Friday, December 26, 2014

၂ဝ၁၄ ခရစ္စမတ်စ်နားမှာရေးဖြစ်တဲ့ တိုနန့်နန့်လေးတွေ ၃ (မျိုးမြင့်ချို)

0 comments
၂ဝ၁၄ ခရစ္စမတ်စ်နားမှာရေးဖြစ်တဲ့ တိုနန့်နန့်လေးတွေ ၃ (မျိုးမြင့်ချို)
 (လူထုနိုင်ငံရေးနဲ့ လူတစုနိုင်ငံရေး)
အောင်ဆန်း ဒေါင်းနင်းလမ်း အမှတ်(၁ဝ)ကိုသွားတုန်းက “လိုတာမရရင် ချဖို့ပြင်ပြီးမှ လာဆွေးနွေးတာ”ဆိုတဲ့ မက်ဆေ့ဂ်ျကို ဗြိတိသျှနန်းရင်းဝန်ကြီးခေါင်းထဲ အရင်ထည့်တယ်။ “တွေ့ပါရစေ မေတ္တာရပ်ခံချက်”နဲ့ မဟုတ်ဘူး။ “ဒုတိယကမ္ဘာစစ်ကြီးကြောင့် ဒီအခြေအနေနဲ့ အခွင့်အလမ်းကို အောင်ဆန်းရခဲ့တာပါကွာ”ဆိုလည်း “ဒီအခြေအနေနဲ့အခွင့်အလမ်းကိုကိုင်ပြီး ဘယ်အချိန်မှာ ဘာလုပ်မယ်ဆိုတဲ့ ပီပြင်ပြတ်သားတဲ့ပိုင်းဖြတ်ချက်နဲ့ဆုံးဖြတ်ချက်ချစွမ်းတဲ့ အရည်အချင်းရှိရုံမက လူထုနိုင်ငံရေးကိုနားလည်ပြီး လူထုအားကိုယုံစားမှုပါထားလို့”ပဲ။ လူထုအားကိုယုံစားမှ လူထုကလည်းကိုးစားတာပါ။
လူထုနိုင်ငံရေးဆိုတာ အနီးဆုံးပြရရင် လက်ပန်းတောင်းပဲ။ လူထုဟာ သူ့ဘဝထဲကအသိနဲ့ လုပ်တယ်ကိုင်တယ်။ ခေါင်းဆောင်ဆိုသူကိုလည်း သူတို့ဘက်က ဘယ်လောက် မားမားမတ်မတ်ရပ်၊ ဘယ်မျှ ဦးဆောင်တိုက်ပွဲဝင်ပေး၊ သူတို့အရေးနဲ့သူတို့ဘဝအတွက် ဘာတွေလုပ်စတဲ့စံတွေနဲ့ချိန်ထိုး အကဲဖြတ်တတ်တယ်။
အဲ့သလိုလူထုဆိုတာ စာတော့ တတ်ချင်မှတတ်ပေလိမ့်မယ်။ ဒါပေမယ့် ခေါင်းဆောင်မှုအကဲဖြတ်ရာမှာတော့ ဘဝအသိနဲ့ရင်းပြီး ”လူထုခေါင်းဆောင်လား လူတစုခေါင်းဆောင်လား”ပါးပါးနပ်နပ် ခွဲခြားတတ်တယ်။
အဲ့သလိုပဲ တပြိုင်တည်းမှာ “လူထုနိုင်ငံရေးနဲ့ လူတစုနိုင်ငံရေး”ဆိုတာ ဘာ လို့ လုပ်ရပ်နဲ့ လက်တွေ့နဲ့ တိုက်ပွဲနဲ့ခွဲခြမ်းပြသေးတယ်။

(ရွှေမန်းကိန်ရင် ဂိန်မယ့်သူ)
ရွှေမန်းအပေါ် တပ်တွင်းထောက်ခံမှု သိသိသာသာကျသွားတယ်လို့ စစ်သားဟောင်းမိတ်ဆွေတယောက်ကပြောတယ်။ အထူးသဖြင့် သားအဖတတွေ စီးပွားရေးလောဘဇောတိုက်လွန်းတာရယ် ခိုင်းတာထက်ပိုပြီး ဒေါ်စုနဲ့ပရောပယီလုပ်လို့ လို့ ဆိုတာလည်းပါတယ်တဲ့။ တချို့တပ်တွေမှာဆို အရာရှိတွေထဲတင်မကဘူး အခြားအဆင့်စစ်သည်တွေထဲမှာပါ ရွှေမန်းသားအဖ လူလည်ကျတဲ့အကြောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေကိုတောင် ကလန်ကဆန်လုပ်တဲ့အကြောင်းတွေ ပြောကြတယ်တဲ့။

ကြံ့ဖွံ့ထဲလည်း ရွှေမန်း+အောင်သောင်းဂိုဏ်းခြေလှမ်းကို
ဌေးဦးတို့အုပ်က ဇက်သပ်လိုက်နိုင်တယ်လို့ကြားတယ်။ ဦးတော့ မချိုးဝံ့ကြသေးဘူး ဆိုတယ်။ ကြပ်ပြေးမင်းကြီး မျက်နှာရိပ်ကြည့်နေရလို့တဲ့။
မင်းကြီးက အောင်သောင်းနဲ့ရွှေမန်း တတွဲတွဲလုပ်တာ သိတ်မကြိုက်ဘူးတဲ့။ ငယ်မွေးခြံပေါက် လက်မရွံ့လက်သုံးတော်ကြီးတွေမို့ လွှတ်တော်မှာအမတ်ချုပ် လုပ်ခိုင်းတာ ကောင်းကောင်းမနေပဲ အာလည်းချောင် တက်ထောင်မောင်းနင်းတွေလည်းလုပ်တယ်လို့ မင်းကြီးက ယူဆသတဲ့။ အောင်သောင်းတော့ အိမ်တော်ပါငယ်ကျွန်ကြီးတွေထဲကမှ လက်ရွေးစင်ကြီးအဖြစ် ခုထိသတ်မှတ်တုန်းတဲ့။ အဲ့ ၂ ကောင် ပူးမထားနဲ့လို့ မိန့်တော်မူသတဲ့။
ဟိုကောင် သမ္မတအလှည့်ပြီးရင် ပါတီပြန်ဥက္ကဌလုပ်တာထက် နားနားနေနေ နေပေ့စေတော့တဲ့။ ရွှေမန်းတော့ ကြည့်ဦးတဲ့။ အချိုးမပြင်ရင် ပါတီဥက္ကဌက ပေးမထွက်နဲ့တဲ့။ ပါတီမှာပဲထားလိုက်တဲ့။ လွှတ်တော်ထဲတောင် ပြန်မဝင်စေနဲ့တဲ့။ လူရွေးနဲ့နေရာချ အထားအသိုမမှန်ရင် ကွဲလိမ့်မယ် သတိထား သေချာလုပ်တဲ့။
ခုပြောတာတွေဟာ ကောလဟလဖြစ်တယ်တို့၊ တိကျခိုင်လုံတဲ့အရင်းအမြစ်မဟုတ်ဘူးတို့ထင်လည်း ထင်ချင်စရာပါ။ ပြောတဲ့သူက ဂျီအီးတပ်က အိုဗာစီယာတပ်ကြပ်ကြီး လူထွက်။ သိန်း ၆ဝ လောက်ပိုက်ပြီး အရပ်ထောင် ၂ နှစ်အကျခံပြီး မဆလခေတ်(၁၉၈ဝ လောက်က)က တပ်ကအထုတ်ခံရပြီး ခုတော့ သူဌေးစာရင်းဝင်နေသူ။
ရွှေတကျပ်သား ၂ ထောင်ဝန်းကျင်ပေါက်တဲ့(၁၉၈ဝ)မဆလခေတ်က သိန်း ၆ဝ ဟာ ဘယ်လောက်မှန်း လူတိုင်းသိမှာပါ။ ခုသူလည်း ဘောင်းဘီချွတ်ရော ဒီမိုကရေစီအတိုက်အခံနိုင်ငံရေးသမားရော နည်းနည်းစီဝယ်ပြီးရင်းထားသူပဲ။ ဟိုတလောကတောင် ဟော်တယ်လ်နိုင်ငံရေးပွဲတပွဲမှာ ဒီမိုကရေစီနံမည်ကြီးတွေနဲ့ တဟဲဟဲလုပ်နေတာတွေ့တယ်။
"၂ဝ၁၅အလွန်ကိုတွက်ပြီး ရွှေမန်းဘက်ကထပ်ထားတဲ့လောင်းကြေးတွေတော့ အကုန်ပါမသွားခင် ပြန်ခွာရမယ့်ကိန်းပဲဗျ"လို့ပြောတာပဲ။

(မ Merry Christmas)

ဓမ္မတေး
ခေါင်းလောင်းသံ
ကောင်းချီးပေးမှုနဲ့
Merry မပါတဲ့
ကျနော့် ဒီက Christmas ဟာ
ဒေါ်ခင်ဝင်းနဲ့အတူ
လက်ပန်းတောင်းမှာ
သွားကျတယ်။
(ကားစီးတဲ့ကြောင်ပါး)

ဇော်ကြီး(သစ်ကောင်းအိမ်)ကဗျာတပုဒ်ထဲမှာ
“တောဝင်သွားတဲ့ကြောင်
တောကြောင်အဖြစ်ပြန်လာခဲ့”ဆိုပြီး တွေ့ဖူးတယ်။

တောကြောင်တွေ မြို့ပြန်ဝင်တော့
သူ ဘယ်လို ဆိုမယ်မသိ။

တောကြောင်အစစ်တွေက
တောမီးအစစ်လောင်မှ
လက်ခမောင်းခတ်ရ
တောမီးကို ကြိဆိုကြ

မြို့ဝင်တောကြောင်တွေက
တောမီးအတုလေးတောင်
လောင်မှာကြောက်သတဲ့
နောက်ကြောင်းပြန်မှာစိုးသတဲ့

