Monday, August 15, 2022

ဖက်ဆစ်စနစ်အကြောင်းပြောကြမယ်ဆိုရင်

0 comments

ဖက်ဆစ်စနစ်အကြောင်းပြောကြမယ်ဆိုရင်

စာတည်းအဖွဲ့  (ပြည်သူ့အာဏာဂျာနယ်)

သြဂုတ်၊ ၂၀၀၀

(၁)

ဖက်ဆစ်အန္တရာယ်

သတိရှိကြလော့ -

သူ့ကို (ဟစ်တလာကို)

မွေးထုတ်ပေးလိုက်တဲ့ ခွေးမဟာ

အခုအထိ အ​ရွေလိုက်(မိတ်လိုက်)ချင်စိတ်

မပျောက်သေးဘူး 

(ဗားတော့ဗရက်)

ဖက်ဆစ်ဝါဒ ခေါင်းထောင်ထောင်ထနေတာကို တွေ့ရပြီးနောက်မှာ ဂျာမန်ကဗျာဆရာ ဗားတော့ဗရက်ရဲ့ တပ်လှန့်သံပါ။

ဗမာပြည် ပြည်သူတွေကတော့ ဒုတိယကမ္ဘာစစ်ကြီးမှာ အာရှဖက်ဆစ်ရဲ့ခါးသီးမှုကို ကောင်းကောင်းကြီး ခံစားလိုက်ကြဖူးပါတယ်။

အခုလည်း ဖက်ဆစ်နည်း - ဖက်ဆစ်ဟန် စစ်ဝါဒကို ခံစားနေကြရဆဲပါ။ ဒါကြောင့် ဖက်ဆစ်စနစ်အကြောင်း ရှင်းလင်းဖော်ပြဖို့ တာဝန်ရှိလာပါတယ်။

(၂)

ဖက်ဆစ်စနစ်

ဖက်ဆစ်စနစ်ဆိုတာ ပထမကမ္ဘာစစ်အပြီး အီတလီ၊ ဂျာမဏီ၊ ပိုလန်၊ ဟန်ဂေရီနဲ့ စပိန်စတဲ့ နိုင်ငံတွေမှာ ပေါ်ပေါက်ခဲ့တဲ့ နိုင်ငံရေးစနစ်တခု ဖြစ်ပါတယ်။ နောက်ပိုင်း ပေါ်တူဂီ၊ (အာရှတိုက်မှာ)ဂျပန်စတဲ့ နိုင်ငံတွေလည်း ဖက်ဆစ်နိုင်ငံတွေ ဖြစ်လာပါတယ်။ ပေါ်ပေါက်လာရတဲ့ အကြောင်းရင်းကတော့ အုပ်စိုးသူလူတန်းစားဟာ ပါလီမန်လွှတ်တော်စနစ်၊ တနည်းပြောရရင် ဓနရှင်ဒီမိုကရေစီ စနစ်ဆိုတဲ့ နည်းဟောင်းတွေနဲ့ မအုပ်စိုးနိုင်ကြတော့လို့၊ ပြည်တွင်းပေါ်လစီမှာ ကြောက်လောက်အောင် ခြိမ်းခြောက်တဲ့နည်း၊ ပြည်ပပေါ်လစီမှာ ကျူးကျော်နယ်ချဲ့တဲ့နည်းတွေ သုံးလာကြရာက ပေါ်ပေါက်လာခြင်းဖြစ်ပါတယ်။

 

ဖက်ဆစ်ဝါဒဟာ ဆိုရှယ်လစ်ဝါဒ၊ လစ်ဘရယ်ဝါဒတို့နဲ့ တိုက်ရိုက်ဆန့်ကျင်တဲ့ဝါဒ ဖြစ်ပါတယ်။ နိုင်ငံသားတဦးအနေနဲ့ သီးခြားလွတ်လပ်စွာ ပြုမူပြောဆိုခွင့်နဲ့ ပစ္စည်းပိုင်ဆိုင်ခွင့်ဟူ၍မရှိ၊ နိုင်ငံက ပေးသလောက် အခွင့်အရေးကိုသာ ခံစားရမယ်။ သူ့ရဲ့အသက်နဲ့စည်းစိမ်ဥစ္စာကို နိုင်ငံတော်က ပိုင်တယ်။ နိုင်ငံတော်ကချမှတ်ထားတဲ့ ဘယ်လုပ်ငန်းကိုမဆို ဝေဖန်ပြောဆိုခြင်း၊ သဘောမတူရှိခြင်းများကို နိုင်ငံတော်သစ္စာဖောက်မှုအဖြစ် မှတ်ယူတယ်။ အတိုက်အခံပြုသူ၊ သွေဖီသူမှန်သမျှကို ထောက်လှမ်း ဖျက်ဆီးဖို့ လျှို့ဝှက်ရဲတွေ အသင့်ချထားတယ်။ အမှတ်မထင် ဝေဖန်ပြောဆိုမိရင်တောင် ချက်ချင်းအဖမ်းခံရမယ်။ အပြစ်ပေးခံရမယ်။ အတိုက်အခံပါတီမှန်သမျှ ဖျက်သိမ်းပစ်တယ်။ လူထုကို အသိဉာဏ်ပေးတဲ့ စာနယ်ဇင်း၊ ရေဒီယိုစတာတွေမှာ အာဏာပိုင်တွေ သိစေချင်တဲ့၊ နားလည်စေချင်တဲ့ အချက်အလက်တွေကိုသာ ပါစေဖို့ ဖြတ်တောက်ပညတ်တယ်။ ပြည်ပသို့ လွတ်လပ်စွာသွားလာခွင့်၊ ကူးသန်းရောင်းဝယ်ခွင့် မရှိ။ ပြည်သူလူထုကို အမျိုးသားရေးစိတ်ဓာတ်လှုံ့ဆော်ပြီး စစ်သွေးစစ်မာန် အမြဲတက်နေအောင် လုပ်တယ်။

 

နိုင်ငံခြားရေး ပေါ်လစီမှာ တခြားအမျိုးသားတွေအပေါ် လူစိတ်ကင်းမဲ့တဲ့ ရန်လိုစိတ်တွေ လှုံ့ဆော်ပြီး၊ နည်းနာကျတော့ အလွန်အကျွံ ရက်စက်ရိုင်းစိုင်းတဲ့ ကျူးကျော်ရေးဝါဒ ဖြစ်တယ်။ ပြည်တွင်းပေါ်လစီ - ဖက်ဆစ်တွေရဲ့ ရည်ရွယ်ချက်ဟာ လူထုကြီးကို ထင်သလို သွေးစုပ်ဖို့ဖြစ်တယ်။ ဒါပေမဲ့ အရင်းရှင်စနစ်ဆန့်ကျင်ရေးဆိုတဲ့ အပါးနပ်ဆုံးဝါဒဖြန့်မှုနဲ့ လူထုကို ချဉ်းကပ်တယ်။ ဓနရှင်လူတန်းစားရဲ့ ဘဏ်တိုက်၊ ထရပ်စ်နဲ့ ဘဏ္ဍာထိပ်သီးများအပေါ် လုပ်သားပြည်သူတွေထားရှိတဲ့၊ နက်ရှိုင်းတဲ့မုန်းတီးမှုကိုအသုံးချပြီး နိုင်ငံရေး မရင့်မှည့်သေးတဲ့လူထုကို သွေးအဆောင်နိုင်ဆုံး ကြွေးကြော်သံတချို့ ဖော်ထုတ်မိတ်ဆက်ပေးပြီး ဆွဲဆောင်ခဲ့ကြတယ်။

အများအကျိုးဟာ တဦးချင်းအကျိုးထက် မြင့်မြတ်တယ်။

(ဂျာမဏီ)

ငါတို့နိုင်ငံဟာ အရင်းရှင်များရဲ့ နိုင်ငံမဟုတ်၊ တနိုင်ငံလုံး တစုတစည်းတည်းရှိတဲ့ နိုင်ငံတော်ဖြစ်တယ်။

(အီတလီ)

သွေးစုပ်မှုကင်းမဲ့တဲ့ ဂျပန်ပြည်ဖြစ်ရေး။

(ဂျပန်)

ဥစ္စာဓနများ အတူတကွ ခံစားကြ။

(အမေရိကန်)

ဒီလိုနဲ့ လူထုကို သူတို့ ခွင်” ထဲ ဆွဲထည့်ထားလိုက်ကြတယ်။ ဂျာမဏီမှာ ကိုယ့်ကိုယ်ကို အမျိုးသားသူရဲကောင်းတွေအဖြစ် တံဆိပ်ကပ်ပြီး “ ဗာဆေးစာချုပ် ဆန့်ကျင်ရေး” ကြွေးကြော်သံတင်ကာ ဓနရှင်ပေါက်စတွေရဲ့ ထောက်ခံမှုရအောင် လုပ်ခဲ့တယ်။

ဂျပန်ကတော့ အရှေ့အာရှ သာတူညီမျှရေး” ကြွေးကြော်သံနဲ့ နယ်ချဲ့ကျူးကျော်ခဲ့တယ်။ ဖက်ဆစ်အစိုးရတွေဟာ ပြည်သူတွေကို လာဘ်ယူလာဘ်စား အကျင့်အပျက်ပြားဆုံးအရာရှိတွေရဲ့ စီမံခြယ်လှယ်မှုအောက်မှာထားပြီး - ပြည်သူတွေရဲ့ ရှေ့မှာကျတော့ “ သန့်ရှင်းမျှတတဲ့အစိုးရ ” အဖြစ် အသိအမှတ်ပြုခံချင်ကြတယ်။

ဒါတွေကတော့ သမိုင်းမှာ ထင်ဟပ်ခဲ့တဲ့ ဖက်ဆစ်စနစ်ရဲ့ ပုံပန်းသဏ္ဌာန်တွေဖြစ်ပါတယ်။

(၃)

