Friday, September 13, 2019

ပါတီအနှစ်(၈၀) ပြည့် အထိမ်းအမှတ် ပြည်သူ့အာဏာဂျာနယ် အမှတ်(၄၂) စာတည်းအဖွဲ့ရဲ့ အမှာ)

0 comments

ပါတီအနှစ်(၈၀) ပြည့် အထိမ်းအမှတ် ပြည်သူ့အာဏာဂျာနယ်
အမှတ်(၄၂) စာတည်းအဖွဲ့ရဲ့ အမှာ)
အမွာ
ဗကပ နှစ် ၈၀ ပြည့်ချိန် တိုင်းပြည်၏ အခင်းအကျင်း
()
နိဒါန်း
၂၀၁၉ ခု ဩဂုတ်လ ၁၅ ရက်သည် ဗမာပြည်ကွန်မြူနစ်ပါတီ အနှစ် ၈၀
ပြည့်မြောက်သောအချိန် ဖြစ်သည်။ နယ်ချဲ့အင်္ဂလိပ်အစိုးရလက်အောက်က လွတ်လပ်ရေး၊ ဒီမိုကရေစီရေး၊ ဆိုရှယ်လစ်ရေး မျှော်မှန်းချက်များဖြင့် မာ့က်စ်ဝါဒကို သက်ဝင်ယုံကြည်ကြသော တိုင်းချစ်ပြည်ချစ် ပုဂ္ဂိုလ်တချို့ လျှို့လျှို့ဝှက်ဝှက် ဖွဲ့စည်းခဲ့သောပါတီဖြစ်သည်။
တိုက်တိုက်ဆိုင်ဆိုင်ပင် အနှစ် ၈၀ ပြည့် ဒီနေ့ဒီရက် မနက်စောစောအချိန်မှာပင် ကမ္ဘာ့သတင်းတခု ဗမာပြည်အတွင်းမှာ ဖြစ်ပေါ်ခဲ့ပါသည်။
မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် ဖွဲ့က ပြင်ဦးလွင်၊ နောင်ချိုရှိ အစိုးရစခန်း ခုကို ရှေ့ဆင့်နောက်ဆင့် ဝင်တိုက် သိမ်းပိုက်လိုက်သည်။ စစ်တပ်ဘက်မှ အရာရှိစစ်သည် ဦး၊ ရဲက အရာရှိအပါ ဦး (ပျောက်ဆုံး ဦး) နှင့် အရပ်သား ဦး ပေါင်း ၁၄ ဦး ကွယ်လွန်ကျဆုံး၊ ၁၅ ဦး ဒဏ်ရာရပြီး သေနတ် ၁၇ လက်နဲ့ ခဲယမ်းအချို့ သိမ်းယူသွားကြောင်း၊ တံတား စင်းလည်း အဖျက်ဆီးခံရကြောင်း စစ်တပ်ဘက်မှ ထုတ်ဖော်ဝန်ခံသွားတာ တွေ့လိုက်ရသည်။ အထိနာသော တိုက်ပွဲတပွဲပင်။ စစ်တပ်အဖို့ နိုင်ငံရေးအရ ဆုံးရှုံးမှုအကြီးဆုံးကတော့ ဒီတိုက်ပွဲတွင် ပြည်သူ့ထောက်ခံမှု မရ
ရှိခြင်း ဖြစ်သည်။ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ ချီတက်ဝိုင်း
ဝန်းနေတာကို မြင်တွေ့နေရပါလျက် အရပ်သားတွေက အစိုးရကို ဘာသတင်းမှ မပေးခြင်းဖြစ်သည်။ ပွဲကြည့်ပရိသတ် လုပ်နေသည်။
၁၉၃၉ ခု ကာလ လူထုက အုပ်စိုးသူနယ်ချဲ့လက်အောက်က လွတ်မြောက်လိုကြသည်။ ဒီနေ့ ပြည်သူတွေက စစ်တပ်ချုပ်ကိုင်ထားတဲ့၂၀၀၈ ခြေဥ အစိုးရကို အားပေးအားမြှောက် မလုပ်လိုကြတော့ဘဲ ပုန်ကန်သူတွေကို စေတနာထားပေးလိုက်တာ တွေ့ရသည်။ လက်တွေ့မပါသော စေတနာရှင်တွေနှင့် ကိုယ့်လွတ်မြောက်ရေး ကိုယ်ရုန်းကန်နေသူတွေကြား ကာယကံမြောက်စည်းခြားပေးလိုက်ခြင်းပင်။
()
ပြည်သူနှင့်အစိုးရ -
ဘယ်လိုအစိုးရမျိုးမို့ ပြည်သူတွေ မျက်နှာလွှဲလိုက်ကြခြင်းလဲ။ ၂၀၀၈ ခြေဥအောက်က ပေါ်လာသောအစိုးရ၊ စစ်တပ်ကို လုပ်ကိုင်ခွင့်အာဏာတွေ တထွေးကြီး ပေးထားရသောအစိုးရ၊ ငါတို့က မဲပေးရွေးတင်လိုက်ပေမယ့် တို့အတွက် လုပ်မပေး၊ ပြောစကားမတည်သော အစိုးရ၊ စစ်တပ်မျက်နှာ ကြည့်လုပ်နေသောအစိုးရ ဆိုသည့် ခံစားချက်မျိုး ပြည်သူမှာ ရှိနေပေပြီ။
ပြည်သူ့ထောက်ခံမှုက တော်လှန်ပုန်ကန်လိုသူများအတွက် အားဆေးတခွက် ဖြစ်နေသည်။ တရားရှိလျှင် ကူသူများသည်ဆိုသည့် အမှန်တရား ဖြစ်သည်။ ခြောက်စားမြှောက်စားနေသူတွေအတွက်တော့ နားမလည်စရာ ဖြစ်နေပေမည်။
အခြေခိုင်နေသော တိုင်းရင်းသားအဖွဲ့အစည်းတွေကိစ္စ ဇာမချဲ့တော့ပါ။ AA နှင့် TNLA တို့ကိုပဲ ရွေးထုတ်ကြည့်ပါမည်။
ဗမာပြည်မှာ တိုင်းရင်းသားတွေများသော်လည်း မိုးပေါ်က ကျလာကြတာမဟုတ်။ သူ့သမိုင်းနောက်ခံနဲ့သူ ရှိခဲ့ကြသူများ ဖြစ်ကြသည်။ ရခိုင်၏ သမိုင်းနောက်ခံပြန်ကြည့်လျှင် သမိုင်းဖြစ်ထွန်းမှု ရှည်ကြာသော၊ ယဉ်ကျေးမှုမြင့်သော၊ အင်အားတောင့်တင်းသော ကိုယ့်မင်းကိုယ့်ချင်း နိုင်ငံတခု ဖြစ်ခဲ့သည်။ ဒီလိုနိုင်ငံမျိုးက ဒီနေ့ခေတ်တွင် အောက်တန်းနောက်တန်းကျသော ပြည်နယ်တခု ဖြစ်နေရသည်ကို ရခိုင်ပြည်သူတွေ အသည်း
နာကြသည်။ ဒီအချိန် ရခိုင်အမျိုးသားတပ်တတပ် ပေါ်ပေါက်လာသည်ဆိုတော့ အားတက်ကြသည်။ အားပေးထောက်ခံကြသည်။ ကြီးထွားလာရခြင်း ကိစ္စမှာ ဒါက ပဓာနကျသည်။ နောက်တခုက စစ်အစိုးရအဆက်ဆက်က ပိပြားနေအောင် ဖိနှိပ်ခံရလွန်း၍ မွန်းကျပ်နေကြစဉ် ထွက်လမ်းရှာနေချိန် တိုက်ဆိုင်မိခြင်း ဖြစ်သည်။ ယခု ပြည်တွင်းပြည်ပ အခြေအနေများကြောင့် ပေါ်လာသော အခွင့်သာချက်ကို AA က ဖမ်းဆုပ်ကိုင်မိလိုက်ခြေပြီ။သတိပြုမိစေချင်သည့် အချက်တချက်က ရခိုင်ပြည်သူတွေသည် ဖက်ဆစ်တော်လှန်ရေး၊ နယ်ချဲ့ဆန့်ကျင်ရေး ကာလများနှင့် စစ်အစိုးရအဆက်ဆက်တွင် ဗမာပြည်ကွန်မြူနစ်ပါတီ အလံအောက်မှ လက်နက်ကိုင်စွဲ တော်လှန်ခဲ့သည့် တိုက်ပွဲအစဉ်အလာရှိသူများ ဖြစ်ကြသည်ဆိုသောအချက် ဖြစ်သည်။
TNLA
ကတော့ ရှည်ကြာသော တော်လှန်ရေးသမိုင်းရှိခဲ့ဖူးသည်။ PSLO ,PSLA ပေါ်ခဲ့သည်။ ကျွန်တော်တို့ပါတီ၏ ရင်းနှီးသော မဟာမိတ်များ
ဖြစ်ခဲ့ဖူးသည်။ ပလောင်လူမျိုးတို့သည် လက်နက်ကိုင်နည်းရော ဥပဒေတွင်းနည်းပါ အသုံးချ လုံးပန်းခဲ့ဖူးသော်လည်း ခရီးမပေါက်ခဲ့။ လွန်ခဲ့သော နှစ်ခန့်ကမှ လွတ်လမ်းကိုရှာပြီး မဟာမိတ် KIA ဆီတွင် စစ်ပညာ သင်ယူခဲ့သည်။ အလှည့်အပြောင်း အကွေ့အချိုးတခုက ၂၀၁၄ နိုဝင်ဘာ ၁၉ တွင် ပေါ်ပေါက်ခဲ့သည်။ ဤအချိန်သည် KIO နှင့် ဗိုလ်သိန်းစိန်အစိုးရတို့ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးနေချိန် ဖြစ်သည်။
လိုင်ဇာအရှေ့ဘက် KIA စစ်ရေးပြကွင်းတွင် လက်နက်မဲ့ စစ်ရေးလေ့ကျင့်နေသော ဗိုလ်လောင်းတွေကို အခွင့်ကောင်းချောင်းနေသော ဗိုလ်မင်းအောင်လှိုင်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်သတ်ဖြတ်မှုကြောင့် ဗိုလ်လောင်း ၂၃ ဦး ကျဆုံးသွားခဲ့သည်။ ထိုအထဲတွင် TNLA ၁၁ ဦး၊ AA ဦး၊ CNF ဦး၊ ABSDF ဦး ကျဆုံးခဲ့ပြီး စုစုပေါင်း ၁၅ ဦး ဒဏ်ရာရခဲ့သည်။ ဤအဖြစ်ဆိုးကို တအာင်း (ပလောင်) လူမျိုးများ နာကြည်းခံခက် ဖြစ်ကြ၏။ TNLA တပ်ဖွဲ့တွင်းသို့ တအာင်းလူငယ်လူရွယ် အမျိုးသား၊ အမျိုးသမီးများ ခြေစုံပစ်ဝင်ခဲ့ကြရာ နေ့ချင်းညချင်း ထောင်ချီ၍ ကြီးထွားလာခဲ့သည်။ ချေမှုန်းမရသော အင်အားစုတရပ် ဖြစ်လာသည်။ အဖိနှိပ်ခံတိုင်းရင်းသားများ၏ အမျိုးသားရေးစိတ်ဓာတ်ကို ချိုးနှိမ်ချင်ကြသော စစ်အုပ်စု၏ အရှုံးထွက်မှုပင်။ နောက်တခါ ဖမ်းမိသော TNLA ဆေးဝန်ထမ်းအမျိုးသမီးရဲဘော် ဦးကို အဓမ္မပြုကျင့် သတ်ဖြတ်ပစ်သော ကိစ္စက TNLA တပ်ဖွဲ့ဝင်များကို တော်လှန်ရေးထဲတွင် စွဲမြဲသွားစေပေတော့မည်။
ပြောလိုသည်မှာ စစ်အုပ်စုအနေနှင့် လူမျိုးကြီးဝါဒကျင့်သုံးပြီး အင်အားသုံး သတ်ဖြတ်ဖိနှိပ်လိုက်ရင် ငြိမ်ကျသွားမယ် ထင်ခဲ့ကြတာ မဟာအမှား ဖြစ်သည်။ နောက်ထပ်လည်း AA လို TNLA လို တပ်ဖွဲ့များ ပေါ်ပေါက်လာနိုင်သေးသည်ဟု သတိပေးချင်သည်။ ဒီဖြစ်စဉ်အတိုင်းသွားနေလို့ကဖြင့် စစ်အုပ်စုအတွက် လုံခြုံသောနေရာ ရှိတော့မည်မဟုတ်။
ဒါကို သင်ခန်းစာမယူဘဲ သတင်းမှန်အဖွဲ့ခေါင်းဆောင်ဆိုသူ ဗိုလ်ချုပ်က ထပြီးစိန်ခေါ်သံကြားလိုက်ရတော့ အများက ပြုံးမိကြမှာပါ။ သူတို့က သီရိလင်္ကာ တမဲလ်ကျားသူပုန်တွေ ချေမှုန်းခံရတဲ့ပွဲကို အားကျနေလောက်သည်။ အဲဒီတုန်းက ဦးစီးသတ်ဖြတ်ခဲ့သူ စစ်ရာဇဝတ်ကောင် ဗိုလ်ချုပ်ကို အခုစစ်ဦးစီးချုပ် ပြန်ခန့်လိုက်တာကိုလည်း သွားရည်ကျမိကြမှာပါ။ ဒါပေမဲ့ ဟိုမှာက ကျားတကောင်တည်း ရှိသည်။ ဒီမှာက ကျားတွေ အများကြီး။ နောက် ရေပတ်လည်ဝိုင်းနေသည့် ကျွန်းမဟုတ်။
မြောက်ပိုင်းအဖွဲ့တွေက ပြောဖူးသည်။ ကိုယ့်ခွင်ထဲတွင်နေပြီး တိုက်နေမှာ မဟုတ်ဘူး။ လမ်းတွေပေါ်၊ မြို့တွေပေါ်အထိ တက်တိုက်မယ် ပြောထားတာ အပြောနဲ့အလုပ် ညီသွားပေပြီ။ သတင်းမှန်ဆိုတဲ့အဖွဲ့ သတိထားဖို့ပါ။
()
ထူထောင်ကြမည့် နိုင်ငံ့ပုံစံနှင့် မိမိတို့သဘောထား
တိုင်းရင်းသားအရေးသည် မဖြေရှင်းလျှင် မဖြစ်တော့သော ကာလသို့ ရောက်ရှိနေပေပြီ။ စစ်အုပ်စု လုပ်လိုက်၍ တိုင်းပြည်ထဲတွင် ဘယ်ခေတ်နှင့်မှ မတူအောင် တိုင်းရင်းသားတွေရဲ့ လူနည်းစုအမျိုးသားရေးသွေးတွေ ကြွထလာနေသည့်ကာလသို့ ရောက်ရှိနေပေပြီ။ အရှည်မျှော်ကြည့်
တတ်သော တိုင်းချစ်ပြည်ချစ်ပုဂ္ဂိုလ်များက ဗမာပြည်ကို ယူဂိုဆလားဗီးယားလိုဖြစ်မှာ စိုးရိမ်လာကြသည်။ တိုင်းရင်းသားပြည်သူတွေ သွားချင်သောလမ်းကြောင်းချင်းကလည်း မတူကြပေ။ ဖက်ဒရယ်ဆိုတာကိုပင် ကိုယ့်အဓိပ္ပာယ် ဖွင့်ဆိုချက်နှင့်ကိုယ်။
-
ဖက်ဒရယ်လား၊ ကိုယ်ပိုင်အုပ်ချုပ်ရေးလား
-
ပြည်ထောင်စုလား၊ တပြည်ထောင်လား
-
ကွန်ဖက်ဒရေးရှင်းလား၊ တပြည်ထောင် စနစ် ခုလား
အသံမျိုးစုံ ထွက်နေသည်။ စစ်သုံးစစ် ရှိနေသရွေ့ တိုင်းရင်းသားများလိုလားသော ပြည်ထောင်စုကို ဖော်ဆောင်နိုင်မည်မဟုတ်ပါ၊ မျက်မှောက်ကာလတွင် စစ်သုံးစစ်တိုက်ဖျက်ရေးကို အဓိကထား လုပ်ဆောင်ရပါမည်၊ ကျွန်ုပ်တို့အနေနှင့်မူ တန်းတူရေး၊ သွေးစည်းရေးအခြေခံပေါ်မှ ပြည်သူ့ဒီမိုကရေစီသမ္မတနိုင်ငံ ထူထောင်ရေး ရည်စူးထားသော်လည်း လက်ရှိကာလအတွင်း ဗမာအပါအဝင် တိုင်းရင်းသားအများစုကြီးက ဒီမိုကရေစီနည်းကျရွေးချယ်လိုက်သောပုံစံကိုပင် လက်ခံကျင့်သုံးမည် ဖြစ်သည်။၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို တိုက်ဖျက်ပြီးနောက် ဖြစ်ပေါ်လာမည့် နိုင်ငံရေးအခင်းအကျင်းအရ နိုင်ငံရေးအင်အားစုအားလုံးနှင့် ဆက်လက်ဆွေးနွေးညှိနှိုင်းပြီး လုပ်ဆောင်သွားမည် ဖြစ်သည်။ ဗမာပြည်သမိုင်းသည် နယ်ချဲ့ဆန့်ကျင် ရေး အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲနှင့်အတူ ခေတ်သစ်အချုပ်အခြာအာဏာပိုင် သမ္မတနိုင်ငံအဖြစ် ပေါ်ထွန်းလာခဲ့သည့် သမိုင်းဖြစ်သည်။ တိုင်းပြည်အစိပ်စိပ်အမြွှာမြွှာကွဲလျှင် ခေတ်သစ်ကိုလိုနီဘဝ ပြန်ရောက်မည်။ ပဒေသရာဇ်အစွဲအလမ်းတွေ၊ ကိုလိုနီအစွဲအလမ်းတွေ ခဝါချပြီး လူမျိုးပေါင်းစုံအတူတကွ ခေတ်မီဖွံ့ဖြိုးတိုးတက်သော၊ အမှီအခိုကင်းသော ပြည်ထောင်စုသမ္မတနိုင်ငံပေါ်ထွန်းဖို့ ရပ်ခံပါသည်။ အမျိုးသားရေးဝါဒမှာလည်း လူတန်းစားလက္ခဏာပါရှိကြောင်း မမေ့ဖို့လိုသည်။ ဓနရှင်အမျိုးသားရေးရှော်ဗင်ဝါဒနှင့် လူမျိုးစုံချစ်ကြည်ရေး ပစ္စည်းမဲ့နိုင်ငံတကာဝါဒ မတူပေ။
ဘာသာရေး
ဘာသာရေးဘက်မှာလည်း ကမောက်ကမတွေ ဖြစ်လာသည်။ ဗုဒ္ဓဘာသာဝင်များပင် ဖြစ်လင့်ကစား လူပုဂ္ဂိုလ်ရဟန်းပုဂ္ဂိုလ် တချို့သည် ကိုယ့်အထက်က ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၏ ဆိုဆုံးမဩဝါဒစကားကို မနာခံ ကလန်ကဆန် လုပ်လာကြသည်။ စစ်တပ်၏အထောက်အပံ့ကိုယူပြီး စစ်တပ်အလိုကျ လုပ်ဆောင်ချက်များသာ ဖြစ်သည်ဟု အများက စွပ်စွဲတာ ခံကြရသည်။
တိုင်းပြည်တွင် ဘာသာကြီး ရပ် ရှိသည့်အနက် ကျန် ဘာသာကို အကောင်းမမြင် အဆိုးမြင်ခဲ့သည်။ ကျန်ဘာသာဝင်များအပေါ်
နှုတ်ဖြင့် ပြစ်တင်ရှုတ်ချတာ၊ ဘာသာရေးဆိုင်ရာ အဆောက်အဦ၊ အထွတ်အမြတ်ပစ္စည်း စသည်တို့ကို ကာယကံမြောက် ဖျက်လိုဖျက်ဆီးလုပ်တာ၊ မရိုမသေ လုပ်တာတွေ ရှိလာသည်။ ဒါကို စစ်တပ်က ပံ့ပိုးပေးနေတာကလည်း ပြောင်ပြောင်တင်းတင်းပင်။
လူဦးရေ၏ ရာခိုင်နှုန်းခန့်ရှိသော ခရစ်ယာန် ဘာသာဝင်များ၏ ခေါင်းဆောင် ချားလ်စ်မောင်ဘိုက ဘာသာရေးလွတ်လပ်ခွင့်ထိန်းချုပ်မှု
ကြီးထွားလာနေသည့်ကိစ္စအပေါ် သူ့အစာမကြေမှုကို ဖွင့်ထုတ်သည်။ စစ်တပ်နှင့် အစိုးရသည် မိမိတို့ရဲ့ သက်ဆိုင်ရာအခန်းကဏ္ဍကို လေးစားလိုက်နာကြပါလို့ တောင်းဆိုသည်။ ကချင်ဘာသာရေးခေါင်းဆောင် ခလမ်ဆွမ်ဆန်က ကချင်ပြည်နယ်အတွင်း ခရစ်ယာန်ဘာသာ အဖိနှိပ်ခံနေရတာတွေကို အမေရိကန်သမ္မတဆီသွားပြီး ရင်ဖွင့်အကူအညီတောင်းသည်။ ထိုအထဲတွင် ကချင်ဆရာမလေး ဦး ကို အစိုးရစစ်သားတွေက အဓမ္မပြုကျင့်သတ်ဖြတ်သည့်အမှု အခုအထိ ဖော်ထုတ်မပေးကြသည့်ကိစ္စပါသည်။
လူဦးရေ၏ ရာခိုင်နှုန်းရှိသော အစ္စလမ်ဘာသာဝင်တွေဘက်ကလည်း သူတို့၏ တမန်တော်ကို မိုဟာမက်ဟာ အကြမ်းဖက်သမားပဲဟု တံဆိပ်ကပ်ခံရသည့်အပေါ် အစ္စလမ်ဘာသာကို ခုတုံးလုပ်ပြီး အာဏာရဖို့ ကြိုးပမ်းနေသူ တချို့က နိုင်ငံရေးကစားနေပါတယ်ဟု မီဒီယာမှာ ရင်ဖွင့်ပါသည်။ သူတို့က ရိုဟင်ဂျာလို့ခေါ်ပြီး အစိုးရက ရခိုင်မြောက်ပိုင်းက မွတ်စလင်များဟုခေါ်သော လူ သိန်းကျော် မောင်းထုတ်ခံရသည့်
အရေးအခင်းကလည်း တကမ္ဘာလုံးကို ကိုင်လှုပ်နေသည့်ကိစ္စ ဖြစ်သည်။
လူဦးရေ၏ . ရာခိုင်နှုန်းရှိသော ဟိန္ဒူများ၏ ဒုက္ခကလည်း မသေးလှ။ သူတို့ကိုလည်း အစွန်းရောက်များက အလွတ်မပေး။ အာဆာအရေးအခင်းတွင် သူတို့လည်း စစ်တပ်က မောင်းထုတ်ခံရသည့်အထဲ ပါသွားသည်။ တဖက်နိုင်ငံတွင်လည်း လူရာအသွင်းမခံရ။ ခု ၄၄၄ ဦးသော ဟိန္ဒူအမျိုးသားများက ပြန်လာဖို့ တန်းစီစောင့်နေသော်လည်း ဘာမှဖြေရှင်းမပေးကြ။ သူတို့အနေနဲ့ ဒီကိစ္စမှာ ထိပ်တိုက်တိုးမှု မလုပ်ခဲ့ရဘဲ ကြားထဲက ငထွားခါးနာနေရခြင်းပင်။
သာသနာရေးဝန်ကြီးဆိုသူ တတ်စွမ်းနိုင်သည်ကတော့ ရန်ကုန်တိုင်းစစ်ဋ္ဌာနချုပ်တိုင်းမှူးအနေနှင့် ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်းကို ငွေကျပ်သိန်း ၃၀၀ လှူတဲ့ကိစ္စဟာ မဟန က တရားမဝင်ဟု သတ်မှတ်
ထားသော အဖွဲ့အစည်းကို လှူဒါန်းခြင်း ဖြစ်၍ နာယက အဖွဲ့၏ ဆုံးဖြတ်ချက်ကို ဆန့်ကျင်ရာ ရောက်ပါတယ်ဟူ၍မျှသာ။
နိုင်ငံတကာနှင့် ဗမာအစိုးရ
ပါတီနှစ် ၈၀ ပြည့် တိုင်းပြည်၏ အခင်းအကျင်းကို တင်ပြရာတွင် မိမိတို့နိုင်ငံကို ကိုင်လှုပ်နေသည့်၊ နိုင်ငံ့ကံကြမ္မာကို ဖန်တီးပေးသည့် ပြည်တွင်းနှင့်ပြည်ပ အကြောင်းအချက်များအနက်မှ ပြည်ပအကြောင်းအချက်ဖြစ်သည့် နိုင်ငံတကာဆက်ဆံရေးကိုလည်း ဖော်ပြမှ ပြည့်စုံနိုင်ပါမည်။ တချို့က အကာအကွယ်ပေးသည်။ တချို့က အပြစ်အနာအဆာတွေ ဖော်ထုတ်ရှုတ်ချသည်။
ပထဝီနိုင်ငံရေးအရ အချက်အချာကျသည့် နေရာတွင် တည်ရှိ
နေသော်လည်း ဖရိုဖရဲဖြစ်နေသော ဗမာပြည်ကို နိုင်ငံတော်တော်များများက မျက်စိကျနေသည်။ စားကွက်လို့ သဘောထားကြသည်။ အထိုင်ကျ
နိုင်ငံများ ရှိသလို အခုမှ ထိုးဝင်လာကြသော နိုင်ငံများလည်း ရှိသည်။
နောက်ပိုင်း အလုအယက် ဖြစ်လာသည်။ အိန္ဒိယ၊ ဂျပန်၊ တောင်ကိုးရီးယားတို့၏ လှုပ်ရှားမှုက မြင်သာသည်။ အာဏာရှိသူတွေ အကျပ်တွေ့နေသည့် ကိစ္စများအတွက် ထွက်ပေါက်ရှာပေးမည့် စီမံကိန်းများ ပါလာသည်။ အထူးသဖြင့် ရိုဟင်ဂျာဆိုသည့် ရခိုင်မြောက်ပိုင်း မွတ်စလင်များအရေး၊ တိုက်ပွဲများပေါ်နေသည့်ရခိုင် AA မြောက်ပိုင်းအဖွဲ့ စသည်တို့အတွက် စဉ်းစားချက်များ ပါလာသည်။ သူတို့စီးပွားရေးအကွက်အကွင်းတွေနှင့် သဟဇာတဖြစ်အောင် အကောင်အထည်ဖော်ကြပါလိမ့်မည်။ တွက်ခြေမကိုက်လျှင် ဖုတ်ဖက်ခါပြီး ထွက်သွားကြမှာပါ။ ရေနှောက်ထားပစ်ခဲ့သလိုသာ ဖြစ်ပါချိမ့်မည်။ စီးပွားရေးလုပ်ချင်သော နိုင်ငံအများစုက ဗမာအစိုးရကို ဖေးဖေးမမလုပ်ပြီး အကာအကွယ်ပေးသည်။
စစ်ဦးစီးချုပ်ဗိုလ်မင်းအောင်လှိုင်က ရုရှား၊ အိန္ဒိယကို ဆွဲသွင်းလာသည်။ အစ္စရေး၊ ထိုင်း၊ တောင်ကိုရီးယားတို့ကို အပိုင်ပေါင်းထားသည်။
အစိုးရပိုင်းကလည်း ယာယီထွက်ပေါက်ကြည့်ပြီး ငွေထုပ်ပိုက်လာ
မည့်သူတွေကို မျှော်နေရမယ့်ဘဝပါ။ သို့သော် အရာအားလုံးသည် တပါးသူအပေါ် ပုံထားရသည့်ဆက်ဆံရေး ဖြစ်နေသည်။ ဤကိစ္စကလည်း
တိုင်းပြည်နောင်ရေးအတွက် စိုးရိမ်စရာပါပေ။ နိုင်ငံရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ သဘာဝပတ်ဝန်းကျင်၊ ရာသီဥတု၊ မြေဩဇာအပြင် တခြားယိုယွင်းသွားနိုင်စရာတွေ တထွေးကြီးရှိသည်။ ဒါ့ကြောင့် ဆန့်ကျင်ကန့်ကွက်
မှုတွေ သပိတ်တွေ ပေါ်ပေါက်နေသည် မဟုတ်ပါလော။
ပြည်ထောင်စုအစိုးရ အထူးသဖြင့် စစ်တပ်အပိုင်းနှင့် ပတ်သက်ပြီး အထိနာအောင် ဖော်ထုတ်တိုက်ခိုက်နေသော အဖွဲ့အစည်းမှာ ကုလသမဂ္ဂဖြစ်သည်။ အဆက်မပြတ် သတိပေးအရေးယူတာတွေ လုပ်သည်။
မကြာခင်က ဖွဲ့စည်းစေလွှတ်ထားသော ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးမစ်ရှင် (FFM)က ထုတ်ပြန်လိုက်သော အစီရင်ခံချက်အရဆိုလျှင်
စစ်အာဏာပိုင်တွေအဖို့ ပြေးစရာနေရာ မရှိတော့ချေ။ သူတို့ ဖော်ထုတ်သော အချက်အလက်တွေက တစိတ်တပိုင်းပဲ မှန်သည်ထားဦးတော့
ဗမာပြည်သားတယောက်အဖို့ မျက်နှာဘယ်လိုထားရမှန်းမသိအောင်ပင် မျက်နှာပူကြရချိမ့်မည်။
()
၂၀၀၈ ခြေဥပြင်ရေးကိစ္စ
၂၀၂၀ ခုနှစ် ရွေးကောက်ပွဲကိုရည်စူးပြီး ပွဲဆူပြသံတွေ တောက်လျှောက်ကြားလာရသည်။ ဒီချုပ်ဘက်က ၂၀၀၈ ကို ပြင်မှဖြစ်မယ်ဆိုပြီး တွန်းတွန်းတိုက်တိုက် လုပ်ခဲ့ရာ လွှတ်တော်တွင်း ၄၅ ဦးကော်မတီဖွဲ့
လိုက်သည်အထိ ခြေလှမ်း စလှမ်းလိုက်ပါပြီ။
ဒါကို ဘရိတ်အုပ်သည့်အနေနှင့် စစ်တပ်ဘက်က ၂၀၀၈ ကြောင့် ဒီချုပ်အစိုးရဆိုပြီး ဖြစ်လာတာ မမေ့နဲ့၊ ကိုယ်စားလှယ်တဦးလျှင် လစာ
ကျပ် ၁၀ သိန်းစီ ရကြတာ ၂၀၀၈ ကျေးဇူးကြောင့်ဆိုတဲ့ သဘောမျိုး ပြောလာတာ တွေ့ရသည်။ ဒီခြေဥကို တိကျစွာလိုက်နာပြီး ဝတ္တရားတွေကို ဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက်ပါလို့လည်း အမိန့်ပေးခိုင်းစေလိုက်ပါသေးသည်။ သူတို့ဘက်ကလည်း သူတို့ထမင်းအိုး ရိုက်အခွဲမခံနိုင်ဘူးဆိုတဲ့ သဘောပါ။
သေနတ်ကိုင်ပြီး ဖြစ်စေသတည်းလို့ဖန်ဆင်းလိုက်သည့် ဒီဥပဒေဟာ နိုင်ငံတကာစံနှုန်းနဲ့ တိုင်းတာကြည့်ရင် ဘာမှဘောင်ဝင်သည့် ဥပဒေမဟုတ်။ ဒါကို လူတိုင်း သိပါသည်။ သေနတ်ကြောင့် တိုင်းပြည်လူဦးရေဟာ ၅၁ သန်းကနေ တမုဟုတ်ချင်း ၅၇ သန်း ဖြစ်သွားခဲ့ရသည်။ မဲပေးခွင့်ရှိသူ၏ ၉၂ . ၄၈ ရာခိုင်နှုန်းက ထောက်ခံအတည်ပြုသည်ဆိုပြီး အလိမ်အညာအကြံအဖန်လုပ်ထားကို လက်ခံလိုက်ကြရသည်။ ဒီဥပဒေ၏တန်ခိုးကြောင့် ဘောင်းဘီချွတ် ဦး/ဗိုလ်သိန်းစိန်အစိုးရ တက်လာနိုင်ခဲ့သည်။ ဒါပေမဲ့ ပြည်သူမကြိုက်တော့ အစိုးသက်တမ်း တပတ်စာ နှစ်သာ နန်းစံလိုက်နိုင်သည်။ မစားရဝခမန်း ကတိတွေကြောင့် ၂၀၁၅ ခုနှစ်တွင် ပြည်သူကြိုက် ဒီချုပ်အစိုးရ တက်လာသည်။
ပြည်သူတွေ ဘာရလိုက်သလဲ။ ငြိမ်းချမ်းရေးလည်းမရ၊ ထမင်း
လည်းမဝ၊ စကားတွေပဲ ရလိုက်သည်။ လက်ပြဲခေတ်ကြီးထဲ ခုန်ဆင်းလိုက်ကြရသည်။ လက်သည်မပေါ် သတ်ချင်သူက ဝင်သတ်တာ ခံနေရ
သည်။ ပြည်ပထွက် အလုပ်လုပ်ကြရသူ ( သန်းမှ သန်းခန့်) ရှိသွား
ပါပြီ။ နိုင်ငံတကာကျွန်တွေ ဖြစ်ကုန်ကြရတာပါ။ ပြည်တွင်းနေ အလုပ်
လက်မဲ့တွေက နိုင်ငံခြားသားပိုင်ကုမ္ပဏီကျွန် ဖြစ်သူဖြစ်၊ စစ်အုပ်စုနှင့်သူ့အပေါင်းအပါ ခရိုနီကျွန် ဖြစ်သူကဖြစ် - ဖြစ်ကုန်ကြပြန်သည်။
ခြေဥပြင်ရေးကိစ္စ သူတို့ခေါင်းထဲ သိပ်မရောက်ကြ။ ယုံကြည်ကိုးစား
မှုတွေ လျော့ပါးကုန်ကြပြီ။ ပြင်နေရုံနဲ့ မပြီးတာတော့ သူတို့သိကြသည်။ ၂၀၀၈ ခြေဥဖျက်သိမ်းရေးကိစ္စ ဦးတည်ကြရပါတော့မည်။
တခါ လွှတ်တော်တွင်းပြင်ရေးကိစ္စသည် ဒီချုပ်၊ စစ်အုပ်စုနှင့် အပေါင်းပါများဆိုသည့် ဖွဲ့တည်းသာဆိုင်သည် မဟုတ်။ တိုင်းရင်းသားပါတီများလည်း ရှိသေးသည်။ သူတို့ကလည်း ပြီး ပြီးရော သဘောထားကြမှာ မဟုတ်။ ဒါ့ကြောင့် ဒီချုပ်အဖို့ ကိုယ့်အတွက်ပဲ ကိုယ်ပြင်နေလျှင် ဒီလုပ်
ငန်းစဉ်ကို ချောချောမွေ့မွေ့ သယ်ဆောင်သွားနိုင်မည် မဟုတ်တာ သေချာပါသည်။
၂၀၂၀ ရွေးကောက်ပွဲကိစ္စ
၂၀၀၈ ခြေဥပြင်ရေးနှင့် ၂၀၂၀ ရွေးကောက်ပွဲသည် တဆက်တစပ်တည်း ဖြစ်သည်။
-
၂၀၀၈ အောက်ကလွှတ်တော်မျိုး၊ အစိုးရမျိုးကို ပြည်သူတွေ မစုံမက်ကြတော့ပါ။အော့ကြောလန်နေပါပြီ။ ရေရှည်အနာဂတ် မရှိတော့သော အဖွဲ့အစည်းမျိုးကိုလည်း မိမိတို့ကံကြမ္မာကို ပုံမအပ်ချင်တော့ပါ။ သို့သော် ရွေးကောက်ပွဲကို သပိတ်မှောက်လို့ကလည်း မဖြစ်၊ စစ်အုပ်စုအကြိုက်ပဲ ဖြစ်သွားပေမည်။
ပြည်သူတွေ မည်သူ့ကို မည်သည့်လမ်းကြောင်းကို ရွေးချယ်ကြ
မည်နည်း။
တိုင်းရင်းသားများကတော့ တချိန်က အားပေးခဲ့သော အာဏာလက်ရှိ
ဒီချုပ်ကိုရော စစ်တပ်မဲ ၂၅ ရာခိုင်နှုန်းကိုင်ထားသည့် စစ်တပ်နှင့် ၎င်း၏အဆွယ်အပွားများကိုပါ လက်ခါကြမှာ သေချာသည်။ ဗမာအများ
စုနေသည့် ပြည်မမဲတွေအတွက်ပဲ ပြိုင်ကြဖို့ရှိသည်။
စစ်အုပ်စုက ဒီချုပ်မဲကွဲအောင် အကွက်ဆင်နေသည်။ စစ်နံ့သင်းနေသည့် ပါတီတွေ တဖွဲ့ပြီးတဖွဲ့ ပေါ်လာသည်။ ဒီချုပ်မဲတွေထဲက နုတ်ယူသွားနိုင်သည့် အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ် (တသီးပုဂ္ဂလ) တွေကို ဗြောင်တမျိုး၊ လျှို့ဝှက်၍တဖုံ အားပေးပါလိမ့်မည်။
ဒီချုပ်ကို လူထုထောက်ခံမှု လျော့ကျနေသည့်အပေါ် ညွန့်ပေါင်းအစိုးရတရပ်များ ပေါ်လာနိုင်မလား စဉ်းစားစရာ ဖြစ်လာသည်။ တိုင်းရင်းသားမဲတွေ တိုးလာမည့်အပေါ် တချို့အဖွဲ့များက မဲကစားနိုင်သည်။ မဲရောင်းမဲ
ဝယ်ကိစ္စတွေ ပေါ်လာနိုင်သည်။ မိမိတို့အနေနှင့်မူ ညွန့်ပေါင်းအစိုးရကိစ္စ ပေါ်လာခဲ့သော် စစ် စစ်ကို တောက်လျှောက်ဆန့်ကျင်ခဲ့သည့် ပြည်သူ့အကျိုးဦးထိပ်ထားမည့် တသီးပုဂ္ဂလများ၊ ပါတီအဖွဲ့အစည်းများ ညွန့်ပေါင်းထဲပါလာလျှင် သူတို့တတ်နိုင်သလောက် ထိန်းကွပ်နိုင်စရာရှိသည်ဟု မှန်းဆကြည့်မိသည်။
တဖက်တွင် စိတ်ကူးမယဉ်မိကြဖို့လည်း လိုသည်။ ၂၀၀၈ ခြေဥရှိနေသရွေ့ တိုင်းပြည်၏ နိုင်ငံရေးသွင်ပြင်ကို ပြောင်းလဲနိုင်မည် မဟုတ်။
ဒါ့ကြောင့် နိုင်ငံရေးအဖွဲ့အစည်းများ၏ လုပ်ငန်းစဉ်ဦးတည်ချက်သည် ၂၀၀၈ ခြေဥဖျက်သိမ်းရေး ဖြစ်သင့်သည်။ ၎င်းပြင် သတိထားသင့်သည့် အချက်မှာ ရွေးကောက်ပွဲမတိုင်မီနှင့်အပြီးမှာ လူဖမ်းပွဲတွေ ပေါ်လာနိုင်သည့်အချက် ဖြစ်သည်။
()
နိဂုံး
မုန်တိုင်းထန်မည့်နှစ်
မျက်မှောက်ကာလတွင် ရောက်ရှိနေသော တိုင်းပြည်အခြေအနေကို တွက်ကြည့်လျှင် ......
တိုင်းပြည်တွင် အပြောင်းအလဲ အဆုံးအဖြတ်ပေးနိုင်သော အင်အားစုကြီး ခု ရှိပါသည်။
၁။ ထမင်းမဝ၍ သီလစောင့်နိုင်တော့မည်မဟုတ်သော ပြည်သူများ
၂။ ဘယ်လောက်စားစား မဝနိုင်သော စစ်အုပ်စု
၃။ အတွေးအခေါ်၊ လမ်းစဉ်နှင့်စည်းရုံးရေးပိုင်းမှာ ချွတ်ခြုံကျလာနေသော ဒီချုပ်
၄။ အမျိုးသားရေးစိတ်ဓာတ်တွေ တဖွားဖွားဖြစ်လာနေသည့် တိုင်းရင်းသားများ
၅။ လက်ရှိဗမာပြည်နိုင်ငံရေးအခြေအနေအပေါ် ပို၍၊ ပို၍မခံမရပ်နိုင်ဖြစ်လာနေသော နိုင်ငံရေးအစဉ်အလာရှိသူများ၊ ကျောင်း သားများ၊ အလုပ်သမားများနှင့် အခြားနိုင်ငံသားများ၊
ဟူ၍ ဖြစ်သည်။
-
ထမင်းမဝသော ဒီမိုကရေစီငတ်နေသော ပြည်သူများ လမ်းမပေါ်ထွက်လာပြီး လူထုလှုပ်ရှားမှုအရေးအခင်းများ ဖန်တီးလာနိုင်သည်။
-
သယံဇာတတွေ ပြည်သူ့ထံမှ လက်ကုန်နှိုက်ထားသော စစ်အုပ်စုသည် ပယင်းကုန်လျှင် ထပ်နှိုက်စရာ ရှာလာနိုင်သေးသည်။ သို့သော် သူ့အတွင်းပိုင်းကလည်း တသားတည်းမဟုတ်၊ ဖြုတ်၊ ဖယ်၊ ပြောင်း
လုပ်နေရတာတွေ အကြိမ်စိပ်လာခဲ့ပြီ။ ကုလသမဂ္ဂနှင့် လူ့အခွင့်အရေးအဖွဲ့တွေ၏ ပစ်မှတ်က စစ်တပ်ဖြစ်နေသည်။ သူကလည်း ဘေးကျပ်နံကျပ်မို့ ထွက်ပေါက်ရှာကိုရှာရတော့မည်။ အကြောင်းပြစရာတွေက မရှား။ သူ့မှာ သေနတ်လည်း ရှိသည်။
-
ဒီချုပ်၏ လုပ်ငန်းစဉ် အလုပ်မဖြစ်။ ပိတ်ဆို့တားဆီးတာတွေကို မကျော်လွှားနိုင်၊ ပါတီတွင်းစည်းလုံးညီညွတ်မှု မရှိ၊ ပိုင်းကွဲပြီး ပွတ်တိုက်မှုတွေရှိကြောင်း ဝန်ခံထားရပြီ။
-
တိုင်းရင်းသားများ (အထူးသဖြင် လက်နက်နှင့် တိုက်နေသူများ) က လက်တွေ့ကျသည်။ ပြောသည့်အတိုင်း လုပ်ပြနိုင်သည်။
အလားအလာနှင့်ပတ်သက်၍ ရှေ့ရေးကို မျှော်တွေးသော် ဘယ်အင်အားစုမှ ဒီအတိုင်းနေ၍ ရတော့မည်မဟုတ်။ ပြည်သူတွေက ကိုင်လှုပ်ပါလိမ့်မည်။ ထို့ကြောင့် လာမည့် ၂၀၂၀ ခုနှစ်သည် မုန်တိုင်းထန်သော
နှစ်တနှစ် ဖြစ်နိုင်သည်။
စာတည်းအဖွဲ့
၂၀၁၉ ခုနှစ် စက်တင်ဘာ () ရက်