တောပျောက်ပြီထင်ရဲ့
တောမှောက်ပြီထင်ရဲ့
မြို့လည်ကောင်
တောအချောက်ခံရပြီထင်ရဲ့

(ကျွန်ဈေး)
ကြည့်ရတာ ၂ဝ၁၅ နီးလာလို့ ရွှေပြည်ကြီးမှာ ကားနဲ့ အိမ်ခြံမြေဈေးကွက် နည်းနည်းငြိမ်သွားပြီး “အမတ်”ဈေးကွက် လှုပ်လာတယ်ထင်တယ်။ တချို့လည်း အမတ်ဟောင်းတွေထုတ်ရောင်း အမတ်သစ်တွေဝယ်လှောင်၊ ကြိုပွိုင့်တွေဘာတွေပေး၊ အလဲအထပ်လုပ်၊ ခွပ်လက်ကြည့်ဈေးဖြတ်နဲ့တဲ့ဗျ။ ကျနော်တော့ သိတ်နားမလည်ဘူး “အမတ်ဈေးကွက်”အကြောင်း။
မဆလခေတ်တုန်းကတော့ ဗမာပြည်ရဲ့ ဆီဈေး ပဲဈေးစတာတွေကို ညနေညနေဆို ၁၉ လမ်းထိပ်က ခွေးခြေပုလေးတွေမှာ ဘောင်းဘီတိုပွပွ စွပ်ကျယ်လက်ပြတ်နဲ့ ရေနွေးခွက်ကလေးတွေကိုင်လို့ ထိုင်ကြတဲ့ ဂန္ဓာလရာဇ်နွယ်ဖွားကြီးတွေကသတ်မှတ်ကြသလို ခု အမတ်ဈေးကွက်ကြတော့ စစ်ခရိုနီတွေကသတ်မှတ်ကြဆိုပဲ။

ခရိုနီတွေလုပ်နေပုံက
“အမတ်”များ ဘောသမားကြနေတာပဲ၊
“အမတ်”များ ဟင်းရွက်ကန်စွန်းကြနေတာပဲ၊
“အမတ်”များ “အမှိုက်”သရိုက်ကြနေတာပဲ ရောင်းဝယ်ဖေါက်ကားနေကြတာ။

(အမျိုးသားရေးအလံ)
မဘသ သင်္ကန်းခြုံတစ်ယောက်က အမေရိကန်အလံဒီဇိုင်းနဲ့ချုပ်တဲ့ အပြင်ဝတ်ဘောင်းဘီတိုဝတ်ထားတဲ့ အမေရိကန်နေဗမာပြည်သားတယောက်ပုံကိုပြပြီး “တကာတို့လည်း သူများနိုင်ငံမှာနေကြတာ အချင်းချင်းလည်း သတိလေးဘာလေးပေးကြ၊ တော်ကြာနေ တရားစွဲခံရတာကနောက်မှ ဝိုင်းရိုက်ခံရမှ ဟုတ်ပေ့တွေဖြစ်ကုန်ဦးမယ်”တဲ့ဗျာ။ ကျနော်လည်း ဒီလောက် အသိညာဏ်နုံ့နဲ့ ဗဟုသုတခေါင်းပါးတဲ့လူ့အန္ဓတွေမို့သာ ဒီ အမျိုးဘာသာ သာသနာခေါင်းစဉ်နဲ့ ၉၆၉ ဂိုဏ်းထောင် မဘသအမည်ပြောင်းအကြမ်းဖက်လှုပ်ရှားမှုကြီးကို ဦးဆောင်နိုင်ပေတာပဲလို့ တွေးမိတာပါပဲ။ (မှတ်ချက် သူရိုက်တဲ့ ဗမာစာကို ခင်ဗျားတို့ နားလည်မှာမဟုတ်လို့ ကိုယ့်ဘာသာအဆင်ပြေအောင်ပြန်ရိုက်ပေးတာတော့ ဝန်ခံပါတယ်)

၂ဝ၁၄ ခရစ္စမတ်စ်နားမှာရေးဖြစ်တဲ့ တိုနန့်နန့်လေးတွေ ၂(မျိုးမြင့်ချို)

0 comments
၂ဝ၁၄ ခရစ္စမတ်စ်နားမှာရေးဖြစ်တဲ့ တိုနန့်နန့်လေးတွေ ၂(မျိုးမြင့်ချို)

တရုတ်ကြောက် အလုပ်ပေးတရား (မျိုးမြင့်ချို)
ဗိုလ်အောင်မင်းက “တပည့်တော်တို့လည်း တရုတ်ကို ကြောက်ရပါတယ် ဘုရား”ဆိုတာ အလကားပြောတာမဟုတ်ပါ။
ခဲတလုံးနဲ့ ငှက် ၂ ကောင် ပစ်တာ။ ၂ ကောင်လုံး ထိကြတယ်မှတ်တယ်။ ထိတာခြင်းအတူတူ တကယ်အထိနာတာက ကျနော်တို့ပဲ။ အနောက်အုပ်စုက နာချင်ယောင်ပြပြီး လှလှပပ အမြတ်ထုတ်သွားနိုင်တယ်။ အနောက်အုပ်စု ဘယ်ပုံ အမြတ်ထုတ်ကတော့ မြစ်ဆုံခနဆိုင်းအပြီးနောက်ပိုင်းကစ အိုဘားမှား ၂ ကြိမ်လာနဲ့ အိမ်ဖြူတော်ထိ သိန်းစိန်ပင့်ပြီး ကျောသပ်ရင်သပ် လုပ်ပေးတာတွေကြည့်ရုံနဲ့ သိသာတယ်။ အထူးပြောစရာ မရှိပါ။
ကျနော်တို့ ဘယ်လို အထိနာကြသလဲ။ ဒီနေရာမှာ “ကျနော်တို့”ဆိုတာ “စစ်အုပ်စုဘက်သား မဟုတ်သူ မှန်သမျှ” ဖြစ်ပါတယ်။
ဗိုလ်အောင်မင်း စကားထွက်လာပြီး မကြာဘူး ကျနော်တို့ဘက်ကလူတွေမှာ တုန့်ပြန်သံ ၂ မျိုးထွက်လာတာ သတိထားမိတယ်။ တမျိုးက (နိုင်ငံရေးအရဆန့်ကျင်သံပါပေမယ့်) စစ်အုပ်စုပရိယာယ်ကိုလျှော့တွက်ပြီး လက်တွေ့အရ “ပြည်တွင်းပြည်ပ တရုတ်လူမျိုး ဆန့်ကျင်ရေး”ဖန်တီးမှု။ ကြွေးကြော်သံက “ကြောက်ရင် မင်းတို့ထွက်ပေး တို့ဘာသာချမယ်”။
နောက်တမျိုးက (ပြည်ပစီးပိုးမှုဆန့်ကျင်သံပါပေမယ့်) စစ်အုပ်စုကိုမျက်စပြစ်ပြီး လက်တွေ့အရ “ပြည်တွင်းနေတရုတ်တွေနဲ့ ပြည်မကြီးတရုတ်အစိုးရဆန့်ကျင်ရေး” ဖန်တီးမှု။ ကြွေးကြော်သံက “ဘာမှ မကြောက်နဲ့ တို့ရှိတယ်။ တို့အတူ လက်တွဲချကြမယ်”။
စစ်အုပ်စုဘက်ကပြန်ကြည့်တော့ သူ ဖန်တီးလိုက်တဲ့အာဘော် ကျနော်တို့ကြားထဲ ဘယ်လောက် “ကျ”ကို ချင့်တွက်လို့ရသွားတယ်။ ၂ ခုလုံးကို စစ်အုပ်စုကြိုက်ပါတယ်။ ပထမတခုမှာ “မင်းတို့ကို ဖြုတ်ချမယ်”ပါရင်တော့ အကြိုက်ပြောင်းနိုင်တယ်။ ဒုတိယတခုမှာ “ကိုယ့်ဘာသာ ချ”လို့ဆိုရင် အကြိုက်ပြောင်းနိုင်ပါတယ်။
တုန့်ပြန်ချက် ၂ ခု လုံးက သူတို့လိုချင်တဲ့အဖြေမို့ ဘယ်လောက်အထိ ကြေနပ်သလဲလို့ပြောရရင် အောင်မင်း မူးမူးရူးရူးနဲ့ ”ပြည်တွင်းစစ်မှာ အချင်းချင်းပြန်သတ်လို့ရတဲ့ဘွဲ့တံဆိပ်တွေ”လို့ပြောတဲ့ အပြောကို သေနတ်နဲ့ဗိုလ်တွေ ယမ်းပုံမီးကျပေမယ့် တောင်းပန်စာလေးထုတ်ခိုင်းပြီး ပွဲဖြတ် လိုက်တာအမြင်ပါ။ “တရုတ်ကြောက်”စကားသာ မပြောထားမိလို့ကတော့ ဗိုလ်အောင်မင်းဘဝ ခုလောက်ရှိ ခြေသုတ်ပုဆိုးဖြစ်တာကြာပြီ။
ဒီနေရာမှာ တွေးစရာက စစ်အုပ်စု တရုတ်ကို တကယ်ကြောက်/မကြောက်ပါ။ စစ်အုပ်စု ဘယ်သူ့မှမကြောက်ပါ။ “မကြောက်”လို့ဆိုတာ “သတ္တိရှိတယ်”လို့ဆိုတာမဟုတ်ပဲ “မိုက်မိုက်ကန်ကန်း”အကုန်လုပ်ဝံ့တယ်လို့ ပြောတာပါ။ ကိုယ်ကျိုးစီးပွားကာကွယ်ဖို့ဆို တရုပ်မှမဟုတ် စကြာဝတေးမင်းလည်း(ရှိတယ်ဆို) အရေးမလုပ်ပါ။
ဒါဆို မကြောက်ပဲနဲ့ ဘာလို့ကြောက်တယ်ပြောရသလဲဆို ကြောက်ဟန်ဆောင်ပြပြီး ကျနော်တို့ဘက်က ဘာသံထွက်လာမလဲအတွေးနဲ့ နိုင်ငံရေးအရ အာဘော်ဖန်တီးကြည့်တာပါ။ အနောက်အုပ်စု ဘယ်လောက် သူတို့ဘက်က မဲတင်းပေးမလဲ မျက်စပြစ်တာပါ။
ကျနော်တို့ဘက်ကနေတော့ ရာနှုန်းပြည့်မဟုတ်တောင် သူတို့ အတော်ကြီးရလိုက်ပါတယ်။ အနောက်ဖက်နဲ့တော့ နှမ်းထွက်မကိုက်လိုက်ပါ။ တရုတ်နဲ့“လက်သိတ်ထိုး”နေတာတွေ “အောက်ရေတိုး”နေတာတွေ အန်ကယ်လ်ဆမ်ကြီးသိပါတယ်။ “စစ်ရေးအရတော့ မပေါင်းသေးဘူး” ဆိုပြီး ကိုယ်ရှိန်ပြန်သတ်သွားတာတွေ့မှာပါ။
ကျနော်တို့ ပြောကြတယ်မဟုတ်လား “နိုင်ငံရေးမှာ ကိုယ်က ဘာမှမလုပ်နိုင်သေးရင်တောင် အနည်းဆုံး သူ့ကို အလုပ်တော့ပေးထားရမယ်”ဆိုပြီး။

