Thursday, August 22, 2019

(ပူးသတ် သို့မဟုတ် သွာရာဇ်)

0 comments
(ပူးသတ် သို့မဟုတ် သွာရာဇ်)
ဒီနေရာမှာ ဟိုခေတ်ကနိုင်ငံရေးသမားတွေ ဥပဒေပြုကောင်စီထဲရောက်ခါမှ ဒိုင်အာခီစနစ်နဲ့ နိုင်ငံအုပ်ချုပ်ရေးလုပ်မရအောင် အိန္ဒိယက(သွာရာဇ်) သရာဇနည်း “ပူးသတ်“မယ်လို့ပြောတာတွေ မယုံလေနဲ့။ သူတို့ဟာ နောက်ဆုံး အင်္ဂလိပ်အလိုတော်ရိတွေဖြစ်ကုန်တာပဲလို့ သတိပေးတယ်။ အင်္ဂလိပ်ဟာ နည်းပရိယာယ် အင်မတန်ကြွယ်တယ်။ မြန်မာတွေ ရေးသားပုံနှိပ်ထုတ်တေဲ့သတင်းစာတွေကိုပဲ သူတို့အကျိုးဖြစ်အောင် သိသိသာသာရော မသိမသာရော ရေးခိုင်းတယ်။ ဒီလို အခိုင်းခံတဲ့လူတွေကို “အဆဲသန်တဲ့သတင်းစာအယ်ဒီတာ ဆရာလိမ်“ လို့ဖော်ထုတ်ခဲ့တယ်။ အင်္ဂလိပ်ဝါဒဖြန့်ကောင်းပေမယ့်လည်း အင်္ဂလိပ်အင်ပါယာဟာ ထာဝရတည်မနေနိုင်ပါဘူး၊ သူလည်း သင်္ခါရပါပဲလို့ အားပေးစကားရေးခဲ့ပါတယ်။ အားလုံးပေါင်းလိုက်ရင် ဆရာကြီးရဲ့အယူအဆက တနေ့မှာ ငါတို့နိုငံရေးနိုးကြားစိတ်ဟာ အမှန်မုချ အကျိုးခံစားခွင့်ရလိမ့်မယ်ဆိုတာပါပဲ။ အဲ့ဒီလိုအသိစိတ်နဲ့ချီတက်လာတဲ့အခါမှာ ကြုံတွေ့နိုင်တဲ့ဆူးညှောင့်ခလုပ်တွေကိုလည်း သတိပြုနိုင်အောင် ညွှန်ပြသွားပါတယ်။
အိန္ဒိယမှာ (၁၉ဝ၅) ခုလောက်ကစပြီး သွာရာဇ်ဝါဒကို ဦးတုတ်ကြီးက မြန်မာနိုင်ငံမှာ စတင်ဖြန့်ဖြူးခဲ့ပါတယ်။ ဆရာကြီးကလည်း ဒီဝါဒကို ကျေနပ်ထောက်ခံအားပေးခဲ့တယ်။ အိန္ဒိယမှာတော့ ကွန်ဂရက်စ်အဖွဲ့ဝင်လူကြီးတွေထဲက စီအာ့ဒ်နဲ့ မော်တီလာနေရူးတို့ခေါင်းဆောင်တယ်။ အိန္ဒိယလွတ်လပ်ရေးရဖို့ဟာ သွေးထွက်သံယိုကိစ္စဖြစ်ဖို့လည်း မလိုဘုူး။ ဥပဒေပြုကောင်စီဝင်ဖြစ်အောင် ပထမ အမတ်အရွေးခံမယ်။ ကောင်စီထဲရောက်ခါမှ အစိုးရ မဖွဲ့နိုင်အောင်၊ ဥပဒေမပြုနိုင်အောင် လမ်းရှိသမျှ လမ်းပိတ်ဆို့ရမယ်ဆိုတဲ့ ဝါဒပါပဲ။ မြန်မာနိုင်ငံရေးသမားတွေသုံးတဲ့ “ပူးသတ်“ကို ဆိုလိုပါတယ်။
အိန္ဒယမှာတော့ ပါဝင်ဆောင်ရွက်ကြတဲ့သူတွေဟာ ရိုးသားကြလို့ အမှန်ပူးသတ်နိုင်ပေမယ့် မြန်မာ့မြေမှာတော့ ပူးသတ်သွားကြတာနဲ့ “ကျွန်ရာဇဝင်“ရှည်နေတယ်လို့ ဆရာကြီးက နောက်တော့ ဝေဘန်ပါတယ်။
(ဒေါက်တာသန်းထွန်း၏ မှိုင်းဋီကာအရပ်ရပ်က နိုင်ငံရေးသဘောထားအထွေထွေ) စာတမ်းမျ ကောက်နှုတ်စာရိုက်တင်တာဖြစ်ပါတယ်။
မျိုးမြင့်ချို
သြဂုတ် ၂၊ ၂ဝ၁၉

0 comments:

Post a Comment