Monday, August 26, 2019

ကြေးစားတပ်ရဲ့ဘိန်းအင်ပိုင်ယာ(ဒွီမိုကေရစီသစ္ေပ့ဂ်္မွ)

0 comments
ကြေးစားတပ်ရဲ့ဘိန်းအင်ပိုင်ယာ(ဒွီမိုကေရစီသစ္ေပ့ဂ်္မွ)
အပိုင်း(၁)
ကြေးစားတပ်ဟာ ဗမာပြည် ဘိန်းလုပ်ငန်းရဲ့ အဓိက သရုပ်ဆောင်ပဲ။ ကြေးစားတပ်မပါဘဲနဲ့ ဘိန်းစိုက်လို့ မရဘူး။ ကြေးစားတပ်မပါဘဲ ဘိန်းသယ်လို့ မရဘူး။ ဘိန်းလုပ်ငန်းအဆင့်ဆင့်ရဲ့ နယ်ပယ်အသီးသီးမှာ ကြေးစားတပ်ဟာ ပုံသဏ္ဌာန်မျိုးစုံနဲ့ ဝင်ရောက်ပတ်သက်နေတယ်။
#တရုတ်ပြည်ဘိန်းစစ်ပွဲ
တရုတ်ပြည်မှာ ပထမဘိန်းစစ်ပွဲဟာ ၁၈၃၉ ခုနစ် သြဂုတ်လ ၂၉ ရက်နေ့က စတင်ပြီး ၁၈၄၂ ခုနစ်မှာ ပြီးဆုံးခဲ့ပါတယ်။ ဒုတိယ ဘိန်းစစ်ပွဲကတော့ ၁၈၅၆ ခုနစ်မှ ၁၈၆၀ အထိ ၄ နှစ်ကြာဖြစ်ပွားခဲ့တာပါ။ တရုတ်က စစ်လျော်ကြေးငွေ ၈ သန်းကို ပေးရတယ်။ ကုန်သွယ်ရေးဆိပ်ကမ်း ၁၀ ခုနဲ့ ကုန်သွယ်ရေး အခြေစိုက်စခန်းတွေ ခွင့်ပြုရတယ်။ ဘိန်းကုန်ကူးခွင့်လဲ တရားဝင်ပေးရတယ်။ လွတ်လပ်စွာ သာသနာပြုခွင့်လည်း ပေးခဲ့ရတယ်။ ဒါဟာတရုတ်ပြည်ရဲ့ အမှောင်ခေတ်ပဲ။ ဒီလ်ုနဲ့ တရုတ်ပြည်မှာ ဘိန်းကုန်ကူးမှု အကြီးအကျယ်ဖြစ်ထွန်းခဲ့တယ်။
#ကိုးကန့်ဒေသကဘိန်းဘုရင်တွေ
ဗမာပြည်မှာတော့ ကွန်မင်တန်စစ်တပ်နဲ့အတူ ဘိန်းလုပ်ငန်းစီးဆင်းပျံ့နှံ့လာတယ်။ ဗမာပြည်ဘိန်းကုန်ကူးမှုရဲ့ မူလအစပိုင်း ဘိန်းဘုရင်တွေက အောလစ်ဗ်ယန်းနဲ့ ခွန်ဆာပါ။ အောလစ်ယန်းက ကိုးကန်းပဒေသရာဇ် စစ်ဘုရင်မပါ။ ကိုးကန့်စော်ဘွား အက်ဒွပ်ယန်းရဲ့ ညီမဖြစ်ပါတယ်။ ကိုးကန့်ဒေသဟာ ၁၈၉၇ ခုနှစ် ဘေဂျင်း သဘောတူညီချက် (Beijing Convention) အရ ဗြိတိသျှလက်အောက်ကို ရောက်ခဲ့တာဖြစ်ပြီး ဗမာပြည် လွတ်လပ်ရေးရတော့ ဗမာပိုင်နယ် ဖြစ်လာတယ်။