ပျားရည်ကဲ့သို့အစဉ်ချိုမြိန်တဲ့ငြိမ်းချမ်းရေး

0 comments
ပျားရည်ကဲ့သို့အစဉ်ချိုမြိန်တဲ့ငြိမ်းချမ်းရေး
(ပါတီအနှစ်(၈၀) ပြည့် အထိမ်းအမှတ် ပြည်သူ့အာဏာဂျာနယ်
အမှတ်(၄၂) မှာ ဖော်ပြမယ့်ဆောင်းပါး)
“ငြိမ်းချမ်းရေးသည် ပျားရည်ကဲ့သို့အစဉ်၊ တမာပင် သရက်ပင်၊ ဘာပင်ပဲစွဲစွဲ ချိုမြဲအရသာ မစွန့်သည်သာပင်” (ဆရာမြို့မငြိမ်း)။
ဗမာပြည်ပြည်သူတွေဟာသူတို့ရဲ့ အသက်သွေးချွေးတွေစတေးပြီးရခဲ့တဲ့ လွတ်လပ်ရေးဆိုတာကို စတင်ခံစားရတော့မယ့်အချိန်မှာပဲ ပြည်တွင်းစစ်ဆိုတာကြီးနဲ့ ရင်ဆိုင်တိုးလိုက်ရတော့ ငြိမ်းချမ်းရေးကို နေလို၊ လလိုတောင့်တခဲ့ကြတာ အခုဆိုရင် နှစ်ပေါင်း ၇၀တောင်ကျော်သွားခဲ့ပါပြီ။ ဒါပေမဲ့ အခုအခါမှာတော့ သာမန်လူထုတွေအနေနဲ့ငြိမ်းချမ်းရေး ဆိုတဲ့ အသံကိုကြားရင် ဘယ်သူကပြောတယ်၊ ဘာရည် ရွယ်ချက်နဲ့ပြောတယ်၊ ဘာအဓိပ္ပာယ်လဲလို့ တွေဝေစဉ်းစားရတာတွေဖြစ်နေပါတယ်။
အထက်ကစာသားတွေပါတဲ့ ငြိမ်းချမ်းရေးသီချင်းကိုရေးမိတဲ့အတွက် ဆရာမြို့မငြိမ်းခမျာ အဲဒီတုန်းကပြည်ထဲရေးဝန်ကြီးဆိုသူကကြိမ်းမောင်း တာခံရတယ်လို့ကြားရဖူးပါတယ်။ အဲဒီနောက်ပိုင်းမှာလည်း ငြိမ်းချမ်းရေးကိုလိုလားတောင့်တတဲ့ ပြည်သူလူထုကြီးရဲ့အာသာဆန္ဒကိုထင်ဟပ်မိတဲ့ စာပေအနုပညာရှင်တွေအမြောက်အမြားဟာလည်း ငြိမ်းချမ်းရေးစကားဖော်ကျူးမိလို့ပဲ အစိုးရအငြိုငြင်ခံရ၊ ပုဒ်မ(၅)နဲ့အဖမ်းခံရနဲ့ နိုင်ငံတော်အစိုးရရဲ့ “ဆုံးမခြင်း”အမျိုးမျိုးကိုခံကြရပါတယ်။ ဒီလိုနဲ့ ၅၀ စုနှစ်များတလျှောက်မှာ ငြိမ်းချမ်းရေးစကားပြောခြင်းဆိုတာဟာ နိုင်ငံတော်အစိုးရကိုအာခံခြင်းဆိုတဲ့ အဓိပ္ပာယ်သက်ရောက်ခဲ့ပါတယ်။
ပြည်တွင်းစစ်ကိုအပြုတ်တိုက်ရေးနဲ့အဆုံးသတ်စေမယ်ဆိုတဲ့ ဖဆပလအစိုးရနဲ့သူတို့ရဲ့စစ်တပ်တို့ ကောင်းစားတဲ့ ခေတ်မှာ အုပ်စိုးသူဖဆပလအစိုးရကပြောတဲ့ငြိမ်းချမ်းရေးဆိုတာဟာ ပြည်သူ့ရဲဘော်တဖွဲ့တည်းသာလက်နက်ချခဲ့တဲ့ “ဒီမိုကရေစီနဲ့ဖော့ဦးထုပ်နဲ့ လဲတယ်”ဆိုတဲ့ လက်နက်ချခိုင်းတဲ့ ငြိမ်းချမ်းရေးလို့ပဲ အဖြေထွက်ခဲ့ပါတယ်။
အဲဒီနောက်မှာတော့ ငြိမ်းချမ်းရေးဆိုတဲ့စကားကို အုပ်စိုးသူတွေ၊ အထူးသဖြင့်စစ်အုပ်စုဝင်တွေက နှုတ်ဖျားကမချ တွင်တွင်ပြောတာဖြစ်လာပါ တော့တယ်။ စလိုက်တာက ဗိုလ်နေဝင်းပါ။ ၁၉၆၃ခုနှစ်မှာသူလုပ်လိုက်တဲ့ ငြိမ်းချမ်းရေးဆိုတာကြီးပြီးသွားတဲ့နောက်မှာ လက်နက်ကိုင်အနည်းအပါး လက်နက်ချတာနဲ့ ဖြတ်လေးဖြတ်တွေ၊ ထိုးစစ်ကြီးတွေဆင်ပြီးအပြုတ်တိုက်တာတွေ ကိုမြင်တွေ့ကြရပါတော့တယ်။ တကယ့်ငြိမ်းချမ်းရေးအတွက် လှုပ်ရှားမိခဲ့သူတွေမတော့ ထောင်နဲ့ချီပြီးထောင်တွေထဲရောက်ကုန်ပါတယ်။ ဒါတွင်ပဲလားဆိုတော့ မကသေးဘူးလို့ပဲဆိုရမှာပါ။ ဗမာပြည်မှာနိုင်ငံရေး မှာ စစ်တပ်ကအာဏာသိမ်းတယ်ဆိုတာနဲ့ပဲငြိမ်းချမ်းရေးစကားတွေ ဖောင်ဖောင်ကြားရတဲ့ အစဉ်အလာတခုဖြစ်ပေါ်လာခဲ့ပါတယ်။ ဒီမှာထင်ရှားတဲ့ အဓိပ္ပာယ်တခုကတော့ ပြည်တွင်းစစ်နဲ့ပတ်သက်တဲ့ကိစ္စအဝဝကို အရပ်သားအစိုးရတွေမှာ ပြောပိုင်၊ လုပ်ပိုင်ခွင့်မရှိဘူး၊ စစ်အုပ်စုနဲ့သူတို့ရဲ့စစ်တပ်မှာ သာ ပြောပိုင်၊ လုပ်ပိုင်ခွင့်ရှိတယ်ဆိုတာဖြစ်ပါတယ်။ ဒါနဲ့တဆက်တည်း ပြည်တွင်းစစ်နဲ့အာဏာထိန်း၊ ပြည်တွင်းစစ်နဲ့ကြီးပွား
ချမ်းသာတဲ့ စစ်အုပ်စုထိပ် သီးတွေအဖို့ ပြည်တွင်းစစ်ဟာသူတို့အတွက် အကောင်းဆုံးလက်နက်၊ ဝါဒဖြန့်စရာ၊ ပြည်တွင်းပြည်ပကိုလှည့်စားစရာအဆောင်ပစ္စည်းတခုဖြစ်လာပါ တော့တယ်။
ဖဆပလအစိုးရကနေ သူတို့ရဲ့အတိုက်အခံတွေကို တောထဲနဲ့ ထောင်ထဲမောင်းပို့ခဲ့ရာကနေ ပြည်တွင်းစစ်ကြီးစတင်ဖြစ်ပွားခဲ့တာကို ကောင်းကောင်းနား လည်သဘောပေါက်တဲ့စစ်အုပ်စုဝင်အဆက်ဆက်ဟာ ၆၂ခုနှစ် သူတို့အာဏာသိမ်းပြီးချိန်ကစပြီး ကျောင်းသားတွေကိုတောထဲမောင်းပို့ပြီး အပြတ်ချေ မှုန်းတာတွေလုပ်လာခဲ့ပါတယ်။ ဒီသဘောထားနဲ့ဒီလုပ်ရပ်ကို ရှစ်လေးလုံးအရေးတော်ပုံနောက်ပိုင်းမှာ ပိုတောင်ထင်ရှား၊ ပိုတောင်ဆိုးဝါးခဲ့ပါတယ်။
စစ်အုပ်စုအနေနဲ့ သူတို့ကိုခေါင်းမာမာဆန့်ကျင်သူတွေဆိုရင် အပြုတ်တိုက်အပြတ်ရှင်းပြီး အခွင့်အရေးနဲ့ချော့မြှူလို့ရမယ့်သူဆိုရင် သံအမတ်ရာထူး ကနေ စီးပွားရေးလုပ်ငန်းကြီးတွေအထိပေးပြီး သိမ်းသွင်းပါတယ်။
တဖက်မှာ ပြည်တွင်းစစ်နဲ့ပတ်သက်ရင် စစ်အုပ်စုမှာ ကြီးမားတဲ့ချို့ယွင်းချက်တခုလည်း ရှိနေပါတယ်။ အဲဒါကတော့ ပြည်တွင်းစစ်ကို ဆက်လက်ထိန်းသိမ်း မွေးမြူထားလိုတဲ့ စစ်အုပ်စုရဲ့ အလိုလောဘနဲ့ယှဉ်တဲ့ ဆန္ဒပါ။ ပြည်တွင်းစစ်ကြီးမရှိတော့ရင် သူတို့အဖို့လုပ်စားစရာ၊ ကြံဖန်စရာမရှိတော့ဘူးမဟုတ်လား။ ဒီနေရာမှာ တောထဲ ကိုမောင်းပို့တယ်ဆိုတဲ့သာဓကတခု ထောက်ပြချင်ပါတယ်။ အဲဒါက စစ်တပ်ပထမဆုံးအာဏာသိမ်းတဲ့ ကြားဖြတ်အစိုးရခေတ်မှာ ကျန်းမာရေး မကောင်းလို့ စစ်ကိုင်းတောင်ပေါ်လာပြီးဆေးကုနေတဲ့ ဗကပခေါင်းဆောင်တဦးဖြစ်တဲ့ ဗိုလ်အာဠာဝကကို စစ်တပ်ကဖမ်းရသွားပါတယ်။ ရဲကိုအသိပေး တာ၊ ဖြတ်သန်းတာလုံးဝမရှိပါဘူး။ ဒီလိုနဲ့အဲဒီတုန်းကမြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ တိုင်းမှူးဖြစ်နေတဲ့ ဗိုလ်အောင်ရွှေက ဗိုလ်နေဝင်းဆီကို ဘာလုပ်ရ မလဲလို
့ခွင့်ခံပါသတဲ့။ ဗိုလ်အာဠာဝကဟာ ဂျပန်ကိုတော်လှန်တုန်းက မန္တလေးနဲ့အထက်ဗမာပြည်မှာနာမည်ကြီးပြီး မန္တလေးသားတွေကချစ်ခင်သူ ဖြစ်လို့ ဗိုလ်အောင်ရွှေက လက်လွတ်စပယ်မလုပ်ဝံ့တာပါ။ ဒီအခါမှာဗိုလ်နေဝင်းပြန်ဖြေလိုက်တာက “မြေပေါ်မှာကွန်မြူနစ်ရှားလို့တောထဲကသွားခေါ် လာခိုင်းတာမဟုတ်ဘူး၊ အာဠာ့မျက်နှာငါမကြည့်ချင်ဘူး”တဲ့။ ဒီလို
အမိန့်မျိုးကိုတိတိကျကျလိုက်နာရတဲ့ တိုင်းမှူးလုပ်သူက အဲဒီညမှာပဲ ဗိုလ်အာဠာကို မန္တလေးနန်းတွင်းစစ်ထောင်ကနေခေါ်ထုတ်ပြီး ပစ်သတ်လိုက်ပါတယ်။
အခုတော့ ဗမာပြည်မှာ စစ်အုပ်စုနဲ့သူတို့ရဲ့ခါးပိုက်ဆောင်စစ်တပ်ဟာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေနဲ့လုပ်စားနေလိုက်တာ လူအတော်များများ အဆီတောင်ယစ်ကုန်ပါပြီ။ ညောင်နှစ်ပင်စံချိန်ကိုချိုးတဲ့နှစ်ပေါက်ဆွေးနွေးပွဲရှည်ကြီးတွေ၊ အေဘီစီဒီစာလုံးအတိုကောက်တွေနဲ့ ပြည်ပအထောက်အပံ့တွေအမြောက်အမြားယူပြီး ဘာမှဖြစ်မလာတဲ့အစုအစည်းတွေ စသဖြင့် ပြောမဆုံးပေါင်၊ တောသုံးထောင်တွေ့နေကြရပါတယ်။ ဒါပေမဲ့ ပြည်တွင်းစစ်မီး
ကြီးကတော့တဟုန်းဟုန်းတောက်လောင်နေဆဲပါ။ အမြောက်သံတွေဟာလည်း ဗမာပြည်အနောက်ဖျားကနေ အရှေ့ဖျားအထိ ဟိန်းဟိန်းညံနေဆဲဖြစ် ပါတယ်။
တကယ်အတည် ငြိမ်းချမ်းရေးရပြီဆိုတဲ့အဖွဲ့အစည်းလို့ တိတိပပပြောစရာပေါ်မလာဘဲ လက်နက်ကိုင်တော်လှန်တဲ့အဖွဲ့အသစ်တွေနဲ့ တိုက်ပွဲ ဒေသအသစ်တွေသာ ပေါ်လာနေတာတွေ့ရပါတယ်။ အခုနောက်ဆုံးပေါ်ထွက်လာတဲ့ စစ်ကြောင်းတွေဟာ ဘယ်သူဌေးရဲ့စီးပွားရေးခွင်ကို
ရှောင်ပေး မယ်၊ ငွေဘယ်လောက်ပေး လို့တောင်းတဲ့ကိစ္စတွေ ပုပ်လို့ပေါ် ဟုတ်လို့ကျော်လာခဲ့ပါတယ်။ ဒါတွေကိုပြန်စဉ်းစားလိုက်တော့ သြော်
-ပြည်တွင်းစစ်နဲ့ငြိမ်း ချမ်းရေး ဆွေးနွေးပွဲဆိုတာတွေဟာ ဗိုလ်ချုပ်တွေအတွက် ဇိမ်ခံပစ္စည်းတွေဖြစ်နေပါကလားလို့နှုတ်ကထွက်သွားပါတယ်။
နှစ်ပေါင်း ၇၀ ကျော်လာပြီဖြစ်တဲ့ ဗမာပြည်ကပြည်တွင်းစစ်ဟာ အစိုးရအဆက်ဆက်နာမည်နဲ့တိုက်ခဲ့ကြတာဖြစ်ပေမယ့် တိုက်တဲ့စစ်တပ်ကတော့ တခုတည်းမို့ ဒီစစ်တပ်ဟာအခုအထိလည်း ၄၈ခုနှစ်တုန်းကလို လူထုကိုအမျိုးမျိုးနှိပ်စက်၊ လုယက်သတ်ဖြတ်တာ၊ အမျိုးသမီးတွေကိုအနိုင်ကျင့်တာ၊ ပေါ်တာဆွဲ စစ်သားဆွဲတာစတဲ့ ကြေးစားလူသတ်သမားအစဉ်အလာကိုတော့ ကျင့်သုံးမြဲကျင့်သုံးနေတာတွေ့ရပါတယ်။
ဒီပြည်တွင်းစစ်တလျှောက်မှာ စစ်အုပ်စုရဲ့လက်စွဲပေါ်လစီတခုကတော့ လူမျိုးရေး၊ ဘာသာရေးမှိုင်းတွေတိုက်၊ အဓိကရုဏ်းတွေဖန်တီးတာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာထိုးစစ်ဆင်ရင် တခြားအမျိုးသားလက်နက်ကိုင်တပ်တွေ(ဥပမာ ကရင်)ကို အသုံးပြုတာ၊ ပြည်တွင်းစစ်ရဲ့အစောပိုင်းမှာ ဗမာပြည်ကွန်မြူနစ်ပါတီဗဟိုဌာနချုပ်ရှိရာ ပျဉ်းမနားဒေသတဝိုက်ကိုထိုးစစ်ဆင်တော့ ကချင်တပ်တွေကိုသုံးပြီး လုယက်၊ သတ်ဖြတ်၊ အဓမ္မပြု
တာတွေလုပ်စေခဲ့ပါတယ်။ အလားတူပဲ တရုတ်ဖြူကျူး ကျော်မှုကိုပြန်
တိုက်ဖို့လွှတ်လိုက်တဲ့ အစိုးရစစ်တပ်တွေထဲက ဗမာလူမျိုးတပ်တွေဟာ
ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်မှာ လုယက်၊ သတ်ဖြတ်၊ မုဒိမ်း ကျင့်
တာတွေလုပ်လို့ အဲဒီဒေသတွေမှာဗမာမုန်းတီးတာတွေ၊ အစိုးရတပ်
ကိုပြန်ချတာတွေပေါ်ပေါက်ခဲ့ပါတယ်။ အခုလည်းပဲ ဗမာပြည်အနောက်
ဖက်ခြမ်း မှာ ရခိုင်-ဗမာမုန်းတီးရေးတွေပေါ်ပေါက်အောင် လုပ်နေပြန်ပါ
ပြီ။ လူမျိုးရေးအာဃာတဆိုတာ သမိုင်းနဲ့၊ ရာစုနှစ်နဲ့ချီပြီးတည်ရှိတတ်တယ်ဆိုတာ စစ် အာဏာရှင်တွေမသိတာမဖြစ်နိုင်ပါဘူး၊ သိလျက်နဲ့လုပ်တာပါ။
တခြားမပြောနဲ့ ဗမာပြည်အရှေ့ဖျားမှာ ငြိမ်းချမ်းရေးသံတွေကို တိတ်ရီကော်ဒါထဲကနေ အထပ်ထပ်လွှင့်ပြနေတာနဲ့ တချိန်တည်းမှာ အနောက် ဖျားမှာတော့ ရှိသမျှအသစ်ဆန်းဆုံးလက်နက်၊ အကြီးဆုံးအင်အားနဲ့ လူမျိုးရေးမုန်းတီးရေးစကားတွေအော်ဟစ်ပြီး ရက်ရက်စက်စက် သတ်ဖြတ် နေပါတယ်။ ရာစုနှစ်တခုနီးပါး ကြာရှည်လာတဲ့ဒီပြည်တွင်းစစ်ကြီးမှာ ထင်ရှားသထက်ထင်ရှားလာတဲ့အချက်က ဗမာပြည်မှာပြည်တွင်းစစ်ကြီးရပ်စဲ စေဖို့အတွက်ဆိုရင် ဒီစစ်ကြီးကိုဖန်တီးတဲ့၊ ထိန်းသိမ်းတိုးချဲ့နေတဲ့ စစ်အုပ်စုကိုဖြိုခွဲပစ်မှသာ ပြည်သူအားလုံး ငြိမ်းချမ်းတဲ့ဘဝကိုရရှိနိုင်မှာဖြစ်ပါတယ်။