ခု သူက ကျနော်တို့ကို ပေးထားတဲ့အလုပ်တွေမှာ “တပည့်တော်တို့လည်း တရုတ်ကိုကြောက်ရပါတယ်ဘုရား”လည်း ပါ ပါတယ်။
သတိရှိကြဖို့ပါပဲ။
အလုပ် မများမိကြဖို့ပါပဲ။

(ပစ်မှတ်ရွှေ့ပေးခြင်း)

စစ်အုပ်စုအကွက်ချတဲ့“ပစ်မှတ်ရွှေ့ပွဲ”ဟာ ထိုက်သလောက် ထိရောက်လာတာတွေ့ရတယ်။
ခုဆို မြားဦးဟာ “လက်ဝါးကြီးအုပ်စစ်ဗျူရိုကရက်အရင်းရှင်စနစ်ဆန့်ကျင်ရေး”ကနေ၊
“စစ်အကျိုးစီးပွား ဦးပိုင်ဆန့်ကျင်ရေး”ကနေ၊
“စစ်အာဏာရှင်ဆန့်ကျင်ရေး“ကနေ၊
“စစ်အစိုးရဆန့်ကျင်ရေးကနေ”
ဝမ်ပေါင်ဘက် တဖြည်းဖြည်းလည်လာပြီ။
တရုတ်ခရိုနီ တရုပ်အရင်းရှင်ဝမ်ပေါင်ရဲ့နိုင်လိုမင်းထက်ကျမှု စီးပိုးမှုတွေကို “ဦးပိုင်”ကိုဆန့်ကျင်သလို အပြတ်ဆန့်ကျင်ရမှာပဲ။
အဲ့ဒါတွေကြားမှာ ရည်ရွယ်ချက်ပါပါ ညှပ်ပြီး“တရုတ်လူမျိုးဆန့်ကျင်ရေး”တွေပါလာတာ သတိထားမိတယ်။

စစ်အုပ်စုရဲ့ လက်သည်မျက်ချေဖြတ်ရေးဗျူဟာ
ရုပ်လုံး နည်းနည်းပေါ်လာနေတာ တွေ့ရပါတယ်။ ဒီဗျူဟာမှာ စစ်တပ်လက်ရှောင်ပြီး
ရဲနဲ့ “တည်”ပေးထားတာကိုလည်း သတိထားကြဖို့ပါ။ ရဲဟာ စစ်အုပ်စုအမိန့်ကို အကောင်အထည်ကူဖော်ပေးရတဲ့ သေနတ်ကိုင်ရုပ်သေးတွေပါ။ အစိုးရအမိန့်မပေးရင် ရဲသေနတ်က ကျည်ထွက်ဖို့မပြောနဲ့ လက်ထဲကနံပတ်တုတ်တောင် မရွယ်ဝံ့မမြှောက်ဝံ့ပါ။
“တရုတ်စီးပိုးမှု”ကို ကျနော်တို့ခင်ဗျားတို့ဆန့်ကျင်သလို စစ်အုပ်စုကဆန့်ကျင်လိမ့်မယ်လို့ မထင်ကြစေချင်ပါ။ ဒီလောက် ကျားကုပ်ကျားခဲကာကွယ်နေတာကိုက ”ဦးပိုင်”အမည်ခံ စစ်စီးပွားကြီးကြောင့်မို့သာပဲ။ ကျနော်တို့ဘက်က မြစ်ဆုံကိစ္စမှာ လူထု၊ အနုပညာရှင်၊ နိုင်ငံရေးပါတီ၊ လက်နက်ကိုင်တော်လှန်ရေးအင်အားစုအားလုံး တခဲနက်ပါသလို ပါမှပဲ လက်ပန်းတောင်းပွဲက ပြတ်မှာပါ။ ဒါတောင် မြစ်ဆုံက “ပွဲသိမ်း”ပြီလို့ ယတိပြတ် မပြောနိုင်သေးပါ။
ကျောက်ဖြူ-ကူမင်း ဂက်စ်ပိုက်လိုင်းကိစ္စမှာ အင်န်ဂျီအိုတချို့၊ ပိုက်လိုင်းတလျှောက်က ဒေသခံတချို့၊ ရခိုင်အမျိုးသားများထဲက တရုတ်စီးပိုးမှုကိုမှန်မှန်ကန်ကန်မြင် တိတိကျကျ အကဲဖြတ်နိုင်သူတချို့လောက်သာပါခဲ့တော့ ဘာမှမထိရောက်ခဲ့ပါ။

လက်ပန်းတောင်းကိစ္စကို မြစ်ဆုံလို ကျနော်တို့အကုန် ပါနိုင်မှဖြစ်မှာပါ။
၂ ခုလုံးဟာ စစ်အုပ်စုအကျိုးစီးပွားကြီးတွေလို့မြင်မှ ရမှာပါ။
အဲ့ဒါကြီးတွေဖျက်နိုင်မှ တရုတ်စီးပိုးမှုရော စစ်ကြီးစိုးမှုရောချည့်နဲ့မှာပါ။
ဧရာဝတီဟာ လူတိုင်းနဲ့ဆိုင်သလို လက်ပန်းတောင်းတောင်ဟာလည်း လူတိုင်းပိုင်ပါတယ်။

ဦးပိုင် မပိုင်ပါ။ ဝမ်ပေါင် မပိုင်ပါ။
ကျနော်တို့ မြားဦးတွေကို လက်ဝါးကြီအုပ်စစ်ဗျူရိုကရက်အရင်းရှင်တွေဘက် တည့်တည့်ချိန်ထားကြပါ။

(ရွံဖို့ကောင်းတဲ့ ဖြောင့်ဖြောင့်ကြီး)
လက်ပန်းတောင်းမှာ ဒေါ်ခင်ဝင်း ပစ်အသတ်မခံရခင်မှာပဲ ဖြောင့်ဖြောင့်ကြီးဆီက မြေယာပြဿနာတွေဖြေရှင်းပေးရမယ်ဆိုတဲ့အသံ ထုတ်လိုက်တယ်။ ဒါ တိုက်ဆိုင်မှုလို့ မြင်တယ်ဆို ကျနော်လည်း “သမ္မတကြီးကိုယုံတယ်” ဆိုသူတွေထဲပါမယ်။ ခုတော့ သမ္မတကြီးလည်းမယုံ၊ သမ္မတကြီးကိုယုံတယ်ဆိုသူတွေကိုလည်း မယုံ။ ဖြောင့်ဖြောင့်ကြီးတော့ မယုံရုံတင်မက ရွံပါရွံတယ်။


(မြေလုပွဲ၊ ပဋိပက္ခ၊ အဓိကရုဏ်း ဘာနဲ့မှ ကူမဖုံးကြနဲ့)
လက်ပန်းတောင်းအရေးဟာ “မြေလုပွဲ”မဟုတ်ဘူး။

မြစ်ဝကျွန်းပေါ်လိုအရပ်တွေမှာ မြစ်ရေကျလို့ “မြေနုကျွန်း”ပေါ်တဲ့အခါ တုတ်တပြက်ဓါးတပြက်နဲ့ တဘက်နဲ့တဘက် တရွာ့တရွာလုကြသလိုလုတာ မဟုတ်ဘူး။
ဒါ မြေနုကျွန်းလုသလို မြေလုပွဲမဟုတ်ဘူး။
မြေနုကျွန်းဆိုတာ ဘယ်သူမှ တသက်စာမပိုင်ဘူး။ မြစ်ကြောင်းနဲ့မြစ်ရေစီးအခြေအနေအရ မြေနုကျွန်းဆိုတာ သူ ပေါ်ချင်တဲ့ဘက် သွားပေါ်တာပဲ။ ကိုယ့်ဘက် လာပေါ်တဲ့နှစ် ကိုယ်ပိုင်တဲ့နှစ်ပဲ။ ကိုယ် ထွက်ယက်စိုက်ပျိုးရုံပဲ။ အဲ့သလိုမဟုတ်တဲ့အခါ “မြေနုကျွန်း”လုတဲ့ “မြေလုပွဲ”ဖြစ်တာမျိုးပဲ။
လက်ပန်းတောင်းအရေးဟာ တသက်လုံး ဘိုးစဉ်ဘောင်ဆက် မြေကန္တာရနဲ့ဘဝကန္တာရကို ခုတ်ထွင်ရှင်းလင်းပြီး ဓားမဦးချတည်ဆောက်လာရကြတဲ့ တောင်သူယာလုပ်ဓါးမခုတ်တွေရဲ့ ဘဝကို အသက်ကို စစ်တပ်ထောင်ပြီး တဖက်သတ်အနိုင်ကျင့်လုယက်သတ်ဖြတ်တဲ့ နိုင်ငံတော်အကြမ်းဖက်မှုပဲ။
တောင်သူယာလုပ်တွေအတွက် မြေဟာ ဘဝပဲ၊ မြေဟာ အသက်ပဲ၊ မြေဆုံးရှူံးသွားတယ်ဆိုတာ ဘဝတွေ အသက်တွေ မျှော်လင့်ချက်တွေ အနာဂတ်တွေဆုံးရှူံးသွားတာပဲ။ တဘက်သတ် အကြမ်းဖက်လုယက်ဖျက်ဆီးခံရတဲ့ သူတို့ဘဝ သူတို့အသက် သူတို့မျှော်လင့်ချက် သူတို့အနာဂတ်အတွက် အသက်ပေးပြီး ခုခံကာကွယ်ရတာပဲ။

“မြေလုပွဲ”လို့မသုံးနဲ့ ဒါ မြေလုပွဲမဟုတ်ဘူး။
“ပဋိပက္ခ”လို့မပြောနဲ့ ဒါ ပဋိပက္ခမဟုတ်ဘူး။
“အဓိကရုဏ်း”လို့ မဖေါ့နဲ့ ဒါ အဓိကရုဏ်းမဟုတ်ဘူး။
ဒါ နိုင်ငံတော်အဆင့်က စနစ်တကျကျူးလွန်တဲ့ အကြမ်းဖက်လုယက်သတ်ဖြတ်မှုပဲ။

