျိုးသားရေးဦးဆောင်မှုကဏ္ဍ” ဆိုသည်မှာ ဒီအတိုင်းပင်ဖြစ်ကိုဖြစ်ရမည်ဆိုသည်ကို နိုင်ငံရေးလက်ဦးမှုယူပြီး အစီအစဉ်ရှိရှိ၊ ရည်ရွယ်ချက် ရှိရှိ၊ ခြေလှမ်းရှိရှိ လုပ်ပြခြင်းဖြစ်သည်။

နောက်တကြောင်းက န.အ.ဖ အနေဖြင့် မြောက်ကိုးရီးယားလို “စစ်တပ်ပထမတိုင်းပြည်” တည်ဆောက် မည်ဆိုလျှင် စစ်သားများအားတိုင်းပြည်၏ ကုန်ထုတ်စွမ်းအားစုထဲတွင်ပါဝင်စေရမည်။ တပြိုင်နက်တည်းတွင် စစ်သားသည် စစ်သားလည်းဖြစ် အလုပ်သမားလည်းဖြစ်နေရမည်။ ထိုသို့ဆိုလျှင် တိုင်းပြည်သည် စစ်ဝန် ကိုအထမ်းရသက်သာ၏။ စစ်အင်အားကြီးထွားခြင်းဆိုသည်မှာ စစ်သည်များကိုမှီခိုနေရသည့် မိသားစုဝင် များပါကြီးထွားလာခြင်းဖြစ်သည်။ စစ်သားများ နှင့်ယင်းတို့၏မိသားစုများသည် ကုန်ထုတ်စွမ်းအားစုတွင် မပါပါက တိုင်းပြည်အတွက် “ဝန်ထုံ့ဝန်ပို” ဖြစ်သည်။ ရေရှည်မှာမထမ်းနိုင်။ ဝန်ပိပြီးပြိုမည်။ ထိုသို့လည်း အပြိုမခံနိုင်၊ သူတပ်သားတွေကိုလည်း အလုပ်သမားအဖြစ်မခံနိုင်သည့် န.အ.ဖ အနေဖြင့် အခြားတလမ်းကို စဉ်းစားလာရသည်။ ဤလမ်းမှာ တိုင်းသူပြည်သားတိုင်း စစ်သားဖြစ်ရေးမဟုတ်။ စစ်သားများနှယ် စစ်မိန့်မှန်သမျှ နာခံရမည့်၊ နာခံရသည့်၊ နာခံတတ်သည့်အရပ်သားများ မွေးမြူရေး ဖြစ်လာသည်။ “စစ်မိန့်နာခံသည့်ပြည်သူများတိုင်းပြည်” ကိုထူထောင်လိုခြင်းဖြစ်သည်။

ဤအကြောင်း ၂ ရပ်အတွက် ဤဥဒေကို ဤအချိန်အတွင်း လက်သိပ်ထိုးပြဋ္ဌာန်းလိုက်ခြင်းဖြစ်မည်ဟုထင်၏။
မျိုးမြင့်ချို (၁၊ ၂၃၊ ၂၀၁၁)

အိုးဝေမှအိုးဝေ (မျိုးမြင့်ချို)

0 comments

အိုးဝေ မှ အိုးဝေ (မျိုးမြင့်ချို)
မလေးရှားရောက် မိတ်ဆွေတဦးက “အိုးဝေ” အမည်ဖြင့် ဂျာနယ်လ်တစောင်ထုတ်နေကြောင်း၊ သူ့ဂျာနယ်အတွက် ကျနော့်စာမူ လိုချင် ကြောင်းပြောလာ၏။ ရေးပေးမည်ဟုပြောလိုက်မိသည်။ ပြောပြီးခါမှ ဘာအကြောင်းရေးရင်ကောင်းမလဲဟုတွေးမိ၏။ ထိုအခါ “အိုးဝေ” “အိုးဝေ” ဆိုသည့်အသံက အသိအာရုံတွင်ပဲ့တင်ထပ်လာ၏။
“အိုးဝေ”..သည် “အိုးဝေ”မျိုးဆက်သာဖြစ်ရပေမည်။
ဗမာ့လွတ်လပ်ရေးအကြောင်းပြောလျှင် ကျောင်းသားခေါင်းဆောင် ကိုအောင်ဆန်း၏ပုံရိပ်သည် လွတ်လပ်ရေးနှင့်တထပ်တည်းကျ၏။ ကိုအောင်ဆန်းအကြောင်းပြောလျှင် “အိုးဝေမဂ္ဂဇင်း”ပါလာမည်။ “အိုးဝေမဂ္ဂဇင်း” အကြောင်းပြောလျှင် ဦးညိုမြပါလာမည်။ ဦးညိုမြအကြောင်း ပြောလျှင် The hell hound at large “ငရဲခွေးကြီးလွတ်နေပြီ” ပါလာမည်။ ငရဲခွေးကြီးလွတ်နေသည်အကြောင်းပြောလျှင် ခေါင်းစုတ်ဖွား အဝတ်အစားဘိုသီဘတ်သီ ခုံဖိနပ်သံတဂွပ်ဂွပ် မျက်နှာမှုံတေတေနှင့်အယ်ဒီတာ့စားပွဲက ကိုအောင်ဆန်း၊ ဒုတိယကျောင်းသားသပိတ်ကြီးနှင့် ကျောင်းသားခေါင်းဆောင်များ၏ ပုံရိပ်များအစီအရီကျလာ၏။ ထိုပုံရိပ်များအကြောင်းပြောလျှင် နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေး၊ အမျိုးသားလွတ်မြောက်ရေး ကြိုးပမ်းမှုအဆက်ဆက်နှင့် ဗမာ့လွတ်လပ်ရေးတိုက်ပွဲများပါလာ၏။ ထိုအရာများက သမိုင်းခေတ်၏ ဖျောက်မရ မေ့မရသည့်ကွင်းဆက်များ။
ဗမာ့လွတ်လပ်ရေးတိုက်ပွဲခေါ်သံနှင့်အလံကိုင်များ၏မီးရှူးသန့်စင်ရာ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ “သမဂ္ဂမဂ္ဂဇင်းအိုးဝေ”။ “အိုးဝေ” အယ်ဒီတာကိုအောင်ဆန်း။
“အိုးဝေအယ်ဒီတာ”၏စာပေခရီးအစသည်(ရေနံချောင်းအမျိုးသားကျောင်းသားဘဝကစခဲ့သည်ဟုဆိုရမည်။ ရေနံချောင်းအမျိုးသားကျောင်း၌ ကျောင်းစာစောင်တစောင်ထုတ်ဝေရာ ကျောင်းသားမောင်အောင်ဆန်းသည် အယ်ဒီတာအဖြစ်တာဝန်ယူခဲ့ရသည်။ ပထမ ဦးစွာဖော်ပြခြင်း ခံရသည့် ဗိုလ်ချုပ်အောင်ဆန်း၏ဆောင်းပါးမှာမူ ဘာသာပြန်ဆောင်းပါးဖြစ်သည်။ ၁၉၃၃ ခုနှစ် နိုဝင်ဘာလထုတ် “ဂန္ထလောကမဂ္ဂဇင်း” တွင်ပါ ရှိခဲ့ခြင်းဖြစ်သည်။ “ပဲခူးကဝေ” ကလောင်အမည်နှင့်ရေးခဲ့ခြင်းဖြစ်သည်။ ထိုစဉ်က တက္ကသိုလ်ကျောင်သား ကိုအောင်ဆန်းသည် ပဲခူးဆောင် တွင်နေသည့်အတွက် “ပဲခူးကဝေ”ဟူ၍ ကလောင်အမည်ယူခဲ့ခြင်းလား…မပြောတတ်။ ဗိုလ်ချုပ်အောင်ဆန်း၏စာပေခရီးတွင် “အယ်ဒီတာ” အဖြစ်က ပိုမို၍ကျော်ကြားထင်ရှားခဲ့သည်ဟုဆိုရမည်။ ၁၉၃၆ တွင် “အိုးဝေမဂ္ဂဇင်း” ၌ တက္ကသိုလ်ကျောင်းသား ကိုအောင်ဆန်းသည် အယ်ဒီတာ့တာဝန်ယူရ၏။ ကိုအောင်ဆန်း အယ်ဒီတာအဖြစ်တာဝန်ယူထုတ်ဝေသည့် “အိုးဝေ”မဂ္ဂဇင်းတွင် “ယမမင်း” အမည်ဖြင့် “ဆရာညိုမြ” ၏ “ငရဲခွေးကြီးလွတ်နေပြီ” (The Hell Hound At Large) အမည်ရှိဆောင်းပါးတပုဒ်ပါလာ၏။ တက္ကသိုလ်အာဏာပိုင်များက ဆောင်းပါးရှင်ကိုအရေးယူရန် ဆောင်းပါးရှင်၏အမည်ရင်းကို အယ်ဒီတာကိုအောင်ဆန်းထံမေး၏။ အယ်ဒီတာ့ကျင့်ဝတ်အရ ဆောင်းပါးရှင် အမည်ထုတ်ဖော်၍ မပြောနိုင်ကြောင်း ကိုအောင်ဆန်းကငြင်းပယ်လိုက်၏။ ကျောင်းအာဏာပိုင် မျက်နှာဖြူကြီးများကမကျေနပ်ကြ။ ဤတွင် အယ်ဒီတာကိုအောင်ဆန်းကို အရေးယူရန်လုံ့လပြုလာကြ၏။ ကိုအောင်ဆန်းအား ကျောင်းမှထုတ်ရန်အထိပင်ကြိုးပမ်းလာကြ၏။ ဤမှ ရန်ကုန်တက္ကသိုလ် ဒုတိယကျောင်းသားသပိတ်ကြီးအထိ။ ကိုလိုနီစနစ်ဆန့်ကျင်ရေး အမျိုးသားလှုပ်ရှားမှုကြီးက ကြီးမားမြင့်တက်ခဲ့၏။ ထိုနှစ်တွင်ထုတ်ဝေသည့် “အိုးဝေ”မဂ္ဂဇင်းအတွဲ - ၆၊ အမှတ် ၁ တွင် အယ်ဒီတာ ကိုအောင်ဆန်းသည် ဤသို့ ခေါင်းကြီးကိုရေး၏။
“ငါ့အား ဖုံးလွှမ်းထားသောလကွယ်သန်းခေါင် ဤမှောင်မိုက်တွင်းမှနေ၍ အနိုင်မခံအရှုံးမပေးတတ်သော ငါ၏စိတ်ကို ဖန်ဆင်းပေးသည့် နတ်သိကြားတို့အား ငါ ကျေးဇူးဆိုပါ၏။
လောကဓံတရားတို့၏ ရက်စက်ကြမ်းကြုတ်သောလက်ဆုတ်တွင်းသို့ ကျရောက်နေရသော်လည်း ငါကားမတုန်လှုပ်၊ မငိုကြွေး၊ ကံတရား၏ ရိုက်ပုတ်ခြင်းဒဏ်ချက်တို့ကြောင့် ငါ့ဦးခေါင်းသည် သွေးသံတို့ဖြင့်ရဲရဲနီ၏။ ညွှတ်ကား မညွှတ်။
ဤဒေါသလောဘတို့ ကြီးစိုးရာဌာန၏အခြားမဲ့၌ကား သေခြင်းတရားသည်ကြောက်မက်ဖွယ်ရာ ငံ့လင့်လျက်ရှိ၏။ သို့သော် ငါကား မတုန်လှုပ် သည်ကိုသာ တွေ့ရအံ့။ နောင်ကိုလည်း ဘယ်တော့မျှမကြောက်သည်ကိုသာ တွေ့ရအံ့။
သုဂတိသို့သွားရာတံခါးဝသည် မည်မျှကျဉ်းမြောင်းသည်ဖြစ်စေ၊ ယမမင်း၏ ခွေးရေပုရပိုက်၌ ငါ့အပြစ်တို့ကိုမည်မျှပင်များစွာ မှတ်သားထား သည်ဖြစ်စေ ငါကား ဂရုမပြု၊ ငါသာလျှင် ငါ့ကံ၏ အရှင်သခင်ဖြစ်၍ ငါသာလျှင် ငါ့စိတ်၏ အကြီးအကဲဖြစ်လေသည်”
(ဒဂုန်တာရာ၏ စာလုံးဆေးစက် ကတ္တီပါကားလိပ်နှင့်ပန်းနုရောင်အို အယ်ဒီတာ့စားပွဲ…မှ)

