Saturday, March 16, 2013

စစ်အုပ်စုရဲ့ စရိုက်(၄)မျိုး- လင်းထင်

0 comments
http://arnoldzwicky.s3.amazonaws.com/FrasconiShout.jpg
ဒေါ်စုကိုမဝေဖန်နဲ့ ဘုံရန်သူကိုတိုက်ဆိုပြီး မျက်မှောက်အရေးကို သိပ် နောကေသယောင် အမင်ကျယ်သယောင်လိုင်းက လူအများကား တာအစားဆုံးမှတ်ရဲ့။
စီမံကိန်း လုံးဝဖျက်သိမ်းရေးဆိုတဲ့ ဒေသခံတောင်းဆိုမှုနဲ့ စာချူပ်ပြင် စီမံကိန်းဆက်လုပ်သင့်တယ်ဆိုတဲ့အစီရင်ခံစာနှစ်ခုအကြားမှာ ဘုံရန်သူကိုတိုက်ခိုင်းသူတွေ ဘုံရန်သူဆိုတာဘာလဲလို့ အဓိပ္ပာယ်ရဲရဲဖွင့်ဝံ့သလား၊ ကျနော်ကတော့ တယ်မထင်ဘူး။
ရန်သူဆိုတာဘယ်သူဘယ်ဝါဆိုတဲ့ ပုဂ္ဂလသဘောမဆောင်ခြင်းသဘောတရားနဲ့ရောချပြီးသကာလ ရန်သူဆိုတာဘယ်သရုပ်သကန် စံနစ်အဖြစ်သနစ်ကြီးကိုရည်ညွှန်းတာပါလို့ တိတိကျကျမဖွင့်ဆိုချင်တော့တဲ့ ခေတ်ပျက်ကြီးကိုး။ အသွင်ပြောင်းကာလ လမ်းစရေးရေးပ်ါကာလရယ်လို့ အများနည်းတူသံယောင်မလိုက်နိုင်ရခြင်းရဲ့အဓိကအကြောင်းကလည်း အဲ့ဒီ့လို စံနှုံးမဲ့သွားရခြင်းအခြေအနေကြီးကို လက်သင့်မခံနိုင်လို့ပဲ။
လွှတ်တော်နိုင်ငံရေးလမ်းကြောင်းကိုရွးခဲ့ကြရသူတွေမှာ ကိုယ်ဖျက်လိုပြင်လိုတာ (၂ဝဝ၈)ဖွဲ့စည်းပုံပဲလို့ မြင်သာထင်သာလက်ဆုပ်လက်ကိုင်ပြောနိုင်ပြနိုင်တဲ့ ဖွဲ့စည်းပုံဥပဒေကိုအကြောင်းပြချက်ပေးလို့ စံနှုံးမဲ့မသွားလေဟန်ရှိတယ်။ ဒါပေမယ့် (၂ဝဝ၈)ဖွဲ့စည်းပုံကလာမှန်တဲ့မြှားပဲ၊ လက်သည်မဟုတ်ဘူး။
(၂ဝဝ၈)ဖွဲ့စည်းပုံရဲ့လက်သည်ကြီးကိုမထိဝံ့မတို့ဝံ့ ဘာရယ်လို့အဓိပ္ပာယ်အသေအချာမဖွင့်ဝံ့ပဲ လွှတ်တော်နိုင်ငံရေးလမ်းကြောင်းကို စံနှုန်းရှိတယ်လို့လက်မခံနိုင်ဘူး။ ဒီနေရာမှာတော့ လောကုတ္တရာအဆုံးအမနဲ့ပြောင်းပြန်ပဲ၊ လောကီကြောင်းမှာ မှန်တဲ့မြှားဒဏ်ကိုကုရုံနဲ့မပြီး၊ လက်သည်ကိုမရှာနိုင်ရာ မရှာလိုရင် လက်သည်ကို ဘာလဲလို့အဓိပ္ပာယ်အတိအကျမဖွင့်လိုရင် ဒီလောကီမှာတော့ဖြင့် ဘယ်တော့မှကိစ္စမပြီး။
လက်သည်ဟာစစ်အုပ်စုလို့ အလွယ်ပြောနိုင်ကြကောင်းပေမယ့် စစ်အုပ်စုဆိုတာဘာလဲလို့ အသေအချာကို ဆင်ခြင်နားလည်သိမြင်ဖို့အရေးအကြီးဆုံးပဲ။ စစ်အုပ်စုဆိုတာ နေဝင်း စောမောင်၊ သန်းရွှေအုပ်စုလို့ ပုဂ္ဂလသဘောပြောလို့မရ၊ (၇၄)ဖွဲ့စည်းပုံ (၂ဝဝ၈)ဖွဲ့စည်းပုံဆိုပြီး အကောင်အထည်ပိုင်းခြားပြလို့မရ၊ စစ်အုပ်စုဆိုတာသဘောတရားအနှစ်သာရဖြစ်တယ်။ အဲဒီ့ သဘောတရားအနှစ်သာရကို ကိုယ်ကအဓိပ္ပာယ်ဖွင့်နိုင်ရမယ်။
အနှစ်ငါးဆယ်မှာ ဘယ်နာမည်နဲ့အုပ်စိုးစိုး စစ်အုပ်စုဟာ (၁)မြေရှင်ဒေသရာဇ်စရိုက်လက္ခဏာ အပြည့်ရှိတယ်။ (၂)အရင်းရှင်စရိုက်လက္ခဏာ အပြည့်ရှိတယ်။ နိုင်ငံတော်တွေ ဦးပိုင်တွေဆိုတာ သညာတွေ၊ တကယ်က မြေရှင်ဒေသရာဇ်နဲ့အရင်းရှင်စံနစ်ကိုခွဲဝေယူထားတာ၊ လက်ပတောင်းဟာ ဒီလက္ခဏာ(၂)ရပ်ရဲ့ တိုက်ရိုက်ရလာဒ်ပဲ။ စစ်အုပ်စုဟာ (၃) ကိုလိုနီနယ်ချဲ့လည်းဖြစ်တယ်။ ပြည်ထောင်စုအနှစ်သာရ မဖော်ဆောင်ပဲ ပဒေသရာဇ်လက်နက်နိုင်ငံတော်အသွင်ကျင့်ကြံပြီး ဘုံအမျိုးသားရေးဝါဒအာရုံအမှား ဖော်ဆောင်တယ်။ ကချင်အရေးဟာ ဒီ ဖက်ဆစ်နယ်ချဲ့စရိုက်ရဲ့ တိုက်ရိုက် ရလာဒ်ပဲ။ စစ်အုပ်စုဟာ (၄)အထူးပြောစရာမလိုတဲ့ စစ်အာဏာရှင်ဖြစ်တယ်။ ဒီစရိုက် (၄)မျိုးက
ရရှိသမျှရဲ့အကျိုးစီးပွားဟာ စစ်အုပ်စုရဲ့အကျိုးစီးပွားဖြစ်တယ်။

