Sunday, December 15, 2019

(Phase One မှာ ဒါတွေပါပါတယ်)

0 comments
(Phase One မှာ ဒါတွေပါပါတယ်)
၁ဝရက်နေ့က တရုတ်-အမေရိကန် ကုန်သွယ်ရေးဆွေးနွေးမှု ပထမအဆင့်သဘောတူညီချက် Phase One သဘောတူညီချက်ရသွားပြီး နှစ်ဘက်သမ္မတများ အတည်ပြုလက်မှတ်ထိုးဖို့ရှိလာပြီ ဆိုသည့်သတင်းများကြောင် ကမ္ဘာကြီး သက်ပြင်း နည်းနည်းချနိုင်သွားပါသည်။ ကုမ္ပဏီကြီး/ငယ်တချို့ အသက်ရှူနည်းနည်းချောင်လာပါသည်။ သဘောတူညီချက်များကို ယေဘုယျပြောရင် အမေရိကန်က နှစ်စဉ် သူ့ လယ်ယာထွက်ကုန် ၅ဝ ဘီလီယံဖိုး တရုတ်ကိုဝယ်စေချင်၏။ တရုတ်က ၄ဝ ဘီလီယံဖိုးအထိဝယ်ယူမည်ဟုဆိုပါသည်။ အမေရိကန်ဘက်ကတောင်းဆိုနေသည့် ညာဏပစ္စည်းပိုင်ဆိုင်မှု အပြည့်အဝထိန်းချုပ်ပေးရေးကို တရုတ်က အစွမ်းကုန်ထိန်းသိမ်းပေးမည်ဟု ဆိုပါသည်။ အမေရိကန်က တရုတ်ဘဏ္ဏာရေးဈေးကွက် အစွမ်းကုန်ဖွင့်ပေးရေးနှင့် အစိုးရ၏ငွေကြေးထိန်းချုပ်ရေးပေါ်လစီများကို ပယ်ဖျက်ပေးရေးကို တရုတ်ဘက်က ဘဏ္ဏာရေးဈေးကွက်ကို ကျယ်ကျယ်ဖွင့်ပေးပြီး ငွေကြေးပေါ်လစီများတွင် အစိုးရ၏ ပါဝင်ထိန်းချုပ်မှုများကို တတ်နိုင်သမျှ လျော့ပေါ့ပေးမည်ဟုဆိုပါသည်။
အမေရိကန်က တရုတ်သွင်းကုန် ၃၆ဝ ဘီလီယံဖိုးအပေါ်တွင် ကုန်သွယ်ခွန်စည်းကြပ်နေတာရှိပါသည်။ ယင်းကုန်သွယ်ခွန်စည်းကြပ်ပြီးသားများအပေါ် နောက်ထပ် ၁၅ ရာခိုင်နှုန်း ထပ်မံစည်းကြပ်ဦးမည်ဟု အကျပ်ကိုင်ထားတာ ရှိပါသည်။ ယခု သဘောတူညီချက်ကရ ထို ၁၅ ရာခိုင်နှုန်းထပ်မံစည်းကြပ်ဦးမည့် ၃၆ဝ ဘီလီယံဖိုးသွင်းကုန်တွေထဲမှာ တဝက်အပေါ်မှာသာ ထပ်မံစည်းကြပ်တော့မည်ဟုဆိုပါသည်။ ထို့ကြောင့် တရုတ်သွင်းကုန် ၁၅၆ ဘီလီယံဖိုးအပေါ်တွင် ကုန်ထပ်တိုးခွန် ၁၅ ရာခိုင်နှုန်းစည်းကြပ်တော့မည်ဖြစ်ပါသည်။ သဘောက ထပ်တိုးကုန်သွယ်ခွန်စည်းကြပ်မှုကို ၅ဝ ရာခိုင်နှုန်းအထိ လျှော့ပေါ့ပေးမည့်သဘော ဖြစ်ပါသည်။
ထိုမီးစိမ်းပြမှုကြောင့် တရုတ်ငွေတန်ဖိုးတက်လာခဲ့သလို ၂ ဘက်စလုံးဘဏ္ဏာရေးပေါ်လစိများ ပြန်ချိန်ညှိကြပါသည်။ အကောင်းဘက်သို့ဦးတည်ပြီး လိုတိုးပိုလျှော့ ချိန်ညှိကြခြင်းဖြစ်ပါသည်။ အမေရိကန်နှင့် အာရှရှိစတော့ရှယ်ယာဈေးကွက်လည်း သတင်းကောင်းဖြင့်ဖွင့်ကာ ရှယ်ယာဈေးများ အတက်ဘက် မြားဦးပြန်လှည့်လာပါသည်။
မျိုးမြင့်ချို
ဒီဇင္ဘာ၊ ၁၄၊ ၂၀၁၉

0 comments:

Post a Comment