ကျနော်က အိုးဝေအကြောင်းပြန်တွေးမိ၏။ ထိုမှ ကျောင်းသားခေါင်းဆောင် အယ်ဒီတာကိုအောင်ဆန်း၊ ထိုမှ သခင်အောင်ဆန်း၊ ထိုမှ ဗိုလ်ချုပ်အောင်ဆန်း၊ ထိုမှ ထူထုခေါင်းဆောင်၊ နိုင်ငံ့ခေါင်းဆောင်၊ အမျိုးသားခေါင်းဆောင် ဗမာ့လွတ်လပ်ရေးဗိသုကာ ထိုမှ အာဇာနည် အဖြစ်ကျဆုံးသွားခဲ့ရသည့် ဦးအောင်ဆန်း။
၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်။
အတွင်းဝန်ရုံး။
အတွင်းဝန်ရုံးအတွင်းရှိ တိုင်းပြုပြည်ပြုလွှတ်တော်အဆောက်အဦရှေ့ဝရန်တာတွင်မတ်တပ်ရပ်ရင်း သူတို့တတွေ စကားပြောနေကြ၏။ သူတို့ တတွေဟူသည်ကား..ဒီးဒုတ်ဦးဘချို၊ ဗိုလ်ချုပ်အောင်ဆန်း၊ ဆရာဇော်ဂျီ၊ ဆရာမောင်ထင်၊ ဆရာမင်းသုဝဏ်နှင့် ဦးခင်ဇော်တို့ ဖြစ်၏။
ဗိုလ်ချုပ်အောင်ဆန်းက ဘန်ကောက်လုံချည် နံ့သာရောင်၊ ပိုးအင်္ကျီရင်စေ့နှင့် သပ်သပ်ရပ်ရပ်သားသားနားနား။ သူတို့စကားဝိုင်းက စာပေ၊ အနုပညာနှင့်ယဉ်ကျေးမှုအကြောင်းများဖြစ်သည်။
“လွတ်လပ်ရေးရရင် နိုင်ငံရေးကထွက်ပြီး ပညာရေးနဲ့ယဉ်ကျေးမှုတွေလေ့လာမယ်။ အာရှအရှေ့တောင်ပိုင်းမှာလှည့်ပြီး ယဉ်ကျေးမှုတွေကို လေ့လာချင်တယ်”
ဒီးဒုတ်ဦးဘချိုက ဗိုလ်ချုပ်အောင်ဆန်းကိုပြော၏။ ဗိုလ်ချုပ်အောင်ဆန်းက စိတ်အားထက်သန်စွာနှင့်စကားပြောလျှင်…သူ၏ နှုတ်ခမ်းသည် အနည်းငယ် “ထော်”၍ သွားတတ်၏။
“ကျနော်လည်း နိုင်ငံရေးကထွက်မှာပါပဲဆရာ။ ထွက်ပြီးတော့ စာရေးမယ်ကြံတယ်။ ကျနော်တို့ဆီမှာ ဘာသာပြန်တွေ အများကြီးလိုတယ်။ ဘိုင်အိုဂရပ်ဖီ (အတ္ထုပတ္တိစာပေ)တွေလည်းလိုတယ်။ ဘာ့ကြောင့် မရေးကြသလဲမသိဘူး။ ပြီးတော့ ဗမာအက၊ ဗမာ့ဂီတတွေဟာ ဟိုဘက်က လှည့်လာတာတွေရှိတယ်။ ဒါတွေကိုစုံစမ်းရမယ်။ အာရှတိုက်သားတွေတဦးနဲ့တဦး ဘယ်လိုဆက်စပ်မှုရှိတယ်ဆိုတာ လေ့လာရမယ်။ ကျနော်လည်း အနုပညာသမားပါပဲဆရာ”
ဒီးဒုတ်ဦးဘချိုနှင့် ဗိုလ်ချုပ်အောင်ဆန်းတို့က သူတို့လုပ်ဆောင်လိုကြသည့် စာပေယဉ်ကျေးမှုအနုပညာရည်မှန်းချက်များ ဆွေးနွေးနေကြ၏။ ထိုစဉ်က..သူတို့သည် နောင် ၅ ရက်အကြာ၌ ဤအဆောက်အဦကြီးအတွင်း၌ပင် အကြမ်းဖက်သမားတစု၏ လုပ်ကြံ သတ်ဖြတ်ခြင်း ခံရမည်ကို မသိကြ။ တွေးထင်၍ပင် မထား….။
(ဒဂုန်တာရာ၏ စာလုံးဆေးစက်၊ ကတ္တီပါကားလိပ်နှင့်ပန်းနုရောင်အို အယ်ဒီတာ့စားပွဲ…မှ)
သမိုင်းတွင် “အကယ်၍” ဆိုသည်မှာမရှိမှန်းလည်းသိပါ၏။ သို့သော် “အလုပ်ကြံသာမခံခဲ့ရရင်” ဂန္ထလောကမဂ္ဂဇင်း ပဲခူးကဝေမှ စခဲ့သည့်ကလောင်သည် အယ်ဒီတာကိုအောင်ဆန်းအဖြစ်မျှနှင့် ချူပ်ငြိမ်းသွားမည်မဟုတ်သည်မှာ သေချာပါသည်။ ထိုသို့ဆိုလျှင် ကျနော်တို့ “အိုးဝေ” မျိုးဆက်များ၏ အသိပညာဘဏ္ဏာတိုက်တွင် သမိုင်းစာပေ၊ ဘာသာပြန်၊ အထုပ္ပတ္တိ၊ သုတနှင့်ရသ စာကောင်းပေမွန်များ ယခုထက် ပြည့်စုံကြွယ်ဝနေလိမ့်မည်မှာလည်းသေချာပါသည်။ ဦးအောင်ဆန်းလုပ်ကြံခံလိုက်ရခြင်းသည် ကျနော်တို့အတွက် အမျိုးသားခေါင်းဆောင်ကြီး ဆုံးရှူံးခြင်းမျှမက မြန်မာစာပေ၊ ယဉ်ကျေးမှုနှင့် သမိုင်းတခုပါ တပါတည်းဆုံးရှူံးရခြင်းဖြစ်၏။
မျိုးမြင့်ချို
(မူရင်းကဗျာဆရာ ဓါတ်ပုံနဲ့လက်ရေးမူပါပို့လိုက်တယ်။ ထည့်သုံးချင်လည်းသုံးလို့ရအောင်)


William Ernest Henley (August 23, 1849 - July 11, 1903) was a British poet, critic and editor.
Invictus
Out of the night that covers me,
Black as the Pit from pole to pole,
I thank whatever gods may be
For my unconquerable soul.

In the fell clutch of circumstance
I have not winced nor cried aloud.
Under the bludgeonings of chance
My head is bloody, but unbowed.

Beyond this place of wrath and tears
Looms but the Horror of the shade,
And yet the menace of the years
Finds, and shall find, me unafraid.

It matters not how strait the gate,
How charged with punishments the scroll.
I am the master of my fate:
I am the captain of my soul.

William Ernest Henle

၅ကျပ်တန်ဝါးရမ်း၊ သခင်အောင်ဆန်းနှင့် ကမ်းသစ်တပင်အကြောင်း(မျိုးမြင့်ချို)

0 comments

ဇေဗီးယား (Xavier) ဟူသည့်အမည်ကို ကျနော် ၅ တန်း ၆ တန်းကျောင်းသားအရွယ်လောက်တွင် စတင်ကြားဖူးသည်ထင်၏။နောက်ပိုင်းကျမှ သူနှင့်တွဲ၍ ဟင်္သာခရိုင်တို့ဗမာအစည်းအရုံးညီလာခံ၊ ဇလွန်မြို့၊ ဒေါင့်ကြီးတရားပွဲ၊ ချင်းပြည်နယ်အရေးမဟောရ၊ ကာကွယ်ရေးဥပဒေ၊ ဦးဝမ်းမသူးမောင်၊ ကျုံမငေး သခင်တင်မောင်၊ သခင်အောင်ဆန်းနှင့် ၅ကျပ်တန်ဖမ်းဝရမ်း စသည့် သမိုင်းပုံရိပ်နှင့်ခေတ်ပြိုင် ဇာတ်ကောင်များကို တစတစသိခွင့်ရလာခဲ့၏။ ဇေဗီးယားကိုမူ မျက်ခြေပြတ်သွား၏။

လူအချို့အကြား ၅ ကျပ်တန်ဝရမ်းနှင့်စပ်၍ အမြင်မတူသည်များလည်း ကြားရဖူး၏။ မစ္စတာဇေးဗီးယား၏လက်ထောက် မြန်မာပုလိပ်အရာရှိ တဦးက “စတိလောက်ငွေဖြင့် ဖမ်းဝရမ်းထုတ်လျှင် လူစိတ်ဝင်စားမှာမဟုတ်။ စိတ်မဝင်စားလျှင် ဟိုးလေးတကျော်မဖြစ်။ ဟိုးလေးတကျော်မဖြစ်လျှင် လွတ်ရေးလွယ်၏။ အန္တရာယ်နည်း၏” ဟု တွေးပြီး ဇေးဗီးယားအားအကြံပြုသည်ဆို၏။ ထို့ကြောင့် အောင်ဆန်းသည် ၅ ကျပ်တန် ဝရမ်းပြေးဖြစ်ရ၏။ ထို့ကြောင့်အောင်ဆန်းလွတ်၏ဟု ဆိုသည်။

တချို့က ဇေဗီးယားက အောင်ဆန်းလိုခေါင်းဆောင်ကို နာမ်နှိမ်လိုသဖြင့်၊ အောင်ဆန်းသည် ၅ ကျပ်သာတန်သည့်ဝရမ်းပြေး၊ သောက်ရေး လုပ်စရာမလို ဆိုပြီး “ချိုး” ချင်စိတ် သက်သက်ဖြင့် ထို ဖမ်းဝရမ်းထုတ်ခြင်းဖြစ်၏ဟု ဆိုသည်။ ဖမ်းမိခြင်း မမိခြင်းထက် “မင်းတို့ခေါင်းဆောင် ၅ ကျပ် ထက်ပိုမတန်” လုပ်ပြချင်ခြင်းက အဓိကဟုဆိုသည်။ ထို့ကြောင့် ၅ကျပ်တန်ဖမ်းမိန့်ဖြင့် အောင်ဆန်းခမျာဝရမ်းပြေးရရှာ၏ဟု ဆိုသည်။

“၅ကျပ်ဖြင့်ဖြစ်စေ၊ ၅ သိန်းဖြင့်ဖြစ်စေ ဖမ်းမိန့်မထုတ်သင့်” ဟု မစ္စတာဇေးဗီးယားအားအကြံပြုခဲ့သူ တဦးတလေရှိခဲ့သည်ဟု မကြားမိဖူးပါ။ ထို့ကြောင့် ဇေဗီးယားကို ကျနော်လူချင်းတွေ့ မေးမြန်းကြည့်ချင်သည်။ သို့သော် သူဘယ်ရောက်လို့ဘယ်ပေါက်၊ ဘာဖြစ်လို့ဘာဖြစ်မှန်းကား အစရှာမရတော့။ ခေတ်များခြားသွားပြီ။ သို့သော် ကျနော်မျက်ခြေပြတ်ခဲ့ရသူ..ဇေဗီယား၊ ကျနော်တွေ့ချင်သူ..ဇေဗီးယားအား တွေ့မယ့်တွေ့တော့ အမေရိကားမှာ။ ထိုဝရမ်းနှင့် စပ်သည့် အချိတ်အဆက်တချို့ လည်း သူနှင့်အတူတွေ့ပြန်၏။

၁၉၅၉ ခုနှစ်တွင် Taplinger Publishing Co., Inc. New York,USA မှ လွတ်လပ်ပြီးဗမာပြည်၏ ဒုတိယမြောက်သမ္မတ ဒေါက်တာ ဆာဘဦး၏ ကိုယ်တိုင်ရေးအထုပ္ပတ္တိဖြစ်သော My Burma ဆိုသည့်စာအုပ်ကိုထုတ်ခဲ့၏။ ယင်းစာအုပ်၏ စာမျက်နှာ ၁၄၄ နှင့် ၁၅၁ တွင် သူ့ကိုပြန်တွေ့ရ၏။ “The police official who was the harshest of all was Xavier, an Anglo-Indian born in Burma. He started life as a planter in Moulmein, where he figured as the accused in a sensational murder case. The charge against him was that he tortured one of his employees to death by first smearing him with jaggery and later forcing him to sit night and day for several days on an anthill so the ants could crawl over him and bite him. The man eventually died of exhaustion. Xavier was tried by a judge of the chief Court in Rangoon with European jury. He was found not guilty and acquitted. Not long after he blossomed forth as an Inspector of Police in Rangoon Police Force. He soon acquired a reputation as a fine detective and a good criminal investigator………… စသည်ဖြင့် တမျက်နှာသာသာခန့်ရေးထား၏။ ခြုံ၍ပြန်သော် “ဇေဗီးယားသည် ပုလိပ်အရာရှိများအနက် အကြမ်းဆုံးကောင်ဖြစ်၏။ အင်္ဂလိပ်-အိန္ဒိယကပြား မြန်မာပြည်ပေါက်။ မော်လမြိုင်မှာခြံစိုက်ပြီး ဘဝစခဲ့။ ဟိုးလေး တကျော်ဖြစ်ခဲ့သည့် လူသတ်မှုတခုမှာ တရားခံစွပ်ဆွဲခံရသူ။ ခြံအလုပ်သမားတယောက်ကို ထန်းလျှက်ရည်သုတ်ကြိုးတုတ်ပြီး ပုရွက်ဆိတ်အုံပေါ် ရက် အကြာကြီးတင်ထားပြီးနှိပ်စက်။ နောက်ဆုံး ထိုလူထိုဒဏ်ဖြင့် သေရ။ သူ့အား ရန်ကုန်မှတရားသူကြီးချုပ်က ဥရောပသားဂျူရီလူကြီးများဖြင့်တရားစီရင်။ အပြစ်မရှိဆိုကာ ကွင်းလုံးကျွတ်လွတ်။ သိတ်မကြာမီ ရန်ကုန်ပုလိပ်အဖွဲ့တွင် အင်စပက်တော်ဖြစ်လာ။ ရာဇဝတ်မှုစုံထောက်ကောင်းတဦးအဖြစ် ကျော်စော လာ။ သူနှင့်သူ့အထက်အရာရှိ အလက်ဇန်းဒါးတို့အား ရန်ကုန်မြစ်တွင်းသောင်းကျန်းနေသည့် ဆန်ခိုးဂိုဏ်းတခုအား နှိမ်နင်းရန်အထက်မှတာဝန်ပေး။ သိတ် မကြာလိုက် ဂိုဏ်းခေါင်းဆောင်ဟုဆိုသူအား လက်ရဖမ်းမိ။ ထိုသူ့အိမ်တက်ရှာ။ သက်သေပြစရာဘာမှမတွေ့။ မီးခံသေတ္တာထဲမှ ငွေတသိန်းကျော်ကို သိမ်းယူ ခဲ့။ အမှုရုံးတင်ချိန်တွင် ထိုငွေများအား သက်သေအဖြစ်မတင်။ ငွေတွေဘယ်ရောက်သွားလဲမေးတော့ အမှုစစ်နေတုန်း အကုန်သုံးပစ်လိုက်ရသည်ဟု မျက်နှာ ပြောင်တိုက်ပြီး ခပ်တည်တည်နှင့်ထွက်ဆို။ ရုံးတော်ကိုမထေမဲ့မြင်ပြုမှုကြောင့် ရာထူးကျရင်ကျ၊ မကျရင် ဋ္ဌာနတွင်းအရေးယူခံရမည်ဟု လူအများက ထင်နေ ကြ။ သို့သော် ထိုသို့မဟုတ် အမှုပြီးတော့ဘာမျှမဖြစ်သည့်အပြင် ရာထူးပင်တက်သွား”

ဆက်၍ စာမျက်နှာ ၁၄၅ တွင်…. It was Xavier who was the District Superintendent of Police in charge of Yamethin District when U Saw and police started taking repressive measure against the Thakins. He issued a warrant of arrest against Thakhin Aung San, prominent student leader, for the alleged incitement to a breach of the peace. The warrant could not be executed, as Thakhin Aung San could not be found in the Yamethin District; whereupon Xavier issued a proclamation offering a small reward to anyone who could give information leading to his arrest. He offered a small reward partly to disgrace Thakhin Aung San and partly to make it appear that Thakhin Aung San was not a young leader worth bothering too much about. He evidently did not realize then that Thakhin was already on his way to Japan as one of Thirty Comrades who would come back soon at the head of a large army as the Liberator of Burma. ခြုံ၍ ပြန်လျှင် “ဂဠုန်ဦးစောနှင့်ပုလိပ်များက သခင်များအားနှိပ်ကွပ်စဉ်တွင် ဇေးဗီးယားက ရမည်းသင်းခရိုင်ရာဇဝတ်ဝန်။ ထင်ရှားသည့်ကျောင်းသားခေါင်းဆောင် အောင်ဆန်းအား ငြိမ်ဝပ်ပိပြားရေးကိုပျက်ပြားအောင် လူထုအားသွေးထိုးသည်ဟုဆိုကာ ဖမ်းဝရမ်းထုတ်၏။ ထိုအချိန်တွင် အောင်ဆန်းက ရမည်းသင်းတွင် မရှိတော့။ ထို့ကြောင့် ထိုဖမ်းဝရမ်းလည်းအရာမထင်တော့။ ဤတွင် သူက အောင်ဆန်းကိုဖမ်းမိရန် သတင်းပေးနိုင်သူအား မဖြစ်စလောက်ဆုငွေလေး ပေးမည်ဟု ကြေညာပြန်၏။ သတင်းပေးနိုင်အား ဤမဖြစ်စလောက်ဆုငွေပေးမည်ဟုထုတ်ပြန်ခြင်းမှာ တပိုင်းအားဖြင့် အောင်ဆန်းအား သိက္ခာကျအသရေ ပျက်စေရန် ဖြစ်ပြီး နောက်တပိုင်းမှာ အောင်ဆန်းသည် ဆုငွေအများကြီးထုတ် ဖမ်းနေရလောက်အောင်မတန်။ အပင်ပန်းခံလုပ်ထိုက်စရာမလိုသူ ဟု ဆိုခြင်း။ သူ လုံးလုံးမသိလိုက်သည်က ထိုအချိန်မှာ အောင်ဆန်းက ဗမာပြည်တွင်မရှိတော့..ဂျပန်သို့ခရီးနှင် နှင့်ပြီဆိုခြင်းဖြစ်၏”

