Tuesday, July 30, 2019

(မြေရှင်စနစ်ကိုမဖျက်သိမ်းလျှင် လယ်သမားများ ဆင်းရဲတွင်းက မလွတ်မြောက်နိုင်)

0 comments
(မြေရှင်စနစ်ကိုမဖျက်သိမ်းလျှင် လယ်သမားများ ဆင်းရဲတွင်းက
မလွတ်မြောက်နိုင်) လုပ်ငန်းစဉ်နှင့် ရန်သူကြီး ၃ ဦး)မှ
မြေရှင်စနစ်သည် အားနည်းသွားသည်မှာ မှန်သော်လည်းလုံးဝမရှိတော့သည်မဟုတ်။ ဆက်တိုက် မတိုက်ဖျက်နိုင်လျှင် မုချ ခေါင်းပြန်ထောင်လာမည်။
ကျေးလက်တွင် မြေပေါင်ယာပေါင်ကိစ္စများ၊ မတန်တဆ အတိုးကြီးစာမှှုများ တိုးပွားလျှက်ရှိ သည်။ သီးစားချခြင်းလည်း အနည်းအများရှိနေသည်။ ကိုလိုနီအစိုးရ၏ ပေါ်လစီများသည် မြေရှင် စနစ်ပေါ်ထွက်အောင် လုပ်ပေးကာ၊ သားကြီးအောင် လုပ်ပေးခဲ့သလို (နဝတ) စစ်အစိုးရပေါ်လစီ များက မြေရှင်စနစ်ကို ပြန်လည်ခေါင်းထောင်လာအောင် လုပ်ပေးနေသည်။
လယ်သမားများ ချမ်းသာလာပြီ၊ တီဗွီ အထက်စက်၊ အောက်စက်နဲ့ဟူသော အပြောသည် မည်မျှ အောက်ခြေလွတ် လိုက်ပါသနည်း။ ကျေးလက်တွင်နေသူတိုင်း လယ်သမားမဟုတ်ပါ၊ မြေရှင်နှင့် ချမ်းသာများလည်းနေကြပါသည်။ ကိုလိုနီခေတ်က ဘိလပ်သို့ ပညာသင်လွတ်နိုင်သောသူများ၊ ပိုလ်ဆင်ကော်ဖီ၊ ထောပတ်၊ ဂိုးလ်ဒင်းပတ်ဖ်စားသုံးပြီး၊ ရိုး တိုက်က ပစ္စည်းဝယ်သုံးကာ စန္ဒားတီး သောသူများလည်း ကျေးလက်တွင်ရှိပါသည်။ သူတို့သည် လယ်သမားများမဟုတ်ပါ။ မြေရှင်များ ဖြစ်ပါသည်။
လယ်သမား၏ စားဝတ်နေရေး အဆင့်အတန်းကို စာရင်းကောက်ကြည့်ပါ။ မသေရုံစား၊ အရှက် လုံရုံဝတ်ပြီး ဖြစ်ကတတ်ဆန်း အိုးအိမ်များတွင် နေကြရသူများဖြစ်ပါသည်။ နဝတ၏ ၁၂ မှုမျှ မကသေး နဝတစေခိုင်းသည့် မင်းတိုင်းကလည်း ကြေအောင်လုပ်ရပါသည်။ (မြိ့ုနေအလတ် အောက်လွှာ၊ ဆင်းရဲနှင့်အလုပ်သမားများလည်း လယ်သမားလိုပင် ကြပ်တည်း ကြပါသည်)
သူတို့ကို ချမ်းသာနေပြီဟုသွားပြောလျှင် အသားလွတ်စော်ကားခြင်းသာဖြစ်သည်။
လွတ်လပ်ရေးတိုက်ပွဲတွင် အနစ်နာအခံရဆုံး၊ စွန့်လွတ်ရဆုံးသော လူတန်းစားမှာ လယ်သမား လူတန်းစား ဖြစ်ပါသည်။ အကြမ်းဖက်တော်လှန်မှုများတွင် သူတို့သာ အများဆုံးပါဝင်ကြသည်။ လွတ်လပ်ရေးရလျှင် သူတို့ဘဝ တိုးတက်တော့မည်ဟူသော စိတ်ကူးစိတ်သန်းများလည်း အများကြီးရှိခဲ့ပါသည်။
လွတ်လပ်ရေးရသောအခါ အစိုးရအဆက်ဆက်သည် ဘဝတိုးတက်ရေးအတွက်ဆိုကာ စီမံကိန်း အမျိုးမျိုး လုပ်ခဲ့သည်။ ပြည်တော်သာ၊ လယ်သမားဘဏ်၊ ကျေးလက်သမဝါယမ၊ စက်မှု လယ်ယာ စသည်ဖြင့်လုပ်ခဲ့သည်။ နည်းပညာအသစ်များ၊ မျိုးကောင်းမျိုးသန့်များလည်း တင်သွင်း ပါသည်။ သို့သော် လယ်သမားဘဝ တိုးတက်မလာပါ။ ဆုတ်ယုတ်လာပါသည်။
ဘာကြောင့်ဤသို့ဖြစ်ရသနည်။ ပဌမအားဖြင့် ပဒေသရာဇ်စနစ်ကို မဖျက်သိမ်းသောကြောင့် ဖြစ်သည်။ ဒုတိယ တိုင်းပြည်၏ ဥစ္စာဘဏ္ဍာများ ဗြူရိုကရက်အရင်းအနှီး ဖြစ်သွားသောကြောင့် ဖြစ်သည်။
တောင်သူလယ်သမားများ ဆင်းရဲတွင်းကလွတ်မြောက်စေရန် -
- မြေရှင်စနစ်ကို အကြွင်းမဲ့အကုန်အစင် ဖျက်သိမ်းရမည်။
- ကျေးလက် စက်မှုလုပ်ငန်းကလေးများဖြစ်ပေါ်ရေး အစိုးရကနမူနာပြရမည်။ အစွမ်းရှိသမျှ အားပေးရမည်။
- မြေလွတ်မြေရိုင်းတိုးချဲ့ရေးကို အစိုးရအစီအမံဖြင့်ငွေအား၊ လူအားသုံးကာလုပ်ရမည်။
- စက်မှုလက်မှုလုပ်ငန်း အလတ်အသေးများကို အစိုးရကစီမံကိန်းချပြီးလုပ်ရမည်။
- အမျိုးသားအရင်းရှင်များလုပ်သည်ကိုလည်း အားပေးရမည်။
အာဏာသုံးကာ အစိုးရက လျှော့စျေးဖြင့်ဝယ်ယူနေခြင်းများကို လုံးဝရပ်စဲပစ်ရမည်။ သီးနှံများ အားလုံး သင့်တင့်မျှတသော စျေးနှုန်းရရှိစေမည်။

0 comments:

Post a Comment