Monday, December 14, 2020

လူဝံမှ လူသို့ကူးပြောင်းရာတွင် အလုပ်၏ပါဝင်ရာအခန်း (အပိုင်း ၂)

0 comments

လူဝံမှ လူသို့ကူးပြောင်းရာတွင် အလုပ်၏ပါဝင်ရာအခန်း (အပိုင်း ၂)

 

ဘာသာစကား၏ မူလဇစ်မြစ်ကို အလုပ်အတွင်းမှ အလုပ်နှင့်အတူရှင်းပြခြင်းသည် တခုတည်းသော မှန်ကန်သည့်ရှင်းပြချက်ဖြစ်ကြောင်းကို တိရိစ္ဆာန်များနှင့်နှိုင်းယှဉ်ချက်က သက်သေပြလိုက်ပေ၏။ အပြန်အလှန်ဆက်သွယ်မှုနည်းပါးရကား ဖြစ်ပေါ်တိုးပွားမှုအဆင့် အမြင့်မားဆုံးသောတိရိစ္ဆာန်များပင်လျှင် ပီသသောစကားလုံးအကူအညီမရှိပဲ အပြန်အလှန်ဆက်သွယ်နိုင်ကြသည်။ သဘာဝအခြေအနေအရ မည်သည့်တိရိစ္ဆာန်မျှ လူတို့၏စကားကိုပြောနိုင်စွမ်း သို့မဟုတ် နားလည်နိုင်စွမ်းမရှိခြင်းကို ချို့တဲ့ချက်အဖြစ် မခံစားမိကြပေ။ ၎င်းကို လူများက ယဉ်ပါးစေသောအခါတွင်မူ အခြေအနေမှာ လုံးဝခြားနားသွား၏။ လူနှင့် နီးစပ်မှုရှိသောကြောင့် ခွေးနှင့်မြင်း၏ ပီသသောစကားကို နားထောင်နိုင်စွမ်းသည် မြင့်တက်လာခဲ့ပြီး သူတို့၏စိတ်ကူးအဝန်းအဝိုင်းအတွင်းတွင် မည်သည့်ဘာသာစကားကိုမဆို နားလည်ရန် လွယ်ကူစွာသင်ယူနိုင်ကြသည်။ ထို့ပြင် မူလက ၎င်းတို့တွင်မရှိခဲ့သည့် ဤသို့သော လူကိုခင်တွယ်မှု၊ ကျေးဇူးသိတတ်မှု စသည့်ခံစားချက်များကို ဖော်ပြနိုင်စွမ်းရှိလာခဲ့သည်။ ဤတိရိစ္ဆာန်များသည် ယခုအခါ ၎င်းတို့ စကားမပြောနိုင်ခြင်းအား ချို့ယွင်းချက်အဖြစ် ခံစားလာရကြောင်းကို ၎င်းတို့နှင့် နီးစပ်မှုရှိသည့် သူတိုင်းသည် မယုံကြည်ပဲမနေနိုင်ပေ။ သို့သော် အကြောင်းမလှသည်မှာ သူတို့၏အသံထွက်သည့် အင်္ဂါအစိတ်အပိုင်းများသည် တဘက်သို့လွန်ကျွံနေသဖြင့် မည်သို့မျှဖြည့်စွမ်းမပေးနိုင်ပေ။ မည်သို့ပင်ဖြစ်စေ အင်္ဂါအစိတ်အပိုင်းရှိနေပါလျှင် ဤမစွမ်းဆောင်နိုင်မှသည်ပင် တစုံတခုသော အကန့်အသတ်အတွင်းတွင် ကွယ်ပျောက်သွား၏။ ငှက်များပါးစပ်အင်္ဂါများမှာ အမှန်ပင် လူများနှင့်ခြားနားသော်လည်း ငှက်များသည် စကားပြောသင်နိုင်သည့် တမျိုးတည်းသောတိရိစ္ဆာန်များဖြစ်သည်။ ထို့အပြင် အသံအစူးဝါးဆုံး ကြက်တူရွေးသည် ငှက်အားလုံးထဲတွင် စကားပြောအကောင်းဆုံးဖြစ်သည်။ ကြက်တူရွေးသည် မိမိပြောသမျှကိုနားမလည်ပါဟု မည်သူကမျှ မကန့်ကွက်ကြပါနှင့်။ လူနှင့်စကား ပြောရခြင်း ပေါင်းဖော်ရခြင်းကို ပျော်ရွှငသည့်အတွက် ကြက်တူရွေးသည် စကားလုံးအချို့ကို နာရီပေါင်းများစွာ အဆက်မပြတ် ထပ်ခါတလဲလဲ အမှန်ပင် အော်ဟစ်နေလိမ့်မည်။ သို့သော် သူ၏စိတ်ကူးအဝန်းအဝိုင်းအတွင်းတွင် သူဘာပြောသည်ကို နားလည်ရန်ကိုလည်း သင်ယူနိုင်ပေသည်။ ကြက်တူရွေးတကောင်အား ဆဲရေးသောစကားလုံးများကို စကားလုံး၏ ဆိုလိုရင်းကိုနားလည်သည်အထိ သင်ပေးလိုက်ပြီး (အပူပိုင်းဒေသ များမှပြန်လာကြသော သင်းဘောသားများ၏ အဓိကပျော်စရာတခု  ဖြစ်သည်)၎င်းတို့ကို ဒေါသထွက်အောင်စပါက ၎င်းသည် ဘာလင်မြို့က လမ်းလျှောက်ရောင်းသောဈေးသည်ကဲ့သို့ ဆဲရေးသော စကားလုံးများကို လုံးစေ့ပတ်စေ့အသုံးပြုတတ်လာသည်ကို ချက်ခြင်းတွေ့ရှိရလိမ့်မည်။ စားစရာကိုတောင်းသောအခါ၌လည်း ဤအတိုင်းပင်ဖြစ်သည်။ 

 

ဦးစွာအားဖြင့် အလုပ်၊ ထို့နောက် အလုပ်နှင့်အတူပါလာသောစကား၊ ၎င်းတို့သည် လူဝံ၏ဦးနှောက်မှ ၎င်းနှင့်ဆင်တူရိုးမှားရှိသော်လည်း ပိုမိုကြီးမား ပိုမိုပြည့်စုံသောလူ့ဦးနှောက်သို့ တဖြည်းဖြည်း ပြောင်းလဲခြင်းကိုဩဇာသက်သည့် အဓိကအကျဆုံးတွန်းအားနှစ်ရပ်ဖြစ်သည်။ ဦးနှောက်၏ဖြစ်ပေါ်တိုးပွားမှုနှင့်အတူယှဉ်တွဲကာ ၎င်းနှင့်အနီးစပ်ဆုံးကိရိယာများဖြစ်သည့် အာရုံအင်္ဂါအစိတ်အပိုင်းများပါ ဖြစ်ပေါ်တိုးပွား ခဲ့သည်။ တဖြည်းဖြည်းဖြစ်ပေါ်တိုးပွားမှုနှင့်အညီ နားအင်္ဂါအစိတ်အပိုင်းများ မုချကောင်းမွန်ပြည့်စုံမှုပါလာသကဲ့သို့ပင် ဦးနှောက် ဖြစ်ပေါ်တိုးပွားမှု တခုလုံးနှင့်အညီ အာရုံခံစားမှုမှန်သမျှသည်လည်း ပြည့်စုံကောင်းမွန်လာသည်။ လင်းယုန်ငှက်သည် လူထက်ပျို၍ ဝေးဝေးမြင်သော်လည်း လူ၏မျက်စေ့သည်လည်း လင်းယုန်မျက်စေ့ထက် အရာများစွာကို ပို၍ခွဲခြားသိမြင်၏။ ခွေးသည် လူထက် အနံ့ခံအာရုံပိုကောင်းသည်။ သို့သော် မတူသောအရာများ၏ အတိအကျအမှတ်လက္ခဏာဖြစ်သောအနံ့၏ တရာပုံတပုံကိုပင် ခွေးသည်လူကဲ့သို့မခွဲခြားနိုင်ပေ။ ထို့ပြင် လူဝံပေါ်ထွက်စ အကြမ်းတမ်းဆုံးသဏ္ဌန်မျှသာရှိသည့် ထိတွေ့မှုအာရုံသည် အလုပ်မှတဆင့် လူ၏လက် တိုးတက်ကောင်းမွန်လာမှုနှင့်အတူ ဖြစ်ပေါ်တိုးပွား ခဲ့ခြင်းဖြစ်၏။

 

ဦးနှောက်နှင့် ၎င်း၏အထောက်အကူအာရုံအင်္ဂါများ ဖွံ့ဖြိုးလာမှုနှင့် အသိအမြင်ပိုမိုရှင်းလင်းလာမှု၊ ထုတ်နှုတ်ယူနိုင်သောစွမ်းအားနှင့် ပိုင်းခြား ဆုံးဖြတ်နိုင်သောစွမ်းအားတို့ ဖြစ်ပေါ်တိုးပွားလာမှုတို့က အလုပ်နှင့်စကားအပေါ် တုန့်ပြန်သက်ရောက်သည်။ ဤသက်ရောက်မှုက အလုပ်နှင့် စကား နှစ်ခုစလုံးကို ဆက်လက်ဖြစ်ပေါ်တိုးပွားရန် တနေ့တခြား သစ်လွင်သောတွန်းအားပေးသည်။ လူသည် လူဝံနှင့်ကွဲပြားလာသည့် တိုင်အောင် ၎င်းဖြစ်ပေါ်တိုးပွားမှုသည် အဆုံးမသတ်သေးပေ။ မတူသောလူများနှင့် မတူသောခေတ်ကာလများတွင် အတိုင်းအတာအရ ဦးတည်ချက်အရ မတူစေကာမူ နေရာအချို့၌ တစိတ်တပိုင်းနောက်ဆုတ်မှု၊ သို့မဟုတ် ယာယီနောက်ဆုတ်မှုကြောင့် အဆက်ပြတ်ခဲ့ခြင်းများ ရှိခဲ့သော်လည်း တခုလုံးအနေနှင့်မူ အင်တိုက်အားတိုက် ဆက်လက်တိုးတက်နေသည်။ အချင်းအင်္ဂါပြည့်စုံသောလူ ပေါ်ထွက်မှုနှင့်အတူ ဖြစ်ပေါ်လာသည့် အချက်အလက်သစ်၊ ဆိုလိုသည်မှာ လူ့အဖွဲ့အစည်းက ဤဖြစ်ပေါ်တိုးပွားမှုကို တဘက်တွင် အင်အားကြီးစွာဖြင့် ရှေ့သို့ တွန်းတင်ပေးပြီး အခြားတဘက်တွင်မူ ပိုမိုတိကျသောဦးတည်ချက်ကိုပေးလိုက်၏။

 

သစ်ပင်တက်သောလူဝံအုပ်စုမှနေ၍ လူသားလူ့အဖွဲ့အစည်း ပေါ်ထွက်မလာမီအထိ အမှန်ပင် နှစ်သန်းပေါင်းများစွာကုန်လွန်ခဲ့ပေသည်။ ကမ္ဘာကြီး၏သမိုင်းတွင်မူ ၎င်းသည် လူ့တသက်တာ၏တစက္ကန့်မျှပင် မရှိချေ။ (ဤအချက်နှင့်ပတ်သက်၍ ဦးဆောင်ပြောနိုင်သူ ဆြာဝီလျံ သော်မဆင်က သစ်ပင်များနှင့်တိရိစ္ဆာန်များ အသက်ရှင်တည်ရှိနိုင်ရန် ကမ္ဘာကြီးအေးသွားသည်မှစပြီး နှစ် သန်းတရာကျော်ခန့်ရှိခဲ့ပြီဟု တွက်ချက်ခဲ့၏။ (အိန်ဂျယ်၏မှတ်ချက်)) သို့သော် နောက်ဆုံး၌ လူသားအဖွဲ့အစည်းပေါ်ပေါက်လာသည်။ ထို့ပြင် လူဝံအုပ်စုနှင့် လူသားအဖွဲ့ အစည်းအကြား မည်သို့သောထူးခြားသည့်ခြားနားချက်ကို ကျနော်တို့ တွေ့ပါသေးသနည်း။ အလုပ်ပင်ဖြစ်သည်။

 