စာမျက်နှာ ၁၅၁ တွင် ဦးဘဦးနှင့်ဇေဗီယားလူချင်းဆုံခန်း။ စင်္ကာပူခံတပ်ကျပြီ။ အင်္ဂလိပ်တို့ခြေ မကိုင်မိလက်မကိုင်မိ။ အခြေအနေမကောင်း။ ရန်ကုန်ရှိ ဗြိတိသျှဘုရင်ခံအစိုးရ ပြေးပေါက်ရှာချိန်၊ ဦးဘဦးလည်း သူ့ဆရာသမားများနည်းတူ ပြည်သူကိုထားပြီး ကိုယ်လွတ်ရုန်းရတော့မည်။ ရန်ကုန်ကနေ ပုသိမ်ကိုသွား မိဘများကိုခေါ်၊ မြောင်းမြမှခယ်မနှင့်သားသမီးများသွားခေါ်ကာ ကသာတွင်ပြေးနှင့်နေသည့် ဟိုက်ကုတ်အဖွဲ့နှင့်သွားပေါင်းရန် စီမံကိန်းဆွဲ၏။ နောက်ဆုံးခယ်မနှင့်ကလေးများခေါ်ပြီး ကသာသွားဖို့ ဟင်္သာတရောက်လာ။ ထိုအချိန်က ဂျပန်များ စစ်တောင်းမြစ်ခြေနားကပ်နေလေပြီ။ ဗြိတိသျှနှင့်သူ့ မင်းခစားများအတွက် နောက်ကျသည့်ဖနောင့်သစ္စာဖေါက်။

ဟင်္သတကနေဆက်ထွက်ရန်ပြင်။ သင်္ဘောမရှိ။ ကူသူကယ်သူမဲ့။ မြန်မာလူမျိုးအရေးပိုင် (Deputy Commissioner) တဦးအား အကူအညီတောင်း။ ဆင်ခြေဆင်လက်အမျိုးမျိုးပေးပြီးငြင်း။ ဒါနဲ့နောက်ဆုံး ဇေးဗီးယားနှင့်တွေ့။ ထိုအချိန်တွင် ဇေးဗီးယားက ဟင်္သာတခရိုင်ရာဇဝတ်ဝန်။ ….. District Superintendent of Police who happened to be the Xavier I have already mentioned was very helpful. He managed to get a launch belonging to the Irrawaddy Flotilla Company ………………...when we left, we were soon followed by another launch. On requiring I found out that it was the launch of the Deputy Commissioner of Henzada. I was very annoyed: he could have carried me and my children in his boat, for his destination was the same as mine. Later I learned why he did not want to take us. Soon after we passed Prome, The Deputy Commissioner was called back by Mr. Swithinbank, and on making inquiries I found that he had failed to hand over to Mr. Swithinbank Government treasure worth several lakhs, although directed to do so. However, the District Superintendent of Police, Mr. Xavier, according to reports, did succeed in getting away with some Government treasure on board his launch. Several Deputy Commissioners from Delta similarly managed to abscond with Government treasure. Some of them who were not Burmans went over to India, where a few got into trouble criminally. Burman Deputy Commissioners who were suspected of misappropriating Government treasure were never employed again, either during time of the Japanese occupation or after liberation. ခြုံ၍ပြန်သော်… “သင်္ဘောထွက်လာပြီး သိတ်မကြာခင် မှာ နောက်သင်္ဘောတစီးလိုက်လာ။ မေးမြန်းကြည့်မှ ခုနအကူအညီပေးဖို့ငြင်းခဲ့သည့် မြန်မာအရေးပိုင်၏ သင်္ဘောဖြစ်နေ။ “သွားရမယ့်ခရီးလည်းအတူတူ..ဘာကြောင့် ငါနဲ့ငါ့ကလေးတွေကို တပါတည်း မခေါ်ရတာလဲ” ဟု တွေးပြီးစိတ်ပျက်မိ။ နောက်တော့မှ ဘာ့ကြောင့် ငါတို့ကို သူမခေါ်ပါလိမ့် သဘောပေါက်။ ပြည်မြို့ကိုဖြတ်ပြီးမကြာလိုက် မစ္စတာ ဆွစ်သင်းဘင့်က သူ့ကိုပြန်ခေါ်။ အကြောင်းက အစိုးရဘဏ္ဍာတိုက်မှ ငွေသိန်းပေါင်းများစွာကို ပြန်အပ်ဖို့ညွှန်ကြားထားရက်နှင့် မအပ်ပဲသုတ်လာခဲ့ သည့်အတွက်။ သို့သော် ဇေဗီးယားကား အစိုးရဘဏ္ဍာများ သင်္ဘောနှင့်တိုက်ပြီး လွတ်မြောက်သွားကြောင်း အစီရင်ခံစာများအရသိရ။ ထိုသို့ မင်းဘဏ္ဍာကိုယ့်ဟာမှတ်ခဲ့သည့် မြစ်ဝကျွန်းပေါ်ဒေသမှ မြန်မာမဟုတ်သည့် အရေးပိုင်များက အိန္ဒိယသို့လစ်ကြ၏။ လွတ်သူလွတ်၊ ရာဇဝတ်သင့်သူသင့်ကြ၏။ အလားတူပြုခဲ့ သည့် မြန်မာအရေးပိုင်များကား ဂျပန်ခေတ်တွင်လည်းကောင်း လွတ်လပ်ရေး ခေတ်တွင်လည်းကောင်း ရာထူးနေရာပြန်အခန့်မခံရတော့ပေ”

ကျနော်ခြေရာကောက်၍ရသမျှ ဇေဗီးယားကားဤတွင်ပျောက်ပြန်၏။
ဒေါက်တာဘဦးကိုယ်တိုင်ရေးအထုပ္ပတ္တိကိုဖတ်ရင်း ကံ့ကော်တောမျိုးအောင် ၏ “အလိုက်သင့်မောင်ဘဦး” ကို သတိရမိ၏။
မျိုးမြင့်ချို

Friday, March 25, 2011

အခေါက်အပွေး၊ အသွေးအရောင်နှင့်စေ့ထားသည့်တံခါး (မျိုးမြင့်ချို)

0 comments

အခေါက်အပွေး၊ အသွေးအရောင်နှင့်စေ့ထားသည့်တံခါး (မျိုးမြင့်ချို)
ကျနော်စစ်သင်တန်းတက်တော့စက်ပစ်ကွင်းဆင်းရ၏။ ကိုက်သုံးရာအကွာတွင် လေးပေပစ်မှတ်ကိုထောင်ထားပြီး
တယောက်ကို ကျည်ဆံ ၅တောင့်နုန်းဖြင့် ပစ်မှတ်၏ဗဟိုချက်တည့်တည့်ကို ပစ်ခိုင်းခြင်း။ ၅တောင့်လုံး မှန်အောင်ပစ်နိုင်သူအား “ကျည်စု” ဆု ပေး၏။ ၅တောင့်လုံး မှန်သူများလည်းရှိ၏။ ဗဟိုကိုထိတန်သလောက်ထိပြီး လေးပေပစ်မှတ်၏ အခြားနေရာ များကို ထိသည်များလည်းရှိ၏။ ရည်ရွယ်ချက်က “ဗဟိုချက်ကို ပစ်ရန်နှင့်ထိရေး”။

အမေရိကန်ပြည်ထောင်စု၊ ဥရောပသမဂ္ဂနှင့်နိုင်ငံအချို့က န.ဝ.တ၊ န.အ.ဖ စစ်အုပ်စုထိပ်သီးများ၊ ဆွေတော်မျိုးတော်များ၊ ယင်းတို့၏ ပုလင်းတူဗူးဆို့များအပေါ် ပစ်မှတ်ထားပြီး စီးပွားရေးအပိတ်အဆို့ အဟန့်အတားလုပ်ထားသည်ကို လူတိုင်းသိပြီး သားဖြစ်၏။ ထိုတွင် ယင်းတို့၏နိုင်ငံခြားဘဏ်များရှိ ငွေသားနှင့်အခြားအပ်နှံထားသည့်ပစ္စည်းများပါ ထုတ်မရတော့။

န.အ.ဖက ထိုလုပ်ဆောင်မှုကို “စီးပွားရေးပိတ်ဆို့မှု” ဆိုသည့်ဝေါဟာရဖြင့် လူထုအားမှိုင်းတိုက်၏။ ဗူးလုံး နားမထွင်းဖြစ်အောင် လုပ်ထား၏။ လူထုနားတွင် “စီးပွားရေးပိတ်ဆို့မှု” ဟုကြားလိုက်သည်နှင့် စိတ်တွင် “ငါတို့ကိုပိတ်ဆို့ ထားတာပါလား” ခံစားစေလိုရင်းဖြစ်၏။ သဘောက “ဗဟိုချက်အားချိန်၍ ပစ်ခြင်းနှင့်ထိရေး” ကို “လေးပေပစ်မှတ်အား ပစ်ခြင်းနှင့်ထိရေး” ဖြစ်သယောင် ဝါဒဖြန့်ခြင်း။

တလျှောက်လုံး သူတို့ကိုင်ထားသည့် မီဒီယာများမှ “စီးပွားရေးပိတ်ဆို့တာ တို့မမှုပါ” ဟုကယောင် ကတမ်း အော်သံများညံနေ အောင်ကြားရသလို၊ တဖက်မှလည်း “စီးပွားရေးပိတ်ဆို့မှုကြောင့် တိုင်းပြည်ကြီး ဘယ်လောက်ပျက်စီး” ဟုပြောနေပြန်၏။ မည်သို့ နားလည်ရ မည်နည်း။ မမှုသူသည် နာကျင်သည်ဟုငြီးတွားပြီး ပျက်စီးပါပြီဟုမပြော။

“တိုင်းပြည်ကြီးပျက်စီး”နေသည်မှာလည်းမှန်၏။ “စီးပွားရေးပိတ်ဆို့မှု” အလုပ်ခံထားရသည်လည်းမှန်၏။ သို့သော် “စီးပွားရေးပိတ် ဆို့မှုနှင့်တိုင်းပြည်ကြီးပျက်စီးခြင်း” ကိုတတွဲတည်းကြည့်ပါက“လုံးရိုက်သည့်အမြင်နှင့်ဝေဝါးသည့်ကောက်ချက်” သာထွက်မည်။ ၁၉၆၂မှ ၁၉၈၈ အထိ ဗမာပြည်ကို ဘယ်သူမှစီးပွားရေးအပိတ်အဆို့မလုပ်။ မရှိ။ တချိန်က အရှေ့တောင် အာရှတွင် အကြွယ်ဝဆုံးတိုင်းပြည်သည် ဘာကြောင့် ၁၉၈ဝ ဝန်းကျင်ရောက်တော့ “ဖွံ့ဖြိုးတိုးတက်မှုအနိမ့်ဆုံးနိုင်ငံ” စာရင်းဝင်သွားရသနည်း။ တိုင်းပြည်ကြီးပျက်စီးရ၏။ မည်သူ ဖျက်ဆီးသနည်း။

ဒီဘက်ခေတ် နှစ် ၂ဝ ကျတော့ ဘာကြောင့်အပိတ်အဆို့တွေ ကြုံလာရသနည်း။ ဒီဘက်ခေတ် အနှစ် ၂ဝ ခရီးတွင် တိုင်းပြည်ကြီး ပို၍ယိုယွင်းပျက်စီးလိုက်လာသည်မှာ ပြောစရာမရှိ။ ပြည်ပထွက်အလုပ်လုပ်ကြရသူများ၊ တတိယနိုင်ငံတွင် အခြေချနေရသူများ၊ ပြည့်တန်ဆာများ၊ အိမ်ဖေါ်များ၊ ဒုစရိုက်မှုများ၊ နိုင်ငံရေးအကျဉ်းသားများ၊ အဓမ္မလုပ်အားပေး၊ ကလေးစစ်သား၊ ပေါ်တာ၊ တောင်းရမ်းစားသောက်ရသူများ၊ ရောဂါဘယများ၊ မူးယစ်ဆေးဝါး၊ တကြော့ပြန်ပြည်တွင်းစစ် စသည်တို့နှင့် လုံးလည်လိုက်နေကာ အဆင်းရောအချင်းပါ အဖျက်ဆီးခံနေရ၏။ ခါးမလှဝမ်းမဝ။ နိုင်ငံနှင့်လူမျိုး၏ဥပဓိ (Identity of nation and nationality) မြင်မကောင်းအောင်ပုံပျက်ရ၏။ မည်သူဖျက်သနည်း။

ယခု သူတို့ လမ်းပြမြေပုံနောက်ဆုံးခြေလှမ်း ပြီးလုပြီ။ ယခင်က သူတို့ပြောချင်သည့်စကားကို သူတို့နှုတ်ကထွက်ရ၏။ ယခု သူတို့ စကားအတွက်ပါးစပ်အငှားလည်းရပြီ။ လွှတ်တော်တွင်းက အငှားပါးစပ်တို့ကိုပြောခိုင်း၏။ ပြောလည်းပြော၏။ ပါးစပ်အငှားနှင့်ပြောတာက “တာ” ပိုသွားမည်ကိုလည်းသိ၏။ သူတို့တုန်းက “တို့မမှုပါ” နှင့် “တိုင်းပြည်ကြီးပျက် စီး” လောက်ပဲ ပြောလို့ရသည်။ ပြောလို့ကောင်းသည်။ အငှားပါးစပ်နှင့်ကျတော့ “တို့မမှုပါ” ထဲ့ပြောလို့မကောင်း။ မဖြစ်။ ဆိုတော့ “ဘာမှမထိရောက်ပါ” “လူထုသာနာသည်” ဆိုပြီး ပြင်ပြောခိုင်းရ၏။

လူထုက အခုမှကောက်ကာငင်ကာ “ထ”နာခြင်းမဟုတ်။ ၆၂ ခုကတည်းက နာလာသည့် အနာဟောင်း အနာဆွေး။ သွေးတိတ်ဖို့ခက်၏။ အနာ၏ဇစ်မြစ်ကိုသိသိနှင့် ဆေးချက်မှန်ကိုမပေးပဲ ရေမန်းဆီမန်း ဥုံဖွအပ်ချလောင်း င်းဖြင့်မရ။ နောက်တချက်က မထိရောက်ဆိုခြင်း။ မှန်၏။ စီးပွားရေးပိတ်ဆို့မှု တခုတည်းဖြင့် နိုင်ငံတခု၏စီးပွားရေး၊ နိုင်ငံရေးအဆောက်အဦတခုလုံး ပြောင်းလဲသွားရသည့်သာဓက ကမ္ဘာပေါ် တွင်မရှိခဲ့။ ခေါင်းဆောင်တို့၏ နိုင်ငံရေးရေချိန်နှင့်အဆုံးအဖြတ်၊ လူထု၏လိုက်ပါနိုင်မှု၊ နိုင်ငံတကာအခင်းအကျင်းနှင့်အခြေအနေ စသည်တို့ ကို ပိတ်ဆို့မှုနှင့်ပေါင်းစပ်ခဲ့ခြင်းကြောင့်သာ အပြောင်းအလဲဖြစ်ရ၏။

