Friday, November 23, 2018

(လိင်မှုဆန္ဒဝယ်သူက သက်သေဖြစ်တဲ့တရား)မျိုးမြင့်ချို

0 comments
(လိင်မှုဆန္ဒဝယ်သူက သက်သေဖြစ်တဲ့တရား)
ရဲက ဖောက်သည်ယောင်ဆောင်ပြီး ဖာသွားခေါ်တယ်။ ငွေပေးပြီး ဆက်ဆံတယ်။ ပြီးတော့ ဖမ်းတယ်။ ရုံးတင်တယ်။ ရုံးမှာ ရဲက သက်သေ၊ ကောင်မလေးက ပြည့်တန်ဆာမှုနဲ့ ထောင်ကျတယ်။ ဒါ ဗမာပြည်ကရဲတွေ Under Cover လုပ်ပြီး ဖာထောင်ဖမ်းတဲ့ ဇာတ်လမ်း။ သူတို့စကားနဲ့ဆို အသွင်ယူသတဲ့။

အမေရိကားမှာ ယောက်ျားတယောက်ကို ပြည့်တန်ဆာနဲ့ဆက်ဆံနေတာ လက်ပူးလက်ကြပ်မိရင် ၂ ယောက်လုံး အရေးယူခံရတယ်။ ငွေပေးပြီး လိင်ရောင်းလိင်ဝယ်သမှုပြုတာထင်ရှားရင် ဖမ်းဆီးအရေးယူတဲ့ဥပဒေ ရှိတယ်။ ဝယ်သူရော ရောင်းသူပါအမှုတွဲတယ်။ 

ဗမာပြည်မှာ ပြည့်တန်ဆာမိန်းကလေး အဖမ်းခံရရင် တန်းလန်းမိတဲ့ငနဲက ကောင်မလေးထောင်ကျဖို့ တရားလိုပြသက်သေ။ ဘာဥပဒေနဲ့မှ အဲ့ငနဲကို အရေးယူလို့မရဘူး။ အရေးယူရမယ့်ဥပဒေမရှိဘူး။

လိင်ရောင်းသူနဲ့ အာသာဆန္ဒကိုငွေနဲ့ဝယ်သူ နှစ်ဦးအလိုတူတဲ့ကိစ္စမှာတောင် မိန်းမဖြစ်တဲ့ဖာကိုပဲ ကွက်ဖိနှိပ်တာကို အမှန်တရားလုပ်ထားတဲ့ပြည်မှာ မျိုးစောင့်ဥပဒေတို့၊ ဗုဒ္ဓဘာသာအမျိုးသမီးများ လက်ထပ်ထိမ်းမြားခြင်းဥပဒေတို့ ပြဌာန်းပြီး အမျိုးသမီးထုဖိနှိပ်တာ ဘာဆန်းမလဲ။
မျိုးမြင့်ချို (၂ဝဝ၅)

0 comments:

Post a Comment