လူဝံအုပ်စုသည် ပထဝီ အကြောင်းအချက်များကြောင့်၎င်း၊ သို့မဟုတ် အနီးအနားလူဝံအုပ်များ၏ ခုခံမှုကြောင့်၎င်း အကန့်အသတ်ဖြင့် ရရှိသောစားကျက်တွင် စားသောက်ခြင်းဖြင့် ကျေနပ်နေခဲ့ရသည်။ ၎င်းတို့သည် စားကျက်သစ်များရရှိရေးအတွက် ပြောင်းရွှေ့ခြင်းနှင့် တိုက်ပွဲဆင်ခြင်းများ ပြုခဲ့ကြ၏။ သို့သော် ၎င်းတို့ ကျင်ကြီးကျင်ငယ်များဖြင့် မြေကြီးကို အမှတ်မထင် မြေဩဇာကျွေးသည်မှအပ သဘာဝအခြေအနေကပေးအပ်ထားသည်ထက် ပိုမို၍ရယူနိုင်စွမ်းမရှိပေ။ ရှိရှိသမျှ စားကျက်များတွင် နေရာယူလိုက်ကြပြီးနောက်၊ လူဝံများ ဆက်လက်တိုးပွားရန် မဖြစ်နိုင်တော့ပေ။ အလွန်ဆုံး ဆိုရသော် တိရိစ္ဆာန်များ၏အရေအတွက်သည် ရှိရင်းအတိုင်း တည်တန့်နေပေမည်။ သို့ရာတွင် တိရိစ္ဆာန်အားလုံးသည် အစားအစာအမြောက် အမြားကို ဖြုံးတီးပစ်ကြသည်။ ထိုမျှမက နောင်တွင် အစားအစာ ထောက်ပံ့ပေးမည့်အရာများကို မကြီးထွားမီ ဖျက်ဆီးပစ်ကြသည်။ ဝံပုလွေသည် နောင်နှစ်၌ သမင်ကလေးများမွေးမည့် သမင်မကို မုဆိုးကဲ့သို့ ခြွင်းချန်မထားပေ။ ဂရိပြည်ရှိဆိတ်များသည် ခြုံတောကလေးများ ကြီးထွားမလာမီပင် စားပစ်လိုက်သဖြင့် ထိုတိုင်းပြည်ရှိတောင်အားလုံး တက်တက်စင်ပြောင်သွားသည်။ တိရိစ္ဆာန်များ ဤသို့ “သယံဇာတဖြုံးတီးခြင်း”က စားနေကျမဟုတ်သည့်အခြားအစာများကို မလွှဲမရှောင်သာ စားသောက်လာရစေခြင်းဖြင့် အမျိုးအနွယ်များ တစတစပြောင်းလဲရေးတွင် အရေးကြီးသောအခန်းမှပါခဲ့၏။ ထို့အတွက်ကြောင့် သူတို့၏သွေးတွင် မတူသောဓာတုဖွဲ့တည်ပုံတည်ရှိလာပြီး ကိုယ်ခန္ဓာတည်ဆောက်ပုံ တခုလုံးသည်လည်း တစတစပြောင်းလဲနေချိန်တွင် တကြိမ်တည်းအခြေစိုက်ခဲ့သောအမျိုးအနွယ်များသည် ချုပ်ငြိမ်းသွားတော့၏။ ဤ သယံဇာတဖြုံးတီးပစ်ခြင်းက ကျနော်တို့ဘိုးဘေးများ လူဝံမှလူသို့ကူးပြောင်းရာ၌ ကြီးမားစွာအကျိုးပြုခဲ့သည်ကို သံသယရှိစရာမလိုပေ။ ဉာဏစွမ်းရည်နှင့်လိုက်လျောညီစွာနေနိုင်စွမ်းတွင် အခြားလူဝံများအားလုံးထက် အလွန်အမင်းသာလွန်သောလူဝံတမျိုး၌ ဤသယံဇာတ ဖြုံးတီးပစ်ခြင်းကြောင့် အစားအစာပင်အမျိုးအစား အဆက်မပြတ်တိုးပွားလာပြီး စားပင်များ၏စားနိုင်သောအစိတ်အပိုင်းများပါ တိုးများ လာသည်။ တိုတိုပြောရလျှင် အစားအစာစုံလာလေလေ ကိုယ်ခန္ဓာထဲသို့ဝင်ရောက်သွားသောအရာများလည်း စုံလာလေလေဖြစ်သည်။ ဤအရာများသည် လူအဖြစ်သို့ကူးပြောင်းရေးအတွက် ဓာတုဆိုင်ရာ ပဏာမအကြောင်းအချက်များဖြစ်ပေသည်။ သို့သော် ဤအချက်အားလုံးကို အလုပ်ဟူ၍ အမှန်တကယ်မပြောနိုင်သေးပေ။ အလုပ်ဟူသည်မှာ ကိရိယာများပြုလုပ်ရာမှ စတင်လာခြင်းဖြစ်သည်။ ကျနော်တို့တွေ့ရှိထားသော သမိုင်းမတင်မီကာလရှိလူတို့၏ ရှေးဟောင်းပစ္စည်းများကို အကဲဖြတ်ခြင်းအားဖြင့်၎င်း၊ သမိုင်းရှိအစောဆုံးလူများနှင့် လက်ရှိ ခေတ်နောက် အကျဆုံးလူရိုင်းများ၏ နေထိုင်မှုဘဝကို အကဲဖြတ်ခြင်းအားဖြင့်၎င်း၊ ရှေးအကျဆုံးသောကိရိယာများအဖြစ် ကျနော်တို့ မည်သည့်အရာများကို တွေ့ရှိရပါသနည်း။ 

လူဝံမှ လူသို့ကူးပြောင်းရာတွင် အလုပ်၏ပါဝင်ရာအခန်း ၁* (အပိုင်း ၁)

0 comments

လူဝံမှ လူသို့ကူးပြောင်းရာတွင် အလုပ်၏ပါဝင်ရာအခန်း ၁* (အပိုင်း ၁)

အလုပ်သည် ဥစ္စာဓနအားလုံး၏ရေသောက်မြစ်ဖြစ်သည်ဟု နိုင်ငံရေးဘောဂဗေဒသမားများက ပြောဆိုကြ၏။ အမှန်မှာ အလုပ်သည် သဘာဝပြီးမှသာလျှင် ဥစ္စာဓနအားလုံး၏ရေသောက်မြစ်ဖြစ်သည်။ သဘာဝသည် အလုပ်ကို ဝတ္ထုပစ္စည်းဖြင့်ထောက်ပံ့ဖြည့်ဆည်းပေးကာ အလုပ်က ဝတ္ထုပစ္စည်းကို ဥစ္စာဓနအဖြစ် ပြောင်းလဲလိုက်သည်။ သို့သော် ၎င်းသည် ထို့ထက်ပိုမိုသေး၏။ အလုပ်သည် လူသားအားလုံး၏ ဘဝတည်ရှိမှုအတွက် ပထမဦးဆုံးအ‌အခြေခံအကြောင်းအချက်ဖြစ်ပြီး တစုံတခုသေအဓိပ္ပါယ်အရဆိုလျှင် အလုပ်က လူသားကိုပင် ဖန်တီးခဲ့သည်ဟု ပြောဆိုရမည့်အဆင့်အထိ ရောက်ရှိနေပေသည်။

 

လွန်ခဲ့သောနှစ်သန်းပေါင်းများစွာက အတိအကျမဆုံးဖြတ်နိုင်သေးသော တတိယကာလဟု ဘူမိဗေဒသမားများကခေါ်ဝေါ်သော ကမ္ဘာကြီး၏ သမိုင်းခေတ်ကာလတခုအတွင်းတွင်၊ မှန်းဆရသည်မှာ ၎င်းကာလကုန်ဆုံးလုဆဲဆဲတွင် ထူးကဲ့မြင့်မားစွာဖြစ်ပေါ်တိုးပွားလာခဲ့သည့် လူနှင့်တူသော လူဝံ(အင်သရိုးပွိုက် လူဝံမျိုး)မျိုးနွယ်တခုသည် အပူပိုင်းဇုံတနေရာတွင်နေထိုင်ခဲ့၏။ ယခုအခါ အိန္ဒိယသမုဒ္ဒရာအောက်တွင် နစ်မြုတ်သွားခဲ့သော ကြီးမားသည့်ကုန်းမြေကြီးတခုပေါ်တွင် ဖြစ်ဟန်ရှိသည်။ ကျနော်တို့ ဤဘိုး‌ဘေးများ၏ပုံကြမ်းကို ဒါဝင်က ရှင်းပြခဲ့သည်။ သူတို့တကိုယ်လုံး အမွှေးများ လုံးဝအုပ်ဖုံးနေကာ မုတ်ဆိတ်များနှင့် နားရွက်ချွန်များရှိကြပြီး သစ်ပင်များပေါ်တွင် အအုပ်အသင်းဖြင့် နေထိုင်ခဲ့ကြသည်။

 

မှန်းဆရသည်မှာ ဤလူဝံများ၏နေထိုင်ပုံနေထိုင်နည်း၏ တိုက်ရိုက်အကျိုးသက်ရောက်မှုအဖြစ် တွယ်တက်ရာ၌ လက်သည်ခြေနှင့်မတူသော ပြုမူချက်များကို လုပ်ဆောင်ရသည်။ မြေပြင်ပေါ် သွားလာကြသောအခါတွင် ၎င်းတို့သည် လက်ကိုအသုံးပြုသောအကျင့်ကို စတင်စွန့်ပယ် လာကြပြီး တဖြည်းဖြည်း မတ်တပ်လမ်းလျှောက်လာကြသည်။ ဤသည်မှာ လူဝံမှ လူသို့ကူးပြောင်းရာတွင် အဆုံးအဖြတ်ပေးသောခြေလှမ်း ဖြစ်ပေသည်။ ၂

 

ယခုတိုင် တည်ရှိနေကြသည့် လူနှင့်တူသည့်လူဝံအားလုံးတို့သည် မတ်တပ်ရပ်နိုင်ပြီး ခြေနှစ်ဖက်သက်သက်ဖြင့် ရွေ့လျားနိုင်သည်။ သို့သော် အရေးတကြီးလိုအပ်သောအခါမှသာ အလွန်ပုံပန်းမကျစွာ ရွေ့လျားကြသည်။ သူတို့၏ပင်ကိုယ်လမ်းလျှောက်ပုံသည် ခတ်ကိုင်းကိုင်းဖြစ်ပြီး လက်များကိုပါ အသုံးပြုကြသည်။ ၎င်းတို့အများစုသည် လက်ခေါက်ဆစ်ကို မြေပေါ်တွင်ထောက်ပြီး ခြေထောက်ကိုကွေးကာ လက်တံရှည် နှစ်ချောင်းကြားမှ ခန္ဓာကိုယ်ကိုလွှဲ၍ သွားလာကြသည်။ ခြေကျိုးများ ချိုင်းထောက်နှင့်သွားသကဲ့သို့ပင်ဖြစ်၏။ ယေဘုယျအားဖြင့်ဆိုလျှင် လေးဘက်သွားရာမှ ခြေနှစ်ချောင်းနှင့်သွားလာခြင်းအထိ ကူးပြောင်းရေးအဆင့်အားလုံးကို ကျနော်တို့သည် လူဝံများအတွင်းတွင် ယနေ့အထိ တွေ့မြင်နိုင်သည်။ သို့သော်အားလုံးသည် မတတ်သာသောအခါကျမှသာ ခြေနှစ်ဘက်ဖြင့် လမ်းလျှောက်ကြသည်။

 

ကျွန်တော်တို့၏ အမွှေးထူသောဤဘိုးဘေးများ၏ မတ်တပ်ရပ်လမ်းလျှောက်ခြင်းသည် အစ၌ အလေ့အထဖြစ်ပြီး တဖြည်းဖြည်း လိုအပ်မှုအဖြစ်သို ရောက်ရှိလာရန်မှာ ဦးစွာအားဖြင့် လက်သည် ဤကာလ၌ အခြားပြုမူချက်အမျိုးမျိုးကို ပိုမိုလုပ်ဆောင်ရပေမည်။ လူဝံများထဲမှာပင် လက်နှင့်ခြေကို အသုံးပြုပုံတွင် တစုံတရာခွဲဝေမှုရှိခဲ့ပြီးဖြစ်သည်။ ဖော်ပြခဲ့သည့်အတိုင်းပင် တွယ်တက်ရာ၌ လက်နှင့်ခြေကိုခွဲခြား၍ အသုံးပြုကြသည်။ အဆင့်နိမ့်သောနို့တိုက်သတ္တဝါများအတွင်းတွင် ရှေ့လက်များအသုံးပြုခဲ့သည့်အတိုင်းပင် လက်ကို အစားအစာဆွတ်ခူးရန်နှင့် ကိုင်တွယ်ရန် အဓိကအသုံးပြုကြသည်။ လူဝံများသည် သစ်ပင်များပေါ်တွင် မိမိတို့အသိုက်ကိုဆောက်လုပ်ရန် သို့မဟုတ် လူနှင့်တူသော အာဖရိကတိုက် လူဝံများ(ချင်ပန်ဇီ လူဝံမျိုး)ကဲ့သို့ပင် ရာသီဥတုဒဏ်ကိုကာကွယ်ရန်အတွက် သစ်ကိုင်းများအကြား အမိုးများဆောက်လုပ်ရန် လက်ကို အသုံးပြုကြ၏။ ရန်သူကိုခုခံပြီး မိမိကိုယ်ကိုကာကွယ်ရန် လက်ဖြင့် တင်းပုတ်များကိုစွဲကိုင်ကြသည်။ သို့မဟုတ် သစ်သီးများ ကျောက်ခဲများဖြင့် ပစ်ပေါက်ကြသည်။ ဖမ်းဆီးပိတ်လှောင်ထားသည့်အခါတွင် သူတို့သည် လူတို့ထံမှအတုခိုးထားသော သာမန်လုပ်ပုံကိုင်ပုံများကို လက်ဖြင့် ပြုမူကြသည်။ သို့သော် ဤနေရာမှာပင် လူနှင့်အတူဆုံးလူဝံများ၏ ဖြစ်ပေါ်တိုးပွားခြင်းမရှိသည့်လက်နှင့် နှစ်သန်းပေါင်းများစွာကြာခဲ့သော အလုပ်ကြောင့် မြင့်မားစွာတိုးတက်လာသည့် လူတို့၏လက်အကြား ကွာခြားမှုသည် အဘယ်မျှ ကြီးမားသည်ကို မြင်ရပေ၏။ အရိုးများနှင့် ကြွက်သားများ၏အရေအတွက်နှင့် ယေဘုယျတည်ဆောက်ပုံသည် နှစ်ဦးစလုံးတွင် တူညီသော်လည်း အဆင့်အနိမ့်ဆုံးလူရိုင်း၏လက်သည် မည်သည့်လူဝံ၏လက်ကမျှ မတုပနိုင်သည့် ပြုမူလှုပ်ရှားမှုပေါင်းများစွာကို လုပ်နိုင်သည်။ မည်သည့်လူဝံ၏လက်ကမျှ အကြမ်းဆုံးကျောက်ဒါးကိုပင် မထုတ်လုပ်နိုင်ခဲ့ပေ။

 