၅ တောင့်လုံးမမှန်သဖြင့် မထိရောက်ဟု ပြောလို့မဖြစ်။ မထိရောက်ဆိုလျှင် ဘာလို့အချိန်ကုန်လူပန်းအာညောင်းခံကာ “ရုပ်ပေးပါ၊ ရုပ်ပေးပါ” ဟု အငှားပါးစပ်တို့က တစာစာအော်ကြရသနည်း။ ရှင်းပါသည်။ အရောင်အသွေး အမွှေး အတောင်တူသည့်ငှက်များ အုပ်စုဖွဲ့ပျံသန်း ကြခြင်းဖြစ်၏။

ပိတ်ထားတာကိုဖွင့်ပေးပါဟု အော်နေခြင်းသည် လက်တွေ့နိုင်ငံရေး၏ ပကတိလိုအပ်ချက်မဟုတ်။ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ဖြင့် နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရန်၊ တောတွင်းကပြန်လာလိုသူများ ဘေးသီရန်မခပြန်လာနိုင်ရန်၊ ၊ အချိန်ကာလတခုသတ်မှတ်ပြီး ပြည်တွင်းစစ်ရပ်စဲရေး ပြည်တွင်းငြိမ်းချမ်းရေးအတွက် အမျိုးသားပြန်လည် သင့်မြတ်ရေးဆွေးနွေးပွဲများလုပ်ရန်သာ လက်တွေ့၏တောင်းဆို လိုအပ်ချက်ဖြစ်၏။ ထိုသို့ဆိုလျှင် ဖွင့်ပေးပါ ပြောစရာမလို။ စေ့ထားသည့်တံခါး အလိုလိုပွင့်၏။
မျိုးမြင့်ချို

Thursday, March 24, 2011

ခေတ်မြစ် (မျိုးမြင့်ချို)

0 comments

ခေတ်မြစ် (မျိုးမြင့်ချို)
“မြစ်တမြစ်မြစ်”ကို ပထဝီပေါ်တင်ကြည့်လျှင် သည်မြစ်ကြီးဘယ်ကစ။ ဘယ်တုန်းကစ။ ဘာတွေဖြစ်ခဲ့။ ဘယ်လိုစီးဆင်းသွား။ ဘယ်မြို့ဘယ်ရွာ ဘယ်နေရာတွေဖြတ်စီး။ ဘယ်နေရာမှာ ဘယ်လောက်ကျယ် ဘယ်လောက်ကျဉ်း။ ဘယ်လောက်ရှည်လို့ ဘယ် လိုဆုံး စသည်များထွက်လာမည်။

“မြစ်”ကို ခေတ်ပေါ်တင်ကြည့်လျှင် သည်မြစ်ကြီးနဲ့အတူ ဘာသမိုင်းတွေမွေးဖွားခဲ့။ ဘာသမိုင်းတွေ ချုပ်ငြိမ်းခဲ့။ ဘာသမိုင်းတွေ စီးဆင်းခဲ့။ ဘာသမိုင်းတွေ စီးဆင်းဆဲ စသည်များမြင်လာမည်။

“မြစ်တမြစ်”ကို ပထဝီပေါ်တင်ကြည့်သည်မှာ မြစ်၏ရုပ်ပိုင်းသဘောကို ထုတ်ယူလို၍ဖြစ်ပြီး၊ “မြစ်” ကို “ခေတ်”ပေါ် တင်ကြည့်သည်မှာ ခေတ်၏ “အရွေ့သဘော”ကို မြင်လို၍ဖြစ်၏။ ထို့ကြောင့် “ပထဝီသဘောမြစ်”သည် “ခေတ်သဘောမြစ်” လိုမဟုတ်။ မတူနိုင်။ တူလို့မဖြစ်။ တူလို့လည်းမရ။ “ပထဝီမြစ်”တွင် အစရှိ၏။ အဆုံးရှိ၏။ “ခေတ်မြစ်” က ထိုသို့မဟုတ်။ လူ့သမိုင်းရှိသရွေ့ တည်၏။ သမနိရှည်၏။

ခေတ်တခေတ်သည် မြစ်တမြစ်မဟုတ်။ ခေတ်ကိုက မြစ်ဖြစ်၏။ မြစ်တွင်ဇာတိရှိ၏။ ဇာတိတွင် ရေတစက်ဖြင့်ချက်မြုတ်ရ၏။ ချက် မြှုတ်ရာမှခေါင်းချရာခရီးတွင် လက်တက်ပေါင်းများစွာကိုလက်ခံပြီး စည်စည်ပင်ပင်ရှင်သန်စီးဆင်း၏။ စီးဆင်းရာတလျှောက်တွင် ကြေသည့် နေရာကြေ၍ကြမ်းသည့်နေရာကြမ်း၏။ ကြေကြေကြမ်းကြမ်းစီးဆင်းရင်း ကွေ့ကွေ့ ကောက် ကောက်လည်းရှိရ၏။ မကွေ့မကောက်လျှင် မြစ် မမြည်တော့။ တခါတရံတွင်မြစ်သည် ဖြောင့်ဖြောင့်မြန်မြန် စီးလိုသဖြင့် မြစ်ကျိုးအင်းများထားခဲ့ပြီး ဆက်ထွက်ရတတ်သေး၏။ မြစ်မှန်လျှင် တကမ်းဖြိုပြီးတသောင် ထွန်းပေးရ၏။ သောင်ထွန်းရင်း ကျွန်းလည်းဖေါ်ရ၏။ ပေါ်သည့်ကျွန်းတိုင်းလည်း နုံးတင်မြေနုမဟုတ်တတ်။

မြစ်တွင် မြစ်ဗီဇသဘောရှိ၏။ ထိုဗီဇသဘောသည် ဇာတိတွင်ပြ၏။ ဇာတိပြရင်းဇာတိချုပ်ရ၏။ ဇာတိမချုပ်ခင် ဇာတ်ရုပ်ဖျောက်၏။ ဇာတ်ရုပ်ပျောက်မြစ်တမြစ်သည် နာမည်အမျိုးမျိုးချန်ခဲ့ပြီးမှ ပင်လယ်ဝတွင်ခေါင်းချ၏။ ခေါင်းချရုံဖြင့် “ဝိဉာဉ်” ကင်းပြီဟုမဆိုနိုင်။ မြစ်၏ဝိဉာဉ် သည် အလျဉ်စီးဆင်းနေသည့်ရေဖြစ်၏။ ရေမခမ်းသရွေ့မြစ်မကန်း။

ဧရာဝတီသည် “မြစ်” ဖြစ်၏။ “မြစ်တမြစ်”မဟုတ်။ ထို့ကြောင့် သူသည် “ခေတ်”လည်းဖြစ်၏။ သူ့ဝိဉာဉ်အလျဉ်သည် မကန်းသေး။ သူ့ဝိဉာဉ်တွင် ခေတ်အလျဉ်တို့အားသယ်ပိုးထားဆဲ။ ဧရာဝတီနှင့်အတူ ခေတ်တို့ စီးဆင်းနေဆဲ။

မြစ်၏ခေါင်းချရာတွင် ပင်လယ်ကိုသန္ဓေတည်၏။ မြစ်ပေါင်းစုံဂဟေဆက်ရာမှ ပင်လယ်ကိုဖွားမြင်လာ၏။ သူက ရေစီးညင်သာသည့်မြစ် ရေစီးကြမ်းသည့်မြစ်ဟု မခွဲခြားပဲ ကြည်ကြည်ဖြူဖြူထွေးပွေ့ယူ၏။ “မြစ်ယဉ်” “မြစ်ရိုင်း” အားလုံးကို သူ့ထံတွင်ရောနှောခိုင်းပြီး၊ မြစ်တိုင်း၏ သမိုင်းကိုလည်း လက်ခံသိမ်းဆည်းပေးထားသေး၏။ “မြစ်” သည် “ခေတ်”ဟုဆိုလျှင် “ပင်လယ်”သည် “ခေတ်တို့၏သမိုင်း”။ ဗီဇသဘော အရပင်လယ်သည် တည်ငြိမ်အေးဆေးဟန် ရှိသော်လည်း ဝန်းကျင်၏စေ့ဆော်မှောက်လှန်မှုကြောင့် တခါတရံတွင် လှိုင်းထန်၏။

လူ့သမိုင်းသည် လှိုင်းထန်၏။ အကောင်းနှင့်အဆိုး၊ အကျိုးနှင့်အပြစ်၊ အနှစ်နှင့်အကာ၊ အာဏာနှင့်ဖီဆန်မှု၊ ဖိစီးမှုနှင့် တွန်းလှန်မှု၊ ဓမ္မနှင့်အဓမ္မ၊ အသစ်အဟောင်းပဋိပက္ခ စသည်တို့ဖြင့် ဗြောင်းဆန်နေသည့် မြစ်တစင်းဖြစ်၏။ အစဉ်စီးဆင်းရင်း အဆက်မပြတ်ရှင်သန်နေ၏။ ခေတ်ဆိုသည့်မြစ်သည် “သမိုင်းခေတ်”များအားကျောပိုးပြီး “ခေတ်တို့၏သမိုင်း” သိမ်းဆည်းရာ ပင်လယ်သို့မျက်နှာမူ၏။ တရွေ့ရွေ့စီးဝင် နေ၏။ ပင်လယ်ရောက်လျှင် သမိုင်းခေတ်များဆုံမည်။ စုံလည်းစုံမည်။ သမိုင်းခေတ်များ ဆုံလျှင်၊ တစုံလုံးကိုမြင်ရ၏။ “ခေတ်မြစ်”နှင့် စီးနေဆဲတွင် သမိုင်းကိုဖြတ်ကြည့်ပါက “ခေတ်တဖြတ်အမြင်” သို့မဟုတ် “မြစ်တဖြတ်အမြင်”ဖြင့်သာ တင်းတိမ်စရာရှိ၏။

သမိုင်းကို “ခေတ်တဖြတ် (သို့) မြစ်တဖြတ်အမြင်” သက်သက်နှင့်ကောက်ကိုင်ကြည့်ပါမူ ယူစရာ “သင်ခန်းစာ” တခုတည်းကိုသာ ပြေးမြင်မိ၏။ အမှန်က ခေတ်တိုင်းတွင် ယူစရာ “သင်ခန်းစာ”များရှိသလို “နမူနာ”များလည်းရှိ၏။ သင်ခန်းစာယူခြင်းမှာ ကောင်းသည့်အရာ ဖြစ်၏။ “နောင်ကို..အရင်လိုမမှားဖို့”ဖြစ်၏။ နမူနာမယူနိုင်လျှင် နှုန်းစံတန်ဖိုးချိန်ဆဖို့ တိုင်းစရာမရှိသလိုဖြစ်တတ်၏။ “အရင်လို..နောင်ကို လည်းမှားတတ်” စရာရှိသေး၏။

ပင်လယ်ရောက်မှ တစုံလုံးကိုမြင်ရမည်ဖြစ်သော်လည်း ပင်လယ်ရောက်မှတစုံလုံးကိုကြည့်ရမည်ဟုမဆိုလို။ မြစ်တဖြတ်အမြင်ကို ပင်လယ်ပေါ်လှမ်းတင်ကြည့်နိုင်ပါမူ “သင်ခန်းစာ” ရော “နမူနာ” ပါ ခပ်ရေးရေးတော့မြင်နိုင်စွမ်းမည်ထင်၏။
(မျိုးမြင့်ချို)

Friday, July 24, 2009

မပြီးသေးတဲ့ပွဲ

0 comments

The Battle’s Not Over
________________________________________
By NIC DUNLOP FEBRUARY, 2009 - VOLUME 17 NO.1
________________________________________
E-MAIL

PRINT

TEXT SIZE

Scarred and disillusioned—A Burmese Army vet continues to fight on a different front
IN June 2008, 46-year-old Myo Myint walked through the gates of Umpiem refugee camp on the Thai-Burmese border, travelled to Bangkok airport and boarded an aircraft for the first time in his life, for a journey of 19,000 km (12,000 miles) to the United States. Many hours later, on a humid Indiana evening, he embraced a brother he hadn’t seen in almost 20 years.

The emotional reunion marked the end of one chapter in an extraordinary life and the beginning of a new one. For Myo Myint is no ordinary refugee.

Multimedia (View)

As a young man, he joined the Burmese army, witnessing appalling atrocities and losing an arm and a leg in battle. In 1988, he became an activist, appealing to his former comrades to join hands with those calling for peaceful democratic change. He was arrested, tortured and imprisoned for 15 years for his participation in the popular uprising.

Myo Myint came from a military family. His father was a soldier and the young boy, like so many others, looked up to men in uniform. They looked smart and commanded respect. “Back then, I didn’t know the difference between people showing respect and people acting out of fear,” he said.

Myo Myint enlisted and after training in Maymyo, he was sent north to join frontline units in a large offensive against Communist insurgents. There, amid the din of battle, he witnessed the reality of army life in Burma.

He saw comrades die around him or fall with hideous wounds. “I began to think I should never have joined,” he said.

He saw his own unit force villagers at gunpoint to act as human mine-sweepers and saw many of them blown to pieces. He stood by as his comrades carried out summary executions, raped local women and tortured civilians.

“I feel guilty, as though I was responsible for these things,” Myo Myint said. “But I never committed any atrocities.”

In one battle, a shell exploded next to him as he made his way through a minefield, tearing off one of his arms and a leg.

No longer of use to the army, 25-year-old Myo Myint was discharged with a small pension.

He opened a bookshop and became interested in world literature, reading Darwin’s The Origin of the Species, Tolstoy’s War and Peace and biographies—including the life of one of his heroes, Abraham Lincoln.

He also thirsted to understand Burma’s history and its conflicts.

In the tumultuous days of 1988, after attending Aung San Suu Kyi’s speech at Rangoon’s Shwedagon Pagoda, he joined her party, the newly formed National League for Democracy, and met her on several occasions.

Supported by crutches, he stood on a podium outside Rangoon’s Mingladon military base in Rangoon and addressed a crowd of several thousand anti-government protesters about the horrors of the civil war. Armed soldiers were also present and he aimed much of what he said directly at them.

“I’d been thinking that it is one thing for an ordinary civilian to talk to a soldier, but as a former soldier, disabled, if I spoke it would have greater effect,” he recalled.

“I was very scared to talk,” Myo Myin confessed. “If the soldiers started firing, I would be the first one to be shot.”

Instead of opening fire, about 100 soldiers joined the protestors and more followed in the days after. “The people were happy to have soldiers join them. Most were
demonstrating in uniform.”

The heady optimism of those days was to be short-lived, however. Gen Ne Win mustered his forces and sent them in to break up the demonstrations.

Myo Myint escaped the massacre but was tracked down by the authorities. He was interrogated and tortured for days on end, accused of being a traitor to his country.

“Why are you, a former soldier, turning people against the army?” yelled his accusers.
They took away his crutches and forced him to stand for long periods of time on his one leg, with no other support.

“They swore at me, kicking me, hitting me in the face, shouting, ‘You were a soldier. Why are you so ungrateful to the army? Why have you betrayed the army?’”