Tuesday, September 10, 2019

ဗမာပြည်ကွန်မြူနစ်ပါတီအတွက် လေထီးဦးအုန်းမောင်၏ ဘဝနေဝင်ချိန် နောက်ဆုံး အကျိုးပြုတာဝန်ထမ်းဆောင်ခြင်း။

1 comments
ဗမာပြည်ကွန်မြူနစ်ပါတီအတွက် လေထီးဦးအုန်းမောင်၏
ဘဝနေဝင်ချိန် နောက်ဆုံး အကျိုးပြုတာဝန် ထမ်းဆောင်ခြင်း။
(ပါတီအနှစ်(၈၀) ပြည့် အထိမ်းအမှတ် ပြည်သူ့အာဏာဂျာနယ် အမှတ်(၄၂) တွင် ဖော်ပြမည့် ဆောင်းပါး)
ကျွန်ုပ်သည် လူမှန်းသိတတ်စ အရွယ်မှ စတင်ကာ တိုင်းပြည်နှင့် ပြည်သူလူထုအကျိုး သယ်ပိုးရန်အတွက် ဗြိတိသျှ နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေး၊ အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲ အဆင့်ဆင့်၌ ပါဝင်ဆောင်ရွက်ခဲ့ပါသည်။
တိုင်းပြည်လွတ်လပ်ရေး ရရှိပြီးသည့် အချိန်မှ စ၍လည်း အဖိနှိပ်ခံပြည်သူများဘက်မှ အစဉ်တစိုက် ပါဝင်ဆောင်ရွက်ခဲ့ပါသည်။
ဖက်ဆစ်တော်လှန်ရေး ဆင်နွှဲရန် စတင်ချိန်မှစ၍ မြန်မာပြည်၌ တခုတည်းသော ပစ္စည်းမဲ့အလုပ်သမားလူတန်းစားပါတီ ဖြစ်သည့် ဗမာပြည်ကွန်မြူနစ်ပါတီ၌ သာမန်ပါတီဝင်အဖြစ်မှ ဗဟိုကော်မတီဝင်ဖြစ်သည်အထိ ပါဝင်၍ တာဝန်ထမ်းဆောင်ခဲ့ပါသည်။
ကျွန်ုပ်သည် ဗမာပြည်ကွန်မြူနစ်ပါတီ၏ ပါတီဝင်တဦးအဖြစ် ပါဝင်ဆောင်ရွက်ခဲ့ရသည်ကို အထူးပင် အားရ ကျေနပ်ခဲ့ပါသည်။ ဂုဏ်ယူမဆုံး ဖြစ်ခဲ့ရပါသည်။
လွတ်လပ်ရေးရရှိပြီး မရှေးမနှောင်း ၁၉၄၈ ခုနှစ် မတ်လ ၂၈ရက်နေ့ ဗမာပြည်ကွန်မြူနစ်ပါတီ စတင်၍ တောခိုရသည့်အချိန်တွင် ပါတီနှင့်အတူ တောခိုခဲ့ရပါသည်။ ဤကဲ့သို့ တောခိုခဲ့ကြရခြင်းနှင့် စပ်လျဉ်း၍ အဖြစ်မှန်နှင့် ကင်းကွာစွာ ဗမာပြည်ကွန်မြူနစ်ပါတီအပေါ် မတရားစွပ်စွဲ ပုတ်ခတ်မှုများဖြင့် ဆန့်ကျင်ဘက်အင်အားစုများ (ဝါ) ဖိနှိပ်အုပ်ချုပ်သူများနှင့် ယင်းတို့၏ တဘက်သတ် ဝါဒဖြန့် စာနယ်ဇင်းများက ထိုးနှက်တိုက်ခိုက်ခြင်း ခံခဲ့ရပါသည်။
ယင်းကဲ့သို့ ထိုးနှက် တိုက်ခိုက်ခံရခြင်းများကို တုံ့ပြန်ရှင်းလင်းခွင့်များ မရရှိခဲ့သဖြင့် လည်း တဘက်သတ် စွပ်စွဲတိုက်ခိုက်ချက်များသည် အမှန်ဖြစ်ရပ်ဟု အများတကာ ထင်မှတ်မှားလျက် ရှိနေကြပါသည်။
ယင်းစွပ်စွဲတိုက်ခိုက်ချက်များသည် အမှန်မဟုတ်ကြောင်းနှင့် တကယ့်အဖြစ်မှန်များကို နောင် သမိုင်းမှတ်တမ်းပြုစုကြရာတွင် အထောက်အထားဖြစ်စေရန်နှင့် အမှန်တရားကို ချစ်မြတ်နိုးသူများအတွက် အမှန်တရားကို သိရှိမှတ်သားနိုင်ကြစေရန် ကျွန်ုပ်၏ ဘဝ နေဝင်ချိန်မတိုင်မီ ရေးသားမှတ်တမ်း ပြုထားခဲ့ချင်ပါသည်။
ဤကဲ့သို့ မှတ်တမ်းပြုခဲ့ခြင်းအားဖြင့် ကျွန်ုပ်ချစ်မြတ်နိုးခဲ့သည့် ပါတီကို နောက်ဆုံးအကျိုးပြုတာဝန်ထမ်းဆောင်ခြင်းအဖြစ် ဂုဏ်ယူမိပါသည်။ ပါတီနှင့် ပါတီဝင်တရပ်လုံးနှင့် ပြည်သူလူထုအပေါင်းက နှစ်ထောင်းအားရရှိလိမ့်မည်ဟု မျှော်လင့်ယုံကြည်ပါသည်။
၁၉၄၈ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင် ဗမာပြည်ကွန်မြူနစ်ပါတီ တောခိုရခြင်းနှင့် စပ်လျဉ်း၍ ဗမာပြည်ကွန်မြူနစ်ပါတီ၏ ခေါင်းဆောင်ဖြစ်ခဲ့ဖူးသော ဦးသိန်းဖေမြင့်က ဗမာပြည်ကွန်မြူနစ်ပါတီသည် အိန္ဒိယကွန်မြူနစ်ပါတီ၏ အကြံပြုချက်အရ လက်နက်ကိုင်တော်လှန်ရေးကို လမ်းစဉ်အဖြစ် ချမှတ်ကာ တောခိုသွားကြခြင်း ဖြစ်သည်။ ယင်းလက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကို ပါတီ၏ ပေါလစ်ဗျူရို အဖွဲ့ဝင်တဦးဖြစ်သူ ရဲဘော်ဂိုရှယ်က အိန္ဒိယမှ လက်ခံသယ်ယူလာခဲ့ခြင်း ဖြစ်သည်ဟု စာနှင့်ပေနှင့် ရေးသားခြင်း၊ ဟောပြောခြင်းများ ပြုခဲ့သည်။ ဦးသိန်းဖေမြင့်၏ ယင်း ရေးသားပြောကြားချက်များကို အတည်ယူ၍ အုပ်စိုးသူအစဉ်အဆက်နှင့် ဝါဒဖြန့်စာနယ်ဇင်းများက ပုတ်ခတ်တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။ ဦးသိန်းဖေမြင့်သည် ပါတီ၏ ခေါင်းဆောင်တဦး ဖြစ်ခဲ့ခြင်းကြောင့် ၎င်း၏ ပြောကြားချက်များ ရေးသားချက်များကို အမှန်ဟု ယူဆလက်ခံခဲ့ကြခြင်းများ ရှိနိုင်သလို တမင်သက်သက် ပုတ်ခတ်တိုက်ခိုက်ရန်အတွက် ဇွတ်မှိတ်အသုံးချခြင်းလည်း ဖြစ်နိုင်ပါသည်။ ဦးသိန်းဖေမြင့်သည်လည်း ယင်းအပေါ် နိုင်ငံရေးအမြင် သဘောထား မတူညီမှုကြောင့် စည်းရုံးရေးအရ ပါတီမှ ထုတ်ပယ်ခံရခြင်းကို မကျေမနပ်ဖြစ်ကာ ရေးသားပြောဆိုခြင်းလည်း ဖြစ်နိုင်သလို တဦးဦးက ပေးသည့် မမှန်သတင်းကို အမှန်ဟု ယူဆကာ ရိုးသားစွာ ရေးသားပြောဆိုခြင်းလည်း ဖြစ်နိုင်ပါသည်။
တကယ့်အဖြစ်မှန်မှာ အိန္ဒိယ ကွန်မြူနစ်ပါတီမှ ရဲဘော်ဂိုရှယ်နှင့်အတူ ဗမာပြည်ကွန်မြူနစ်ပါတီအား ပေးလိုက်သည့်စာမှာ ဗမာပြည်သည် ဗြိတိသျှ ကိုလိုနီ နယ်ချဲ့လက်အောက်မှ လွတ်လပ်ရေးရရှိသည့်အချိန်တွင် ဖဆပလ သည် အာဏာရ လာခဲ့ပြီ။ ဒါကြောင့် ဖဆပလကို လူတန်းစားလက္ခဏာ ဖြတ်ရမည်။ ပါတီတရပ်၏ သေနင်္ဂဗျူဟာကို ချမှတ်ရာ၌ လူတန်းစားလက္ခဏာဖြတ်ရေးသည် အဓိက ကျသည်။ ဒါကြောင့် ဖဆပလ အစိုးရသည် ဓနရှင်လူတန်းစားအစိုးရဖြစ်သည်။ သို့သော် မည်သည့် ဓနရှင်လူတန်းစားဖြစ်သည်ကို ဗမာပြည် ကွန်မြူနစ်ပါတီအနေဖြင့် စဉ်းစားဆုံးဖြတ်ရန် လိုသည်။ ဖဆပလ အစိုးရသည် လက်ဝေခံဓနရှင်(Comprador Bourgeois ) အဖြစ် သတ်မှတ်မလား၊အ မျိုးသားဓနရှင် (National Bourgeois ) အဖြစ် သတ်မှတ်မလား(ထိုစဉ်အချိန်က ကမ္ဘာနှင့်ချီ၍ ဓနရှင်လူတန်းစားကို ဤကဲ့သို့သော လက္ခဏာ ၂ ရပ်ဖြင့် ခွဲခြားကြပါသည်။) ဒါကို ဗမာပြည် ကွန်မြူနစ်ပါတီအနေဖြင့် မိမိတို့ကိုယ်တိုင် စဉ်းစားဆုံးဖြတ်ပါ။ အကယ်၍ လက်ဝေခံဓနရှင် ဖြစ်တယ်ဟု ဆုံးဖြတ်လျှင် ဖဆပလကို ဆန့်ကျင်တိုက်ခိုက်ပါ။ ဘာကြောင့် ဆို လက်ဝေခံ ဓနရှင်ဆိုတာ နယ်ချဲ့သမားနှင့် မပြန်တမ်း ပူးပေါင်းသွားခြင်းကြောင့် ဖြစ်တယ်။ အကယ်၍ အမျိုးသားဓနရှင် ဖြစ်တယ်ဟု ဆုံးဖြတ်လျှင် ဖဆပလနှင့် ပူးပေါင်းဆောင်ရွက်ဖို့ ကြိုးစားပါ။ ဘာကြောင့်ဆို အမျိုးသားဓနရှင်ဆိုတာ နယ်ချဲ့ဆန့်ကျင်တဲ့လက္ခဏာ ရှိတာကြောင့် ဖြစ်တယ်။ ဒီအချက်ကို ဗဟိုကော်မတီ အစည်းအဝေး၌ စဉ်းစားဆွေးနွေးနေကြသည်မှာ ၂၇- ၃- ၄၈ နေ့ ညနေအထိ ဆွေးနွေးမပြီး ဆုံးဖြတ်ချက် မချနိုင်သေးပါ။
ဒီအတောအတွင်း၌ ဝန်ကြီးချုပ်သခင်နု၊ ဗိုလ်လက်ျာတို့က ဗမာပြည်ကွန်မြူနစ်ပါတီ သခင်သန်းထွန်းနှင့် တွေ့ဆုံလိုကြောင်း ဗိုလ်အောင်ကြီးကတဆင့် ဆက်သွယ်ခဲ့ကြောင်း ဗိုလ်အောင်ကြီးရဲ့ ဆောင်းပါးများမှာ ပါခဲ့ပါတယ်။ ဗိုလ်အောင်ကြီးရဲ့ ကောက်ချက်က ကွန်မြူနစ်တွေဟာ တောခိုဖို့ စီစဉ်နေတာကြောင့် တွေ့ဆုံရေးကို အချိန်ဆွဲနေခဲ့တာလို့ စွပ်စွဲထားပါတယ်။ အမှန်မှာ အထက်က ဆိုခဲ့တဲ့ လက်ဝေခံဓနရှင်လား- တိုင်းရင်းသားဓနရှင်လား ဆုံးဖြတ်ချက်မကျသေးတာကြောင့် တွေ့ဆုံရေးကို အချိန်ဆွဲထားတာ ဖြစ်ပါတယ်။
၂၈- ၃- ၄၈ နေ့တွင် ဖဆပလ အစိုးရက တပြည်လုံးမှာ တပြိုင်နက်တည်း ဗမာပြည်ကွန်မြူနစ်ပါတီဝင်များ စတင်ဖမ်းဆီးပါတော့တယ်။ ဒါကိုလည်း ဝန်ကြီးချုပ်ဟောင်းဦးနုရဲ့ တာတေ စနေသားစာအုပ်မှာ ဦးကျော်ငြိမ်းက ဗမာပြည်ကွန်မြူနစ်ပါတီ ပေါလစ်ဗျူရိုက တောခိုပြီး လက်နက်ကိုင် တိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်ပြီ။ ကွန်မြူနစ် ပေါလစ်ဗျူရိုထဲမှာ ကျွန်တော့်လူ ရှိတယ်လို့ ပြောလာတာကြောင့် တပြည်လုံးဖမ်းဖို့ သဘောတူလိုက်တယ်လို့ ရေးထားတာ တွေ့ရပါတယ်။ နှစ်ပေါင်း ၅၀ ကြာတဲ့အထိ ဗမာပြည်ကွန်မြူနစ်ပါတီ ပေါလစ်ဗျူရို အဖွဲ့ဝင်ထဲက တစုံတယောက်မျှ ဦးကျော်ငြိမ်းရဲ့လူအဖြစ် မပေါ်ပေါက်ခဲ့ပါဘူး။ ထိုစဉ်က ပြည်ထဲရေးဝန်ကြီး ဦးကျော်ငြိမ်းရဲ့ အခြေခံအတွေးအခေါ်ဖြစ်တဲ့ တော်လှန်ရေးသန္ဓေသားကို အမွေးမခံရဘူး၊ ဖျက်ချပစ်ရမယ်ဆိုတဲ့ ယူဆချက်ကြောင့် တပြည်လုံးကို ဖမ်းဆီးစေခဲ့တာ ဖြစ်တယ်။ ဝန်ကြီးချုပ် ဦးနုရဲ့ သဘောတူညီချက်ကို မရ ရတဲ့နည်းနဲ့ ယူခဲ့တာ ဖြစ်တယ်။( ဒီအကြောင်းကို ဦးသိန်းဖေမြင့်ရေးတဲ့ “ကျော်ငြိမ်း” စာအုပ်မှာ ပါပြီး ဖြစ်ပါတယ်။)
အဲဒီ မတ်လ ၂၈ ရက်နေ့အဖမ်းအဆီးတွေ ခံရပြီးတဲ့နောက် ပေါလစ်ဗျူရိုတွေ လွတ်သွားကြတယ်။ အဲဒီနေ့မှာပဲ ပေါလစ်ဗျူရို (၃) ဦးဖြစ်တဲ့ သခင်သန်းထွန်း၊ သခင်ဗသိန်းတင်နှင့် ရဲဘော်ဂိုရှယ်တို့ (၃) ဦး အစည်းအဝေး ထိုင်ကြတယ်။ အဲဒီအစည်းအဝေးမှာ ရဲဘော်ဂိုရှယ်က ဖဆပလ အစိုးရက စတင် ရန်စလာပြီ။ ပါတီအနေနဲ့ မြေအောက် ( Under Ground ) ဆင်းပြီး အလုပ်သမားတွေ စည်းရုံးပြီး သပိတ်တွေ မှောက်စေကာ သပိတ်စုံ သူပုန်ထရမယ်လို့ တင်ပြတယ်။ သခင်သန်းထွန်းနဲ့ သခင်ဗသိန်းတင်က လယ်သမားထုကို စည်းရုံးပြီး တောရပ်ကို အခြေခံတဲ့ လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲရမယ်လို့ တင်ပြကြတယ်။ ဒီနေရာမှာ အိန္ဒိယကွန်မြူနစ်ပါတီရဲ့ လက်နက်ကိုင် တော်လှန်ရေးလမ်းစဉ်ကို ဂိုရှယ်က လက်ခံပြီး သယ်ဆောင်လာတယ်ဆိုတဲ့ ဦးသိန်းဖေမြင့်ရဲ့ ရေးသားပြောဆိုချက်ဟာ တက်တက်စင်အောင် လွဲမှားခဲ့တာ ဖြစ်ပါတယ်။ ဒီပေါလစ်ဗျူရို (၃) ဦးရဲ့ အစည်းအဝေးကပဲ ၂ မဲ ၁ မဲနဲ့ တောရပ်ကို အခြေခံ လယ်သမားကို စည်းရုံးပြီး လက်နက်ကိုင်တော်လှန်ရေးလုပ်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ (ဒီအကြောင်းကို သခင်ဗသိန်းတင်က Bertil Litner ကို အတည်ပြုပြောကြားခဲ့ကြောင်း သူ့ရဲ့ The Rise and Fall of Communist Party of Burma စာအုပ်ထဲမှာ ရေးသားဖော်ပြထားပါတယ်။)
တောခိုသွားကြရတဲ့အခါမှာလည်း ရဲဘော်ဂိုရှယ်က ကွန်မြူနစ်ကောင်းတယောက် ပီသစွာ သူက သဘောမတူသော်လည်း အများစုရဲ့ ဆုံးဖြတ်ချက်ကို လိုက်နာပြီး ပါတီနဲ့အတူ ပါသွားခဲ့တယ်။ တောတွင်း ရောက်တဲ့အထိ ပထမပိုင်းမှာ လယ်သမားလက်နက်ကိုင်တော်လှန်ရေးလုပ်တာကို သဘောမတူတဲ့အတွက် တာဝန်မှ ချထားပြီး အရေးယူတာကို ခံခဲ့ရတယ်။ ပေါလစ်ဗျူရို အဖွဲ့ဝင်ဘဝမှ တိုက်နယ်စည်းရုံးရေးမှူး တာဝန်သာ ထမ်းဆောင်ခဲ့ရတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် အိန္ဒိယ ကွန်မြူနစ်ပါတီက လက်နက်ကိုင်တော်လှန်ရေးလုပ်ဖို့ ညွှန်ကြားတာကို ရဲဘော်ဂိုရှယ်က လက်ခံယူလာပြီး ပေါလစ်ဗျူရိုက ဆုံးဖြတ်ပြီး တောခိုခဲ့တယ်ဆိုတဲ့ ဦးသိန်းဖေမြင့်နဲ့တကွ အုပ်စိုးသူအဆက်ဆက်တို့က စွပ်စွဲတိုက်ခိုက်ခဲ့တဲ့ အချက်ဟာ လုံးဝ မမှန်မကန်ပါဘူး။ ဖဆပလ အစိုးရက တပြည်လုံး ကွန်မြူနစ်ပါတီဝင်များကို ဖမ်းဆီးတာကြောင့် ပြန်လည်ခုခံတဲ့ လက်နက်ကိုင်တော်လှန်ရေးကို ဆင်နွှဲခဲ့ကြရတာ ဖြစ်တဲ့အမှန်တရားကို ကျွန်ုပ်အနေဖြင့် မှတ်တမ်းပြုထားခဲ့ပါသည်။
တောတွင်းရောက်ပြီး (၆) လမျှ အကြာမှာ “တော်လှန်ရေး ၆ လ ခရီး”ဆိုတဲ့ မိန့်ခွန်းတခုထဲမှာ ဥက္ကဋ္ဌ သခင်သန်းထွန်းက “ကျွန်တော်တို့ဟာ လက်နက်ကိုင်တော်လှန်ရေးလုပ်ရမယ်ဆိုတာကို သတိမရကြပါဘူး။ ဖဆပလ အစိုးရက အပေါက်ကျဉ်းကလေးထဲက ကန်ထုတ်ပြီး မင်းတို့လက်နက်ကိုင်တော်လှန်ရေး လုပ်ကြတော့လို့ ခိုင်းတာနဲ့ ကျွန်တော်တို့ လက်နက်ကိုင်တော်လှန်ရေး လုပ်ရတော့တာပဲ”လို့ ပြောကြားခဲ့ပါတယ်။
အဲဒီလို ပြည်တွင်းစစ် စတင်ဖြစ်တဲ့အချိန်မှာပဲ ဖဆပလ ဗဟို ဦးစီးညီလာခံမှာ အမှုဆောင်အဖွဲ့က အစီရင်ခံရာမှာ ၁၉၄၈ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင် ကွန်မြူနစ်များ တောခိုသွားကြသည်ဟု ပါရှိရာ ဗဟိုဦးစီးအဖွဲ့ဝင် ပြည်သူ့ရဲဘော်ခေါင်းဆောင် ဗိုလ်အောင်ညွန့်က ပြင်ဆင်ချက်တင်သွင်းရာမှာ တောခိုသွားကြသည်အစား တောခိုသွားရသည်ဟု ပြင်ဆင်ပေးရန် တင်ပြခဲ့ပါသည်။ သူတို့ဘာသာ တောခိုသွားကြခြင်းမဟုတ်ဘဲ ဖဆပလ အစိုးရက ဖမ်းဆီးခြင်းကြောင့် တောခိုသွားရခြင်း ဖြစ်ကြောင်း တင်ပြခြင်း ဖြစ်ပါသည်။
ဤအထောက်အထား သက်သေပြချက်များဖြင့် ၁၉၄၈ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင် စတင်ဖြစ်ပွားခဲ့ရသော ပြည်တွင်းစစ်နှင့် ပတ်သက်၍ အဖြစ်မှန်များကို နောင်လာနောက်သားများနှင့် တိုင်းသူပြည်သားများ၊ သမိုင်းပညာရှင်များအနေဖြင့် အမှန်ကို အတည်ပြုရန်နှင့် အမှားကို ပယ်ဖျက်နိုင်စေရန် ကျွန်ုပ်အနေဖြင့် မှတ်တမ်းပြုစုခဲ့ခြင်း ဖြစ်ပါတယ်။
(ကျွန်ုပ်ကိုယ်တိုင် ရေးသားရန် ရည်ရွယ်ထားခဲ့သော်လည်း ရေးသားရန် အချိန် မရနိုင်တော့သည့်အတွက် ကျွန်ုပ်၏ ရဲဘော်ဟောင်းတဦးကို ရေးသားစေခဲ့၍ မှတ်တမ်းပြုထားခဲ့ခြင်း ဖြစ်ပါသည်။)
အုန်းမောင် (လေထီး)

