Saturday, November 24, 2018

ဦးဘကလေး(ခ)ရွှေတလေး

0 comments
ဦးဘကလေး(ခ)ရွှေတလေး
ပထမဆုံး ကာတွန်း ပညာရှင်
ဦးရွှေရိုး ဒေါ်မိုး အကကို ပထမဦးဆုံး စတင်တီထွင်
အဖ ဦးဘိုးသင်း(ကျောင်းဆရာ) အမိ ဒေါ်သဲမှုန်တို့က ပုသိမ်မြို့၌ (၂၊ ၂၊ ၁၈၈၉)တွင် မွေးဖွား
ပုသိမ်မြို့အစိုးရကျောင်းတွင် ပညာသင်ကြား
၁၆ နှစ် အရွယ် ၁ဝ တန်း စာမေးပွဲကို အင်္ဂလိပ်စာနှင့် သင်္ချာဂုဏ်ထူးဖြင့်အောင်မြင်
ရန်ကုန်ကောလိပ်တွင် ဘီအေ အထက်တန်းအထိ သင်ကြား
၁၉၁၆ ကောလိပ်ကျောင်း၌ လက်ထောက်ကျောင်းဆရာအဖြစ် ဝင်ရောက်အမှုထမ်းခဲ့
မြန်မာအဆွေကုမ္ပဏီ တွင် ကြော်ငြာဆိုင်ရာမန်နေဂျာ လုပ်ကိုင်
ရန်ကုန်ကောလိပ်ကျောင်းသားဘဝ ၁၉၁၅ မတ်လထုတ် ရန်ကုန်ကောလိပ်မဂ္ဂဇင်းတွင် "မြို့ပိုင်မင်းအိပ်မက်"ကာတွန်းကို စတင်ရေးဆွဲ
၁၉၂ဝ မှ ၁၉၂၅ ထိ ရုပ်ရှင်လောကတွင်ကျင်လည်
မူလပထမဦးရွှေရိုးကြီး(သို့) မြန်မာနိုင်ငံ၏ပထမဆုံးကာတွန်းပညာရှင်
ဦးဘကလေး(ခ)ရွှေတလေး
ဦးရွှေရိုးစတင်ဖြစ်ပေါ်လာပုံ
ဦးရွှေရိုးအကရယ်လို့ သမိုင်းတခေတ်တွင်ပြီး ကျန်ရစ်ခဲ့အောင်၊ ဦးရွှေရိုး အဝတ်အစား၊ ဦးရွှေရိုးရဲ့ဟန်ပန်နဲ့ ဦးရွှေရိုးအကကိုပါ တီထွင် သွားသူကတော့ စွယ်စုံရပညာရှင်ကြီး၊ ကာတွန်းရွှေတလေး (ခေါ်)ဦးဘကလေး ဖြစ်ပါတယ်။ ရုပ်ပြောင်းရုပ်လွဲ မိတ်ကပ်ပညာမှာ
အင်မတန်ထူးချွန်တဲ့ သဘာရင့်ရုပ်ရှင်မင်းသားကြီးလည်း ဖြစ်ပါတယ်။ ၁၉၂၃ ခုနှစ်က ‘တောမြိုင်စွန်းက လွမ်းအောင်ဖန်’ ရုပ်ရှင်ဇာတ်ကားမှာ
ဦးရွှေရိုးကြီးအဖြစ် ကိုယ်တိုင် သရုပ်ဆောင်ပြီး၊ ဦးရွှေရိုးကြီး ကို ပထမဆုံးပွဲထုတ်ခဲ့တယ်။ နောက်ပိုင်း ဆက်ရိုက်တဲ့ ရုပ်ရှင်ဇာတ်ကားတွေ မှာလည်း ဦးရွှေရိုးကြီးအဖြစ် ပါဝင်သရုပ်ဆောင်ပါသေးတယ်။