While Myo Myint was in prison, his brother, Ye Naing, fled to the Thai border and joined the All Burma Students Democratic Front (ABSDF), whose members were remnants of the student movement that had spearheaded the 1988 uprising.
(Page 2 of 2)
They were armed and supported by ethnic Karen and Mon insurgents.

There, on Burma’s eastern frontier, Ye Naing learned to fight the very army his brother and father had once served. After years in the jungle, he left for the US, where he and his wife now work in a factory outside Fort Wayne, Indiana.

After serving 15 years in Burmese prisons, Myo Myint was released and also made for the Burmese-Thai border. He crossed to Thailand and worked for a while with the Assistance Association for Political Prisoners—Burma.

He later entered the Umpiem refugee camp, which shelters 19,000 refugees who have fled the scorched earth policies of the Burmese military, and from there he was resettled in the US.

“To be honest, I don’t want to go to America,” Myo Myint said as he packed his belongings in the camp and prepared to say farewell to friends and comrades in the democracy movement, many of whom had shared the hardships of Burmese prison life with him.

“It’s only because my brother and sister are there and my mother told me to go that I’m leaving.”

Myo Myint’s sister, also a former NLD member and wife of a former political prisoner, settled in the US several years ago. She has just given birth to her first child.

“I’d rather stay and continue working in politics here,” Myo Myint said—but he knew there was no future in a refugee camp in Thailand. “I know that America has given a lot of support to the people of Burma. I hope to continue the struggle from there.”

A reunion with his brother and sister “could be the happiest moment of my life,” he said on the eve of his departure.

The reunion took place on June 24, 2008. Weeks later, in August, he and his brother and sister travelled to New York to join anti-regime protesters commemorating the 1988 uprising.

It was the first time the two brothers had been on a demonstration together since the Rangoon uprising 20 years previously. This time, however, they had no fear of arrest or of being shot.

မရှုံးခြင်းနှင့် မနိုင်ခြင်း

0 comments


“မရှုံးခြင်းနှင့် မနိုင်ခြင်း”
ကျနော့် နားလည်ထားချက်အရ အကျဉ်းထောင်၊ တရားရုံး၊ ရဲနှင့် စစ်တပ်ဆိုသည်မှာ အုပ်ချူပ်သူများ၏ လူထုဖိနှိပ်ရေး ကိရိယာများသာ ဖြစ်ပါသည်။ ထိုတရားသည် မည်သည့်နိုင်ငံများတွင်မှား၍ မည်သည့်နိုင်ငံများတွင်မှန်သည်ကို တပ်အပ် မပြောနိုင်သော်လည်း ဗမာပြည်တွင် မှန်ပါသည်။ ကျနော် မှန်သည်ထင်၍ ပုန်ကန်သည်။ ထို့ေုကာင့် ကျနော် သူပုန်ဖြစ်သည်။ သူပုန်တိုင်း မင်းမျက်သင့်၏။ မင်းဒဏ်ရှ၏။ ကျနော်လည်း သင့်၏။ ရှ၏။ လည်မျိုပေါ်တုတ်တိုမရောက်ခြင်းနှင့် ရေတွင်အဖျောက် မခံရခြင်းအတွက် “ဘုရားသခင်”နှင့် “ကံ” ကို ကျေးဇူးတင်စရာကောင်းသည်ဟု ယခုအချိန်ထိမထင်မိပါ။

အင်းစိန်တောရတွင် သီတင်းသုံးဖူးတိုင်း “ရင်ခွဲတိုက်” ဟု ဆိုရုံနှင့် “ုကိုးတိုက်” ဒါမှမဟုတ် “၂ တိုက်” မှန်းသိကြသည်။ ထူးခြားသည့် အခေါ်အဝေါ်နှင့် ထူးခြားသည့်တိုက်ခန်းဖွဲ့စည်းပုံကြောင့် တချို့ ထိုတိုက်ကိုရောက်ဖူးချင်ကြသည်။ သို့သော် မရောက် ခဲု့က။ ကျနော်က အခွင့် အခါသင့်သဖြင့် ထိုတိုက်သို့၂ုကိမ်တိုင်တိုင်ရောက်ခဲ့ဖူးပါသည်။ “ုကိုးတိုက်” တဲ့။ နင့်သီးလိုက်သည့် အသုံး။ုကက်သီးမွှေးညှင်း ထချင်စရာ။ အကယ်၍ ဗမာပြည်တွင် သေဒဏ်ကျခံရသူများအား လျှပ်စစ်ကုလားထိုင်ဖြင့်၊ ခေါင်းဖြတ် စက်ဖြင့်၊ သေဆေးထိုးခြင်းဖြင့်၊ လက်ဖြောင့်သေနတ်သမားဖြင့်သတ်လျင် ထိုတိုက်ကိုဘယ်လိုခေါ်မလဲဟု ကျနော်တွေးမိဖူးပါသည်။ အာဏာလက်ဝယ်ရှိသူတို့၏ “သူပုန်များအား တရား စီရင်ခန်း” အောက်တွင် သူပုန်ပေါင်းများစွာ “ဒေါက်ဖြုတ်” ခံရပြီး သေခြင်းတရားကို လှပစွာလက်ခံခဲ့သည့်အရပ်မို့ အရှိန်အစော်ကုကီးလွန်း လှသည်။

ထိုတိုက်တွင် အခန်းပေါင်း ၆၀ ရှိပါသည်။ မျက်နှာချင်းဆိုင် အခန်း ၃၀ စီ စီထားသဖြင့် ၂ ဘက်ပေါင်း ၆၀ ဖြစ်သည်။ အလယ်က လျှောက်လမ်းဖြင့်ခွဲထားသည့် ရထားတွဲကြီးနှင့်ဆင်ပါသည်။ တခန်းချင်းစီ၏နောက်ဘက်အပေါ်ရှိ အလင်းပေါက် ကလေးမှအလင်းရောင်မှတပါး အပြင်အလင်းရောင်မရသဖြင့် အမြဲတမ်းလိုလိုမှုံဝါးဝါး။ုကိုးတိုက်တွင် အခန်း ၆၀ ရှိသည့်အနက် အခန်း ၁၄ ခန်းကို အလယ်မှ ကန့်လန့်ဖြတ် သစ်သားတံခါးကြီးဖြင့်ပိုင်း၍ ထပ်ခွဲထားပါသေးသည်။ ၂ တိုဟု ခေါ်ပါသည်။ ၂ တိုတွင် ထောင်ကျပြီးမှထောင်တွင်းပြစ်မှု ထပ်မံကျူးလွန်သည်ဆိုသည့်ုကိုးသမားများနှင့်ကြိုးသမားမဟုတ်သည့် အခြား အကျဉ်းသားများလည်းရှိပါသည်။

ကျနော်ုကိုးတိုက်သို့ပဌမအုကိမ်ရောက်စဉ်က “အထိန်းသိမ်းခံနိုင်ငံရေးအကျဉ်းသား”ဘဝ။ တော်တော်လှပသည့် စကားလုံးဟု တွေးစရာရှိသော်လည်း အလွန်အကျည်းတန်သည့် အဖြစ်တွေရင်ဆိုင်ခဲ့ရပါသည်။ ထိုစဉ်ကတည်းက သူလည်ုးကိုးတိုက်တွင် ရှိနေခဲ့ပါသည်။ အခြား မည်သူမည်ဝါတွေရှိသည်ဟုသာ သိရသော်လည်း မည်သနှင့်မျှ မတွေ့ခဲ့ရပါ။ သေဒဏ်ကျုကိုးသမား များအား ၃ ခန်းတတွဲနှင့် ရေချိုးဆင်းချိန် ၁၅ မိနစ်ခွင့်ပြုပါသည်။ ကျနော်တို့ နိုင်ငံရေးထိန်းသိမ်းများကိုမူ တယောက်တခန်းထား သည့်အပြင် ရေချိုးချိန်ကိုလည်း ခွဲထားပြန်သည်။ ဘယ်သူတွေရေချိုးဆင်းဆင်း ကျနော်တို့အခန်းများကို နှီးကြောဖျာများဖြင့် ပိတ်ထားသလို ကျနော်တို့ရေချိုးဆင်းချိန်တွင်လည်း အခြားသူများ၏အခန်းများအား အလားတူပိတ်ထားပါသည်။ုကိုးတိုက်၌ တလခွဲခန့်နေခဲ့ရပြီး ကျနော့်အား ၁ တိုက်သို့ပြောင်းရွှေ့ပြီး ချူပ်ပြန်ပါသည်။

၁ တိုက်တွင် ၄ လခန့်နေပြီးနောက် စစ်ခုံရုံးဖြင့်ထောင်ချလိုက်ပါသည်။ ထို့နောက် ဟိုတိုက်ဒီတိုက်နှင့် တိုက်သံသရာလည် နေချိန်များ ဖြင့်သာပြီးနေတော့သည်။ သည်လိုနှင့် ၁၉၈၈ ခုနှစ်နှောင်းပိုင်း အင်းစိန်ထောင်တွင်း “တောင်းပွဲတိုက်ပွဲများ”အနက် လူအများဆုံး ပါဝင်ခဲ့သည်ဟုဆိုနိုင်မည့် ၁၉၉၀ စက်တင်ဘာ ၂၅ အရေးအခင်းဖြစ်လာသည်။ ထိုအချိန်က ကျနော် ၄ ရှည် တွင်ရှိနေပါသည်။ အခြားသော နိုင်ငံရေးအကျဉ်းသားများနည်းတူ ကျနော်လည်းပါခဲ့သည်။ ၉၀ စက်တင်ဘာ ၂၅ အား အာဏာပိုင်တို့က သွေးရူးသွေးတမ်းဖြေရှင်းခဲ့ပြီးနောက် နိုင်ငံရေးအကျဉ်းသားများအား လူစုခွဲပါသည်။ တချို့ကို ညတွင်းချင်း ထောင်ပြောင်းပြစ်လိုက်သည်။ ၄ ရှည်မှ ကိုခွန်ဆိုင်း(သွေးသစ်လူငယ် များအစည်းအရုံး)၊ ကိုမြင့်ရီ(ဗ.က.သ)၊ ကိုညိုထွန်း (ဗ.က.သ)၊ ကိုအောင်သန်း(NLD)၊ ကိုကျော်အေး (ဒ.ည.တ) နှင့် ကျနော်တို့မှာ မိုး ပိုအရွာခံသည်လား အငြိုးပို အသိုခံရ သည်လား မပြောတတ်ပါ။ ၄ ရှည်မှ ခွဲထုတ်ခံလိုက်ရပါသည်။ ကိုခွန်ဆိုင်းနှင့် ကိုညိုထွန်းမှာ ညတွင်းချင်းသရက်ထောင်သို့။ ကျနော်နှင့် ကျန် ၃ ယောက်မှာုကိုးတိုက်သို့။

ဒုတိယုကိုးတိုက်ခရီးသည် ပဌမအုကိမ်ထက်အဆပေါင်းများစွာပိုဆိုးပါသည်။ ဘယ်လောက်ဆိုးသလဲဟု ဆိုလျှင် ကျနော့်ထောင် သက် စုစုပေါင်း ၁၅ နှစ်တွင် အဆိုးဆုံးအခြေအနေဖြစ်သည်ဟုသာ ပြောချင်ပါသည်။ ထားတော့။ ကျနော်ပြောချင်သည်မှာ ထောင်အေုကာင်း မဟုတ်ပါ။ ကျနော်ပြောချင်သည်မှာ သူ့အေုကာင်းဖြစ်ပါသည်။ တရက် သူ ရေချိုးဆင်းပြီးအပြန်တွင် ကျနော်က သူ့ကိုတွေ့ချင်နေသည်။ စကားပြော၍မရမှန်းလည်းသိသဖြင့်လည်း ခေါင်းကလေးဆတ်ပြခွင့်ရရုံ၊ လက်မကလေး ထောင်ပြခွင့်ရရုံလောက်သာ မျှော်လင့်ထားပါသည်။ (ထောင်တွင်းအကျဉ်းအကြပ်ကာလများတွင် တယောက်ကိုတယောက် ရင်ဘတ်ကိုကပ်၍လက်မထောင်ပြခြင်း၏သင်္ကေတမှာ အသံတိတ်နည်းဖြင့် “တောင့်ထား”“တောင့်ထားတယ်” ဟူသော အဓိပါယ်ဆောင်ပါသည်) အခန်းပေါက်ကို ပိတ်ထားသည့် နှီးကြောဖျာကြမ်းကို မသိမသာလေးလှစ်၍ သူပြန်အလာကို ကျနော် ချောင်းနေပါသည်။

သူပြန်လာပြီ။ အစောင့်ဝါဒါ၏ အော်သုံကားလိုက်ရသည်။ “အားလုံး နောက်လှည့်ထား” တဲ့။ ကျနော်မလှည့်။ ကျနော်အတွက် ပြာပူမကြောက်ခဲ့ဖူးသည့်အချိန်များ။ ဖြစ်ချင်ရာဖြစ်။ ရအောင် နှုတ်ဆက်မည်ဟု စိတ်ကပိုင်းဖြတ်ထားပြီးသား။ မလှည့်၊ုကမ်း ပြင်ပေါ်အသာပုချလိုက်ပြီး ခေါင်းကိုထောင်ထားလိုက်သည်။ ကံကောင်းသွားသည်။ ရေချိုးထုတ်ချိန် နောက်ကလိုက်သည့် အစောင့်ဝါဒါသည် ကျနော်နှင့်တရပ်တည်းသားဖြစ်နေသည်။ သူက ကျနော့်ကို မမြင်ယောင်ဆောင်ပြီး နေပေးသည်။ ကျနော်က ဆရာမောင်သော်ကကို ရင်ဘတ်ကပ်ပြီးလက်မထောင်ပြလိုက်သည်။ သူက ကျနော့်ကိုမြင်တော့ လှည့်ရစောင်းရ ခက်လှသည့် သူ့လည်တိုင်ကို အားယူလှည့်ရင်း “ကျူပ်တို့မရှူံးဘူး၊ မနိုင်သေးတာ” တဲ့။ ဒါပဲ။ ဘာမှ ထပ်ပြောနေချိန်မရတော့။ သူလည်း ဆက်လျှောက်သွားသည်။ ကျနော်လည်းကြမ်းပြင်ပေါ်ပုလျက်သား ကျန်နေခဲ့သည်။

နောက်တော့ နောက်ထပ်အတောမသတ်နိုင်သည့် အဆိုးများကြားတွင် လိမ့်ပြီးရင်းလိမ့်နေခဲ့ရပါသည်။
ထို့နောက်ပိုင်း ကျနော် တောင်ငူထောင်သို့ အရွေ့ခံရပြန်သည်။