ထို့ကြောင့် လူဝံမှလူသို့ကူးပြောင်းသော နှစ်သန်းပေါင်းများစွာအတွင်းတွင် မိမိတို့၏လက်ကိုအသုံးချရန် တဖြည်းဖြည်းတတ်မြောက်ခဲ့သော ကျနော်တို့၏ဘိုးဘေးများသည် အစတွင် အလွန်ရိုးသောပြုမူလှုပ်ရှားမှုများသာ လုပ်နိုင်ပေသည်။ တိရိစ္ဆာန်နှင့်ပိုမိုတူသော အခြေအနေသို့ လျှောကျကာ တချိန်တည်းတွင် ကိုယ်ခန္ဓာဆုတ်ယုတ်မှုဖြစ်ခဲ့ပြီဟု မှတ်ယူနိုင်ဘွယ်ရာရှိသော အဆင့်အနိမ့်ဆုံးလူရိုင်းများပင်လျှင် ကူးပြောင်းဆဲ သတ္တဝါများထက် အတော်ပင်အဆင့်မြင့်လှပေသည်။ လူ၏လက်ဖြင့် ပထမဆုံးကျောက်ဒါးမလုပ်နိုင်မီ ကာလတခုကိုဖြတ်သန်းရပေမည်။ ၎င်းကာလနှင့်နှိုင်းယှဉ်လျှင် ယခု ကျနော်တို့သိထားသော သမိုင်းကာလသည် မပြောပလောက်ပေ။ သို့သော် အဆုံးအဖြတ်ပေးသော ခြေလှမ်းကိုလှမ်းခဲ့ပေပြီ။ လက်သည် လွတ်လပ်လာခဲ့ပေပြီ။ ထိုအခါမှစ၍ ပိုမိုကျင်လည်မှုနှင့် ကျွမ်းကျင်မှုကိုရရှိလာခဲ့ပြီး ဤသို့ရရှိခဲ့သော ပိုမိုပျော့ပြောင်းမှုကို မျိုးဆက်တဆက်ပြီးတဆက် အမွေဆက်ခံကာ တိုးပွားလာခဲ့သည်။

 

သို့ဖြစ်၍ လက်သည် အလုပ်၏အင်္ဂါအစိတ်အပိုင်းဖြစ်ရုံမျှမက အလုပ်၏ရလာဒ်လည်းဖြစ်၏။ အလုပ်ဖြင့်သာ၎င်း၊ တနေ့တခြားသစ်လွင်သော ပြုမူလှုပ်ရှားမှုများနှင့် လျော်ကန်စေခြင်းဖြင့်သာ၎င်း၊ ဤသို့ရရှိခဲ့သော ကြွက်သားများအကြောများနှင့် ပိုမိုရှည်ကြာသောကာလအတွင်း အရိုးများ၏ အထူးဖြစ်ပေါ်တိုးပွားခြင်းကို ဆက်ခံမှုဖြင့်သာ၎င်း၊ ဤဆက်ခံခဲ့သော အနုစိတ်ကျွမ်းကျင်မှုကို ပို၍ပို၍ရှုပ်ထွေးသော ပြုမူလှုပ်ရှားမှုအသစ်များတွင် တနေ့တခြားဆန်းသစ်လာသော အသုံးချမှုဖြင့်သာ၎င်း လူ၏လက်သည် ရာဖယ်၏ပန်းချီကားများ၊ သော်ဝါဆင်၏ရုပ်တုများ၊ ပဂန်နီနီ၏ဂီတတို့ကိုဖန်ဆင်းနိုင်စွမ်းရှိသည့် အဆင့်မြင့်ပြည့်စုံကောင်းမွန်မှုကိုရရှိခဲ့ပေသည်။

 

သို့သော် လက်သည် ၎င်းဘာသာမတည်ရှိခဲ့ပေ။ ၎င်းသည် အလွန်ရှုပ်ထွေးသော ကိုယ်ခန္ဓာဖွဲ့စည်းပုံတခုအထဲမှ အစိတ်အပိုင်းတခုသာလျှင် ဖြစ်သည်။ ထို့ပြင် လက်ကိုအကျိုးပြုသောအရာသည် လက်ကအလုပ်အကျွေးပြုသောကိုယ်ခန္ဓာတခုလုံးကိုလည်း ဘက်နှစ်ဘက်မှ အကျိုးပြု၏။

 

ပထမအားဖြင့်ဒါဝင်ပြောသော ပေါက်ဖွားကြီးထွားခြင်းဆိုင်ရာ အပြန်အလှန်ဆက်စပ်မှုတရားအရဖြစ်သည်။ ဤတရားအရဆိုလျှင် ဩဂဲနစ် အရာများရှိ သီးခြားအစိတ်အပိုင်း၏ ထူးခြားသောသဏ္ဌန်သည် ၎င်းနှင့် မည်သို့မှဆက်စပ်ဟန်မရှိသောအခြားအစိတ်အပိုင်းများ၏ တစုံတရာ သဏ္ဌန်များနှင့် အစဉ်ဆက်စပ်နေသည်။ ဥပမာ အမြုတေမဲ့ သွေးနီကလပ်စည်းရှိသော၊ ပထမကျောရိုးဆစ်နှင့် ဦးခေါင်းနောက်ပိုင်းကို အရိုးဆက် နှစ်ခု(နားသယ်ရိုးများ)ဖြင့် ဆက်ထားသောသတ္တဝါအားလုံးတွင် ချွင်းချက်မရှိ မိမိတို့၏ကလေးများကို နို့တိုက်ရန်နို့အုံရှိကြသည်။ အလားတူပင် နို့တိုက်သတ္တဝါများထဲရှိ ကွဲနေသောခွာနှင့် စားမြုံ့ပြန်သောအစာအိမ်တို့သည် အစဉ်ဆက်စပ်နေပေ၏။ 

 

တစုံတရာပြောင်းလဲမှုများသည် ကိုယ်ခန္ဓာအခြားအစိတ်အပိုင်းများ၏ သဏ္ဌန်ပြောင်းလဲမှုများကိုဖြစ်စေသည်။ သို့သော် ဤဆက်စပ်မှုကို ကျနော်တို့ရှင်းမပြနိုင်သေးပေ။ မျက်လုံးပြာ ကြောင်ဖြူများသည် အစဉ်နားပင်းသည်။ သို့မဟုတ် နားပင်းလေ့ရှိကြသည်။ ဤသို့သော အပြန်အလှန်ဆက်စပ်မှုကြောင့်ပင်လျှင် လူသားလက်၏ တဖြည်းဇြည်းတိုးတက်ကောင်းမွန်လာမှု၊ ၎င်းနှင့်အညီ တစတစ မတ်တပ်ရပ် လျှောက်နိုင်ရန် ခြေများ၏လျှော်ကန်စွာ ပြောင်းလဲလာမှုတို့သည် ကိုယ်ခန္ဓာ၏အခြားအစိတ်အပိုင်းများကို တုံ့ပြန်သက်ရောက်သည်မှာ သံသယရှိစရာမလိုပေ။ သို့စေကာမူ ဤသက်ရောက်ခြင်းကို စူးစမ်းလေ့လာမှုနည်းပါးလှ၍ ဤနေရာတွင် ကျနော်တို့ ယေဘုယျသာ ရှင်းလင်းပြနိုင်တော့သည်။

 

ပို၍အရေးကြီးသည်ကား ကျန်ခန္ဓာကိုယ် တခုလုံးအပေါ် လက် ဖြစ်ပေါ်တိုးပွားမှု၏တိုက်ရိုက်ဖြစ်သော၊ သက်သေပြနိုင်သော တုန့်ပြန် သက်ရောက်မှုပင်ဖြစ်သည်။ ပြောဆိုခဲ့သည့်အတိုင်း ကျနော်တို့ဘိုးဘေးလူဝံများသည် အအုပ်အသင်းဖြင့်နေထိုင်ခဲ့ကြသည့်အလျှောက် သတ္တဝါ အားလုံးတို့တွင် ဖွဲ့ဖွဲ့စည်းစည်းအရှိဆုံးသော လူ၏ဆင်းသက်လာမှုကို အအုပ်အသင်းဖြင့်မနေသော အနီးကပ်ဆုံးဘိုးဘေးများမှနေ၍ရှာဖွေရန် မဖြစ်နိုင်သည်မှာ ထင်ရှားသည်။ လက်၏ဖြစ်ပေါ်တိုးပွားလာမှုနှင့်အတူ အလုပ်နှင့်အတူစတင်လာခဲ့သော သဘာဝအပေါ်ချုပ်ကိုင်မှုသည် သစ်လွင်သောတက်လှမ်းမှုတိုင်း၌ လူ၏မြင်ကွင်းကိုကျယ်ပြန့်စေခဲ့သည်။ လူသည် သဘာဝအရာဝတ္ထုများ၏ သစ်လွင်သော၊ ယခင်ကမသိရှိ ခဲ့သောဂုဏ်သတ္တိများကို အဆက်မပြတ်ရှာဖွေတွေ့ရှိနေပေသည်။ အခြားတဘက်၌ အပြန်အလှန်ကူညီသော၊ ပူးပေါင်းလှုပ်ရှားသော ဖြစ်ရပ်များ တိုးများလာခြင်းဖြင့်၎င်း၊ ဤပူပေါင်းလှုပ်ရှားမှု၏သာလွန်ချက်ကို လူတဦးချင်းစီအား ပိုမိုရှင်းလင်းစွာသိမြင်စေခြင်းဖြင့်၎င်း၊ အလုပ်၏ဖြစ်ပေါ် တိုးပွားမှုသည် လူ့အဖွဲ့အစည်းဝင်များအား နီးကပ်စွာပူးပေါင်းလာရန် မုချပင်အထောက်အကူပြုခဲ့ပေသည်။ တိုတိုပြောရလျှင် ကူးပြောင်းဆဲလူသားသည် တဦးကိုတဦး ပြောစရာတစုံတရာရှိသည့်အဆင့်အထိ ရောက်လာခဲ့၏။ ဤစေ့ဆော်မှုက ၎င်း၏ အင်္ဂါအစိတ်အပိုင်းကို ဖန်တီးလိုက်သည်။ မဖွံ့ဖြိုးသေးသော လူ၏လေပြွန်သည် အဆက်မပြတ် ပိုမိုဖြစ်ပေါ်တိုးပွားလာသော အသံမှန်ပေါ်ထွက်ရန် အသံအနိမ့်အမြင့် ထိန်းညှိခြင်းဖြင့် နှေးကွေးသော်လည်း တကယ်ပင်ပြောင်းလဲလာတော့၏။ ထို့အပြင် ပါးစပ်အင်္ဂါအစိတ်အပိုင်းများသည် ပီသသောစကားလုံး တလုံးပြီးတလုံးပြောဆိုရန် တဖြည်းဖြည်း တတ်မြောက်လာတော့သည်။