ဦးရွှေရိုးဟန်ပန်က မျက်ခုံးမွှေးထူထူ၊ နှုတ်ခမ်းမွှေးကားကား၊ မျက်နှာပေးက ပြုံးစိစိနဲ့ မချိုမချဉ်၊ ခေါင်းပေါင်းနဲ့တိုက်ပုံအင်္ကျီက ဖိုးရိုးဖားရား၊ ပုဆိုးတောင်ရှည်ကွက်ကျားကြီးဝတ်ပြီး ပုသိမ်ထီးငယ်ငယ်ကလေးကိုကိုင်ထားတဲ့ ဦးရွှေရိုးကြီးရဲ့ဟန်ပန်ကိုက မြင်ရုံနဲ့တောင်မှ ရယ်ချင်စရာ ဖြစ်နေတယ်။ အိုးစည် ဒိုးပတ် အယိုင်တီး ခပ်သွက်သွက်နဲ့ နောက်တောက်တောက် ပြောင်ချော်ချော် ကလိုက်ပြန်တော့ ပွဲကြည့်ပရိသတ်က မရိုးမရွဖြစ်လာပြီး၊ တဝါးဝါးတဟားဟားနဲ့ ကိုယ်တိုင်ပဲဝင်လို့ ကချင်ခုန်ချင် ဖြစ်လာကြတော့တယ်။

ဒီကနေ့ ဦးရွှေရိုးအကမှာ ဒေါ်မိုးဆိုတဲ့ အမျိုးသမီးဇာတ်ရုပ်တခု ပါလာတာကို တွေ့ကြရပါလိမ့်မယ်။ ဒေါ်မိုးက ဘီးဆံပတ်ဆံထုံးကြီး ထုံးပြီး မြန်မာ့ရိုးရာ အမျိုးသမီးဝတ်စုံကို သပ်သပ်ရပ်ရပ်ဝတ်ပါတယ်။ ကတာကတော့ အိုးစည်ဒိုးပတ် အယိုင်အကပါပဲ။ ဦးရွှေရိုးနဲ့ဒေါ်မိုးတို့ အကပြိုင်ကြ၊ အပြန်အလှန် နောက်ကြပြောင်ကြတဲ့ကကွက်တွေကိုပါ ထည့်ပြီး ကကြပြန်တော့ ပိုပြီး မြိုင်ဆိုင်လာတာပေါ့။

တောမြိုင်စွန်းကလွမ်းအောင်ဖန် ရုပ်ရှင်ကားထဲမှာ ဒေါ်မိုးက ဦးရွှေရိုးရဲ့အိမ်နီးချင်းပါ။ ဇာတ်လမ်းအရ ဒေါ်မိုးကို ဦးရွှေရိုးက ကျိတ်ပိုးနေတယ်။ ဒေါ်မိုးကလည်း ဦးရွှေရိုးကို ခပ်ကျကျပါပဲ။ ဒါပေမယ့် ညိုမြ လုပ်နေပြန်တယ်။ ရုပ်ရှင်ထဲမှာ ဦးရွှေရိုးက ဒေါ်မိုးကို တိတ်တိတ်ချောင်းပြီး သင်္ကြန်ရေပက်တဲ့အခန်း ပါပါတယ်။ ဒေါ်မိုးကို ရေပက်အပြီး နောက်နောက်ပြောင်ပြောင်နဲ့ ပျော်ပျော်ကြီးကတဲ့ အကဟာ ပထမဦးဆုံး ဦးရွှေရိုးအကပါပဲ။ ဦးရွှေရိုးနဲ့ ဒေါ်မိုးအတွဲဆိုတာ အဲဒီကတည်းက စခဲ့ပါတယ်။

ဦးဘကလေးကို ၂ ရက်၊ ဖေဖော်ဝါရီလ၊ ၁၈၈၉ခုနှစ်တွင်ပုသိမ်မြို့၌ အဖ ဦးဘိုးသင်း (ကျောင်းဆရာ) အမိဒေါ်သဲမှုန်တို့က မွေးဖွားခဲ့သည်။
ငယ်စဉ်က ပုသိမ်မြို့ အစိုးရကျောင်းတွင်ပညာ သင်ကြားခဲ့သည်။ အသက် ၁၆ နှစ် အရွယ်တွင် (၁ဝ)တန်း စာမေးပွဲကို အင်္ဂလိပ်စာနှင့်သင်္ချာ နှစ်ဘာသာဂုဏ်ထူးဖြင့်အောင်မြင်ခဲ့ကာ ရန်ကုန်ကောလိပ်တွင် ဘီအေ အထက်တန်းအထိ သင်ကြားခဲ့ဖူးသည်။ ၁၉၁၆ ခုနှစ်တွင် ကောလိပ် ကျောင်း၌ လက်ထောက်ကျောင်းဆရာအဖြစ် ဝင်ရောက် အမှုထမ်းခဲ့သော် လည်း နိုင်ငံခြားသား ပညာဝန်ထံတွင် ဆက်လက် မလုပ်လို တော့သဖြင့် အလုပ်မှနုတ်ထွက်ခဲ့သည်။