(နိုင်ငံရေးအဆင့်နေရာ)

0 comments
(နိုင်ငံရေးအဆင့်နေရာ)
လူမျိုးစုလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေကို နိုင်ငံရေးအရအဆင့်နေရာ မပေးသရွေ့ ပြည်တွင်းစစ်က ပုံစံအမျိုးမျိုးနဲ့ရှိနေမှာပဲ။ ကြီးလာလိုက် သေးသွားလိုက် ပြင်းလာလိုက် ပျော့လာလိုက်လောက်ပဲ ကွာမှာပါ။ ဓနဥစ္စာ ငွေကြေး အခွင့်အရေးမျိုးစုံပေးပြီး ခေါင်းဆောင်တချို့ကို ချော့မြှူသိမ်းသွင်း သွေးခွဲပြီး ၂ဝဝ၈ ဖွဲ့စည်းပုံတင်းကုပ်ထဲမောင်းသွင်း၊ တပ်ဖျက် လက်နက်ချ ပါတီတောင် ကုမ္ဗဏီထောင်လုပ်တာတွေ ရကောင်းရပေမယ့် စစ်စစ်မှန်မှန် တွန်းလှန်ရုန်းကန်နေကြသူတွေကိုတော့ (သူတို့ဘက်မှာ ဘယ်လောက်အကျပ်အတည်းရှိရှိ) အဲ့လိုလုပ်လို့ ဘယ်တော့မှ မရနိုင်ဘူး။ ပြဿနာကို တပွဲတိုးနည်းနဲ့ရှင်းလာခဲ့တာ လွတ်လပ်ရေးကတည်းကနေ ခုချိန်ထိ။ ဘယ်မှာပြေလည်သွားလို့လဲ။ ပြဿနာရဲ့တကယ့်အရင်းအမြစ်ကို မှန်မှန်ကန်ကန် မျှမျှတတ တရားနည်းလမ်းကျကျ တန်းတူရည်တူ မဖြေရှင်းသရွေ့ ပြည်တွင်းစစ်ပြဿနာနဲ့ လူမျိုးစုများအရေး(ပြည်ထောင်စုပြဿနာ)ဟာ နာတာရှည်ရောဂါလို ဆက်ပြီးရှိနေမှာပဲ။
ခု စစ်အုပ်စုရှင်းနေတဲ့ တပွဲတိုးဆေးမြီးတိုနည်းကို တပ်ပိုင်အစိုးရကပါ မှန်ပါ့ဘုရားလိုက်လုပ်လာတာ၊ အပြတ်ချေမှုန်းခိုင်းတာ၊ လေယဉ်သုံးဖို့သဘောတူတာ၊ တဘက်အဖွဲ့အစည်းတွေကို အကြမ်းဖက်လုပ်ရပ်ဆိုပြီး ပြစ်တင်ရှုတ်ချလာတာတွေအပါအဝင် ပြည်တွင်းစစ်မှာလူသတ်ကြတာချင်းအတူတူ စစ်တပ်ကလူသတ်သမားတွေကို သမ္မတကိုယ်တိုင်က လွတ်လပ်ရေးနေ့မှာ ဘွဲ့တံဆိပ်တွေကပ်နေရတာတွေဟာ အလိုတူအလိုပါလို့ပြောရတာထက်ပြင်းတဲ့စကားနဲ့ပါ ပြောထိုက်လာတယ်။ လူအစုလိုက်အပြုံလိုက်သတ်၊ မိန်းမမှန်သမျှမုဒိန်းကျင့် ရွာလုံးကျွတ်မီးရှိူ့၊ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်တာတွေကို ဗြောင်ကျကျ လက်ရဲဇက်ရဲလုပ်နေတဲ့ စစ်အာဏာရှင်တပ်ကို ရှေ့ကနေရော နောက်ကနေပါ သွေးရူးသွေးတမ်းကာကွယ်ပြောဆိုနေတာဟာ စစ်အုပ်စုကိုကြောက်ရလို့လုပ်နေတာထက် ကိုယ်တိုင်ကိုက စိတ်ပါလက်ပါ သိစိတ်ရှိရှိ ရာဇဝတ်မှုတွေကို လိုက်လံကျူးလွန်နေတာနဲ့ ဘာများ ခြားနားပါသလဲ။
မိမိကိုယ်တိုင်လည်း စစ်အုပ်ရဲ့ “နိုင်ငံရေးအရ အဆင့်နေရာ“ပေးခြင်းမခံရသလို မိမိနည်းတူ အဆင့်နေရာအပေးမခံရတဲ့ ဖိနှိပ်ခံတွေဘက်ကရပ်တည်ရမယ့်အစား ဖိနှိပ်သူဘက်က ဝင်ရပ်ပြီဆိုကတည်းက ဖိနှိပ်သူနဲ့အတူရှိတယ်ဆိုတာကို ဘွင်းဘွင်းပြတာပဲဖြစ်တယ်။ ဒါကလည်း စစ်အာဏာရှင်စနစ်နဲ့ စစ်ဗျူရိုကရက် လက်ဝါးကြီးအုပ်အရင်းရှင်စနစ်ကြီးကြောင့်ဖြစ်နေတာပဲလို့ ယေဘုယျပြောနိုင်ပေမယ့် ခြွင်းချက်မရှိလက်ခံလို့ရတဲ့စကားတော့ မဟုတ်ပေဘူး။
ဗမာပြည်လက်တွေ့အရ စစ်အုပ်စုဟာ သူ့သက်တမ်းတလျှောက်မှာ ဘယ်ပါတီ ဘယ်အဖွဲ့အစည်း ဘယ်သူဘယ်ဝါကိုမှ နိုင်ငံရေးအရအဆင့်နေရာတူမပေးခဲ့ဖူးဘူး။ သဘောက ပြဿနာတွေကို တန်းတူရည်တူ သွေးရိုးသားရိုး ဆွေးနွေးညှိနှိူင်းခဲ့ရိုးမရှိဘူး။ အရှည်ကြီးမပြောနဲ့ လက်ရှိ အပစ်ရပ်မရတာကိုက အဲ့ဒီ “နိုင်ငံရေးအရအဆင့်နေရာ“မပေးလို့ပဲ။ ပြည်တွင်းစစ်ရပ်ဖို့၊ ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်ဖို့၊ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ဖို့ဆိုတဲ့ စိတ်ကူးတွေဟာ “နိုင်ငံရေးအရအဆင့်နေရာ“တန်းတူမပေးနိုင်ရွေ့ မရသရွေ့ မရှိသရွေ့ ဖော်ဆောင်လို့မရမယ့် ဒြပ်မဲ့သက်သက်စိတ်ကူးယဉ်မျှထက် ပိုလာစရာမရှိဘူး။
ဒီ “နိုင်ငံရေးအရအဆင့်နေရာ“ကို ဘယ်သူတွေကစ ကျင့်သုံးရမလဲဆိုတော့ လူမျိုးစုတွေမှာ အကြီးဆုံးနဲ့အများဆုံးလူမျိုးစုကြီးဖြစ်တဲ့ “ဗမာလူမျိုးစု“က စရမှာဖြစ်တယ်။ တခြားလူမျိုးစုတွေကို “တိုင်းရင်းသား“လို့ ခေါ်ဝေါ်သုံးစွဲနေတာကိုရပ်ပစ်ဖို့ကနေ စရလိမ့်မယ်။ ဗမာဟာလည်း တခြားလူမျိုးစုများနည်းတူ လူများစုလူမျိုးတခုဖြစ်တယ်လို့ရှင်းရှင်းမြင်တာက စရလိမ့်မယ်။ အဲ့ဒီကနေမှ ဗမာလူမျိုးကြီးဝါဒ၊ ဘာသာကြီးဝါဒ ကျင့်သုံးနေတာကို လျော့ပါးသွား ပပျောက်သွားအောင်လုပ်ရမှာပါ။
မိမိက မဟာဗမာ လူမျိုးကြီးဝါဒကိုကိုင်စွဲထားသရွေ့ လူနည်းစုလူမျိုးစုတွေကလည်း ကျဉ်းမြောင်းတဲ့လူမျိုးစွဲအမြင်တွေကိုင်စွဲထားမှာ အသေအချာပဲ။ ဖန်တီးနိုင်တဲ့အခြေအနေနဲ့အားဟာ ဘယ်သူ့ဘက်မှာ ပိုရှိနေသလဲ။ ပိုရှိနေတဲ့လူက အရင်စပြင်ရမှာပဲ။ ဒါဆို ကျန်သူတွေလည်း လိုက်ပြင်ကြမှာပဲ။ ဒါမှလိုက်မပြင်ရင် ဘယ်လိုနိဂုံးချုပ်တတ်တယ်ဆိုတာ သူတို့လည်းသိကြပါတယ်။
မျိုးမြင့်ချို
စက္တင္ဘာ ၄၊ ၂ဝ၁၉

Vape

0 comments
Vape လို့ခေါ်တဲ့ E Cigarette တမျိုး သောက်သုံးမှု(ရှူရှိူက်မှုလို့ပြောရမှာပါ) အမေရိကန် အလယ်တန်း/အထက်တန်းကျောင်းတွေမှာ အတော်ကြီးတဲ့ပြဿနာတခုဖြစ်လာနေပါတယ်။ ဘယ်လောက်အထိကြီးလာသလဲဆိုတော့ ခုလတ်တလောမှာကိုပဲ ကျန်းမာရေး ဆိုးဆိုးရွားရွားထိခိုက်မှု ၂၅၆ ခုအထိရှိလာပြီး တဦးကတော့ သေဆုံးသွားပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနကတော့ ဒီ Vape ကြောင့်ဖြစ်ရတဲ့ ကျန်းမာရေးကိစ္စကို National Crisis တမျိုးသားလုံးနဲ့ဆိုင်တဲ့ပြဿနာအဖြစ်သတ်မှတ်ဖို့ပါ စဉ်းစားနေကြပါတယ်။
Vape ကို E Cigarette အီလက်ထရောနစ်စီးကရက်လို့ ရောက်လွယ်အောင်ပြောရပေမယ့် ဒါဟာ အီးစီးကရက်တော့လည်း မဟုတ်ပါဘူး။ ဟိုတလောက CBS သတင်းဌာနနဲ့ ဗာဂျီးနီးယားက အထက်တန်းကျောင်းသားတချို့ အင်တာဗျူးလုပ်တာလေး ကြည့်လိုက်ရပါတယ်။ တပါတည်းမှာ သတင်းသမားက အီးစီးကရက်အကြောင်းရော Vaping အကြောင်းတွေပါ ထောင့်စေ့အောင် တင်ပြသွားပါတယ်။ (Vaping အကြောင်းသိရအောင် လင့်ခ်ပါတွဲပေးထားပါတယ်)
အင်တာဗျူးမှာ ကလေးတွေပြောတာက ကျောင်းက အိမ်သာခန်းလိုဟာမျိုးတွေမှာ ခိုးသောက်ကြတယ်တဲ့။ ကျောင်းအဆောက်အဦးတွေရဲ့နေရာတိုင်းမှာ Smoke Alarm (မီးခိုးအနံ့ခံကိရိယာ)တွေတပ်ထားပေမယ့် အဲ့ဒါတွေက Vaping ရှူလို့ ထွက်လာတဲ့အနံ့ကို မဖမ်းနိုင်ဘူးတဲ့။ ဒီတော့ ကျောင်းသားတွေ Vape ရှူနေတာကို တာဝန်ရှိသူတွေက ထောက်လှမ်းဖို့ခက်ပါတယ်တဲ့။ နောက်တချက်က ဝယ်ရလွယ်ကူတာပါ။ စီးကရက် ဆေးပြင်းလိပ် ဆေးရွက်ကြီးတွေသာ အသက်ကန့်သတ်ချက်ကြောင့် လူငယ်တွေဝယ်ရခက်ပေမယ့် Vape ကတော့ ဝယ်ရသိတ်မခက်ဘူးတဲ့။ နောက်တချက်က သိမ်းရဆည်း ဖွက်ရပြုရလွယ်တာပါတဲ့။ Vape ထုတ်တဲ့ကုမ္ဗဏီပေါင်းများစွာထဲမှာ လူငယ်တွေကြား ရေပန်းအစားဆုံးလို့ဆိုရမယ့်တံဆိပ်ကတော့ Juul ဖြစ်ပါသတဲ့။ Juul ကထုတ်တဲ့ Vape လေးတွေက ဒီဇိုင်းလှတယ်၊ အရောင်စုံတယ်၊ သေးလည်းသေးသေးကွေးကွေးလေးတွေ၊ အနံ့နဲ့ပတ်သက်ရင်လည်း တခြားဟာတွေထက် စုံအောင်ရပါသတဲ့။ ပြီးတော့ ဈေးလည်းချိုပါသတဲ့။ ဒီတော့ အထက်တန်းကျောင်းသားတွေက စွဲမက်ကြပါသတဲ့။
Vaping လုပ်တာကို ဆေးလိပ်သောက်တယ် ဆေးရွက်ကြီးရှူတယ်လို့ပြောမရပေမယ့် ရလာမယ့်အန္တရာယ်နဲ့ ကျန်းမာရေးထိခိုက်မှုကတော့ မနီးရိုးစွဲပါပဲ။ သူ့ရဲ့ ဆိုးပြစ်တွေ ကျန်းမာရေးနဲ့ အသက်အန္တရာယ်တွေအကြောင်းလည်း လင့်ခ်မှာဝင်ဖတ်စေချင်ပါတယ်။ နောက် အချိန်ရတဲ့အခါတော့ ချုပ်ပြီး ပြန်ဖြစ်မယ်တွေးပါတယ်။
အမေရိကန်မှာ ဆေးလိပ်သောက်နှုန်းက ကျလာတယ်ဆိုပေမယ့် အီးစီကရက်နဲ့ Vape သုံးစွဲမှုနှုန်းကတော့ ကြောက်ခမန်းလိလိတိုးပွားလာတယ်လို့ဆိုပါတယ်။ ဆေးလိပ်မသောက်တတ်သေးတဲ့လူငယ်တွေက Vape ရှူတာကို စတိုင်ထုတ်သလိုလုပ်ကြရင်း Vape စွဲသွား၊ Vape ကမှတဆင့် ဆေးလိပ်၊ ဆေးခြောက်စတာတွေအထိ အဆင့်ဆင့်တက်သွားတတ်ပါတယ်။ ကျနော့်အသိတွေထဲမှာ ဆေးလိပ်ကို Vape နဲ့ဖြတ်ရာက ဆေးလိပ်ရော Vape ပါ ၂ မျိုးသုံးနေသူတွေလည်းရှိပါတယ်။
ခုတော့ ပြည်နယ်တချို့မှာ Juul အပါအဝင် Vape ထုတ်တဲ့ကုမ္ဗဏီတွေကို စည်းကမ်းတင်းကျပ်တာတွေ လုပ်လာပါတယ်။ နောက်ပြီး ဝယ်ယူနိုင်ခွင့်အသက်ကိုလည်း ၂၁ နှစ်အထိ တိုးလာပါတယ်။ အဆောက်အဦးတွေ ဝန်းတွေ နေရာဌာနတွေမှာလည်း No Smoking, No E Cigarette and No Vaping ဆိုပြီး ရေးလာကြပါပြီ။ နောက်ပိုင်းကျရင်တော့ ပြည်ထောင်စုအစိုးရအနေနဲ့ ဆေးလိပ်(ဆေးရွက်ကြီးထုတ်ကုန်တွေကိုလုပ်သလို) Law or Act တခုအဖြစ်ပါ လုပ်လာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။
လောလောဆယ်မှာတော့ ဆန်စင်ရာကျည်ပွေ့လိုက်ဖြေရှင်းနည်းသုံးတော့ အနံ့ခံကိရိယာတွေထုတ်တဲ့ကုမ္ဗဏီတွေ ငွေဝင်ဖြောင့်သွားတယ်ဆိုရမှာပါ။ ခုဆို ပြည်နယ်တချို့ကကျောင်းတွေမှာ Vape အနံ့ကို အနံ့ခံပေးနိုင် ထောက်လှမ်းပေးနိုင်တဲ့ ကိရိယာလေးတွေ စတပ်ဆင်နေပါပြီ။ နောက်ဆို တပြည်လုံးမှာ တပ်လာကြမယ်ထင်ပါတယ်။ အိမ်သုံး ရုံးသုံး ရိုးရိုးမီးခိုးအနံ့ခံကိရိယာလေးတွေက သုံးဖြစ်ရုံလောက်ဆို တခုမှ ဆယ့်လေးငါးဒေါ်လာလောက်နဲ့ရပြီး အကောင်းစားကျ ဒေါ်လာ ၅ ဆယ် တရာပေးရုံနဲ့ရတာပါ။ Vape အနံ့ခံကိရိယာကတော့ တခုကို ဒေါ်လာ တထောင်ကျော်ရှိပါတယ်။ 
မ်ိဳးျမင့္ခ်ိဳ
စက္တင္ဘာ ၄၊ ၂ဝ၁၉
 https://www.centeronaddiction.org/e-cigarettes/recreational-vaping/what-vaping

(ပြည်သူဟာ မြေစာပင်မဟုတ်ပါ)

0 comments
(ပြည်သူဟာ မြေစာပင်မဟုတ်ပါ)
မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေရဲ့တိုက်ခိုက်မှုကြောင့် တသက်လုံး ပြည်တွင်းစစ်နဲ့လုပ်စားကြီးပွားနေတဲ့ စစ်အုပ်စုရဲ့အတွင်းသရုပ်နဲ့မျက်နှာဖုံးဟာ ဗြုံးဆို ထပ်ခွာချခံလိုက်ရတယ်။ လူထုကြားမှာ ပြည်တွင်းစစ်နဲ့ ဆွေစဉ်မျိုးဆက်ကြွယ်ဝနေကြတဲ့ စစ်ဓနရှင်ကြီးတွေ စစ်သူကြွယ်ကြီးတွေအကြောင်း အရင်ကထက် အပြောများလာကြတယ်။ ပြည်ထောင်စုလမ်းမကြီးတောင် လုံခြံုအောင်မစောင့်ရှောက်နိုင်တဲ့တပ်က ဘယ့်နှယ်လို့ ငါတို့အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်နိုင်ပါ့မလဲဆိုတာက မေးခွန်းဖြစ်လာသလို သံသသယလည်းပွားလားကြတယ်။
စစ်အုပ်စုဟာ စစ်ရေးအရလည်း ရှူံးသလို နိုင်ငံရေးအရလည်း အထိနာသွားတယ်လို့ ဆိုရမှာပါ ဟိုဘက်အဖွဲ့တွေအနေနဲ့ကြည့်တော့ စစ်ရေးအရရော နိုင်ငံရေးအရပါ အမြတ်ထွက်တယ်လို့ဆိုရင် မမှားတန်ဘူး။ နိုင်ငံရေးအမြတ်ထဲမှာမှ အကြီးဆုံးအမြတ်က လူထုကိုစည်းရုံးနိုင်မှုဖြစ်ပါတယ်။ တနည်းပြောရရင် ဒီတိုက်ပွဲဖော်ဆောင်ဖို့စီမံတာ၊ တိုက်တာ၊ တိုက်ပြီးပြန်ဆုတ်တာတွေမှာ လူထုမပါရင် ဘာမှလုပ်မရဘူး။ လူထုပါလို့ ခုလောက် အောင်မြင်တာပါ။ မပါရင် ခုလောက်အထိ ပီပီမြည်မြည်ဖြစ်လာစရာမရှိဘူး။
အရင် မဆလခေတ်၊ နဝတ၊ နအဖစတဲ့ခေတ်တွေမှာလည်း လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေအနေနဲ့ အင်အားနည်းနည်းပါးပါးနဲ့ အတွင်းပိုင်းတွေအထိ ထိုးဖေါက်တာတွေလုပ်ခဲ့ကြဖူးတယ်။ ဒါပေမယ့် ခုလောက်မလုပ်လိုက်ရခင်မှာပဲ ဒေသခံတွေရဲ့ သတင်းပေးမှုတွေ၊ ပေါက်ကြားမှုတွေ၊ ပူးပေါင်းဆောင်ရွက်မှုတွေ စတာတွေကြောင့် အပြတ်ချေမှုန်းခံလိုက်ရပြီး လက်ရဖမ်းမိသူတွေခမျာလည်း ထောင်နှစ်ရှည်ကြီးတွေ သေဒဏ်တွေအပေးခံရလိုခံရတွေဖြစ်ပြီး အရှူံးနဲ့နိဂုံးချုပ်သွားတာလိုလိုချည်းပဲ။ ခုဒီပွဲမှာ ဒီလက္ခဏာ တခုမှမတွေ့ရဘူးဆိုတော့ ဒါဟာ လူထုပါဝင်မှုကြောင့်လို့ပြောလို့ရတယ်။ လူထုပါဝင်မှုလို့ပြောလိုက်ရင် လူတွေအကောင်လိုက်ကြီးတွေ လိုက်ပါလုပ်ဆောင်နေမှ ပါဝင်မှုဖြစ်နေတာမဟုတ်ပါ။ လူထုက မိမိသိနေကြားနေမြင်နေ မိမိကိုစည်းရုံးနေတာကိုသိသိနဲ့ အာဏာပိုင်တွေကို သတင်းသွားပေးတာမျိုးမလုပ်တာကို၌က ပါဝင်မှုဖြစ်နေတာပါ။
ဒီပွဲတွေကပြသလိုက်တဲ့အချက်နဲ့ သာဓက ကတော့ လူထုဟာမြေစာပင်မဟုတ်ဘူး၊ အချင်းချင်းရန်တိုက်ပေးတဲ့နည်းနဲ့ ဝါဒဖြန့်နေသလို လူထုဟာ အပြစ်မဲ့ပြည်သူမဟုတ်ဘူး၊ ဘဝနဲ့ ဘဝကပေးတဲ့တာဝန်သိတဲ့ပြည့်သူတွေဖြစ်တယ်၊ အဖိနှိပ်ခံလူထုဟာ ဖိနှိပ်သူဘက်က မရှိဘူး၊ ဖိနှိပ်သူကို ဆန့်ကျင်တယ်၊ ဖိနှိပ်သူကို ဆန့်ကျင်နေတဲ့သူကိုထောက်ခံတယ်၊ (အနိမ့်ဆုံးအဆင့်) အဖိနှိပ်ခံအချင်းချင်းယိုင်းပင်းကြတယ်ဆိုတာပဲဖြစ်ပါတယ်။
မျိုးမြင့်ချို
စက္တင္ဘာ ၆၊ ၂ဝ၁၉

(မနီဘူး ဒါပေမယ့် မပေါဘူး)