တရုတ်ပြည်နန်ကင်းဇာတိ ယန်းမျိုးနွယ်ဟာ ၁၇ ရာစုကစပြီး ကိုးကန့်ဒေသ လောက်ကိုင်ကို ၀ရောက်အခြေချ နေထိုင်ခဲ့ကြပြီး သိန်္နီစော်ဘွားရဲ့ လက်အောက်ခံပါ။ ဗမာပြည်လွတ်လပ်ရေး မရခင်ကတည်းက ကိုးကန့်ဒေသကို သီးခြား စော်ဘွားအုပ်ချုပ်တဲ့နယ်မြေအဖြစ် အင်္ဂလိပ်က သတ်မှတ် ပေးခဲ့ပါတယ်။ ၁၉၄၉ ခုနှစ်မှာ ကိုးကန့်ဒေသရဲ့စော်ဘွားဟာ အက်ဒွပ်ယန်းဖြစ်လာတယ်။
ကိုးကန့်ဒေသရဲ့ မူလထွက်ကုန်ဖြစ်တဲ့ ကိုးကန့်လက်ဖက်ခြောက်ဟာ နာမည်ကြီးပါတယ်။ လက်ဖက်ကို သိန္နီနဲ့လားရှိုးကို တင်ပို့ရောင်းချပြီး ဘိန်းကိုတော့ ဒေသတွင်း ရောင်းချခဲ့တာပါ။ ၁၉၅၀ နှစ်တွေအတွင်း ရှမ်းပြည်မှာ စစ်ပွဲတွေဖြစ်လာတော့ ဘိန်းက ကိုးကန့်လူမျိုးတွေအတွက် ဝင်ငွေရစရာ တခုတည်းသော သီးနှံဖြစ်လာခဲ့တယ်။ မော်ဖင်းပါဝင်မှု မြင့်မားတဲ့အတွက် ကိုးကန့်ဒေသမက ဘိန်းဟာ နာမည်ကျော်လူကြိုက်များလာတယ်။
၁၉၅၀ နှစ်တွေမှာ ကိုးကန့်ဒေသကို အမှန်တကယ် အုပ်ချုပ်နေသူက အောလစ်ဗ်ယန်းပါ။ သူ့ရဲ့ ကိုယ်ပိုင် စစ်တပ်မှာ လူ ၁၀ဝဝ နီးပါးရှိပါတယ်။ ကူမင်တန် ကျောထောက်နောက်ခံနဲ့ ဩဇာတက်လာပြီး ထိုင်းနယ်စပ်ကို ထရပ်ကားတန်းတွေနဲ့ ဘိန်းတင်ပို့ နိုင်ခဲ့ပါတယ်။
၁၉၆၁ ခုနှစ်မှာတော့ အောလစ်ဗ်ယန်း အဖမ်းခံခဲ့ရတယ်။ သူ့အစ်ကို ဂျင်မီယန်းက ကူမင်တန်အကူအညီနဲ့ ဘိန်းလုပ်ငန်းဆက်လုပ်တယ်။ ဂျင်မီယန်းက ပညာတတ်ပါ။ ရန်ကုန်တက္ကသိုလ်နဲ့ ချုံကင်းတက္ကသိုလ်တို့မှာ ပညာသင်ခဲ့ဖူးတယ်။ ၁၉၅၀ မှာကိုးကန့်ပါလီမန်အမတ်အဖြစ် အရွေးခံရဖူးတယ်။ East Burma Bank ကို တည်ထောင်ခဲ့တယ်။ ဂျင်မီယန်းကို သူ့တပ်မှူး လော်စစ်ဟန်က ဖြုတ်ချတယ်။ လော်စစ်ဟန်က အခုလက်ရှိ Asia World ကုမ္ပဏီရဲ့ မန်နေးဂျင်းဒါရိုက်တာ စတီဗင်လော ခေါ် ထွန်းမြင့်နိုင်ရဲ့ ဖခင်ပါ။