စီးပွားပျက်ကပ်၊ ပြည်သူနဲ့အစိုးရ၊ ဖက်ဆစ်နဲ့ စစ်ပေါ်လစီ

၁၉၂၉ ခု၊ အောက်တိုဘာလမှာ အမေရိကန် စတော့ဈေးကွက် ပျက်သွားခဲ့ပါတယ်။ ဒီကနေ တဆင့်ကူးပြီး တကမ္ဘာလုံး စီးပွားပျက်ကပ် ဆိုက်ခဲ့ကြရတယ်။ နိုင်ငံများစွာ ဒေဝါလီခံကြရတယ်။ လုပ်ငန်းတွေရပ်ဆိုင်းပြီး အလုပ်လက်မဲ့တွေ တိုးပွားလာပါတယ်။ စက်မှုနိုင်ငံများဖြစ်တဲ့ အမေရိကန်မှာ အလုပ်သမား ၁၂ သန်း၊ ဂျာမဏီ ၅.၆ သန်း၊ အင်္ဂလန် ၂.၇ သန်း အလုပ်လက်မဲ့ ဖြစ်ကုန်ကြတယ်။ အဲဒီခေတ် လူဦးရေအရဆိုရင် ရာခိုင်နှုန်း သိပ်များပါတယ်။

အစိုးရအသီးသီးက ပို့ကုန် - သွင်းကုန်တွေမှာ အကောက်ခွန်နှုန်း တိုးမြှင့်စည်းကြပ်ခြင်း၊ ပိတ်ပင်ခြင်းစတာတွေနဲ့ ကာကွယ်ဖို့ ကြိုးစားကြလို့ ကမ္ဘာ့ကုန်သွယ်ရေး သိသိသာသာ ကျဆင်းသွားပါတယ်။

အစိုးရအသီးသီးဟာ အကျပ်အတည်းဖြစ်ရတဲ့ ဝန်ထုပ်အားလုံးကို အခွန်ထမ်းပြည်သူတွေရဲ့ ပခုံးပေါ်လွှဲတင်ဖို့ လုပ်လာကြတယ်။ အင်အားချည့်နဲ့သေးငယ်တဲ့အမျိုးသားတွေကို ကျွန်အဖြစ်သွတ်သွင်းပြီး ကိုလိုနီနိုင်ငံတွေကို ပိုမိုဖိနှိပ်ဖို့၊ ဒါ့အပြင် စစ်ရေးနည်းနဲ့ ကမ္ဘာကို အသစ်တဖန်ပြန်လည်ခွဲဝေပြီး ဈေးကွက်ပြဿနာဖြေရှင်းဖို့လည်း လုပ်လာကြတယ်။ တဖက်မှာ ပြည်တွင်းပြည်ပ တော်လှန်ရေး အင်အားစုတွေ တိုးပွားကြီးထွားလာမှာကို ကြိုတင်တားဆီးဖို့ ကြံစည်ကြတယ်။

အုပ်စိုးသူတွေအတွက် ငြိမ်းချမ်းတဲ့နိုင်ငံရေးပေါ်လစီနဲ့ လက်ရှိအခြေအနေက အလွတ်ရုန်းထွက်ဖို့ ထွက်ရပ်လမ်းရှာမရတဲ့ အတွက်ကြောင့် စစ်ပေါ်လစီကို မသုံးစွဲရင်မဖြစ်တော့ဘူးလို့လည်း ခံယူလာကြတယ်။

(၄)

ပေါ်ပေါက်ပုံ

ကမ္ဘာမှာ ဖက်ဆစ်စနစ် အနှံ့အပြား ပေါ်ပေါက်လာကြတဲ့အထဲက ဒုတိယကမ္ဘာစစ်ဖြစ်စေတဲ့အထိ ဖက်ဆစ်သရုပ်ကို အတိုင်းအတာအရ လွန်လွန်ကဲကဲ ဖော်ပြခဲ့ကြတဲ့ ဝင်ရိုးစွန်းသုံးနိုင်ငံနဲ့ စပိန်အကြောင်း ပြန်ပြောင်းပြောလိုပါတယ်။

 

အီတလီ။

အမျိုးသားရေးဝါဒသမား၊ ကွန်မြူနစ်ဆန့်ကျင်ရေးသမား၊ တခါက ဆိုရှယ်လစ်ဖြစ်ခဲ့တဲ့ မူဆိုလီနီရဲ့ဦးဆောင်မှုနဲ့ ၁၉၁၉ ခုနှစ်၊ မတ်လ ၂၃ ရက်မှာ ဖက်ဆစ်ဝါဒဆိုတာ စပေါ်လာခဲ့တယ်။ အင်အားကြီးလာရာက ၁၉၂၂ ခုနှစ်မှာ ဘုရင်ကဖိတ်ခေါပြီး အစိုးရဖွဲ့စေပါတယ်။ ဖွဲ့ပြီးလို့ မကြာမီမှာပဲ အီသီယိုးပီးယားကိုဝင်သိမ်းလို့ နိုင်ငံပေါင်းချုပ်အသင်းကြီးက ကန့်ကွက်ပြီး အမိန့်တွေထုတ်ခဲ့ရတယ်။ ဒီအမိန့်တွေကို ဂရုမစိုက်ခဲ့ပါဘူး။ ဗြောင်ဆန့်ကျင်ခဲ့ပါတယ်။

အီတလီဖက်ဆစ် တပ်ဖွဲ့ဝင်တွေဟာ အများအားဖြင့် “ စစ်မှုထမ်းဟောင်းတွေ ” ဖြစ်လို့ ဖက်ဆစ်တပ်ဖွဲ့ကို ကျနစွာ စည်းရုံးနိုင်ခဲ့ကြတယ်။ “ ရှပ်နက် ” တပ်သားများအဖြစ် နာမည်ကြီးခဲ့တယ်။ ၁၉၂၅ ခုနှစ်မှာ အတိုက်အခံအဖွဲ့ အားလုံးကို ပြင်းပြင်းထန်ထန် နှိမ်နင်းလိုက်ပြီး နောက်မှာတော့ မူဆိုလီနီဟာ စစ်တပ်ကြီးတတပ်လုံးကို လက်ကိုင်ပြုကာ အာဏာရှင်အဖြစ် ခံယူလိုက်ပါတယ်။

ဂျာမဏီ။

ဟစ်တလာက ၁၉၁၉ ခုနှစ်မှာပဲ ဂျာမန်လူမျိုး နေရှင်နယ်ဆိုရှယ်လစ် အလုပ်သမားပါတီ” လို့ အဓိပ္ပာယ်ရတဲ့ နာဇီပါတီကို ထူထောင်ခဲ့တယ်။ အမျိုးသား ဆိုရှယ်လစ်ပါတီ” နာမည်ခံယူထားပေမယ့် အမှန်မှာ ဆိုရှယ်လစ်လမ်းစဉ် မဟုတ်၊ ရည်မှန်းချက်က ဂျာမဏီနိုင်ငံရဲ့စစ်အင်အားကို ကြီးထွားဖွံ့ဖြိုးစေဖို့ ၊ ကမ္ဘာကို ဂျာမန်လူမျိုးတွေကသာလျှင် လွှမ်းမိုးဖို့ ဖြစ်တယ်။

ဥရောပလူဖြူမျိုး - အာရိယန်တွေက တခြားလူမျိုးတွေထက် သာလွန်မြင့်မြတ်တယ်လို့ ခံယူကြတယ်။

ဂျာမဏီမှာ စီးပွားပျက်ကပ်ကိုအကြောင်းပြုပြီး ဖက်ဆစ်အမျိုးသားရေးအစွန်းရောက်သမားတွေ ခေါင်းထောင်ထလာကြပါတယ်။ စီးပွားရေးကျပ်တည်းမှုကြီးက ဖိစီးသည်ထက်ဖိစီးလာတဲ့အခါ လူထုအနေနဲ့ သူတို့ကို တနည်းတလမ်းနဲ့ ကယ်တင်လိမ့်မယ်လို့ထင်တဲ့ (ယုံလောက်အောင် ဆွဲဆောင်နိုင်တဲ့)ပါတီကို ဝိုင်းဝန်းအားပေးတတ်တာ ဓမ္မတာပါ။ နာဇီပါတီက ဒအခွင့်အရေးကိုအသုံးချကာ အမျိုးသားရေးကိုလှုံ့ဆော်ပြီး လူထုရဲ့ထောက်ခံမှုရအောင် ကြိုးပမ်းနိုင်ခဲ့ကြတယ်။

စက်မှုလက်မှုလုပ်ငန်းရှင်တွေကလည်း ဆိုရှယ်လစ်နဲ့ကွန်မြူနစ်ဝါဒတိုက်ဖျက်ခြင်းကိစ္စမှာ သဘောကြိုက်ညီကြလေတော့ နာဇီပါတီကို အင်တိုက်အားတိုက် အားပေးခဲ့ကြတယ်။ အလုပ်သမားသမဂ္ဂတွေဖွဲ့စည်းတာကို အလုပ်ရှင်တွေက ခုခံတိုက်ဖျက်နိုင်ဖို့အတွက် ထောက်ခံဲ့ခြင်းလည်း ဖြစ်တယ်။ ဒါကြောင့် ၁၉၃၃ ခုနှစ်၊ ဇန်နဝါရီလမှာ နာဇီခေါင်းဆောင်ဟစ်တလာကို သမ္မတဟင်းဒင်ဗတ်က အဓိပတိအဖြစ် ကြေညာခန့်အပ်ပေးခဲ့ပါတယ်။

