Sunday, December 21, 2014

၂ဝ၁၄ ဒီဇင်ဘာ တတိယပတ်ထဲ ရေးဖြစ်တဲ့တိုနန့်နန့်လေးတွေ ၂-(မျိုးမြင့်ချို)

0 comments
၂ဝ၁၄ ဒီဇင်ဘာ တတိယပတ်ထဲ ရေးဖြစ်တဲ့တိုနန့်နန့်လေးတွေ -(မျိုးမြင့်ချို)
(လူသတ်မှုထဲဆွဲသွင်းတဲ့နိုင်ငံရေးခြေလှမ်း)
ထိုင်း လိပ်ကျွန်းလူသတ်မှု မြန်ုမြန်ပြတ်စေ့ချင်ပြီ။
ဟုတ်တယ်ဆိုလည်း ခံပေ့စေ သူ့ထိုက်နဲ့သူ့ကံပဲ။ အချုပ်ခန်းမှာ၊ စစ်ကြောရေးမှာ၊ တရားခွင်မှာနဲ့ ထောင်ထဲအဆုံး ဥပဒေကြောင်းအရခံစားခွင့်ရှိတာမှန်သမျှ အပြည့်အဝ ခံစားရဖို့တော့လိုတယ်။
မဟုတ်ဘူးဆိုလည်း ကွင်းလုံးကျွတ် လွတ်ပေ့စေ။ လုပ်ကြံလီဆယ်မှုကို ခုထက်ပို ပွင့်ကြအောင်ဖွင့်ချတာ တာဝန်ရှိသူတွေကို ပြန်တရားစွဲတာ၊ လျော်ကြေးနစ်နာကြေး တောင်းတာတွေအပြင်(မလွယ်ပေမယ့်)ထိုင်းဝန်ကြီးချုပ်ကိုယ်တိုင် လူသိရှင်ကြား အတိအလင်း ဝန်ချတောင်းပန်ခိုင်းတာတွေအထိ လုပ်နိုင်ရင်ကောင်းတယ်။
ခု ပြဿနာက ရွှေ့ပြောင်းအလုပ်သမားအရေးခေါင်းစဉ်နဲ့ ကိုယ်ကျိုးရှာသူတွေရော အခြားသူတွေကပါ နိုင်ငံရေးအစ်ရှူးအထိတင်လာတာတော့ မဟုတ်သေးဘူး။ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက မိမိနိုင်ငံသားကိစ္စမို့ ဝင်ကာကွယ်ပေးရတာသဘာဝပေမယ့် လုပ်ပုံက နိုင်ငံရေး မပါပါအောင် ဇွတ်လုပ်ယူနေတာသိသာတယ်။
လွှတ်တော်ဥက္ကဌဆိုတဲ့အကောင် ထိုင်းသွားပြီး ထိုင်းဝန်ကြီးချုပ်နဲ့တွေ့တာ၊ အဲ့ဒီ ချာတိတ် ယောက်ကို ဒေါ်စုဆီလိပ်မူပြီး အကူအညီတောင်းစာပို့တာ၊ ရန်ကုန်က ရခိုင်ဘုန်းကြီးကျောင်းမှာ အဲ့ဒီကိစ္စထည့်ပြောတာတွေဟာ မတော်တဆဖြစ်တာ တခုမှမဟုတ်သလို တိုက်ဆိုင်တာလည်း မဟုတ်ဘူး။ ရည်ရွယ်ချက်ပါပါ ခြေလှမ်းရှိရှိ အစီအစဉ်ရှိရှိ နိုင်ငံရေးလုပ်ကြံမှုလိုဖြစ်နေတယ်။ ဒေါ်စုကို အားကိုးပါတယ်ဆိုတာထက် လူမျိုးရေးအခြေခံပြဿနာ အစ မထွက် ထွက်အောင် ချောက်တွန်းတဲ့သဘောမှန်း ပေါ်လွင်တယ်။
တွေးမိတာက အဲ့ဒီ ကလေး ယောက်ဟာ မွန်လေးတွေ ကချင်လေးတွေ ပအို့ဝ်လေးတွေဆို စစ်အုပ်စု ဘယ်ခြေလှမ်း လှမ်းမလဲဆိုတာပဲ။

