Monday, August 26, 2019

(ဘာဆက်ဖြစ်မလဲ ဟောင်ကောင်)

0 comments
(ဘာဆက်ဖြစ်မလဲ ဟောင်ကောင်)
အခြားနိုင်ငံတွေအတွက် အလုပ်လုပ်ပေးရင်းဖမ်းခံထိထားတဲ့၊ ရုံးတင်တရားစွဲခံထားရတဲ့ ဒလှိျုဒလန်တွေ စပိုင်တွေ အေးဂျင့်တွေ ဟောင်ကောင်ထောင်တွေထဲမှာ၊ အချုပ်တွေထဲမှာရှိနေတယ်။ အဲ့ဒီအထဲမှာ တချို့က နှစ်ဖက်ခွ စပိုင်တွေဖြစ်နေတယ်။ နိုင်ငံရေး(တရုတ်ဆန့်ကျင်ရေး)လုပ်ရင်း၊ စီးပွားရေးလုပ်ရင်း ပြည်မကြီးက တရုတ်အစိုးရအရာရှိကြီးတွေနဲ့ လာဘ်ပေးလာဘ်ယူမှုတွေနဲ့ ပတ်သက်နေသူတချို့လည်းရှိတယ်။ မူးယစ်ဆေးဝါးကိစ္စ၊ ရာဇဝတ်မှု(လူဆိုးဂိုဏ်း)တွေနဲ့နွယ်တဲ့လူတွေလည်းရှိတယ်။ စီးပွားရေးသမားနဲ့အာဏာပိုင် အရှုပ်အထွေးမှုတွေလည်း မနည်းဘူး။ 


တရုတ်အစိုးရက အဲ့သလိုအမှုတွေနဲ့ ထောင်ကျနေတဲ့၊ တရားအစွဲခံထားရတဲ့လူတွေကို သူ့ဆီလွှဲပေးစေချင်တာဖြစ်ပါတယ်။ တခြား ရိုးရိုးရာဇဝတ်မှုတွေ(လူသတ်၊ မုဒိန်း၊ ဓားမြ၊ ခိုးဆိုးနှိုက်)နဲ့ကျနေသူတွေကို လွှဲပေးဖို့ပြောနေတာမဟုတ်ပါ။ ဟောင်ကောင်ကိုခြေကုပ်ယူပြီး သူ့ပြည်တွင်းကိုရန်လုပ်နေတယ်ဆိုတဲ့လူတွေ သူ့အုပ်ချုပ်ရေးကိုဒုက္ခပေးနေတယ်ဆိုတဲ့လူတွေကို သူ့ပြည်တွင်းကထောင်တွေမှာထားချင်တာ။ သူ့ပြည်တွင်းက တရားရုံးတွေမှာ စီရင်ချင်တာမျိုးဖြစ်ပါတယ်။ အပေါ်ကပြောခဲ့တဲ့အမှုတွေနဲ့ ထောင်ကျနေသူတွေ အမှုရင်ဆိုင်နေရသူတွေထဲမှာ ဟောင်ကောင်သားတွေတင်မကဘူး တခြားနိုင်ငံကလူတွေလည်းပါနေတယ်။

ေဟင်ကောင်ဟာ တိုင်းပြည်မဟုတ်တော့ တခြားနိုင်ငံတွေကလည်း သူတို့အတွက်အလုပ်လုပ်ပေးနေတဲ့ သူတို့နိုင်ငံသားတွေနဲ့ အကျဉ်းသားအလဲအလှယ်လုပ်လို့မရဘူး။ သဘောက သူတို့လူ သူတို့ပြန်ထုတ်လို့မဘူးဖြစ်နေတာ။ ဟောင်ကောင်ပါ့စ်ပို့တ်ကိုင်ပြီး တခြားနိုင်ငံတွေမှာ အမှုတခုခုကျူးလွန်လို့ အဲ့ဒီနိုင်ငံမှာ အဖမ်းခံရ အရေးယူခံရရင် အဲ့ဒီလူ အဲ့ဒီမှာ ခံပေတော့ပဲ။ ဟောင်ကောင်ဘက်ကလည်း အလဲအလှယ်လုပ်မရဘူး။ တကယ်လို့ ခုဆန္ဒပြနေကြတဲ့ဥပဒေသာအတည်ဖြစ်သွားခဲ့ရင် ပြည်မကြီးကအလိုရှိနေတဲ့အမှုနဲ့ကျနေတဲ့လူတွေ၊ တရားအစွဲခံထားရတဲ့လူတွေအကုန် တရုတ်လက်ထဲရောက်ကုန်မယ်။ အဲ့ဒီအခါကျ ဟိုနိုင်ငံတွေက အကျဉ်းသားအလဲအလှယ်လုပ်မယ်ဆို ပြည်မကြီးနဲ့ပဲလုပ်ရလိမ့်မယ်။ အမှုတွေစစ်ကြောတဲ့အခါနဲ့ စီရင်တဲ့အခါမှာ ဒီလူတွေလုပ်ခဲ့သမျှက အူမချေးခါးအကုန်ပေါ်လာနိုင်တယ်။ သက်ဆိုင်ရာနိုင်ငံတွေက အဲ့ဒါကို အဖြစ်မခံချင်ဘူး။ အကျဉ်းသားအလဲအလှယ်လုပ်မရလည်း ရှိစေတော့၊ သူတို့လူတွေ ပြည်မကြီးလက်ထဲရောက်တာထက်စာ ခုအတိုင်း ဟောင်ကောင်ထောင်တွေမှာ ထားရတာက နိုင်ငံတော်လုံခြုံရေးကိစ္စတွေ မပေါက်ကြားနိုင်ဘူးလို့ ယုံကြည်တယ်။ 

