Tuesday, December 28, 2021

တမာနုချိန် စစ်တမ်း // မြသန်းတင့်

0 comments
တမာနုချိန် စစ်တမ်း // မြသန်းတင့်အညာသားဖြစ်၍လား မသိ။ ကျွန်တော်သည် နွေဆန်လျှင် အညာကိုလွမ်းတတ်လေသည်။ အညာကိုအလွမ်းဆုံးအချိန်မှာ တပို့တွဲလဆန်းမှ တပို့တွဲလပြည့်ကျော်လောက်အထိ အချိန်ဖြစ်ပါသည်။ တပေါင်းဆိုလျှင် အညာရာသီဥတုသည် ပူလွန်းသည်။ ရှုခင်းက ခြောက်သွေ့ လွန်းသည်။ တံလျှပ်တွေ စူးရဲလွန်းသည်။ တပို့တွဲလဆန်းမှာမူ သိပ်မပူ၊ သိပ်လည်းမချမ်း။ "ဆောင်းကျွတ်လုပြီ။ နွေရာသီလည်း၊ မပီတတ်သေး၊ ဝိုးဝါးထွေးလျက်"နေသော စပ်ကူးမပ်ကူးအချိန်ကလေး။ ထိုအချိန်သည် နွေနတ်သမီးက မြူဇာပဝါပါးကို နေလှမ်းချိန်။ ကျေးငှက်ကိုယ်စားလှယ် အဆင့်ဆင့်တို့၏...

သူ့မယား ( ဇော်ဂျီ )

0 comments
သူ့မယား ( ဇော်ဂျီ )(၁) စျေးသည်မ မဖော့သည် ကိုဆင်၏ မယား ဖြစ်သည်။ မဖော့သည် မြို့သို့တက်၍ ကုန်စိမ်းရောင်းလေ့ရှိရာ နံနက်တိုင်း ဗျပ်ကိုရွက်၍ မြို့သို့ တစ်မိုင်နီးပါးခန့် ခြေကျင်သွားရသည်။ အရောင်းရ တွင်လျှင် စောစော ပြန်လာတတ်၍ အရောင်းရ ထိုင်းလျှင် နေစောင်းမှ ပြန်လာတတ်သည်။ ပြန်လာတိုင်း ချောင်းကိုဖြတ်ကာ ရွာဘက်သို့ ကူးထားသော ဝါးတံတားသို့ ရောက်လျှင် လင်စိတ်၊ သားသမီးစိတ်တို့သည် အလိုလို ပေါ်လာတတ်ကြလေသည်။ မဖော့သည် အရပ် ထောင်ထောင်မောင်းမောင်း ဖြစ်သည်။ ဆံပင်သည် နီကြန်ကြန် ဖြစ်၍ တစ်ထွာသာသာလောက် ရှည်သည်။ သွား အတန်ငယ်...

Monday, December 20, 2021

အညာနဲ့တမာ (နွေထနောင်း၊ ဆောင်းမန်ကျည်း)

0 comments
အညာနဲ့တမာ (နွေထနောင်း၊ ဆောင်းမန်ကျည်း)လူထုဒေါ်အမာတစ်နေ့ကတော့ အောက်အရပ်မှာ နှစ်ပေါင်း ၃၀ လောက် ကြာအောင် သွားနေရတဲ့ ကျွန်မ တူကလေးတစ်ယောက် မန္တလေးကို တစ်ခေါက် ပြန်လာတယ်။ ဒါနဲ့ ကျွန်မက ရောက်တုန်းရောက်ခိုက် အေးအေးလူလူ စကားပြောရအောင် ငါ့အိမ်မှာလည်း ထမင်းစားဦးဟဲ့ဆိုပြီး သူ့ကို ထမင်း ခေါ်ကျွေးတယ်။ သူက စားလိုက်တာ ခေါင်းမဖော်ဘူး၊ ဘာတွေနဲ့ သူစားနေသလဲလို့ ကြည့်လိုက်တော့ ကျွန်မတို့ဆီက ရာသီဟင်း ခရမ်းချဉ်သီး ငါးပိချက်ကို တမာရွက်ပြုတ်နဲ့ တို့မြှုပ်ပြီး စားနေတာကိုး။ ကြက်သား ဟင်းကလေး ချက်ထားတာကို တို့ပုံတောင် မရဘူး။...