(ကျူးဘားနဲ့ဟားမာ့စ်အပွင့်)
ဟားမာ့စ်အဖွဲ့ကို ဥရောပသမဂ္ဂက အကြမ်းဖက်အဖွဲ့အစည်းစာရင်း(မှားယွင်းစွာ)သွင်းထားတာကို ပယ်ဖျက်လိုက်တယ်။ ခြွင်းချက်သဘောမဟုတ်ပေမယ့်ဥပဒေကြောင်းအရ တရားရုံးလုပ်ထုံးလုပ်နည်းနဲ့ မညီလို့ဖျက်တာ၊ အကြမ်းဖက်မဖက်လုပ်ရပ်ကိုဆန်းစစ်ပြီး လုပ်တာမဟုတ်လို့ဆိုတယ်။ ဘာပဲဖြစ်ဖြစ် အဲ့သလိုပြန်ရုပ်လိုက်တဲ့အတွက် ပိတ်ထားတဲ့ ဟားမာ့စ်အမည်ပေါက်ကိစ္စတွေ (ငွေကြေး သံခင်းတမန်ခင်း နိုင်ငံရေး စစ်ရေး စီးပွားရေး စတာတွေ) ပြန်ပွင့်ဖို့ လမ်းစပေါ်တာပါပဲ။ အစ္စရေးလ် လက်ယာစွန်းအမျိုးသားရေးဝါဒီ အကြမ်းဖက် နိုင်ငံရေးသမားတွေအတွက်တော့ မျက်စေ့ထဲသဲပက်ခံရသလိုဖြစ်/မဖြစ် ယတိပြတ် မပြောနိင်သေး။ ခုလိုဆိုတော့ ဂါဇာမှာ အစ္စရေးလ်ရဲ့ စတိတ်စပွန်စာ နိုင်ငံတော်အကြမ်းဖက်မှုတွေ ထပ်ဖော်လာခဲ့ရင် ကြေကွဲစရာအပြင် မိုးပါမီးလောင်မယ့်ကိန်းပဲ။
တပြိုင်တည်းမှာပဲ အနှစ် ၅ဝ ကြာ ကျူးဘားအပေါ်ပိတ်ဆို့ထားတဲ့အမေရိကန်ရဲ့ အတားအဆီးတွေလည်း ပြန်ရုပ်လိုက်တယ်။ သူတို့လူပြန်လွှတ်ပေးလို့ဆိုတာက ပြတဲ့အကြောင်းပါ။ သံရုံးဖွင့်တာအပါအဝင် အခြားပြန်ပွင့်တာတွေ ပွင့်ကုန်မှာပါ။ ကျူးဘားဟာ အမေရိကန်အတွက်တော့ ပဒိုင်းသီးအဖြစ်နဲ့ ဝါးတရိုက်အကွာက သူ့မူအပေါ်ခိုင်ခိုင်ကြည်ကြည် ရပ်တည်ခဲ့တဲ့နိုင်ငံပိစိကွေးပါ။ ခု ပြန်ပွင့်ပြီဆိုတော့ မိုင်ယာမီမှာ တသက်လုံးတင်ကြွေးပြီးမွေးခဲ့တဲ့ နိုင်ငံရေးအရေခြုံကျူးဘန်းတချို့တော့ ခွက်ပျောက်မယ့်ကိန်းပဲ။ ပြည်ပရောက် ကျူးဘားလက်နက်ကိုင်တော်လှန်ရေးတပ်ရယ်လို့ မရှိလေတော့ကာ အပစ်အခတ်ရပ်စဲရေးတို့ ဘာနဲ့လဲညာနဲ့တို့တော့ လဲစရာမရှိပေဘူးပေါ့။ တချို့ကြတော့လည်း အင်န်ဂျီအို ဆိုင်းဘုတ်ထောင်ပြီး ပြည်တော်ပြန်လုပ်စားကြမှာပါ။ တချို့လည်း သင်တန်းဖွင့်စားကြမယ် ထင်တယ်။
ဥရောပသမဂ္ဂနဲ့အိမ်ဖြူတော်တို့ရဲ့ဆုံးဖြတ်ချက်တွေဟာ မတော်တဆ တိုက်ဆိုင်စွာ ထွက်လာမဟုတ်ဘူးလို့တော့ ထင်ရတယ်။တကယ့် အကြမ်းဖက်အစွန်းရောက်အစ္စလမ်မစ်တွေ (တာလီဘန်တို့ ဘိုကိုဟာရမ်တို့လို)ကိုရွေးပြီးတိုက်ဖို့ ရန်သူဟောင်းတွေနဲ့ ပြန်ပေါင်းထုတ်ကြလေသတည်းဆိုပြီး ခတ်လွယ်လွယ်ခတ်မြန်မြန်ကောက်ချက်ဆွဲဖို့တော့ မဖြစ်နိုင်သေးဘူးတွေးမိတာပါပဲ။


(ဗိုလ်တင်အေးရဲ့ ဘီလူကြိမ်း)
ခုဆို ဗိုလ်တင်အေးလည်း တဖြည်းဖြည်းနဲ့ ဗြောင်ထွက်ကြိမ်းမောင်းနိုင်တဲ့အနေအထားနဲ့ ရုံးတရုံးဓားတစင်းဖြစ်လာပြီ။
နောက်ဆို အပွင့်တွေထဲတောင်ပါမလာဘူးလို့ မပြောနိုင်တော့ဘူး။ သူက အာဏာရအစိုးရအဖွဲ့ဝင်လည်းမဟုတ်
အာဏာရပါတီရဲ့အဖွဲ့ဝင်လည်းမဟုတ်
လွှတ်တော်အမတ်ကလေးတောင်မဟုတ်ပေမယ့် 
"အာဏာသိမ်းလိုက်ရ"လို့ ပြောနိုင်သူဖြစ်နေတာဘာ ကျောထောက်နောက်ခံနဲ့လည်း။

