Sunday, March 25, 2012

နွေဦးပေါက်တော့ (မင်းသုဝဏ်)

0 comments

နွေဦးပေါက်တော့ (မင်းသုဝဏ်)



သွေ့သည် သွေ့သည်၊ စုံပတ်လည်ဝယ်

မစည်ကြိုးကြဲ၊ ရွက်ရော်ဝဲသည်

နှင်းစဲခါစ ပေါ်နွေဦး။            ။

ဝေ့လည် ဝေ့လည်၊ ရပ်မတည်သည်

ဟိုသည်လျှောက်ပြေး၊ ရွက်ရော်သေးကို

ဆောင်သွေး ချေပေါ့ ဆော်လေရူး။            ။

မြေ့ချည် မြေ့ချည်၊ စိုမပြည်သည်

မကြည်နောင့်ဝမ်း၊ ရွက်ရော်နွမ်းနှင့်

မိတ်ကျွမ်းတဝင်၊ ပါလေအင်သည်

ဘယ်တွင်ဆုံးရိပ် မြော်ချေဘူး။            ။




မင်းသုဝဏ်
(ဂန္ထလောက၊ တပို့တွဲ...)   

0 comments:

Post a Comment