ဒါပေမဲ့ လက်တွေ့အရကတော့ ဟစ်တလာရဲ့ အာဏာရှင်စနစ်တည်မြဲစေဖို့ သိန်းသန်းမကတဲ့ ဂျာမန်လူမျိုးတွေဟာ လက်နက်နဲ့ နှိပ်ကွပ်ခြင်းခံခဲ့ရပါတယ်။ သမိုင်းပြဆိုချက်က တယူသန်အမျိုးသားရေးဝါဒ ကိုင်စွဲလာရင် သူများအမျိုးသားတွေ ချေမှုန်းဖျက်ဆီး ခံရတာတင်မက မိမိအမျိုးသားများလည်း ဖိနှိပ်ဖျက်ဆီးခြင်းခံရတယ်ဆိုတာပါပဲ။ အတိုက်အခံပါတီဟူ၍ မရှိစေရဘဲ နိုင်ငံအာဏာကို နာဇီခေါင်းဆောင်တွေရဲ့ လက်မှာသာထားပြီး အုပ်ချုပ်တဲ့ နိုင်ငံ ဖြစ်လာပါတယ်။

စပိန်။

၁၉၂၃ ခုနှစ်မှာ ပရိုင်မိုရိုင်ဗီးယား အာဏာရှင် ဖြစ်လာပါတယ်။ ဘုရင်အယ်လ်မွန်ဆိုက ၁၉၃ဝ မှာ အာဏာရှင်စနစ် ဖျက်သိမ်းကြောင်း ကြေညာပေမယ့် သြဇာမသက်ရောက်ခဲ့ပါ။ ၁၉၃၁ ခုနှစ်ကျမှ တိုင်းပြည်က နှင်ထုတ်လို့ရပါတယ်။ ၁၉၃၆ ခုမှာ ဆိုရှယ်လစ်၊ ကွန်မြူနစ်၊ သမ္မတနိုင်ငံလိုလားသူတွေနဲ့ စင်ဒီကယ်မင်းမဲ့ဝါဒ (Syndicalism)ပါတီများပေါင်းပြီး အစိုးရဖွဲ့ခဲ့ကြတယ်။ ဒါပေမဲ့ ဖရန်ကို ခေါင်းဆောင်တဲ့ စစ်တပ်အရာရှိတွေက လက်မခံ၊ ပုန်ကန်ခဲ့ကြတယ်။ ၃ နှစ်ကြာစစ်ပွဲမှာ လူတသန်းခန့် သေကျေခဲ့ရတယ်။ သမ္မတနိုင်ငံဘက်က ဆိုဗီယက်ယူနီယံ၊ ပြင်သစ်၊ မက္ကဆီကိုတို့ကကူညီကြပြီး ဖရန်ကို ကို ဖက်ဆစ်အီတလီ၊ ဂျာမဏီတို့က ကူပါတယ်။ အင်္ဂလိပ်ကတော့ ကြားနေတယ်ပြောပြီး ဂျာမဏီဘက် ပင်းပါတယ်။ ဖရန်ကို အနိုင်ရသွားပါတယ်။ နောက်ဆုံး ပရိုင်မိုရိုင်ဗီးယား မလုပ်နိုင်တဲ့ကိစ္စတွေကို ဖရန်ကိုက လုပ်နိုင်ခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်း ကြားနေတယ်ကြေညာပြီး ဖက်ဆစ်နိုင်ငံတွေနဲ့ နီးနီးကပ်ကပ်ဆက်ဆံခဲ့လို့ ကုလသမဂ္ဂက ၁၉၅၅ ခုနှစ်အထိ ကြဉ်ထားတာ ခံခဲ့ရတယ်။

ဖရန်ကိုက ၁၉၆၉ ခုနှစ်မှာ မင်းသား ဟွမ်ကာလို့စ်ကို အနာဂတ်ဘုရင်နဲ့ နိုင်ငံအကြီးအကဲအဖြစ် လျာထားပေးခဲ့တယ်။ ယခုအထိ ဘုရင်ဖြစ်နေဆဲပါ။

ဂျပန်။

အာရှမှာရှိတဲ့ ဂျပန်ပြည် ဖက်ဆစ်နိုင်ငံဖြစ်လာပုံကျတော့ စစ်ဝါဒကနေ ကူးပြောင်းလာခြင်းဖြစ်ပါတယ်။ မူလကတော့ ဂျပန်လည်း တရုတ်လို အနောက်နယ်ချဲ့နိုင်ငံတွေရဲ့ မမျှတတဲ့စာချုပ်တွေကို လက်မှတ်ထိုးပေးခဲ့ရတဲ့ တိုင်းပြည်ဖြစ်ပါတယ်။ မေဂျီပြုပြင်ပြောင်းလဲရေးတွေကြောင့် တိုးတက်လာခဲ့တဲ့ဂျပန်ဟာ ၁၈၉ဝ ခုနှစ်များကျမှ စာချုပ်ကိစ္စတွေ ဖြေရှင်းနိုင်ခဲ့တာပါ။ တိုင်းပြည်ကာကွယ်ရေးအတွက် အလေးထားစိုးရိမ်စိတ်တို့က နယ်ပယ်ချဲ့ထွင်လိုတဲ့စိတ်ကို အလွယ်တကူ ပြောင်းလဲသွားစေခဲ့တယ် - လို့ ခံသာအောင် နိဂုံးချုပ်ပေးတဲ့ သမိုင်းဆရာတချို့လည်း ရှိပါတယ်။

တကယ်တမ်းတွေ့ရတာကတော့ အစွန်းရောက်အမျိုးသားရေးစိတ်အခံနဲ့ စီးပွားရေးနယ်ပယ် ချဲ့ထွင်ဖို့အတွက် အဆက်မပြတ် ကျူးကျော်စစ်များ ဆင်နွှဲခဲ့ခြင်းဖြစ်ပါတယ်။ ဂျပန်မှာ အဲဒီတုန်းက ဘုရင်နဲ့ပဒေသရာဇ်လူတန်းစားက ဖက်ဆစ်ဝါဒကို သဘောကျတယ်။ အာရှကိစိုးမိုးမယ့်ဧကရာဇ်ဖြစ်အောင်လုပ်ပေးလို့ပဲ။ ဖက်ဆစ်ဝါဒတွေကလည်း ဘုရင်ကို ဘုရားတဆူဂူတလုံး ဖြစ်အောင် ပြရုပ်အဖြစ်ထားပြီး ဂျပန်ဖက်ဆစ်ဝါဒကို အစွမ်းကုန်ကျင့်သုံးနိုင်ကြလို့ ကျေနပ်တယ်။ ၁၈၉၄ - ၉၅ မှာ ထိုင်ဝမ်ကျွန်းကို သိမ်းတယ်။ ၁၉၀၄ - ၀၅ မှာ ရုရှားကိုနိုင်ပြီး ဆခါလင်ကျွန်းကို သိမ်းပြန်ပါတယ်။ အားအင်တောင့်တင်းလာတာနဲ့အမျှ တရုတ်ဆီက အခွင့်အရေးတွေ တိုးယူ၊ ပိုအနိုင်ကျင့်ပါတယ်။ ၁၉၁၀ မှာ ကိုရီးယားလည်း ဂျပန့်လက်အောက် ရောက်သွားရပြန်ပါတယ်။

၁၉၁၄ ပထမကမ္ဘာစစ် ဖြစ်လာတော့ တရုတ်ပြည် စန်းတုန်းပြည်နယ်က ဂျာမန်တွေကိုတိုက်ထုတ်ပြီး အခွင့်အရေးတွေ လက်ပြောင်း ယူပါတယ်။ ပစိဖိတ်သမုဒ္ဒရာအတွင်းက ဂျာမန်ပိုင်ကျွန်းတွေကိုလည်း တိုက်ယူလိုက်ပါတယ်။

၁၉၃၁ မှာ မန်ချူးရီးယားကိုသိမ်းပြီး တရုတ်နန်းကျဘုရင် ပုယီကို (ရုပ်သေး)နိုင်ငံအကြီးအကဲ ခန့်ခဲ့တယ်။ ၁၉၃၂ မှာ တရုတ်နဲ့ စစ်ဖြစ်ပြန်ပါတယ်။ မန်ချူးရီးယားကိုဝင်သိမ်းတဲ့ကိစ္စ နိုင်ငံပေါင်းချုပ်အသင်းကြီးမှာ အချေအတင်ဆွေးနွေးကြတော့ လက်ဦးမှုရှိရှိ အသင်းကြီးကနေ နုတ်ထွက်လိုက်ပါတယ်။

ဒါတွေကတော့ ဂျပန်ပြည်မှာ စစ်ဝါဒီတွေ လွှမ်းမိုးဖို့ ဖြစ်လာစေတဲ့ နောက်ခံတွေပါ။

 

စီးပွားရေးဘက်ကို စစ်ရေးတိုးချဲ့မှုက အထောက်အကူ ပြုခဲ့တာတွေလည်း ရှိခဲ့ပါတယ်။ ပထမကမ္ဘာစစ်အတွင်း လက်လှမ်းမီသလောက် ပါဝင်ခဲ့ရာက တိုင်းပြည်မှာ အမြဲချို့တဲ့နေတဲ့ ကုန်ကြမ်းပစ္စည်းတွေ ရခဲ့ပါတယ်။ ပြည်တွင်းထုတ်လုပ်မှု တိုးတက်လာခဲ့တယ်။ စစ်ရေး အချက်အလက်တွေက အကြီးစားစက်မှုလုပ်ငန်းတိုးချဲ့မှုကို တွန်းအားပေးနိုင်ခဲ့တယ်။ ၁၉၂ဝ ခုနှစ်များရောက်တော့ အကြီးစား စက်မှုကဏ္ဍ ပြီးပြည့်စုံသွားတဲ့အဆင့် ရောက်ခဲ့တယ်။ ထုတ်လုပ်ရေးအပိုင်းမှာ လက်ဝါးကြီးအုပ်ကုမ္ပဏီကြီးတွေလည်း ပေါ်ထွန်းလာခဲ့တယ်။ စိုက်ပျိုးရေးဘက် တိုးတက်အောင်လည်း လုပ်နိုင်ခဲ့ကြတယ်။

