Tuesday, July 30, 2019

(ဇရှိရင် ဝင်ကြည့်ပါ)

0 comments
(ဇရှိရင် ဝင်ကြည့်ပါ)
ကောင်းတဲ့နိုင်ငံရေးဖြစ်ဖြစ် ဆိုးတဲ့နိုင်ငံရေးဖြစ်ဖြစ် စစ်ဗိုလ်ဟောင်းတွေ နိုင်ငံရေးလုပ်ဖို့ပါတီထောင်တာကို အားပေးပါတယ်။ ပါတီဝင်နိုင်ငံရေးလုပ်တော့ နယ်လှည့်ပါးရိုက်လာတယ်ဆိုတဲ့အကောင်တောင် အောင့်သီးအောင့်သက်နဲ့ တိုင်းသိပြည်သိ တောင်းပန်ရပါသေးတယ်။ တိုင်းပြည်ကိုနှိပ်စက်ခဲ့တာချင်းလည်းတူတယ် ကိုယ်ကျိုးစီးပွားရှာခဲ့ကြတာချင်းလည်းတူတယ် ကလိန်ခြုံခဲ့ကြတာချင်းလည်းတူတယ် ပခုံးပေါ်အပွင့်အခက်တွေမရှိ ခါးမှသေနတ်မရှိတော့တာချင်းလည်းတူတယ် တပ်ကိုအမိန့်မပေးနိုင်တော့တာချင်းလည်းတူတယ်ဆိုရင်တောင် ရွှေမန်းကမှ တခြားကောင်တွေထက် နိုင်ငံရေးသွေး ရှိသေးတယ်ပြောရမယ်ထင်တယ်။ မကြိုက်တာတော့ တကောင်ကိုမှ မကြိုက်တာပါ။ အကောက်တွေထဲမှာ အကွေးမရှိပါ။ နာဇီတွေထဲမှာ နာဇီကောင်းမရှိပါ။ စစ်အာဏာရှင်တွေထဲမှာ လူစိတ်ရှိတဲ့ကောင် မရှိပါ။
မျိုးမြင့်ချို
ဂျူလိုင် ၂၆၊ ၂ဝ၁၉

0 comments:

Post a Comment