(ပူပူပင်ပင် ပူတင်)
ရုရှသမ္မတဗလာဒီမာပူတင်နဲ့ ဝန်ကြီးချုပ် Dmitry Medvedev တို့ကတော့ တက်ညီလက်ညီလှော်ကြပါပြီ။ ရုရှားဆိုရှယ်လစ်ပုံစံနဲ့ ဆိုဗီယက်ယူနီယံပြိုပြီးကတည်းက ယဲ့လ်ဆင်တခေတ်လုံး ကုန်းကောက်စရာမရှိအောင်ကျသွားတဲ့ ရုရှားအမျိုးသားရေးဝါဒကို ဇန်းတင်ဖို့နဲ့တွန်းတင်ဖို့ အမေရိကန်ရဲ့ပိတ်ဆို့မှုကို ကျကျနနသုံးရမယ့်အခွင့်အလမ်းအဖြစ် ကိုင်ကစားနေသလိုပဲ။
ကရိုင်းမီးယားကိစ္စပူတင်ဆုံးဖြတ်ချက်နောက်မှာ သူ့ လက်ဝဲလက်ယာနိုင်ငံရေးရန်သူတွေတောင် သူနဲ့အတူ ကျောခြင်းကပ်နေတာလည်း ထူးခြားနေတယ်။ အမေရိကန်လိုလားပေမယ့် စီးပွားရေးပိတ်ဆို့မှုကိုတော့ ခါးခါးသီးသီးဖြစ်နေတဲ့အသံတွေလည်းထွက်တယ်။ ပူတင့်အစိုးရကလည်း လူထုအမြင်မှာရော ပါတီတွင်းမှာရော ရုရှားစီးပွားပျက်ရင် ရုရှားအမျိုးသားရေးဂုဏ်သိက္ခာကို ထိပါးမယ်။ ဒါ့ကြောင့် အမေရိကန်က ရုရှားအမျိုးသားရေးဂုဏ်သိက္ခာထိခိုက်စေဖို့ရည်ရွယ်ချက်နဲ့ စီးပွားရေးပိတ်ဆို့တာဖြစ်တယ်။ အခုတောင် အမေရိကန်လုပ်လို့ တမဟုတ်ချင်း ရူဘယ်လ်ငွေဈေးတွေထိုးကျပြီး မနက်ဖြန်ပဲတိုင်းပြည်ကြီးပျက်တော့မယောင် သာသာထိုးထိုးလေးတွေလုပ်လာတယ်။
ဒီနေရာမှ ဗမာပြည်က စစ်အုပ်စုနဲ့တော့ ပြောင်းပြန်ကွာတယ်။ စစ်အုပ်စုဗျူဟာက တဘက်ကနေစီးပွားရေးပိတ်ဆို့တာတို့မမှုပါ တွင်တွင်အော်ပြီး အခြားတဘက်မှာတော့ အမေရိကန်နဲ့အလွမ်းသင့်ဖို့ ကြိတ်ဖန်တီးတာမျိုး။ မျက်စပြစ်ပြစ်ပြတာမျိုး။ ရုရှားက အမေရိကန်လုပ်လို့ တို့တော့ဘဝပျက်စပြုပြီ၊ ဒီအတိုင်းဆိုတိုင်းပြည်ကြီးပျက်တော့မှာပဲ၊ ရုရှားအမျိုးသားရေးဂုဏ်သိက္ခာတွေအထိပါးခံနေရပြီ စတာတွေဝါဒဖြန့်ပြီး တရုတ် အိန္ဒိယစတာတွေနဲ့ လက်မြဲမြဲတွဲ စစ်ရေးစီးပွားရေးဆက်ဆံမှုတွေတိုးချဲ့တည်ဆောက်တယ်။ တပြိုင်တည်းမှာ အာဖရိက၊ လက်တင်အမေရိကနိုင်ငံတွေနဲ့လည်း အလွမ်းသင့်အောင်နေတယ်။ ပြည်တွင်းနဲ့ပါတီတွင်းမှာလည်း ဇာတ်ပိုနာအောင် ငိုချင်းရှည်ရှည်ချတယ်။
ဇိုင်ရင်နော့စကီးတို့လို အမျိုးသားရေးဝါဒီလက်ယာစွန်းသမားတွေရော ကွန်မြူနစ်ဟောင်းတွေရော အလယ်အလတ်လစ်ဘရယ်လ်ဝါဒီတွေရော ရုရှားစစ်တပ်ကရော ပူတင့်လုပ်ဟန်နဲ့မူကို လွှတ်ကြိုက်နေတာ ကြိတ်ကြိုက်နေတာတွေသတိထားမိတယ်။ တချို့ ထုတ်မပြောတာပဲရှိတာ။ ကရိုင်းမီးယားဝင်သိမ်းတာအကြောင်းပြုပြီး ရုရှားကိုပိတ်ဆို့မှုလုပ်လိုက်လို့ နဂိုကမှ ညီညီးထနေတဲ့ ရုရှားအမျိုးသားရေးဝါဒ ဟုန်းဟုန်းတောက်လာတာလည်း မြင်နေရတယ်။

ရေရှည်မှာ ပိတ်ဆို့မှုကြောင့် ဘာတွေဖြစ်မယ်မဆိုသာပေမယ့် ကျူးဘားလို လက်တောက်လောက်နိုင်ငံတောင် နှစ် ၅ဝ ကျော်တောင့်ခံနိုင်တဲ့ သာဓကလည်းရှိတယ်။
ပူတင်ဟာ ကေဂျီဘီထိပ်သီးတယောက်ဖြစ်ခဲ့သူဆိုတာကို မေ့ထားလို့တော့ မဖြစ်ဘူးမှတ်တာပဲ။

(အရင်လောက်ဆို အရင်လို)

အရင်ကလောက်ပဲ
ဒီမိုကရေစီ ပါ

အရင်ကလောက်ပဲ
လူ့အခွင့်အရေး ပါ

အရင်ကလောက်ပဲ
ဒို့အရေး ပါ

ဒီ့ထက်ပိုမသိ
ကိစ္စမရှိပါ

အရင်ကလိုပဲ
ပြည်သူဘက်ကရှိ

အရင်ကလိုပဲ
ဖိနှိပ်သူဆန့်ကျင်

အရင်ကလိုပဲ
ခေါင်းဆောင်တင်မယ်
ခေါင်းဆောင်ထင်မယ်

၂ဝ၁၄ ခရစ္စမတ်စ်နားမှာရေးဖြစ်တဲ့ တိုနန့်နန့်လေးတွေ ၁ (မျိုးမြင့်ချို)

0 comments
၂ဝ၁၄ ခရစ္စမတ်စ်နားမှာရေးဖြစ်တဲ့ တိုနန့်နန့်လေးတွေ ၁ (မျိုးမြင့်ချို)
(ကျော်စွာဝင်းတွေ မာပါစေ)
ခု ၄၃၆ ပြင်ရေးလက်မှတ်ထိုးလို့ ထောင်ကျသွားတဲ့ဗိုလ်လေးက ကျော်စွာဝင်းတဲ့။ ဗိုလ်နေဝင်းကို လက်စတုံးဖို့ ပထမဆုံးကြံစည်သူက ကျော်စွာမြင့်ပဲ။ အုန်းကျော်မြင့်တို့ဘာတို့က နောက်မှ။ ဗိုလ်ကျော်စွာမြင့်အကြာင်း ထုတ်ထုတ်ထည်ထည်နဲ့သာမဖတ်ဖူးတာ ဦးကြည်ဆွေရေးတဲ့အထဲ ဦးသောင်းရေးတဲ့အထဲ ဟိုလူဒီလူတွေရေးတဲ့အထဲ ထုံ့ပိုင်းထုံ့ပိုင်းလေးတွေ အစအနလေးတွေတော့ တွေ့ဖူးတာပါပဲ။ ဗိုလ်ကျော်စွာမြင့်အကြောင်း သိသူတွေ လက်လှမ်းမီသူတွေကို မေတ္တာရပ်ခံတောင်းပန်ပါတယ် ကျနော်အပါအဝင် သိလိုသူတွေအတွက်ရော သမိုင်းမှန်ကူကွက်တကွက်ကိုဖြည့်တဲ့အနေနဲ့ ရေးကြပြောကြပါခင်ဗျား။ ဖတ်ပါရစေ။
ခု ဗိုလ်ကျော်စွာဝင်းကိစ္စပေါ်လာပြီ။ စစ်တပ်ထဲမှာ ၄၃၆ လက်မှတ်မထိုးရဘူးလို့ အမိန့်ထုတ်ထားတဲ့ကြားက ဗြောင်ထွက်ထိုးတာ သူပဲရှိမယ်မှတ်တယ်။ ကျနော့်အနေနဲ့ကတော့ လူထုဘက်ကရပ်တည်လိုတဲ့သူ့ဆန္ဒနဲ့သတ္တိကို အသိအမှတ်ပြုသလို တန်ဖိုးထားလေးစားကြောင်းပြောပါတယ်။
လက်ရှိ စစ်အုပ်စုအသုံးတော်ခံ တလက်ကိုင်ဗမာ့တပ်မတော်ထဲမှာ ကျော်စွာဝင်းဟာ တစ်ယောက်တည်းတော့ မဟုတ်ဘူး။ ကျော်စွာဝင်းတွေ အများကြီးရှိနေသေးတယ်။ ကျန်တဲ့ကျော်စွာဝင်းတွေ ဒီကျော်စွာဝင်းလို မတရားတဲ့အမိန့်အာဏာကို ပြောင်ပြောင်တင်းတင်းဖီဆန်တွန်းလှန်ကြဖို့ ကျနော်တို့စွမ်းသမျှဖေးမတာ ကူညီတာ အားပေးတာ ဝန်းရံတာတွေလုပ်ကြဖို့ပါပဲ။

ကျော်စွာဝင်းတွေ များသထက်များလေလေ ဗမာစစ်အုပ်စုတလက်ကိုင်ကြေးစားတပ်အဖြစ်ကနေ
ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်အဖြစ်
ကမ္ဘာ့အလည်မှာ ထည်ထည်ဝါဝါမြင်ရဖို့နီးလေလေဖြစ်မှာပါ။
တပ်ပြုပြင်ရေး Army Reform ဆိုတာ စစ်တပ်ကစရမှာမဟုတ်ပေမယ့် စစ်တပ်ကိုပြုပြင်ရမှာဖြစ်လို့ အစပိုင်းကတည်းက လူထုနဲ့အတူစစ်တပ်ပါဖို့လိုပါတယ်။
ကျော်စွာဝင်းတွေ ပါမှဖြစ်ပါမယ်။