ဒါပေမဲ့ အမေရိကန်ရဲ့ စီးပွားဈေးကွက်ပြိုလဲမှုက ဂျပန်ပြည်ကိုလည်း ချန်မထားရစ်ခဲ့ပါ။ ကမ္ဘာ့ကုန်သွယ်ရေးကျဆင်းမှု ဂျပန်ပြည်ရဲ့ စီးပွားရေးနဲ့ပို့ကုန်လုပ်ငန်းကို များစွာထိခိုက်စေခဲ့ပါတယ်။ တောရောမြို့ပါ ဒုက္ခရောက်ကုန်ကြပါတယ်။ ဒါကြောင့် စစ်တပ်အရာရှိတွေနဲ့ အမျိုးသားရေးဝါဒီတွေက လက်ရှိအစိုးရကို ဝေဖန်တိုက်ခိုက်လာကြပါတယ်။ ဒီလိုနဲ့ ၁၉၃၀ ခုနှစ် နောက်ပိုင်းကစပြီး ဂျပန်ပြည်ရဲ့ နိုင်ငံရေးမှာ စစ်တပ်ရဲ့ဩဇာလွှမ်းမိုးမှု အထွတ်အထိပ် ရောက်လာပါတော့တယ်။ ကက်ဘိနက်မှာ နိုင်ငံရေးသမားအရေအတွက် နည်းလာပါတယ်။ ၁၉၃၂ ခုနှစ်မှ စစ်ရှုံးချိန် ၁၉၄၅ အထိ ဂျပန်ဝန်ကြီးချုပ် ၁၁ ယောက်အနက် ၈ ယောက်က စစ်ဗိုလ်ချုပ်တွေ ဖြစ်ပါတယ်။

 

 

ဖက်ဆစ်စနစ်ကို တာစူပြီဆိုရင် ထုံးစံအတိုင်း ကွန်မြူနစ်တွေ မသက်သာကြပါ။ စီးပွားပျက်ကပ် မဆိုက်မီ ၁၉၂၈ ခုနှစ် ကတည်းက ဂျပန်ပြည်မှာ ကွန်မြူနစ်ထောင်ပေါင်းများစွာ ဖမ်းဆီးခံခဲ့ရပြီးဖြစ်ပါတယ်။ နယ်ချဲ့ဆန့်ကျင်ရေးပြောဆိုမှုတွေ အပိတ်ပင်ခံကြရတယ်။ စာအုပ်နဲ့ သတင်းစာထုတ်ဝေမှုကို တင်းကျပ်စွာကိုင်တွယ်ခဲ့တယ်။ တိုးတက်သူမှန်သမျှကိုဆန့်ကျင်ဖို့ အစိုးရကဦးစီးပြီး အရန် စစ်ရေးအဖွဲ့အစည်းတွေ၊ လူငယ်အဖွဲ့တွေ၊ ကြက်ခြေနီအဖွဲ့တွေ၊ အမျိုးသမီးအသင်းတွေနဲ့ ဘာသာရေးအသင်း၊ သာရေးနာရေး အသင်းတွေကို လှုံ့ဆော်အသုံးချခဲ့ကြတယ်။

ပြောရမယ်ဆိုရင် စစ်ရေးအရ ပြည်ပမှာအောင်ပွဲခံနေတယ်ဆိုနိုင်ပေမယ့် ပြည်တွင်းမှာတော့ ဂျပန်လူမျိုးတွေအနေနဲ့ မကြုံဘူး လောက်အောင်ကြီးမားတဲ့ မတည်ငြိမ်မှုတွေ ကြုံတွေ့ခံစားကြရပါတယ်။ ပြည်ပရောက် ဂျပန်တပ်သားတွေက အဆက်မပြတ် တိုက်ပွဲတွေတိုက်ရင်း သေကျေကျိုးကန်းနေကြရသလို၊ ပြည်တွင်းမှာလည်း ချောင်းမြောင်းသတ်ဖြတ်တာ၊ အာဏာသိမ်းဖို့ ကြိုးစားရင်း သတ်ကြဖြတ်ကြတာစတဲ့ အကြမ်းဖက်မှုတွေ ပေါ်ပေါက်နေပါတယ်။

 

(၅)

ဥရောပဖက်ဆစ်နဲ့ အာရှဖက်ဆစ်

ဖက်ဆစ်စနစ်ဖြစ်ပေါ်လာပုံနဲ့ ဖော်ပြချက်တွေ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ဥရောပနဲ့အာရှ(ဂျပန်) တူတာလည်းရှိ - မတူတာလည်း ရှိပါတယ်။

တကယ်က ၁၉၃၀ တဝိုက်မှာ ဖက်ဆစ်အယူအဆ၊ အာဘော်၊ ဖက်ဆစ်အဖွဲ့အစည်းတွေ ဥရောပမှာ နေရာအနှံ့ပေါ်ခဲ့တာပါ။ အင်္ဂလန်လည်း မလွတ်ပါဘူး။ အမေရိကန်ပြည်ထောင်စုမှာလည်း ရှိတာပါပဲ။ ကိုယ့်အကျိုးစီးပွား၊ ကိုယ့်အမျိုးသားရေးအပေါ်မှာပဲ အခြေခံကြလို့ ရေရှည်အတူယှဉ်တွဲနေဖို့ခက်တဲ့ ဝါဒဖြစ်ပါတယ်။ ဟစ်တလာက ဖက်ဆစ်ဝါဒကိုအသုံးပြုပြီး မူလလမ်းထွင်ခဲ့သူ မူဆိုလီနီကို သြဇာလွှမ်း ကြိုးဆွဲပါတယ်။ နောက်မှ ဂျပန်ကို ကူးဆက်သွားတာပါ။

ဥရောပမှာ စီးပွားရေး၊ နိုင်ငံရေးအကျပ်အတည်းတွေကြောင့် ဖက်ဆစ်ဝါဒပေါ်လာရတာဖြစ်ပြီး၊ ဂျပန်ကတော့ စစ်ဝါဒကနေ ကူးပြောင်းသွားတာ ဖြစ်ပါတယ်။

ပေါ်လာတဲ့အခါမှာလည်း ကိုယ့်နိုင်ငံသမိုင်းနဲ့ မတူကွဲပြားတဲ့အခြေအနေ၊ မတူတဲ့အကျိုးစီးပွားတွေကြောင့် မတူတဲ့ကြွေးကြော်သံတွေ ရှိပါတယ်။ အီတလီမှာ ဆောင်ပုဒ်လုပ်ထားတဲ့ “ မူဆိုလီနီ အမြဲတမ်းမှန်တယ် ” ဆိုတဲ့ကြွေးကြော်သံကို ဟစ်တလာက ဂရုမစိုက်ပါဘူး။ ဂျပန်မှာတော့ “ ဂျပန်ဧကရာဇ်ရဲ့အင်ပါယာ တိုးချဲ့ရေး ” ပဲ ကြွေးကြော်ပါတယ်။ ဂျာမဏီနာဇီတွေက ဆိုဗီယက်ယူနီယံကို ၁၉၄၁ ကတည်းက အနောက်ဘက်ကနေ တိုက်နေပါတယ်။ အောင်ပွဲတွေလည်း ရနေပါတယ်။ ဒါပေမဲ့ ဂျပန်ဖက်ဆစ်တွေက အရှေ့ဘက်ကနေ ဝင်မတိုက်ပါဘူး။ တိုက်ရင် နယ်မြေတွေ အများကြီးရနိုင်ပါတယ်။ ဒါပေမဲ့ ရမယ့်နယ်မြေက ဆိုက်ဘေးရီးယားလိုဒေသကြီး ဖြစ်နေတယ်။ အရှေ့တောင်အာရှမှာက သယံဇာတတွေပေါကြွယ်ရုံမက အင်္ဂလိပ်၊ ပြင်သစ်၊ ဒတ်ချ်နယ်ချဲ့သမားတွေ တူးဖော်ရယူနေပါတယ်။ အဲဒီလို ခူးပြီးခပ်ပြီးကိုပဲ ဝင်နှိုက်ပါတယ်။ မိမိအကျိုးစီးပွားကိုပဲ ပဓာနထားပါတယ်။ ဂျပန်ကသာ အရှေ့ကဝင်တိုက်ရင် ဆိုဗီယက်ယူနီယံ မရှုမလှ ခံရပါမယ်။ ဒါပေမဲ့ အကျိုးအမြတ်အားလုံး ဂျာမဏီကပဲ ရသွားမှာဖြစ်လို့ ဂျပန်က လုံးဝမတိုက်ခဲ့ပါ။ တောင်ဘက်ကိုပဲ တိုးခဲ့ပါတယ်။ အင်္ဂလန်မှာ လေဘာဝန်ကြီးဟောင်း မော်ဆလေ ခေါင်းဆောင်တဲ့ “ ဗြိတိသျှယူနီယံ ” (၁၉၃၁ - ၁၉၃၉) ဖက်ဆစ်လှုပ်ရှားမှုက ဆီးမိုက် (ဂျူး -အာရပ်) ဆန့်ကျင်ရေးနဲ့ ဗြိတိသျှဓနသဟာယအကျိုးစီးပွားကိစ္စပဲ အာရုံစိုက်ပါတယ်။

 

ဒါပေမဲ့ သူတို့အချင်းချင်း တူကြတာတွေ(အများအားဖြင့် ပြည်တွင်းရေးမှာ) ကတော့ များမှများပါ။

သူတို့တတွေဟာ နိုင်ငံရေးမီးရှူးမီးပန်းတွေလွှတ်ပြီး မိမိသက်ဆိုင်ရာ လက်ဝါးကြီးအုပ်အရင်းရှင်စနစ်ကို ကိုယ်စားပြုကြသူချည်းပါပဲ။ တကမ္ဘာလုံးကို၊ နယ်မြေဒေသအသီးသီးကို အစိတ်စိတ်ပိုင်းကာ ကြံရာပါတွေနဲ့တွဲပြီး ခွဲဝေကြတာ၊ ဗိုလ်ကျဖို့လုပ်ကြတာမှာ တူကြတယ်။