နောက်တချက်က အဲ့ဒီလူတွေက အကျဉ်းသားပေမယ့် ဟောင်ကောင်အုပ်ချုပ်ရေးစနစ်နဲ့ ဟောင်ကောင်ဒီမိုကရေစီအရ အထူးအကျဉ်းသားတွေအဖြစ် အခွင့်အရေးတွေရနေတယ်။ တရုတ်လက်ထဲရောက်သွားရင် အဲ့သလိုရမယ်မရဘူးက ဘယ်သူမှ အာမဘန္တေမခံနိုင်ဘူးဖြစ်နေတယ်။ တရုတ်-အမေရိကန် ကုန်သွယ်ရေးပြဿနာတက်နေတာရယ်၊ တခြားတခြားသော စီးပွားရေး၊ စစ်ရေး၊ နိုင်ငံရေးအခြေအနေတွေကြောင့်ရယ်၊ ဟောင်ကောင်အုပ်ချုပ်ရေးပုံစုံကို လူထုကမကျေနပ်တာရယ် စတဲ့အချက်အလက်အခြေအနေတွေအားလုံးဆက်စပ်ပြီး ဟောင်ကောင်ဆန္ဒပြပွဲတွေ ဆက်ဒီလေက်အရှိန်ရနေ အရှိန်ကောင်းနေတာပါ။ 

ဒီနေရာမှာသတိချပ်စရာ တချက်လောက် ပြောပါရစေ။ ဟောင်ကောင်လူဦးရေဟာ ၇ သန်း ၄ သိန်းကျော်ရှိပြီး ဟောင်ကောင်မှာ စီးပွားရေးလုပ်ငန်းအပါအဝင် ဒီ့ပြင်အလုပ်တွေလုပ်နေကြတဲ့ တခြားနိုင်ငံတွေကလူတွေ လူပေါင်း သန်းဂဏန်းရှိပါတယ်။ အဲ့ဒီအထဲမှာ ကနေဒါသားချည်းပဲ ၃ သိန်းလောက်ရှိပြီး အမေရိကန်က တသိန်းနီးပါးနဲ့ ဗြိတိန်က ၄ သောင်းခွဲလောက်ရှိပါတယ်။ (ထိုင်ဝမ်နဲ့ဟောင်ကောင်မတူတာက ထိုင်ဝမ်ပါ့စ်ပို့တ်ကိုင်ထားသူတယောက်က တခြားနိုင်ငံတွေမှာ အမှုတခုခုကျူးလွန်လို့ မိခင်တိုင်းပြည်ကိုပြန်ပို့ရတယ်ဆိုရင် တရုတ်ပြည်မကြီးကိုပဲ ပို့ရပါတယ်။ One China Policy ကြောင့်ပါ။ ဟောင်ကောင်ကျ One Country Two Systems ဖြစ်နေတော့ ဟောင်ကောင်သား တခြားနိုင်ငံမှာပြစ်မှုကျူးလွန်ရင် ဟောင်ကောင်ပြန်ပို့ရင်ပို့ မပို့ရင် ကျူးလွန်တဲ့ပြည်မှာပဲ ဖမ်းထားပါတယ်)
မျိုးမြင့်ချို
သြဂုတ် ၂၆၊ ၂ဝ၁၉

0 comments:

Post a Comment