Friday, October 26, 2018

ဒင်းကြောင့် ဒင်းတို့ကြောင့်(မျိုးမြင့်ချို)

0 comments
(ဒင်းကြောင့် ဒင်းတို့ကြောင့်)
အစိုးရက တိုင်းပြည်ကို နေ့ချင်းညချင်းချမ်းသာတဲ့နည်းသုံးပြီး စင်္ကာပူကိုကျော်တက်မလို့ အားသွန်ခွန်စိုက် လုပ်နေတုန်းရှိသေးတယ် ဒီအဖျက်အမှောင့်တွေက လာပြန်ပြီ။

လူ ၃ ထောင်တဲ့။ ဘယ်ကလူတွေလဲ မပြောထားဘူး။
အုပ်စုကြီးတဲ့။ ဘယ်ကအုပ်စုကြီးမှန်းလဲ မပြောဘူး။
အုပ်စုကြီးအောက်မှာ အုပ်စုလေးတွေလည်းရှိသေးသတဲ့။
ဘယ်လိုအုပ်စုလေးတွေမှန်းလဲ မပြောထားဘူး။

ဆိုတော့ အစိုးရရဲ့အစီအမံတွေကို ကဖျက်ယဖျက် လုပ်နေတဲ့အုပ်စုကြီးတစု ရှိတယ်။ အင်အားက ၃ ထောင်လောက်ရှိတယ်။ သူ့အောက်မှာ အုပ်စုငယ်လေးတွေ အုပ်စုခွဲလေးတွေလည်း ရှိသေးတယ်။ သူတို့ဟာ ကွန်ပြူတာတွေ အင်တာနက်တွေလည်း ဖောဖောသီသီ သုံးနိုင်ကြတယ်။ ငွေကြေးလည်းတတ်နိုင်တယ်။ စနစ်တကျလည်း လေ့ကျင့်ထားတယ်။ တခါ အဲ့ဒီအဖွဲ့ကြီးက မဟာမိတ်အဖွဲ့တွေလည်း ဖွဲ့ထားတယ်။ ပြီးတော့ အဲ့အဖွဲ့ကြီးကအသုံးချနေတာကို ခံမှန်းမသိခံနေရတဲ့ အဖွဲ့တွေလည်း ရှိပြန်သေးတယ်။ တခါ အဲ့ဒီအဖွဲ့ကြီးရယ်၊ အဖွဲ့ခွဲလေးတွေရယ်၊ မဟာမိတ်တွေရယ်၊ အသုံးချခံအဖွဲ့တွေရယ်ကို အဖွဲ့တခုခုက သေသေချာချာလုပ်နေတယ်။ အဲ့ဒီအဖွဲ့တွေအားလုံးက တိုက်တာကလည်း ပြည်ထောင်စုအစိုးကိုထက် တိုင်းနှင့်ပြည်နယ် အစိုးရတွေကို အဓိကထားတိုက်တယ်။ အဲ့ဒီထဲမှာမှ ရန်ကုန်တိုင်းအစိုးရကို ပိုမဲတယ်။ ရန်ကုန်တိုင်းမှာက လူအနေပိုများလို့ ပိုတိုက်တာဖြစ်တယ်။ အဲ့ဒီအဖွဲ့တွေက သတင်းမှားတွေဖြန့်တယ်။ သတင်းမှန်တွေကိုလည်း ထင်ယောင်ထင်မှားဖြစ်အောင် ပုံပျက်ပန်းပျက်ဖြစ်အောင်လုပ်တယ်။ သြဇာကြီးတဲ့လူတွေနဲ့ စီးပွားရေးသမားတွေကိုလည်း ချဉ်းကပ်တယ်။ ခြိမ်းခြောက်တယ်။ (အဲ့ဒါက ဘူးလက်လှဆွေက ရုပ်ကိုက ဝက်သားတုတ်ထိုးရုပ်နဲ့လို့ပြောတဲ့ အင်န်အယ်လ်ဒီဗဟိုသုတေသနဌာနရဲ့ အတွင်းရေးမှူး မျိုးရန်နောင်သိမ်းကပြောတာတွေပါ)
သုတေသနဌာနမို့လို့သာ တော်တော့တယ်။ ကောလဟလဌာနဆို ဘယ်လောက်များ ဝေ့လည်ကြောင်ပတ်ပြောမလဲမသိဘူး။

