Monday, August 15, 2022

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ရဲ့ တပ်မှူးတပ်သားဆက်ဆံရေး။

0 comments
ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ရဲ့ တပ်မှူးတပ်သားဆက်ဆံရေး။
တပ်သားများအပေါ် ချစ်ခင်ကြင်နာရေး၊ တပ်မှူးများအပေါ်လေးစားရေးဟာ အခြေခံထားရှိရမယ့်စိတ်ဓာတ်ဖြစ်တယ်။
တပ်မှူးများက တပ်သားများအပေါ် ထားရှိရမယ့်သဘောထား။
- တပ်သားများအပေါ် တန်းတူညီမျှမှုနဲ့ဆက်ဆံရမယ်။ တပ်သားများနဲ့ တသားတည်းဖြစ်အောင် ဆက်ဆံပေါင်းသင်းရမယ်။ ထူးခြားမှုမဖြစ်စေရ။
- တပ်သားရဲဘော်များရဲ့တိုးတက်မှုကို ဂရုစိုက်ရမယ်။ နိုင်ငံရေးနိုးကြားမှု၊ အတတ်ပညာ၊ စစ်ပရိယာယ်ရေချိန်တို့ကို အဆက်မပြတ်မြှင့်တင်ပေးရမယ်။
- တပ်သားရဲဘော်များရဲ့ ဒီမိုကရေစီအခွင့်အရေးကို လေးစားရမယ်။
- တပ်သားရဲဘော်များရဲ့ထင်မြင်ချက်များကို စိတ်ထားနှိမ့်ချစွာနားထောင်ရမယ်။
- ရဲဘော်များရဲ့ဒီမိုကရေစီကို ချိုးနှိမ်တာ၊ လက်စားချေတာမျိုးမလုပ်ရ။
- ရဲဘော်များရဲ့လုံခြုံရေးနဲ့ကျန်းမာရေးကို ဂရုစိုက်ရမယ်။
- လူနာနဲ့ ဒဏ်ရာရရဲဘော်များကို ဂရုစိုက်ရမယ်။
- အတွေးအခေါ်လုပ်ငန်းကို စေ့စပ်သေချာစွာလုပ်ပြီး၊ ရဲဘော်များရဲ့ လက်တွေ့ပြဿနာကို ဂရုစိုက်နားလည်ယူရမယ်။
တပ်သားရဲဘော်များက တပ်မှူးများအပေါ်ထားရှိရမယ့်သဘောထား။
- တပ်မှူးများကို လေးစားထောက်ခံရမယ်။
- ခေါင်းဆောင်ကို နာခံရမယ်။
- အမိန့်ကို ပြတ်ပြတ်သားသား လိုက်နာဆောင်ရွက်ရမယ်။
- တာဝန်တွေကို တက်တက်ကြွကြွ ထမ်းဆောင်ရမယ်။
- မိမိရဲ့ အတွေးအခေါ်အခြေအနေများကို အသိရှိစွာ ခေါင်းဆောင်များထံ အစီရင်ခံရမယ်။ ခေါင်းဆောင်ရဲ့ ပညာပေးမှုကို နှိမ်နှိမ့်ချချလက်ခံရမယ်။
- ခေါင်းဆောင်များအပေါ် နိုင်ငံရေးအရ ဂရုစိုက်ရမယ်။
- ခေါင်းဆောင်အပေါ် ထင်မြင်ချက်ရှိရင် ကာယကံရှင်ကိုဖြစ်စေ၊အထက်အဖွဲ့အစည်းထံဖြစ်စေ တင်ပြရမယ်။
ရှေ့တွင်ခံပြောတာမျိုး မလုပ်ရ။ ကွယ်ရာမှာ အပုပ်ချပြောတာမျိုး မလုပ်ရ။
- ခေါင်းဆောင်များနဲ့ရဲဘော်များ အသက်ဘေးအန္တရာယ်ကြုံတွေ့နေပါက ရဲရင့်စွာ ကာကွယ်စောင့်ရှောက် ပေးရမယ်။

0 comments:

Post a Comment