Monday, July 22, 2019

(မှတ်သားမိတာလေး ပြန်ရိုက်တင်ပေးတာပါ)

0 comments
(မှတ်သားမိတာလေး ပြန်ရိုက်တင်ပေးတာပါ)
လော်စစ်ဟန်ကို အောင်ကြီးတို့လူစုမွေးစဉ်က လော်စစ်ဟန်မှာ ကိုယ်ပိုင်လက်နက်ကိုင်တပ်ကလေးရှိသည့် သာမန်ဘိန်းသမားဖြစ်သည်။ စစ်အုပ်စုအဆက်ဆက်နှင့်တွဲရင်း တပည့်ခံရင်း လုပ်ငန်းပေါင်းစုံလုပ်သော လုပ်ငန်းရှင်ကြီး ဖြစ်လာသည်။
“ငြိမ်းအဖွဲ့“ခေါင်းဆောင်များကိုလည်း စစ်အုပ်စုက လော်စစ်ဟန်ကိုတွဲခေါ်သလို ခေါ်နေခြင်းဖြစ်သည်။ သို့သော် “ငြိမ်းအဖွဲ့“နှင့် “လော်စစ်ဟန်“ အခြေခံချင်းမတူကြပါ။ ကြီးမားသောကွဲလွဲချက်ရှိနေသည်။
ကွဲလွဲချက်ကိုသိရန် သမိုင်းကိုလှန်မည်။ တချိန်က လော်စစ်ဟန်ရော ဖုန်ကြားစင်းပါ ကိုးကန့်စော်ဘွား လက်နက်ကိုင်တပ်မှဖြစ်သည်။ နောက်ကျတော့ တယောက်က စစ်အုပ်စုနောက်လိုက်ဖြစ်သွားပြီး တယောက်က ဗကပတပ်ထဲရောက်သွားသည်။ ဗကပထဲရောက်တာ ခနမဟုတ်။ နှစ် ၂ ဆယ်ကျော်သည်။
လာရှိူးရောက်သည့်ဗိုလ်များက လော်စစ်ဟန်ကို ကွန်မြူနစ်ဆန့်ကျင်ရေးအမာခံအဖြစ် မြှောက်စားကြသည်။ သူတို့အကျိုးလည်းရှိ၍ အလွန်မြှောက်စားသည်။ သာမန်ဘိန်းကုန်သည်ကနေ သူဌေးကြီးဖြစ်သွားသည်။ လော်စစ်ဟန်၏ဆရာက များသည်။ ဗိုလ်အောင်ကြီးဦးစီးသည့် ဆိုရှယ်လစ်ဗိုလ်များကစပြီး နောက်ဆုံးလားရှိူးတိုင်းမှှုးအထိဖြစ်သည်။ ထိုတိုင်းမှူးများ ဝန်ကြီးတွေ သမ္မတတွေဖြစ်ကြတော့ လော်စစ်ဟန်၏စီးပွားရေးအင်ပါယာ ကျယ်ပြန့်လာသည်။
လော်စစ်ဟန်သည် တယောက်တည်း၏တပည့် မဟုတ်ပါ။ လားရှိူးရောက်သည့်ဗိုလ်တိုင်းက အင်္ဂလိပ်သစ်လုပ်ငန်းမန်နေဂျာများ “ဘိုကတော်လွှဲနည်း“ လွှဲသွားကြ၍ အားလုံး၏တပည့်ဖြစ်သည်။ အင်္ဂလိပ်မန်နေဂျာများသည် ဗမာပြည် စရောက်ရောက်ခြင်း တောမယား ယူကြသည်။ လူမျိုးစုအမျိုးသမီးများ “ဘိုကတော်“ဖြစ်ကြသည်။
မန်နေဂျာဟောင်း ဘိလတ်အပြီးပြန်လျှင် နောက်ရောက်သစ်မန်နေဂျာအသစ်ကို “ဘိုကတော်“အား လွှဲပေးခဲ့သည်။ လက်ပြောင်းလက်လွှဲ အများကြီးအလုပ်ခံရသော “ဘိုကတော်“သည် ထိုဒေသ၏ အကြီးဆုံးသူဌေးဖြစ်ကျန်ရစ်သည်။ “ဘိုကတော်ကျ“ဖြစ်သွားလျှင်လည်း မပူပင်ရတော့ပါ။
လော်စစ်ဟန်ကိုလည်း စစ်အုပ်စုဝင်များက “ဘိုကတော်“ လွှဲသလိုလွှဲပေးခဲ့ကြ၍ ဗမာပြည်တွင် အကြီးဆုံးသူဌေးဖြစ်နေသည်။ (ဖုန်ကြားစင်းသည် လော်စစ်ဟန်ကို အားကျသည်၊ အမှီကောင်းရသွားသူဟု" ထင်သည်၊ ဖုန်ကြားစင်းခွဲထွက်တော့ လော်စစ်ဟန်သားအဖလာပြီး စစ်အုပ်စုနှင့် ခင်ညွန့်နှင့် အောင်သွယ်ပေးခဲ့ခြင်းဖြစ်သည်) ဗကပတပ်ထဲရှိစဉ်က ဖုန်ကြားစင်းကို စစ်အုပ်စုက “ဖွတ်ကြားရှင်“ဟုခေါ်သည်။ “ငြိမ်းအဖွဲ့“ ဖြစ်သောအခါ “ဦးဖုန်ကြားရှင်“ဖြစ်လာသည်။ ဘယ်တော့ ဖွတ်ကြားရှင် ပြန်ခေါ်မည်မပြောတတ်ပါ။
(ညက အိပ်ယာမဝင်ခင် ဗမာပြည်ကွန်မြူနစ်ပါတီထုတ် ပြည်သူ့အာဏာဂျာနယ်ထဲမှ “၂ဝ ရာစုမှ ၂၁ ရာစုသို့ ယူလာရသော မပြတ်သေးသည့်ပြဿနာများ(ပြည်ထောင်စုပြဿနာ)ကိုဖတ်ရင်း လော်စစ်ဟန်နဲ့ပတ်သက်လို့ ဗကပရဲ့တစေ့တစောင်းပြောပြချက်လေး မှတ်သားမိတာနဲ့ စာရိုက်ပြီး ပြန်တင်ပေးတာပါ)

0 comments:

Post a Comment