- “တမျိုးသားလုံးအန္တရာယ် ကို ကာကွယ်ဖို့နဲ့ တမျိုးသားလုံး ချောက်ထဲမကျအောင်ကယ်တင်ဖို့ ကိုယ့်ကိုယ်ကို ကယ်တင်ရှင်ဂိုက်” ဖမ်းကြတာမှာ တူကြတယ်။

အစွန်းရောက်အမျိုးသားရေးဝါဒ(ရှော်ဗင်ဝါဒ) ကြွေးကြော်တာ၊ စစ်တပ်က တစတစ နိုင်ငံရေးထဲ ဝင်ပါလာတာ ဒါမှမဟုတ် အာဏာရှင်ရဲ့ တလက်ကိုင်စစ်တပ်ဖြစ်သွားတာ၊ ပါလီမန်ဒီမိုကရေစီကို လက်မခံကြတာ၊ ပြည်သူကို ဒီမိုကရေစီ မပေးကြတာတွေမှာ တူကြတယ်။

ရှေးရိုးစွဲလူထုတစိတ်တပိုင်းကို ဆွဲဆောင်နိုင်ဖို့ ပဒေသရာဇ်၊ ဧကရာဇ်စတဲ့သူတွေကို ရုပ်ပြအဖြစ် အသုံးချကြတာမှာလည်း ဆင်တူတယ်။

ဒါ့အပြင် ကွန်မြူနစ်တွေနဲ့တိုးတက်သူတွေကို ဆိုးဆိုးဝါးဝါးနှိပ်ကွပ်ရာမှာ တူကြတယ်။

ကိုယ့်အကျိုးစီးပွား ပွန်းပဲ့လာပြီဆိုရင် ကမ္ဘာ့အဖွဲ့အစည်းများကို ဆန့်ကျင်ဖို့၊ လိုအပ်လာရင်နုတ်ထွက်ဖို့ ဝန်မလေးကြတာမှာလည်း တူကြတယ်။

 

(၆)

စစ်တားဆီးရေးနဲ့ ကမ္ဘာ့ငြိမ်းချမ်းရေး

ကျွန်တော်တို့ ကွန်မြူနစ်တွေဟာ ဖောက်ပြန်တဲ့စစ်ကို ဆန့်ကျင်သူတွေ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးကို လိုလားသူတွေ ဖြစ်ပါတယ်။ နောက်ပြီး ဖက်ဆစ်စနစ်ကို ရွံမုန်းသူတွေထဲမှာ ရှေ့တန်းရောက်ခဲ့သူတွေပါ။ ဒါ့ကြောင့်လည်း ကမ္ဘာ့ပြည်သူတွေနဲ့ လက်တွဲပြီး ဖက်ဆစ်စနစ်ကို တိုက်ဖျက်ခဲ့ကြပါတယ်။

ဒါ့အပြင် ကျွန်တော်တို့တတွေဟာ ကမ္ဘာ့ငြိမ်းချမ်းရေးကို ထိန်းသိမ်းလိုသူတွေဖြစ်ပါတယ်။ ကမ္ဘာ့ပြည်သူတွေနဲ့အတူ ကမ္ဘာ့ငြိမ်းချမ်းရေး လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့ကြတယ်။ ယနေ့အထိ တတိယကမ္ဘာစစ်ကို တားထားနိုင်ကြပါတယ်။

ဒုတိယကမ္ဘာစစ်ပြီးသွားပေမယ့် ဖက်ဆစ်စနစ်ကို တခါတည်းမြေမြှုပ်သင်္ဂြိုဟ်ပစ်နိုင်ခဲ့တာ မဟုတ်ပါ။

ကမ္ဘာပေါ်မှာ လက်ဝါးကြီးအုပ်အရင်းရှင်စနစ် ရှိနေရင်၊ နယ်ချဲ့စနစ် ရှိနေရင် ဖက်ဆစ်အန္တရာယ်ဆိုတာ အချိန်မရွေးပေါ်နိုင်ပါတယ်။ အထူးသဖြင့် ကမ္ဘာ့အရင်းရှင်စနစ်မှာ အထွေထွေအကျပ်အတည်းကြီး (စီးပွားရေး၊ နိုင်ငံရေးမှာ) ပေါ်ရင် ဖက်ဆစ်စနစ် ပေါ်တတ်ပါတယ်။

ဒီနေ့ ကမ္ဘာ့အခြေအနေဟာ “ တကမ္ဘာလုံးဆိုင်ရာ --- ” ကမ္ဘာမှုပြုခြင်း အရင်းရှင်သီဝရီတွေနဲ့ အာဘော်တွေ ဖန်တီးနေချိန် ဖြစ်ပါတယ်။ ကမ္ဘာ့အခင်းအကျင်းသစ်အတွက် ခြေလှမ်းတွေပြင်နေချိန်၊ ဆင်းရဲ/ချမ်းသာကွာဟမှု ကြီးမားနေတဲ့အချိန် ဖြစ်ပါတယ်။

ဒါ့အပြင် ဖက်ဆစ်ဝါဒရေခံမြေခံ အမျိုးသားရေးဝါဒတွေ ခေါင်းထောင်ထနေတာလည်း သတိပြုရမယ်။

သမိုင်းမှာ စစ်တပ်ကလာတဲ့ ဖက်ဆစ် (ဟစ်တလာ၊ ဖရန်ကို၊ ဂျပန်) တွေ၊ ဒါမှမဟုတ် စစ်တပ်ကို တလက်ကိုင်လုပ်ထားနိုင်တဲ့ ဖက်ဆစ် (မူဆိုလီနီ၊ ပေါ်တူဂီက ဆလာဇာ) တွေချည်း တွေ့ရပါတယ်။ ဒါကြောင့်လည်း လူထုကို စစ်တပ်လို သဘောထားကြတယ်။ “ တသွေး၊ တသံ၊ တမိန့် ” ပြဋ္ဌာန်းပြီး လိုက်နာခိုင်းခဲ့တယ်။

ဒီနေ့ ဗမာစစ်တပ်ကကော ဘယ်လိုအမျိုးအစား စစ်တပ်လဲကွန်မြူနစ်တွေကတော့ ဖက်ဆစ်စနစ်နဲ့ သူ့ရဲ့ အကြံယုတ်ကို ဘယ်တုန်းကမှခေါင်းငုံ့မခံခဲ့သလို၊ အခုလည်း ခေါင်းငုံ့ခံကြမှာမဟုတ်ပါ။

ဖက်ဆစ်စနစ်လက်သစ်တွေ အခုခေါင်းပြန်ထောင်နေပြန်ပြီ။ ဖက်ဆစ်စနစ်ဟောင်းတုန်းက သေခဲ့ရတာကိုလဲ မမေ့ပျောက်သင့်ပါဘူး။ ဖက်ဆစ်ဝါဒဆိုတာဟာ အရင်းရှင်စနစ်ရဲ့ထုတ်လုပ်မှု၊ နယ်ချဲ့စနစ်ရဲ့ ပုံစံတခုဆိုတာလဲ သတိရသင့်ပါတယ်။ 

အထွေထွေအတွင်းရေးမှူး (ယာယီ)၏ အစီရင်ခံစာ - ၁၉၉၄ ခုနှစ်မှ

Sunday, August 14, 2022

ပြည်သူ့လွတ်မြောက်ရေးတပ်မတော်သားများအတွက် အခြေခံသိမှတ်ဖွယ်(တပ်ပေါင်းစုပေါ်လစီ)

0 comments

ပြည်သူ့လွတ်မြောက်ရေးတပ်မတော်သားများအတွက် အခြေခံသိမှတ်ဖွယ်(တပ်ပေါင်းစုပေါ်လစီ)ကို စာရိုက်ပြီး ပြန်တင်ပေးတာပါ။

ဘုံရန်သူ။ မျက်မှောက်ဗမာပြည် ပြည်သူ့ဒီမိုကရေစီ လက်နက်ကိုင်တော်လှန်ရေးရဲ့ရန်သူဟာ စစ်အာဏာရှင်စနစ် ဖြစ်တယ်။ စစ်အာဏာရှင်စနစ်ဟာ စစ်(၃)စစ်ကိုဆိုလိုတယ်။ စစ်(၃)စစ်ဆိုတာ (စစ်အုပ်စု၊ စစ်အစိုးရ၊ စစ်ဗျူရိုကရေစီယန္တရား)တို့ဖြစ်တယ်။ စစ်အုပ်စုဟာ စစ်အစိုးရနဲ့ စစ်ဗျူရိုကရေစီယမ္တရားကို ဖန်တီးသူဖြစ်တယ်။ ဒါ့ကြောင့် စစ်(၃)စစ်ကိုဖော်ပြရာမှာ စစ်အုပ်စုကို နံပတ် ၁ နေရာမှာထားရမယ်။ စစ်အုပ်စုက စစ်အစိုးရကိုဖန်တီးတယ်။ (မျက်မှောက်အခြေအနေမှာ စစ်ကောင်စီကိုဖန်တီးထားတယ်) သူ့ကို နံပတ် ၂ နေရာမှာထားရမယ်။ စစ်အစိုးရက စစ်ဗျူရိုကရေစီယန္တရားကိုလည်ပတ်စေပြီး အဖိနှိပ်ခံပြည်သူတရပ်လုံးကို ဖိနှိပ်သွေးစုပ်တယ်။ စစ်ဗျူရိုကရေစီယန္တရားဆိုတာ စစ်အုပ်စုကိုအလုပ်အကျွေးပြုနေတဲ့ စစ်အုပ်စုရဲ့လက်ကိုင်တုတ်စစ်တပ်၊ ရဲတပ်ဖွဲ့၊ ပျူစောထီးစတဲ့လက်နက်ကိုင်အဖွဲ့များ၊ တရားရုံး၊ တရားစီရင်ရေးစနစ်၊ အကျဉ်းထောင်စတဲ့ အုပ်ချုပ်ရေး ယန္တရားများပါဝင်တယ်။ သူ့ကို နံပတ် ၃ နေရာမှာထားတယ်။ ဒီ စစ်(၃)စစ်က အဖိနှိပ်ခံ ဗမာပြည် ပြည်သူလူထုအပေါ်  ဖိနှိပ်သွေးစုပ်နေတဲ့စနစ်ဆိုးကို စစ်အာဏာရှင်စနစ်လို့ခေါ်တယ်။ ဒါကြောင့် စစ်အာဏာရှင်စနစ်(စစ်အုပ်စု၊ စစ်အစိုးရ၊ စစ်ဗျူရိုကရေစီယန္တရား)လို့ ရည်ညွှန်းလေ့ရှိတယ်။ ကျွန်တော်တို့ဟာ အဓိကပဋိပက္ခကိုရှာဖွေပြီး အဲ့ဒီအပေါ်ကနေ ရန်သူနဲ့မိတ်ဆွေလို့ ခွဲခြားပါတယ်။ ရန်သူ့ဘက်သားမဟုတ်သူတွေနဲ့ တပ်ပေါင်းစုလုပ်(နိုင်)ပါတယ်။