(အကြမ်းဖက်နားကြပ်များ)
ဗုဒ္ဓမျက်နှာတော်မှာ နားကြပ်တပ်လို့ဆိုပြီး သတ်ဟဖြတ်ဟထောင်ချဟလုပ်နေတဲ့ မဘသ သင်္ကန်းခြုံအကြမ်းဖက် အစွန်းရောက်ဦးပြည်းကောင်တွေကြည့်တော့ အင်တာနက်ဆိုင်က ကွန်ပြူတာတွေမှာနားကြပ်ကိုယ်စီနဲ့ အင်တာနက်သုံးနိုင်တဲ့ဆဲလ်ဖုန်းကိုယ်စီနဲ့။ တချို့များ လုံးလောက်တောင် ခါးချိတ်ထားသေးတာ။ အလုပ်သာ လုပ်မစားတာ ကြီးပွားကြတာ အချိန်ဖြုန်းနိုင်ကြတာကတော့ သြချလောက်တယ်။ သံဃာစင်ပေါ်တင်ထားတာ အေးအေးမနေဘူး မိန်းမပေါင်ခြံကြားထဲ အလုအယက်ဆင်းကြတဲ့ အမျိုးကောင်းသားတွေပဲ။

(မဘသ စစ်/မစစ်)
ဒီအတိုင်းဆက်သွား နောက်ဆို မဘသဘုန်းကြီးလို့ အသံကြားလိုက်တာနဲ့ စက်ဆုပ်ရွံရှာဖွယ် ကြောက်မက်သွေးပျက်ဖွယ် အော့နှလုံးနာစရာသတ္တဝါတွေအဖြစ် လူတွေက ရှောင်ကျဉ်ကြမှာသေချာတယ်။ ခုကိုပဲမဘသ ဘုန်းကြီး ဟုတ်မဟုတ်မေးပြီးမှ ဆွမ်းလောင်းသူတွေပေါ်လာပြီ။ စားခွက်သေးနဲ့ပန်းရင် ကျွေးတဲ့လက်ပြန်ကိုက်ရင် ဘာဖြစ်တတ်မှန်း အချိန်မီအသိဝင်ပြီး မဆင်ခြင်ရင် လူထုရန်သူအဖြစ်အချေမှုန်းခံရပြီး ဇာတ်သိမ်းမှာပဲ။

(နာဇီကောင်းရှာချိန်မဟုတ်)
ခုချိန်ဟာ ၉၆၉ ပြောပြော မဘသခေါ်ခေါ် အဲ့ဒီ ဦးပြည်းနဲ့သင်္ကန်းခြုံ နာဇီဖက်ဆစ်ကောင်တွေထဲ နာဇီကောင်းတယောက်ရှာရမယ့်အချိန်မဟုတ်သလို တရားပြ နားချဖျောင့်ဖြ သိမ်းသွင်းနေရမယ့်အချိန်လည်း လွန်ပြီ။ စစ်အာဏာရှင်နဲ့တပါတည်း တိုက်ထုတ်ဖျက်ဆီးပစ်ရမယ့်အချိန်ပဲ။ ရနိုင်တဲ့နည်းမှန်သမျှသုံးပြီး အပြီးအပြတ်ချေမှုန်းရမှာပဲ။

(နှစ်ဖက်ချွန် လူ့ကလိန်)
အိမ်ရှင်-ဧည့်သည်တို့လူ ၂ဝဝ ပဲသေတာပါ မျိုးမတုန်းပါဘူးတို့ပြောတဲ့ မဘသ အကြမ်းဖက်လူသတ်အားပေး စစ်ကိုင်းချောင်က ကုလားလေးခင်မောင်ထွန်းတဖြစ်လဲ အန္ဓသီတဂူလည်းငြိမ်နေပါရောလား။ ဗိုလ်ချုပ်သမီးအရတော်လှချည့်ပြောပြီး သိန်းစိန်ကို မဲပေးရမယ် ထောက်ခံရမယ်ပြောတဲ့ နှစ်ဖက်ချွန်လူ့ကလိန်ကြီးခြေငြိမ်လှချည့်။
(လူရှင်သရဏဂုဏ)
လူရှင်တွေကိုတင်ရမယ့် သရဏဂုဏက
ဂျပန်မှာ လူသေတွေကို စက်ရုပ်တွေနဲ့တင်တယ်။
သရဏဂုဏဆိုတာ လူသေတွေကိုတင်တဲ့ကိစ္စမဟုတ်။
သရဏဂုံဆိုတာ သူတင်ပေးမှရတဲ့အရာမဟုတ်
သီလ သမာဓိပညာအရာသာဖြစ်တယ်
မိမိစိတ်နှလုံးထဲ ကိမ်းဝပ်တည်မြဲတဲ့အရာသာဖြစ်တယ်
သရဏဂုံတင်ပေးမယ့်သူ မရှိမှာကြောက်ဖို့ထက်

အဲ့ဒီ သရဏဂုံတင်တဲ့ လူရှင်တွေကို ကြောက်တတ်ဖို့ပဲ။

0 comments:

Post a Comment