Friday, May 22, 2020

ခေတ်သစ်မြန်မာ့သမိုင်း - ၁၀ ဒေါက်တာသန်းထွန်းရေးတဲ့ A MODERN HISTORY OF MYANMAR 1752 - 1948 ကို ဘာသာပြန်တာပါ။

0 comments
ခေတ်သစ်မြန်မာ့သမိုင်း - ၁၀ ဒေါက်တာသန်းထွန်းရေးတဲ့ A MODERN HISTORY OF MYANMAR 
1752 - 1948 ကို ဘာသာပြန်တာပါ။
အခန်း(၁)
#ကုန်းဘောင်ခေတ်နိုင်ငံရေး
အမျိုးသားရေးစုစည်းမှု
#စစ်ပြီးကာလ (၁၈၂၆ - ၁၈၃၇)
စစ်ကိုင်းမင်းဟာ မူလတုန်းက ခေတ်သစ်လမ်းကြောင်းပေါ်မှာ ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ မဆန့်ကျင်ဘူး။ သူက ဥရောပတိုက်သားတွေကို လုံးဝ သံသယမရှိပါဘူး။ ဥရောပက ခေတ်မီတိုးတက်တဲ့နည်းတွေကို နှစ်သက်ခဲ့ပါတယ်။ ဒါပေမဲ့ ဥရောပတိုက်သားတွေက သစ္စာဖောက်တာကို သူတွေ့လာတယ်။ သူ့ရဲ့ဧည့်ဝတ်ကျေပြွန်မှုကို သူ့နိုင်ငံကို သိမ်းပြီး လက်တုံ့ပြန်ခဲ့ကြတယ်။ သူက ဥရောပရဲ့ နယ်ချဲ့ပုံတွေကို သိလာတယ်။ အဲဒီနောက်မှာ ဥရောပ သံတမန်တွေကိုတောင် တွေ့ဆုံဖို့ ပယ်ချပစ်ခဲ့ပါတယ်။ ဆုံးရှုံးသွားတဲ့ သူ့နယ်မြေတွေကို ပြန်ရဖို့အတွက် ဘုရင်က အချိန်ရှိသမျှ သောကရောက်နေခဲ့တယ်။ နယ်မြေဆုံးရှုံးမှုက ဘုရင့်ရဲ့ ဂုဏ်သိက္ခာကို အကြီးအကျယ် ထိခိုက်ပါတယ်။ ဒါကြောင့် ဘုရင်က ကိုယ့်ဖာသာ ဧကစာရီနေဖို့ ဦးတည်လာတယ်။ တဆက်တည်းမှာ အင်္ဂလိပ်သံတမန်တွေကို ရှောင်တော့တာပါပဲ။ နေပြည်တော်ကနေ ဗြိတိသျှ သံကိုယ်စားလှယ်ရုံးကိုတောင် မောင်းထုတ်ချင်နေပါပြီ။ အကြောင်းကတော့ သူ့မျက်မှောက်မှာ အဲဒီ သံကိုယ်စားလှယ်ရုံး ရှိနေတာကိုက အရှုံးကို သတိရစေလို့ပါ။ သံကိုယ်စားလှယ်ရုံးဟာ ပဋိဉာဉ် သဘောတူညီချက်အရ ရှိနေတာဖြစ်ပြီး အဲဒီလိုရှိနေတာက သိပ်အသုံးဝင်တယ်ဆိုတာ လျှောက်တင်ရဲတဲ့ ဝန်ကြီးလည်း မရှိပါဘူး။ အင်္ဂလိပ်တွေကတော့ ကဘော်ချိုင့်ဝှမ်းကို ပြန်ပေးပြီး ဘုရင်ကို နှစ်သိမ့်ဖို့ ကြိုးပမ်းခဲ့တယ်။ ဒါပေမဲ့ ဘုရင်ရဲ့ သဘောထားက ပြောင်းလဲမလာတော့ဘူး။ ကြီးမားတဲ့အရှုံးဒဏ်ကို မြန်မာစစ်တပ်တောင် ခံရပါတယ်။ စစ်တပ်ရဲ့ဖွဲ့စည်းပုံကို ပြုပြင်ဖို့ ကြိုးပမ်းရမယ်ဆိုတဲ့ အသိမျိုးတော့ မရှိခဲ့ပါဘူး။ အုပ်ချုပ်ရေးစနစ်ကိုလည်း အပြောင်းအလဲ မလုပ်ခဲ့ဘူး။ သာမန်ပြည်သူတွေ တိုးတက်ဖွံ့ဖြိုးအောင် ဘယ်လိုစီမံကိန်းမှလည်း မရှိဘူး။ ရှုံးနိမ့်နေတဲ့ကြားကပဲ စစ်အုပ်စုဟာ ဘုရင်ကို ချုပ်ကိုင်ဖို့ ဆက်လုပ်နေတယ်။ သူတို့က ပိုပြီးတော့တောင် အာဏာရှိလာပါတယ်။ ဒါက သိပ်ကိုကြီးမားတဲ့ အမှားကြီးပါပဲ။ 
၁၈၃၁ ခုနှစ် နှစ်ဦးပ်ုင်းမှာ ဘုရင်ရဲ့ကျန်းမာရေး ချွတ်ယွင်းလာတယ်။ ဘုရင်က စိတ်ဓါတ်ကျ မှိုင်တွေပြီး ရောဂါတွေ တစ်ခုပြီးတစ်ခု ဖြစ်နေတယ်။ နောက်ဆုံးတော့ ကယောင်ချောက်ချား ဖြစ်တော့တာပါပဲ။ ဘုရင်ကို နာမည်ခံထားပြီး ရင်ခွင်ပိုက်အဖွဲ့မျိုးအုပ်ချုပ်ဖို့ မင်းသားကြီးကို သဘာပတိခန့်လိုက်တယ်။ ဒါက မင်းဆွေမင်းမျိုးတွေရဲ့ အကျိုးစီးပွားနဲ့ ဆန့်ကျင်နေတယ်။ ရင်ခွင်ပိုက်အဖွဲ့ဝင်တစ်ဦး ဖြစ်နေပေမဲ့ သာယာဝတီမင်းက အဲဒီအစီအစဉ်ကို ပြတ်ပြတ်သားသား ဆန့်ကျင်ပါတယ်။ ဒါကြောင့် မင်းသားကြီးက သာယာဝတီမင်းကို နှုတ်ပိတ်ပစ်ဖို့ အခွင့်အခါကို စောင့်နေတယ်။
ဆက်ပါဦးမယ်။

0 comments:

Post a Comment