 

စစ်အုပ်စုဟာ ဖက်ဆစ်လုပ်ဟန်တွေကျင့်သုံးတဲ့အစိုးရအာဏာကို ချုပ်ကိုင်ထားရုံတင်မက စစ်တပ်ကို ချုပ်ကိုင်ထားတယ်။ အဓိက စီးပွားရေးလုပ်ငန်းကြီးများကို လက်ဝါးကြီးအုပ် ချုပ်ကိုင်ထားတယ်။ ဒါဟာ ပြည်တွင်းဖြစ်ဖက်ဆစ်ဝါဒအတွက်အခြေခံတွေဖြစ်ပြီး တိုင်းပြည်ကိုအုပ်စိုးရာမှာတော့ သူတို့အာဏာ သူတို့အကျိုးစီးပွားအတွက် ဖက်ဆစ်လုပ်နည်းလုပ်ဟန်များအရ လူမျိုးပေါင်းစုံပြည်သူများကို လူမဆန်တဲ့ ညှဉ်းဆဲသတ်ဖြတ်မှုမျိုးစုံကျူးလွန်ပြီး ရက်ရက်စက်စက်ဖိနှိပ်ပါတယ်။

 

လူတန်းစားအရဆိုရင် စစ်ဗျူရိုကရက်ဓနရှင်လူတန်းစားဟာ ဗမာပြည် ပြည်သူ့ဒီမိုကရေစီ လက်နက်ကိုင် တော်လှန်ရေးရဲ့ ရန်သူဖြစ်တယ်။

 

ဒီရန်သူဟာ အဖိနှိပ်ခံလူတန်းစားအားလုံးရဲ့ ရန်သူဖြစ်တယ်။ လူမျိုးပေါင်းစုံပြည်သူများရဲ့ ရန်သူဖြစ်တယ်။ ဗမာပြည်ရှိ အဖိနှိပ်ခံလူနည်းစုအမျိုးသားအသီးသီးရဲ့ ရန်သူဖြစ်တယ်။ အဖိနှိပ်ခံအဖွဲ့အစည်းအသီးသီးနဲ့ လက်နက်မကိုင်တဲ့ အဖွဲ့အစည်းအသီးသီးရဲ့ ရန်သူဖြစ်တယ်။ အားလုံးရဲ့ရန်သူဟာ တဦးတည်းတူညီနေတာမို့ ဘုံရန်သူဖြစ်တယ်။

 

မဟာမိတ်။  တော်လှန်ရေးတရပ်မှာ ဘယ်သူဟာရန်သူလဲ၊ ဘယ်သူဟာမိတ်ဆွေလဲ ခွဲခြားသတ်မှတ်ရေးဟာ အရေးကြီးတဲ့လုပ်ငန်းတာဝန်တရပ်ဖြစ်တယ်။ တော်လှတ်ရေးရဲ့မဟာမိတ်ဆိုတာ တော်လှန်ရေးအတွင်းရှိ ယုံကြည်စိတ်ချရတဲ့မိတ်ဆွေကို ဆိုလိုတာဖြစ်တယ်။ တော်လှန်ရေးမှာ မိမိရဲ့ရန်သူကိုမိတ်ဆွေနည်းစေတာဟာ တော်လှန်ရေးအောင်ပွဲခံစေရေးအတွက် အကြောင်းအချက်တခုဖြစ်တယ်။ ထို့အတူ တော်လှန်ရေးမှာ မိမိရဲ့မိတ်ဆွေတွေများတာ မိတ်ဆွေအင်အားတောင့်တင်းတာဟာ တော်လှန်ရေးအောင်ပွဲခံနိုင်စေတဲ့ နောက်ထပ် အကြောင်းရင်းတခုဖြစ်တယ်။

 

လူတန်းစားမဟာမိတ်ဖွဲ့မှုမှာ အလုပ်သမားကိုအခြေခံ၊ လယ်သမားနဲ့ ခိုင်မာတဲ့မဟာမိတ်ဖွဲ့၊ ဓနရှင်ပေါက်စကိုစည်းရုံး၊ အမျိုးသားဓနရှင်ကိုကြားထား၊ စစ်သုံးစစ်ကိုဦးတည်တိုက်ဆိုတဲ့ပေါ်လစီကို ကျင့်သုံးရမယ်။ ဘုံရန်သူကို ဦးတည်တိုက်တဲ့နေရာမှာ ရန်သူမဝေဝါး မထွေပြားဖို့သတိပြုရမယ်။ ရန်သူလည်းမဟုတ်၊ မဟာမိတ်အဆင့်အထိ မရောက်သေးတဲ့အင်အားစုတွေကို ရန်သူဘက်တွန်းပို့သလိုမဖြစ်ရအောင် ကြားထားသင့်တဲ့အင်အားစုကို ကြားထားပြီး ရန်သူကိုဆန့်ကျင်တိုက်ခိုက်လာစေဖို့ တွန်းဆော်ပေးရမယ်။

 

ပြည်သူ့ဒီမိုကရေစီလက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲနေတဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) အနေနဲ့ဆိုရင် စစ်ရေးအရ ဘုံရန်သူကို ပြတ်ပြတ်သားသား လက်နက်ကိုင်တိုက်ခိုက်တော်လှန်နေတဲ့ လူနည်းစုအမျိုးသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေ၊ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးအပေါ်မှာ ပြတ်ပြတ်သားသား ရပ်ခံတဲ့အဖွဲ့အစည်းတွေဟာ မဟာမိတ်အဖြစ် သဘောထားနိုင်တဲ့အဖွဲ့အစည်းတွေ ဖြစ်တယ်။ (ဒါဟာ မောပြည် ကွန်မြူနစ်ပါတီကချမှတ်ထားတဲ့ မဟာမိတ်သဘောထားဖြစ်ပါတယ်)။ စစ်သုံးစစ်ကိုဆန့်ကျင်၊ တော်လှန်ရေးကို မဆန့်ကျင်၊ ပါတီကိုမဆန့်ကျင်သူမှန်သမျှကို မဟာမိတ်အဖြစ် သဘောထားတာဖြစ်ပါတယ်။ ဗမာပြည်ရှိ လူနည်းစုအမျိုးသားများနဲ့ပတ်သက်ရင်  “ဗမာပြည်ရှိ အဖိနှိပ်ခံလူနည်းစုအမျိုးသားများနဲ့ မဟာမိတ်ဖွဲ့ရေး၊ စည်းလုံးညီညွတ်ရေးသည် ဗမာပြည်ကွန်မြူနစ်ပါတီ၏ အခြေခံဝါဒ၊ အခြေခံလုပ်ငန်းစဉ်ဖြစ်သည်”လို့ ရှင်းရှင်းလင်းလင်းသတ်မှတ်ထားပါတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ လူမျိုးစု(လူနည်းစုအမျိုးသားများ) ပေါ်လစီဟာလည်း အရင်းခံအားဖြင့် လူတန်းစားရပ်တည်ချက်ကို အခြေပြုထားတာဖြစ်ပါတယ်။

 

တပ်ပေါင်းစု ဘာကြောင့်လိုအပ်သလဲ။ ဗမာပြည်ရဲ့နိုင်ငံရေးအခြေအအနေမှာ ပါတီတခုတည်းကတော်လှန်ရေးဆင်နွှဲပြီး အောင်ပွဲခံဖို့ဆိုတာမဖြစ်နိုင်ဘူးလို့ ပါတီဥက္ကဌ သခင်သန်းထွန်းကရော၊ ပါတီအတွင်းရေးမှူး ရဲဘော်ကြင်မောင်ကရော သင်ကြားပေးခဲ့ပါတယ်။

 

တော်လှန်ရေးအဖွဲ့အစည်းတခုခုနဲ့ ရန်သူစစ်အာဏာရှင်အစိုးရ တဖွဲ့ချင်းစီယှဉ်ရင် ရန်သူက အင်အားသာလွန် ကြီးမားပါတယ်။ အားကြီးတဲ့ရန်သူကို ယှဉ်ပြိုင်တိုက်ခိုက်ရာမှာ တော်လှန်ရေးအင်အားစုအသီးသီး မဟာမိတ်ဖွဲ့မှု၊ တပ်ပေါင်းစုဖွဲ့မှု၊ တော်လှန်တဲ့သွေးစည်းညီညွတ်မှုကပိုသာ တည်ဆောက်နိုင်ရင် ရန်သူကိုယှဉ်ပြိုင်တိုက်ခိုက်ဖို့ ပိုမိုကြီးမားတဲ့အင်အားကို စုစည်းနိုင်ပါတယ်။ ဗမာပြည်မှာ စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်တိုက်ခိုက်နေတဲ့ လက်နက်ကိုင်တော်လှနရေးအဖွဲ့အစည်းများ များစွာရှိနေပါတယ်။  ဒီအဖွဲ့အစည်းတွေရဲ့စုပေါင်းမှု၊ ညီညွတ်မှုဟာ တော်လှန်ရေးကိုအောင်ပွဲခံစေနိုင်တဲ့ “အား”ဖြစ်ပါတယ်။ တော်လှန်ရေးအဖွဲ့အစည်းအားလုံးရဲ့ဘုံရန်သူဟာ တဦးတည်းတူညီနေတဲ့အတွက် တော်လှန်ရေးအဖွဲ့အစည်းအသီးသီး ပေါင်းစည်းညီညွတ်ရင် တော်လှန်ရေးအောင်ပွဲခံဖို့ ပိုမိုလျှင်မြန်တဲ့အရှိန်အဟုန်ဖြစ်စေမှာပါ။