ဘိန်းချက်စက်ရုံတွေရှိတဲ့ ထိုင်းနယ်စပ်ကို ဘိန်းတွေပို့တဲ့အခါ အစိုးရတပ်တွေက လော်စစ်ဟန်ကို ကူညီတယ်။ ရှမ်းပြည်နယ်အတွင်း အစိုးရထိန်းချုပ်ထားတဲ့ လမ်းကြောင်းတွေကိုသုံးပြီး မူးယစ်ဆေး ကုန်သွယ်မှုလုပ်ခဲ့တယ်။ လော်စစ်ဟန်၏အစ်ကိုလော်စစ်ကိုက ကိုးကန့် ဒေသ ရဲတပ်ဖွဲ့အကြီးအကဲ ဖြစ်တဲ့အတွက် အနှောင့်အယှက် မရှိခဲ့ပါဘူး။ ဒါပေမဲ့ နောက်ပိုင်းမှာ အကျိုးအမြတ်ခွဲဝေပုံ မညီမျှတာကြောင့် လော်စစ်ဟန်က အစိုးရကို ပြန်ဆန့်ကျင်တယ်။ ၁၉၇၃ ခုနှစ်မှာ လော်စစ်ဟန် အဖမ်းခံရတယ်။ ၁၉၈၀ ခုနှစ်မှာ ပြန်လွတ်လာတယ်။ သူတင်မက ပြင်သစ်မှာ ထွက်ပြေး ခိုလှုံနေတဲ့ ဂျင်မီယန်းကိုလည်း ပြန်လာခွင့် ပြုခဲ့ပါတယ်။
၁၉၈၉ ခုနှစ်ကျတော့ ဗမာပြည်ကွန်မြူနစ်ပါတီအတွင်း တပ်ပုန်ကန်မှုဖြစ်တယ်။ အောလစ်ဗ်ယန်း၊ လော်စစ်ဟန် ဦးအောင်ကြီးတို့က ကိုးကန့်ဒေသကိုသွားပြီး ပြန်ပေါင်းထုတ်ဖို့ စေ့စပ်ဆွေးနွေးခဲ့ကြတယ်။ ဒီလိုပြန်ပေါင်းထုတ်ရာမှာ ဖုန်ကြားရှင်ရဲ့ အခန်းကဏ္ဍကလည်း အရေးပါခဲ့တယ်။
ဖုန်ကြားရှင်နဲ့ သူ့ညီ ဖုန်ကြားဖူတို့ဟာ တချိန်က ဂျင်မီယန်းရဲ့ကိုယ်ပိုင်တပ်ဖြစ်တဲ့ ကိုးကန့် တော်လှန်ရေးတပ်ဖွဲ့မှာ ပါဝင်ခဲ့သူတွေပါ။ ၁၉၆၇ ခုနှစ် ဇူလိုင်လမှာ တရုတ်ပြည်က ဗကပခေါင်းဆောင်တွေက သူတို့ကို ဆက်သွယ်ပြီး လက်နက်ခဲယမ်းတွေ ထောက်ပံ့ခဲ့တယ်။ ၁၉၆၈ ခုနှစ်တွင် အရှေ့မြောက်စစ်ဒေသတည်ထောင်တော့ ဗကပတပ်ဖွဲ့တွေ မြေပြန့်ကိုဆင်းဖို့ ကိုးကန့်ဒေသကို အခြေစိုက် စခန်းတခုအဖြစ် မျှော်လင့်ခဲ့တာပဲ။။
ကွန်မြူနစ်ပါတီက ကိုးကန့်ဒေသကို မြေယာဝေခြမ်းရေးလုပ်ပေးနိုင်တယ်။ ဒါပေမဲ့ ဘိန်းအစားထိုးသီးနှံ စိုက်ပျိုးရာမှာတော့ မအောင်မြင်ခဲ့ပါဘူး။ ဒါကြောင့်လည်း ဖုန်ကြားရှင်ဟာ ခွေးမြီးကောက် ကျည်တောက်စွပ်ဆိုသလို ဘိန်းလုပ်ငန်းဘက်ကို ပြန်ပြီး မျက်နှာမူလာတယ်။ ဖုန်ကြားရှင်ဟာ ဘယ်တုန်းကမှ ကွန်မြူနစ်ပါတီဝင် မဖြစ်ခဲ့ဘူး။ တပ်မှူးတယောက်အနေနဲ့တော့ သြဇာရှိနေတုန်းပဲ။