သူ ကျန်းမာရေးမကောင်းတော့ကြောင်း၊ ထောင်က သူ့ကို မည်သို့ ပြုမူကြောင်း စသည့်ရင်နင့်စရာတွေကြားရသည်။ ကျနော်လည်း စိတ်မကောင်း။ ဘာမှလည်းမတတ်နိုင်။ ရောက်ရာထောင်မှာ ငဖယ်တေ အတေခံရပြီး လူလည်းအပွေးတက်လာသည်ထင်၏။ မချိမဆန့် နှလုံးသားသည် “ခံနိုင်ရည်နှင့်ဝ” လာသည်လား မဆိုတတ်တော့။ တော်ရုံတန်ရုံဆိုသည်များကို ကျကျနန“ခံ” တတ် လာသည်။ သို့သော်၊ ထို သို့သော်ကား အရေုးကီးပါမည်။ “ပြီးတာတွေပြီးပါစေတော့” ဆိုသည့်အပြောအဆိုမျိုးကို ဘဝင်ခွေ့ သူများ၊ ခံတွင်းလိုက်သူများ ရှိနိုင်ပါမည်။ ဘာမျှမပြောလိုပါ။ သူ့အေုကာင်းနှင့်သူရှိပါလိမ့်မည်။ ကျနော်ကား ထိုစဉ်ကရော ယခုရော “ပြီးတာတွေပြီးပါစေတော့” ကို ဟာဒယမတွေ့သေးပါ။

နောက်တော့ သူ ကျဆုံးသွားပြီတဲ့။ုကာုးကားခြင်းစိတ်ထိခိုက်မိသည်။ုကိတ်မနိုင်ခဲမရဖြစ်ရသည်။ ဆောက်တည်ရာမရ ဖြစ်စရာမရှိဟုသာ ကိုယ့်ဘာသာကိုယ် တွေးပြီးဖြေယူလိုက်ရသည်။ သူကား သူယုံကည်ရာအတွက် နောင်တမဲ့စွာ၊ ရဲရင့်စွာ၊ ခိုင်ုကည်ပြတ်သားစွာ ခရီးခဲကို ဖြတ်သန်းခဲ့လေပြီ။

ကျနော်တို့သည် အားကစားမဟုတ်သည့်ပွဲတပွဲတွင် ဝင်ယှဉ်ခဲ့ကြပါသည်။ ယှဉ်နေဆဲလည်းဖြစ်ပါသည်။ အားကစားပွဲဆိုသည်မှာ စည်းမျဉ်း စည်းကမ်းမည်မျှ ကောင်းကောင်း၊ ခြေရည်မည်မျှသာသာ ဒိုင်ညစ်လျှင်ရှူံးရသည်များရှိတတ်ပါသည်။ ကျနော်တို့ ကစားခဲ့သည့်ပွဲသည် ဒိုင် မရှိသည့်ပွဲ။ုကိုတင်စည်းမျဉ်းစည်းကမ်းများ မသတ်မှတ်နိုင်ခဲ့သည့်ပွဲ။ ထို့ေုကာင့် သူပြောခဲ့ဖုးသလို ရှုံးသည်ဟုဆိုလျင်လည်း မနိုင်သေးခြင်းသာဖြစ်ပြီး၊ မနိုင်သေးဟုဆိုလျင်လည်း မရှုံးသေးခြင်းသာဖြစ်မည်ဟု တွေးနေမိပါသည်။
“ကျူပ်တို့မရှူံးဘူ၊ မနိုင်သေးတာ”
“ကျူပ်တို့မရှူံးဘူး၊ မနိုင်သေးတာ”
“ကျူပ်တို့မရှူံးဘူး၊ မနိုင်သေးတာ”
ဆိုသည့် သူ့အသံများကား ယနေ့တိုင် ကျနော့်ရင်တွင် ပဲ့တင်ထပ်ဆဲ။

မျိုးမြင့်ချို

Tuesday, June 16, 2009

သူလိုကိုယ်လိုကောင်

0 comments


“သူလိုကိုယ်လိုကောင်”

ဘဝမှာ
ပြောစရာ
များများစားစားမရှိပါဘူး

သူလိုကိုယ်လို
ထောင်လေးဘာလေးကျဖူးတယ်
သူလိုကိုယ်လို
တော်လှန်ရေး ဘာညာပြောတယ်

သူလိုကိုယ်လို
လက်မထောင်တယ်
သူလိုကိုယ်လို
နိမ့်ရာကို လှံစိုက်တယ်

သူလိုကိုယ်လို
ဟင်းဖတ်လည်း ပါပါပေးတယ်
သူလိုကိုယ်လို
ပါးလည်းပြောင်တယ်

သူလိုကိုယ်လို
ပျော့ညံ့တယ် ပျော့ပျောင်းတယ်
သူလိုကိုယ်လို
တည်ငြိမ်တယ် တွေဝေတယ်

သူလိုကိုယ်လို
ကာလာမသုတ္တံနဲ့ ဝိဘဇ္ဇဝါဒကိုကိုက်တယ်
သူလိုကိုယ်လို
ဥခွံဟောင်းနဲ့ ကလီရှေးကို နှစ်ခြိုက်တယ်

သူလိုကိုယ်လို
ပိယေဟ ဝိပယောဂေါ ဒုက္ခော
သူလိုကိုယ်လို
အပိယေဟိ သံမယုတ္တကော ဒုက္ခော

သူလိုကိုယ်လို
သူလိုကိုယ်လိုနဲ့
သူလိုကိုယ်လိုတွေချည်းပါပဲ

ဒါပေမယ့်
မင်းသားခေါင်း မဆောင်းဖူးဘူး
ဧည့်ခန်းဆောင်မှာ
ယဉ်ကျေးယောင် မဆောင်ဖူးဘူး
မယုံတာကို ယုံတယ်လို့
ယုံတာကို မယုံဘူးလို့ မပြောဖူးဘူး

အသေချာဆုံးကတော့
ရန်သူစစ်စစ်နဲ့
မိတ်ဆွေစစ်စစ်ကိုရှာရင်း
ဆင်းရဲတွင်းကို မရှောင်ဖူးဘူး

အင်း…
ပြောရင်း ပြောရင်းနဲ့
သူလိုကိုယ်လို
သူလိုကိုယ်လိုနဲ့
သူလိုကိုယ်လိုကောင်
မောင်းတင်လိုက်ပြန်ပေါ့

မျိုးမြင့်ချို

Sunday, May 31, 2009

“ပျံသန်းနိုင်စွမ်းတောင်ပံများနှင့်နှင်းဖြူဇီးကွက်” (မျိုးမြင့်ချို)

0 comments
မည်သူဖွင့်လိုက်သည်မသိ။ အခန်းထဲတွင် “လှောင်ချိုင့်ထဲကတေး” သီချင်းသံလွင့်ထွက်လာ၏။ ကျနော့် စိတ်အလျဉ်က ရုတ်ကနဲရပ်သွား၏။ သီချင်းသံကို ကြားတချက်မကြားတချက်။ ဖတ်လက်စ စာအုပ်နှင့် သီချင်းသံကြား အတွေးများ စုန်ချီဆန်ချီ။ သည်အခြေအနေသည် တိုက်ဆိုင်မှုတစ်ရပ် သာ ဖြစ်သည်ဆိုလျင်လည်း အတော်ထူးခြားသည့် တိုက်ဆိုင်မှုဟုသာ ပြောရမည်ဖြစ်သည်ထင်၏။
စာအုပ်က ၁၉၇၇ ခုနှစ်တွင် ပြည်ထောင်စုသမ္မတ ဂျာမနီနိုင်ငံသံရုံး သတင်းနှင့်ပြန်ကြားရေးဌာနမှ ထုတ်ဝေပြီး ဆရာလှသမိန် ပြန်ဆိုသည့် “ခေတ်သစ်ဂျာမန်လက်ရွေးစင်စာပေ”ဖြစ်သည်။ စာအုပ်ဘာသာပြန်သူ၏ အမှာစကားတွင် မျက်မှောက်ခေတ် ဂျာမန်စာရေးဆရာများ၏ စာပေလက်ရာ သစ်များကို ရွေးချယ်တင်ပြထားကြောင်း၊ မူရင်းစာရေးသူတို့၏ ရေးဖွဲ့ပုံ၊ ယူဆပုံ၊ စိတ်ကူးပုံ၊ တင်စားပုံ၊ စကားသုံးနုန်းပုံ၊ တွေးခေါ်စဉ်းစားပုံ၊ တီထွင်ပုံနှင့် ရေးဖွဲ့ချက်အကြောင်းအရာများကို အရင်းအတိုင်းသုံးသပ် လေ့လာမိစေရန် တတ်နိုင်သမျှအတိအကျပြန်ဆိုထားကြောင်း ဆိုပါသည်။ စာအုပ်ကိုဖတ်ကြည့်လျင် ဘာသာပြန်ဆိုသူ၏ စေတနာနှင့်အားထုတ်မှုကို ထင်ထင်လင်းလင်းမြင်ရလိမ့်မည်။ ကျေးဇူးကြီးလှသည်ဟု အောက်မေ့၏။ စာအုပ်တွင် ဝတ္ထုများ၊ ကဗျာများ၊ ဆောင်းပါးများနှင့် ဆွေးနွေးချက်များဟူ၍ အခန်း ၄ ခန်းခွဲ စီစဉ်ထားပြီး နောက်ဆက်တွဲသဘော စာရေးသူတို့၏ ကိုယ်ရေးအကျဉ်းကို ဖေါ်ပြထားသည်မှာလည်း ထူးခြားချက်လို ဖြစ်နေသည်။
လောလောလတ်လတ် ကျနော်တော်ဖတ်နေသည်က ၁၉၇၂ နှစ်အတွက် စာပေနိုဗယ်လ်ဆုရှင် ဂျာမန်စာရေးဆရာ ဟိန်းနရစ်ဘိုးလ်၏ “သူတို့ပျံမပြေးကြပေ” ဆိုသည့် ဆွေးနွေးချက်များအခန်းပါ စာတစ်ပုဒ်။ ဆွေးနွေးချက်များခေါင်းစဉ်အောက်တွင်ထည့်ထား၍သာ ဆွေးနွေးချက်ဖြစ်ရသည်ထင်၏။ တကယ်က ရသစာတမ်းလိုလို၊ ဘာလိုလို ကျနော်တော်လည်း မခွဲခြမ်းတတ်။ စာပေဝေဖန်သူတို့သာ လိမ္မာတတ်ပွန်ပေလိမ့်မည်ထင်ရ၏။
စာ စလျင်စခြင်း စာရေးသူက ယခုနှစ်တွင် အရေးအပါဆုံးသော “ယဉ်ကျေးမှုနှင့် လူမှုရေးပွဲလမ်းသဘင်” ကိစ္စဆိုသည်မှာ အဘယ်နည်းဟု သင်သိလိုပေလိမ့်မည်.. ဆိုကာ ဤပွဲလမ်းနှစ်ရပ်ကို အဘယ်ကြောင့် သီးခြားခွဲသင့်ပါသနည်း.. ဟု မေးလိုက်သည်။ ယဉ်ကျေးမှုနှင့် လူမှုရေးသည် ခွဲခြား၍ပိုင်းခြား၍မရနိုင်ကြောင်း သူ့အမြင်ကိုတင်ပြလာသည်။ ထို့နောက် “အနုပညာနှင့် လူမှုအသိုက်အဝန်း(လူ့အဖွဲ့အစည်း) သည် အစဉ်အမြဲပင်တသီးတခြားဖြစ်ပေသည်” ဟု ဆို၍ သူ့အယူအဆကို ဝံ့ဝံ့စားစား ထုတ်ဖေါ်ချပြလိုက်သည်။ သဘောတူခြင်းမတူခြင်း လက်ခံခြင်းမခံခြင်းတို့မှာ ဘက်သဘောရပ်တည်ချက်ကိစ္စအဖြစ် နှလုံးပိုက်၍ စာကိုဆက်ဖတ်နေမိသည်။
သူ့အနေနှင့်ဆိုလျှင် “အရေးပါဆုံးသောယဉ်ကျေးမှုဆိုင်ရာဆောင်ရွက်ချက်နှင့် အရေးပါဆုံးသော လူမှုရေးဆောင်ရွက်မှုမှာ နှစ်စဉ်လည်ပတ်နေကြအတိုင်း တိရိစ္ဆာန်ရုံရှိ ကျွနုပ်၏မိတ်ဆွေ နှင်းဖြူ ဇီးကွက်ကြီးထံ နှစ်တပတ်လည် လည်ပတ်ခြင်းပင်ဖြစ်ပေသည်” ဟု ဆိုရာ ကျနော့်တော့်စိတ်တွင် အံ့အားသင့်ခြင်းနှင့် နားမလည်နိုင်ခြင်းတို့ ဖြတ်ကနဲလျှပ်ပြေးသွား၏။
ဘယ့်နှယ် ရှေ့မှာတစ်လျှောက်လုံး “အရေးပါသည့်ယဉ်ကျေးမှုတို့ အရေးပါသည့်လူမှုရေးဆောင်ရွက်ချက်တို့” စသည့် ခန့်ထည်လှသည့် စကားများပြောလာနေရင်းမှ သူ၏ အရေးပါသောယဉ်ကျေးမှုနှင့် လူမှုရေး ဆောင်ရွက်ချက်မှာကား “ငှက်တစ်ကောင်ထံ သွားရောက်လည်ပတ်ခြင်း”သာ ဖြစ်သည်ဆိုတော့ ဘယ်လိုပါလိမ့်ဟု သိချင်စိတ်က ဖြန်းကနဲဖြစ်မိသည်။
ထို့နောက်ဆက်လက်၍ ထိုဇီးကွက်မကြီး အကြောင်းနှင့် ထိုဇီးကွက်မကြီးထံ သူ အဘယ်ကြောင့် နှစ်စဉ်သွားရောက်လည်ပတ် ရကြောင်းကို “မည်သည့်အရာသည် ဇီးကွက်မကြီး၏ရှေ့မှောက်သို့ သွားရောက်ရလေအောင် ဆွဲဆောင်သနည်း။ အဘယ်ကြောင့်ဆိုသော် ထိုဇီးကွက်မသည် လက်ခံတွေ့ဆုံနိုင် သူမဟုတ်ပါ။ ထို့ပြင်လည်း တွေ့ဆုံရသူတို့အား အလွန်စေ့စေ့စပ်စပ် ဆန်းစစ်တတ်သောကြောင့် ဖြစ်ပေ သည်။ ကျွန်ုပ်အား ဆွဲဆောင်သောအရာမှာ သူသည်အလွန်လှပ၍ အလွန်စင်ကြယ်ပြီး၊ အလွန်လိမ္မာ၍ အလွန်ရိုင်းခြင်းပင်ဖြစ်ပေသည်။ ထိုမှတပါး သူသည် အလွန်လည်းရဲရင့်ပေသည်။ သို့ရာတွင် ယခုအချိန် တွင်ကား သူ၏ရဲ့ရင့်မှုကို များစွာအသုံးမချနိုင်သေးပေ။ သူ၏ ခံနိုင်ရည်ရှိ သောအရာကို တွက်ဆရ သလောက်မှာ သူ၏ လှောင်အိမ်သံတန်းများသာဖြစ်ပေသည်..” ဟု ပြော၍ ထိုဇီးကွက်မကြီး၏ ပကတိ အခြေအနေနှင့်စရိုက်သဘာဝကို ဖေါ်ညွှန်းလိုက်သည်။ လှပခြင်းနှင့် စင်ကြယ်ခြင်းကို တွဲဖက်ပြ၍၊ ရဲရင့်ခြင်း လိမ္မာခြင်းတို့ရှိသည် မှန်သော်လည်း ထိုအရည်အချင်းများ သူအသုံးမချနိုင်သေးကြောင်း၊ လောလောဆယ် တွင် သူ့ခံနိုင်ရည်ကိုတိုင်းဆရန်မှာ လှောင်အိမ်နှင့်သံတန်းများသာဖြစ်ကြောင်း လှပစွာရေးဖွဲ့ပြ၏။ ကျနော့် စိတ်အထင် ရိုင်းသည်ဆိုသည်မှာလည်း အင်္ဂလိပ်လို Wild ကိုညွှန်းသည်ထင်၏။ ဤသို့ဆိုလျင် သဘာဝ အတိုင်းဖြစ်သော၊ အပြုအပြင်မရှိသော၊ ဟန်ဆောင်ဖုံးကွယ်မှုနှင့် ယဉ်ကျေးယောင်ဆောင်တတ်ခြင်းတို့ ကင်းသော “အရိုင်းဆန်ခြင်း”သာဖြစ်ရမည်။ မသွေးရသေးသည့် ကျောက်မျက်ကို “အရိုင်းတုံး” ဟု ခေါ်သည့်နှယ် ဖြစ်လေမည်လားဟု တွေးမိသည်။
စာရေးသူက သူနှင့် ထိုဇီးကွက်ကြီးတို့ မည်သည့်အကြောင်းအရာများ ဆွေးဆွေးနွေးကြသည်ကို စာဖတ်သူ၏သိချင်စိတ်ကို အောက်ပါအတိုင်း နှိုးဆွပေးပြန်ပါသည်။ “စာရေးဆရာများသည် နှင်းဖြူ ဇီးကွက်နှင့် အဘယ်အရာကိုဆွေးနွေးသနည်း” အစချီလိုက်ပြီးမှ သူနှင့် နှင်းဖြူဇီးကွက်တို့ဆွေးနွေးချက်များကို တဆက်တည်းပြောချလိုက်၏။ “မကုန်ခန်းနိုင်သော အသွင်အပြင်နှင့် အနှစ်သာရအကြောင်းပင် ဖြစ်ပေသည်၊ ယခုနှစ်တွင်ကား ကျွန်ုပ်တို့၏ ဆွေးနွေးချက်ခေါင်းစဉ်မှာ လွတ်လပ်ရေး၏ အသွင်အပြင်နှင့်အနှစ်သာရ အကြောင်းပင် ဖြစ်ပေသည်” (Essence and Form of Freedom)

