Wednesday, January 4, 2017

ဗြစ်ရည်နဲ့ချိုတဲ့ဓမ္မတေး(မျိုးမြင့်ချို)

0 comments
ကျနော် အရက်ကို ဘဝကိုဖြုန်းသလို သောက်သုံးခဲ့ချိန်ကရော၊
ခုလို မိတ်ဖြစ်ဆွေဖြစ်တို့၊ လူမှုရေးအရတို့၊ နံမည်ပျက်ရုံလောက်တို့နဲ့ ကြောင်သူတော်လုပ်နေချိန်မှာရော အရက်သောက်တာမကောင်းဘူးလို့ ဘယ်သူ့ကိုမှမပြောမိဖူးဘူး။

အရက်ကို ကျနော်လိုသောက်ရင်
ငွေကုန်တယ်(ငွေဝင်လမ်းရှာတာမှ မဟုတ်တာ)။
အချိန်ကုန်တယ်(ကုန်စေချင်တဲ့အချိန်တွေရှိနေလို့)။
ကျန်းမာရေးထိခိုက်တယ်(စိတ်ထိခိုက်ရတာထက်သက်သာလို့)။
လူမှုရေးပျက်တယ်(နဂိုတည်းက ကောင်းသူမဟုတ်) စတာမျိုးတွေတော့ ကိုယ့်ဘာသာတွေးမိဖူးတယ်။ အရက်မူးမူးနဲ့ ဘယ်သူ့ကိုမှ မဆုံးမဖူးဘူး။


ငွေဝင်လမ်းရှာဖို့။
အချိန်ကုန်အကျိုးရှိဖို့။
စိတ်ပျော်ရွှင်ဖို့။
လူမှုရေးကောင်းဖို့သောက်သူတွေလည်း ဘာမှမပြောမိဖူးဘူး။

အရက်ပဲဟာ မသောက်မနေရမှ မဟုတ်တာ။ ကိုယ့်ရွေးချယ်မှုနဲ့ကိုယ်ပေါ့။ ဒီနှစ်သစ်ကူးက စ မသောက်တော့ဘူးဆိုလည်း မသောက်နဲပေါ့။ စသောက်မယ့်လူတွေလည်း သောက်ကြပါစေ။
တခုပဲ ဗမာရုပ်ရှင်တွေကလို မုဒိန်းကျင့်တဲ့ကောင် မဟုတ်ကဟုတ်ကလုပ်တဲ့ကောင်တွေကို အရက်မူးနေလို့ဆိုတဲ့ဆင်ခြေပြတာတော့ မကောင်းဘူး။ လောကမှာ လူဟာ မူးမူး မမူးမူး သူ့ဟာသူလုပ်ချင်ရာလုပ်နေကြတာ။ မုဒိန်းကောင်ဟာ အရက်မမူးလည်း ကျင့်တယ်။ အရက်မပြောနဲ့ လှော်ဇာနံ့တောင် မခံနိုင်သူက ကလေးလေးတွေကို မုဒိန်းကျင့်တဲ့ မုဒိန်းသမားဖြစ်နေတတ်တယ်။ အနန္တဂိုဏ်းဝင်ဆိုတဲ့ ကျောင်းဆရာတချို့ ဘုန်းကြီးတချို့ မုဒိန်းကောင်တွေဖြစ်နေတာ မျက်မြင်ပဲ။

သုရာမေရယဝေတာမဏိသိက္ခာပဒံအော်ပြီး၊
ကိုယ်ပေါ်အရက်တစက်ကျရင် ကျတဲ့နေရာ အရေပြားကွက်လှီးပစ်ရမယ်တို့ပြောပြီး၊ လောကတဏှာနဲ့ယစ်မူးနေသူတွေထက်စာရင်
ဗြစ်ရည်လေးထွေတေတေနဲ့ ဓမ္မကိုသီချင်းလုပ်ဆိုရတာ ပိုမကောင်းဘူးလား။

လောကဆိုတာ ဂါထာကိုတေးဖြစ်အောင်ဆိုတတ်မှ ရသပြည့်တာမဟုတ်လား။
ဒီဇင်ဘာ ၂၇၊ ၂ဝ၁၆

0 comments:

Post a Comment