 

ဒါ့ကြောင့် တော်လှန်ရေးရဲ့ ပြဒါးရှင်သုံးလုံး(ပါတီ၊ တပ်၊ တပ်ပေါင်းစု)ထဲမှာ တပ်ပေါင်းစုကို ပြဒါးရှင်တလုံးအဖြစ် သတ်မှတ်ထည့်သွင်းထားခြင်းဖြစ်ပါတယ်။

 

ဗမာပြည်ရဲ့ ဖက်ဆစ်ဂျပန်တော်လှန်ရေးကို အောင်ပွဲခံစေခဲ့တဲ့ အဓိကအကြောင်းရင်းတရပ်ဟာ ဖဆပလ ဆိုတဲ့ တော်လှန်တိုးတက်တဲ့တပ်ပေါင်းစုကြီးကို အင်အားတောင့်တင်းအောင်ဖွဲ့စည်းနိုင်ခဲ့လို့ဆိုတာ ထင်ရှားတဲ့ သမိုင်းသက်သေဖြစ်ပါတယ်။

 

တပ်ပေါင်းစုဖွဲ့ရေးသဘောထား။ ဗမာပြည်ကွန်မြူနစ်ပါတီဟာ ဘုံရန်သူစစ်သုံးစစ်ကိုတိုက်ခိုက်ရန် အနိမ့်ဆုံး ဘုံလုပ်ငန်းစဉ်တရပ်ရေးဆွဲပြီး ထိုမှတဆင့် တပ်ပေါင်းစုတရပ် ဖွဲ့စည်းတည်ဆောက်သွားဖို့ ဆယ်စုနှစ်တချို့အတွင်း အကြိမ်အချို့ တင်ပြလှုံ့ဆော်ခဲ့ပါတယ်။ လက်တွေ့အားဖြငင့်လညည်း စွမ်းအားရှိသမျှ ကြိုးပမ်းအားထုတ်ခဲ့ပါတယ်။

 

ပါတီရဲ့သဘောထားမှာ အဖွဲ့အစည်းတွေရဲ့ မူ၊ ဝါဒ၊ သဘောထားတွေ အားလုံးတူညီမှ တပ်ပေါင်းစုဖွဲ့ရေးမဟုတ်ပါ။ မတူညီတာဟာ သဘာဝပါ။ ကွဲလွဲမှုထဲက တူတဲ့အချက်ကိုလက်တွဲလုပ်ရင်း(ဘုံရန်သူကို လက်တွဲတိုက်ရင်း) ခိုင်မာတဲ့ တပ်ပေါင်းစုအဆင့်သို့ တက်လှမ်းသွားရေးဖြစ်ပါတယ်။

 

တပ်ပေါင်းစုမှာ တူတာတွဲလုပ်၊ မတူတာခွဲလုပ်ရေးဟာ အခြေခံသဘောထားတခုဖြစ်ပါတယ်။ မတူတာတွေမှာ အဖွဲ့အသီးသီးက ကိုယ့်ဘာသာဆုံးဖြတ်ခွင့်ရှိစေရမှာဖြစ်ပါတယ်။ တူတာတွဲလုပ်ရင်း တချို့မတူတဲ့ကိစ္စတွေကို ဘုံရန်သူတိုက်ခိုက်ရေးမထိခိုက်စေဖို့ ဆက်လက် ညှိနှိုင်းသွားကြရမှာဖြစ်ပါတယ်။ တချက်တူ တချက်ပေါင်း၊ တရက်တူ တရက်ပေါင်းတဲ့ ပူးတွဲလုပ်ဟန်မှစလို့ တပ်ပေါင်းစုလုပ်ဟန်အဆင့်ဆင့်ကို လက်တွေ့တိုက်ပွဲများအတွင်းမှာ တိုးချဲ့တည်ဆောက်သွားရမှာဖြစ်ပါတယ်။

 

“ဗမာပြည်ကွန်မြူနစ်ပါတီအနေဖြင့် စစ်အာဏာရှင်စနစ်ကို လက်နက်ကိုင်တော်လှန်တိုက်ခိုက်နေကြတဲ့ အဖွဲ့အစည်း အသီးသီးနှင့်(ခြားနားချက်များကို ခေတ္တဖယ်ထားပြီး၊ တူညီချက်များရှာကြံကာ) ညီညွတ်ရေး တည်ဆောက်ရန် ကြိုးစားသွားရမည်။ ရှိပြီးသားတပ်ပေါင်းစုကို ခိုင်မြဲစေကာ ဆက်လက်တိုးချဲ့သွားရမည်။ ထိုမျှမက ဒေသဆိုင်ရာ အလိုက် မိမိတို့ရဲ့ အခိုင်အမာအခြေအနေအရ စစ်အာဏာရှင်စနစ် ဆန့်ကျင်တော်လှန်ရေးတပ်ပေါင်းစုများ ဖွဲ့နိုင်သည်။ ဖွဲ့ရမည်ဟု ခံယူထားပါသည်”လို့ အတိအလင်းချမှတ်ထားခဲ့ပါတယ်။

 

အမျိုးအစားခွဲခြားသတ်မှတ်ထားတဲ့ တပ်ပေါင်းစုသဏ္ဌန်များ။

၁။ လူတန်းစားအရတပ်ပေါင်းစု(သမဂ္ဂပေါင်းစုံတပ်ပေါင်းစုအပါအဝင်)

၂။ လူမျိုးစုအမျိုးသားနဲ့ဖွဲ့စည်းထားတဲ့ တပ်ပေါင်းစု။

၃။ စစ်ရေးတပ်ပေါင်းစု(စစ်ရေးမဟာမိတ်ဖွဲ့မှု)

၄။ တပြည်လုံး အမျိုးသားအသီးသီးပြည်သူများရဲ့ အမျိုးသားနိုင်ငံရေးဆိုင်ရာတပ်ပေါင်းစု။

၅။ ဝါဒရေးရာအရဖွဲ့တဲ့တပ်ပေါင်းစု(လက်ဝဲညီညွတ်ရေးမဟာမိတ်အဖွဲ့)

 

တပ်ပေါင်းစုဆိုင်ရာ အခိုင်အမာလမ်းညွှန်ချက်များ။

လက်တွေ့ အောက်ခြေမှာ တခြားအဖွဲ့အစည်းတွေနဲ့တွဲပြီးအလုပ်လုပ်နေကြရတဲ့ ကိုယ်ရဲဘော်များအတွက် (ပြည်သူ့လွတ်မြောက်ရေးတပ်မတော်သားများအပါအဝင်) အတွက်လည်း တပ်ပေါင်းစုသဘောထား၊ မဟာမိတ်သဘောထားများအဖြစ ပါတီအထွေထွေအတွင်းရေးမှူး ရဲဘော်ကြင်မောင်က လမ်းညွှန်ချက်များ ချမှတ်ပေးထားပါတယ်။

 

-       တစုံတခုသော ကာလတိုရည်ရွယ်ချက်အတွက် ယာယီပူးတွဲဆောင်ရွက်ခြင်း၊ ယာယီပူးတွဲကော်မတီမျိုး လုပ်နိုင်တယ်။

-       တပ်ပေါင်းစုတရပ်လို စုစုစည်းစည်းလည်းမဟုတ်၊ ယာယီပူးတွဲကော်မတီလည်းမဟုတ်တဲ့ တခြားသဏ္ဌန်များနဲ့ တပ်ပေါင်းစုလုပ်ခြင်းလည်းရှိနိုင်ပါတယ်။

-       တစုံတခုသော စစ်ရေးရည်ရွယ်ချက်အတွက် ကိုယ့်စစ်မျက်နှာမှကိုယ် ချိန်ကိုက်ိပြီးဆောင်ရွက်ခြင်းမျိုး၊ ကိစ္စတခုချင်းတွင် အပြန်အလှန်သတင်းပေး၊ အပြန်အလှန်ညှိနှိုင်း၊ အပြန်အလှန်ကူညီခြင်းများ လုပ်နိုင်တယ်။

-       ဒေသပါတီကော်မတီများက ဒေသအလိုက် သူ့အခိုင်အမာအခြေအနေအရ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး အတွက် တပ်ပေါင်းစုများဖွဲ့နိုင်တယ်၊ ဖွဲ့ရမယ်။

-       မြို့ပေါ်မှာလည်း ဒေသအလိုက် မြေအောက်လုပ်ငန်းအချင်းချင်း တပ်ပေါင်းစုသဘောဆောင်ရွက်ခြင်းများ၊ ချိန်ကိုက်ဆောင်ရွက်ခြင်းများရှိမယ်။

-       ရန်သူ့အကျဉ်းထောင်များမှာ ရန်သူက ပါတီစုံစုစည်းပေးထားသလိုဖြစ်နေတာကြောင့် ကျွန်တာ်တို့ ရဲဘော်များဟာ တပ်ပေါင်းစုသဏ္ဌန်မျိုးစုံဖွဲ့စည်းရမယ်။ ပူးတွဲလေ့လာရေး။ ပူးတွဲလှုပ်ရှားရေး၊ အပြန်အလှန် ကူညီရေးများ ဖွဲ့နိုင်တယ်။