ထို့နောက် ရန်ကုန်မြို့ရှိ မြန်မာအဆွေကုမ္ပဏီတွင် ကြော်ငြာဘက်ဆိုင်ရာ မန်နေဂျာအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့သည်။
မြန်မာနိုင်ငံ၏ ပထမဆုံးကာတွန်းဆရာမှာ ဦးဘကလေး(ရွှေတလေး)ပင်ဖြစ်သည်ဟု သိရသည်။ ကာတွန်းဆရာ ဦးဘကလေး (ရွှေတလေး)
သည် ရန်ကုန်ကောလိပ်ကျောင်းသားဘဝ ၁၉၁၅ ခုနှစ်၊ မတ်လထုတ် ရန်ကုန်ကောလိပ်မဂ္ဂဇင်းတွင်” မြို့ပိုင်မင်းအိပ်မက်”ကာတွန်းကို
စတင်ရေးဆွဲခဲ့သည်။
ပထမ ဦးဆုံးရေးဆွဲခဲ့သည့်ကာတွန်းကို ရန်ကုန်တိုင်မ်းအင်္ဂလိပ်သတင်းစာ အယ်ဒီတာ မစ္စတာနော်လင်က နှစ်သက်သဘောကျသွားလေရာ ၁၉၁၅ ရန်ကုန်တိုင်မ်းသတင်းစာ ခရစ္စမတ်အထူးထုတ်စာစောင်တွင် ကာတွန်းရေးဆွဲ စေခဲ့သည်။ ကာတွန်းရေးဆွဲသူ၏လက်မှတ်ကို “ဘကလေး”ဟု အင်္ဂလိပ်စာဖြင့်လက်မှတ် ရေးထိုးခဲ့သည်။ ကာတွန်းဦးဘကလေးသည် သူ၏ ကလောင်အမည်ကို ဘကလေး၊ ရွှေတလေး၊ မြားတင်ထားသောလေးတံဆိပ်ဖြင့် ရေးထိုးလေ့ရှိသည်။

၁၉၂ဝ ပြည့်မှ ၁၉၂၅ ခုနှစ်အထိ ရုပ်ရှင်လောကတွင် ကျင်လည်ခဲ့သည်။ ရုပ်ရှင်လောကတွင်လည်း လူပျိုလူရွယ်လေးက အဘိုးကြီးအသွင် ဆောင်၍ ပုသိမ်ထီးလေးနှင့်ကသောအကကို ဦးရွှေရိုးအကဟု ပေါ်ပေါက်လာခဲ့သည်။ “ရွှေရိုး” အမည်ဖြင့် ဦးဘကလေး၏ အနုပညာအစွမ်းကို ပြသရင်း နိုင်ငံတစ်ဝန်း လူကြိုက်များခဲ့ပြီး ရွှေရိုးဘကလေးဟု ထင်ရှားကာ နှစ်ကိုယ်ခွဲ၊ သုံးကိုယ်ခွဲ၊ လေးကိုယ်ခွဲစသည်ဖြင့် တစ်ကိုယ်တည်း
ဇာတ်ကောင်ကိုယ်ခွဲအမျိုးမျိုးခွဲ၍ သရုပ်ဆောင်ပြရာ မြန်မာပြည်သူများစွဲမက်စေခဲ့သည်။
Source: ထွဋ်မြတ် - Popular Journal
စာကိုး- စာနယ်ဇင်းကာတွန်းသမိုင်းစာတမ်း
ရွှေရိုးအကကို တီထွင်ခဲ့သူလည်းဖြစ် ပထမဆုံး မြန်မာ့
ကာတွန်းပညာရှင် တိုင်းရင်းသား မြန်မာမွတ်စလင်တစ်ဦးဖြစ်တဲ့ ဦးဘကလေး=(ခ)ရွှေတလေး

မြန်မာအလှုပွဲများတွင် ရွေရိုးအကမပါရင်ပွဲမစည်ဘူး။ ဒီနေ့ ဘုံကထိန်လှည့်သူတွေ ရွှေရိုးအကလေးနဲ့ ပျော်မြူးနေတာမြင်တော့ အဲဒီရွှေရိုးအကကိုတီထွင်သူ အကပညာရှင်ကြီးသတိရမိလို့ သူအကြောင်းကို ရှာဖွေတင်ပြပေးလိုက်ပြပေးလိုက်ပါတယ်။
https://www.facebook.com/brunomile777/posts/2210598355641597

0 comments:

Post a Comment