Tuesday, July 30, 2019

(လုပ်တဲ့ကောင် ခံ ပဲ)

0 comments
(လုပ်တဲ့ကောင် ခံ ပဲ)
တရုတ်ပြည်တော်လှန်ရေးကြီးအောင်မြင်တော့ ချန်ကေရှိတ်ခေတ်က လူထုအပေါ်ယုတ်မာဆိုးသွမ်းဖိနှိပ်ခဲ့တဲ့ အစိုးရယန္တယားထဲကလူတွေကို လူထုကရော ပါတီကပါ ဖမ်းမိထားတယ်။
ဒီလူတွေအပေါ်စီရင်ချက်ချရာမှာ အခြေခံရမယ့်သဘောထားလိုလာတယ်။ ပါတီဥက္ကဌမော်စီတုန်းလက်ထဲ အပ်လိုက်တယ်။ သူက ၃ မျိုးခွဲဖို့ပြောတယ်။ တစ်တမျိုးက Policy and Decision Makers (မူဝါဒချမှတ်သူ ဆုံးဖြတ်ချက်ပေးသူ)။ နှစ်တမျိုးက အဲ့ဒီ မူဝါဒနဲ့ ဆုံးဖြတ်ချက်တွေကို ကိုယ်တိုင်ကိုယ်ကျ စိတ်ပါလက်ပါ တက်တက်ကြွကြွအကောင်အထည်ဖော်ခဲ့သူ။ သုံးတမျိုးက မလွဲသာမရှောင်သာအခြေအနေမှာ တာဝန်ကြေသဘောလုပ်ခဲ့သူ။
ပထမအမျိုးအစားနဲ့ ဒုတိယအမျိုးအစားအတွက် သေဒဏ်အပါအဝင်ပြင်းထန်တဲ့ပြစ်ဒဏ်တွေစီရင်ဖို့။ တတိယအမျိုးအစားအတွက် ပညာပေးတာ ခတ်ပေါ့ပေါ့အရေးယူတာကနေ သက်ညှာတာတွေအထိလုပ်ဖို့။ ကွန်မြူနစ်ပါတီဦးဆောင်မှုနဲ့ ပြည်သူ့တရားရုံးတွေဖွဲ့စည်းတယ်၊ ခံခဲ့ရတဲ့လူထုက အချက်အလက်အခိုင်အမာ သက်သေသက်ကာယအတိအကျနဲ့ စွဲချက်တင်တယ်၊ အစွပ်စွဲခံရသူတွေကို ရထိုက်တဲ့အခွင့်အရေးတွေပေးတယ်၊ ခုခံချေပတယ်။ လူထုကဆုံးဖြတ်တယ်။ ဆုံးဖြတ်တဲ့အတိုင်း အရေးယူတယ်။
ခု ကျနော်တို့ ထောင်ဆရာဝန် ဒေါက်တာစိုးကြည်အကြောင်းပြောကြတယ်။ သူဟာ အပေါ်ကပြောခဲ့တဲ့ သုံးမျိုးသုံးစားမှာ ပထမအမျိုးအစားထဲမပါသလို တတိယအမျိုးအစားလည်း မဟုတ်ဘူး။
မျိုးမြင့်ချို
ဂျူလိုင် ၂၇၊ ၂ဝ၁၉

0 comments:

Post a Comment