0 comments
(မနီဘူး ဒါပေမယ့် မပေါဘူး)
ဗိုလ်ချုပ်ပုံနဲ့ပိုက်ဆံတွေထုတ်တော့မှာ ဝမ်းမသာဘူးလားဗျတဲ့။ သိကြားမင်းပုံနဲ့ထုတ်လည်း နိုင်ငံတကာမှာ ငွေရာမဝင်ရင် မျက်နှာငယ်ရမှာပါဗျဆိုတော့ နောက်ဆို အမေ့ပုံတွေနဲ့ပါထုတ်နိုင်အောင် ကျနော်တို့ ကျနော်တို့ကြိုးစား မှဖြစ်မယ်နော်တဲ့။ ခင်ဗျား ဦးသိန်းစိန် မြစ်ဆုံဆည်ရွှေ့ဆိုင်းလိုက်တုန်းကတော့ “ဒါမှ တို့အဘ“ဆိုပီး ကျနော့်ကိုပြောဖူးတာမှတ်မိလားဆိုတော့ အဲ့ဒီတုန်းက တကယ်မှတ်လို့ဗျတဲ့။ ဘာကိုတကယ်မှတ်တာလဲဆိုတော့ မြစ်ဆုံဆည်မဆောက်တော့ဘူး အပြီးရပ်လိုက်ပြီလို့ သူများတွေပြောတာကို တကယ်မှတ်တာပြောတာဗျတဲ့။ ဟုတ်ကဲ့ အဲ့လောက်နဲ့ဆို တချို့ကိစ္စတွေက သိတ်ကြီး တက်ထောင်မောင်းနင်း မပြောတာကကောင်းပါတယ်ဗျဆိုတော့ ဘာကိုလဲတဲ့။ သြော် ဒေါ်စုပုံနဲ့ ပိုက်ဆံထုတ်နိုင်အောင်ကြိုးစားမယ်ဆိုတာကိုပြောတာပါဆိုတော့ ဟုတ်တယ်လေ အဲ့ဒါဘာဖြစ်လဲ၊ အမေက ဗိုလ်ချုပ်ထက်တောင် လူတွေချစ်ကြသေးတယ်၊ ကမ္ဘာမှာလည်း အမေ့ဆို မသိတဲ့လူမှမရှိတာ၊ ဒီလောက် ထင်ရှားကျော်ကြားတဲ့ လူထုခေါင်းဆောင် တိုင်းပြည်ခေါင်းဆောင် ပြည်ထောင်စုမိခင်ကြီးပုံနဲ့မထုတ်လို့ ဘယ်သူ့ပုံနဲ့ ထပ်ထုတ်မလဲတဲ့။ ခင်ဗျား ဘယ်နိုင်တွေဘက်ရောက်ဖူးလဲဗျ၊ ရောက်တဲ့နိုင်ငံတွေ လမ်းပေါ်မှာတွေ့တဲ့လူတွေနဲ့ရော စကားလေးဘာလေးရော ပြောကြည့်ဖူးလားဗျဆိုတော့ ဘယ်မှမရောက်ဖူးပါဘူး၊ အေးဗျာ ထုတ် ထုတ်၊ ထုတ်ဖြစ်တဲ့အခါကျပြော၊ ကျနော်လည်း အမှတ်တရ ဝယ်သိမ်းထားမယ်ဆိုတော့ ပိုက်ဆံဆိုတာ ဝယ်စရာမှမဟုတ်တာဗျာ၊ ကိုယ့်ဆီရောက်လာရင် သိမ်းထားလိုက်ပေါ့တဲ့။ သိန်းစိန် ဗြဟ္မဏခေါင်း နောက်အစိုးရတွေလက်အပ်လိုက်တာ သူမသိဘူး။ ကမ္ဘာပေါ်မှာ ဒေါ်စုကိုမသိတဲ့လူတွေအကြောင်း သူမသိဘူး။ ပိုက်ဆံကို ပိုက်ဆံနဲ့ဝယ်ရတာ သူမသိဘူး။ ဒါပေမဲ့ သူပျော်နေတယ်၊ ဝမ်းသာနေတယ်။ သူ့အာရုံလေးနဲ့သူ အေးချမ်းနေတယ်။ ဘယ်သူ့မှ ဒုက္ခမပေးဘူး။ ကျနော် ခတ်နှိမ်နှိမ်ခတ်ရွဲ့ရွဲ့ပြောတာကိုတောင် ချိုချိုသာသာ ပျူပျူငှာငှာနဲ့ ကောင်းကောင်းမွန်မွန်ပြန်ပြောရှာတယ်။ လူယဉ်ကျေး လူမွန်ရည်တယောက်ပါပဲ။
ဖေ့စ်ဘွတ်ခ်မှာသိတာကြာပေမယ့် သူ့အကြောင်း မမေးမိဖူးဘူး။ သူ ကျနော်ရေးတာတွေဖတ်တယ်။ မကြိုက်တာရှိ မကြိုက်ဘူးပြောတယ်။ ကြိုက်တယ်ပြောတာ ၂ ခါလားပဲရှိဖူးတယ်။ ၆၅ နှစ်စာသောကနဲ့ သံဃံသရဏံဂစ္ဆာမိပါဘုရား ၂ ပုဒ်လို့မှတ်မိနေတယ်။ ဒါနဲ့ သူ့အကြောင်းမေးဖို့စိတ်ကူးရပြီး နေဦး ခင်ဗျားက အင်န်အယ်လ်ဒီပါတီဝင်လားဗျဆိုတော့ ဟာ...ဘယ်ကလာ၊ ကျနော်က အစိုးရဝန်ထမ်းဗျ၊ ပါတီဝင်မဟုတ်ဘူး၊ အင်န်အယ်လ်ဒီတော့ အရင်ကကြိုက်ဖူးတယ်၊ ပိုက်ဆံတွေဘာတွေလည်း ရန်ပုံငွေထည့်ဖူးတယ်၊ ပစ္စည်းလေးတွေလည်း ဝယ်ပြီးအားပေးဖူးတယ်၊ ဈေးတွေဘာတွေလည်း ကူရောင်းပေးဖူးတယ်၊ မဲလည်းပေးခဲ့တယ်၊ မဲပေးဖို့လည်း ကိုယ်နဲ့အသိတွေကို တိုက်တွန်းဖူးတယ်၊ ဒါပေမယ့် ၂ဝ၁၅ နောက်ပိုင်းကတည်းက အင်န်အယ်လ်ဒီကို စောက်မြင်ကပ်သွားတာဗျ ကြည့်မရတော့ဘူး၊၊ အမေ့တော့ ချစ်တယ် လေးလည်းလေးစားတယ် ယုံလည်းယုံတယ် အားလည်းကိုးတယ်တဲ့။
သူ့အယဉ်အကျေးကြောင့် ကျနော်လည်း အားတုံ့အားနာဖြစ်သလို နောက်ဆို ဘယ်သူနဲ့ဖြစ်ဖြစ် အပြောအဆိုဆင်ခြင်မှလို့ ကိုယ့်ဘာသာဆုံးမမိတယ် တပြိုင်တည်းမှာပဲ ဒီလူဟာ ဘယ်နည်းနဲ့မှ နီပေါမှမဟုတ်ကြောင်းသေချာသွားလို့ သူနဲ့မိတ်ဆွေဖြစ်နေရတာ ကိုယ့်ဘာသာ ကျေနပ်မိပါတယ်။
မျိုးမြင့်ချို
စက္တင္ဘာ ၆၊ ၂ဝ၁၉ )
0 comments
(Vaping အကြောင်း တစေ့တစောင်း)
မြီးကောင်ပေါက်အရွယ် အမေရိကန်လုူငယ် ၄၁ ရာခိုင်နှုန်းလောက်ဟာ E-Cigs လိုအတိုကောက်ခေါ်တဲ့ လျှပ်စစ်စီးကရက်တွေကို စမ်းတဲ့သဘောသောက်ရာကနေ စွဲစွဲမက်မက်သုံးစွဲနေကြတယ်လို့ဆိုပါတယ်။ ဒါဟာ လိုတာထက် ပိုချဲ့ကားထားတဲ့အချက်အလက်တွေဖြစ်တယ်လို့ E-Cigs ထုတ်လုပ်သူတွေဘက်က ငှားရမ်းထားတဲ့ လော်ဘီသမားတွေကဆိုနေကြပါတယ်။ သူတို့ လော်ဘီအဖွဲ့တွေဟာ လွှတ်တော်အမတ်တွေကိုချဉ်းကပ်ပြီး E-Cigs အပေါ် တင်းကျပ်တဲ့ဥပဒေစည်းမျဉ်းတစုံတရာ လုပ်မလာရေးချဉ်းကပ်ဆွေးနွေးနေပါတယ်။ ချဉ်းကပ်တာက အလကားကပ်လို့မရသလို လော်ဘီသမားလည်း ငွေကုန်ကြေးကျခံပြီး ငှားရတာပါ။ ဘယ်ဟာမှ အခမဲ့ free မရှိပါ။ စီးပွားရေးသမား၊ နိုင်ငံရေးသမားနဲ့ ကြားခံအောင်သွယ်ပွဲစားများရဲ့အဆက်အစပ်ပါ။ ဗမာပြည်နိုင်ငံရေးမှာလည်း နဝတ၊ နအဖ၊ သိန်းစိန်ခေတ်တွေအထိ သူတို့ကျူးလွန်ထားတဲ့ ရာဇဝတ်မှုတွေအတွက် အမေရိကန်အစိုးရကနေ စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့မှုတွေမလုပ်အောင် လုပ်ခဲ့ရင်လည်း သက်သက်ညှာညှာလေးလုပ်ရအောင် အမေရိကန်လွှတ်တော်အမတ်တွေကိုချဉ်းကပ်ဖျောင်းဖြဖို့ လော်ဘီသမားတွေ(ရှေ့နေလိုဟာတွေများပါတယ်)ကို ဒေါ်လာသိန်းချီပြီးငှားရမ်းကြပါတယ်။ ခု ဒေါ်စုခေတ်မှာတော့ ရိုဟင်ဂျာအရေးကြောင့် အစိုးရကို ဒဏ်ခတ်တာမလုပ်ဖို့ အမေရိကန်က နံမညာ်မကျော့နတတကျော်လော်ဘီအပဖွဲ့ငှားထားရတာပါ။ နံမည်မကျော့်တကျော်တောင် ဒေါ်လာ ၃ သိန်းလောက်(အနည်းဆုံး)ပေးရပါတယ်။

E-Cigs တွေမှာ E-Cigs တွေထဲမှာ Vape လို့ခေါ်တဲ့ ဆေးရွက်ကြီး Tobacco ကနေထုတ်တဲ့ နစ်ကိုတင်န်း Nicotine အစစ်အစား နစ်ကိုတင်အရသာမျိုးခံစားရစေတဲ့ဓာတ်ပစ္စည်း၊ သစ်သီးနံ့ ပန်းနံ့စတဲ့အနံ့အရသာတမျိုးမျိုးကိုစပ်ပြီး လျှပ်စစ်ရှူတံ လှလှလေးတွေထဲ ထည့်ရှူရတာပါ။ ဒီလိုရှူရှိူက်တာကို Vaping လုပ်တယ်လို့ဆိုပါတယ်။ အဲ့ဒီ Vape တွေထုတ်တဲ့ပုမ္ဗဏီပေါင်း ဆယ်ဂဏန်းအထိရှိပြီး လူငယ်တွေအစွဲမက်ဆုံးကတော့ JUUL တံဆိပ်ဖြစ်ပါတယ်။ သူ့ကို ဂျူလ်လို့အသံထွက်ပြီး တနှစ်တနှစ်အမြတ်ငွေဟာ ဒေါ်လာ သန်း ဆယ်ဂဏန်းလောက်ဖြစ်နေပြီလို့ဆိုပါတယ်။

ဒီ Vape က တကယ့်စီးကရက်တို့ ဆေးပြင်းလိပ်တို့လို ဆေးလိပ်နံ့ဆေးပြင်းလိပ်နံ့တွေမထွက်သလို ရှူရှိူက်သွင်းတဲ့အခါမှာလည်း အသက်ရှူလမ်းကြောင်းတလျှောက်နဲ့အဆုပ်မှာ သိပ်ပြင်းပြင်းထန်ထန် နင့်ကနဲနင့်ကနဲ မခံရတာကြောင့် တဖွာတရှိူက်မှာ မီးခိုးတွေအများကြီးရှိူက်သွင်းနိုင်သလို ပြန်မှုတ်ထုတ်လိုက်တဲ့အခါလည်း နှာခေါင်းနဲ့ပါးစပ်ကနေ နဂါးကြီးတကောင်ကောင် ပါးစပ်ကနေ မီးခိုးမီးငွေ့တွေမှုတ်ထုတ်သလို ဖွားနေအောင်မှုတ်ထုတ်လို့ရပါတယ်။ (သဘောက တအားရှိူက်သွင်းလိုက်လည်း ရင်ဘတ်မအောင့်ဘူးဆိုတာပါ) တချို့ ရှူသက်ရင့်နေသူတွေဆို ထွက်လာတဲ့မီခိုးငွေ့တွေဟာ တိမ်တိုက်တွေလို ထုနဲ့ထည်နဲ့ကို အလုံးလိုက်ကြီးတွေ အဆုပ်လိုက်ကြီးတွေ ထွက်လာတာပါ။ ကြိုက်သူတွေအတွက်တော့ အကြည့်ရအလွန်ကောင်းသလို ရှူနေသူအတွက်ကျတော့လည်း ဒီလိုလုပ်ပြနေရတာကနေရတဲ့ စိတ်ကြည်နူးမှုကိုရစေတယ်လို့ဆိုပါတယ်။ သဘောက လူကြည့်ခံရတာကိုကြိုက်တဲ့အရသာမျိုးနဲ့အတူ စိတ်ကျေနပ်မှုရတယ်လို့ဆိုပါတယ်။ ဆေးလိပ်လို ဖွာပြီးမှရှိူက်ရတာမျိုးမဟုတ်ပဲ ဆေးခြောက်ကို ပြောင်းနဲ့ရှူသလို တခါတည်း တချက်တည်းရှိူက်သွင်းရတာပါ။ ဒါ့ကြောင့် Vaping လုပ်တာကို ရှူတယ် Inhale လို့ပဲသုံးပါတယ်။
နောက်တချက်ကတော့ Vape မှာသုံးတဲ့ သစ်သီးနံ့ ပန်းနံ့အဆီတွေရဲ့ အနံ့ အရသာ Flavor အပေါ်စွဲမက်မှုဖြစ်တယ်လို့ဆိုပါတယ်။ အဲ့ဒီအနံ့အရသာ Flavor (အမေရိကန်အသုံးမို့ u ပြုတ်ပါတယ်)ဟာ အတော့်ကိုစွဲမက်စရာလို့ဆိုပါတယ်။ လူငယ်တွေက အဲ့ဒါကိုလည်း မက်ရည်စက်ရည်ရှိကြတယ်လို့ဆိုပါတယ်။

နောက်တချက် သိမ်းရဆည်းရ ဖွက်ရပြုရလွယ်သလို ရှူတံလေးတွေရဲ့အလှအပလက်ရာနဲ့ အရောင်လေးတွေ ပုံစံလေးတွေကြောင့်လည်း ပါပါတယ်တဲ့။ နောက်ဆုံးတချက်ကတော့ ခုချိန်ထိ Vape ကို ဘယ်အသက်အရွယ်မှာမှ ဝဝယ်လို့ရမယ်ဆိုတဲ့ ဥပဒေတိတိကျကျ ရှင်းရှင်းလင်းလင်း မရှိသေးတာပဲဖြစ်ပါတယ်တဲ့။ စည်းမျဉ်းသဘောတွေတော့ ရှိပါတယ်။ တချို့ပြည်နယ်တွေမှာ အသက် ၁၈ ပြည့်မှ ဝယ်ခွင့်ရှိပေမယ့် တချို့ဒေသတွေမှာတော့ ကွမ်းယာဆိုင်မှာ ဆေးလိပ်ဝယ်သလို လွယ်လွယ်ကူကူဝယ်လို့ရနေတယ်လို့ဆိုပါတယ်။

ဆိုတော့ ခု အမေရိကန်အထက်တန်းကျောင်းသားတွေကြားမှာ Vaping လုပ်တာက ၂ ဆယ်ရာခိုင်နှုန်းလောက်အထိဖြစ်လာ အပြင်မှာလည်း လူရွယ်တွေကြား ၄ ဆယ်ရာခိုင်နှုန်းလောက်အထိသုံးလာကြတော့ E-Cigs လုပ်ငန်းကြီးဟာ စီးပွားရေးအကျိုးအမြတ်အလွန်ကြီးတဲ့လုပ်ငန်းကြီးဖြစ်လာသလို ကျန်းမာရေးနဲ့ပတ်သက်လို့လည်း ပြဿနာတွေ အကြီးအကျယ်စတက်လာပါပြီ။ Vaping ကြောင့် အသက်ရှူလမ်းကြောင်း၊ အဆုပ်၊၊ ဦးနှောက်နဲ့အာရုံကြောအပြင် ကင်န်ဆာရောဂါတွေပါဖြစ်နေတဲ့လူနာပေါင်း ၃ ရာလောက်ရှိပြီး တယောက်ကတော့ သေဆုံးသွားပါပြီ။ ဒါ့ကြောင့် ကျန်းမာရေးဝန်ကြီးဌာနက Vaping ကိစ္စကို တပြည်လုံးဆိုင်ရာပြဿနာ National Crisis လို့ကြေညာပြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲမှုဌာန FDA ကလည်း သတိပေးတာတွေလုပ်လာပါပြီ။ ဒီမနက် CBS သတင်းမှာ Food and Drug Administration ကပုဂ္ဂိုလ်တွေ ကျန်းမာရေးဌာနကပုဂ္ဂိုလ်တွေနဲ့ Vaping ဆန့်ကျင်ရေးသမားတွေအကြောင်း တင်ဆက်သွားပါတယ်။

အဓိကပြောချင်တာက အမေရိကန်ပြည်ထောင်စုကို အကြောင်းအမျိုးမျိုးနဲ့ရောက်လာကြတဲ့ ဗမာပြည်ဖွားမိဘများရဲ့ကလေးတွေကြားမှာလည်း Vape ဟာ အပြောများပြီးခေတ်စားနေတယ်လို့ကြားနေရပါတယ်။ အထူးသဖြင့် အထက်တန်းကျောင်းသူကျောင်းသားတွေကြားမှာလို့လည်း ကြားရပါတယ်။ မိဘတွေအနေနဲ့ ကိုယ့်သားသမီးလေးတွေ အဲ့ဒါကို စမ်းရှူမိတာမျိုးမဖြစ်အောင်၊ အဲ့ဒါရှူတဲ့ကလေးတွေနဲ့ အနေဝေးအောင်လည်းလုပ်ဖို့လိုသလို Vaping ဘာလဲ၊ သူ့အန္တရာယ်တွေဘာတွေလဲ စတာတွေကို ကိုယ်တိုင်ကိုယ်ကျသိမြင်လာအောင် ကိုယ်တိုင်လေ့လာဖတ်ရှုပြီးသိနေအောင်လုပ်ရပါလိမ့်မယ်။ သူတို့ကို လူကြီးလေးတွေသဖွယ် အသိပေးဆွေးနွေးတာလည်း တလေးတစားလုပ်ကြမှဖြစ်မှာပါ။
Vaping ဟာ Vaping မှာ မရပ်ပါဘူး။ အဲ့ဒီကနေမှ တကယ့်ဆေးလိပ်အစ်၊ ဆေးလိပ်အစစ်ကနေမှ ဆေးခြောက်နဲ့အခြားမူးယစ်ဆေးဝါးများအထိ တဆင့်ပြီးတဆင့်တက်သွားစရာအကြောင်းလည်း ရှိနေတယ်မဟုတ်ပါလား။
မျိုးမြင့်ချို
စက္တင္ဘာ ၁ဝ၊ ၂ဝ၁၉

ဂျွန်ဘော်လ်တန် ငြောင်းပြီး

0 comments
အမေရိကန်မှာ National Security Council အကြီးအကဲ(အမျိုးသားလုံခြုံရေးကောင်စီအကြီးအကဲ)ဟာ တပြည်လုံးက ပါဝါအကြီးဆုံးဆိုတဲ့လူတွေထဲကတယောက်ပါ။ လက်ရှိလူက ဂျွန်ဘော်လ်တန်ပါ။ စစ်သွေးဆာသူလို့ ကျော်ကြားပါတယ်။ သမ္မတထရမ့်က သူ့ရှေ့ကလူကိုဖြုတ်ပြီး စိတ်ကြိုက် ခေါင်ကောက်ရွေးခန့်ခဲ့တာပါ။ နိုင်ငံခြားရေးဝန်ကြီး ပွန်ပီယိုလည်း အလားတူပါပဲ။ သူ့ရှေ့ကလူတွေ တယောက်ပြီးတယောက် အဗြင်းခံရပြီးမှ သူက တပ်ပျက်မှာ ဗိုလ်သွားဖြစ်တာပါ။
မနေ့မနက်က ရေဒီယိုအစီအစဉ်တခုမှာ အမေရိကန်နိုင်ငံခြားရေးပေါ်လစီကိစ္စဆွေးနွေးဝိုင်းတခု ကားေပါ်ထိုင်ရင်းကြားမိပါတယ်။ အစအဆုံးလည်းမဟုတ်ပါ။ ဆွေးနွေးနေကြသူတွေ ဘယ်သူတွေမှန်းလည်း မသိပါ။ တဝက်တပျက်နားထောင်လိုက်ရပေမယ့် ဘာတခု သွားသတိထားမိလဲဆိုတော့ တနေရာမှာ တယောက်က.....
“အမေရိကန် နိုင်ငံခြားရေးပေါ်လစီတွေအပေါ် တကယ်သြဇာသက်ရောက်လည်းသက်ရောက် အကောင်အထည်ဖော်လည်းဖော်နေတာက ဘယ်သူလဲ။ ထရမ့်လား၊ ဂျွန်ဘော်လ်တန်လား ပွန်ပီယိုလား ဆိုတာက ကမ္ဘာကသိချင်သလို အမေရိကန်တွေဘက်က ရှင်းရှင်းလင်းလင်းပြသဖို့လည်းလိုတယ်၊ ဒါမှ ကမ္ဘာ့ခေါင်းဆောယင်တွေက ဘယ်သူနဲ့ ဘာကိစ္စ ဘယ်လောက်အထိပြောရမယ်ဆိုတာကို ဆုံးဖြတ်နိုင်မယ်“ဆိုတာပါပဲ။
ဟာ ခုလည်းကျရော ထရမ့်က NSC Chief ကို ဗြင်းလိုက်ပြန်ပါပြီတဲ့။ ပြုတ်ပြီတယောက်ပေါ့။ မနက်ကလည်း Good Morning America တီဗီပရိုဂရမ်မှာ ကွန်ဒိုလီဇာရိုက်စ်အကြောင်း အမွှမ်းတင်နေတာတွေ့မိတယ်။ CBS မှာလည်းဖြစ်နိုင်တယ်သ။ကျနော်က တခါတခါ တင်းဌာနတွေရောရောနေတတ်တယ်။ ကွန်ဒိုလီဇာရိုက်စ်ဆိုတဲ့ အာဖရိကန်အမေရိကန်အမျိုးသမီးက ဂျော့ရှ်ဒဗလျူလက်ထက်က NSC Chief ပါ။ မြောက်ကိုးရီးယားတို့၊ အစ္စလာမ်းမစ်အစွန်းရောက်တို့နဲ့ ဘယ်တော့မှမဆွေးနွေးဘူးတို့၊ အမေရိကန်ဟာ တဦးတည်းစူပါပါဝါဖြစ်နေတုန်း လုပ်စရာရှိတာအကုန်လုပ် ဘာမှ ဘယ်သူ့မှငဲ့နေစရာမလိုဘူးဆိုတဲ့၊ ကမ္ဘာ့အစီအစဉ်သစ်တခုခုကို တသီးတည်းစုပါပါဝါဖြစ်နေတုန်းချမယ်တို့ဆိုတဲ့အပြောမျိုးတွေကြောင့် နံမည်ကြီးခဲ့သူပဲ။ စစ်သွေးကြွသူ စစ်မက်သူ Hawk လို့လည်း လူသိများပါတယ်။ ခု ဂျွန်ဘော်လ်တန်ပြုတ်ပြီဆိုတော့ ဘယ်သူ့များ သမ္မတထရမ့်က ဆွဲခန့်ဦးမလဲ။
ထရမ့်လက်ထက်အမေရိကန်အစိုးရလူကြီးတွေဟာ ကျနော်တို့ဗမာပြည် မဆလခေတ်တောကျောင်းက ယာယီဆွဲခန့် လက်ထောက်မူလတန်းပြဆရာလေးဆရာမလေးတွေလက်တောင် ရာထူးနေရာ တည်တည်ငြိမ်ငြိမ်မရှိကြရှာဘူး။
မ်ိဳးျမင့္ခ်ိဳ
စက္တင္ဘာ ၁ဝ
၂ဝ၁၉

ပါတီအနှစ်(၈၀) ပြည့် အထိမ်းအမှတ် ပြည်သူ့အာဏာဂျာနယ် အမှတ်(၄၂) စာတည်းအဖွဲ့ရဲ့ အမှာ)