(ဒေါ်ခင်ဝင်းကိုမှန်တဲ့ကျည်)
လမ်းချော်အောင် လုပ်နေတာတွေ သိသာလာတယ်။ လက်ပန်းတောင်းအရေးဟာ လူတင်ပါလို့နွားကျားကိုက်တာပါ။ ဦးပိုင်(လက်ဝါးကြီးအုပ် စစ်အရင်းရှင်ကြီး)ပါလို့ ဝမ်ပေါင် လာတာပါ။
စစ်အုပ်စုအကျိုးစီးပွားမို့ ခုလောက် မိုက်မိုက်မဲမဲ ကျားကုပ်ကျားခဲကာကွယ်တာပါ။ ဝမ်ပေါင်ဆိုတာလည်း တရုပ်အရင်းရှင်များရဲ့ဓနဥစ္စာနဲ့အကျိုးစီးပွားပါ။ သာမန်တရုတ်တွေဟာ ဝမ်ပေါင်ရဲ့အခစားအလုပ်သမားတွေပါ။
တရုတ်ပြည်က အခြေခံလူတန်းစားကျောမွဲ တရုတ်ပြည်သူတွေဟာလည်း လက်ပန်းတောင်းပြည်သူတွေလို “နင်းပြား”တွေပါ။ ကျနော်တို့ ခင်ဗျားတို့လို အဖိနှိပ်ခံတွေပါ။ တရုတ်ပြုပြင်ပြောင်းလဲရေးမှာ အကျိုးစီးပွားဖြစ်ထွန်းကြ၊ အကြီးအကျယ် ခံစားသုံးဆောင်ခွင့်ရကြသူတွေထဲမှာ တရုတ်လယ်သမားဆင်းရဲသားတွေ မပါပါ။
ကွန်မြူနစ်တဖြစ်လဲ အရင်းရှင်ကြီးများ၊ တရုတ်အစိုးရနဲ့ အမြီးစားဘက်ခေါင်းစားဘက် ဓနရှင်ကြီးများ ခရိုနီကြီးများသာကြီးပွားကုန်ကြတာပါ။ ဝမ်ပေါင်ဟာ အဲ့ဒါတွေထဲကတခုပါ။ တရုတ်တောင်သူတွေထဲမှာလည်း လက်ပန်းတောင်းပြည်သူတွေလို လယ်သိမ်းယာသိမ်းမြေသိမ်း ဘဝသိမ်း အသိမ်းခံရသူတွေ မနည်းလှပါ။ ကျနော်တို့အနေနဲ့ စစ်အုပ်စုလက်ဝါးကြီးအုပ် အရင်းရှင်စနစ်ကို၊ စစ်ဗျူရိုကရေစီယန္တယားကို၊ စစ်အစိုးရကို ဖြိုချဖျက်ဆီးဖယ်ရှားရင်း တရုပ်ခရိုနီဝမ်ပေါင်ကိုလည်း နိုင်ငံတကာစံနှုန်းနဲ့အညီရင်းနှီးမျြုပ်နှံတဲ့ နိုင်ငံခြားကုမ္ဗဏီမဖြစ်မချင်း တိုက်ပွဲဝင်အရေးဆိုရမှာပါ။
တိုက်ရမှာက လက်သည်ရင်း စစ်အာဏာရှင်၊ စစ်အစိုးရ၊ စစ်ဗျူရိုကရေစီယန္တယား စတာတွေအားလုံးကို ကိုယ်စားပြုထားတဲ့ “လက်ဝါးကြီးအုပ်စစ်အရင်းရှင်စနစ်“နဲ့ “တရုတ် ဖိနှိပ်သူအစိုးရရဲ့ခရိုနီဝမ်ပေါင်”ဖြစ်ပါတယ်။ ဗမာပြည်မှာနေကြတဲ့တရုတ်လူမျိုးတွေနဲ့ တရုတ်ပြည်ကအဖိနှိပ်ခံ ဘဝတူတရုတ်လူမျိုးတွေကို”မဟုတ်ပါ။
လက်ပန်းတောင်း ဝမ်ပေါင်ကြေးနီစီမံကိန်းအကြောင်းပြုပြီး တရုတ်လူမျိုးဆန့်ကျင်ရေးလှိုင်းကြီး သိသိသာသာထိုးတင်နေတာ ကောင်းတဲ့လက္ခဏာနဲ့ သွေးရိုးသားရိုးကိစ္စလို့မမြင်ပါ။ ပြည်တွင်းနေ တရုတ်အမျိုးသားတွေဘက်ကို အကြမ်းဖက်မြားဦးလှည့်မယ်ဆို လုယက်သတ်ဖြတ် သွေးထွက်သံယိုမှုတွေ၊ စိတ်လက်မချမ်းမြေ့စရာပဋိပက္ခတွေ၊ ပြည်သူ့အကျိုးစီးပွားပျက်တာတွေပဲ အဖတ်တင်ပြီး စစ်အုပ်စုကတော့ အမြတ်ထွက်ပြီးရင်း ထွက်မှာပါ။
လက်ပန်းတောင်းနဲ့မြစ်ဆုံဟာ အချိန်မရွေး မီးပွားချပေးပြီး ထပေါက်ခိုင်းလို့ရတဲ့ ယမ်းပုံကြီးတွေပါ။ စစ်အုပ်စု “မွှေး”ခဲ့တဲ့ မွှေးထားတဲ့ “မီး”တွေပါ။
ကျနော်တို့ “တည်”ပြီး “တိုက်”ရမှာက စစ်ဗျူရိုကရက်လက်ဝါးကြီးအုပ်အရင်းရှင်စနစ်ပါ။
ဒေါ်ခင်ဝင်းနဖူးတည့်တည့် ပစ်ထဲ့လိုက်တဲ့ကျည်ဖူးဟာ ဦးပိုင်ပြောင်းကထွက်တာတာပါ။ ရဲတွေကို “သေနတ်မောင်းခလုပ် ဖြုတ်လိုက်”အမိန့်ပေးနိုင်တဲ့အာဏာဟာ စစ်အုပ်စုလက်ထဲမှာပါ။ သေနတ်ဟာ သူတို့ဆီမှာပါ။

(လုပ်ကြွေးစုံကော်)
သိန်းစိန်လက်ထက် ဖွဲ့ခဲ့သမျှကော်မရှင်တိုင်းဟာ စစ်အုပ်စုကိုအလုပ်အကြွေးပြုဖို့၊ ကာကွယ်ဖို့၊ မှန်ကြောင်းထူထောင်ပေးဖို့နဲ့အနည်းဆုံး ဖာထေးပေးဖို့တွေချည်းပါပဲ။ ခုလည်း လက်ပန်းတောင်းနဲ့ဒေါ်ခင်ဝင်းကိစ္စ ဖွဲ့ဦးမယ်ထင်ပါတယ်။
အသုံးတော်ခံမယ့်သူများလည်း ဖင်တကြွကြွဖြစ်နေကြမယ်ထင်ပါတယ်။
နဖူးတည့်တည့်မှန် ဦးခေါင်းပွင့်ပြီး ဦးနှောက်တွေပါထွက်ကုန်တာဆိုတော့ “ရာဘာကျည်”လုပ်မရဘူးတော့ မှတ်တာပဲ။ နောက်ပြီး ရဲတွေ “အလေ့အကျင့်ကလည်း ရှိနေပြီ”မဟုတ်လား။ ဒီမိုကရေစီနည်းကျကျ သတ်တတ်ဖြတ်တတ်နေပြီမဟုတ်လား။
မီးသင်္ကန်းအကပ်ခံရရှာတဲ့ ကိုယ်တော်တွေတုန်းကတော့ မီးခိုးဗုံးလို့ပြောတာပဲ။ မီးတောက်ကြီးတွေမဟုတ်ဘူး မီးပွားလေးတွေလို့ပြောတာပဲ။

(ပဋိပက္ခတဲ့လား)

လက်ပန်းတောင်းမှာဖြစ်တာမှ ပဋိပက္ခမဟုတ်ဘူး
တပြည်လုံးမှာဖြစ်ခဲ့တာတွေ
ဖြစ်နေတာတွေ
တခုမှ
ပဋိပက္ခတွေမဟုတ်ဘူး

ရည်ရွယ်ချက်ရှိရှိ
ခြေလှမ်းရှိရှိ
အစီအစဉ်ရှိရှိ
လက်ဦးမှုရှိရှိ
လုပ်ကြံသတ်ဖြတ်တဲ့
နိုင်ငံတော် အကြမ်းဖက်မှု State Terrorism တွေချည်းပဲ
လူသားထုအပေါ်ကျူးလွန်တဲ့ရာဇဝတ်မှု Crime Against Humanity တွေချည်းပဲ
လူထုဟာ နိုင်ငံတော်အကြမ်းဖက်ခံသားကောင် Victims of State Terrorism တွေပဲ
လူထုဟာ လူသားထုအပေါ်ကျူးလွန်တဲ့ရာဇဝတ်ဒဏ်ခံသားကောင် Crime Against Humanity တွေပဲ

(ခေတ်တိုင်းရဲ့အမျိုးသားရေး)

သေသော်မှတည့်၊ သြော်...ကောင်း၏လည်း
ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကြငန်းလည်း
ဆြာ ရက်ဂျီနယ်ဂရက်ဒေါက် ထွက်သွားလည်း
အမျိုး ဘာသာ ပညာလည်း
ပြည်တွင်းဖြစ်ကို အားပေးပါလည်း

ဟုမ္မရူး
ဒိုင်အာခီ
တွဲရေးခွဲရေး
အကြွင်းမဲ့လွတ်လပ်ရေး
ဖက်ဆစ်တော်လှန်ရေး
လုံးဝလွတ်လပ်ရေး
ပြည်တွင်းငြိမ်းချမ်းရေး
စစ်အစိုးရဆန့်ကျင်ရေး
စစ်အာရှင်ဆန့်ကျင်ရေး
စစ်ဗျူရိုကရေစီယန္တယားဆန့်ကျင်ရေးတို့မှသည်

