Friday, December 26, 2014

ဒေါ်ခင်ဝင်းကိုမှန်တဲ့ကျည် (မျိုးမြင့်ချို)

0 comments


(ဒေါ်ခင်ဝင်းကိုမှန်တဲ့ကျည်)
လမ်းချော်အောင် လုပ်နေတာတွေ သိသာလာတယ်။ လက်ပန်းတောင်းအရေးဟာ လူတင်ပါလို့နွားကျားကိုက်တာပါ။ ဦးပိုင်(လက်ဝါးကြီးအုပ် စစ်အရင်းရှင်ကြီး)ပါလို့ ဝမ်ပေါင် လာတာပါ။
စစ်အုပ်စုအကျိုးစီးပွားမို့ ခုလောက် မိုက်မိုက်မဲမဲ ကျားကုပ်ကျားခဲကာကွယ်တာပါ။ ဝမ်ပေါင်ဆိုတာလည်း တရုပ်အရင်းရှင်များရဲ့ဓနဥစ္စာနဲ့အကျိုးစီးပွားပါ။ သာမန်တရုတ်တွေဟာ ဝမ်ပေါင်ရဲ့အခစားအလုပ်သမားတွေပါ။
တရုတ်ပြည်က အခြေခံလူတန်းစားကျောမွဲ တရုတ်ပြည်သူတွေဟာလည်း လက်ပန်းတောင်းပြည်သူတွေလို “နင်းပြား”တွေပါ။ ကျနော်တို့ ခင်ဗျားတို့လို အဖိနှိပ်ခံတွေပါ။ တရုတ်ပြုပြင်ပြောင်းလဲရေးမှာ အကျိုးစီးပွားဖြစ်ထွန်းကြ၊ အကြီးအကျယ် ခံစားသုံးဆောင်ခွင့်ရကြသူတွေထဲမှာ တရုတ်လယ်သမားဆင်းရဲသားတွေ မပါပါ။
ကွန်မြူနစ်တဖြစ်လဲ အရင်းရှင်ကြီးများ၊ တရုတ်အစိုးရနဲ့ အမြီးစားဘက်ခေါင်းစားဘက် ဓနရှင်ကြီးများ ခရိုနီကြီးများသာကြီးပွားကုန်ကြတာပါ။ ဝမ်ပေါင်ဟာ အဲ့ဒါတွေထဲကတခုပါ။ တရုတ်တောင်သူတွေထဲမှာလည်း လက်ပန်းတောင်းပြည်သူတွေလို လယ်သိမ်းယာသိမ်းမြေသိမ်း ဘဝသိမ်း အသိမ်းခံရသူတွေ မနည်းလှပါ။ ကျနော်တို့အနေနဲ့ စစ်အုပ်စုလက်ဝါးကြီးအုပ် အရင်းရှင်စနစ်ကို၊ စစ်ဗျူရိုကရေစီယန္တယားကို၊ စစ်အစိုးရကို ဖြိုချဖျက်ဆီးဖယ်ရှားရင်း တရုပ်ခရိုနီဝမ်ပေါင်ကိုလည်း နိုင်ငံတကာစံနှုန်းနဲ့အညီရင်းနှီးမျြုပ်နှံတဲ့ နိုင်ငံခြားကုမ္ဗဏီမဖြစ်မချင်း တိုက်ပွဲဝင်အရေးဆိုရမှာပါ။
တိုက်ရမှာက လက်သည်ရင်း စစ်အာဏာရှင်၊ စစ်အစိုးရ၊ စစ်ဗျူရိုကရေစီယန္တယား စတာတွေအားလုံးကို ကိုယ်စားပြုထားတဲ့ “လက်ဝါးကြီးအုပ်စစ်အရင်းရှင်စနစ်“နဲ့ “တရုတ် ဖိနှိပ်သူအစိုးရရဲ့ခရိုနီဝမ်ပေါင်”ဖြစ်ပါတယ်။ ဗမာပြည်မှာနေကြတဲ့တရုတ်လူမျိုးတွေနဲ့ တရုတ်ပြည်ကအဖိနှိပ်ခံ ဘဝတူတရုတ်လူမျိုးတွေကို”မဟုတ်ပါ။
လက်ပန်းတောင်း ဝမ်ပေါင်ကြေးနီစီမံကိန်းအကြောင်းပြုပြီး တရုတ်လူမျိုးဆန့်ကျင်ရေးလှိုင်းကြီး သိသိသာသာထိုးတင်နေတာ ကောင်းတဲ့လက္ခဏာနဲ့ သွေးရိုးသားရိုးကိစ္စလို့မမြင်ပါ။ ပြည်တွင်းနေ တရုတ်အမျိုးသားတွေဘက်ကို အကြမ်းဖက်မြားဦးလှည့်မယ်ဆို လုယက်သတ်ဖြတ် သွေးထွက်သံယိုမှုတွေ၊ စိတ်လက်မချမ်းမြေ့စရာပဋိပက္ခတွေ၊ ပြည်သူ့အကျိုးစီးပွားပျက်တာတွေပဲ အဖတ်တင်ပြီး စစ်အုပ်စုကတော့ အမြတ်ထွက်ပြီးရင်း ထွက်မှာပါ။
လက်ပန်းတောင်းနဲ့မြစ်ဆုံဟာ အချိန်မရွေး မီးပွားချပေးပြီး ထပေါက်ခိုင်းလို့ရတဲ့ ယမ်းပုံကြီးတွေပါ။ စစ်အုပ်စု “မွှေး”ခဲ့တဲ့ မွှေးထားတဲ့ “မီး”တွေပါ။
ကျနော်တို့ “တည်”ပြီး “တိုက်”ရမှာက စစ်ဗျူရိုကရက်လက်ဝါးကြီးအုပ်အရင်းရှင်စနစ်ပါ။
ဒေါ်ခင်ဝင်းနဖူးတည့်တည့် ပစ်ထဲ့လိုက်တဲ့ကျည်ဖူးဟာ ဦးပိုင်ပြောင်းကထွက်တာတာပါ။ ရဲတွေကို “သေနတ်မောင်းခလုပ် ဖြုတ်လိုက်”အမိန့်ပေးနိုင်တဲ့အာဏာဟာ စစ်အုပ်စုလက်ထဲမှာပါ။ သေနတ်ဟာ သူတို့ဆီမှာပါ။

0 comments:

Post a Comment