Wednesday, December 3, 2014

ချည်ခင်အူပေါက် (မျိုးမြင့်ချို)

0 comments
စ ကြံတုန်းကတော့ မျိုးစောင့်ဥပဒေကိစ္စက ဒေါ်စုအပါအဝင်ဒီမိုကရေစီအင်အားစုတွေကို အလိုမတူခိုးယူပေါင်းသင်းဖို့ ဘုန်းကြီးဆိုးတွေနဲ့မောင်တိုင်ပင်တဲ့ စစ်အုပ်စုဇယားပဲ။ ဒါပေမယ့် ခုတော့ သူ့ဇယားနဲ့ သူညပ်နေပြီ။ ပြည်တွင်းပြည်က ဆန့်ကျင်ဝေဘန်မှုတွေနဲ့တိုးပြီး အကြပ်ရိုက်နေပြီ။ သူကိုင်ထားတဲ့လွှတ်တော် သူ့အစိုးရ သူလုပ်ချင်လို့လုပ်တယ်ဆိုတာမျိုးလုပ်ဖို့ မလွယ်တော့ဘူး။ သူမွေးတဲ့ မျောက်ဆိုးဘုန်းကြီးတွေကလည်း သူ့ပြန် ဖြဲချောက်နေပြီ။
ဒါ့ကြောင့် မျိုးစောင့်ဥပဒေကိစ္စကို ၂ဝ၁၅ အလွန်အထိ ရွှေ့ထားလိမ့်မယ်လို့ထင်တယ်။ ပထမအကြိမ်တင်တုန်းက သိန်းစိန်xရွှေမန်းညှိပြီး ကော်မတီဖွဲ့အချိန်ဆိုင်းတဲ့နည်းနဲ့ ကာလတခု ဆွဲဆန့်ထားပြီး ဘုန်းကြီးဆိုးတွေကို အချိုသပ်ထားလို့ရခဲ့တယ်။ မျိုးစောင့်ပြဌာန်းမယ်ဆို လက်ရှိဖွဲ့စည်းပုံထဲက ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ အပိုဒ်တွေပါ ပြင်မှရမယ်။ ပြင်ကိုပြင်ရမယ်။ ဒါလေးပဲကွက်ပြင်မယ်ဆို “အင်န်အယ်လ်ဒီအပါအဝင် တခြားပါတီတွေကပြောနေတဲ့ အခြားပုဒ်မတွေလည်းပြင်”ဆိုတဲ့လိုင်း မုချကိုတက်မှာ။ ၅၉ (စ)လည်း ပါလာပြီ။ ကိန်းက ၄၃၆ ပြင်ဆိုတဲ့အထိ ဆိုက်မှာပဲ။ ဒါဆို စစ်အုပ်စုအကြပ်ရိုက်ပြီပဲ။ ဘုန်းကြီးဆိုးတွေက စစ်အုပ်စုရွှေ့တဲ့ဇယားထဲက နယ်ရုပ်တွေ။ ကိုယ်စားနေတဲ့ဟာက ချီးမှန်းငှက်ပျောမှန်းလောက်တောင် သိတဲ့သူတွေမဟုတ်ဘူး။ စစ်အုပ်စုက သိတယ် နပ်တယ်။ သူ့ဇယား ခုနေခါ မဟန်တော့မှန်း။ 
ဒါ့ကြောင့် ခု ရွှေမန်းဗြောင်ထွက်ပြောတာပဲ ဖွဲ့စည်းပုံပြင်ကိစ္စကို ၂ဝ၁၅ အလွန်မှ လုပ်မယ်ဆိုပြီး။ ၅၉/စ မပြင်ရင် ဒေါ်စု သမ္မတဖြစ်လို့မရဘူး၊ လွှတ်တော်ဥက္ကဌတော့ (ပေးမယ်ဆို) ပေးလို့ဖြစ်တယ်။ ရွှေမန်းကကြံ့ဖွံ့ထဲမှာ ပြိုင်ဘက်ကင်းသမ္မတလောင်းဖြစ်နေတာလည်း (သူ့စကားတွေအရ) သေချာနေပြီ။ ပီအာရ်လည်း အတည်မဖြစ်ဖို့ သေချာသလောက်ဖြစ်နေပြီ။ အင်န်အယ်လ်ဒီဝင်ရင်လည်း (အများစုနေရာတွေမှာ)နိုင်ဖို့သေချာတယ်။ နောက်ဆုံး အများစုနေရာမနိုင်တောင် ဒေါ်စုကတော့ သူ့မဲဆန္ဒနယ်မှာနိုင်မှာ သေချာတယ်။ ဒီ့ထက်နောက်ဆုံးကုန်ကုန်ပြောရရင် ရွေးကောက်ပွဲကိုပီအာရ်နဲ့လုပ်လည်း ဒေါ်စုတော့နိုင်မှာပဲ။ နိုင်ရင် လွှတ်တော်ထဲရောက်မှာပဲ။ ဒေါ်စုက ယူမယ်ဆို လွှတ်တော်ဥက္ကဌပေးရတာလည်း သိတ်ခက်လှတာ မဟုတ်ဘူး။
ဆိုတော့ ၂ဝ၁၅ အလွန်မှာ ရွှေမန်းသမ္မတ၊ ဒေါ်စုလွှတ်တော်ဥက္ကဌနဲ့ နှစ်ပါးသွားကြလေမလားတွေးမိတယ်။ အဲ့တော့ သမ္မတအနေနဲ့ “မျိုးစောင့်ကို ပြဌာန်းပေး” လို့ လွှတ်တော်ကို ထောင်ပေးလိုက်လိမ့်မယ်။ လွှတ်တော် ဘာလုပ်မလဲ။ အတည်ပြုပေးမလား မပြုပေးဘူးလား ပြောရဆိုရ ဆွေးနွေးရတော့မယ်။ “ကော်မတီဖွဲ့ပြန်စိစစ်ပေးပါဦး”လုပ်လို့မရတော့ဘူး။ စိစစ်ပြီးသားဖြစ်နေပြီ။ အတည်မပြုပေးရင်လည်း ဘုန်းကြီးဆိုးတွေကိုင်ပြီး လွှတ်တော်ကိုလှုပ်လိမ့်မယ် ခါချလိမ့်မယ်။ အတည်ပြုပေးပြန်ရင်လည်း ဒေါ်စုရဲ့ တရိပ်ရိပ်ကျနေတဲ့ လူ့အခွင့်အရေးဒီမိုကရေစီရေးပုံရိပ် အပြီးပျက်ပြီ။ ဒါတွေးမိတာလေးပါ။
ဒါတင်ပဲလားဆိုတော့ မဟုတ်သေးဘူး။ မြစ်ဆုံရေကာတာကိစ္စကြီးရှိသေးတယ်။ သိန်းစိန်(သမ္မတအမိန့်နဲ့ သူ့သက်တမ်းကုန်ချိန်အထိ)ရွှေ့ထားတဲ့ကိစ္စကို “ဒီမိုကရေစီနည်းကျလုပ်ချင်လို့” ဆိုတဲ့အကြောင်းပြပြီး “လွှတ်တော်ကဆုံးဖြတ်တာကို အစိုးရ(သမ္မတ)က နာခံပါရစေ”ဆိုပြီး မြစ်ဆုံကိစ္စကြီး လွှတ်တော်လက်ထဲ အပ်လိုက်ရင် လွှတ်တော်ဟာ မျောက်မီးခဲကိုင်မိသလိုဖြစ်မယ်။
မြစ်ဆုံဟာ ဗြဟ္မာ့ခေါင်းပဲ။
မျိုးစောင့်ဟာ ကိုယ့်လည်ပင်းကိုယ်ပြန်စွပ်မယ့် ကြိုးကွင်းပဲ။
ဒါပေမယ့် ၂ ခုစလုံးဟာ ၂ဝ၁၅ အလွန် တပ်ချုပ်လေးမင်းအောင်လှိုင်
အကိုကြီးတွေအလိုကျ ရှေ့ထွက်မင်းသားလေးလုပ်လာဖို့ ဂွင်တွေပဲ။
ပြောရရင် တခြားလည်းပြောစရာတွေလည်းအများသားပဲ။
အမယ်ဘုတ်ကဲ့သူ့ချည်ခင်ပဲ။
ချည်ခင်မှ အူပေါက်နေတဲ့ချည်ခင်ကြီးပဲ။

0 comments:

Post a Comment