အင်န်အယ်လ်ဒီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်ကတော့ "ဘယ်လိုသတင်းမှားတွေဖြန့်နေတာလဲကို ပြန်ကြည့်ရမယ်၊ ရှေ့မှာလည်း တံဆိပ်တုံးတွေ လက်မှတ်တွေအတုလုပ်ပြီး စာအတုတွေ ခနခန ထွက်လာတယ်၊ တရားဥပဒေအရ အရေးယူပြန်တော့ အင်န်အယ်လ်ဒီက အစိုးရက အကဲဆတ်လွန်းတယ်၊ အထိမခံဘူးဖြစ်ရပြန်တယ်၊ ဒါပေမဲ့ လုပ်လာရင်တော့ အရေးယူရမယ်၊ သတင်းမှားဖြန့်နေသူတွေကို သက်ဆိုင်ရာ ဆိုရှယ်မီဒီယာတွေကိုဆက်သွယ်ပြီး ပိတ်သိမ်းဖို့ ကြိုးစားရမယ်"လို့ပြောတယ်။

သတင်းကို အစအဆုံးဖတ်လိုက်တော့ အဲ့ဒါ ဘယ်သူ့ပြောတာ၊ အဲ့ဒါတွေ ဘယ်သူက၊ ဘယ်အဖွဲ့အစည်းက လုပ်နေတာပါလို့ပြောမထားဘူး။ မပြောရဲတာလား၊ မပြောဝံ့တာလား၊ မပြောခိုင်းထားလို့လား၊ ပြောမရလို့လားဆိုတာတွေကတော့ ကာယကံရှင်တွေက အတိအလင်းပြောမှ လူတွေက သြော် ဂလိုကိုးလို့ ဒါ့ကြောင့်ကိုးလို့ မှတ်ချက်ချကြမှာပါ။

ဒါပေမဲ့ ပြည်သူတွေကတော့ အဲ့လိုလုပ်နေတာ ဘယ်သူတွေကွ၊ ဘယ်အဖွဲ့အစည်းကကွဆိုပြီး ကိုယ့်ထမင်းကိုယ်စားပြီး ရဲရဲတင်းတင်း ပြောဝံ့တယ်။ ပြောလည်း ပြောခဲ့တယ်။ ပြောလည်း ပြောနေတယ်။ အဲ့လိုပြောတဲ့ကောင်တွေကို(အစိုးရ)ကိုလည်း တရုတ်အားကိုးမအေလိုးလို့ပြန်ဆဲဝံ့ကြတယ်။ အခုတော့ ပြည်သူနဲ့(ပြည်သူတင်ထားတယ်ဆိုတဲ့)အစိုးရက ပြောင်းပြန်ဖြစ်နေတယ်။ ပြည်သူ့လုပ်စာ စားနေတဲ့လူတွေက(အစိုးရ) ကျွေးတဲ့လက်သာ မှားမှားပြီး ပြန်ကိုက်တာ။ ရိုက်နေတဲ့လက်တော့ အရှက်မရှိလျှက်နေကြတာ မဟုတ်လား။

အရင့်အရင်အစိုးရတွေကလည်း ဗကပတွေလုပ်လို့၊ ပြည်တွင်းပြည်ပအဖျက်သမားတွေလုပ်လို့၊ ဒီမိုကရေစီအမည်ခံနိုင်ငံကြီးတွေ လုပ်လို့၊ ပြည်အားကိုးပုဆိန်ရိုးတွေလုပ်လို့၊ လက်ဝဲလက်ယာ အဖျက်သမားသောင်းကျန်းသူတွေလုပ်လို့ ငါတို့က တိုင်းပြည်ကြီးကို ရွှေချဖို့ကြိုးစားတာတွေ မအောင်မမြင်ဖြစ်ရတယ်လို့ တလျှောက်လုံးပြောတယ်။

သူတို့ကမှ ဘယ်သူ့ကြောင့်၊ ဘယ်ဝါ့ကြောင့်၊ ဘယ်နိုင်ငံကြောင့်၊ ဘယ်အဖွဲ့အစည်းကြောင့်ဆိုပြီး နံမည်တပ်ပြောဖော်ရသေးတယ်။ ခု(ပြည်သူ့အမည်တပ်ထားတဲ့)အစိုးရကတော့ ဟိုလူ့စောင်းပြောသလို၊ ဒီလူ့မြောင်းပြောသလို၊ ချိတ်သလိုလို၊ ကလိသလိုလို၊ ရိသလိုလို၊ ခနဲ့သလိုလို၊ ထေ့သလိုလိုပဲ ပြောနေရတဲ့ဘဝ။ ပြည်သူတွေက အစိုးရကြည့်ပြီး ပြန်သနားနေရတဲ့အဖြစ်။
မျိုးမြင့်ချို(အောက်တိုဘာ ၂၄၊ ၂ဝ၁၈)

0 comments:

Post a Comment