0 comments
ပါတီအနှစ်(၈၀) ပြည့် အထိမ်းအမှတ် ပြည်သူ့အာဏာဂျာနယ်
အမှတ်(၄၂) စာတည်းအဖွဲ့ရဲ့ အမှာ)
အမွာ
ဗကပ နှစ် ၈၀ ပြည့်ချိန် တိုင်းပြည်၏ အခင်းအကျင်း
(၁)
နိဒါန်း
၂၀၁၉ ခု ဩဂုတ်လ ၁၅ ရက်သည် ဗမာပြည်ကွန်မြူနစ်ပါတီ အနှစ် ၈၀
ပြည့်မြောက်သောအချိန် ဖြစ်သည်။ နယ်ချဲ့အင်္ဂလိပ်အစိုးရလက်အောက်က လွတ်လပ်ရေး၊ ဒီမိုကရေစီရေး၊ ဆိုရှယ်လစ်ရေး မျှော်မှန်းချက်များဖြင့် မာ့က်စ်ဝါဒကို သက်ဝင်ယုံကြည်ကြသော တိုင်းချစ်ပြည်ချစ် ပုဂ္ဂိုလ်တချို့ လျှို့လျှို့ဝှက်ဝှက် ဖွဲ့စည်းခဲ့သောပါတီဖြစ်သည်။
တိုက်တိုက်ဆိုင်ဆိုင်ပင် အနှစ် ၈၀ ပြည့် ဒီနေ့ဒီရက် မနက်စောစောအချိန်မှာပင် ကမ္ဘာ့သတင်းတခု ဗမာပြည်အတွင်းမှာ ဖြစ်ပေါ်ခဲ့ပါသည်။
မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် ၃ ဖွဲ့က ပြင်ဦးလွင်၊ နောင်ချိုရှိ အစိုးရစခန်း ၅ ခုကို ရှေ့ဆင့်နောက်ဆင့် ဝင်တိုက် သိမ်းပိုက်လိုက်သည်။ စစ်တပ်ဘက်မှ အရာရှိစစ်သည် ၉ ဦး၊ ရဲက အရာရှိအပါ ၃ ဦး (ပျောက်ဆုံး ၄ ဦး) နှင့် အရပ်သား ၂ ဦး ပေါင်း ၁၄ ဦး ကွယ်လွန်ကျဆုံး၊ ၁၅ ဦး ဒဏ်ရာရပြီး သေနတ် ၁၇ လက်နဲ့ ခဲယမ်းအချို့ သိမ်းယူသွားကြောင်း၊ တံတား ၄ စင်းလည်း အဖျက်ဆီးခံရကြောင်း စစ်တပ်ဘက်မှ ထုတ်ဖော်ဝန်ခံသွားတာ တွေ့လိုက်ရသည်။ အထိနာသော တိုက်ပွဲတပွဲပင်။ စစ်တပ်အဖို့ နိုင်ငံရေးအရ ဆုံးရှုံးမှုအကြီးဆုံးကတော့ ဒီတိုက်ပွဲတွင် ပြည်သူ့ထောက်ခံမှု မရ
ရှိခြင်း ဖြစ်သည်။ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ ချီတက်ဝိုင်း
ဝန်းနေတာကို မြင်တွေ့နေရပါလျက် အရပ်သားတွေက အစိုးရကို ဘာသတင်းမှ မပေးခြင်းဖြစ်သည်။ ပွဲကြည့်ပရိသတ် လုပ်နေသည်။
၁၉၃၉ ခု ကာလ လူထုက အုပ်စိုးသူနယ်ချဲ့လက်အောက်က လွတ်မြောက်လိုကြသည်။ ဒီနေ့ ပြည်သူတွေက စစ်တပ်ချုပ်ကိုင်ထားတဲ့၂၀၀၈ ခြေဥ အစိုးရကို အားပေးအားမြှောက် မလုပ်လိုကြတော့ဘဲ ပုန်ကန်သူတွေကို စေတနာထားပေးလိုက်တာ တွေ့ရသည်။ လက်တွေ့မပါသော စေတနာရှင်တွေနှင့် ကိုယ့်လွတ်မြောက်ရေး ကိုယ်ရုန်းကန်နေသူတွေကြား ကာယကံမြောက်စည်းခြားပေးလိုက်ခြင်းပင်။
(၂)
ပြည်သူနှင့်အစိုးရ -
ဘယ်လိုအစိုးရမျိုးမို့ ပြည်သူတွေ မျက်နှာလွှဲလိုက်ကြခြင်းလဲ။ ၂၀၀၈ ခြေဥအောက်က ပေါ်လာသောအစိုးရ၊ စစ်တပ်ကို လုပ်ကိုင်ခွင့်အာဏာတွေ တထွေးကြီး ပေးထားရသောအစိုးရ၊ ငါတို့က မဲပေးရွေးတင်လိုက်ပေမယ့် တို့အတွက် လုပ်မပေး၊ ပြောစကားမတည်သော အစိုးရ၊ စစ်တပ်မျက်နှာ ကြည့်လုပ်နေသောအစိုးရ ဆိုသည့် ခံစားချက်မျိုး ပြည်သူမှာ ရှိနေပေပြီ။
ပြည်သူ့ထောက်ခံမှုက တော်လှန်ပုန်ကန်လိုသူများအတွက် အားဆေးတခွက် ဖြစ်နေသည်။ တရားရှိလျှင် ကူသူများသည်ဆိုသည့် အမှန်တရား ဖြစ်သည်။ ခြောက်စားမြှောက်စားနေသူတွေအတွက်တော့ နားမလည်စရာ ဖြစ်နေပေမည်။
အခြေခိုင်နေသော တိုင်းရင်းသားအဖွဲ့အစည်းတွေကိစ္စ ဇာမချဲ့တော့ပါ။ AA နှင့် TNLA တို့ကိုပဲ ရွေးထုတ်ကြည့်ပါမည်။
ဗမာပြည်မှာ တိုင်းရင်းသားတွေများသော်လည်း မိုးပေါ်က ကျလာကြတာမဟုတ်။ သူ့သမိုင်းနောက်ခံနဲ့သူ ရှိခဲ့ကြသူများ ဖြစ်ကြသည်။ ရခိုင်၏ သမိုင်းနောက်ခံပြန်ကြည့်လျှင် သမိုင်းဖြစ်ထွန်းမှု ရှည်ကြာသော၊ ယဉ်ကျေးမှုမြင့်သော၊ အင်အားတောင့်တင်းသော ကိုယ့်မင်းကိုယ့်ချင်း နိုင်ငံတခု ဖြစ်ခဲ့သည်။ ဒီလိုနိုင်ငံမျိုးက ဒီနေ့ခေတ်တွင် အောက်တန်းနောက်တန်းကျသော ပြည်နယ်တခု ဖြစ်နေရသည်ကို ရခိုင်ပြည်သူတွေ အသည်း
နာကြသည်။ ဒီအချိန် ရခိုင်အမျိုးသားတပ်တတပ် ပေါ်ပေါက်လာသည်ဆိုတော့ အားတက်ကြသည်။ အားပေးထောက်ခံကြသည်။ ကြီးထွားလာရခြင်း ကိစ္စမှာ ဒါက ပဓာနကျသည်။ နောက်တခုက စစ်အစိုးရအဆက်ဆက်က ပိပြားနေအောင် ဖိနှိပ်ခံရလွန်း၍ မွန်းကျပ်နေကြစဉ် ထွက်လမ်းရှာနေချိန် တိုက်ဆိုင်မိခြင်း ဖြစ်သည်။ ယခု ပြည်တွင်းပြည်ပ အခြေအနေများကြောင့် ပေါ်လာသော အခွင့်သာချက်ကို AA က ဖမ်းဆုပ်ကိုင်မိလိုက်ခြေပြီ။သတိပြုမိစေချင်သည့် အချက်တချက်က ရခိုင်ပြည်သူတွေသည် ဖက်ဆစ်တော်လှန်ရေး၊ နယ်ချဲ့ဆန့်ကျင်ရေး ကာလများနှင့် စစ်အစိုးရအဆက်ဆက်တွင် ဗမာပြည်ကွန်မြူနစ်ပါတီ အလံအောက်မှ လက်နက်ကိုင်စွဲ တော်လှန်ခဲ့သည့် တိုက်ပွဲအစဉ်အလာရှိသူများ ဖြစ်ကြသည်ဆိုသောအချက် ဖြစ်သည်။
TNLA ကတော့ ရှည်ကြာသော တော်လှန်ရေးသမိုင်းရှိခဲ့ဖူးသည်။ PSLO ,PSLA ပေါ်ခဲ့သည်။ ကျွန်တော်တို့ပါတီ၏ ရင်းနှီးသော မဟာမိတ်များ
ဖြစ်ခဲ့ဖူးသည်။ ပလောင်လူမျိုးတို့သည် လက်နက်ကိုင်နည်းရော ဥပဒေတွင်းနည်းပါ အသုံးချ လုံးပန်းခဲ့ဖူးသော်လည်း ခရီးမပေါက်ခဲ့။ လွန်ခဲ့သော ၅ နှစ်ခန့်ကမှ လွတ်လမ်းကိုရှာပြီး မဟာမိတ် KIA ဆီတွင် စစ်ပညာ သင်ယူခဲ့သည်။ အလှည့်အပြောင်း အကွေ့အချိုးတခုက ၂၀၁၄ နိုဝင်ဘာ ၁၉ တွင် ပေါ်ပေါက်ခဲ့သည်။ ဤအချိန်သည် KIO နှင့် ဗိုလ်သိန်းစိန်အစိုးရတို့ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးနေချိန် ဖြစ်သည်။
လိုင်ဇာအရှေ့ဘက် KIA စစ်ရေးပြကွင်းတွင် လက်နက်မဲ့ စစ်ရေးလေ့ကျင့်နေသော ဗိုလ်လောင်းတွေကို အခွင့်ကောင်းချောင်းနေသော ဗိုလ်မင်းအောင်လှိုင်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်သတ်ဖြတ်မှုကြောင့် ဗိုလ်လောင်း ၂၃ ဦး ကျဆုံးသွားခဲ့သည်။ ထိုအထဲတွင် TNLA ၁၁ ဦး၊ AA ၈ ဦး၊ CNF ၂ ဦး၊ ABSDF၂ ဦး ကျဆုံးခဲ့ပြီး စုစုပေါင်း ၁၅ ဦး ဒဏ်ရာရခဲ့သည်။ ဤအဖြစ်ဆိုးကို တအာင်း (ပလောင်) လူမျိုးများ နာကြည်းခံခက် ဖြစ်ကြ၏။ TNLA တပ်ဖွဲ့တွင်းသို့ တအာင်းလူငယ်လူရွယ် အမျိုးသား၊ အမျိုးသမီးများ ခြေစုံပစ်ဝင်ခဲ့ကြရာ နေ့ချင်းညချင်း ထောင်ချီ၍ ကြီးထွားလာခဲ့သည်။ ချေမှုန်းမရသော အင်အားစုတရပ် ဖြစ်လာသည်။ အဖိနှိပ်ခံတိုင်းရင်းသားများ၏ အမျိုးသားရေးစိတ်ဓာတ်ကို ချိုးနှိမ်ချင်ကြသော စစ်အုပ်စု၏ အရှုံးထွက်မှုပင်။ နောက်တခါ ဖမ်းမိသော TNLA ဆေးဝန်ထမ်းအမျိုးသမီးရဲဘော် ၅ ဦးကို အဓမ္မပြုကျင့် သတ်ဖြတ်ပစ်သော ကိစ္စက TNLA တပ်ဖွဲ့ဝင်များကို တော်လှန်ရေးထဲတွင် စွဲမြဲသွားစေပေတော့မည်။
ပြောလိုသည်မှာ စစ်အုပ်စုအနေနှင့် လူမျိုးကြီးဝါဒကျင့်သုံးပြီး အင်အားသုံး သတ်ဖြတ်ဖိနှိပ်လိုက်ရင် ငြိမ်ကျသွားမယ် ထင်ခဲ့ကြတာ မဟာအမှား ဖြစ်သည်။ နောက်ထပ်လည်း AA လို TNLA လို တပ်ဖွဲ့များ ပေါ်ပေါက်လာနိုင်သေးသည်ဟု သတိပေးချင်သည်။ ဒီဖြစ်စဉ်အတိုင်းသွားနေလို့ကဖြင့် စစ်အုပ်စုအတွက် လုံခြုံသောနေရာ ရှိတော့မည်မဟုတ်။
ဒါကို သင်ခန်းစာမယူဘဲ သတင်းမှန်အဖွဲ့ခေါင်းဆောင်ဆိုသူ ဗိုလ်ချုပ်က ထပြီးစိန်ခေါ်သံကြားလိုက်ရတော့ အများက ပြုံးမိကြမှာပါ။ သူတို့က သီရိလင်္ကာ တမဲလ်ကျားသူပုန်တွေ ချေမှုန်းခံရတဲ့ပွဲကို အားကျနေလောက်သည်။ အဲဒီတုန်းက ဦးစီးသတ်ဖြတ်ခဲ့သူ စစ်ရာဇဝတ်ကောင် ဗိုလ်ချုပ်ကို အခုစစ်ဦးစီးချုပ် ပြန်ခန့်လိုက်တာကိုလည်း သွားရည်ကျမိကြမှာပါ။ ဒါပေမဲ့ ဟိုမှာက ကျားတကောင်တည်း ရှိသည်။ ဒီမှာက ကျားတွေ အများကြီး။ နောက် ရေပတ်လည်ဝိုင်းနေသည့် ကျွန်းမဟုတ်။
မြောက်ပိုင်းအဖွဲ့တွေက ပြောဖူးသည်။ ကိုယ့်ခွင်ထဲတွင်နေပြီး တိုက်နေမှာ မဟုတ်ဘူး။ လမ်းတွေပေါ်၊ မြို့တွေပေါ်အထိ တက်တိုက်မယ် ပြောထားတာ အပြောနဲ့အလုပ် ညီသွားပေပြီ။ သတင်းမှန်ဆိုတဲ့အဖွဲ့ သတိထားဖို့ပါ။
(၃)
ထူထောင်ကြမည့် နိုင်ငံ့ပုံစံနှင့် မိမိတို့သဘောထား
တိုင်းရင်းသားအရေးသည် မဖြေရှင်းလျှင် မဖြစ်တော့သော ကာလသို့ ရောက်ရှိနေပေပြီ။ စစ်အုပ်စု လုပ်လိုက်၍ တိုင်းပြည်ထဲတွင် ဘယ်ခေတ်နှင့်မှ မတူအောင် တိုင်းရင်းသားတွေရဲ့ လူနည်းစုအမျိုးသားရေးသွေးတွေ ကြွထလာနေသည့်ကာလသို့ ရောက်ရှိနေပေပြီ။ အရှည်မျှော်ကြည့်
တတ်သော တိုင်းချစ်ပြည်ချစ်ပုဂ္ဂိုလ်များက ဗမာပြည်ကို ယူဂိုဆလားဗီးယားလိုဖြစ်မှာ စိုးရိမ်လာကြသည်။ တိုင်းရင်းသားပြည်သူတွေ သွားချင်သောလမ်းကြောင်းချင်းကလည်း မတူကြပေ။ ‘ဖက်ဒရယ်’ ဆိုတာကိုပင် ကိုယ့်အဓိပ္ပာယ် ဖွင့်ဆိုချက်နှင့်ကိုယ်။
- ဖက်ဒရယ်လား၊ ကိုယ်ပိုင်အုပ်ချုပ်ရေးလား
- ပြည်ထောင်စုလား၊ တပြည်ထောင်လား
- ကွန်ဖက်ဒရေးရှင်းလား၊ တပြည်ထောင် စနစ် ၂ ခုလား
အသံမျိုးစုံ ထွက်နေသည်။ စစ်သုံးစစ် ရှိနေသရွေ့ တိုင်းရင်းသားများလိုလားသော ပြည်ထောင်စုကို ဖော်ဆောင်နိုင်မည်မဟုတ်ပါ၊ မျက်မှောက်ကာလတွင် စစ်သုံးစစ်တိုက်ဖျက်ရေးကို အဓိကထား လုပ်ဆောင်ရပါမည်၊ ကျွန်ုပ်တို့အနေနှင့်မူ “တန်းတူရေး၊ သွေးစည်းရေး”အခြေခံပေါ်မှ ‘ပြည်သူ့ဒီမိုကရေစီသမ္မတနိုင်ငံ ’ ထူထောင်ရေး ရည်စူးထားသော်လည်း လက်ရှိကာလအတွင်း ဗမာအပါအဝင် တိုင်းရင်းသားအများစုကြီးက ဒီမိုကရေစီနည်းကျရွေးချယ်လိုက်သောပုံစံကိုပင် လက်ခံကျင့်သုံးမည် ဖြစ်သည်။၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို တိုက်ဖျက်ပြီးနောက် ဖြစ်ပေါ်လာမည့် နိုင်ငံရေးအခင်းအကျင်းအရ နိုင်ငံရေးအင်အားစုအားလုံးနှင့် ဆက်လက်ဆွေးနွေးညှိနှိုင်းပြီး လုပ်ဆောင်သွားမည် ဖြစ်သည်။ ဗမာပြည်သမိုင်းသည် နယ်ချဲ့ဆန့်ကျင် ရေး အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲနှင့်အတူ ခေတ်သစ်အချုပ်အခြာအာဏာပိုင် သမ္မတနိုင်ငံအဖြစ် ပေါ်ထွန်းလာခဲ့သည့် သမိုင်းဖြစ်သည်။ တိုင်းပြည်အစိပ်စိပ်အမြွှာမြွှာကွဲလျှင် ခေတ်သစ်ကိုလိုနီဘဝ ပြန်ရောက်မည်။ ပဒေသရာဇ်အစွဲအလမ်းတွေ၊ ကိုလိုနီအစွဲအလမ်းတွေ ခဝါချပြီး လူမျိုးပေါင်းစုံအတူတကွ ခေတ်မီဖွံ့ဖြိုးတိုးတက်သော၊ အမှီအခိုကင်းသော ပြည်ထောင်စုသမ္မတနိုင်ငံပေါ်ထွန်းဖို့ ရပ်ခံပါသည်။ အမျိုးသားရေးဝါဒမှာလည်း လူတန်းစားလက္ခဏာပါရှိကြောင်း မမေ့ဖို့လိုသည်။ ဓနရှင်အမျိုးသားရေးရှော်ဗင်ဝါဒနှင့် လူမျိုးစုံချစ်ကြည်ရေး ပစ္စည်းမဲ့နိုင်ငံတကာဝါဒ မတူပေ။
ဘာသာရေး
ဘာသာရေးဘက်မှာလည်း ကမောက်ကမတွေ ဖြစ်လာသည်။ ဗုဒ္ဓဘာသာဝင်များပင် ဖြစ်လင့်ကစား လူပုဂ္ဂိုလ်ရဟန်းပုဂ္ဂိုလ် တချို့သည် ကိုယ့်အထက်က ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၏ ဆိုဆုံးမဩဝါဒစကားကို မနာခံ ကလန်ကဆန် လုပ်လာကြသည်။ စစ်တပ်၏အထောက်အပံ့ကိုယူပြီး စစ်တပ်အလိုကျ လုပ်ဆောင်ချက်များသာ ဖြစ်သည်ဟု အများက စွပ်စွဲတာ ခံကြရသည်။
တိုင်းပြည်တွင် ဘာသာကြီး ၄ ရပ် ရှိသည့်အနက် ကျန် ၃ ဘာသာကို အကောင်းမမြင် အဆိုးမြင်ခဲ့သည်။ ကျန်ဘာသာဝင်များအပေါ်
နှုတ်ဖြင့် ပြစ်တင်ရှုတ်ချတာ၊ ဘာသာရေးဆိုင်ရာ အဆောက်အဦ၊ အထွတ်အမြတ်ပစ္စည်း စသည်တို့ကို ကာယကံမြောက် ဖျက်လိုဖျက်ဆီးလုပ်တာ၊ မရိုမသေ လုပ်တာတွေ ရှိလာသည်။ ဒါကို စစ်တပ်က ပံ့ပိုးပေးနေတာကလည်း ပြောင်ပြောင်တင်းတင်းပင်။
လူဦးရေ၏ ၅ ရာခိုင်နှုန်းခန့်ရှိသော ခရစ်ယာန် ဘာသာဝင်များ၏ ခေါင်းဆောင် ချားလ်စ်မောင်ဘိုက ဘာသာရေးလွတ်လပ်ခွင့်ထိန်းချုပ်မှု
ကြီးထွားလာနေသည့်ကိစ္စအပေါ် သူ့အစာမကြေမှုကို ဖွင့်ထုတ်သည်။ ‘စစ်တပ်နှင့် အစိုးရသည် မိမိတို့ရဲ့ သက်ဆိုင်ရာအခန်းကဏ္ဍကို လေးစားလိုက်နာကြပါ’ လို့ တောင်းဆိုသည်။ ကချင်ဘာသာရေးခေါင်းဆောင် ခလမ်ဆွမ်ဆန်က ကချင်ပြည်နယ်အတွင်း ခရစ်ယာန်ဘာသာ အဖိနှိပ်ခံနေရတာတွေကို အမေရိကန်သမ္မတဆီသွားပြီး ရင်ဖွင့်အကူအညီတောင်းသည်။ ထိုအထဲတွင် ကချင်ဆရာမလေး ၂ ဦး ကို အစိုးရစစ်သားတွေက အဓမ္မပြုကျင့်သတ်ဖြတ်သည့်အမှု အခုအထိ ဖော်ထုတ်မပေးကြသည့်ကိစ္စပါသည်။
လူဦးရေ၏ ၄ ရာခိုင်နှုန်းရှိသော အစ္စလမ်ဘာသာဝင်တွေဘက်ကလည်း သူတို့၏ တမန်တော်ကို ‘မိုဟာမက်ဟာ အကြမ်းဖက်သမားပဲ’ ဟု တံဆိပ်ကပ်ခံရသည့်အပေါ် “အစ္စလမ်ဘာသာကို ခုတုံးလုပ်ပြီး အာဏာရဖို့ ကြိုးပမ်းနေသူ တချို့က နိုင်ငံရေးကစားနေပါတယ်” ဟု မီဒီယာမှာ ရင်ဖွင့်ပါသည်။ သူတို့က ‘ရိုဟင်ဂျာ’ လို့ခေါ်ပြီး အစိုးရက ‘ရခိုင်မြောက်ပိုင်းက မွတ်စလင်များ’ ဟုခေါ်သော လူ ၇ သိန်းကျော် မောင်းထုတ်ခံရသည့်
အရေးအခင်းကလည်း တကမ္ဘာလုံးကို ကိုင်လှုပ်နေသည့်ကိစ္စ ဖြစ်သည်။
လူဦးရေ၏ ၁ . ၉ ရာခိုင်နှုန်းရှိသော ဟိန္ဒူများ၏ ဒုက္ခကလည်း မသေးလှ။ သူတို့ကိုလည်း အစွန်းရောက်များက အလွတ်မပေး။ အာဆာအရေးအခင်းတွင် သူတို့လည်း စစ်တပ်က မောင်းထုတ်ခံရသည့်အထဲ ပါသွားသည်။ တဖက်နိုင်ငံတွင်လည်း လူရာအသွင်းမခံရ။ ခု ၄၄၄ ဦးသော ဟိန္ဒူအမျိုးသားများက ပြန်လာဖို့ တန်းစီစောင့်နေသော်လည်း ဘာမှဖြေရှင်းမပေးကြ။ သူတို့အနေနဲ့ ဒီကိစ္စမှာ ထိပ်တိုက်တိုးမှု မလုပ်ခဲ့ရဘဲ ကြားထဲက ငထွားခါးနာနေရခြင်းပင်။
သာသနာရေးဝန်ကြီးဆိုသူ တတ်စွမ်းနိုင်သည်ကတော့ ‘ရန်ကုန်တိုင်းစစ်ဋ္ဌာနချုပ်တိုင်းမှူးအနေနှင့် ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်းကို ငွေကျပ်သိန်း ၃၀၀ လှူတဲ့ကိစ္စဟာ မဟန က တရားမဝင်ဟု သတ်မှတ်
ထားသော အဖွဲ့အစည်းကို လှူဒါန်းခြင်း ဖြစ်၍ နာယက အဖွဲ့၏ ဆုံးဖြတ်ချက်ကို ဆန့်ကျင်ရာ ရောက်ပါတယ်’ ဟူ၍မျှသာ။
နိုင်ငံတကာနှင့် ဗမာအစိုးရ
ပါတီနှစ် ၈၀ ပြည့် တိုင်းပြည်၏ အခင်းအကျင်းကို တင်ပြရာတွင် မိမိတို့နိုင်ငံကို ကိုင်လှုပ်နေသည့်၊ နိုင်ငံ့ကံကြမ္မာကို ဖန်တီးပေးသည့် ပြည်တွင်းနှင့်ပြည်ပ အကြောင်းအချက်များအနက်မှ ပြည်ပအကြောင်းအချက်ဖြစ်သည့် နိုင်ငံတကာဆက်ဆံရေးကိုလည်း ဖော်ပြမှ ပြည့်စုံနိုင်ပါမည်။ တချို့က အကာအကွယ်ပေးသည်။ တချို့က အပြစ်အနာအဆာတွေ ဖော်ထုတ်ရှုတ်ချသည်။
ပထဝီနိုင်ငံရေးအရ အချက်အချာကျသည့် နေရာတွင် တည်ရှိ
နေသော်လည်း ဖရိုဖရဲဖြစ်နေသော ဗမာပြည်ကို နိုင်ငံတော်တော်များများက မျက်စိကျနေသည်။ စားကွက်လို့ သဘောထားကြသည်။ အထိုင်ကျ
နိုင်ငံများ ရှိသလို အခုမှ ထိုးဝင်လာကြသော နိုင်ငံများလည်း ရှိသည်။
နောက်ပိုင်း အလုအယက် ဖြစ်လာသည်။ အိန္ဒိယ၊ ဂျပန်၊ တောင်ကိုးရီးယားတို့၏ လှုပ်ရှားမှုက မြင်သာသည်။ အာဏာရှိသူတွေ အကျပ်တွေ့နေသည့် ကိစ္စများအတွက် ထွက်ပေါက်ရှာပေးမည့် စီမံကိန်းများ ပါလာသည်။ အထူးသဖြင့် ရိုဟင်ဂျာဆိုသည့် ရခိုင်မြောက်ပိုင်း မွတ်စလင်များအရေး၊ တိုက်ပွဲများပေါ်နေသည့်ရခိုင် AA ၊ မြောက်ပိုင်းအဖွဲ့ စသည်တို့အတွက် စဉ်းစားချက်များ ပါလာသည်။ သူတို့စီးပွားရေးအကွက်အကွင်းတွေနှင့် သဟဇာတဖြစ်အောင် အကောင်အထည်ဖော်ကြပါလိမ့်မည်။ တွက်ခြေမကိုက်လျှင် ဖုတ်ဖက်ခါပြီး ထွက်သွားကြမှာပါ။ ရေနှောက်ထားပစ်ခဲ့သလိုသာ ဖြစ်ပါချိမ့်မည်။ စီးပွားရေးလုပ်ချင်သော နိုင်ငံအများစုက ဗမာအစိုးရကို ဖေးဖေးမမလုပ်ပြီး အကာအကွယ်ပေးသည်။
စစ်ဦးစီးချုပ်ဗိုလ်မင်းအောင်လှိုင်က ရုရှား၊ အိန္ဒိယကို ဆွဲသွင်းလာသည်။ အစ္စရေး၊ ထိုင်း၊ တောင်ကိုရီးယားတို့ကို အပိုင်ပေါင်းထားသည်။
အစိုးရပိုင်းကလည်း ယာယီထွက်ပေါက်ကြည့်ပြီး ငွေထုပ်ပိုက်လာ
မည့်သူတွေကို မျှော်နေရမယ့်ဘဝပါ။ သို့သော် အရာအားလုံးသည် တပါးသူအပေါ် ပုံထားရသည့်ဆက်ဆံရေး ဖြစ်နေသည်။ ဤကိစ္စကလည်း
တိုင်းပြည်နောင်ရေးအတွက် စိုးရိမ်စရာပါပေ။ နိုင်ငံရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ သဘာဝပတ်ဝန်းကျင်၊ ရာသီဥတု၊ မြေဩဇာအပြင် တခြားယိုယွင်းသွားနိုင်စရာတွေ တထွေးကြီးရှိသည်။ ဒါ့ကြောင့် ဆန့်ကျင်ကန့်ကွက်
မှုတွေ သပိတ်တွေ ပေါ်ပေါက်နေသည် မဟုတ်ပါလော။
ပြည်ထောင်စုအစိုးရ အထူးသဖြင့် စစ်တပ်အပိုင်းနှင့် ပတ်သက်ပြီး အထိနာအောင် ဖော်ထုတ်တိုက်ခိုက်နေသော အဖွဲ့အစည်းမှာ ကုလသမဂ္ဂဖြစ်သည်။ အဆက်မပြတ် သတိပေးအရေးယူတာတွေ လုပ်သည်။
မကြာခင်က ဖွဲ့စည်းစေလွှတ်ထားသော ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးမစ်ရှင် (FFM)က ထုတ်ပြန်လိုက်သော အစီရင်ခံချက်အရဆိုလျှင်
စစ်အာဏာပိုင်တွေအဖို့ ပြေးစရာနေရာ မရှိတော့ချေ။ သူတို့ ဖော်ထုတ်သော အချက်အလက်တွေက တစိတ်တပိုင်းပဲ မှန်သည်ထားဦးတော့
ဗမာပြည်သားတယောက်အဖို့ မျက်နှာဘယ်လိုထားရမှန်းမသိအောင်ပင် မျက်နှာပူကြရချိမ့်မည်။
(၄)
၂၀၀၈ ခြေဥပြင်ရေးကိစ္စ
၂၀၂၀ ခုနှစ် ရွေးကောက်ပွဲကိုရည်စူးပြီး ပွဲဆူပြသံတွေ တောက်လျှောက်ကြားလာရသည်။ ဒီချုပ်ဘက်က ၂၀၀၈ ကို ပြင်မှဖြစ်မယ်ဆိုပြီး တွန်းတွန်းတိုက်တိုက် လုပ်ခဲ့ရာ လွှတ်တော်တွင်း ၄၅ ဦးကော်မတီဖွဲ့
လိုက်သည်အထိ ခြေလှမ်း စလှမ်းလိုက်ပါပြီ။
ဒါကို ဘရိတ်အုပ်သည့်အနေနှင့် စစ်တပ်ဘက်က ‘၂၀၀၈ ကြောင့် ဒီချုပ်အစိုးရဆိုပြီး ဖြစ်လာတာ မမေ့နဲ့၊ ကိုယ်စားလှယ်တဦးလျှင် လစာ
ကျပ် ၁၀ သိန်းစီ ရကြတာ ၂၀၀၈ ကျေးဇူးကြောင့်’ ဆိုတဲ့ သဘောမျိုး ပြောလာတာ တွေ့ရသည်။ “ဒီခြေဥကို တိကျစွာလိုက်နာပြီး ဝတ္တရားတွေကို ဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက်ပါ” လို့လည်း အမိန့်ပေးခိုင်းစေလိုက်ပါသေးသည်။ သူတို့ဘက်ကလည်း သူတို့ထမင်းအိုး ရိုက်အခွဲမခံနိုင်ဘူးဆိုတဲ့ သဘောပါ။
သေနတ်ကိုင်ပြီး ‘ဖြစ်စေသတည်း’ လို့ဖန်ဆင်းလိုက်သည့် ဒီဥပဒေဟာ နိုင်ငံတကာစံနှုန်းနဲ့ တိုင်းတာကြည့်ရင် ဘာမှဘောင်ဝင်သည့် ဥပဒေမဟုတ်။ ဒါကို လူတိုင်း သိပါသည်။ သေနတ်ကြောင့် တိုင်းပြည်လူဦးရေဟာ ၅၁ သန်းကနေ တမုဟုတ်ချင်း ၅၇ သန်း ဖြစ်သွားခဲ့ရသည်။ မဲပေးခွင့်ရှိသူ၏ ၉၂ . ၄၈ ရာခိုင်နှုန်းက ထောက်ခံအတည်ပြုသည်ဆိုပြီး အလိမ်အညာအကြံအဖန်လုပ်ထားကို လက်ခံလိုက်ကြရသည်။ ဒီဥပဒေ၏တန်ခိုးကြောင့် ဘောင်းဘီချွတ် ဦး/ဗိုလ်သိန်းစိန်အစိုးရ တက်လာနိုင်ခဲ့သည်။ ဒါပေမဲ့ ပြည်သူမကြိုက်တော့ အစိုးသက်တမ်း တပတ်စာ ၅ နှစ်သာ နန်းစံလိုက်နိုင်သည်။ မစားရဝခမန်း ကတိတွေကြောင့် ၂၀၁၅ ခုနှစ်တွင် ပြည်သူကြိုက် ဒီချုပ်အစိုးရ တက်လာသည်။
ပြည်သူတွေ ဘာရလိုက်သလဲ။ ငြိမ်းချမ်းရေးလည်းမရ၊ ထမင်း
လည်းမဝ၊ စကားတွေပဲ ရလိုက်သည်။ လက်ပြဲခေတ်ကြီးထဲ ခုန်ဆင်းလိုက်ကြရသည်။ လက်သည်မပေါ် သတ်ချင်သူက ဝင်သတ်တာ ခံနေရ
သည်။ ပြည်ပထွက် အလုပ်လုပ်ကြရသူ (၅ သန်းမှ ၈ သန်းခန့်) ရှိသွား
ပါပြီ။ နိုင်ငံတကာကျွန်တွေ ဖြစ်ကုန်ကြရတာပါ။ ပြည်တွင်းနေ အလုပ်
လက်မဲ့တွေက နိုင်ငံခြားသားပိုင်ကုမ္ပဏီကျွန် ဖြစ်သူဖြစ်၊ စစ်အုပ်စုနှင့်သူ့အပေါင်းအပါ ခရိုနီကျွန် ဖြစ်သူကဖြစ် - ဖြစ်ကုန်ကြပြန်သည်။
ခြေဥပြင်ရေးကိစ္စ သူတို့ခေါင်းထဲ သိပ်မရောက်ကြ။ ယုံကြည်ကိုးစား
မှုတွေ လျော့ပါးကုန်ကြပြီ။ ပြင်နေရုံနဲ့ မပြီးတာတော့ သူတို့သိကြသည်။ ၂၀၀၈ ခြေဥဖျက်သိမ်းရေးကိစ္စ ဦးတည်ကြရပါတော့မည်။
တခါ လွှတ်တော်တွင်းပြင်ရေးကိစ္စသည် ဒီချုပ်၊ စစ်အုပ်စုနှင့် အပေါင်းပါများဆိုသည့် ၂ ဖွဲ့တည်းသာဆိုင်သည် မဟုတ်။ တိုင်းရင်းသားပါတီများလည်း ရှိသေးသည်။ သူတို့ကလည်း ပြီး ပြီးရော သဘောထားကြမှာ မဟုတ်။ ဒါ့ကြောင့် ဒီချုပ်အဖို့ ကိုယ့်အတွက်ပဲ ကိုယ်ပြင်နေလျှင် ဒီလုပ်
ငန်းစဉ်ကို ချောချောမွေ့မွေ့ သယ်ဆောင်သွားနိုင်မည် မဟုတ်တာ သေချာပါသည်။
၂၀၂၀ ရွေးကောက်ပွဲကိစ္စ
၂၀၀၈ ခြေဥပြင်ရေးနှင့် ၂၀၂၀ ရွေးကောက်ပွဲသည် တဆက်တစပ်တည်း ဖြစ်သည်။
- ၂၀၀၈ အောက်ကလွှတ်တော်မျိုး၊ အစိုးရမျိုးကို ပြည်သူတွေ မစုံမက်ကြတော့ပါ။အော့ကြောလန်နေပါပြီ။ ရေရှည်အနာဂတ် မရှိတော့သော အဖွဲ့အစည်းမျိုးကိုလည်း မိမိတို့ကံကြမ္မာကို ပုံမအပ်ချင်တော့ပါ။ သို့သော် ရွေးကောက်ပွဲကို သပိတ်မှောက်လို့ကလည်း မဖြစ်၊ စစ်အုပ်စုအကြိုက်ပဲ ဖြစ်သွားပေမည်။
ပြည်သူတွေ မည်သူ့ကို မည်သည့်လမ်းကြောင်းကို ရွေးချယ်ကြ
မည်နည်း။
တိုင်းရင်းသားများကတော့ တချိန်က အားပေးခဲ့သော အာဏာလက်ရှိ
ဒီချုပ်ကိုရော စစ်တပ်မဲ ၂၅ ရာခိုင်နှုန်းကိုင်ထားသည့် စစ်တပ်နှင့် ၎င်း၏အဆွယ်အပွားများကိုပါ လက်ခါကြမှာ သေချာသည်။ ဗမာအများ
စုနေသည့် ပြည်မမဲတွေအတွက်ပဲ ပြိုင်ကြဖို့ရှိသည်။
စစ်အုပ်စုက ဒီချုပ်မဲကွဲအောင် အကွက်ဆင်နေသည်။ စစ်နံ့သင်းနေသည့် ပါတီတွေ တဖွဲ့ပြီးတဖွဲ့ ပေါ်လာသည်။ ဒီချုပ်မဲတွေထဲက နုတ်ယူသွားနိုင်သည့် အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ် (တသီးပုဂ္ဂလ) တွေကို ဗြောင်တမျိုး၊ လျှို့ဝှက်၍တဖုံ အားပေးပါလိမ့်မည်။
ဒီချုပ်ကို လူထုထောက်ခံမှု လျော့ကျနေသည့်အပေါ် ညွန့်ပေါင်းအစိုးရတရပ်များ ပေါ်လာနိုင်မလား စဉ်းစားစရာ ဖြစ်လာသည်။ တိုင်းရင်းသားမဲတွေ တိုးလာမည့်အပေါ် တချို့အဖွဲ့များက မဲကစားနိုင်သည်။ မဲရောင်းမဲ
ဝယ်ကိစ္စတွေ ပေါ်လာနိုင်သည်။ မိမိတို့အနေနှင့်မူ ညွန့်ပေါင်းအစိုးရကိစ္စ ပေါ်လာခဲ့သော် စစ် ၃ စစ်ကို တောက်လျှောက်ဆန့်ကျင်ခဲ့သည့် ပြည်သူ့အကျိုးဦးထိပ်ထားမည့် တသီးပုဂ္ဂလများ၊ ပါတီအဖွဲ့အစည်းများ ညွန့်ပေါင်းထဲပါလာလျှင် သူတို့တတ်နိုင်သလောက် ထိန်းကွပ်နိုင်စရာရှိသည်ဟု မှန်းဆကြည့်မိသည်။
တဖက်တွင် စိတ်ကူးမယဉ်မိကြဖို့လည်း လိုသည်။ ၂၀၀၈ ခြေဥရှိနေသရွေ့ တိုင်းပြည်၏ နိုင်ငံရေးသွင်ပြင်ကို ပြောင်းလဲနိုင်မည် မဟုတ်။
ဒါ့ကြောင့် နိုင်ငံရေးအဖွဲ့အစည်းများ၏ လုပ်ငန်းစဉ်ဦးတည်ချက်သည် ၂၀၀၈ ခြေဥဖျက်သိမ်းရေး ဖြစ်သင့်သည်။ ၎င်းပြင် သတိထားသင့်သည့် အချက်မှာ ရွေးကောက်ပွဲမတိုင်မီနှင့်အပြီးမှာ လူဖမ်းပွဲတွေ ပေါ်လာနိုင်သည့်အချက် ဖြစ်သည်။
(၅)
နိဂုံး
မုန်တိုင်းထန်မည့်နှစ်
မျက်မှောက်ကာလတွင် ရောက်ရှိနေသော တိုင်းပြည်အခြေအနေကို တွက်ကြည့်လျှင် ......
တိုင်းပြည်တွင် အပြောင်းအလဲ အဆုံးအဖြတ်ပေးနိုင်သော အင်အားစုကြီး ၅ ခု ရှိပါသည်။
၁။ ထမင်းမဝ၍ သီလစောင့်နိုင်တော့မည်မဟုတ်သော ပြည်သူများ
၂။ ဘယ်လောက်စားစား မဝနိုင်သော စစ်အုပ်စု
၃။ အတွေးအခေါ်၊ လမ်းစဉ်နှင့်စည်းရုံးရေးပိုင်းမှာ ချွတ်ခြုံကျလာနေသော ဒီချုပ်
၄။ အမျိုးသားရေးစိတ်ဓာတ်တွေ တဖွားဖွားဖြစ်လာနေသည့် တိုင်းရင်းသားများ
၅။ လက်ရှိဗမာပြည်နိုင်ငံရေးအခြေအနေအပေါ် ပို၍၊ ပို၍မခံမရပ်နိုင်ဖြစ်လာနေသော နိုင်ငံရေးအစဉ်အလာရှိသူများ၊ ကျောင်း သားများ၊ အလုပ်သမားများနှင့် အခြားနိုင်ငံသားများ၊
ဟူ၍ ဖြစ်သည်။
- ထမင်းမဝသော ဒီမိုကရေစီငတ်နေသော ပြည်သူများ လမ်းမပေါ်ထွက်လာပြီး လူထုလှုပ်ရှားမှုအရေးအခင်းများ ဖန်တီးလာနိုင်သည်။
- သယံဇာတတွေ ပြည်သူ့ထံမှ လက်ကုန်နှိုက်ထားသော စစ်အုပ်စုသည် ပယင်းကုန်လျှင် ထပ်နှိုက်စရာ ရှာလာနိုင်သေးသည်။ သို့သော် သူ့အတွင်းပိုင်းကလည်း တသားတည်းမဟုတ်၊ ဖြုတ်၊ ဖယ်၊ ပြောင်း
လုပ်နေရတာတွေ အကြိမ်စိပ်လာခဲ့ပြီ။ ကုလသမဂ္ဂနှင့် လူ့အခွင့်အရေးအဖွဲ့တွေ၏ ပစ်မှတ်က စစ်တပ်ဖြစ်နေသည်။ သူကလည်း ဘေးကျပ်နံကျပ်မို့ ထွက်ပေါက်ရှာကိုရှာရတော့မည်။ အကြောင်းပြစရာတွေက မရှား။ သူ့မှာ သေနတ်လည်း ရှိသည်။
- ဒီချုပ်၏ လုပ်ငန်းစဉ် အလုပ်မဖြစ်။ ပိတ်ဆို့တားဆီးတာတွေကို မကျော်လွှားနိုင်၊ ပါတီတွင်းစည်းလုံးညီညွတ်မှု မရှိ၊ ၃ ပိုင်းကွဲပြီး ပွတ်တိုက်မှုတွေရှိကြောင်း ဝန်ခံထားရပြီ။
- တိုင်းရင်းသားများ (အထူးသဖြင် လက်နက်နှင့် တိုက်နေသူများ) က လက်တွေ့ကျသည်။ ပြောသည့်အတိုင်း လုပ်ပြနိုင်သည်။
အလားအလာနှင့်ပတ်သက်၍ ရှေ့ရေးကို မျှော်တွေးသော် ဘယ်အင်အားစုမှ ဒီအတိုင်းနေ၍ ရတော့မည်မဟုတ်။ ပြည်သူတွေက ကိုင်လှုပ်ပါလိမ့်မည်။ ထို့ကြောင့် လာမည့် ၂၀၂၀ ခုနှစ်သည် မုန်တိုင်းထန်သော
နှစ်တနှစ် ဖြစ်နိုင်သည်။
စာတည်းအဖွဲ့
၂၀၁၉ ခုနှစ် စက်တင်ဘာ (၁) ရက်