စာရေးသူက နှင်းဖြူဇီးကွက်မကြီးကို စဆွေးနွေးပုံကို အောက်ပါအတိုင်းဆိုသည်။ “အခြား ရေခဲငှက်နှင့် လင်းတကြီးများကဲ့သို့သင့်အား အမိုးပွင့်လေဟာပြင်ဝင်းခြံ ကာရံပေးပါသလား” ဟုမေးသည်။ ဇီးကွက်မကြီးက “ဟုတ်ကဲ့” ဟု ဖြေသည်။ သို့ရာတွင် သူက ငြင်းပယ်ခဲ့သည်။ လှောင်အိမ်ကိုသာ ပို၍သဘောကြသည်။ ထိုချီအချစကားပြောခန်းအား ကျနော့ နားလည်ချက်မှာ အခြားသော ရေခဲငှက်နှင့် လင်းတကြီးများကို အမိုးမပါသည့် အကာအရံကြားတွင် ထားသည့်နည်းတူ သူ့အားလည်း ထိုသို့ ခြံနှင့်နေချင် ပါသလား မေးသည့်အခါ၊ သူက ထိုသို့မနေချင်ကြောင်းခြံထက်လှောင်အိမ်ကိုသာ ပို၍သဘောကျ ကြောင်းပြောပြီး၊ အမိုးမဲ့ လေဟာပြင်(ခြံ)ကို ငြင်းဆန်ခဲ့ကြောင်း ပြန်ပြောပြဟန်ဟု သဘောရသည်။
ထိုရောအခါ စာရေးသူက “ဖြစ်မှဖြစ်ရလေ” ဟု ငြီးတွားမိလိုက်သည်။ ထို့ပြင်လည်း ဤ စင်ကြယ်သော၊ လှပသော၊ လိမ္မာသော၊ ရိုင်းသော ဇီးကွက်မကြီးနှင့် စကားပြောမိသည့် အခါတိုင်းတွင် သူ့ကိုယ်သူ အလွန်မိုက်မဲလှသည်ဟု ခံစားရမိကြောင်းဆိုပါသည်။ ထို့ကြောင့် ဘာမှ ဆက်မပြောတော့ပဲ ရပ်လိုက်သည်။
သည်တော့မှ ဇီးကွက်မကြီးက “ရေခဲငှက်နဲ့လင်းတတွေ ဘာလုပ်နေတယ်ဆိုတာ ရှင်..သတိမထားမိဘူးလား” ဟု မေးသည်။ “ထားမိပါတယ်။ သူတို့ဟာကြီးမားတဲ့ အတောင်ပံကြီးတွေကို ဖြန့်ရိုက်ခတ်ပြီး ခမ်းနားတဲ့ ဟိတ်ဟန်တွေကို ပြသနေကြတယ်။” ဟု သူ ဖြေလိုက်ကြောင်းဆိုသည်။ ပြီးမှ ဇီးကွက်မကြီး၏အမေးကို ဆက်ရေးသွားပြန်သည်။ “ရှင်.. သူတို့ အဝေးကိုပျံသွားတာကိုရော တွေ့ဖူးလား။” “ဟင့်အင်း။ ကျုပ် သူတို့ ပျံပြေးတာ မမြင်ဖူးဘူး” ဟု ပြန်ဖြေရင်း၊ ဘာများ ဆက်ပြောမှာပါလိမ့် ဆိုသည့်အတွေးနှင့် စာရေးသူက ငြိမ်သက်နေ ဟန်ရှိ၏။
“ဒီလိုဆိုရင်လည်း ကျွန်မရဲ့ မိတ်ဆွေမိုက်ကြီးရယ်၊ ဘာကြောင့် မမြင်ရတာလဲ။ သူတို့အတောင်ပံကြီးတွေ ရိုက်ခတ်ပြီး တခမ်းတနား ဟိတ်ဟန်တွေလှည့်ပြသားဘဲ။ ဒါပေမယ့် သူတို့ပျံမပြေးနိုင်ကြဘူးရှင့် ။ သူတို့အတောင်ပံတွေကို ညှပ်ခံထားရတယ်။ ဒါကြောင့်လဲ ကျွန်မ လှောင်အိမ်ထဲမှာ နေချင်တာပေါ့။ အမိုးဖွင့်ထားတဲ့ လေဟာပြင်(ခြံ)ဆိုတာ သံတိုင်သံတန်းတွေတော့ မရှိဘူးပေါ့။ ဒါပေမယ်လို့ အတောင်တွေ အညှပ်ခံထားရတယ်လေ။ လှောင်အိမ်ဆိုတာမျိုးက သံတိုင်သံတန်းတွေတော့ရှိတာပေါ့။ ဒါပေမယ့် အတောင်ပံအညှပ်မခံရဘူးမို့လား။”

“ကျမပျံနိုင်စွမ်းရှိသလောက် သူတို့မှာပျံနိုင်စွမ်းမရှိတော့ပါဘူး”

စာရေးသူက ဤနေရာတွင် သူ့စာကို တိကနဲပိပိယိယိဖြတ်ချလိုက်သည်။ ကျနော့ရင်ထဲလှိုက်ကနဲ။ သူပြောချင်သမျှကို အိပ်သွန်ဖာမှောက် ပြောချပြီးသွားပြီ။ ဘာမျှမကျန်တော့။ ကျနော့မှာသာ အမိုးဖွင့်လှောင် အိမ်(ခြံ)ထဲမှ ရေခဲငှက်ကြီးများနှင့် လင်းတကြီးများ အကြောင်းနှင့် ဘက်ပေါင်းစုံ သံတိုင်သံတန်းတို့ကာရံ ခံနေရသည့် နှင်းဖြူဇီးကွက်မကြီးအကြောင်း တွေးမိနေသည်။ ကျနော်ကား ယခု ခြံထဲတွင်ရှိနေ၏။
(မှတ်ချက် မျက်တောင်ကော်မာအဖွင့်အပိတ်လေးများအတွင်းမှစာများသည် မူလဘာသာပြန်သူ၏ ဘာသာပြန် စကားလုံးများအတိုင်း ဖြစ်ကြောင်း သိစေအပ်ပါသည်)
မျိုးမြင့်ချို

လော့ခ်ကျသွားတဲ့မနက်ခင်း

0 comments

ဒုက္ခသည်စခန်းက တဲကလေးကို ခွဲခွာချိန်တံခါးအပိတ်မှာ ပြန်လှည့် မကြည့်ဖြစ်အောင် သတိထားပြီးလက်နောက်ပြန်ဖြင့် ပိတ်လိုက်ဖြစ် သည်။ သံယောဇဉ်မတွယ်ချင်တော့။ ဘဝဒုက္ခများစွာကို အတူထမ်းပိုး သယ်ဆောင်ပေးခဲ့တဲ့တဲကလေးရေ နေရစ်ခဲ့တော့။ ငါ့ဘဝထဲက တံခါး တချပ်တော့ပိတ်လိုက်ပြန်ပြီပေါ့လေ။ ဘဝတွင်ပိတ်ခဲ့ဖူးသည့် တံခါးများ စွာအနက် သည်ဒုက္ခသည့်ဆိုသည့် တံခါးကား ပိတ်ရသိပ်ခက်ခဲမည် မဟုတ်ဟု ထင်ထားမိခဲ့ဖူးသည့်အထင်သည် လက်တွေ့တွင် မမှန် ကြောင်း ယခုသိလာရပြီ။
ကျနော် အရှေ့သို့လားရင်း အနောက်သို့စုန်ခဲ့ပါသည်။
တတိယတန်းစားတယောက်အတွက် တတိယတန်းရထားကြီးဖြင့်တော့ မဟုတ်ပါ။ ခေတ်မီ ဂျက်လေယဉ် ပျံကြီးနှင့်ဖြစ်ပါသည်။ ဖယောင်းတိုင်မီး မှိတ်တုတ်မှိတ်တုတ်၊ သက်ကယ်မိုးထရံကာနှင့် အတန်ကြာ အသားကျခဲ့ရသည့်ဒုက္ခသည်ဘဝသည် ဒုက္ခသည်စခန်းတွင်း၌ ဒုက္ခတွေခါးစည်းရင်း လက်ပြနုတ်ဆက် ချန်နေရစ်ခဲ့ပါပြီ။ ပြိုးပြိုးပြက်ပြက်လျှပ်စစ်မီးရောင်တို့နှင့် ပျားပန်းခတ်မျှလူးလာခေါက်တုံ့တို့အကြားမှာ အထုတ်အပိုးတွေဘိုသီဘတ်သီ ကလေးငယ်များတို့လို့တွဲလောင်းနှင့် ကျနော်တို့အား သုဝဏ္ဏဘုမိလေဆိပ် သစ်ကြီးက တအံ့တဩ။ ကျနော်တို့ ငေးရင်းလည်းမောခဲ့ကြပါသည်။ ပျော်သလိုလို ဘာလိုလိုစိတ်ခံစားမှု လည်း ရှိခဲ့ကြမည်လားမပြောတတ်ပါ။
ဘန်ကောက်မှနူးယော့ခ်အထိ တိုက်ရိုက်ပျံသန်းသည့်လေယာဉ်ခရီးစဉ်မှာ ရှည်ကြာသလောက် ငြီးငွေ့ စရာလည်း ဖြစ်ပါသည်။ ကျနော့် တသက်စီးဖူးခဲ့သမျှ လေယာဉ်ခရီးစဉ်များအနက် အကြာဆုံးနှင့် အရှည်ဆုံးခရီးပင်ဖြစ်ပါသည်။ နူးယော့ခ်မှတဆင့် ရှီကားဂိုး၊ ထိုမှတဆင့် ဖို့ဝိန်း။ လမ်းတလျှောက်တွင် အင်္ဂင်္င်္လိပ်စကားမပြောတတ်သည့်သူများအကြား ချောက်တီးချောက်ချက် ပြောတတ်ရုံလေးဖြင့် ကျနော်က ကြက်ဆူပင် ဝင်ဝင်လုပ်ပေးခဲ့ရသည်လည်းရှိပါသည်။
ဖို့ဝိန်းရောက်တော့ ညသန်းကောင်ချိန်ဖြစ်နေပြီ။ လာကြိုနှင့်နေသူတွေနှင့် ပြန်ဆုံရချိန်တွင် ဝမ်းနည်း ဝမ်းသာခံစားမှုများဖြင့် ဒွေးရောယှက်တင်ဖြစ်နေပါသည်။ လေဆိပ်မှ နေရမည့်အိမ်သို့ကားဖြင့်လာရင်း လမ်းတွင် ဘေးဘီကိုကြည့်ကာ “ဖို့ဝိန်းဆိုတာ အမေရိကန်က တောမြို့လေးတခုပါ” ဟု ပြောခဲ့ဖူးသည့် သူငယ်ချင်းတယောက်ကိုလည်း အမှတ်ရနေမိသည်။ သေချာတာ တခုကတော့ ဘယ်အချိန်အိမ်ပြန် ရမည်သာ မသိနိုင်သေး၊ အိမ်နဲ့တာ့ မိုင်ထောင်ချီဝေးသွားပြီဆိုခြင်းပင်။
အိမ်ရောက်တော့ လူကတော်တော်လေးပန်းနေပြီ။ မေးတာတွေဖြေ။ သိတာတွေပြော၊ ပါလာသည့် လက်ဆောင်ပစ္စည်းလေးတွေဝေငှ၊ ပြီးတော့ အိပ်ယာဝင်ခဲ့သည်။ အိပ်မပျော်နိုင်တော့။ လူကသာပမ်းနေပြီး အိပ်ချင်စိတ်ကပေါ်မလာသေး။ ဘာလို့များပါလိမ့် တွေးကြည့်တော့မှ လေယာဉ်ပေါ်မှာ တရက်ပျောက်သွား ခဲ့ရသည်ကော။ အခုချိန်ဆို ဒုက္ခသည်စခန်းကနေ့လည်ချိန်ပါလားဆိုတာတွေးမိမှ နေ့နှင့်ညမှားသွားသည်ကို ပြန်သတိရတော့သည်။ ကြိုးစားပြီး အိပ်ကြည့်သေးသည်။ မရတော့။ နာရီကတော့ လေယာဉ်ပေါ်မှာ ကတည်းက ရောက်သည့်အရပ်၏ စံချိန်ကိုလိုက်တိုက်ထားသည်မို့ ဒီကစံတော်ချိန်အတိုင်း ဖြစ်နေသည်။ ကြည့်လိုက်တော့ မနက် ၅ နာရီအတိ။ ဆေးလိပ်ကလည်းသောက်ချင်နေသည်။ နောက်ပြီး ရောက် ရောက်ချင်း ပထမဆုံး အမေရိကန်မနက်ခင်းကို ကြည်ဖြစ်အောင်ကြည့်မည်ဆိုသည့် စိတ်ကူးကလည်း ရှိထားသည်။ အိပ်မပျော်သည့်အတူ အိပ်ယာက ထသည်။ ဆေးလိပ်မီးခြစ်ယူသည်။ အိမ်သားတွေ ဘယ် သူမှမနိုးကြသေး။ တအိမ်လုံးတိတ်ဆိတ်နေ၏။ ကောင်းသည်။ ဘယ်သူ့ဘယ်သူမှ အနှောင့်အယှက်ဖြစ် စရာမရှိတော့။ အိမ်ရှေ့ခန်းတံခါးကိုဖွင့်ပြီး အပြင်ထွက်လိုက်သည်။ အား..အေးလိုက်တာ ဟု အသံထွက် သွားမိသည်။ တံခါးကို လက်နောက်ပြန်ပိတ်လိုက်သည်။
အပြင်ဘက်မြင်ကွင်းကားလှပသည်။ “နွေဦးရာသီဆို ဒီမှာသိပ်လှတယ်” ဟုပြောခဲ့ဖူးသည့် မိတ်ဆွေကို အမှတ်ရလိုက်သည်။ ဟုတ်သားပဲ။ မြက်ခင်းစိမ်းလေးပေါ်မှာ ယုန်ကလေး တကောင်နှစ်ကောင် ခုန် ပေါက်နေသည်။ လူရှိနေမှန်းသိသိနှင့် ကြောက်လန့်ဟန်မရှိ။ လွတ်လပ်ပေါ့ပါးလွန်းလှသည်ပဲ။ အိမ်တအိမ်က လွတ်လာသည့် ယုန်ကလေးတွေပဲနေမှာ ဟု ထင်နေသည်။ နောက်တော့မှ တောယုန်လေးတွေမှန်း သိရသည်။ “ဒီမှာကတော့ တောတိရိစ္ဆာန်တွေကို အကြောင်းမဲ့ဖမ်းဆီး၊ နှိပ်စက်သတ်ဖြတ်ခွင့်မရှိဘူးလေ။ လုပ်ရင် လုပ်တဲ့သူအရေးယူခံရတယ်” ဆိုသည့်စကားကြောင့် ဩော်..တိရိစ္ဆန်လေးတွေတောင် ဥပဒေရဲ့ အကာအကွယ်အောက်မှာပါလား ဟု သိလိုက်ရသည်။ သစ်ပင်မြင့်မြင့်ကြီးတွေပေါ်က၊ ချုံပုတ်လိုလို ပန်းရုံလေးတွေဆီက မမြင်ဘူးသည့်ငှက်လေးတွေ တေးဆိုသံကြားရသည်။ နားထဲတော့ ခပ်စိမ်းစိမ်း။ သီချင်းသစ်တပုဒ်ကို စကြားကြားချင်းရလိုက်သည့် ခံစားမှုမျိုးနှင့်ဆင်သည်။ မျက်နှာချင်းဆိုင်က အိမ်အသစ်ကလေးကို ကြည့်လိုက်တော့လည်း နေချင်စရာလေး။ ဖြတ်သွားဖြတ်လာ ကားသံများမှလွဲ၍ ပကတိတိတ်ဆိတ်ငြိမ်သက်နေသည်။ ဆေးလိပ်ဖွာလိုက် ဝန်းကျင်ကိုငေးမောခံစားလိုက်နှင့် ဖန်တီးမှု မပါသည့် ရသ တမျိုးမျိုးကိုရနေသည့်နှယ်။
အမေရိကန်မနက်ခင်းကိုလည်း နဖူးတေ့ဒူးတေ့ တွေ့ဖူးပြီ။ ဆေးလိပ်သောက်လည်းအာသာပြေပြီ။ ခဏနေတော့ အနွေးထည်ဝတ် မလာတာမို့ နည်းနည်းလည်းအေးလာသည်။ အိမ်ထဲပြန်ဝင်တော့မှ၊ တံခါးလက်ကိုင်ကိုလှည့်လိုက်သည်။ ဖွင့်မရ။ ဘာများဖြစ်ပါလိမ့်ဆိုပြီး ထပ်လှည့်ကြည့်သည်။ မပွင့်။ ခက်ပြီ။ ထပ်လှည့်ကြည့်သည်။ ထိုအတိုင်းပင် တံခါးကတုတ်တုတ်မျှမလှုပ်။ ဒီတော့မှ သဘောပေါက်သွား၏။ အပြင်ထွက်ဖို့ တံခါးဖွင့်တုန်းက အထဲကနေ Lock ချထားကို သတိမပြုမိခဲ့။ အမှန်က တံခါးပြန်မပိတ်ခင် Lock ကို ဖွင့်ထားခဲ့ရမည်။ ဒါမှ ပြန်ဝင်သည့်အခါ အပြင်ကပြန်ဖွင့်လို့ရမည်။ အခုတော့ သွားပြီ။ Lock ကျသွားခဲ့ပြီ ကော။ ဘာမှမတတ်နိုင်တော့။ အိမ်သားတွေက တယောက် ယောကနိုးလာချိန်ထိ စောင့်ရတော့မည်။