ဒီသြဇာအာဏာကိုသုံးပြီး ဗကပထိန်းချုပ်နယ်မြေထဲမှာ ဘိန်းစိုက်တာ ဘိန်းရောင်းတာတွေ ဖုန်ကြားရှင် ပတ်သက်နေတဲ့ သတင်းတွေထွက်လာတယ်။ ဒါကြောင့်ကွန်မြူနစ်ပါတီက ဖုန်ကြားရှင်ကို ပန်ဆိုင်းမှာရှိတဲ့ ဗကပဌာနချုပ်ကို ရွှေ့ပြောင်းစေခဲ့တယ်။ ဒါက ဖုန်ကြားရှင်ကို ဘိန်းလုပ်ငန်းနဲ့ အဆက်ဖြတ်ပေးတာပဲ။။ ဒါပေမဲ့ သိပ်မကြာမီခင်မှာပဲ ပန်ဆိုင်းအရှေ့ဘက် တောင်တန်းကြီးပေါ်က ဝမ်ဟိုတောင်မှာ ဖုန်ကြားရှင်က ဘိန်းစက်ရုံ တည်ဆောက် နိုင်ခဲ့ပြန်တယ်။
ဒါကြောင့် ဗကပနဲ့ ဘိန်းမှောင်ခိုဂိုဏ်းသားတွေအကြားက ပဋိပက္ခဟာ တမဟုတ်ချင်း ကြီးထွားလာတယ်။
၁၉၈၉ ခုနှစ် ကိုးကန့်ပုန်ကန်မှုဟာ ဗကပနဲ့ ဘိန်းရာဇာတွေအကြား ပြတ်သားတဲ့ စည်းကြောင်းတခုကို ချလိုက်တော့တာပါပဲ။
#ဇင်သော်မော်
(Unicode) #ကြေးစားတပ်ရဲ့ဘိန်းအင်ပိုင်ယာ
အပိုင်း(၁)

ကြေးစားတပ်ဟာ ဗမာပြည် ဘိန်းလုပ်ငန်းရဲ့ အဓိက သရုပ်ဆောင်ပဲ။ ကြေးစားတပ်မပါဘဲနဲ့ ဘိန်းစိုက်လို့ မရဘူး။ ကြေးစားတပ်မပါဘဲ ဘိန်းသယ်လို့ မရဘူး။ ဘိန်းလုပ်ငန်းအဆင့်ဆင့်ရဲ့ နယ်ပယ်အသီးသီးမှာ ကြေးစားတပ်ဟာ ပုံသဏ္ဌာန်မျိုးစုံနဲ့ ဝင်ရောက်ပတ်သက်နေတယ်။
#တရုတ်ပြည်ဘိန်းစစ်ပွဲ
တရုတ်ပြည်မှာ ပထမဘိန်းစစ်ပွဲဟာ ၁၈၃၉ ခုနစ် သြဂုတ်လ ၂၉ ရက်နေ့က စတင်ပြီး ၁၈၄၂ ခုနစ်မှာ ပြီးဆုံးခဲ့ပါတယ်။ ဒုတိယ ဘိန်းစစ်ပွဲကတော့ ၁၈၅၆ ခုနစ်မှ ၁၈၆၀ အထိ ၄ နှစ်ကြာဖြစ်ပွားခဲ့တာပါ။ တရုတ်က စစ်လျော်ကြေးငွေ ၈ သန်းကို ပေးရတယ်။ ကုန်သွယ်ရေးဆိပ်ကမ်း ၁၀ ခုနဲ့ ကုန်သွယ်ရေး အခြေစိုက်စခန်းတွေ ခွင့်ပြုရတယ်။ ဘိန်းကုန်ကူးခွင့်လဲ တရားဝင်ပေးရတယ်။ လွတ်လပ်စွာ သာသနာပြုခွင့်လည်း ပေးခဲ့ရတယ်။ ဒါဟာတရုတ်ပြည်ရဲ့ အမှောင်ခေတ်ပဲ။ ဒီလ်ုနဲ့ တရုတ်ပြည်မှာ ဘိန်းကုန်ကူးမှု အကြီးအကျယ်ဖြစ်ထွန်းခဲ့တယ်။

