Monday, July 22, 2019

ဟောင်ကောင်ကလူများ(မျိုးမြင့်ချို)

0 comments
လူထုလှုပ်ရှားမှုတိုင်းမှာ အကန့်အသတ်ရှိပါတယ်။ လက်နက်ကိုင်တိုက်ပွဲလည်း တိုက်ပွဲအလျှောက်ပါ။ အစိုးရတွေကို လျှော့မတွက် ပိုမတွက်မိဖို့အလွန်အရေးကြီးသလို မိမိအင်အားနဲ့အချိန်အဆကိုလည်း ချင့်တွက်ရပါတယ်။ အထူးသဖြင့် ဒီမိုကရေစီနိုင်ငံတွေမှာဆို မိမိလှုပ်ရှားမှုရဲ့အတိုင်းအရှည်သိဖို့က ပိုလို့တောင် အရေးကြီးပါတယ်။ အာဏာရှင်နိုင်ငံတွေလို ဓားဓားချင်း လှံလှံချင်းတို့မလုပ်ပါ။ ပိုပညာသားပါပါတယ်။ ပညာသားပါရအောင်လည်း နိုင်ငံတော်ဆိုတဲ့ အုပ်ချုပ်ရေး၊ စစ်တပ်၊ ရဲတပ်၊ တရားရုံးနဲ့အကျဉ်းထောင်တွေက ဒီမိုကရေစီပုံစံခွက်ထဲမှာ နေသားတကျရှိပြီးသားဖြစ်နေပါတယ်။ အမေရိကန် ဒီဘက်ခေတ် လူထုလှုပ်ရှားမှာ ဝေါစထရိကိုစီးနင်းကြ လှုပ်ရှားမှုဟာ ထုနဲ့ထည်နဲ့ပါ။ အကောင်လိုက်ဝင်မပါပေမယ့် စိတ်ဓာတ်ရေးရာအရ အားပေးထောက်ခံမှုတွေ ပြည်တွင်းပြည်ပမှာ ခြိမ့်ခြိမ့်သဲပါ။ နောက်ဆုံး ဘယ်ပုံအဆုံးသတ်သလဲက သူတို့မီဒီယာတွေနဲ့ ဝါဒဖြန့်ယန္တယားတွေကပြောသမျှသာ ကမ္ဘာကသိကြရတာပါ။ အဲ့ဒီလှုပ်ရှားမှုထဲပါဝင်ခဲ့သူ ဆက်နွယ်ခဲ့သူ ငွေကြေး(နည်းနည်းပါးပါး) ပံ့ပိုးခဲ့သူတွေတောင် အကိုင်ခံရတဲ့စက်ကွင်းက မလွတ်ခဲ့ပါ။ အဲ့ဒါကို နှိမ်နင်းတာမှာလည်း တကယ့်ကျည်အစစ် တတောင့်မှမသုံးပါ။ ရဲတောင် အားကြီးတဲ့ အဓိကရုဏ်းနှိမ်နင်ရေးအဖွဲ့ကိုမသုံးခဲ့ပါ။ လှုပ်ရှားမှုအဖြိုခွဲခံရပြီးနောက် အကြောင်းအမျိုးမျိုးပြ ရမယ်အမျိုးမျိုးရှာပြီး ကုမ္ပဏီတွေကနေ လူမသိသူမသိ အလုပ်အဖြုတ်ခံရတဲ့ အလုပ်သမားမိသားစုတွေမနည်းပါ။ အဆောက်အဦးဖျက်ဆီးမှု ရဲတပ်ဖွဲ့ကို ပြန်လှန်ခုခံမှု အများပြည်သူအနှောင့်အယှက်ဖြစ်အောင်လုပ်မှု လမ်းပိတ်ဆို့မှု စတဲ့ရာဇဝတ်မှုတွေနဲ့ အရေးယူခံရသူတွေလည်း ရှိပါတယ်။ နိုင်ငံရေးမှု တခုမှမရှိပါ။ ဒီမိုကရေစီနိုင်ငံလို့ အမည်ခံလိုက်ရင် နိုင်ငံရေးအရလွတ်လပ်သွားပြီလို့ဆိုလိုက်တာမို့ အဲ့ဒီနိုင်ငံတွေမှာ နိုင်ငံရေးပုဒ်မတောင် မရှိတဲ့အထိဖြစ်ပါတယ်။ အာဏာရှင်နိုင်ငံတွေမှာတော့ တည်ဆဲဥပဒေကိုချိုးဖေါက်လို့ လို့ပြောတာမျိုးပါ။ လူတန်းစားရှိတဲ့လူ့အဖွဲ့အစည်းမှာ အာဏာဟာလူတန်းကိုပဲကိုယ်စားပြုပါတယ်။ အစိုးရဆိုတာ အဲ့ဒီလူတန်းစားရဲ့ကိုယ်စားလှယ်ပါ။ ကိုယ်စားလှယ်တိုင်းဟာ ကိုယ်စားလှယ်အလုပ်ကို ထီထီထင်ထင်ပြရပါတယ်။ ဟောင်ကောင်ဟာ နှစ်တရာလောက် အရင်းရှင်လစ်ဘရယ်လ်ဒီမိုကရေစီနဲ့ အသားကျလာခဲ့တာမှန်ပေမယ့် ခုကိစ္စမှာတော့ သူ့ပုံစံနဲ့သူ ရှင်းသွားမလား မရှင်းဘူးလားက ဒွိဟဖြစ်နေကြတုန်းပါ။
မျိုးမြင့်ချို
ဂျူလိုင် ၂၁၊ ၂၀၁၉

0 comments:

Post a Comment