Saturday, December 12, 2020

ဝါနဲ့သမ္ဘာ

0 comments
စာပေဟောပြောပွဲတပွဲမှာ ဆရာမဂျူးနဲ့ဆုံတော့ ကျွန်တော့်ကို "ဆရာ့စာတွေကို ကျွန်မ များများမဖတ်ဖူးပါဘူးတဲ့။ (ကျွန်တော်ကလည်း များများရေးတဲ့သူ မဟုတ်ပါဘူး)တစ်ပုဒ်တော့ ဖတ်ဖူးပါတယ်။"ဝါနဲ့သမ္ဘာ"ဆိုတဲ့ ဆောင်းပါးပါ" တဲ့။ "အဲဒီဆောင်းပါးလဲ ဖတ်ပြီးရော အဲဒီမင်းသမီးကြီးကို လေးစားမိသလို လက်ရည်တစ်ပြင်တည်းသီချင်းကိုလဲ အတော်ကြိုက်မိသွားတယ်"လို့ ပြောခဲ့ဖူးပါတယ်။
အခု ဒီစာရေးနေချိန်မှာတော့ အဲဒီမင်းသမီးကြီးလဲ ကွယ်လွန်သွားခဲ့ရှာပါပြီ။ ဒါပေမဲ့ ကျွန်တော့်ရင်ထဲမှာတော့ အဲဒီမင်းသမီးကြီးရဲ့ နယ်ကြမ်းတစ်ခုက ခပ်ကြမ်းကြမ်းပရိသတ်တွေကို ငြိမ်ကျသွားအောင် သမ္ဘာနဲ့ထိန်းသွားနိုင်တဲ့ သူ့အတတ်ပညာဟာ ခုချိန်ထိ စွဲထင်ကျန်ရစ်နေတုံးပါပဲ။ အဲဒီမင်းသမီးကြီးနာမည်က "ဒေါ်မျိုးချစ်သန်း" ...တဲ့။
ကျွန်တော်တို့သဘင်လောကမှာ ပညာချင်းတူရင် ဝါရင့်သူက သာတယ်။ ဝါချင်းတူရင် သမ္ဘာရင့်သူက သာတယ်လို့ အဆိုရှိပါတယ်။ ဝါ ဆိုတာ လုပ်သက်ကိုခေါ်တာဖြစ်ပြီး သမ္ဘာကတော့ လုပ်သက်အပေါ်ကရလာတဲ့ အတွေ့အကြုံကို လိမ္မာစွာအသုံးချတတ်ခြင်းကို ခေါ်ပါတယ်။
မျိုးချစ်သန်းက မန္တလေးတံခွန်စိုက်မင်းသမီးတယောက်ပါ။ အရွယ်ကောင်းစဉ်က ဦးလှစိန်အငြိမ့်မှာ ခေါင်းဆောင်က,ပါတယ်။ အဲဒီခေတ်က မန္တလေးအငြိမ့်တွေဟာ အငြိမ့်ထောင်ဆရာတွေရဲ့နာမည်နဲ့ တည်ထောင်ကြတာပါ။ ဦးဩဘာအငြိမ့်၊ အောင်စိန်လေးအငြိမ့်၊ စန္ဒယားဘသိန်းအငြိမ့် စသည်ဖြင့်ပေါ့။ (နှစ်တိုင်း လေနဲ့ထောင်ပြီး တစ်နှစ်မှအကောင်အထည်ပေါ်မသွားတဲ့ အငြိမ့်တစ်ငြိမ့်လဲရှိခဲ့ဖူးပါတယ်။ ကိုဒီပါရဲ့ ချန်ပီယံအငြိမ့်လေ)။
စပြီး က,တဲ့နှစ်မှာပဲ ဦးလှစိန်အငြိမ့်ကနေ မျိုးချစ်သန်းအငြိမ့် ဖြစ်သွားပါရော။ စန်းကောင်း၊ အရည်အချင်းကောင်းကိုး။ ပွဲချီကလည်း ရသလား မမေးနဲ့။ လာတဲ့ပွဲတိုင်းက မျိုးချစ်သန်းနာမည်နဲ့ချည်းပဲတဲ့။
လူရွှင်တော် ဦးလိမ္မော်ကတော့ "ကိုလှစိန် ဟင်္သာတက မဒီ(မင်းသမီး) အခေါ်ကောင်းလိုက်တာ ခြင်း(ပုဆိုး)ကနေ ဒိုင်း(ထဘီ)အငြိမ့် ဖြစ်သွားတာပဲ"လို့ ပြောဖူးပါတယ်။ မျိုးချစ်သန်းက ဟင်္သာတဇာတိကိုး။ ဖြီးလိမ်းလိုက်ရင် အလှအပရော ကိုယ်လုံးကိုယ်ပေါက်ရောက တကယ့်ဒေါ်ကြည်ကြည်ဋ္ဌေးပဲ။ သီချင်းပေါင်းစုံကလဲ ရသလားမမေးနဲ့။ ဦးလှစိန်ပြီးတော့ ကိုတိုင်းကျော်အငြိမ့်မှာ ကတယ်။ မန္တလေးမှာ ဆယ့်ငါးနှစ်ကျော် ကပြီး ဟင်္သာတကိုပြန်သွားပြီး နားနေပါတယ်။
"ငဗျိုင်းကျန်းမာရေးကလဲ မကောင်းဘူးလေ"တဲ့။ ကျွန်တော်တို့လူရွှင်တော်လောက(တနိုင်ငံလုံး)မှာ ဗျိုင်းသုံးဗျိုင်း ရှိပါတယ်။ အဲဒါကတော့ ဟင်္သာတဗျိုင်း၊ ဝါးခယ်မဗျိုင်းနဲ့ မင်းလှဗျိုင်းတို့ပါ။ နာမည်အပြည့်အစုံက ကိုရွှေဗျိုင်းချည့်ပါ။ ကျွန်တော့်ကို ပဋ္ဌမဆုံးပညာသင်ပေးခဲ့တာ(ကလေးဘဝက)ဝါးခယ်မဗျိုင်းပါ။ လူပြက်လားမြောက်လာတော့ သားအဖလို တသက်လုံးနေသွားခဲ့တာ မင်းလှဗျိုင်းပါ (ကြည်ခိုင်ရွှေဗျိုင်းလို့လဲ ခေါ်ပါတယ်)။ ဒေါ်မျိုးချစ်သန်းရဲ့မောင် ဦးရွှေဗျိုင်း(ဟင်္သာတ)ကိုတော့ နှုတ်ဆိပ်ကောင်းတယ်ဆိုတဲ့ အကြားနဲ့တင် ကြည်ညိုချစ်ခင်ခဲ့ရတာပါ။
နောက်ပိုင်း မန္တလေးမှာ သက်ကြီးအငြိမ့် ခေတ်စားလာတော့ ဒေါ်မျိုးချစ်သန်း တကြော့ပြန်လာပြီး ဦးအောင်စိန်၊ ဦးနောက်တိုး၊ ဦးညိုသန်းတို့နဲ့ တွဲလို့ အောင်ပွဲခံပြန်ပါတယ်။ အဲဒီနှစ်က ကျွန်တော်နဲ့ ကိုဒီပါက နန်းမြို့တော်အငြိမ့်မှာ ကပါတယ်။ ရွှေဘိုနယ်က ရွာတရွာကို ပွဲကသွားရမဲ့နေ့မှာ ခေါင်းဆောင်မင်းသမီးဖခင်က ဆုံးပါလေရော။ အငြိမ့်တွေ ပွဲပေါတဲ့လ ဆိုတော့ အစားခေါ်ဖို့မင်းသမီးကလဲ ရှား၊ သွားရမှာက ချက်ချင်းကြီး (ခရီးထွက်ခါနီးမှ ကပ်ဖြစ်တာကိုး)။ အဲဒီမှာ ကြံရာမရဖြစ်ပြီး ဒေါ်မျိုးချစ်သန်းကို အကူအညီတောင်းပြီး ခေါ်လာရပါရော။ ခေါ်သာခေါ်လာရတာ ရင်ကတော့ တထိတ်ထိတ်ပါနော့။ နှစ်ဆယ့်နှစ်နှစ် အပျိုစင်နေရာကို အစားဝင်ကရမှာက ခုနှစ်ဆယ်ကျော်အဖွားကြီးကိုး။ က,ရတဲ့နယ်က နယ်ကြမ်း။ "ကြိုက်ရင် ပုလင်း၊ မကြိုက်ရင် နားရင်း"ဆိုတဲ့ နယ်တွေ....။ ဆိုလိုတာက သဘောကျရင် အရက်ခေါ်တိုက်မယ်။ မကြိုက်ရင် နားရင်းရိုက်မယ်ပေါ့.။
ဒီလိုနဲ့ ညပွဲကလို့ သူ့အလှည့်လဲရောက်ရော၊ သူထွက်လာတာနဲ့ စင်အောက်ကလူငယ်တွေက ..." အဖွားကြီး ဘာလုပ်တာတုန်းတို့ ...." ၊ "အမေကြီး... အမေကြီး ရိပ်သာသွား ..."တို့ ဝိုင်းအော်ကြပါလေရော။
သူ တခွန်းမှ မတုန့်ပြန်ဘဲ အော်နေတဲ့သူတွေကို ပြုံးပြုံးလေး ကြည့်ရင်း"သားတွေ တူတွေက နှုတ်ဆက်ကြတာလေ ကိုယ်ကလဲ မရောက်တာကြာပြီကိုး...။ အော် ....တချိန်ကတော့ ဒီတနယ်လုံး မသန်းအချစ်တော် သူငယ်ချင်းတွေချည့်ပေါ့။ ညနေက ရောက်ရောက်ချင်း ရွာထဲကသူငယ်ချင်းတွေဆီ သွားနှုတ်ဆက်တော့ အိမ်တိုင်းအိမ်တိုင်းက ဝမ်းသာအားရ ခေါ်လိုက်ကြတာ ...ဟေ့ မသန်း၊ ဟေ့သူငယ်ချင်း ... ဟေ့သူငယ်ချင်းနဲ့ ....""" ဟေ့သူငယ်ချင်းရေ... တို့နယ်ပယ်တွင် မိုးသက်ကယ်ဆင်.....ရှစ်ခွင်ကမဲ ...မိုးရွာမလိုလိုနဲ့ပင် ညီညွတ်ရေးနဲ့ အသက်ရှည်ရှည် ခင်ခင်မင်မင် လက်ရည်တပြင်တည်း ရှေးကထက် ပိုချစ်ကြမယ် ...""" လို့ ဆိုပြီး ကချလိုက်တာ အရွယ်နဲ့မလိုက်အောင် မြူးကြွသွက်လက်နေတော့ လက်ခေါက်မှုတ်သံ လက်ခုပ်သံတွေ ခြိမ့်ခြိမ့်ညံသွားပါရော။
အဲဒီမှာ သူက လက်ခုတ်တီးနေတဲ့သူတွေဘက်ကို "ရွှီ"ခနဲ လက်ခေါက်မှုတ်တဲ့ပြီး ခေါင်းကလေးညွှတ်ပြီး အလေးပြန်ပြုလိုက်တော့ အဖွားကြီးကနေ....."ဒါမှ တို့အမေကွ" ဖြစ်ကုန်ရော...။
အော်သံတွေ စဲပြီဆိုမှ ကျွန်တော်တို့လူရွှင်တော်တွေကို နှုတ်ဆက်ရင်း......."ရှေးအဆိုစကားရှိတယ် မဟုတ်လား အကိုတို့ရယ်"ဆိုတော့ ရယ်ကြပြန်ရော....။ ကျွန်တော်တို့က သူ့တူအရွယ် ရှိသေးတာကိုးနော့။ ကိုဒီပါက "ခြင်ထောင်ထဲတုန်းက ဒီလိုခေါ်တာမဟုတ်ပါဘူး မောင်ချစ်ရာ"လို့လဲ ပြန်လိုက်ရော သူက"ရှင် ခြင်ထောင်နဲ့ အိပ်နိုင်လို့လား"တဲ့။ အဲဒီမှာ ကိုဒီပါက "ခင်ဗျားထဘီဟာ ကျုပ်ခြင်ထောင်ဘဲလေ"တဲ့။ ကျွန်တော်က"ကိုဒီပါ ခင်ဗျား ငှက်ဖျားမဖြစ်တော့ဘူး၊ ခြင်ထောင်က ပိုးသတ်ဆေးနံ့ကို မွှန်နေတာဘဲ"။
အဲဒါ သမ္ဘာပါဘဲ။ လူရွှင်တော်ကို ခင်းပေးတယ် ...ဆိတ်ဆွတယ်..ပရိသတ် ကိုယ့်နောက်ပါလာပြီဆိုမှ "တော်ကြပါရှင်"ဆိုတာကို ကိုဒီပါက"တော်ပါဘီ၊ ပိုက်ဆံလဲကုန်ပါဘီ"လုပ်သေးတာ....။
သူက လက်ကလေး ကာရင်း ...."အဆိုစကားရှိတယ် မဟုတ်လားရှင့်....၊ ဝချင်ရင် ပိုစားရသတဲ့.....၊ ကချင်ရင် ကိုယ်ယားရတယ်တဲ့....။ မသန်းကတော့ ဟောဒီရွာမှာ..အားရပါးရ ကချင်လို့ကို ပိုစားပစ်လိုက်တယ် သိလား......မြိန်လိုက်တာ....ကြက်သား ဝက်သား မလိုဘူး။ ငရုပ်သီးထောင်းနဲ့ စားကောင်းတာ ...ဘယ်အိမ်မယ်စားသလဲ မမေးနဲ့။ ဟောဒီ """ တောရွာသူတို့အိမ်မယ် မြိန်ဖွယ်ပ ထမင်း..... မိုးမျှော်... ငရုတ်သီး..ထောင်းနဲ့ ကိုဘိုကေရယ်... ဒေါင်းလန်းကြီးရဲ့ အလယ် ..ညီညွတ်ရေးနဲ့ ...အသက်ရှည်ရှည် ခင်ခင်မင်မင်.. လက်ရည်တပြင်တည်း ရှေးကထက် ပိုချစ်ကြတယ်"""" စကားကနေ သီချင်း၊ သီချင်းကနေ အက(ဒီကြားထဲမှာ လူရွှင်တော်နဲ့ လက်ခုပ်လက်ပြန် ပြက်လုံးတွေလဲ ပါပါသေးတယ်)။
အရွယ်နဲ့မလိုက်အောင် ကြိုးပမ်းမှုတွေရဲ့ရလာဒ်ကတော့ သူနဲ့ရွယ်တူ ရွာသူအဖွားကြီးတွေ စင်ပေါ်တက်ပြီး ဆုချကြတာပါပဲ။ ကျွန်တော်တို့ကလဲ ဆုချ၊ ပြက်လုံးတွေပြက်ကြ၊ ပြက်လုံးတွေပြီးတော့ ယပ်တောင်လေး ခတ်ရင်း ...
"မတွေ့တာကြာလို့ ရွှေဘိုသူ အမ၊ ညီမတွေ ဝိုင်းပြီးဆုချတာလဲ ကျေးဇူးတင်ပါရဲ့ရှင်။ ငြိမ်ငြိမ်လေး နားထောင် အားပေးကြတဲ့ သားတွေ၊ တူတွေကို ပိုကျေးဇူးတင်ပါရဲ့။ ဪ ...ရွှေဘိုဆိုမှ သတိရတယ်။ ငါတို့ရွှေဘိုသူများဟာလေ လယ်ထဲဆင်းပြီး ကောက်စိုက်၊ ပျိုးနှုတ်တာတောင် ဆိုင်းနဲ့ဗုံနဲ့ ပျော်ပျော်ပါးပါးတော့...။ နားထောင်ကြည့်"ဆိုပြီး ဗုံကြီးသံကို ဆိုပြပြန်ရော။ လက်ရည်တစ်ပြင်တည်း တတိယပိုဒ် ဆက်မဆိုသေးဘူးနော်။ ပြီးမှ ဆက်တယ်။
"ဒါပေမယ့် ဒီရာသီက တပေါင်းလဆိုတော့ ရိတ်တဲ့ သိမ်းတဲ့ရာသီလေ။ ငါတို့ ရွာထဲကိုဝင်လာတော့ ရွာအဝင်မှာ စီတန်းပေါက်နေတဲ့ လက်ပံပင်ကြီးတွေအောက်မှာ လက်ပံပွင့်ကောက်နေကြတဲ့ သမီးတွေကို မြင်ရတော့ မသန်းလည်း ဆင်းကောက်ချင်လိုက်တာ။ မသန်းက လက်ပံခေါင်းချဉ်ရည်ဆို သိပ်ကြိုက်တာလေ။ အဲ့တော့ တို့ဗုံကြီးသံလေးနဲ့ လက်ပံပွင့် သွားကောက်ရအောင်။ ကောင်မတွေ.. ညည်းတို့ရော လိုက်မယ်မလားဟေ့ဆိုပြီး ကျွန်တော်တို့ကို ခေါ်လိုက်ပါတယ်။ ကျွန်တော်တို့ကလည်း တောင်ရှည်ပုဆိုးတွေကို ထဘီလို ရင်ဘတ်မှာစည်း၊ ပုဝါလေးတွေကို ခေါင်းပေါ်မှာ ခြုံပြီး မိန်းကလေးတွေလို သရုပ်ဆောင်ရတော့တာပေါ့။ သူဆိုတဲ့သီချင်းက """"လိုက်ကြမလားဟေ့ သူငယ်ချင်းကောင်း ယောက်မတို့ရေ ....တို့ရွာဦးဆီက ပင်လက်ပံတွေတော့...ဆက်ရက်တွေ ငှက်တွေ တူစုံတွဲ ...လေမှာဝဲ ပွင့်လက်ပံတွေ .... မြေမှာကြဲ နည်းပါဘူးအေ ....သွားကောက်ကြပါစို့လေ ...."""""
သူ က,သလို ကျွန်တော်တို့က ကိုးရို့ကားယား လိုက်က,ကြရင်း သူမှန်တယ် ကိုယ်မှန်တယ်နဲ့ မိန်းမချင်းရန်ဖြစ်တဲ့ခွင် ဝင်ကြရပြန်ရော။ ပြီးလည်းပြီးရော ကျွန်တော်က "မမသန်း ...မမသန်း၊ ကျွန်မ ဟောဒီ မိဒီပါနဲ့ မတွဲချင်တော့ဘူး။ ဒီကောင်မ အကျင့်မကောင်းဘူးမမရဲ့ "
"ဟဲ့ ဘယ်လို အကျင့်မကောင်းတာလဲ"
"ဒီကောင်မက မိန်းမတန်မဲ့ ဘောလုံးပွဲလောင်းတယ် မမရဲ့"
"သူ ဘောလုံးပွဲလောင်းတာ ညည်း ဘယ်က မြင်ရတာတုန်း "
"ညီမလေး ဖဲရိုက်ရာက မြင်ရတာ "
" ဟုတ်တယ်မမ...ကျွန်မလည်း မယ်ချစ်နဲ့ မတွဲနိုင်တော့ဘူး ...ဒီကောင်မက အရက်သောက်တယ်မမရဲ့ "
"သူသောက်တာ ညည်းက ဘယ်ကမြင်တာတုန်း "
"ကျွန်မဘိန်းရှူရာက မြင်လိုက်တာ "
(ဒါက ဥပမာသဘော ရေးပြတာပါ။ တကယ်ဆိုရင်တော့ ဒီပြက်လုံးတွေက အချိန်တော်တော်ရတဲ့ ပြက်လုံးအမျိုးအစားတွေပါ။ )
ဂွင်ကုန်ပြီဆိုတော့မှ
"တော်ကြပါကွယ်...ညီမလေးတို့ကလဲ၊ ရာသီဥတုကလည်း တပေါင်းတန်ခူး မိုးသားကြူးသတဲ့။ ဟိုမှာ ကြည့်စမ်း၊ စနေထောင့်မှာ မိုးတွေတက်လာတာ တရိပ်ရိပ်နဲ့။ ကြည့်ကြစမ်း """ မိုး...မိုး...မိုး တိမ်အာကာလယ် ... ရွာလယ်ပြင်လမ်းမှာလ ...."""" အပိုဒ်ကို ဆိုပြီး က,ပြန်ပါရော။
အပြောက ပါပါ၊ ဝမ်းစာက ကောင်းကောင်း က,လိုက် ဆိုလိုက်ကြတာ လက်ရည်တစ်ပြင်တည်း နောက်ဆုံးအပိုဒ်လည်း ပြီးရော...မနက်၃နာရီထိုးတာပါပဲ။ ဆိုင်းနဲ့လည်း တီးလုံးမတိုက်၊ လူရွှင်တော်နဲ့လည်း ခွင်မချရဘဲ ဖြတ်သန်းလာခဲ့ရတဲ့ ဘဝအတွေ့အကြုံများကို လိုအပ်သလို ပါးနပ်စွာ အသုံးချသွားခဲ့တဲ့ ဒေါ်မျိုးချစ်သန်းရဲ့သမ္ဘာကြောင့် ကျွန်တော်တို့အငြိမ့်တစ်ဖွဲ့လုံး ကြီးမားတဲ့ပြဿနာတစ်ခုကို အောင်မြင်စွာ ကျော်လွှားနိုင်ခဲ့ကြပါတယ်။
နောက်နေ့ မနက်မိုးလင်းလို့ အငြိမ့်အဖွဲ့ ရွာက ပြန်ခါနီးမှာ ဒေါ်မျိုးချစ်သန်းအတွက် ဆန်အိတ်ပိုင်းတွေ၊ ဆီပုလင်းတွေ လက်ဆောင်လာပေးကြတယ်။ "နောက်လဲ လာကပါဦး။ တစ်ညထဲ ကြည့်ရတာ အားမရဘူး"တို့(နောက်တစ်ညငှါးပေမဲ့ ကျွန်တော်တို့က ပွဲကူးရှိနေလို့ လက်မခံခဲ့ပါဘူး)၊ "ဘုရားပွဲကျရင် လိုက်ခဲ့ဦး" တို့ စတဲ့ သံယောဇဉ်စကားတွေနဲ့ နှုတ်ဆက်ကြပါတယ်။ အဖွားကြီးတွေကတော့ မျက်ရည်လေးတစမ်းစမ်းနဲ့ပေါ့။
မနက်ရှစ်နာရီခွဲလောက်မှာ အငြိမ့်အဖွဲ့ကို ရွာက ထမင်းကျွေးပါတယ်။ ဟင်းတွေကို ဒီအချိန်ထိ ကျွန်တော်မေ့လို့မရတော့ပါဘူး။ ကြွက်ကြော်၊ လက်ပံခေါင်းချဉ်ရည်နဲ့ ငရုပ်သီးထောင်းတို့ဖြစ်ကြောင်းပါခင်ဗျား။
ချစ်စရာ ( လူရွှင်တော် )