#ကိုးကန့်ဒေသကဘိန်းဘုရင်တွေ
ဗမာပြည်မှာတော့ ကွန်မင်တန်စစ်တပ်နဲ့အတူ ဘိန်းလုပ်ငန်းစီးဆင်းပျံ့နှံ့လာတယ်။ ဗမာပြည်ဘိန်းကုန်ကူးမှုရဲ့ မူလအစပိုင်း ဘိန်းဘုရင်တွေက အောလစ်ဗ်ယန်းနဲ့ ခွန်ဆာပါ။ အောလစ်ယန်းက ကိုးကန်းပဒေသရာဇ် စစ်ဘုရင်မပါ။ ကိုးကန့်စော်ဘွား အက်ဒွပ်ယန်းရဲ့ ညီမဖြစ်ပါတယ်။ ကိုးကန့်ဒေသဟာ ၁၈၉၇ ခုနှစ် ဘေဂျင်း သဘောတူညီချက် (Beijing Convention) အရ ဗြိတိသျှလက်အောက်ကို ရောက်ခဲ့တာဖြစ်ပြီး ဗမာပြည် လွတ်လပ်ရေးရတော့ ဗမာပိုင်နယ် ဖြစ်လာတယ်။
တရုတ်ပြည်နန်ကင်းဇာတိ ယန်းမျိုးနွယ်ဟာ ၁၇ ရာစုကစပြီး ကိုးကန့်ဒေသ လောက်ကိုင်ကို ဝရောက်အခြေချ နေထိုင်ခဲ့ကြပြီး သိန်္နီစော်ဘွားရဲ့ လက်အောက်ခံပါ။ ဗမာပြည်လွတ်လပ်ရေး မရခင်ကတည်းက ကိုးကန့်ဒေသကို သီးခြား စော်ဘွားအုပ်ချုပ်တဲ့နယ်မြေအဖြစ် အင်္ဂလိပ်က သတ်မှတ် ပေးခဲ့ပါတယ်။ ၁၉၄၉ ခုနှစ်မှာ ကိုးကန့်ဒေသရဲ့စော်ဘွားဟာ အက်ဒွပ်ယန်းဖြစ်လာတယ်။
ကိုးကန့်ဒေသရဲ့ မူလထွက်ကုန်ဖြစ်တဲ့ ကိုးကန့်လက်ဖက်ခြောက်ဟာ နာမည်ကြီးပါတယ်။ လက်ဖက်ကို သိန္နီနဲ့လားရှိုးကို တင်ပို့ရောင်းချပြီး ဘိန်းကိုတော့ ဒေသတွင်း ရောင်းချခဲ့တာပါ။ ၁၉၅၀ နှစ်တွေအတွင်း ရှမ်းပြည်မှာ စစ်ပွဲတွေဖြစ်လာတော့ ဘိန်းက ကိုးကန့်လူမျိုးတွေအတွက် ဝင်ငွေရစရာ တခုတည်းသော သီးနှံဖြစ်လာခဲ့တယ်။ မော်ဖင်းပါဝင်မှု မြင့်မားတဲ့အတွက် ကိုးကန့်ဒေသမက ဘိန်းဟာ နာမည်ကျော်လူကြိုက်များလာတယ်။
