Sunday, November 3, 2019

(မျိုးဆက်)

0 comments
(မျိုးဆက်)
ဗကပပျက်ကျော်ဝင်းက ပျောက်ဆုံးသွားသောမျိုးဆက်ဆိုပြီး သူ့ဟာသူ စစ်အုပ်စုအောက် တိုးလျှိုးဝင်သွားတာကို ဖာချင်ဇော ကာချင်ဇောနဲ့ပြောတယ်။ အဲ့ဒါကို ငြမ်းမီဒီယာက ဘုမသိဘမသိနဲ့ ၈၈ မျိုးဆက်ဟာပျောက်ဆုံးသွားသောမျိုးဆက်ဖြစ်နိုင်မလားဆိုပြီး ကိုကိုကြီးကို သွားမေးတယ်။ ကိုကိုကြီးကလည်း စကားလုံးရင်းမြစ်နဲ့ ပြောသူဘယ်သူဘယ်ဝါ ဘာရည်ရွယ်ချက်နဲ့ပြောတယ်တွေ မစိစစ်တော့ပဲ ၈၈ မျိုးဆက်ပျောက်ဆုံးသွားအောင် ၈၈ မျိုးဆက်ပဲလုပ်နိုင်တယ်ဆိုပြီး ဘုန်းကြီးတွေပြောနည်းကား အတည်ပေါက်နဲ့ မိန့်တယ်။
အဲ့ဒီမှာပြောစရာက ၈၈ မျိုးဆက်ဆိုတာဘာလဲဖြစ်လိမ့်မယ်ထင်ပါတယ်။ ၈၈ မှာပါခဲ့တိုင်း ၈၈ မျိုးဆက်လို့ပြောလို့မဖြစ်သလို ၈၈ ကြောင့်ထင်ရှားလာသူတိုင်းကိုလည်း ၈၈ မျိုးဆက်လို့ပြောမဖြစ်ပါ။
ကိုလိုနီနယ်ချဲ့ကို မင်းညီမင်းသား၊ စော်ဘွားစော်ခံတွေဆန့်ကျင်ခဲ့သလို တကယ့်မျိုးချစ်စိတ်ပြည်ချစ်စိတ်ရှိတဲ့ တောင်သူလယ်သမားတွေလည်း ဆန့်ကျင်ခဲ့တာပဲ။ နယ်ချဲ့ဆန့်ကျင်ရေးပြောရင် မင်းညီမင်းသားတွေထက် ဂဠုန်ဆရာစံကဘာလို့ ရှေ့တန်းရောက်နေသလဲ။
ဖက်ဆစ်ဂျပန်ကို နယ်ချဲ့လက်ဝေခံ တိုင်းရင်းသားဓနရှင်ကြီးတွေလည်းဆန့်ကျင်ခဲ့သလို ကွန်မြူနစ်တွေ တိုးတက်တဲ့အတွေးအခေါ်ရှိသူတွေလည်းဆန့်ကျင်ခဲ့တာပဲ။ ဖက်ဆစ်ဆန့်ကျင်ရေးပြောရင် ဘာလို့ ချပ်သင်းသူဌေးတို့ ပါမလာပဲ ကွန်မြူနစ်တွေ တိုးတက်တဲ့အတွေးအခေါ်ရှိသူတွေပဲ ရှေ့တန်းမှာရှနေရသလဲ။
နယ်ချဲ့ဆန့်ကျင်ရေးမှာရော ဖက်ဆစ်တော်လှန်ရေးမှာရော ပြည်သူတွေပါခဲ့တာပဲ။ ပြည်သူတွေပါလို့မှ အောင်ပွဲခံခဲ့တာပဲ။ ပြည်သူတွေကိုရော နယ်ချဲ့ဆန့်ကျင်ရေးမျိုးဆက်၊ ဖက်ဆစ်တော်လှန်ရေးမျိုးဆက်လို့ ပြောလို့ရမလား။
နယ်ချဲ့ဆန့်ကျင်ရေးနဲ့ဖက်ဆစ်တော်လှန်ရေးကြောင့် ထင်ရှားလာသူတွေအများကြီးပဲ။ ထင်ရှားလာသူတိုင်းက အဲ့ဒီဆန့်ကျင်ရေးတွေ တော်လှန်ရေးတွေရဲ့ မူလရည်မှန်းချက်တွေဖြစ်တဲ့ တရား မျှတ လွတ်လပ်ခြင်း ပန်းတိုင်ရောက်အောင် ဘယ်မျှဆောင်ကျဉ်းခဲ့ကြသလဲ၊ ဘယ်မျှသွေဖည်ခဲ့ကြသလဲ၊ ဘယ်မျှ ကိုယ်ကျိုးစွန့်ခဲ့ကြသလဲ၊ ဘယ်မျှကိုယ်ကျိုးရှာခဲ့ကြသလဲစတဲ့စံတွေနဲ့တိုင်းပြီး အဲ့ဒီလူတွေကို အဲ့ဒီမျိုးဆက်ခေါင်းဆောင်တွေလို့ပြောတိုင်း မှန်မလား။
(နောက်မှ ဆက်တွေးဖို့ အစဖော်ထားတာပါ။ ကိုယ့်ဘာသာ မေ့သွားမစိုးလို့ တေးထားတာပါ)
မျိုးမြင့်ချို
နိုဝင္ဘာ ၂၊ ၂ဝ၁၉

0 comments:

Post a Comment