အမျိုးသားရေးဟာ
ခေတ်အလိုက်
သမိုင်းအလိုက်
ခေတ်သမိုင်းအလိုက် ရှိခဲ့

တို့ခေတ်ရဲ့အမျိုးသားရေးဟာ
စစ်လက်ဝါးကြီးအုပ်အရင်းရှင်စနစ်နဲ့
သူ့ ဗျူရိုကရေစီယန္တယားကြီးတခုလုံး
တစမကျန် ဖျက်သိမ်းပစ်ဖို့ပဲ
ဘာ အမျိုး ဘာသာ သာသနာမှ မဟုတ်ဘူး။

ဒေါ်ခင်ဝင်းကိုမှန်တဲ့ကျည် (မျိုးမြင့်ချို)

0 comments


(ဒေါ်ခင်ဝင်းကိုမှန်တဲ့ကျည်)
လမ်းချော်အောင် လုပ်နေတာတွေ သိသာလာတယ်။ လက်ပန်းတောင်းအရေးဟာ လူတင်ပါလို့နွားကျားကိုက်တာပါ။ ဦးပိုင်(လက်ဝါးကြီးအုပ် စစ်အရင်းရှင်ကြီး)ပါလို့ ဝမ်ပေါင် လာတာပါ။
စစ်အုပ်စုအကျိုးစီးပွားမို့ ခုလောက် မိုက်မိုက်မဲမဲ ကျားကုပ်ကျားခဲကာကွယ်တာပါ။ ဝမ်ပေါင်ဆိုတာလည်း တရုပ်အရင်းရှင်များရဲ့ဓနဥစ္စာနဲ့အကျိုးစီးပွားပါ။ သာမန်တရုတ်တွေဟာ ဝမ်ပေါင်ရဲ့အခစားအလုပ်သမားတွေပါ။
တရုတ်ပြည်က အခြေခံလူတန်းစားကျောမွဲ တရုတ်ပြည်သူတွေဟာလည်း လက်ပန်းတောင်းပြည်သူတွေလို “နင်းပြား”တွေပါ။ ကျနော်တို့ ခင်ဗျားတို့လို အဖိနှိပ်ခံတွေပါ။ တရုတ်ပြုပြင်ပြောင်းလဲရေးမှာ အကျိုးစီးပွားဖြစ်ထွန်းကြ၊ အကြီးအကျယ် ခံစားသုံးဆောင်ခွင့်ရကြသူတွေထဲမှာ တရုတ်လယ်သမားဆင်းရဲသားတွေ မပါပါ။
ကွန်မြူနစ်တဖြစ်လဲ အရင်းရှင်ကြီးများ၊ တရုတ်အစိုးရနဲ့ အမြီးစားဘက်ခေါင်းစားဘက် ဓနရှင်ကြီးများ ခရိုနီကြီးများသာကြီးပွားကုန်ကြတာပါ။ ဝမ်ပေါင်ဟာ အဲ့ဒါတွေထဲကတခုပါ။ တရုတ်တောင်သူတွေထဲမှာလည်း လက်ပန်းတောင်းပြည်သူတွေလို လယ်သိမ်းယာသိမ်းမြေသိမ်း ဘဝသိမ်း အသိမ်းခံရသူတွေ မနည်းလှပါ။ ကျနော်တို့အနေနဲ့ စစ်အုပ်စုလက်ဝါးကြီးအုပ် အရင်းရှင်စနစ်ကို၊ စစ်ဗျူရိုကရေစီယန္တယားကို၊ စစ်အစိုးရကို ဖြိုချဖျက်ဆီးဖယ်ရှားရင်း တရုပ်ခရိုနီဝမ်ပေါင်ကိုလည်း နိုင်ငံတကာစံနှုန်းနဲ့အညီရင်းနှီးမျြုပ်နှံတဲ့ နိုင်ငံခြားကုမ္ဗဏီမဖြစ်မချင်း တိုက်ပွဲဝင်အရေးဆိုရမှာပါ။
တိုက်ရမှာက လက်သည်ရင်း စစ်အာဏာရှင်၊ စစ်အစိုးရ၊ စစ်ဗျူရိုကရေစီယန္တယား စတာတွေအားလုံးကို ကိုယ်စားပြုထားတဲ့ “လက်ဝါးကြီးအုပ်စစ်အရင်းရှင်စနစ်“နဲ့ “တရုတ် ဖိနှိပ်သူအစိုးရရဲ့ခရိုနီဝမ်ပေါင်”ဖြစ်ပါတယ်။ ဗမာပြည်မှာနေကြတဲ့တရုတ်လူမျိုးတွေနဲ့ တရုတ်ပြည်ကအဖိနှိပ်ခံ ဘဝတူတရုတ်လူမျိုးတွေကို”မဟုတ်ပါ။
လက်ပန်းတောင်း ဝမ်ပေါင်ကြေးနီစီမံကိန်းအကြောင်းပြုပြီး တရုတ်လူမျိုးဆန့်ကျင်ရေးလှိုင်းကြီး သိသိသာသာထိုးတင်နေတာ ကောင်းတဲ့လက္ခဏာနဲ့ သွေးရိုးသားရိုးကိစ္စလို့မမြင်ပါ။ ပြည်တွင်းနေ တရုတ်အမျိုးသားတွေဘက်ကို အကြမ်းဖက်မြားဦးလှည့်မယ်ဆို လုယက်သတ်ဖြတ် သွေးထွက်သံယိုမှုတွေ၊ စိတ်လက်မချမ်းမြေ့စရာပဋိပက္ခတွေ၊ ပြည်သူ့အကျိုးစီးပွားပျက်တာတွေပဲ အဖတ်တင်ပြီး စစ်အုပ်စုကတော့ အမြတ်ထွက်ပြီးရင်း ထွက်မှာပါ။
လက်ပန်းတောင်းနဲ့မြစ်ဆုံဟာ အချိန်မရွေး မီးပွားချပေးပြီး ထပေါက်ခိုင်းလို့ရတဲ့ ယမ်းပုံကြီးတွေပါ။ စစ်အုပ်စု “မွှေး”ခဲ့တဲ့ မွှေးထားတဲ့ “မီး”တွေပါ။
ကျနော်တို့ “တည်”ပြီး “တိုက်”ရမှာက စစ်ဗျူရိုကရက်လက်ဝါးကြီးအုပ်အရင်းရှင်စနစ်ပါ။
ဒေါ်ခင်ဝင်းနဖူးတည့်တည့် ပစ်ထဲ့လိုက်တဲ့ကျည်ဖူးဟာ ဦးပိုင်ပြောင်းကထွက်တာတာပါ။ ရဲတွေကို “သေနတ်မောင်းခလုပ် ဖြုတ်လိုက်”အမိန့်ပေးနိုင်တဲ့အာဏာဟာ စစ်အုပ်စုလက်ထဲမှာပါ။ သေနတ်ဟာ သူတို့ဆီမှာပါ။

(သွေးချင်းချင်းနီသော်လည်း ဦးမညွတ်)