Friday, December 11, 2020

လက်သုတ်စားခြင်း

0 comments

(လက်သုတ်စားခြင်း)

ကျနော့်သူငယ်ချင်းတယောက်၏အမေမှာ လက်သုတ်ရောင်းပါသည်။ လက်သုတ်ဟုဆိုရာ၌ အစုံသုတ် ခေါက်ဆွဲသုတ်နှင့် တို့ဟူးသုတ်များကို ဆိုလိုပါသည်။ သူတို့ဆိုင်မှ အသုတ်နှင့်တွဲစားသည့် ဗူးသီး ကြာဇံဟင်းခါးမှာ ငါးပနော်အခပ်များတပုံတမနှင့် ငရုပ်ကောင်းနံ့ တထောင်းထောင်းထကာ အလွန်သောက်ကောင်းပါသည်။

 

ကျနော့်သူ့ငယ်ချင်းမှာ ညီအကိုမောင်နှမ ခြောက်ယောက်ရှိပြီး သူငယ်ချင်းက စတုတ္ထမြောက်ဖြစ်ပါသည်။ သူငယ်ချင်း ၄ တန်းကျောင်းသား အရောက်တွင် သူတို့အဖေမှာ လူ့ဘဝကိုငြီးငွေ့သည်ဆိုကာ ဘုန်းကြီး အပြီးဝတ်သွားပါသည်။ ထိုအချိန်မှစ၍ သူငယ်ချင်းအမေမှာ လက်သုတ်သည်ဖြစ်လာပါသည်။ အကြီးဆုံးသမီး အိမ်ထောင်ကျသည်မှတပါး ကျန်သားသမီးများမှာ ကျောင်းသားများချည်းဖြစ်သဖြင့် အိမ်စီးပွားရေးကျပ်တည်းပြီး ကသီလင်တလည်း နိုင်ပါသည်။ သို့သော် မနက်တိုင်းဆွမ်းခံကြွသည့် သူ့ယောက်ျား(ဟောင်း) ဦးပဥ္ဇင်းကို ဆွမ်းမှန်မှန်လောင်းပါသည်။ ဝတ်မပျက်ပါ။

 

လက်သုတ်ဆိုင်မှာ မြို့ကလေး၏လမ်းဆုံပန်းခြံ ခြံစည်းရိုးကို ကပ်ဖွင့်ထားပါသည်။ ဆိုင်မှာ စားပွဲကြီးတလုံး ခုံတန်းရှည်တခုနှင့် အမိုးမှာ တာလပတ်စကို ဝါးလုံးများနှင့်တွဲကာ အရှင်ဆင်ထားခြင်းဖြစ်ပါသည်။ ဆိုင်ဖွင့်ချိန်မှာ နေ့လည် ၂ နာရီ လောက်မှဖြစ်ပြီး ည ရှစ်နာလောက်ဆိုလျှင် သိမ်းပါသည်။ စောစောကုန်သည့်နေ့များဆိုလျှင် စောစောသိမ်းပါသည်။

 

ကျနော်သည် အစုံသုတ်အလွန်ကြိုက်သူဖြစ်ပါသည်။ ထို့ကြောင့် သူငယ်ချင်းအမေဆိုင်တွင် မကြာမကြာ သွားသွားစားတတ်ပါသည်။ တပွဲမှ ငါးမူးသာပေးရပါသည်။ ကျနော့် တရက် ကျောင်းမုန့်ဖိုးမှာ တမတ်ဖြစ်သဖြင့် အစုံသုတ်တခါစားဖို့ နှစ်ရက်စုရပါသည်။ အစုံသုတ်ဆိုသည်မှာ ခေါက်ဆွဲနည်းနည်း၊ ကြာဆံနည်းနည်း၊ တို့ဟူးနည်းနည်း၊ ထမင်းငရုပ်ဆီဆိုးနည်းနည်း၊ ဂေါ်ဖီစိမ်း၊ ပဲပင်ပေါက်ရေနွေးဖျော၊ ကျောက်ပွင့် စသည်တို့အား ပဲအကျက်မှုန့် မန်ကျည်းနှစ် ငံပြာရည် ငရုပ်သီးမှုန့် ကြက်သွန်ဆီချက်များနှင့် ရောနယ်ကာ ရှောက်ရွက်လေး အုပ်ထားသည့် လက်သုတ်ဖြစ်ပါသည်။ ကျနော်က မန်ကျည်းနှစ်ရွှဲရွှဲ ပဲမှုန့်နိုင်းချင်းနှင့် ချယ်ငန်စပ်ကလေး ကြိုက်ပါသည်။

 

ထိုစဉ်က လက်သုတ်သယ်များမှာ ယခုခေတ်လို ပလပ်စတစ်အကြည် လက်အိတ်များမစွပ်ပါကြပါ။ လက်ဗလာနှင့်ပင် လက်သုတ်ကို နယ်ပါသည်။ နယ်ဖတ်၍ သမသလောက်ရှိလျှင် လက်တချောင်းချောင်း၏အဖျားကို စုပ်ကြည့်ကြ ပါသည်။ စုပ်ကြည့်၍၊ အရသာက မှာသူအကြိုက်မဟုတ်သေးဟုထင်လျှင် လက်ကို ရေအင်တုံကြီးထဲတွင် နှစ်ဆေးပြီး လိုအပ်မည့် အရသာများထပ်ထည့်ကာ ထပ်နယ်ပါသည်။ ဤတကြိမ်တွင်တော့ လက်စုပ်ပြီး အရသာခံမကြည့်တော့ပါ။ သေချာသွားပြီဖြစ်ပါသည်။

 

သူတို့ လက်နှစ်ဆေးသည့် ရေအင်တုံကြီးဆိုသည်မှာလည်း လက်ဆေးအင်တုံသက်သက်မဟုတ်ပါ။ စားပြီးသား ပန်းကန်များဆေးသည့် ပန်းကန်ဆေးအင်တုံကြီးလည်းဖြစ်ပါသည်။ ထိုအင်တုံကြီးထဲကရေတွင် စားကြွင်းစားကျန် မုန့်ဖတ်များ အစအနများ အဆီများဝေ့နေပြီး ပန်းကန်တိုက်သည့် ရေဖတ်စအဝတ်တခုလည်း ပေါလောမျော နေတတ်ပါသည်။  တခါတလေ စားသူကျပြီး ချက်ခြင်းမဆေးအားလျှင် ရေအင်တုံကြီးထဲတွင် ပန်းကန်တွေ လေးငါးဆယ်ချပ် ပုံနေတတ်ပါသည်။ စားကြွင်းစားကျန်တွေ သိတ်များလာ ဆီတွေသိတ်ဝေ့လာသည့်အခါ ရေအသစ်လဲပါသည်။ တော်ရုံတန်ရုံကတော့ ဒီအတိုင်းပဲ စားပြီးသားပန်းကန်တွေ နှစ်ဆေးလိုက် ရေပတ်ဝတ် တိုက်လိုက် လုပ်ကြပါသည်။ စားပြီးသားပန်းကန်တွေဇွန်းတွေကို ထိုအင်တုံကြီးထဲ အကြမ်းတထပ်နှစ်ဆေးပြီးမှ ရေသန့်သန့်ထည့်ထားသည့် အင်တုံငယ်ထဲတွင် တထပ် ထပ်ဆေးပါသည်။ ပြီးလျှင်ထပ်ထားပြီး နောက် စားမည့်သူများအတွက် အသင့်ပြင်ထားပါသည်။ 

 

စားသူများအနေဖြင့် တနေ့တနေ့ ပန်းကန်တချပ်တည်းတွင် လူဘယ်နှယောက် စားသွားမှန်းမသိနိုင်သလို အင်တုံကြီးထဲမှရေလည်း ဘယ်နှထပ်လဲမှန်း မသိပါ။ ထို့အတူ လက်ချောင်းများ ဘယ်နှကြိမ်စုပ်ပြီး လက်ဘယ်နှကြိမ်နှစ်ဆေးမှန်းလည်း မသိကြပါ။ သို့သော် ထိုသို့လုပ်မှန်းကိုမူ လူတိုင်းသိကြပါသည်။ လူတိုင်းသိသဖြင့် မသတီစရာ ရွံစရာအဖြစ် ဘယ်သူမှ မမြင်ကြတာတော့ အံ့ဩဖို့ကောင်းပါသည်။ စားနေကျဖေါက်သည်များ စားမြဲစားကြသလို ဖေါက်သည်သစ်များလည်း စဲသွားသည်မရှိပါ။ ထိုသို့လုပ်ကြသဖြင့် ရောဂါတခုခုကူးစက်သွားတာ ဝမ်းလျှောဝမ်းပျက်ဖြစ်တာတွေလည်း မကြားရပါ။

 

ခုခေတ်လူများ ကျန်းမာရေးနှင့် သန့်ရှင်းရေးတို့တွင် ကျွန်တော်တို့ခေတ်ကထက် ပိုဂရုတမထားလာကတော့ သေချာပါသည်။ ရောဂါဘယများ ပိုထူပြောလာ၍လည်း ဖြစ်ပါလိမ့်မည်။ “လက်သုတ်သည်တိုင်းလိုလို ပလပ်စတစ်လက်အိတ်လေးတွေစွပ်ပြီး နယ်ကြဖတ်ကြသည်၊ လက်စုပ်ပြီး အရသာခံကြည့်တာတွေလည်း မရှိတော့၊ ဆိုင်အတော်များများ တခါသုံး ပန်းကန်များဇွန်းများ သုံးလာကြသည်”ဟု ရန်ကုန်မှ မိတ်ဆွေတယောက်က ပြောပြပါသည်။ “ကောင်းတာပေါ့ဗျာ၊ သန့်ရှင်းတာပေါ့၊ ကျန်းမာရေးနဲ့ ညီညွတ်တာပေါ့”ဟု ပြန်ပြောရင်း ကျွန်တော်တို့ငယ်ငယ်က လက်သုတ်ဆိုင်များသည် မသန့်ရှင်း၊ ကျန်းမာရေးမနှင့် မညီညွတ်၊ မကောင်း”ဟု စိတ်ထဲခံစားမှုဖြစ်လိုက်ပါသေးသည်။

