Monday, August 26, 2019

ကြေးစားတပ်ရဲ့ဘိန်းအင်ပိုင်ယာ

0 comments
ကြေးစားတပ်ရဲ့ဘိန်းအင်ပိုင်ယာ
အပိုင်း(၂)
ကြေးစားတပ်ထိပ်သီး ဗိုလ်ချုပ်ကြီးတွေနဲ့ ဘိန်းဘုရင်တွေအကြား ဆက်ဆံရေးဟာ အင်မတန်နွေးထွေးသိမ်မွေ့ပါတယ်။
ဒီဘိန်းဘုရင်တွေကို ဖမ်းမိရင် အရေပဲကြိုပစ်မလား။ အမှုန့်ပဲကြိတ်ပစ်မလားလို့ တိုင်းပြည်လူထုက ထင်ခဲ့တာပါ။ တကယ်တော့ အဲသလို မဟုတ်ပါဘူး။ ဘိန်းဘုရင်တွေ နှာစေးချောင်းဆိုးလောက် ဖြစ်ရင်တောင် တပ်ချုပ်အဆင့်လောက်က ရေပူရေချမ်းကမ်းလှမ်းပြီး ကိုယ်တိုင် စွပ်ပြုတ်သွားတိုက်ရတာပါ။
အမေရိကန်က ဒေါ်လာနှစ်သန်းပေးပါ့မယ်ဆိုတာတောင် ဘိန်းဘုရင်ခွန်ဆာကို ကြေးစားတပ်က အထိမခံပါဘူး။ သူတို့အကြောင်း ပေါ်ကုန်မှာစိုးရင်လည်း သတ်ပစ်လိုက်ပေါ့။ ကျောင်းသားခေါင်းဆောင်ကိုတောင် ကြိုးပေးသတ်ခဲ့သေးတာပဲ။ လက်တွေ့မှာ ဒီလို မဟုတ်ခဲ့ဘူး။ ခွန်ဆာကို ဒီလိုလုပ်ပစ်ရင် တောထဲက ဘိန်းဘုရင် လက်သစ်တွေက သူတို့ကို ဘယ်ယုံပါတော့မလဲ။ ဒီလိုသာ လုပ်ပစ်ခဲ့ရင် သူတို့ရဲ့ ဘိန်းဖြူအင်ပါယာကြီး ပျက်စီးသွားရမှာပါ။
#ဘိန်းဘုရင်ခွန်ဆာ
ဦးခွန်ဆာကို ၁၉၃၄ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်နေ့က တရုတ်လူမျိုးဖခင် ခွန်အိုက်နဲ့ ရှမ်းလူမျိုးမိခင် နန်းဆိုင်ဇွန်တို့က မွေးပါတယ်။ အသက် ၃နှစ်သားအရွယ်မှာ ဖအေဆုံးပြီး မအေဖြစ်သူက မိုင်းတွမ်းမြို့စား ခွန်ကြည်နဲ့ အကြောင်းပါတယ်။
အရွယ်ရောက်တော့ တရုတ်ဖြူစစ်သား ဖြစ်လာတယ်။ ကွန်မင်တန် တပ်ပျက်တော့ နောက်လိုက်ရာဂဏန်းနဲ့ ကိုယ်ပိုင်တပ် ထောင်တာပဲ။ ၁၉၆၀ ခုနှစ်မှာ ကြေးစားတပ်လက်အောက်ခံ လွယ်မော်ကာကွယ်ရေးတပ် ဖြစ်လာတယ်။ တပ်အင်အား ၈၀၀ လောက်အထိ တောင့်တင်းလာတယ်။
၁၉၆၄ ခုနှစ်မှာ ငါးဆယ်တန်နဲ့ တရာတန်ငွေစက္ကူသိမ်းတာကို အကြောင်းပြပြီး ဦးခွန်ဆာ တောခိုတယ်။ ထိုင်းနယ်စပ် ဘန့်ဟင်တိုက်မှာ အခြေစိုက်စခန်းဖွင့်တယ်။ ရှမ်းနဲ့ ဝ နယ်တွေထဲမှာ ဘိန်းထုတ်ခဲ့ပါတယ်။ ၁၉၆၉ ခုနှစ်မှာ ကြေးစားတပ်က ဖမ်းပြီး မန္တလေးထောင်မှာ ထိန်းသိမ်းခဲ့တယ်။ ခွန်ဆာရဲ့လက်ထောက် တပ်မှူးက တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံမှာ တာဝန်ကျနေတဲ့ ရုရှားပါရဂူ ၂ ဦးကို ဖမ်းဆီးပြီး အလဲအလှယ်လုပ်သွားတဲ့အတွက် ၁၉၇၄ ခုနှစ်မှာ ပြန်လွတ်သွားပါတယ်။
၁၉၇၆ ခုနှစ်မှာတော့ သူ့စစ်တပ်ကို စည်းလုံးညီညွတ်တဲ့ ရှမ်းပြည်တပ်မတော် (Shan United Army) လို့ နာမည်ပြောင်းတယ်။ ၁၉၈၅ ခုနှစ်မှာ မိုးဟိန်း ဦးဆောင်တဲ့ ရှမ်းတော်လှန်ရေးကောင်စီနဲ့ ပူးပေါင်းလိုက်ပါတယ်။ ၁၉၉၁ ခုနှစ်မှာ အမ်တီအေ ခေါ် ရှမ်းပြည်တပ်မတော်(Mong Tai Army) ကို ဖွဲ့စည်းခဲ့တယ်။ ထိုင်း - ဗမာ - လာအို နယ်စပ်က ရွှေတြိဂံဒေသမှာ ဘိန်းဖြူ အမြောက်အမြား ထုတ်လုပ်ပြီး ဘိန်းဘုရင်ဘွဲ့ရလာပါတယ်။
၁၉၉၅ ခုနှစ်မှာ တပ်တွင်းပုန်ကုန်မှုဖြစ်ပြီး ၁၉၉၆ ဇန်နဝါရီလမှာ ဗမာအစိုးရဆီ ခိုလှုံခဲ့ပါတယ်။ ခွန်ဆာကို ပို့ပေးရင် အမေရိကန်နိုင်ငံက ဆုကြေး ဒေါ်လာ (၂) သန်းပေးမယ်လို့ ထုတ်ပြန် ကြေညာခဲ့ပေမဲ့ စစ်အစိုးရက လွှဲမပေးခဲ့ဘူး။
ဦးခွန်ဆာကိုသာ ကမ႓ာ့တရားရုံးမှာ စစ်ဆေးအရေးယူခဲ့ရင် ဗမာစစ်ခေါင်းဆောင်တွေ မူးယစ်ဆေးလုပ်ငန်းမှာ ပါဝင်ပတ်သက်ခဲ့ပုံ အသေးစိတ်အစီရင်ခံစာတစောင် ပေါ်ထွက်လာမှာပါ။
#ဇင်သော်မော်
(Unicode) #ကြေးစားတပ်ရဲ့ဘိန်းအင်ပိုင်ယာ

ဦးခွန်ဆာကိုသာ ကမ္ဘာ့တရားရုံးမှာ စစ်ဆေးအရေးယူခဲ့ရင် ဗမာစစ်ခေါင်းဆောင်တွေ မူးယစ်ဆေးလုပ်ငန်းမှာ ပါဝင်ပတ်သက်ခဲ့ပုံ အသေးစိတ်အစီရင်ခံစာတစောင် ပေါ်ထွက်လာမှာပါ။
#ဇင်သော်မော်

0 comments:

Post a Comment