0 comments
(သွေးချင်းချင်းနီသော်လည်း ဦးမညွတ်)
စစ်အာဏာရှင်စနစ်ဘက်မှ ၂၀၁၅ ခုမတိုင်မီ ခုအချိန်ကတည်းက အကြမ်းဖက်နည်းဗျူဟာကို မိုက်မိုက်ကန်းကန်း ကျင့်သုံးတော့မည်ဖြစ်ကြောင်း သေနတ်သံပေးအချက်ပြလိုက်ပေပြီ။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြား သွေးခွဲမှု၊ ကျောင်းသားများအကြား သွေးခွဲမှုတို့ကို တဖက်ကလုပ်ရင်း အကြမ်းဖက်ဖိနှိပ်မှုတို့ကို ဟန်ချက်ညီညီ ပေါင်းစပ်ကျင့်သုံးနေခြင်းဖြစ်သည်။ သူတို့တလျှောက်လုံးကျင့်သုံးလာခဲ့သော လက်သုံးတော် နည်းလမ်းဟောင်းများကို အခြေအနေနှင့်အညီ တိုးချဲ့ကျင့်သုံးလာခြင်း ဖြစ်သည်။
လိုင်ဇာဗိုလ်သင်တန်းကျောင်းကို အမြောက်နှင့်ထုခြင်းမှအစ၊ သပိတ်နှင့်ဆန္ဒပြပွဲများကို ဖမ်းဆီးထောင်ချဖိနှိပ်ခြင်း၊ ကိုပါကြီးကိုသတ်ဖြတ်ခြင်း၊ ထောင်နှင့်ချီသော အိုးအိမ်မဲ့ပြည်သူများ၏ တဲအိမ်များကို အကြမ်းဖက်ဖျက်ဆီးခြင်းအလယ်၊ ယခု လက်ပံတောင်း ပစ်ခတ်သတ်ဖြတ်မှုအဆုံး စစ်အာဏာရှင်စနစ်ဘက်မှ (ငါ့ကုလားက ဓားပါတယ်)ဟု ပြည်သူလူထုအား အသိပေးခြိမ်းခြောက်နေခြင်း ဖြစ်ပေသည်။ အာဏာပိုင်တို့၏ စော်ကားအနိုင်ကျင့်မှု လုပ်ဟန်လည်းဖြစ်သည်။
လူ့အရိုင်းအစိုင်းတို့အုပ်စိုးသောတိုင်းပြည်ဝယ် လယ်သမားထု သွေးအိုင်ထုထဲနစ်နေစဉ် လယ်သမားအရေးကိုလျစ်လျူမရှုဘဲ အလေးအနက်ထားသူအင်အားစုကသာ သမိုင်းတွင် လယ်သမားထုထောက်ခံမှုရရှိပြီး နောက်ဆုံးတွင် အဆုံးသတ်အောင်ပွဲကိုဆွတ်ခူးနိုင်မည် ဖြစ်သည်။ လက်နက်ကိုင်ထားသောအာဏာရအုပ်စိုးသူများကို ဘဝအရ လောက်လေးခွများနှင့်ခုခံနေရသော လယ်သမားထုအရေးကို ဂရုတစိုက်စာနာထောက်ခံသူ၊ လက်တွဲကူညီသူ၊ ဝန်းရံဖေးမသူများကို သမိုင်းက မော်ကွန်းတင်ပေလိမ့်မည်။
ရှစ်လေးလုံးအရေးတော်ပုံအတွင်းအသက်ပေးခဲ့ရသော မဝင်းမော်ဦးကို ယနေ့တိုင် မမေ့နိုင်သေးသလို၊ ဖဆပလ ခေတ်က ထွန်းတုံးတိုက်ပွဲဝင်ရင်းအသက်စွန့်သွားရသော မဆောင်းတင်ကို ယနေ့တိုင် မမေ့နိုင်ကြသေးသလို မိမိမြေယာကိုကာကွယ်ဖို့ ဘဝပေးအသိဖြင့်တိုက်ပွဲဝင်ရင်း အသက်ပေးသွားရသောဒေါ်ခင်ဝင်းကိုလည်း ပြည်သူများ မေ့လျော့နိုင်ကြလိမ့်မည် မဟုတ်ပါ။ ယနေ့ခေတ်သည် အာဏာရအရိုင်းအစိုင်းများကို အမျိုးသမီးနှင့် ကလေးသူငယ်များပါမကျန်တိုက်ပွဲဝင်နေရသောခေတ် ဖြစ်လေသည်။
အုပ်စိုးသူက မည်သို့ပင်အကြမ်းဖက်လာသည်ဖြစ်စေ တပြည်လုံးမှ အသွင်သဏ္ဌာန်မျိုးစုံသော တိုက်ပွဲဝင်မှုများကို အရှုံးမပေးသောစိတ်ဓာတ်ဖြင့် ဆင်လက်ဆင်နွှဲသွားရပေမည်။
စစ်အာဏာရှင်စနစ်ဘက်မှ အကြမ်းဖက်သတ်ဖြတ်ဖိနှိပ်မှုများဖြင့် အမှားများကို ဆက်တိုက် ကျူးလွန်လာနေသည်။ လက်ပံတောင်းသတ်ဖြတ်ခံရမှုအပါအဝင် တပြည်လုံးမှ ပြည်သူများ မတရားအဖိနှိပ်ခံနေရသောအရေးကိစ္စများသည် ကြေကွဲဖွယ် နာကြည်းဖွယ် ဒေါသပေါက်ကွဲဖွယ် ဖြစ်ရပ်များပင်ဖြစ်သည်။ သို့ရာတွင် တိုက်ပွဲဝင်ပြည်သူများသည် ခေါင်းအေးအေးနှင့် တည်ငြိမ်သောစိတ်ဓာတ်ကိုကိုင်စွဲကာ အခြေအနေကို မှန်ကန်စွာခွဲခြမ်းစိတ်ဖြာသင့်သည်။ ရန်သူ့အမှားကိုအသုံးချကာ မိမိဘက်မှ တည်ငြိမ်မှန်ကန်သောနည်းလမ်းများဖြင့် ဆက်လက် တိုက်ပွဲဝင်သွားနိုင်ရန် ကြိုးပမ်းသွားသင့်သည်။
ခြေဆုံးခေါင်းဆုံး လက်နက်အပြည့်အစုံတပ်ဆင်ထားသည့် စစ်တပ်အားကိုးနှင့် အနိုင်ကျင့်နေသောအာဏာရအုပ်စိုးသူများကို လက်နက်မဲ့ အဖိနှိပ်ခံပြည်သူများက တိုက်ပွဲဝင်နေရခြင်းသည် နဂါးမင်းနှင့် သူတောင်းစား စစ်ခင်းနေရသည်နှင့် အလားသဏ္ဌာန်တူသည်။ မှန်ကန်သောနည်းဗျူဟာဖြင့် ပြည်သူများဘက်မှ တုံ့ပြန်တိုက်ပွဲဝင်နိုင်မှသာ ရေရှည်တိုက်ပွဲတွင် ပြည်သူများဘက်မှ အောင်ပွဲခံနိုင်ပေလိမ့်မည်။
ယနေ့ ဗမာပြည်တွင် တကွဲတပြားစီပြန့်ကျဲနေသော အဖိနှိပ်ခံပြည်သူလူထု၏ ခုခံတွန်းလှန်မှုများကို အာဏာရအုပ်စိုးသူများက တဖဲ့ချင်းဝါးမြိုစားသလို တိုက်ပွဲတခုချင်းစီ ဖိနှိပ်ဖြိုခွဲနေသည်။ ပိုမိုကြီးမားသောအင်အားဖြင့် ပြည်သူများ အင်အားစုစည်းတိုက်ပွဲဝင်ဖို့ အခြေအနေက တစတစ တောင်းဆိုလာနေသည်။
တိုက်ခိုက်ရမည့်ရန်သူပစ်မှတ်ကိုဝေဝါးသွားစေရန် လမ်းကြောင်းလွှဲသော လူမျိုးရေး၊ ဘာသာရေး အရှုပ်အထွေးဖန်တီးမှု အရိပ်အခြည်များကိုလည်း တွေ့မြင်လာနေရသည်။ အဓိက တရားခံဖြစ်သော စစ်အာဏာရှင်စနစ်နှင့်အပေါင်းပါများကိုသာ အဓိကပစ်မှတ်အဖြစ် ဦးတည်ထားသင့်ပေသည်။
“ဖိနှိပ်ခံရသူကျွန်တွေက ပုန်ကန်ဖို့မစဉ်းစားရင် ကျွန်ဖြစ်နေရတာပဲကောင်းပါတယ်” ဟု လီနင်က ပြောခဲ့ဖူးသည်။ မတရားဖိနှိပ်ခံရသောဘဝမှ လွတ်မြောက်ဖို့ဆိုလျှင် ခုခံတိုက်ပွဲဝင်ခြင်းသည်သာလျှင် လွတ်မြောက်ရေးလမ်းကြောင်း ဖြစ်ပေလိမ့်မည်။
ဗမာပြည်မှ အဖိနှိပ်ခံပြည်သူများသည် သူရသတ္တိပြည့်ဝသောတိုက်ပွဲများ၊ နည်းပရိယာယ်ကြွယ်ဝပြီး အမြော်အမြင်ရှိသောတိုက်ပွဲများ၊ စည်းရုံးနိုင်စွမ်းရှိပြီး အင်အားစုစည်းကာ ညီညွတ်ကျယ်ပြန့်သောတိုက်ပွဲများကို အရှုံးမပေးသောစိတ်ဓာတ်ဖြင့် ဆက်လက်ဆင်နွှဲရင်း ခုတ်မည့်ဓားအောက် ထုံပေပေဖြင့်လည်စင်းပေးသော သိုးသူငယ်များမဟုတ်ကြောင်း သက်သေပြရမည့်အချိန်သို့ ရောက်လာချေပြီ။
(ဗမာပြည်ကွန်မြူနစ်ပါတီဝဘ်ဆိုက်မှ ကူးယူဖော်ပြပါသည်)

တရုတ်ကြောက် အလုပ်ပေးတရား (မျိုးမြင့်ချို)

0 comments
တရုတ်ကြောက် အလုပ်ပေးတရား (မျိုးမြင့်ချို)
ဗိုလ်အောင်မင်းက “တပည့်တော်တို့လည်း တရုတ်ကို ကြောက်ရပါတယ် ဘုရား”ဆိုတာ အလကားပြောတာမဟုတ်ပါ။
ခဲတလုံးနဲ့ ငှက် ၂ ကောင် ပစ်တာ။ ၂ ကောင်လုံး ထိကြတယ်မှတ်တယ်။ ထိတာခြင်းအတူတူ တကယ်အထိနာတာက ကျနော်တို့ပဲ။ အနောက်အုပ်စုက နာချင်ယောင်ပြပြီး လှလှပပ အမြတ်ထုတ်သွားနိုင်တယ်။ အနောက်အုပ်စု ဘယ်ပုံ အမြတ်ထုတ်ကတော့ မြစ်ဆုံခနဆိုင်းအပြီးနောက်ပိုင်းကစ အိုဘားမှား ၂ ကြိမ်လာနဲ့ အိမ်ဖြူတော်ထိ သိန်းစိန်ပင့်ပြီး ကျောသပ်ရင်သပ် လုပ်ပေးတာတွေကြည့်ရုံနဲ့ သိသာတယ်။ အထူးပြောစရာ မရှိပါ။
ကျနော်တို့ ဘယ်လို အထိနာကြသလဲ။ ဒီနေရာမှာ “ကျနော်တို့”ဆိုတာ “စစ်အုပ်စုဘက်သား မဟုတ်သူ မှန်သမျှ” ဖြစ်ပါတယ်။
ဗိုလ်အောင်မင်း စကားထွက်လာပြီး မကြာဘူး ကျနော်တို့ဘက်ကလူတွေမှာ တုန့်ပြန်သံ ၂ မျိုးထွက်လာတာ သတိထားမိတယ်။ တမျိုးက (နိုင်ငံရေးအရဆန့်ကျင်သံပါပေမယ့်) စစ်အုပ်စုပရိယာယ်ကိုလျှော့တွက်ပြီး လက်တွေ့အရ “ပြည်တွင်းပြည်ပ တရုတ်လူမျိုး ဆန့်ကျင်ရေး”ဖန်တီးမှု။ ကြွေးကြော်သံက “ကြောက်ရင် မင်းတို့ထွက်ပေး တို့ဘာသာချမယ်”။
နောက်တမျိုးက (ပြည်ပစီးပိုးမှုဆန့်ကျင်သံပါပေမယ့်) စစ်အုပ်စုကိုမျက်စပြစ်ပြီး လက်တွေ့အရ “ပြည်တွင်းနေတရုတ်တွေနဲ့ ပြည်မကြီးတရုတ်အစိုးရဆန့်ကျင်ရေး” ဖန်တီးမှု။ ကြွေးကြော်သံက “ဘာမှ မကြောက်နဲ့ တို့ရှိတယ်။ တို့အတူ လက်တွဲချကြမယ်”။
စစ်အုပ်စုဘက်ကပြန်ကြည့်တော့ သူ ဖန်တီးလိုက်တဲ့အာဘော် ကျနော်တို့ကြားထဲ ဘယ်လောက် “ကျ”ကို ချင့်တွက်လို့ရသွားတယ်။ ၂ ခုလုံးကို စစ်အုပ်စုကြိုက်ပါတယ်။ ပထမတခုမှာ “မင်းတို့ကို ဖြုတ်ချမယ်”ပါရင်တော့ အကြိုက်ပြောင်းနိုင်တယ်။ ဒုတိယတခုမှာ “ကိုယ့်ဘာသာ ချ”လို့ဆိုရင် အကြိုက်ပြောင်းနိုင်ပါတယ်။
တုန့်ပြန်ချက် ၂ ခု လုံးက သူတို့လိုချင်တဲ့အဖြေမို့ ဘယ်လောက်အထိ ကြေနပ်သလဲလို့ပြောရရင် အောင်မင်း မူးမူးရူးရူးနဲ့ ”ပြည်တွင်းစစ်မှာ အချင်းချင်းပြန်သတ်လို့ရတဲ့ဘွဲ့တံဆိပ်တွေ”လို့ပြောတဲ့ အပြောကို သေနတ်နဲ့ဗိုလ်တွေ ယမ်းပုံမီးကျပေမယ့် တောင်းပန်စာလေးထုတ်ခိုင်းပြီး ပွဲဖြတ် လိုက်တာအမြင်ပါ။ “တရုတ်ကြောက်”စကားသာ မပြောထားမိလို့ကတော့ ဗိုလ်အောင်မင်းဘဝ ခုလောက်ရှိ ခြေသုတ်ပုဆိုးဖြစ်တာကြာပြီ။
ဒီနေရာမှာ တွေးစရာက စစ်အုပ်စု တရုတ်ကို တကယ်ကြောက်/မကြောက်ပါ။ စစ်အုပ်စု ဘယ်သူ့မှမကြောက်ပါ။ “မကြောက်”လို့ဆိုတာ “သတ္တိရှိတယ်”လို့ဆိုတာမဟုတ်ပဲ “မိုက်မိုက်ကန်ကန်း”အကုန်လုပ်ဝံ့တယ်လို့ ပြောတာပါ။ ကိုယ်ကျိုးစီးပွားကာကွယ်ဖို့ဆို တရုပ်မှမဟုတ် စကြာဝတေးမင်းလည်း(ရှိတယ်ဆို) အရေးမလုပ်ပါ။
ဒါဆို မကြောက်ပဲနဲ့ ဘာလို့ကြောက်တယ်ပြောရသလဲဆို ကြောက်ဟန်ဆောင်ပြပြီး ကျနော်တို့ဘက်က ဘာသံထွက်လာမလဲအတွေးနဲ့ နိုင်ငံရေးအရ အာဘော်ဖန်တီးကြည့်တာပါ။ အနောက်အုပ်စု ဘယ်လောက် သူတို့ဘက်က မဲတင်းပေးမလဲ မျက်စပြစ်တာပါ။
ကျနော်တို့ဘက်ကနေတော့ ရာနှုန်းပြည့်မဟုတ်တောင် သူတို့ အတော်ကြီးရလိုက်ပါတယ်။ အနောက်ဖက်နဲ့တော့ နှမ်းထွက်မကိုက်လိုက်ပါ။ တရုတ်နဲ့“လက်သိတ်ထိုး”နေတာတွေ “အောက်ရေတိုး”နေတာတွေ အန်ကယ်လ်ဆမ်ကြီးသိပါတယ်။ “စစ်ရေးအရတော့ မပေါင်းသေးဘူး” ဆိုပြီး ကိုယ်ရှိန်ပြန်သတ်သွားတာတွေ့မှာပါ။
ကျနော်တို့ ပြောကြတယ်မဟုတ်လား “နိုင်ငံရေးမှာ ကိုယ်က ဘာမှမလုပ်နိုင်သေးရင်တောင် အနည်းဆုံး သူ့ကို အလုပ်တော့ပေးထားရမယ်”ဆိုပြီး။
ခု သူက ကျနော်တို့ကို ပေးထားတဲ့အလုပ်တွေမှာ “တပည့်တော်တို့လည်း တရုတ်ကိုကြောက်ရပါတယ်ဘုရား”လည်း ပါ ပါတယ်။
သတိရှိကြဖို့ပါပဲ။
အလုပ် မများမိကြဖို့ပါပဲ။