 

သို့သော် စိတ်သည် ငယ်ငယ်က သူငယ်ချင်းအမေ လက်ဗလာနှင့်နယ်ပြီး လက်ချောင်းဖျားလေးများစုပ် အရသာခံကြည့်သည့် အစုံသုတ်ကို တောင့်တမိသလို စာကြွင်းစားကျန်မုန့်ဖတ်များနှင့်အတူ ရေစိုအဝတ်ဖတ် ပေါလောမျောနေသော အဆီတဝေ့ဝေ့ရေအင်တုံကြီးကိုလည်း မျက်စေ့ထဲမြင်ယောင်လာပါသည်။ မသတီစရာ ရွံစရာဖြစ်လောက်ကြီးအထိတော့ ခံစားမှုမဖြစ်ပါ။ လွမ်းစရာ အောက်မေ့စရာအဖြစ်က ကဲပါသည်။

 

ခုနေ အကြောင်းသင့်၍ ဗမာပြည်လည်းပြန်လည်ဖြစ် လမ်းဘေးအသုတ်ဆိုင်တဆိုင်ဆိုင်လည်း ထိုင်စားဖြစ်လျှင် ဘယ်လိုအရသာရှိမည်မပြောတတ်သော်လည်း ငယ်ငယ်တုန်းက အသုတ်ဆိုင်တဆိုင်တွင်ရသည့် အရသာမျိုးရဦးတောင် ငယ်ငယ်ကရသမျိုး မရတော့မှာတော့ သေချာပါသည်။ 

မျိုးမြင့်ချို

ဒီဇင်ဘာ ၁၁။ ၂၀၂၀။

Monday, December 7, 2020

ပြည်ထောင်စု ပြဿနာ (အပိုင်း ၁၀)

0 comments

ပြည်ထောင်စု ပြဿနာ (အပိုင်း ၁၀)

(ရဲဘော်ကြင်မောင်)

ပြည်ထောင်စု ပြဿနာ (ပြည်သူ့အာဏာဂျာနယ် အမှတ် ၂၁ နဲ့ ၂၂ တွင် ဖော်ပြပါရှိပါတယ်)

 

နယ်ချဲ့ဆန့်ကျင်ရေးကိုဇောင်းပေးစဉ် ဘီအိုင်အေခေတ်က ရာဇာဓိရာဇ်ကိုပါ ထည့်ပေးခဲ့သည်။ ဘီအိုင်အေတပ်တွင် မွန်တွေ အများကြီး ပါနေသည်မဟုတ်လော ထို့ကြောင့် ဖာဖာထေးထေးလုပ်ခြင်း ဖြစ်သည်။

မည်သို့ပင် ဖာဖာထေးထေးလုပ်သည်ဖြစ်စေ ပြီးခဲ့သောသမိုင်းကို ပြင်နိုင်မည်မဟုတ်ပါ။ သမိုင်းကို ပြန်လှန်နေကြလျှင် အနာဟောင်းများသာ ကြွထလာလိမ့်မည်။ အားလုံးကျေနပ်အောင်လည်း လုပ်၍မရပါ။ ထို့ကြောင့် ပဒေသရာဇ် အစွဲအလမ်းများ အားလုံးကို ဖျောက်ရပါမည်။ အစွဲအလမ်းများရှိနေလျှင် သွေးကွဲရေးကိုသာ ဖြစ်ပေလိမ့်မည်။

ရှေ့ကတင်ပြခဲ့သလို စစ်အုပ်စုသည် လက်နက်နှင့်အန်တုဖူးသူများကို လက်စားချေချင်နေသည်။ လေးငါးသိန်းရှိသည့် တပ်ကြီးရှိခိုက် အသာစီးမှနေကာ အကြွေးဟူသမျှ ရှင်းချင်နေသည်။

စစ်အုပ်စု ဤသို့လုပ်နေလျှင် ပြည်ထောင်စုပြဿနာ မရှင်းနိုင်ယုံမက သံသရာတပတ်လည်ပြီး “ သီးခြားတိုင်းပြည် ၊ “ ခွဲထွက်ရေး ” အယူအဆများ ပြန်၍အားကြီးလာလိမ့်မည်။ ပြည်ထောင်စုပြဿနာလည်း ရှင်း၍ ရတော့မည်မဟုတ်ပါ။

နောက်အစွဲအလမ်းတခုက အမျိုးသားရေးနှင့်ပါတီရေးကို ခွဲခြားခြင်း ဖြစ်သည်။

အမျိုးသားရေးဆိုသည့် အတွေးအခေါ်မှာ ဓနရှင်ခေတ်ပေါ်စမှ ပေါ်သည့် အတွေးအခေါ်ဖြစ်သည်။ ဓနရှင်တွေးခေါ်မြော်မြင်မှုဖြစ်သည်။

ပဒေသရာဇ်ခေတ်က ဂျာမဏီပြည် ဟူ၍မရှိပါ။ ဂျာမန်လူမျိုးများ၏ ပဒေသရာဇ်တိုင်းငယ်ပြည်ငယ်ကလေးများ ၃ဝဝ ကျော် ရှိသည်ဟု ဆိုကြသည်။ ဟုတ်လိမ့်မည်။ ဗမာပြည်တွင်လည်း ထိုမျှလောက်ပင် ရှိခဲ့သည်ဟု ပြောရမည် ထင်သည်။

စစ်ကိုင်း၊ အင်းဝ၊ ပင်းယ တိုင်းပြည်များသည် တခေါ်သာဝေးသည့် တိုင်းပြည်များဖြစ်သည်။ အားလုံးကလည်း ဗမာများဖြစ်သည်။

ပဒေသရာဇ်ချင်းသာမက လူထုချင်းကလည်း ဆွေမျိုးတော်စပ်နေသည်။ သို့သော် တိုက်ချင်လျှင် ထတိုက်ကြသည်။ မိုးညှင်းမှရှမ်း၊ မဏိပူရမှကသည်းတို့နှင့်မဟာမိတ်ပြုပြီး တဖက်တိုင်းပြည်ကို တိုက်ချင်တိုက်သည်။

ယခု ရှမ်းပြည်ဟုခေါ်သောနေရာတွင်လည်း တိုင်းပြည်တွေအများကြီးရှိသည်။ ဗမာများက မိုးညှင်း၊ မိုးကုတ်၊ မိုးမိတ်၊ မိုးလို့ ခေါ်သော “ မိုး ” များသည်လည်းကောင်း၊ မိုင်းတုံ၊ မိုင်းလုံ၊ မိုင်းရှူး၊ မိုင်းနောင် ဟုခေါ်သော “ မိုင်း ” များသည်လည်းကောင်း တိုင်းပြည်များဖြစ်သည်။ ၁၉၅ဝ ခုနှစ်များအထိ အိမ်ခြေ သုံးလေးရာစီမျှရှိသော ကျောက်ဂူနှင့် နောင်လုံ မှ လူများက ကျောက်ဂူပြည်၊ နောင်လုံပြည်ဟု ခေါ်နေကြဆဲဖြစ်သည်။ လူမျိုးအရတော့ နှစ်နေရာစလုံး ရှမ်းများ၊ ဓနုများဖြစ်သည်။ နောင်လုံသားက ကျောက်ဂူသွားလျှင် ကျောက်ဂူပြည် သွားသည်ဟု ပြောကြသည်။ ဗမာ၊ ရှမ်းတွေသာ မဟုတ်၊ မွန်၊ ရခိုင်လည်း ထိုသို့ပင်ဖြစ်သည်။

ပဒေသရာဇ်တိုင်းသည် ထီးဆောင်းမင်းတို့၏ဘုရင်၊ တိုင်းပြည်တရာ၏မင်း ဘွဲ့ ခံလိုကြသည်။ တရာမပြည့် ပြည့်အောင် စစ်အင်အားရှိလျှင် နယ်ပယ်ချဲ့မည်။ မရှိလျှင်လည်း တရာပြည့်အောင် စာရင်းချမည်ဖြစ်သည်။

အထက်ဗမာပြည် ကွက်ကွက်ကလေးတွင်မင်းလုပ်သော မင်းတုန်းမင်းကို ရာပြည့်မင်းဟု မြှောက်သူက မြှောက်သည်။ မင်းတုန်းမင်းကလည်း ကျေနပ်သည်။ မြှောက်သူရောဘုရင်ပါ စိတ်မသိုးမသန့် မဖြစ်ကြပါ။ ဤမျှရေးနေရခြင်းမှာ ပဒေသရာဇ်ခေတ်က အမျိုးသားရေးစိတ်မရှိကြောင်း တင်ပြလို၍ဖြစ်သည်။ ယခု စစ်အုပ်စုခေတ်တွင် ပါတီရေးနှင့်အမျိုးသားရေးကို ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်ဘက်ဖြစ်လေဟန် ပြောနေကြသည်ကိုလည်း ကွန်မြူနစ်များသဘောမတူပါ။

ပါတီရေးလုပ်လေတိုင်း အမျိုးသားရေးနှင့်ဆန့်ကျင်သည်မဟုတ်ပါ။ ဘာလုပ်သလဲဆိုတာက အခရာကျသည်။

နအဖက သူတို့ကို အမျိုးသားရေးဦးဆောင်မှုအခန်းပေးရမည်ဟု ပြောနေသည်။ စစ်အုပ်စုလုပ်တာမှန်သမျှ အမျိုးသားရေး၊ ဒီချုပ်လုပ်တာမှန်သမျှပါတီရေးဟု ပြောချင်နေသည်။

ကွန်မြူနစ်တို့အမြင်အရဆိုရလျှင် စစ်အုပ်စုက လုပ်သည်ဖြစ်စေ၊ ဒီချုပ်က လုပ်သည်ဖြစ်စေ ဗမာပြည်၏ အဆင့်နေရာကို နိမ့်ကျအောင်လုပ်လျှင် အမျိုးသားဆန့်ကျင်ရေးဖြစ်သည်ဟု မြင်သည်။ တိုင်းပြည်အဆင့်နေရာ မြင့်တက်အောင်လုပ်လျှင် မည်သူလုပ်လုပ် အမျိုးသားရေးတာဝန်လုပ်သည်ဟု ယူဆသည်။

 

နိဂုံး

အစီရင်ခံခဲ့တာ များလှပြီ။ အောက်ပါအတိုင်း နိဂုံးချုပ်ပါသည်။

ပြည်ထောင်စုစစ်စစ်ထူထောင်ရေးနှီးနှောပွဲတွင် ပြည်ထောင်စုမှုကိုလက်ခံသူများသာ ပါသင့်သည်။ သားသတ်လိုင်စင်စီ ကဇော်သမားကို “ ငါးပါးသီလမြဲရေး ” အစည်းအဝေး မဖိတ်သင့်သလို ပြည်ထောင်စုစစ်စစ်တည်ဆောက်ရေး နှီးနှောဖလှယ်ပွဲတွင် စစ်အုပ်စုကို မဖိတ်သင့်ပါ။ စစ်အုပ်စုက ငါတို့လည်းပါချင်သည်ဟုပြောလျှင် နှီးနှောဖလှယ်ပွဲဦးစီးကျင်းပသည့် အာဏာပိုင်က သူ့အဖွဲ့ထဲထည့်ပြီး ခေါ်လာလို့ရသည်။ ဦးနုတုန်းက သူ့သန့်ရှင်းအဖွဲ့လည်း မပါ၊ အစိုးရအဖွဲ့ကိုယ်စားလှယ်လည်း မပါဘဲ ပြည်ထောင်စုအခြေခံဥပဒေ ပြင်ဆင်ရေး နှီးနှောဖလှယ်ပွဲလုပ်ခြင်းသည် မှားသည်။ (သူကလည်း နိုင်ငံရေးကစားချင်၍သာ၊ မဲရရေးမှီခိုခဲ့ရ၍သာ နှီးနှောဖလှယ်ပွဲ လုပ်ပေးခြင်းဖြစ်သည်။ မရိုးသားပါ။ စေတနာကောင်း မရှိခဲ့ပါ။)

ဤတွင် “ စစ်အုပ်စု ” ဆိုသည်မှာ - - နှင့်ပတ်သက်သော ကျွန်တော်တို့ အဓိပ္ပာယ်ဖွင့်ချက်ကို တင်ပြပါမည်။

စစ်အုပ်စုဆိုသည်မှာ နိုင်ငံတော်ကာကွယ်ရေး စစ်တပ်အတွင်း တာဝန်ထမ်းဆောင်နေရင်း နိုင်ငံရေးလုပ်နေသူများကိုဆိုလိုခြင်း ဖြစ်သည်။ တော်လှန်ရေးကောင်စီ၊ မဆလအလုပ်အမှုဆောင်၊ နဝတ၊ နအဖ မည်သည့်နာမည်ယူထားထား တာဝန်ထမ်းဆောင်ဆဲ အစိုးရဝန်ထမ်းက နိုင်ငံရေးလုပ်နေခြင်းကို ဆိုလိုသည်။

စစ်အုပ်စုက အင်အားစုတခုအဖြစ် နှီးနှောဖလှယ်ပွဲတွင်ပါနေလျှင် နှီးနှောပွဲတက်သော တခြားပါတီများ အင်အားစုများက ရိုက်မစစ်ရဘဲ ဖော်ကောင်လုပ်နေရသလို ဖြစ်လိမ့်မည်။

ဒီမိုကရေစီရှိသည်ထင်ပြီး စွတ်ပြောကြလျှင် ဒုက္ခတွေ့မည်။ စဝ်ရွှေသိုက်၊ စဝ်ခွန်ချို၊ စဝ်ကြာဆိုင်တို့နမူနာထက် ပိုဆိုးလိမ့်မည်။ သူတို့ မကြိုက်တာပြောမိလျှင် အာဏာသိမ်းလိမ့်မည်။ သူတို့လုပ်နေသော “ အမျိုးသားညီလာခံ ” မျိုးဆိုလျှင်လည်း အဓိပ္ပာယ်မရှိ။ ဒီချုပ် သပိတ်မှောက်သလို မှောက်ရလိမ့်မည်။