Tuesday, September 3, 2019

(ကြက်သွန်ဖြူ သံခိပ်)

0 comments
(ကြက်သွန်ဖြူ သံခိပ်)
စက်တင်ဘာ တတိယအပတ်ကျရင် ကြက်သွန်ဖြူချမယ်ဆိုပြီး ပေါင်တပေါင်ကိုမြေပြင်တာ၊ ကြက်ချေးမြေဇာချတာတွေ လွန်ခဲ့တဲ့ ၃ ပတ်လောက်က လုပ်ခဲ့ပါတယ်။ Fall ဆောင်းဦးပေါက်မှာချတဲ့ကြက်သွန်ဖြူဟာ ခိုက်ခိုက်တုန်အေးတဲ့အအေးထဲမှာပဲ မထွက်ချင့်ထွက်ချင်နဲ့ အမြိတ်ကလေးတွေ စထွက်ပါတယ်။ အအေးဒဏ်ကြောင့် အေးခဲမာကျောစပြုလာတဲ့မြေမျက်နှာပြင်ကို ရှိသမျှအားနဲ့ မရမကထိုးခွဲပြီးထွက်လာတဲ့ အမြိတ်ကလေးတွေ ၂ လက်မ ၃ လက်မရှိတဲ့အခါကျ ဆောင်းက ပီပီမြည်မြည်ဝင်ပါပြီ။ အေးပါပြီ အရိုးကွဲမတတ်။ ကျပါပြီ နှင်းတွေ အဆုပ်လိုက် အခဲလိုက် အဖတ်လိုက်။ တခါတလေ Ice Rain တွေ Ice storm တွေကျပြီလားဆို ဝါဂွမ်းဆိုင်ကြီးတွေလို ဖြူဖြူလွလွ ပုံ့ပုံ့မွမွနှင်းပုံကြီးတွေဟာ နာရီပိုင်းအတွင်းမှာပဲ ရေခဲတုံးကြီးပမာ မာရည်ကျောရည်နဲ့ နေရောင်မှာ ရောင်ပြန်တွေဟပ်လို့ တဖိတ်ဖိတ် တလက်လက်ပေါ့။ အရွက်မဲ့သစ်ပင်တွေဟာ နှင်းဖတ်တွေကို ကိုင်းဖျားလေးတွေအထိ နိုင်သလောက်ထမ်းရင်း လေးလေးတွဲ့တွဲ့ အိအိပဲ့ပဲ့။ အိမ်တံစက်မြိတ်တွေမှာလည်း Icicle ခေါ်တဲ့ နှင်းစက်စက်ကျရာကနေ တဖြည်းဖြည်းချင်းခဲခဲလိုက်လာတဲ့ အရင်းတုတ်တုတ် အဖျားသွယ်သွယ် ရေခဲပန်းဆိုင်းတွေဇောက်ထိုးဆွဲလို့ တို့လို့တွဲလောင်းပေါ့။ မိုးလေးတပြိုက်လောက်ရွာရက်ချလိုက်လို့များဆို အဲ့ကောင်ကြီးတွေအရင်းပိုင်း တံစက်မြိတ်ကိုတွယ်ထားတဲ့နေရာကအရည်ပျော်ပြီး အချောင်းလိုက် အချောင်းလိုက်ကြီးတွေ ပြုတ်ပြုတ်ကျသံဟာ ချွင်ကနဲ ချွမ်ကနဲ ဖြိုးကနဲဖြောင်းကနဲကျိုးကျေပြီး မြေပြင်ပေါ်မှာ ရေခဲတုံးတွေ တစစီတစစီ ကြဲလို့ပြန့်လို့ ကြေလို့မွလို့။ အဲ့ဒီအချိန်ဆို မြိ့ုလည်ကောင် တချို့ အထပ်မြင့်ကြီးတွေရဲ့ တံတက်မြိတ်အောက် လမ်းလျှောက်ရတာ အန္တရာယ်ကလည်းများပါဘိသနဲ့။ ဟိုးအမြင့်ကြီးကနေ အရှိန်နဲ့ ပြုတ်ကျလာတဲ့ ကြည်ပြီးကျစ်နေတဲ့ရေခဲချောင်းကြီးဟာ လူတွေ ယဉ်တွေကိုဒုက္ခပေးတော့တာပါပဲ။ အန္တရယ်ကင်းအောင် ဘယ်လို ဘယ်လောက် ဆောက်လုပ်ရေးနည်းပညာတွေနဲ့ စီမံထားစီမံထား အမေရိကန်မှာ တနှစ်တနှစ် အဲ့ဒီ Icicle လူပေါ်ပြုတ်ကျလို့ သေသူ ထိခိုက်ဒဏ်ရာရသူတွေတော့ ရှိနေတာပါပဲ။ ကားတွေလည်း ပျက်စီးကြတာပါပဲ။
ဆောင်းဦးပေါက် ရွက်ကြွေရာသီ Fall မှာ မြေချလိုက်တဲ့ကြက်သွန်ဖြူတွေဟာ တဆောင်းလုံး နှင်းပြင်ရေခဲပြင်ကြီးအောက်မှာ ရေခဲပိ နှင်းပိပြီး နေရပေမယ့် သေမသွားပါ။ ခမျာများ အပေါ်က အအေးရော ဝန်ရော ပိရတဲ့ကြားထဲ မြေကလည်း ခဲသွားတာဆိုတော့ မြေညပ်တဲ့ဒဏ်ပါ ခံရတာပါ။ ဆောင်းကုန်လို့ အအေးလေးလည်းပေါ့ပြီး နွေဦးလေးများပေါက် Spring ရောက်ပလားဟေ့ဆိုရင်တော့ ကြက်သွန်ဖြူအမြိတ် တွေဟာ သူ့ထက်ငါအပြိုင်းအရိုင်း အလုအယက်တိုးထွက်လာကြပုံဟာ တဆောင်းလုံး အောင်းထားရတဲ့ရှင်သန်လိုစိတ်နဲ့အတူ ဇောင်းကလွှတ်လိုက်တဲ့မြင်းလို အစွမ်းကုန်ခုန်ပေါက်မြူးတူးနေသည့်အလားပေါ့။ ကြက်သွန်ဖြူအမြိတ်ကလေးတွေ အကြီးမြန်ပုံဟာ မနက်နဲ့ညတောင် မတူပါ။ ညနေစောင်းကြည့်ထားတဲ့အရွယ်ဟာ မနက်ကျ တလက်မလောက် ရှည်ထွက်နေတာမျိုးပါ။ ကြက်သွန်မြိတ်နံ့ဟာ လေထဲမှာ ထုံယစ်လို့။ နှစ်သက်သူတွေအဖို့တော့ အလွန့်ကို စိတ်ကြည်နူးရွှင်လန်းစရာပါ။ နွေဦးဆုံးလို့ နွေ Summer ပီပြင်ပလားဟေ့ဆို ကျနော်တို့ အင်ဒီယားနားဟာ အပူငွေ့နဲ့အတူ စိမ်းစိုလာပါပြီ။ သစ်ပင်တွေ ပုရစ်ဖူးပါပြီ။ ပန်းတွေ ဖူးကြငုံကြပါပြီ။ မြက်တွေ သားမွေးပါပြီ။ ကန်တွေ အရည်ပျော်ပါပြီ။ ငါးတွေ ရေမျက်နှာပြင်ပေါ်တက်လာပါပြီ။ ကြက်တွေ မြေကြီးကိုယက်ယက်ပြီး ပိုးကောင်မွှားကောကင်လေးတွေ ဖမ်းစားပါပြီ။ ပူတယ်ဆိုပေမယ့် ပြောကြကြေးဆို တနွေလုံးမှာ တကယ်ကိုအပူကြီးပူတာဟာ ၃ ပတ်ကျော် ၄ ပတ်လောက်ပဲရှိတာပါ။ ကျနော်တို့က ပူလှချည့်ဆိုညည်းနေချိန်မှာ တက္ကဆက်ဘက်ကလာတဲ့လူတွေက နေလို့ကောင်းရုံလေးပူတာတဲ့။ သူတို့ဆီကနွေအပူဟာ အလုပ်ဆင်းလို့ အဆောက်အဦးထဲကနေ ကားပါကင်ရှိတဲ့နေရာအသွားကိုတောင် ပြေးရသတဲ့။ အဆောက်အဦးထဲမှာက လေအေးစက်နဲ့ ခံသာပေမယ့် လမ်းပေါ်ကျ လေကအစ လေပူကြီးကိုး။ ကားထဲမြန်မြန်ဝင် စက်နှိူးပြီး အဲကွန်းကို အသကုန်ဖွင့်မှနေသာထိုင်သာရှိသတဲ့။
အဲ့ဒီအချိန်ဆို အမြိတ်ရင်းမှာ ပေါ်တဝက်မြုပ်တဝက် ကြက်သွန်ဖြူဥလေးတွေ စတွေ့ရပြီ။ ကြပက်သွန်ဖြူဆိုတာမျိုးက နွေလည်ကောင် နေသိတ်ပြင်းတဲ့ လေးငါးရက်လောက်တော့ ညနေအစောင်းမှာ ရေစိုတယ်ဆိုရုံလေးဖြန်းပေးရပေမယ့် တချိန်လုံးပစ်ထားလို့ရတဲ့အပင်ပါ။ ပေါင်းတော့ ကြိုကြားကြိုကြားလိုက်ပေးရပါတယ်။ ကျနော်က ပေါင်းသတ်ဆေးမသုံးချင်လို့ အပင်ပမ်းခံ ပေါင်းလိုက်တာပါ။ ဧကရာထောင်ချီ စိုက်တဲ့ ကြက်သွန်ဖြူတောင်သူကြီးတွေကျ ဘယ်လာ ပေါင်းလိုက်နေအားမလဲ။ ဘယ်လာ ကြက်ချေး နွားချေး သဘာဝမြေသြဇာသက်သက် ထည့်နေအားမလဲ။ ဖြန်းထည့်လိုက်တာပေါ့ ပေါင်းသတ်ဆေး။ ကျွေးထည့်လိုက်တာပေါ့ ဥ အားတိုးဆေး။ သူတို့ ဥကြီးတွေဟာ လှပနေတာ၊ အမွှာကြီးတွေကလည်း အားရစရာပေမယ့် ကျနော့်လို အော်ဂဲနစ်လို့တော့ လက်မ မထောင်အားရှာဘူးပေါ့။ ပြီးတော့ ကျနော့်ကြက်သွန်ဖြူက စားသလောက်စားပြီး နောက်နှစ်ပြန်စိုက်ဖို့ မြေတိုက်ခန်းထဲမှာ မျိုးဥတွေချန်ထားလို့ရပါတယ်။ သူတို့ကြက်သွန်ဖြူက Genetic Modified လုပ်ပြီး ကြက်သွန်သင်းကွပ်ထားတာဆိုတော့ ပြန်စိုက်လည်း အမြိတ်ပဲထွက်မယ် ဥတော့ မဥတော့ဘူး။ နောက်နှစ်စိုက်ဖို့ ကြက်သွန်ဖြူမျိုးစေ့ ဒါမှမဟုတ် မျိုးဥထုတ်တဲ့ကုမ္ပဏီကြီးတွေပဲ အားပြန်ကိုးနေရတာပါ။ အမွှန်တဲ့အနံ့နဲ့ ပြင်းတဲ့အရသာမှာလည်း သူတို့ကြက်သွန်နဲ့ ကျနော့် ကြက်သွန်တွေဟာ သိသိသာသာကိုကွာပါတယ်။ ဗမာလို နားလည်အလွယ်အဆုံး ပုံခိုင်းပြရရင် အိမ်ကြက်နဲ့မွေးမြူရေးကြက်ကွာသလို၊ မွေးမြူရေးကြက်ဥနဲ့ အိမ်ကြက်ဥကွာသလိုကို ကွာတာပါ။ ဈေးကျတော့လည်း ကျနော့်ကြက်သွန်တွေက Farmers Maket မှာ တဥကို တဒေါ်လာကနေ တဒေါ်လာခွဲအထိရပြီး သူတို့ဟာကကျတော့ ကုန်စုံဆိုင်ကြီးတွေမှာ ၅ ဥ ၆ ဥ တတွဲကို တဒေါ်လာသာသာ ပေးရတာမျိုးပါ။
နွေမလည့်တလည် ဇူလိုင်အကုန်လောက်ဆို ကျနော့်ကြက်သွန်တွေက ရင့်ပြီ။ အမြိတ်တွေ ညှိုးပြီ။ ဖူးတံကြီးတွေလည်း သယောင်းပြီ။ ဖူးတံဖျားက ကြက်သွန်ပွင့်တွေဝေခဲ့တဲ့နေရာမှာလည်း မျိုးစေ့လေးတွေ ရင့်နေပြီ။ ဒီအချိန်ဟာ ကျနော် ကြက်သွန်ဖြူခင်း သိမ်းရတဲ့အချိန်ပါပဲ။ တပင်ချင်း ဥပြုတ်မကျန်ခဲ့အောင် ဂရုတစိုက်နှုတ်ရင်း ဥဖွေးဖွေးကြီးများ ဖွားကနဲထွက်လာရင်၊ အတက်ကြီးတွေများ အမြှောင်းလိုက် အမြှောင်းလိုက် ထင်းထင်းကြီးတွေတွေ့ရင် ကျနော့်စိတ်ထဲ ကြည်နူးမိတာပါပဲ။ စားမယ့်ဥတွေကို အရင်းကနေဖြတ်ပေမယ့် မျိုးချန်မယ့် ဥတွေကိုတော့ ဇနီးက အမြိတ်တွေ လုံးဝသွေ့ခြောက်မသွားခင်မှာပဲ ကျစ်ဆံမြီး(ဖွတ်မြီး)ထိုးပါတယ်။ သူ့အမြိတ်တွေ တမြိတ်နဲ့တမြိတ် လိမ်လိမ်ပြီးထိုးလာလိုက်တာ ဥတွေကတပတ်လည်လုံး ညီညီညာညာတွဲလောင်းကျလို့။ ဥအလုံး ၃ ဆယ်လောက်လောက် ဖွတ်မြီးတခုစီ ထိုးထိုးပြီး မြေတိုက်ခန်းမျက်နှာကျက်ကနေ တွဲလောင်းချိတ်ထားလိုက်ရုံပါပဲ။ စက်တင်ဘာမှာ ပြန်စိုက်မှာဆိုတော့ ဥတွေနားချိန်က ရက် ၆ ဆယ်စွန်းစွန်းလောက်ရပါတယ်။ ကျနော်က အစေ့မစိုက်ပဲ အတက်(အမွှာ)လေးတွေကိုပြန်စိုက်တာကိုး။ တဥမှာ ပျမ်းမျှနှုန်း ဆယ်မွှာ ပါတယ်ပဲထား တဥကိုပြန်စိုက်ရင် ဆယ်ဥရတဲ့သဘောပေါ့လေ။ ဆယ်ဆပွားတဲ့သဘောပေါ့။ မနှစ်ကတော့ အမေစားရအောင်ဆိုပြီး တောဘက်ကရတဲ့ပျားရည်အစစ်နဲ့ ကြက်သွန်ဖြူအမွှာတွေအခွံချွတ်ပြီး အဝကျယ်ပုလင်းနဲ့ ၂ ပုလင်းစာလောက်စိမ်ပေးထားတာ အမေ ခုထိ စားမကုန်သေးဘူး။ ဗမာပြည်မှာတော့ ဥတလုံးကြက်သွန်ဖြူပေါ့လေ။ ကြက်သွန်ဖြူရော ပျားရည်ရောက အာဟာရလည်းဖြစ် ဆေးဘက်လည်းဝင်သမို့လား။
တမြန်နှစ်က ဝေါ်ရှင်တန်ကမြိ့ုကြီးသူမခက်မာ ဒီလာတော့ ကျနော် ကြက်သွန်ဖြူမျိုးဥလေးတွေ ပေးလိုက်သေးတယ်။ သူလည်း ကျနော့်လို စိုက်တာပျိုးတာ ဝါသနာထုံသူကိုး။ ပင်ထောင်တာ ပေါင်းသင်းတာ ပျော်မေ့သူကိုး။ သီးတာပွင့်တာမြင်ရင် စိတ်လက်ကြည်နူးသူကိုး။ ခြံထွက်လေးတွေ ကိုယ်လည်းစား သူများလည်းဝေရတာ စိတ်လက်ချမ်းသာသူကိုး။ သူ့ခြံလေး သူ့အပင်လေးတွေဆိုလည်း ဖေ့စ်ဘွတ်ခ်ပေါ် တင်လိုက်ရတာအမောကိုး။ သူတင်တာတွေထဲမယ် တခြားအပင်တွေတော့ တွေ့တွေ့နေရပေမယ့် ကြက်သွန်ဖြူပင်လေးတွေ ကြက်သွန်မြိတ်လေးတွေမတွေ့မိတော့ သူ မစိုက်ဖြစ်တာနေမယ်လို့ထင်သား။ မနှစ်ကတော့ ဖို့တ်ဝိန်းကလူကြုံနဲ့ မျိုးဥမှာသေးတာ။ ကျနော်က စိတ်ကျန်းမာရေးချို့ယွင်းပြီး ဘာမှ မလုပ်နိုင်မကိုင်နိုင် မမှတ်မိနိုင်တွေဖြစ်နေတာမို့ ထည့်မပေးလိုက်ရဘူး။ ဒီနှစ်တော့ ကျနော့်ဆီရှိတဲ့ လက်ကျန်ဥလေးတွေစိုက်မယ်။ ရှေ့နှစ်ကျ မျိုးလည်း များများချန်ထားမယ်။ မခက်မာလာရင် ဒါမှမဟုတ် လူကြံုကောင်းရင်လည်း ထည့်ပေးလိုက်မယ်စိတ်ကူးထားတာပါပဲ။
မျိုးမြင့်ချို
စက္တင္ဘာ ၃၊ ၂ဝ၁၉