၁၉၅၀ နှစ်တွေမှာ ကိုးကန့်ဒေသကို အမှန်တကယ် အုပ်ချုပ်နေသူက အောလစ်ဗ်ယန်းပါ။ သူ့ရဲ့ ကိုယ်ပိုင် စစ်တပ်မှာ လူ ၁၀ဝ၀ နီးပါးရှိပါတယ်။ ကူမင်တန် ကျောထောက်နောက်ခံနဲ့ ဩဇာတက်လာပြီး ထိုင်းနယ်စပ်ကို ထရပ်ကားတန်းတွေနဲ့ ဘိန်းတင်ပို့ နိုင်ခဲ့ပါတယ်။
၁၉၆၁ ခုနှစ်မှာတော့ အောလစ်ဗ်ယန်း အဖမ်းခံခဲ့ရတယ်။ သူ့အစ်ကို ဂျင်မီယန်းက ကူမင်တန်အကူအညီနဲ့ ဘိန်းလုပ်ငန်းဆက်လုပ်တယ်။ ဂျင်မီယန်းက ပညာတတ်ပါ။ ရန်ကုန်တက္ကသိုလ်နဲ့ ချုံကင်းတက္ကသိုလ်တို့မှာ ပညာသင်ခဲ့ဖူးတယ်။ ၁၉၅၀ မှာကိုးကန့်ပါလီမန်အမတ်အဖြစ် အရွေးခံရဖူးတယ်။ East Burma Bank ကို တည်ထောင်ခဲ့တယ်။ ဂျင်မီယန်းကို သူ့တပ်မှူး လော်စစ်ဟန်က ဖြုတ်ချတယ်။ လော်စစ်ဟန်က အခုလက်ရှိ Asia World ကုမ္ပဏီရဲ့ မန်နေးဂျင်းဒါရိုက်တာ စတီဗင်လော ခေါ် ထွန်းမြင့်နိုင်ရဲ့ ဖခင်ပါ။
ဘိန်းချက်စက်ရုံတွေရှိတဲ့ ထိုင်းနယ်စပ်ကို ဘိန်းတွေပို့တဲ့အခါ အစိုးရတပ်တွေက လော်စစ်ဟန်ကို ကူညီတယ်။ ရှမ်းပြည်နယ်အတွင်း အစိုးရထိန်းချုပ်ထားတဲ့ လမ်းကြောင်းတွေကိုသုံးပြီး မူးယစ်ဆေး ကုန်သွယ်မှုလုပ်ခဲ့တယ်။ လော်စစ်ဟန်၏အစ်ကိုလော်စစ်ကိုက ကိုးကန့် ဒေသ ရဲတပ်ဖွဲ့အကြီးအကဲ ဖြစ်တဲ့အတွက် အနှောင့်အယှက် မရှိခဲ့ပါဘူး။ ဒါပေမဲ့ နောက်ပိုင်းမှာ အကျိုးအမြတ်ခွဲဝေပုံ မညီမျှတာကြောင့် လော်စစ်ဟန်က အစိုးရကို ပြန်ဆန့်ကျင်တယ်။ ၁၉၇၃ ခုနှစ်မှာ လော်စစ်ဟန် အဖမ်းခံရတယ်။ ၁၉၈၀ ခုနှစ်မှာ ပြန်လွတ်လာတယ်။ သူတင်မက ပြင်သစ်မှာ ထွက်ပြေး ခိုလှုံနေတဲ့ ဂျင်မီယန်းကိုလည်း ပြန်လာခွင့် ပြုခဲ့ပါတယ်။
၁၉၈၉ ခုနှစ်ကျတော့ ဗမာပြည်ကွန်မြူနစ်ပါတီအတွင်း တပ်ပုန်ကန်မှုဖြစ်တယ်။ အောလစ်ဗ်ယန်း၊ လော်စစ်ဟန် ဦးအောင်ကြီးတို့က ကိုးကန့်ဒေသကိုသွားပြီး ပြန်ပေါင်းထုတ်ဖို့ စေ့စပ်ဆွေးနွေးခဲ့ကြတယ်။ ဒီလိုပြန်ပေါင်းထုတ်ရာမှာ ဖုန်ကြားရှင်ရဲ့ အခန်းကဏ္ဍကလည်း အရေးပါခဲ့တယ်။