နောက်ရှင်းစရာက စစ်အုပ်စုဝင်ဟောင်းများပြဿနာ ဖြစ်သည်။ အကျယ်တင်ပြစရာ မရှိပါ။ ဒီချုပ်နှင့် တစညတို့ကိုပဲ ကြည့်ပါ။ သူတို့သည် စစ်တပ်ကထွက်လာပြီး နိုင်ငံရေးလုပ်နေကြခြင်းဖြစ်သည်။ ကြိုဆိုပါသည်။

န၀တ နအဖ လက်ထက်တွင် စစ်အုပ်စုဝင်ဟောင်းများချည်း နိုင်ငံရေးလုပ်နေကြသည် မဟုတ်လော။ သူများတွေ ထောင်ထဲတွင် အရိုးထုတ်ရမလိုဖြစ်နေခိုက် သူတို့သာ ဘေးကင်းရန်ကင်းဖြစ်နေသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် အလွန်နီးစပ်သော ဗိုလ်တင်ဦး တယောက်သာ ထောင်ထဲရောက်သည်။ နျူရင်ဘာ့ဂ်ဟု အာချောင်မိသော ဗိုလ်ကြည်မောင် စတိသဘော ထောင်ထဲရောက်သည်။ စိတ်မဆိုးဘဲ ကျွဲမြီးတိုသော ဗိုလ်ခင်ညွန့်ပညာပြလိုက်ခြင်းဖြစ်လိမ့်မည်။ နောက်တော့ ဗိုလ်ကြည်မောင် လေသံပျော့သွားသည်။ သူလည်း “ သက်တော်ရှည်ဝန်ကြီး ” လက်မှတ် ရလိုက်ဟန်ရှိ၏။

အောင်ကြီး အမေရိကန်ထွက်ပြောတာမျိုး ဒီချုပ်ရောက်ဗိုလ်များ ပြောကြည့်ပါ။ “ သက်တော်ရှည် ” ဘဝက လျှောကျမည် မလွဲပါ။

တစည သည်လည်း တပ်ထွက်စစ်ဗိုလ်တွေဖြစ်သည်။ သူတို့နိုင်ငံရေးလုပ်တာ ကြိုဆိုသည်။ သူတို့အခုလုပ်နေတာ သိပ်အားမရလို့ များများကြေညာချက်ထုတ်ပါ၊ များများပြောပါဟုပင် ဗကပ က အားပေးနေသည်။

န၀တ နအဖ ဗိုလ်ချုပ်ကြီး၊ ဒု ဗိုလ်ချုပ်ကြီးများကိုလည်း အထူးတလည် ပန်ကြားလိုပါသည်။ တပ်ကထွက်ပြီး နိုင်ငံရေးလုပ်ကြပါ။ ပြည်ထောင်စုစစ်စစ်ဖော်ထုတ်ရေး နှီးနှောဖလှယ်ပွဲတက်ပြီး တိုင်းပြည်အတွက် ပြောကြဆိုကြ အကြံပေးကြပါဟူ၍။

၁၉၄၅ ကတည်းက ဗမာပြည်နိုင်ငံရေးလောက အသွင်ပြောင်းခဲ့ပါသည်။ တော်လှန်ရေးသမားတွေ၊ စစ်ဗိုလ်ဟောင်းတွေပဲ နိုင်ငံရေးလောကတွင် တွင်ကျယ်သည်။ ခေတ်ဟောင်းနိုင်ငံရေးသမားများ ဘေးထိုင်ဘုပြောဖြစ်သွားသည်။

ယခု နှစ်ပေါင်း ၅၇ နှစ်ရှိသောအခါ ထိုမျိုးဆက်ပြတ်တော့မည်။ မျိုးဆက်သစ်ခေတ်တွင် ဗိုလ်ချုပ်ကြီးများ တပ်ထွက်ပြီး နိုင်ငံရေးလောကသို့ ဝင်သင့်ပါကြောင်း တင်ပြရင်း အစီရင်ခံစာကို နိဂုံးချုပ်ပါသည်။

(အစီရင်ခံစာ ၂ စောင်တွင် ပြဿနာများအားလုံး ပြွတ်သိပ်နေအောင် ထည့်ပေးပြီးဖြစ်၍ နောက်ထပ်အစီရင်ခံစာရေး တင်ပြရန် မရှိတော့ပါ။)

 

ပြည်ထောင်စု ပြဿနာ (အပိုင်း ၉)

0 comments

ပြည်ထောင်စု ပြဿနာ (အပိုင်း ၉)

(ရဲဘော်ကြင်မောင်)

ပြည်ထောင်စု ပြဿနာ (ပြည်သူ့အာဏာဂျာနယ် အမှတ် ၂၁ နဲ့ ၂၂ တွင် ဖော်ပြပါရှိပါတယ်)

 

ကျွန်တော်တို့ သတိပြုသင့်သည်မှာ ထောက်လှမ်းရေး၏တာဝန်မှာ ထောက်လှမ်းရန်သာဖြစ်သည်။ သူတို့က လက်နက်မဲ့ရွာသားနှင့် မြို့ပေါ်မှယူဂျီ ဖမ်းနိုင်သည်။ သူတို့ ခြေနိုင်လက်နိုင်ဆိုလျှင် သူတို့လုပ်လိမ့်မည်။ လက်နက်အပြည့်အစုံ တပ်ဆင်ထားသော တိုက်ရည် ခိုက်ရည်ဝနေသော တပ် တတပ်ကို ချေမှုန်းချင်လျှင် သူက ထောက်လှမ်းရေးသတင်းပေးပြီး စစ်တပ်ကိုင်ထားသူ တပ်မှူးကိုသာ တင်ပြရသည်။

ထလရ ဗိုလ်ခင်ညွန့်နှင့် တပ်မှူး ဗိုလ်မောင်အေး ပူးပေါင်းပြီး “ စစ်ဦးစီးမှူး ” လီညီမွန်၊ “ ပြည်သူ့အသံ ” ကိုရဲအောင်ဦးစီးသည့် အင်အားသုံးလေးရာတပ်ကို တယောက်မကျန်လုပ်ကြံ ချေမှုန်းလိုက်ခြင်းဖြစ်သည်။ ဗိုလ်ခင်ညွန့်အစအဆုံးသိသည်။ “ ငြိမ်းအဖွဲ့ မှ လက်နက်ကိုင်တပ်များ ဘယ်ရောက်ပြီး ဘာလုပ်နေသည်ကို အမြဲထောက်လှမ်းပြီး ဗိုလ်ခင်ညွန့်သို့ သတင်းပို့နေရခြင်းဖြစ်သည်။ အချိန်နှင့်တပြေးညီ တင်ပြနေရခြင်းဖြစ်သည်။

လက်နက်ကိုင်တပ် မပြောနှင့် အတိုက်အခံခေါင်းဆောင်များ၏ လှုပ်ရှားမှုတိုင်းကိုပင် ထောက်လှမ်းသတင်းပို့နေရသည်။ ၁၉၈၈ - ၈၉ က ဗိုလ်အောင်ကြီး၏လှုပ်ရှားမှုကို ထောက်လှမ်းရေးက အစီရင်ခံတင်ပြပုံကို ဥပမာပြမည်။

အောင်ကြီး မေမြို့သို့ ဘယ်ကားစီးပြီး ရောက်လာသည်၊ ဘယ်မှာ တည်းသည်၊ ဘယ်အချိန် မီးပိတ်ပြီးအိပ်သည် ထင်ရသည်၊ မနက်ဘယ်အချိန် ထွက်လာပြီး ဘယ်သွားသည်၊ ဘယ်သူ့ကို လက်ပြနှုတ်ဆက်သည်၊ ဘယ်အိမ်ဝင်သည် စသဖြင့် ခြေလှမ်းတိုင်း၊ လှုပ်ရှားမှုတိုင်းကို ထောက်လှမ်းရေးဗဟိုသို့ သတင်းပို့နေသည်။

ကျွန်တော်တို့ ရဲဘော်(ဟောင်း) များက လားရှိုးသို့သွားပြီး ဘယ်လိုအာဏာသိမ်းမည်၊ ဘယ်မှာတပ်တွေစုထားသည် ဆိုသည်ကို အသေးစိတ် ထလရသို့ သံတော်ဦးတင်ကြသည်။ ထိုသတင်းကို ဗိုလ်ခင်ညွန့်က သတင်းထိန်ချန်ထားချင်၍ မရပါ။ ဗိုလ်မောင်အေးကို ပေးရသည်။

ဗိုလ်မောင်အေးက တပ်စုစည်းကာ ချေမှုန်းလိုက်ခြင်းဖြစ်သည်။ လွယ်လှသည်။ လက်နက်ကိုင်တော်လှန်ရေးကာလက ဤမျှ အထိနာသောဆုံးရှုံးမှုမျိုး မရှိခဲ့ဖူးပါ။ ကျွန်တော်တို့က တော်လှန်ရေးသံယောဇဉ်ဖြင့် နာကျည်းကြေကွဲရသည်။

၁၉၆၂ ခုနှစ် အာဏာသိမ်းကတည်းက စစ်အုပ်စုတွင်းဆက်ဆံရေးနှင့်ပတ်သက်ပြီး နေဝင်းက စနစ်တခု လုပ်ထားသည်။ တယောက်အလုပ် တယောက် ဝင်မစွက်ရ (ဘုရင်က နယ်စားပယ်စားပေးသလိုမျိုး)၊ ဝင်စွက်လျှင် သူ့ကိုပြော၊ သူကအရေးယူမည်။ သူက ထလရများထားပြီးလည်း သတင်းယူသည်။ နံပါတ်တစ်လုပ်နည်းမှာ ဤအတိုင်းဖြစ်သည်။

ဗိုလ်စောမြင့်ကို အောင်ကြီးနှင့်နီးစပ်သည်ဟု ထင်သောအခါ အမှုရှာ ထုတ်ပစ်လိုက်သည်။ မည်မျှပင်သန့်ရှင်းသူဖြစ်စေ အမှုရှာလို့ ရသည်ချည်းဖြစ်သည်။ ဒီချုပ်ဗိုလ်တင်ဦးအပေါ် အမှုရှာတာ၊ တခြားသူများအပေါ် အမှုရှာခဲ့တာကြည့်ပါ။

ခွေးအိုတော့ ခွေးမလေး၊ လူအိုတော့ လူမလေး ဖြစ်သွား၍သာ အခုနေဝင်း ခံလိုက်ရခြင်း ဖြစ်သည်။

နေဝင်းနည်းကို ဗိုလ်စောမောင်၊ ဗိုလ်သန်းရွှေ လုပ်ချင်လည်း လုပ်မရပါ။ နဝတ - နအဖခေတ်တွင် နယ်စားပယ်စားများသည် တိုင်းပြည်ချင်း ဆက်ဆံသလို ကြီး (၅) ချက် အရ ဆက်ဆံနေကြသည်။ လီညီမွန်ကိစ္စတွင် ငြိမ်းအဖွဲ့တွေအကြား ဗိုလ်ခင်ညွန့် ဩဇာကျသည်။ မတတ်နိုင်။

ခွဲထွက်များသာမက အမေရိကန်၊ ထိုင်း အိမ်နီးချင်းအားလုံးက ဗိုလ်မောင်အေးသာ (in charge)ဖြစ်သည်ဟု သိသွားသဖြင့် ထိုင်းက ဗိုလ်မောင်အေးကို မရမကဖိတ်သည်။ သူပြန်လာတော့ ဗိုလ်ခင်ညွန့်က ခွဲထွက်များကို ဝက်အူရစ်တင်းသည်။ သတင်းစာများတွင် UWSA. ဖုန်ကြားစင်း ညွှန်ကြားလွှာများ တွေ့လာရသည်။

ရှေ့တွင် ပြောခဲ့ပြီ။ ခွဲထွက် “ ခေါင်းဆောင် များသည်(တက်သည့်အစိုးရ တို့အစိုးရ လုပ်မည်ဟု) တင်ပြပြီးပြီ။ ယခု နောက်ပွင့်မည့် “ မင်းဘုရား ” ကိုးကွယ်ကြလိမ့်မည်။

ခွဲထွက် ခေါင်းဆောင်များ ဟု သုံးပါသည်။ တဖွဲ့လုံးဟု မသုံးပါ။ ဤနေရာတွင် ကိုယ့်ကိုယ်ကို ဝေဖန်ရေးလုပ်ရမည်။ ခွဲထွက် အောက်ခြေရဲဘော်များ အပေါ် ပါတီက တာဝန်မကျေခဲ့ပါ။

အလွန်ပညာဆန်သော မာ့က်စ်ဝါဒ ကွန်မြူနစ်ဝါဒကို နားလည်လိုလျှင် စာတတ်ရသည်။ ကျွန်တော်တို့ အနှစ် ၂၀ အတူနေခဲ့ပြီး သူတို့ကို စာတတ်သူများ (၀စာ၊ ဗမာစာ၊ တရုတ်စာ ဘာစာမဆို တခုခု) တတ်အောင် မလုပ်နိုင်ခဲ့ပါ။

ကျေးလက်တွင်အခြေခံလျှင် ပါတီ၏ အသွေးအရောင် (သတိမထားလျှင်) ညံ့သွားတတ်သည်။ တပ်မှူးက ပဒေသရာဇ် အတွေးအခေါ် ဝင်ပြီး အောက်ခြေက ကျေးစိတ်ကျွန်စိတ် ဝင်တတ်သည်။ စာတခုခုတတ်အောင်သင်ထားလျှင် သူတို့ ကျေးစိတ်ကျွန်စိတ်ဝင်ရန် ခဲယဉ်းသည်။ အချို့သော ရဲဘော်ဟောင်းများ မူးယစ်ဆေးစွဲ၊ အေအိုင်ဒီအက်စ်ဖြစ် ဟူသောသတင်းများကြားရလေ ယူကျုံးမရဖြစ်ရလေ ဖြစ်၏။

ယခုလည်း အခြားနေရာများတွင် ထိုသို့အချင်းချင်း ရန်ငါပဋိပက္ခဖြစ်အောင်၊ အာဏာသိမ်းအောင် သွေးခွဲနေကြသည်။ သတိ ရှိသင့်ကြသည်။ ဗမာလူမျိုးကြီးဝါဒသမားများသည် လက်နက်ဖြင့်အန်တုဖူးသော မည်သည့်လူမျိုးစုတပ်ဖွဲ့ကိုမဆို အာဃာတထားသည်။ အခွင့်သာလျှင် တပ်လုံးပြုတ် ချေမှုန်းလိုကြသည်ဟု သတိပေးလိုသည်။