လူတိုင်းဘဝတွင် Lock ကျခဲ့ရသည်များရှိနိုင်သလို Lock ချခဲ့ရသည်များလည်းရှိပါမည်။ ဘဝသစ်တခုကို တည်ဆောက်မည် ဆိုလျင် ဘဝဟောင်းကို ဖျောက်မှရမည်ထင်သည်။ ထိုကိစ္စသည် ဘဝ၏တံခါးတခုကို Lock ချလိုက်ခြင်းဖြစ်ရမည်။ Lock ချလိုက်ခြင်းဖြစ်ပါ သည်။ ရံခါတွင် မိမိက Lock ချလိုက်သည်မဟုတ်ပဲ အခြေအနေက (သို့မဟုတ်) ဘဝကိုယ်၌က Lock ချပေးလိုက်ခြင်းများလည်းရှိပါမည်။ မည်သို့ပင် Lock ချလိုက်ချင်သည်ဖြစ်စေ၊ ချမရသည့် (သို့မဟုတ်) ချ၍မကျသည့် Lock များစွာလည်းရှိနိုင်ပါမည်။ Lock ကို အပြီးချလိုက်သည့်ကြားမှ ပြန်ပြန်ပွင့်လာခြင်းမျိုးများလည်း ရှိနိုင်မည်ထင်သည်။ ယခု ကျနော် အမေရိကန်၏ ပထမဆုံးနံနက်ခင်းတွင် Lock ကျနေပြီ။ သည် Lock ကား ဘယ်အချိန်အထိ ကျနေဦးမည်နည်း။ ကျနော်မချခဲ့သည့် Lock သည် ကျနော့်အတွက်ကျနေပြီ။ နောင်ကိုလည်း ဘဝတွင် အကြိမ်မည်မျှ Lock ကျရဦးမည်လဲ။ အကြိမ်မည်မျှ Lock ချရဦးမည်လဲ။ ကျနော် မတွေးတတ်တော့။ တွေးလည်းမတွေးချင်တော့။ ဘဝတွင် အကြိမ်မည်မျှ Lock ကျခဲ့ပြီးပြီလဲ၊ ချခဲ့ပြီးပြီလဲဆိုသည်ကိုသာ တွေးနေမိသည်။
မျိုးမြင့်ချို
၀၅/၂၉/၂၀၀၉ ည ၁၀ နာရီ ၄၅ မိနစ်

Friday, April 17, 2009

အဆာမပြေတဲ့သူရဲ့ အစာမကြေမှု--

0 comments

ကျနော်လည်း အခုဆို အိုးနဲ့အိမ်နဲ့။ ဝင်ထွက်သွားလာလုပ်လို့ရပြီလေ။ ဧည့်သည့်ဟာဧည့်သည်မို့ လာလည်ချင်တဲ့အခါ တံခါးမရှိဓါးမရှိပါ။ ပြန်ချင်တဲ့အခါလည်း ဖုတ်ဖက်လေးခါပြီး ပြန်ရုံပေါ့နော်။ အညစ်အကြေး ချန်ခဲ့လည်းကျန်ပါစေ။ လိမ်းခဲ့ရင်လည်းကျံပါစေ။ ရသလေးတွေ ချန်ခဲ့လည်းကျန်ပါစေ။ လိမ်းခဲ့ရင်လည်းကျံပါစေ။ ကျနော့်အလိုကတော့ဗျာ We must take things as they are ပါဘဲ။ ဘယ်သူဖြစ်ဖြစ်ပါ အချိန်တန်ရင်တော့ ပြဋ္ဌာန်းခံတွေ ဟုတ်ဟုတ်/မဟုတ်ဟုတ် ဘဝကပြဋ္ဌာန်းပေးလိုက်တဲ့အသိတွေနဲ့ဘဲ လက်ကျန်အချိန်လေးတွေကို စီးဆင်းရတာပါ။ ကျနော်လည်း မဟာလူသားမဟုတ်လေတော့ကာ လူသာမန်တယောက်လောက်ထက် ဘာမှပိုပြီး မမှားခဲ့/မမှန်ခဲ့၊၊ မကောင်းခဲ့/မဆိုးခဲ့၊ မလိမ်မာခဲ့ မမိုက်မဲခဲ့၊ မတော်ခဲ့ မညံ့ခဲ့၊ မယုတ်ညံ့ခဲ့ မစင်ကြယ်ခဲ့-------ဖူးပါဘူး။ လူတယောက်အဖြစ်နဲ့ လူစစ်စစ်လိုဖြစ်ခဲ့တာပါဘဲ။ သူတော်ကောင်းတရားစစ်စစ်တွေသာပွားများပြီး၊ သူတော်စင်စစ်စစ်တွေလိုကျင့်ကြံနေခဲ့သူဆိုတာလည်း ရှိချင်လည်းရှိမယ်။ အခုထက်ထိ ကျနော်ကတော့ လူအစစ်လိုနေရတာကိုဘဲ နှစ်သက်နေတုန်းပါ။ ရှေ့မှာ မှားစရာ/မှန်စရာ၊ ကောင်းစရာ/ဆိုးစရာ၊ တော်စရာ/ညံ့စရာ၊ လိမ်မာစရာ/မိုက်မဲစရာ၊ ယုတ်ညံ့စရာ/စင်ကြယ်စရာ၊ မုဒိတာပွားစရာ/မဈေရိယထားစရာ-----တွေ တပျော်ကြီးကျန်နေသေးရဲ့။

ကျနော်အခု ၁ မျက်နှာတည်းနဲ့ ၁ ရွက် ဖြစ်ချင်နေလို့ ဒီဘလော့ဂ်လေးလုပ်ကြည့်တာပါ။ ၂ မျက်နှာပေါင်းမှ ၁ ရွက် ဖြစ်တယ်ဆိုလည်း တခါတလေမှာ ၂ မျက်နှာရှိချင်ပါတယ်။ ၁ မျက်နှာတည်းနဲ့ ဘယ်တော့များ ၁ ရွက် အခေါ်ခံရမယ်မှန်းလည်း မမှန်းတတ်သေးပါဘူး။

တခါတလေမှာ ကိုယ့်ရဲ့ ရွေးချယ်မှု၊ တောင်းဆိုမှု၊ အလိုတူမှု ဘာတခုမှမပါဘဲရလာတဲ့ ဘဝရေစီးထဲမှာ အဆိုးတွေချည်းထပ်လာတော့ သူများတွေလုပ်ခဲ့သမျှကို ကိုယ်ကချည်းဝင်ခံပေးနေရတာများလားလို့လည်း တွေးတတ်လာမိတယ်။ ဘာပဲဖြစ်ဖြစ်ပါ အဆိုးထဲမှာတော့ အကောင်းဆိုတာရှာမရပါဘူး။ မိုးတိမ်မဲတွေရဲ့ ငွေနားကွပ်ဆိုတာ နောက်ခံနေရောင်ကြောင့်ဆိုတာ သိနေမှတော့ ကျနော့်သူငယ်ချင်း “သစ်ကောင်းအိမ်” ပြောသလို “နေဝင်တာကိုစောင့်မကြည့်ချင်ဘူး။ နေလုံးကိုဖြုတ်ချချင်တယ်.....ဆိုသလိုမျိုး”

အသက်ကလေးရလာလို့ လားမသိဘူး တခါတလေမှာ ကိုယ့်ကိုယ်ကိုယ်ရော သူတပါးကိုပါ တွေဝေနေတာလား၊ တည်ငြိမ်နေတာလား၊ ပျော့ပျောင်းတာလား၊ ပျော့ညံ့တာလား ဆိုတာလောက်တော့ ခွဲခွဲခြားခြားလေး သိချင်လာတယ်။

မျိုးမြင့်ချို

အဆာမပြေပုံများ

1 comments

အကောင်းဖြစ်ဖြစ် အဆိုးဖြစ်ဖြစ်
အမြစ်ကနေ လှန်သစ်မယ် ဆိုပြီး
ဘာ..ရမက်ပေါ်မှာမှ
ဘဝကို မစိုက်ပျိုးတာ
မိုက်တွင်းနက်မှု...တဲ့
ကျနော့် ငွေတွင်းလည်း
ဘယ်တုန်းကမှ မတိမ်ခဲ့ပါဘူးလေ..


“ဖခင်ကြီးဆိုသူက
“စိတ်နဲ့ တောင် မပြစ်မှားနဲ့ ” တဲ့
ကျနော်က
ကံသုံးပါးလုံးနဲ့  မှောက်မှားပြီး
“သော့အိမ်”မှာ
ပိတောက် ၁၅ ကြိမ်အပွင့်ခံတယ်..


တခုတော့ရှိတယ်
ငြိမ်းချမ်းချင်ရုံလေးနဲ့ 
စစ်ထွက်ခဲ့တာလား ဆိုတော့လည်း
မဟုတ်ပြန်ဘူး..


တခုတော့ရှိတယ်
အဆိုးထဲမှာ
အကောင်းရှာမလား ဆိုတော့လည်း
မဟုတ်ပြန်ဘူး..


ဒီတုန်းက
မစားရဝခမန်း မနက်ဖြန်တွေ
ခုလို
သဲရှပ်ပုံနဲ့ သာ ကြိုပြီးပက်ပင်းတိုးထားရင်
ပြည်တော်ပြန်ဂါထာများ ရွတ်ဖတ်နေမလား မပြောတတ်တော့ဘူး

အမေပြောသလို
မသေကောင်းမပျောက်ကောင်း..တဲ့
ဒါပေမယ့်
သေကောင်ပေါင်းလဲဘဝတွေ

မျိုးမြင့်ချို

Thursday, April 16, 2009

အရင်လို---

0 comments


လူထက်တော့
ဘာမှပိုမလျော့သေးဘူး။

မှားတုန်း မှန်တုန်း။
ကောင်းတုန်း ဆိုးတုန်း။
ညံ့တုန်း တော်တုန်း။
ဖြူစင်တုန်း ယုတ်ညံ့တုန်း။
မိုက်မဲတုန်း လိမ်မာတုန်း။
ဖြောင့်စင်းတုန်း ကွေ့ကောက်တုန်း။
အောက်တန်းကျတုန်း အထက်တန်းရောက်တုန်း။
ကြင်နာတုန်း ရက်စက်တုန်း။
မုဒိတာပွားတုန်း မဈေရိယထားတုန်း။
ချစ်တုန်း မုန်းတုန်း။

ခက်တာက--
ခုထိ..
ပျော့ညံ့တာနဲ့ ပျော့ပျောင်းတာကို...
တွေဝေတာနဲ့ တည်ငြိမ်တာကို
ခွဲပြီးမသိတဲ့ကောင်...

မျိုးမြင့်ချို