ဖုန်ကြားရှင်နဲ့ သူ့ညီ ဖုန်ကြားဖူတို့ဟာ တချိန်က ဂျင်မီယန်းရဲ့ကိုယ်ပိုင်တပ်ဖြစ်တဲ့ ကိုးကန့် တော်လှန်ရေးတပ်ဖွဲ့မှာ ပါဝင်ခဲ့သူတွေပါ။ ၁၉၆၇ ခုနှစ် ဇူလိုင်လမှာ တရုတ်ပြည်က ဗကပခေါင်းဆောင်တွေက သူတို့ကို ဆက်သွယ်ပြီး လက်နက်ခဲယမ်းတွေ ထောက်ပံ့ခဲ့တယ်။ ၁၉၆၈ ခုနှစ်တွင် အရှေ့မြောက်စစ်ဒေသတည်ထောင်တော့ ဗကပတပ်ဖွဲ့တွေ မြေပြန့်ကိုဆင်းဖို့ ကိုးကန့်ဒေသကို အခြေစိုက် စခန်းတခုအဖြစ် မျှော်လင့်ခဲ့တာပဲ။။
ကွန်မြူနစ်ပါတီက ကိုးကန့်ဒေသကို မြေယာဝေခြမ်းရေးလုပ်ပေးနိုင်တယ်။ ဒါပေမဲ့ ဘိန်းအစားထိုးသီးနှံ စိုက်ပျိုးရာမှာတော့ မအောင်မြင်ခဲ့ပါဘူး။ ဒါကြောင့်လည်း ဖုန်ကြားရှင်ဟာ ခွေးမြီးကောက် ကျည်တောက်စွပ်ဆိုသလို ဘိန်းလုပ်ငန်းဘက်ကို ပြန်ပြီး မျက်နှာမူလာတယ်။ ဖုန်ကြားရှင်ဟာ ဘယ်တုန်းကမှ ကွန်မြူနစ်ပါတီဝင် မဖြစ်ခဲ့ဘူး။ တပ်မှူးတယောက်အနေနဲ့တော့ သြဇာရှိနေတုန်းပဲ။
ဒီသြဇာအာဏာကိုသုံးပြီး ဗကပထိန်းချုပ်နယ်မြေထဲမှာ ဘိန်းစိုက်တာ ဘိန်းရောင်းတာတွေ ဖုန်ကြားရှင် ပတ်သက်နေတဲ့ သတင်းတွေထွက်လာတယ်။ ဒါကြောင့်ကွန်မြူနစ်ပါတီက ဖုန်ကြားရှင်ကို ပန်ဆိုင်းမှာရှိတဲ့ ဗကပဌာနချုပ်ကို ရွှေ့ပြောင်းစေခဲ့တယ်။ ဒါက ဖုန်ကြားရှင်ကို ဘိန်းလုပ်ငန်းနဲ့ အဆက်ဖြတ်ပေးတာပဲ။။ ဒါပေမဲ့ သိပ်မကြာမီခင်မှာပဲ ပန်ဆိုင်းအရှေ့ဘက် တောင်တန်းကြီးပေါ်က ဝမ်ဟိုတောင်မှာ ဖုန်ကြားရှင်က ဘိန်းစက်ရုံ တည်ဆောက် နိုင်ခဲ့ပြန်တယ်။
ဒါကြောင့် ဗကပနဲ့ ဘိန်းမှောင်ခိုဂိုဏ်းသားတွေအကြားက ပဋိပက္ခဟာ တမဟုတ်ချင်း ကြီးထွားလာတယ်။

၁၉၈၉ ခုနှစ် ကိုးကန့်ပုန်ကန်မှုဟာ ဗကပနဲ့ ဘိန်းရာဇာတွေအကြား ပြတ်သားတဲ့ စည်းကြောင်းတခုကို ချလိုက်တော့တာပါပဲ။
#ဇင်သော်မော်

0 comments:

Post a Comment