ငြိမ်းအဖွဲ့” များဖြစ်အောင် စီးပွားရေးမက်လုံးပေးပြီး သိမ်းသွင်းခဲ့ခြင်းဖြစ်ရာ စီးပွားရေးမက်လုံးသည်ပင် စစ်အစိုးရ၏ သွေးခွဲရေးလက်နက် ဖြစ်နေသည်။ မူးယစ်ဆေး - ဘိန်းလုပ်မလား၊ ကုမ္ပဏီထောင်မလား၊ ကျောက်တူးဖော်ရေး လုပ်မလား၊ သစ်ကွက် ကန်ထရိုက်လုပ်မလား၊ သတ္ထုတူးလိုင်စင် ယူမလား၊ ကားအသင်းထောင်မလား၊ တိုက်ဝယ် မလားအထိ ထလရကို အားကိုးနေကြ ရသည်။ ထောက်လှမ်းရေးက လွယ်လွယ်သွေးခွဲ၍ရနေသည်။

အင်္ဂလိပ်ခေတ်၊ ဖဆပလခေတ်ကရှိခဲ့သည့် တောရှေ့နေအလုပ်မျိုး ထလရတပ်ဖွဲ့တိုင်းက လုပ်သည်။ တောရှေ့နေသည် ဘာဥပဒေမှ သင်မထား။ ဘာအာဏာမှလည်း မရှိ။ ဘယ်ကိစ္စ ဘယ်ရုံးသွားရမည်၊ လျှောက်လွှာ ဘယ်လိုတင်ရမည် သိသည်။ ဘယ်လိုအမှုမှာ ဘယ်သူအာဏာပိုင်သည်ကို သိသည်။

ထောက်လှမ်းရေးကလည်း တောရှေ့နေလိုပဲ သိသည်။ အာဏာပိုင်ဝန်ကြီး ဌာနများသို့ သူကပဲ ဦးဆောင်ခေါ်သွားလေ့ ရှိသည်။ လိုသူကိုအားပေး၊ မလိုသူကိုချောက်ချ လုပ်နိုင်သည်။ ဤနည်း “ မက်လုံးပေးခြင်းနည်း ” ဖြင့် သွေးခွဲနေသည်။

တောရှေ့နေဦးဆောင်ရသည်က ရွာသားအမှုသည် ဖြစ်သည်။ ထလရ ဦးဆောင်ရသည်က ဒေသအာဏာပိုင် ခွဲထွက်များဖြစ်သည်။ အာဏာပိုင်သူဖြစ်မှလည်း စီးပွားရေးလုပ်ငန်းလုပ်ရန် အရင်းအနှီးရှိနိုင်သည်။

အရင်းအနှီး စုဆောင်းတာကတော့ ဘိန်း မူးယစ်ဆေးလုပ်ငန်းဖြင့် စုနိုင်သည်။ တိုတိုရှင်းရှင်းပြောလျှင် “ လော်စစ်ဟန်လမ်းစဉ် ” ဖြစ်သည်။ ကန်ထရိုက်/လိုင်စင်ရှိလျှင် အစုစပ် ဝင်ချင်သူ အများကြီးရှိသည်။

လော်စစ်ဟန်ကို အောင်ကြီးတို့လူစု မွေးစဉ်က လော်စစ်ဟန်မှာ ကိုယ်ပိုင်လက်နက်ကိုင်တပ်ကလေးရှိသည့် သာမန်ဘိန်းသမားဖြစ်သည်။ စစ်အုပ်စုအဆက်ဆက်နှင့်တွဲရင်း တပည့်ခံရင်း လုပ်ငန်းပေါင်းစုံလုပ်သော လုပ်ငန်းရှင်ကြီး ဖြစ်လာသည်။

ငြိမ်းအဖွဲ့” ခေါင်းဆောင်များကိုလည်း စစ်အုပ်စုက လော်စစ်ဟန်ကို တွဲခေါ်သလို ခေါ်နေခြင်းဖြစ်သည်။ သို့သော် ငြိမ်းအဖွဲ့ နှင့် လော်စစ်ဟန်” အခြေခံချင်း မတူကြပါ။ ကြီးမားသောကွဲလွဲချက် ရှိနေသည်။

ကွဲလွဲချက်ကိုသိရန် သမိုင်းကို လှန်မည်။ တချိန်က လော်စစ်ဟန် ဖုန်ကြားစင်းပါ ကိုးကန့်စော်ဘွားလက်နက်ကိုင်တပ်မှ ဖြစ်သည်။

နောက်ကျတော့ တယောက်က စစ်အုပ်စုနောက်လိုက် ဖြစ်သွားပြီး တယောက်က ဗကပတပ်ထဲ ရောက်သွားသည်။ ဗကပထဲ ရောက်တာ ခဏမဟုတ်၊ နှစ်၂၀ ကျော်သည်။

လားရှိုးရောက်သည့်ဗိုလ်များက လော်စစ်ဟန်ကို ကွန်မြူနစ်ဆန့်ကျင်ရေး အမာခံအဖြစ် မြှောက်စားကြသည်။ သူတို့အကျိုးလည်းရှိ၍ အလွန်မြှောက်စားသည်။ သာမန်ဘိန်းကုန်သည်ကနေ သူဌေးကြီး ဖြစ်သွားသည်။

လော်စစ်ဟန်၏ဆရာက များသည်။ ဗိုလ်အောင်ကြီးဦးစီးသည့် ဆိုရှယ်လစ်ဗိုလ်များကစပြီး နောက်ဆုံး လားရှိုးတိုင်းမှူးအထိဖြစ်သည်။

ထိုတိုင်းမှူးများ ဝန်ကြီးတွေ၊ သမ္မတတွေဖြစ်ကြတော့ လော်စစ်ဟန်၏ စီးပွားရေးအင်ပါယာ ကျယ်ပြန့်လာသည်။ လော်စစ်ဟန်သည် တယောက်တည်း၏ တပည့် မဟုတ်ပါ။ လားရှိုးရောက်သည့် ဗိုလ်တိုင်းက အင်္ဂလိပ်သစ်လုပ်ငန်းမန်နေဂျာများ “ ဘိုကတော် ” လွှဲနည်း လွှဲသွားကြ၍ အားလုံး၏တပည့်ဖြစ်သည်။

အင်္ဂလိပ်မန်နေဂျာများသည် ဗမာပြည် စရောက်ရောက်ချင်း တောမယား ယူကြသည်။ လူမျိုးစုအမျိုးသမီးများ “ ဘိုကတော် ” ဖြစ်ကြသည်။ မန်နေဂျာဟောင်း ဘိလပ်အပြီးပြန်လျှင် နောက်ရောက်သည့် မန်နေဂျာသစ်ကို “ ဘိုကတော် ” အား လွှဲပေးခဲ့သည်။ လက်ပြောင်းလက်လွှဲ အများကြီးအလုပ်ခံရသော “ ဘိုကတော် ” သည် ထိုဒေသ၏ အကြီးဆုံးသူဌေး ဖြစ်ကျန်ရစ်သည်။ အရွယ်ကျသွား၍ “ ဘိုကတော် ” ဖြစ်သွားလျှင်လည်း မပူပင်ရတော့ပါ။

လော်စစ်ဟန်ကိုလည်း စစ်အုပ်စုဝင်များ ဘိုကတော်လွှဲသလို လွှဲပေးခဲ့ကြ၍ ဗမာပြည်တွင် အကြီးဆုံးသူဌေး ဖြစ်နေသည်။

(ဖုန်ကြားစင်းသည် လော်စစ်ဟန်ကို အားကျသည်၊ အမှီကောင်းရသွားသူဟု ထင်သည်။ ဖုန်ကြားစင်းခွဲထွက်တော့ လော်စစ်ဟန်သားအဖ လာပြီး စစ်အုပ်စုနှင့် ခင်ညွန့်နှင့် အောင်သွယ်ပေးခဲ့ခြင်းဖြစ်သည်။)

ဗကပတပ်ထဲရှိစဉ်က ဖုန်ကြားစင်းကို စစ်အုပ်စုက “ ဖွတ်ကြားရှင် ” ဟု ခေါ်သည်။ “ ငြိမ်းအဖွဲ့ ” ဖြစ်သောအခါ “ ဦးဖုန်ကြားရှင် ” ဖြစ်လာသည်။ ဘယ်တော့ ဖွတ်ကြားရှင်ပြန်ခေါ်မည် မပြောတတ်ပါ။

ငြိမ်းအဖွဲ့” ခေါင်းဆောင်များနှင့် စစ်အုပ်စု တူတာတခု ရှိသည်။ ၎င်းမှာ အာဏာကိုင်ပြီး စီးပွားရေးလုပ်ကြခြင်းဖြစ်သည်။ ထို့ကြောင့် အာဏာကိုအမိအရ ကိုင်ထားရသည်။ အာဏာမရှိလျှင် ဘာမှမရှိနိုင် - ရှိထားတဲ့ စီးပွားရေးအားလုံး ဆုံးရှုံးရမည်ကိုသိ၍ အာဏာရထားသူက အာဏာကို လက်မလွတ်ရေး၊ အာဏာမရသူကလည်း အာဏာရရေး။ ဤပဋိပက္ခ အမြဲရှိနေမည်။ အာဏာ လက်လွတ်သွားသူက အာဏာပြန်ရရေး (နေဝင်း လုပ်သလို) ပဋိပက္ခလည်း ရှိသည်။

ကိုးကန့်၊ မုံးကိုးအဖွဲ့မှာ ထလရကို မှီခိုနေရရာ ထလရက သူတို့အတွင်းရေးကို မသိချင်တဆုံးဖြစ်သည်။ နောက်ဆုံးတွင် အချိန်ကျ လာသောအခါ ပဋိပက္ခ ဘက်နှစ်ဘက်စလုံးကို ချေမှုန်းပစ်လိုက်သည်။ ဗကပဗဟိုက လုပ်ပေးသလို စေ့စပ်ပေးနေမည်မဟုတ်။

ယခုအထိ မုံးကိုးမှ လက်နက်ကိုင် လက်ကျန်များက ဗိုလ်ချုပ်ခင်ညွန့်မသိလိုက်လို့ ဖြစ်သွားတာ။ ဗိုလ်ချုပ်မောင်အေးလုပ်လို့ ခံလိုက်ရတာဟု ထင်နေဆဲဖြစ်သည်ဟု ကြားရသည်။ သူတို့သည် ဗမာလူမျိုးကြီးဝါဒီစစ်အုပ်စုနှင့် ၁၀ နှစ်ပဲ ဆက်ဆံခဲ့ရသူများ ဖြစ်သည်။ တန်းတူရည်တူလည်း ဆက်ဆံခဲ့ရခြင်းမဟုတ်၊ ညွှန်ကြားသူနှင့်ညွှန်ကြားခံ ဆက်ဆံရေး ဖြစ်သည်။ ဗကပ က နှစ် ၆၀ ဆက်ဆံခဲ့သည်။ နှစ် ၆ဝ ဟိုဘက်ကလည်း ကျောင်းနေဖက်များ၊ တမြို့တည်းသားများဖြစ်သည်။ တချို့ဆိုလျှင် ဆွေမျိုးသားချင်းတောင် တော်ကြသည်။ သူတို့စစ်အုပ်စုအကြောင်း ဗကပလောက်သိသူ မရှိပါ။

၁၉၄၇ ပင်လုံညီလာခံ ပျက်မလိုလိုဖြစ်တုန်းက အင်္ဂလိပ်က ရှမ်းပြည်ကို သီးခြားတိုင်းပြည်အဖြစ်ဖွဲ့ပေးခဲ့လျှင် တိုက်ပစ်ရမည်ဟု ပြောနေကြသူများဖြစ်သည်။ ရှမ်းပြည်မှ ပြည်ချစ်ပုဂ္ဂိုလ်များကျေးဇူးကြောင့်သာ ပြည်ထောင်စုတခု ပေါ်ခဲ့ခြင်းဖြစ်သည်။ အခါအခွင့်သင့်တိုင်း ကွန်မြူနစ်များက ထိုပြည်ချစ်ပုဂ္ဂိုလ်များကို ချီးကျူးဂုဏ်ပြုနေမည် ဖြစ်သည်။

စစ်အုပ်စုသည် လူမျိုးစုများအပေါ် အစွဲအလမ်းရှိသည်။ လက်နက်ကိုင်ပြီး အန်တုခဲ့သူများအပေါ်တွင်ကား အစွဲအလမ်းသာမက ရန်ငြိုးပါရှိသည်။ ဤအချက်ကို လူမျိုးစုတိုင်း မမေ့သင့်။

(ဗမာလူမျိုးကြီးဝါဒ၏အစွဲအလမ်းများ)

အကြီးဆုံးအစွဲအလမ်းမှာ အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်းဘုရား အစွဲအလမ်းဖြစ်သည်။ နဝတ - နအဖ အစိုးရက အမွှမ်းတင်လွန်းသည်။ အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်းဘုရားတို့ကို လွန်လွန်ကျူးကျူး အမွှမ်းတင်လွန်းလျှင် ဗမာလူမျိုးက ကျေနပ်နိုင်မည်ဖြစ်သော်လည်း မွန်၊ ရခိုင်တို့က အနာဟောင်းဆွပေးသလို အခံရခက်ကြမည်။

စစ်အုပ်စုက တမင်လုပ်နေခြင်းဖြစ်သည်ဟု ကွန်မြူနစ်များကထင်သည်။ စစ်အင်အားနဲ့ထိန်းမှ ငြိမ်မည်၊ အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်းဘုရားတို့လိုလုပ်မည်ဟု လူမျိုးစုများကို တဖက်လှည့်ခြိမ်းခြောက်နေခြင်းဟု မြင်သည်။

ဒီချုပ်ကိုလည်း လူမျိုးစုများအရေးမှာ ပျော့ညံ့ညံ့လုပ်လျှင်ခံရမည်ဟု ပြောလိုဟန်ရှိသည်။