Tuesday, July 30, 2019

(နာဇီလို့ ဘာလို့ပြော)

0 comments
(နာဇီလို့ ဘာလို့ပြော)
နာဇီဆရာဝန်လို့ ဒေါက်တာစိုးကြည်ကို ဘာလို့ပြောရဆိုတာပြောပြမယ်။ တစ်တချက် သူဟာ အရပ်သားဖြစ်တယ်။ လက်နက်ကိုင်အဖွဲ့အစည်းက တသွေးတသံတမိန့်နဲ့စုဖွဲ့ထားတဲ့လူ မဟုတ်ဘူး။ သဘောက သူ့ကို အမိန့်နဲ့ခိုင်းလို့မရဘူး။
နှစ်တချက် သူဟာ အကျဉ်းစီးလက်အောက်ကဝန်ထမ်း မဟုတ်ဘူး။ ကျန်းမာရေးဦးစီးကခန့်ထားတဲ့ဝန်ထမ်း ဖြစ်တယ်။ ထောင်အာဏာပိုင်တွေက နိုင်ငံရေးအကျဉ်းသားတွေကို ဘယ်လိုပဲနှိပ်ကွပ်ခိုင်း နှိပ်ကွပ်ခိုင်း သူမလုပ်ချင်ရင် မလုပ်ပဲနေလို့ရတယ်။ အမိန့်နာခံစရာ မလိုဘူး။
သုံးတချက် သူဟာ ဆရာဝန်ဖြစ်တယ်။ တခြားတခြားသောပညာတတ်တွေထက် လူစိတ်ပိုရှိတယ် ပိုကြင်နာတတ်တယ်ဆိုတဲ့ဂုဏ်နဲ့ပြည့်ပြီးသူလို့ လူ့အသိုင်းအဝိုင်းက သတ်မှတ်တယ်။ သူဟာ ဟစ်ပိုကရေးတီးစ်ကျမ်း ကျိန်ထားသူဖြစ်တယ်။
အမိန့်ကိုလွန်ဆန်လို့ရတဲ့သူ၊ အမိန့်မနာခံဘဲနေလို့ရသူ၊ ကြင်နာစိတ်ရှိရမယ့်လူဖြစ်နေပါလျှက်က စစ်အာဏာရှင်နဲ့ပေါင်းပြီး နိုင်ငံရေးအကျဉ်းသားတွေကို ရည်ရွယ်ချက်ရှိရှိ စိတ်ပါလက်ပါ ကိုယ်တိုင်ကိုယ်ကျ နှိပ်စက်ညှဉ်းပမ်းခဲ့သူဖြစ်တယ်။
မတော်တဆဖြစ်ခဲ့တာ မဟုတ်ဘူး။
တာဝန်အရလုပ်ခဲ့တာတောင် မဟုတ်ဘူး။
ဒါ့ကြောင့် သူဟာ နာဇီဆရာဝန်ဖြစ်တယ်။
မျိုးမြင့်ချို
ဂျူလိုင် ၂၉၊ ၂ဝ၁၉

0 comments:

Post a Comment