အနှစ်ငါးဆယ် လက်ဆင့်ကမ်းသယ်ဆောင်တဲ့ ထိန်းသိမ်းတဲ့ ကာကွယ်တဲ့အရာဟာ ဘယ်ဖွဲ့စည်းပုံမှ မဟုတ်၊ ဒီအကျိုးစီးပွားအနှစ်သာရကိုပဲ ဖြစ်တယ်။ တိုက်ရမယ့်ဘုံရန်သူဆိုတာ အဲဒီ့ စစ်အုပ်စုအကျိုးစီးပွားကအပ အခြားအရာ မဟုတ်ဘူး။ စစ်အုပ်စုအကျိုးစီးပွားမထိခိုက်ပဲ အများကောင်းကျိုးချမ်းသာ ဘယ်လိုမှ မရနိုင်ဘူး။ ကော်မရှင်အစီအရင်ခံစာကိုမှတ်ကျောက်တင်တဲ့အခါ စစ်အုပ်စုအကျိုးစီးပွားနဲ့ အများကောင်းကျိုးချမ်းသာကို ဘယ်သင်းကအရေးသာသလဲကလွဲပြီး စမ်းစစ်ပိုင်းခြားရုံကလွဲပြီး ဒီ့ပြင်နည်းနဲ့ ဘုံရန်သူကိုတိုက်နိုင်မယ် မှတ်ကြသလား။ လင်းထင်

ယူတာက ဒီနေရာကဖြစ်ပါတယ် https://www.facebook.com/linayehtin


 

0 comments:

Post a Comment