Saturday, December 18, 2021

မျိုးဆက်နှင့်စစ်ဘေးဒုက္ခသည်

0 comments
(မျိုးဆက်)ရှေ့မျိုးဆက်ထံမှ ယူစရာ ၂ မျိုးရှိပါသည်။ သင်္ခန်းစာနှင့်နမူနာဖြစ်ပါသည်။ ကျနော်တို့သည် “နောင်မမှားရအောင်” ရှေ့မျိုးဆက်ထံမှ သင်္ခန်းစာယူရပါသည်။ နောင်မမှားရအောင် သင်္ခန်းစာကျကျနနထုတ်ယူဆင်ခြင်ရမည်ဖြစ်သလို “သူတို့လိုမှန်ရအောင်” နမူနာလည်းယူရပါသည်။ သင်္ခန်းစာထုတ်ခြင်းနှင့် နမူနာယူခြင်းမှာ မျိုးဆက်ကွာဟမှု General Gap ကို “စေ့”နိုင်သည်မှန်သော်လည်း အတင်းကာရောဆွဲမစေ့မိဖို့ အရေးကြီးပါသည်။General Gap မှာ ခေတ်တိုင်းတွင်ရှိပါသည်။ ထိတ်လန့်တကြား ဖြစ်စရာမလိုဟု ထင်ပါသည်။ ၂၅...

Thursday, December 16, 2021

ချဉ်ပေါင် လက်ဆောင်နှင့်ထီ

0 comments
(ချဉ်ပေါင်)ကျနော်နေသည့်ဖို့တ်ဝိန်းမြို့လေးတွင် ကြက်သားတပေါင်ကို ၄ ဒေါ်လာမပေးရသောလည်း ချဉ်ပေါင်ရွက်ပေါ်ဦးစ ဆိုလျှင် တပေါင်ကို ၄ ဒေါ်လာခန့်ပေးရပါသည်။ ကန်စွန်းရွက်တပေါင်ဈေးမှာလည်း အမဲသားတပေါင်ဈေးထက် ပိုပါသည်။ အမေ ဒီကိုရောက်စက ထိုအသီးအရွက်ဈေးများကို ဗမာငွေဖြင့်တွက်၍ “ဈေးကြီးလိုက်တာ”ဟု ပြောဖူး ပါသည်။ “အမေ ဗမာငွေနဲ့ တွက်မစားနဲ့။ ဒေါ်လာနဲ့တွက်စား၊ ဒါဆိုကိုက်တယ်”ဟုပြောပြရပါသည်။ နောက်တော့ အမေလည်း နေသားကျသွားပြီး ဘာမှမပြောတော့ပါ။ အမေရိကတွင် ကြက်သား အမဲသားဈေး အလွန်ချိုပါသည်။ ကြက်အကောင်ရေ သိန်းချီမွေးသည့် Farm ကြီးများ...

Wednesday, December 15, 2021

ရဲဘော်ဗဟိန်းအကြောင်း ရဲဘော်ကြင်မောင် ရှင်းလင်းချက်

0 comments
ရဲဘော်ဗဟိန်းအကြောင်းရဲဘော်ကြင်မောင် ရှင်းလင်းချက်စစ်ကိုင်းရဲ့ပထဝီအနေအထားစစ်ကိုင်းဟာ ရှေ့တန်းရောက်နိုင်ငံရေးမြို့ မဟုတ်ခဲ့ဘူး။ဒါပေမဲ့ သူ့မှာ ထူးခြားချက်ရှိတယ်။ဧရာဝတီရဲ့ တံတောင်ဆစ်ကွေ့မှာ တည်ထားတဲ့မြို့ဖြစ်လို့စစ်ကိုင်းအရှေ့ခြမ်းက မန္တလေး၊ အမရပူရနဲ့ အရှေ့အနောက် မျက်နှာချင်းဆိုင်။စစ်ကိုင်းအနောက်ခြမ်းက အင်းဝ၊ တံတားဦးနဲ့ တောင်မြောက် မျက်နှာချင်းဆိုင်။အဲဒီတော့ အရှေ့ခြမ်းက တက်ကြွလှုပ်ရှားသူတွေက ကိုခင်မောင်လေး (ဗိုလ်ခင်မောင်လေး)နဲ့ နီးစပ်ကြတယ်။ အနောက်ခြမ်းကကိုဗဟိန်းနဲ့ နီးစပ်ကြတယ်။ ကျွန်တော်က အနောက်ခြမ်းက။...