Thursday, August 18, 2022

ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ရဲ့ ဒီမိုကရေစီ(၃)ရပ်။

0 comments
People’s Liberation Army (PLA) ပြည်သူ့လွတ်မြောက်ရေးတပ်မတော်သားများရဲ့ အိတ်ဆောင်လက်စွဲစာအုပ်ငယ်မှ
ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ရဲ့ ဒီမိုကရေစီ(၃)ရပ်။
၁။ နိုင်ငံရေးဒီမိုကရေစီ။
- တပ်မှူးတပ်သားတိုင်းဟာ နိုင်ငံရေးအရတန်းတူဖြစ်တယ်။ ဗမာပြည်ကွန်မြူနစ်ပါတီကခေါင်းဆောင်တဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ရဲ့ ရဲဘော်များဖြစ်တယ်။
- တပ်သားများဟာ တပ်မှူးကို ဝေဖန်နိုင်တယ်။ ထင်မြင်ချက်ရှိရင် တင်ပြနိုင်တယ်။
- လုပ်ငန်းများအပေါ် အကြံပေးနိုင်တယ်။
- တပ်မှူးများဟာ တပ်သားရဲဘော်များရဲ့ ဒီမိုကရေစီအခွင့်အရေးကို လေးစားရုံမက ကာကွယ် ထိန်းသိမ်းပေးရမယ်။
- တပ်မှူးများက လက်စားချေတာမျိုး၊ ဝေဖန်ရေးကို တားမြစ်ပိတ်ပင်တာမျိုးမလုပ်ရ။
၂။ စီးပွားရေးဒီမိုကရေစီ
- အခြေခံယူနစ်(ဥပမာ-တပ်ခွဲ)မှာ ရဲဘော်အားလုံး ရွေးကောက်တင်မြှောက်ထားတဲ့ စီးပွားရေးကော်မတီရှိရမယ်။
- ၎င်းကော်မတီက ရိက္ခာဆိုင်ရာစီမံအုပ်ချုပ်ရေးမှာ တပ်မှူးကိုအထောက်အကူပြုရမယ်။
ငွေကြေးသုံးစွဲမှုကို ကြပ်မတ်ရမယ်။ စာရင်းဇယားများကို အပတ်စဉ်စစ်ဆေးကြေညာရမယ်။
ဖြုန်းတီးမှု၊ ခေါင်းပုံဖြတ်မှုနဲ့ ပေါ်လစီဆန့်ကျင်တဲ့လုပ်ရပ်များကို တားဆီးတိုက်ပွဲဆင်ရမယ်။
၃။ စစ်ရေးဒီမိုကရေစီ
- စစ်လေ့ကျင့်ရေးမှာ တပ်မှူးတပ်သား အပြန်အလှန်သင်ကြားပို့ချ၊ တပ်သားအချင်းချင်း အပြန်အလှန် သင်ကြားပို့ချတဲ့စနစ်ကိုသုံးရမယ်။ တိုက်ပွဲမပြုလုပ်ခင်မှာ တိုက်ပွဲကို ဘယ်လိုအောင်မြင်အောင် တိုက်မယ်ဆိုတာ တပ်သားထုအတွင်း လှုံ့ဆော်တာ၊ ဆွေးနွေးတာ၊ သဘောထားနဲ့အကြံဉာဏ် ရယူတာတွေလုပ်ရမယ်။ တိုက်ပွဲပြီးရင် နိဂုံးချုပ်ဆွေးနွေးပွဲတွေလုပ်ရမယ်။ ဒါတွေအားလုံးမှာ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်သားတိုင်းပါဝင်ပြီး အမြင်တင်ပြခွင့်ရှိတယ်။

0 comments:

Post a Comment