Monday, September 2, 2019

(ငွေနွယ်ငင်ရင် တစင်လုံးပါတတ်ပါတယ်)

0 comments
(ငွေနွယ်ငင်ရင် တစင်လုံးပါတတ်ပါတယ်)
စီးပွားရေးလုပ်ငန်းရှင်အမည်ခံထားတဲ့ စစ်အုပ်စုနဲ့သူ့ဆွေမျိုးသားချင်းတွေ၊ ခရိုနီတွေ၊ ခေတ်ပျက်သူဌေးတွေ၊ လည်သလိုလုပ်စားနေကြတဲ့ကော်ဇောအိပ်သမားတွေကို ပုဂ္ဂလိကဘဏ်တွေအပါအဝင် ဗဟိုဘဏ်ကနေ တိုင်းမသိပြည်မသိလူထုမသိ လက်သိပ်ထိုးပြီး ငွေတွေနင်းကန်ချေးငှားပေးခဲ့တာတွေရှိပါတယ်။ ဒါကို ဗဟိုဘဏ်ဒုဥက္ကဌဦးစိုးသိမ်းက “စီးပွားရေးလုပ်ငန်းရှင်တွေကို ဘဏ်တွေက လိုအပ်တာထက်ပိုပြီးတော့ လိုက်လျောမှုတွေအများကြီးလုပ်ခဲ့ပြီးပြီ“လို့ စကားအလှသုံးပြီး အတိအလင်း ဝန်ခံသွားရပါတယ်။
တကယ်တော့ ဗဟိုဘဏ်ဆိုတာ ပုဂ္ဂလိကဘဏ်တွေမျက်ဖြူဆိုက်ချိန်မှာ ဝင်ကယ်ရတဲ့ နောက်ဆုံးအသက်ကယ်ဆေးပဲ။ အဲ့သလိုကယ်ရင်းနဲ့ ဗဟိုဘဏ်ပါနစ်ပြီဆိုရင် အဲ့ဒါ တိုင်းပြည်ရဲ့ ငွေကြေးနဲ့ဘဏ္ဏာရေးစနစ် ပြိုလဲတာပဲဖြစ်ပါတယ်။

ဗဟိုဘဏ်ဆိုတာ အစိုးရဘဏ်ပါ။ တိုင်းပြည်တပြည်ရဲ့ ငွေကြေးပေါ်လစီတွေနဲ့ ဘဏ္ဏာရေးစနစ်တွေကို ထိန်းကျောင်းရတာဖြစ်ပါတယ်။ တိုင်းပြည်ကနေ ငွေချေးမယ်မချေးဘူး (ငွေစက္ကူအသစ်တွေရိုက်ထုတ်တာ)၊ လူတွေကို ငွေစုလက်မှတ်တွေ ငွေချေးစာချုပ်တွေထုတ်ရောင်းမယ်မရောင်းဘူး(လူတွေဆီကနေငွေးချေးတာ)၊ ငွေတန်ဖိုး ချမယ်မချဘူး (ငွေဖောင်းပွတာ ငွေပြန်ကျစ်တာ) စတာတွေအပါအဝင် ငွေကြေး/ဘဏ္ဏာရေးစည်းမျဉ်းစည်းကမ်းတွေကို ဗဟိုဘဏ်ကပဲ ပြဌာန်းတာဖြစ်ပါတယ်။ (ဒါတွေလုပ်ဖို့ ဖြစ်ဖို့ဆိုတာက တိုင်းပြည်ရဲ့ ကုန်ထုတ်လုပ်မှု၊ ကုန်သွယ်မှုတွေနဲ့အဆက်အစပ်ရှိပါတယ်)။ လွှတ်တော်၊ အစိုးရနဲ့ဗဟိုဘဏ် သုံးပွင့်ဆိုင်ညှိပြီး သင့်တော်မယ့်ဥပဒေတွေပြဌာန်းတာ၊ အစားထိုးတာ၊ ပယ်ဖျက်တာ စတာတွေလည်းလုပ်ရပါတယ်။ အဲ့ဒီနေရာမှာ ဗဟိုဘဏ်ဟာလည်း အခရာကျတဲ့အခန်းက ပါပါတယ်။

ဗဟိုဘဏ်ဆိုတာက လူထုပိုက်ဆံနဲ့လည်ပတ်ရတာပါ။ လူထုငွေနဲ့ တိုင်းပြည်ဘဏ္ဏာကို တိုးပွားသထက်တိုးပွားအောင် စီမံခန့်ခွဲရတာဖြစ်ပါတယ်။ စီမံခန့်ခွဲမှုက တဘက်စောင်းနင်းဖြစ်လာရင် ဗဟိုဘဏ်လည်းပြိုလဲတတ်ပါတယ်။ ဗဟိုဘဏ်လဲပြီဆို ပုဂ္ဂလိကဘဏ်တွေပါ လိုက်ပြိုပါတယ်။ အရင်းလဲတော့ အဖျားထင်းဖြစ်တဲ့သဘောပါ။ ပုဂ္ဂလိကဘဏ်တွေပြိုတော့ အစုရှယ်ယာဝင်ထားသူတွေ၊ စတော့ရှယ်ယာဈေးကွက်ကစားသူတွေပါ ထိပါတယ်။ အဲ့ဒီကနေဆက်ပြီးတော့ ဗဟိုဘဏ်ပြိုတယ်ဆိုတာကို သတျ္တချကြည့်တော့ လူထုဆုံးရှူံးတာဖြစ်ပါတယ်။ တိုင်းပြည် နစ်နာတာဖြစ်ပါတယ်။

အရင်းရှင်စနစ်မှာ ဘယ်လုပ်ငန်းရှင်၊ ဘယ်စီးပွားရေးသမား၊ ဘယ်စက်မှုအရင်းရှင် ဘယ်လောက် ငွေစုမိစုမိ ဘယ်လောက်ငွေရှာရှာ နောက်ဆုံး ရှိသမျှငွေကြေးအားလုံးဟာ ဘဏ္ဏာအရင်းရှင်တွေလက်မှာပဲ သွားစုပုံမိတာပါ။ ဒီနေ့ကမ္ဘာကြီးကို စီးပွားရေးနဲ့စစ်ရေးအရ ခြယ်လှယ်နိုင်စွမ်းရှိနေသူတွေဟာ တကယ်တော့ ဘဏ္ဏာအရင်းရှင်တွေသာဖြစ်ပါတယ်။ အစိုးရတွေဆိုတာက အဲ့ဒီဘဏ္ဏာအရင်းရှင်တွေရဲ့ကိုယ်စားလှယ်အဖြစ် အသုံးတော်ခံရတဆာဖြစ်ပါတယ်။ အစိုးရတွေအနေနဲ့ တခါတခါမှာ ငွေကုန်သည် ငွေပွဲစားငွေလဲလှယ်သူကဏ္ဍကနေလုပ်နိုင်ဖို့ရာ ကမ္ဘာ့ဘဏ်လိုလို IMF လို အဖွဲ့ကြီးတွေဖွဲ့ပြီး ဦးဆောင်ရတာပါ။ အဲ့သလို ဘဏ္ဏာအရင်းရှင်နဲ့အစိုးရနဲ့ တွဲပြီးကစားတဲ့အခါ အစိုးရကအာဏာ(ရာထူးနေရာနဲ့လုပ်ပိုင်ခွင်)ကို သဘောလောက်ရထားပြီး ဘဏ္ဏာအရင်းရှင်ကြီးတွေ(ဘဏ်သူဌေးကြီးတွေ)က အလုံးစုံကို ချုပ်ကိုင်ထားတာဖြစ်ပါတယ်။

ဗမာပြည်ရဲ့လက်ရှိ ငွေကြေးတွေရော အရင်းအနှီးတွေရောဟာ ဘယ်သူတွေလက်ထဲမှာ သွားစုပုံနေသလဲ။ ဒီလူတွေက တိုင်းပြည် လူထုရဲ့ကံကြမ္မာနဲ့နေ့စဉ်ဘဝတွေကို ဘယ်လောက်စီးပိုးခြယ်လှယ်နေသလဲ၊ တိုင်းပြည်ရဲ့ တကယ့်အာဏာဟာ ဘယ်သူတွေလက်ထဲမှာရှိနေသလဲတွေက ပြောစရာမလိုအောင် ဘွင်းဘွင်းကြီးပေါ်နေတာပါ။ ဒေါ်အောင်ဆနတ်းစုကြည်ရဲ့ အမည်ခံအစိုးရက စိတ်လိုလက်ရ ဗိုက်အငှားနဲ့ဓားထိုးဝင်ခံရင်း စစ်အုပ်စုကျူးလွန်သမျှအရာရာအတွက် ရှေ့ထွက်ပြီးလူမိုက်လုပ်ပေးနေရရုံလောက်ပဲဖြစ်ပါတယ်။

ဗမာပြည်လက်ရှိဖြစ်နေတာတွေထဲက လူထုတစေ့တစောင်းသာမြင်ခွင့်ရတဲ့ကိစ္စလေးတခုကိုပဲကြည့်ပါ။ YBS နေဝင်းမြေးတွေအုပ်စု၊ ဇော်ဇော်တို့ ဘဏ်အုပ်စုနဲ့ ရန်ကုန်တိုင်းအစိုးရ(ဖြိုးမင်းသိမ်း)တို့ ဇာတ်လမ်းရှုပ်တာ၊ ငွေနဲ့အာဏာလဲလှယ်ကြတာဟာ တိုင်းပြည်တပြည်အနေနဲ့ ဘာမှမကြီးကျယ်ဘူးဆိုရပေမယ့် ဒီ့ထက်ကြီးတာတွေရှိနေတယ်ဆိုတာတော့ သေချာသလောက်ပါပဲ။ လူထုမြင်ရတာက ရေမျက်နှာပြင်ပေါ် ပေါ်နေတဲ့ရေခဲတုံးကြီးရဲ့ အစွန်းအစလေးပဲဖြစ်ဖို့ရှိပါတယ်။
သိတ်မကြာခင်မှာ ဘဏ်တွေ၊ စီးပွားလုပ်ငန်းရှင်ဆိုသူတွေနဲ့ အာဏာပိုင်(အစိုးရ)တွေရဲ့ အရှုပ်တော်ပုံတွေ ထွက်လာလိမ့်မယ်လို့ လူတချို့က ထင်မြင်ချက်တွေလည်း ကြားရပါတယ်။ အောက်က ပြောကြားချက် ၂ ခုကြော င့် ဒီစာလေးရေးဖြစ်သွားပါတယ်။

ဗဟိုဘဏ်အနေဖြင့် ဘဏ်လုပ်ငန်းရှင်များကိုဖိတ်ကြားတွေ့ဆုံပြီး လက်ရှိကြုံတွေ့နေရသည့်အခက်အခဲကို ဖြေရှင်းကျော်လွှားနိုင်မည့် ညင်သာပျော့ပျောင်းသော Solution တခုရရှိအောင် ညှိနှိုင်းရှာဖွေရန် အစီအစဉ် ရှိ/မရှိ မင်းကင်းမဲဆန္ဒနယ်မှ ဦးမောင်မြင့်က ပြည်သူ့လွှတ်တော်တွင် မေးမြန်းခဲ့ရာ ''လုပ်ငန်းရှင်တွေအနေနဲ့ ဘဏ်ရဲ့ချေးငွေကို ဘယ်လောက်ကြာကြာ မဆပ်ဘဲနေနေတာလဲ။ ၆ လလား။ ဒါဆို အိုကေ၊ ဘဏ်က ညှိနှိုင်းလို့ရတယ်။ သို့ပေမဲ့လို့ ဒီချေးငွေကိုအတိုးလည်းမဆပ်ဘူး။ အရင်းလည်း မဆပ်ဘူး။ အဲလိုမဆပ်တာက ၂ နှစ်ဖြစ်လာပြီ။ ၃ နှစ်ဖြစ်လာပြီဆိုရင် ဒီဘဏ်တွေအနေနဲ့ ညှိနှိုင်းတဲ့အဆင့်လည်း ကျော်သွားပြီ။ အဲဒီအချိန်မှာ ထိထိရောက်ရောက်ကိုင်တွယ်တော့မှာဖြစ်ပါတယ်။ ဒီအချက်တွေကို စဉ်းစားစေချင်ပါတယ်။ လုပ်ငန်းရှင်တွေ ဘက်ကပဲ စဉ်းစားလို့မရပါဘူး။ ဒီငွေကြေးတွေကို ယုံကြည်စွာနဲ့ ဘဏ်မှာအပ်နှံထားတဲ့ ပြည်သူတွေရဲ့ ငွေကြေး ဆုံးရှုံးမှုမရှိနိုင်အောင်ကာကွယ်ဖို့က ဘဏ်တွေရဲ့တာဝန်ဖြစ်ပါတယ်။ လုပ်ငန်းရှင်တွေအတွက် ဘဏ်တွေက လိုအပ်တာထက်ပိုပြီးတော့ လိုက်လျောမှုအများကြီးလုပ်ခဲ့ပြီးပါပြီ''ဟု ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဦးစိုးသိန်းက ပြန်လည်ဖြေကြားခဲ့သည်။

(သို့ရာတွင် လက်ရှိအချိန်အတွင်းလုပ်ငန်းရှင်များ ငွေကြေးအခက်အခဲများစွာရင်ဆိုင်နေရသည့်အတွက် ဘဏ်များနှင့် တွေ့ဆုံဆွေးနွေးကာ အချိန်တခုပေးသင့်ကြောင်းနှင့် ထွက်ပေါက်မရှိအောင် ချောင်ပိတ်မရိုက်သင့်ကြောင်း ရွှေလင်ဗန်းစက်မှုဇုန်ဥက္ကဋ္ဌဦးအေးသောင်းက ပြောသည်။
''အချိန်တခုပေးရတော့မယ်လေ။ ၂ နှစ်တန်သည်၊ ၃ နှစ်တန်သည် ဆိုင်းငံ့ပေးရတော့မယ်လေ။ ဒါမှ သူ့တခြားငွေရပေါက်ရလမ်းရှာရလို့ရမှာ။ ချောင်ပိတ်ပြီးရိုက်တဲ့ခေတ်က ကုန်သွားပါပြီ။ အခုဟာ ကြီးက ချောင်ပိတ်ပြီး ရိုက်မယ့်သဘောဖြစ်နေတယ်။ လုပ်ငန်းရှင်ဆိုတာ ဘယ်သူမှ နာမည်ပျက်ချင်တာမှမဟုတ်တာ။ မြတ်ချင်လို့အလုပ်လုပ်တာ။ ဒါပေမဲ့ ရပ်တည်ဖို့ ခက်ခဲလာတော့ သူအများကြီးစဉ်းစားရတာ။ ဒီလုပ်ငန်းတခုက နှစ်ပေါင်းများစွာလုပ်ထားရတာလေ။ ဒီဘဏ်ပြဿနာတခုတည်းနဲ့ ထွက်ပေါက်မရှိအောင် ချောင်ပိတ်ပြီး ရိုက်လိုက်တဲ့ ကိစ္စတခုတည်းနဲ့ သူကတော့ ရှိတာဆပ်လိုက်လို့ရပေမဲ့ သူ့နောက်မှာ မှီခိုနေတဲ့သူ၊ တိုင်းပြည် အတွက် Impact က သေးသေးလား၊ ကြီးကြီးလားဆိုတာ ထည့်စဉ်းစားရဖို့လိုတယ်''ဟု ဦးအေးသောင်းက ပြောသည်။)
မျိုးမြင့်ချို
စက္တင္ဘာ ၁၊ ၂ဝ၁၉

(သတ္တိရှိဖို့တော့လိုပါတယ်)

0 comments
(သတ္တိရှိဖို့တော့လိုပါတယ်)
အစိုးရကိုယ်စားလှယ်တွေနဲ့ တဘက်ကကိုယ်စားလှယ်တွေတွေ့ဆုံဆွေးနွေးကြတဲ့အဖြေက “တဘက်ကအဆုံးအဖြတ်ပေးနိုင်တဲ့ခေါင်းဆောင်တွေနဲ့ စစ်အာဏာရှင်တပ်နဲ့ ဆက်ဆွေးနွေးဖို့သဘောတူညီချက်ရခဲ့တယ်“ ဆိုတာဖြစ်ပါတယ်။ သဘောက “ဒီကိစ္စတွေမှာ တကယ်အဆုံးအဖြတ်ပေးနိုင်သူက အစိုးရမဟုတ်ဘူး စစ်အုပ်စုဖြစ်တယ်“ဆိုတာပါပဲ။ အပစ်အခတ်ရပ်စဲရေးကိစ္စဟာ တဖွဲ့ချင်းသဘောတူလက်မှတ်ပဲထိုးထိုး၊ NCA မှာပဲလက်မှတ်ထိုးထိုး အဲ့ဒါဟာ အပစ်အခတ်ရပ်ထားရေးသက်သက်ပါ။ အပစ်အခတ်ရပ်တယ်ဆိုတာ ကိုယ်စီလက်နက်ကိုင်ထားကြမယ်ဆိုတဲ့အနက်ပါ။

လက်တွေ့မှာ တဘက်ဘက်ကလိုအပ်တယ်လို့ယူဆတာနဲ့ သေနတ်ပြန်ပေါက်ပါတယ်။ သေနတ်အရင်စဖေါက်တာက စစ်အုပ်စုဘက်ကပါ။ တခါတလေ ဟိုဘက်က စဖေါက်ခဲ့ရင်လည်း မဖေါက်ဖေါက်အောင် စပေးဆွပေးပြီး ဖေါက်လာအောင်လုပ်ယူတာပါ။ တကယ်က အပစ်ရပ်ခြင်းဟာ ငြိမ်းချမ်းရေးရသွားတာ၊ ရနေတာမဟုတ်ပါ။

စစ်အုပ်စု ဒီအပစ်ရပ်အဆင့်ကနေမှ နိုင်ငံရေးဆွေးနွေးပွဲတွေအထိ ဆက်ချီတက်ကြမယ်လို့တိုင်းပြည်နဲ့လူထုကိုအယုံသွင်းပြီး စစ်အာဏာရှင်စနစ်နဲ့စစ်ဝါဒကို ပိုးမွေးသလိုမွေးပြီး စီးပွားရှာနေတာပါ။ ဒါကို အစိုးရကလည်း သံယောင်လိုက်ပြီး ကြိတ်ကြိုက်နေတဲ့အနေအထားပါ။

တဘက်ကခေါင်းဆောင်တွေထဲမှာလည်း ကိုယ်ကျိုးစီးပွားသမားတချို့ရှိပါတယ်။ စစ်အုပ်စုကတော့ စစ်ဗိုလ်ကြီးငယ်မှန်သမျှ ကိုယ်ကျိုးရှာနေကြတာပါ။ ခြွင်းချက်သဘောဖြစ်နေတာနဲ့ တစုံလုံးဖြစ်နေတာကွာသလို ကွာပါတယ်။

တကယ်တမ်းစေ့စေ့တွေးကြည့်ရင် ဗမာမဟုတ်တဲ့တခြားလူမျိုးစုတွေမှာ တိုင်းပြည့်ကြမ္မာနဲ့ လားရာလမ်းကို မပြဌာန်းနိုင်ပါ။ ပြဌာန်းနိုင်လောက်တဲ့အားနဲ့စုစည်းမှုလည်းမရှိပါ။ အလွန်ဆုံးလုပ်နိုင်တာက မတရားရင်တွန်းလှန်၊ ဖိနှိပ်ရင်ပြန်ချ၊ ကျူးကျော်ရန်စလာရင် ခုခံတော်လှန် ဒီလောက်ပါပဲ။
စစ်အုပ်စုကျတော့ လူများစုအားလုံးကို ကိုယ်စားပြုသယောင်အသွင်ယူထားပြီး ဗမာလူမျိုးကြီးဝါဒနဲ့ဘာသာကြီးဝါဒ ကိုင်စွဲပြီး စစ်တပ်ကို ခါးပိုက်ဆောင် တလက်ကိုင်လုပ်ထားတာပါ။ လူအင်အားအရရော အာဏာသဘောအရရော အသာစီးယူထား ရထားပြီးသားဖြစ်နေတာပါ။ သဘောက ဖန်တီးနိုင်တဲ့အားရော အခြေအနေရောက တဘက်စောင်းနင်းဖြစ်သလို အသာစီးလည်းရထားတာပါ။

ဗမာလူမျိုးစုထဲမှာ စစ်အုပ်စုကို စစ်ဝါဒကို စစ်အာဏာရှင်စနစ်ကိုမကြိုက်ဘူး ဆန့်ကျင်တယ် ပါးစပ်ကဘယ်လိုပြောပြော လက်တွေ့မှာ အတွင်းစိတ်သဏ္ဍန်မှာ လူမျိုးကြီး ဘာသာကြီးအစွဲက သည်းသည်းထန်ထန်ရှိသူတွေများပါတယ်။ တချို့ဆို ရှိသမျှစီးပွားနဲ့ဓနဥစ္စာအကုန်လုံး စစ်ဗိုလ်တွေချည်း လက်ဝါးကြီးအုပ်ထားလို့ မကျေမချမ်းဖြစ်ရုံလောက်ပါ။ နည်းနည်းပြန်စွန့်ကြဲလက်ရင် လက်ဝေခံအဖြစ်ထားလိုက်ရင်ကိုပဲ ကျေနပ်နှစ်သိမ့်သွားကြသူတွေရှိပါတယ်။ ဒီနေရာမှာ အလေးအနက်ထားဖို့က လူမျိုးစုငယ်တွေထဲမှာ ဗုဒ္ဓဘာသာမဟုတ်တဲ့ယုံကြည်ကိုးကွယ်မှုရှိတယ်ဆိုတာကိုဖြစ်ပါတယ်

“ဖက်ဒရယ်လ်တော့ပေးနိုင်ပါတယ် ဒါပေမယ့် ပြည်ထောင်စုကြီးပြိုကွဲမှာတော့ကြောက်တယ်“ဆိုတဲ့ နိုင်ငံရေးသမားတွေအသံ မကြားချင်မှအဆုံးပါ။ တခြားလူမျိုးစုတွေရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေကိုတောင် “ပေးချင်ပါတယ်“လို့သုံးစွဲပြောပါတယ်။ တို့ပေးမှရမယ်ဆိုတဲ့သဘောကို စကားအလှနဲ့ စီးစီးပိုးပိုးပြောတာပါ။ တခါ ဖက်ဒရယ်နဲ့ တိုင်းပြည်အစိတ်စိတ်အမွှာမွှာဖြစ်သွားတာကိုလည်း “ပြည်ထောင်စကြီးပြိုကွဲမှာကြောက်“နဲ့မသိမသာဆက်စပ်ပေးပြီး အချင်းချင်းပြန် လှန့်လုံးထွင်ထားတာပါ။ တခြားလူနည်းစုလူမျိုးငယ်တွေရဲ့ရပိုင်ခွင့်နဲ့အခွင့်အရေးကို လူများစုလူမျိုးကြီးရဲ့အကျိုးစီးပွားအောက်က ထားချင် သွားချင်တာပါ။ တန်းတူရည်တူစိတ်အခံ နည်းပါတယ်။ ဗမာလူမျိုးစုတွေကြားမှာ သမာသမတ်ကျ မျှတ လွတ်လပ်ပြီး တဦးချင်းအမြင်တွေအပြင်ကိုမပေါက်ကြားရေး အတိအကျအာမခံချက်ရှိတဲ့ လူထုစစ်တမ်းသဘောထားတခု ကောက်ယူကြည့်ပါ။ အဖြေထွက်ပါတယ်။

ဒါ့ကြောင့်ပဲ စစ်အုပ်စု ခုလောက်သက်ဇိုးရှည်ပြီး စစ်အာဏာရှင်စနစ် ခုထိခိုင်မြဲနေတာပါ။
စစ်အာဏာရှင်စနစ်ကိုမကြိုက်တာ စစ်ဗိုလ်တွေ အစိုးရလုပ်နေလို့၊ စစ်ဗိုလ်တွေ ကိုယ်ကျိုးရှာ ကြီးပွားချမ်းသာနေလို့၊ စစ်ဗိုလ်တွေချည်း စီးပွားရေးလက်ဝါးကြီးအုပ်ထားလို့၊ ပညာရှင်တွေ နိုင်ငံရေးရထူး တိုင်းပြည်ဝန်ထမ်းရာထူးကြီးငယ်တွေမရကြလို့ စတာတွေကြောင့်သက်သက်ဆိုရင် အဲ့ဒါဟာ စစ်အာဏာရှင်စနစ်ကို အခြေအမြစ်ကစ တကယ်တမ်းဆန့်ကျင်နေတာလို့ပြောရင် မမှန်ပါ။
စစ်အာဏာရှင်စနစ်က လက်တွေ့ကိုင်တွယ်ကျင့်သုံးနေတဲ့ လူမျိုးကြီးဝါဒ၊ ဘာသာကြီးဝါဒကို ရှင်းရှင်းလင်းလင်းမြင်ပြီး ပြတ်ပြတ်သားသားဆန့်ကျင်မှသာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရာရောက်ပါတယ်။ ဆန့်ကျင်ရာမြည်ပါတယ်။ အဲ့သလိုဆန့်ကျင်ဖို့ဆို ကိုယ့်ကိုယ်ကိုယ် အတွေးအခေါ်အရ ပြန်ဆေးကြောတိုက်ချွတ်ဝံ့တဲ့သတ္တိ ရှိဖို့တော့လိုပါတယ်။
မျိုးမြင့်ချို
စက္တင္ဘာ ၂၊ ၂ဝ၁၉