-       စစ်အာဏာရှင်စနစ်ကို လက်နက်ကိုင်တိုက်နေကြတဲ့အဖွဲ့အစည်း သီးသီးနဲ့(ခြားနားချက်များကို ဖယ်ရှားပြီး၊ တူညီချက်များရှာကြံကာ) ညီညွတ်ရေးတည်ဆောက်သွားရန် ကြိုးစားသွားရမယ်။ ရှိပြီးတပ်ပေါင်းစုကို ခိုင်မြဲစေကာ ဆက်လက် တိုးချဲ့သွားရမယ်။

 

ဒီအချက်များအပေါ်အခြေခံပြီး ကျွန်တော်တို့အနေနဲ့ မဟာမိတ်သဘောထား၊ တပ်ပေါင်းစုသဘောထားများချမှတ်ကာ အခိုင်အမာဆောင်ရွက်သွားနိုင်ကြပါတယ်။ ဒီတပ်ပေါင်းစုပေါ်လစီဟာ အခြေခံမူနဲ့ သဘောထားများသာဖြစ်ပြီး အခြေအနေသစ်များ၊ အချက်အလက်သစ်များအောက်မှာ အခိုင်အမာအခြေအနေများနဲ့ ဆီလျော်ကိုက်ညီအောင် ကျင့်သုံးသွားကြဖို့ဖြစ်ပါတယ်။

 

ပစ္စည်းမဲ့ နိုင်ငံတကာ့ဝါဒကို လက်ခံကျင့်သုံးတဲ့ ဗမာပြည်ကွန်မြူနစ်ပါတီဦးဆောင်မှုအောက်ရှိ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်အနေနဲ့ နိုင်ငံတကာ့ပစ္စည်းမဲ့ဝါဒအင်အားစုများနဲ့ မဟာမိတ်ပြုရေး ဆိုတာကိုလည်း အလေးအနက် နှလုံးသွင်းထားကြဖို့လိုပါတယ်။

 

ကေဒါများကို အပ်ထားရမယ့်ပေါ်လစီတခု။ မိမိကေဒါများကို အပ်ထားရမယ့်ပေါ်လစီတွေထဲမှာ တပ်ပေါင်းစုပေါ်လစီလည်း တခုအပါအဝင်ဖြစ်တယ်လို့ ယခင်ပါတီအတွင်းရေးမှူးရဲဘော်ကြင်မောင်က သင်ကြားခဲ့ပါတယ်။ (ဒီ ကေဒါများကိုအပ်ထားရမယ့်ပေါ်လစီတခုကိုလည်း ကျွန်တော်စာရိုက်ပြီး တင်ပေးဖူးပါတယ်)

ပြည်သူ့လွတ်မြောက်ရေးတပ်မတော်သားများအတွက် လျှို့ဝှက်ရေးဆိုင်ရာသတ်မှတ်ချက်

0 comments

People Liberative Army (PLA) ပြည်သူ့လွတ်မြောက်ရေးတပ်မတော်သားများရဲ့ အိတ်ဆောင်လက်စွဲစာအုပ်ငယ်မှ

ပြည်သူ့လွတ်မြောက်ရေးတပ်မတော်သားများအတွက် လျှို့ဝှက်ရေးဆိုင်ရာသတ်မှတ်ချက်ကို ကောက်နှုတ်တင်ပြတာ ဖြစ်ပါတယ်။

 

အရာရာကို နိုင်ငံရေးအမြင်နဲ့ခွဲခြမ်းစိတ်ဖြာကြည့်မြင်ရမယ်။ ပါတီအကျိုး၊ တော်လှန်ရေးအကျိုးနဲ့ပြည်သူ့အကျိုး ရှိမရှိဆန်းစစ်ကြည့်ရမယ်။ လျှို့ဝှက်ရေးဆိုင်ရာကိစ္စများထိန်းသိမ်းခြင်းဟာ ပါတီနဲ့တပ်ရဲ့လုံခြုံရေးနဲ့သာ သက်ဆိုင်နေရုံမက ပြည်သူ့ပြောက်ကျားစစ်ပွဲအတွင်း ရန်သူကိုအနိုင်တိုက်နိုင်ရေးအတွက် အရေးကြီးတဲ့ အချက်ဖြစ်တယ်။ ရဲဘော်အားလုံးဟာ အောက်ပါ လျှို့ဝှက်ရေးဆိုင်ရာသတ်မှတ်ချက်များကို လိုက်နာရပါမယ်။

၁။ မပြောသင့်တဲ့လျှို့ဝှက်ရေးကိစ္စကို လုံးဝ မပြောရ။

၂။ မမေးသင့်တဲ့လျှို့ဝှက်ရေးကို မမေးရ။

၃။ မကြည့်သင့်တဲ့လျှို့ဝှက်ရေးကို မကြည့်ရ။

၄။ လျှို့ဝှက်ရေး စာစောင်စာတမ်းများကို တပ်ရဲ့ပြင်ပသို့မရောက်စေရ။ မပျောက်ပျက်စေရ။ ခေါင်းဆောင်များရဲ့ မှတ်စုများကို မကြည့်ရ။

၅။ သတင်းဆက်သွယ်ရေးနဲ့ သတင်းကြားဖြတ်လုပ်ငန်းဆိုင်ရာအလုပ်ခန်းထဲသို့ သက်ဆိုင်သူမှအပ မဝင်ရ။

၆။ တပ်နံပတ်နဲ့ခေါင်းဆောင်တာဝန်တို့ကို မပေါက်ကြားစေရ။

၇။ ခွင့်သွားသည့်အခါ။ အိမ်ပြန်သည့်အခါ၊ ဆေးရုံတက်သည့်အခါ စသည်တို့မှာ လျှို့ဝှက်စာစောင်စာတမ်းများကို လုံးဝယူဆောင်မသွားရ။

၈။ တဦးချင်း စာပေးစာယူလုပ်တဲ့အခါမှာ ပါတီနဲ့တပ်ရဲ့ စစ်ရေးလျှို့ဝှက်ချက်များကို ထည့်မရေးရ။

၉။ မလုံခြုံတဲ့နေရာမှာ လျှို့ဝှက်ရေးကိစ္စများကို မပြောရ။

၁၀။  တပ်ထဲမှာ ရန်သူ့ဒလျှိုနဲ့ မသင်္ကာဖွယ်ကိစ္စများရှိနေတယ်လို့ထင်ရရင် အမြဲတစေ ဂရုစိုက်အကဲခတ် စောင့်ကြည့်သုံးသပ်ရမယ်။

 

People Liberative Army (PLA) ပြည်သူ့လွတ်မြောက်ရေးတပ်မတော်သားများရဲ့ အိတ်ဆောင်လက်စွဲစာအုပ်ငယ်မှ

ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ရဲ့ ဒီမိုကရေစီ(၃)ရပ်။

၁။ နိုင်ငံရေးဒီမိုကရေစီ။ 

-       တပ်မှူးတပ်သားတိုင်းဟာ နိုင်ငံရေးအရတန်းတူဖြစ်တယ်။ ဗမာပြည်ကွန်မြူနစ်ပါတီကခေါင်းဆောင်တဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ရဲ့ ရဲဘော်များဖြစ်တယ်။

-       တပ်သားများဟာ တပ်မှူးကို ဝေဖန်နိုင်တယ်။ ထင်မြင်ချက်ရှိရင် တင်ပြနိုင်တယ်။

-       လုပ်ငန်းများအပေါ် အကြံပေးနိုင်တယ်။

-       တပ်မှူးများဟာ တပ်သားရဲဘော်များရဲ့ ဒီမိုကရေစီအခွင့်အရေးကို လေးစားရုံမက ကာကွယ် ထိန်းသိမ်းပေးရမယ်။

-       တပ်မှူးများက လက်စားချေတာမျိုး၊ ဝေဖန်ရေးကို တားမြစ်ပိတ်ပင်တာမျိုးမလုပ်ရ။

၂။ စီးပွားရေးဒီမိုကရေစီ

-       အခြေခံယူနစ်(ဥပမာ-တပ်ခွဲ)မှာ ရဲဘော်အားလုံး ရွေးကောက်တင်မြှောက်ထားတဲ့ စီးပွားရေးကော်မတီရှိရမယ်။

-       ၎င်းကော်မတီက ရိက္ခာဆိုင်ရာစီမံအုပ်ချုပ်ရေးမှာ တပ်မှူးကိုအထောက်အကူပြုရမယ်။

ငွေကြေးသုံးစွဲမှုကို ကြပ်မတ်ရမယ်။ စာရင်းဇယားများကို အပတ်စဉ်စစ်ဆေးကြေညာရမယ်။

ဖြုန်းတီးမှု၊ ခေါင်းပုံဖြတ်မှုနဲ့ ပေါ်လစီဆန့်ကျင်တဲ့လုပ်ရပ်များကို တားဆီးတိုက်ပွဲဆင်ရမယ်။

 

၃။ စစ်ရေးဒီမိုကရေစီ

-       စစ်လေ့ကျင့်ရေးမှာ တပ်မှူးတပ်သား အပြန်အလှန်သင်ကြားပို့ချ၊ တပ်သားအချင်းချင်း အပြန်အလှန် သင်ကြားပို့ချတဲ့စနစ်ကိုသုံးရမယ်။ တိုက်ပွဲမပြုလုပ်ခင်မှာ တိုက်ပွဲကို ဘယ်လိုအောင်မြင်အောင် တိုက်မယ်ဆိုတာ တပ်သားထုအတွင်း လှုံ့ဆော်တာ၊ ဆွေးနွေးတာ၊ သဘောထားနဲ့အကြံဉာဏ် ရယူတာတွေလုပ်ရမယ်။ တိုက်ပွဲပြီးရင် နိဂုံးချုပ်ဆွေးနွေးပွဲတွေလုပ်ရမယ်။ ဒါတွေအားလုံးမှာ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်သားတိုင်းပါဝင်ပြီး အမြင်တင်ပြခွင့်ရှိတယ်။