Sunday, December 21, 2014

၂ဝ၁၄ ဒီဇင်ဘာ တတိယပတ်ထဲ ရေးဖြစ်တဲ့တိုနန့်နန့်လေးတွေ ၂-(မျိုးမြင့်ချို)

0 comments
၂ဝ၁၄ ဒီဇင်ဘာ တတိယပတ်ထဲ ရေးဖြစ်တဲ့တိုနန့်နန့်လေးတွေ -(မျိုးမြင့်ချို)
(လူသတ်မှုထဲဆွဲသွင်းတဲ့နိုင်ငံရေးခြေလှမ်း)
ထိုင်း လိပ်ကျွန်းလူသတ်မှု မြန်ုမြန်ပြတ်စေ့ချင်ပြီ။
ဟုတ်တယ်ဆိုလည်း ခံပေ့စေ သူ့ထိုက်နဲ့သူ့ကံပဲ။ အချုပ်ခန်းမှာ၊ စစ်ကြောရေးမှာ၊ တရားခွင်မှာနဲ့ ထောင်ထဲအဆုံး ဥပဒေကြောင်းအရခံစားခွင့်ရှိတာမှန်သမျှ အပြည့်အဝ ခံစားရဖို့တော့လိုတယ်။
မဟုတ်ဘူးဆိုလည်း ကွင်းလုံးကျွတ် လွတ်ပေ့စေ။ လုပ်ကြံလီဆယ်မှုကို ခုထက်ပို ပွင့်ကြအောင်ဖွင့်ချတာ တာဝန်ရှိသူတွေကို ပြန်တရားစွဲတာ၊ လျော်ကြေးနစ်နာကြေး တောင်းတာတွေအပြင်(မလွယ်ပေမယ့်)ထိုင်းဝန်ကြီးချုပ်ကိုယ်တိုင် လူသိရှင်ကြား အတိအလင်း ဝန်ချတောင်းပန်ခိုင်းတာတွေအထိ လုပ်နိုင်ရင်ကောင်းတယ်။
ခု ပြဿနာက ရွှေ့ပြောင်းအလုပ်သမားအရေးခေါင်းစဉ်နဲ့ ကိုယ်ကျိုးရှာသူတွေရော အခြားသူတွေကပါ နိုင်ငံရေးအစ်ရှူးအထိတင်လာတာတော့ မဟုတ်သေးဘူး။ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက မိမိနိုင်ငံသားကိစ္စမို့ ဝင်ကာကွယ်ပေးရတာသဘာဝပေမယ့် လုပ်ပုံက နိုင်ငံရေး မပါပါအောင် ဇွတ်လုပ်ယူနေတာသိသာတယ်။
လွှတ်တော်ဥက္ကဌဆိုတဲ့အကောင် ထိုင်းသွားပြီး ထိုင်းဝန်ကြီးချုပ်နဲ့တွေ့တာ၊ အဲ့ဒီ ချာတိတ် ယောက်ကို ဒေါ်စုဆီလိပ်မူပြီး အကူအညီတောင်းစာပို့တာ၊ ရန်ကုန်က ရခိုင်ဘုန်းကြီးကျောင်းမှာ အဲ့ဒီကိစ္စထည့်ပြောတာတွေဟာ မတော်တဆဖြစ်တာ တခုမှမဟုတ်သလို တိုက်ဆိုင်တာလည်း မဟုတ်ဘူး။ ရည်ရွယ်ချက်ပါပါ ခြေလှမ်းရှိရှိ အစီအစဉ်ရှိရှိ နိုင်ငံရေးလုပ်ကြံမှုလိုဖြစ်နေတယ်။ ဒေါ်စုကို အားကိုးပါတယ်ဆိုတာထက် လူမျိုးရေးအခြေခံပြဿနာ အစ မထွက် ထွက်အောင် ချောက်တွန်းတဲ့သဘောမှန်း ပေါ်လွင်တယ်။
တွေးမိတာက အဲ့ဒီ ကလေး ယောက်ဟာ မွန်လေးတွေ ကချင်လေးတွေ ပအို့ဝ်လေးတွေဆို စစ်အုပ်စု ဘယ်ခြေလှမ်း လှမ်းမလဲဆိုတာပဲ။

(ကျူးဘားနဲ့ဟားမာ့စ်အပွင့်)
ဟားမာ့စ်အဖွဲ့ကို ဥရောပသမဂ္ဂက အကြမ်းဖက်အဖွဲ့အစည်းစာရင်း(မှားယွင်းစွာ)သွင်းထားတာကို ပယ်ဖျက်လိုက်တယ်။ ခြွင်းချက်သဘောမဟုတ်ပေမယ့်ဥပဒေကြောင်းအရ တရားရုံးလုပ်ထုံးလုပ်နည်းနဲ့ မညီလို့ဖျက်တာ၊ အကြမ်းဖက်မဖက်လုပ်ရပ်ကိုဆန်းစစ်ပြီး လုပ်တာမဟုတ်လို့ဆိုတယ်။ ဘာပဲဖြစ်ဖြစ် အဲ့သလိုပြန်ရုပ်လိုက်တဲ့အတွက် ပိတ်ထားတဲ့ ဟားမာ့စ်အမည်ပေါက်ကိစ္စတွေ (ငွေကြေး သံခင်းတမန်ခင်း နိုင်ငံရေး စစ်ရေး စီးပွားရေး စတာတွေ) ပြန်ပွင့်ဖို့ လမ်းစပေါ်တာပါပဲ။ အစ္စရေးလ် လက်ယာစွန်းအမျိုးသားရေးဝါဒီ အကြမ်းဖက် နိုင်ငံရေးသမားတွေအတွက်တော့ မျက်စေ့ထဲသဲပက်ခံရသလိုဖြစ်/မဖြစ် ယတိပြတ် မပြောနိင်သေး။ ခုလိုဆိုတော့ ဂါဇာမှာ အစ္စရေးလ်ရဲ့ စတိတ်စပွန်စာ နိုင်ငံတော်အကြမ်းဖက်မှုတွေ ထပ်ဖော်လာခဲ့ရင် ကြေကွဲစရာအပြင် မိုးပါမီးလောင်မယ့်ကိန်းပဲ။
တပြိုင်တည်းမှာပဲ အနှစ် ၅ဝ ကြာ ကျူးဘားအပေါ်ပိတ်ဆို့ထားတဲ့အမေရိကန်ရဲ့ အတားအဆီးတွေလည်း ပြန်ရုပ်လိုက်တယ်။ သူတို့လူပြန်လွှတ်ပေးလို့ဆိုတာက ပြတဲ့အကြောင်းပါ။ သံရုံးဖွင့်တာအပါအဝင် အခြားပြန်ပွင့်တာတွေ ပွင့်ကုန်မှာပါ။ ကျူးဘားဟာ အမေရိကန်အတွက်တော့ ပဒိုင်းသီးအဖြစ်နဲ့ ဝါးတရိုက်အကွာက သူ့မူအပေါ်ခိုင်ခိုင်ကြည်ကြည် ရပ်တည်ခဲ့တဲ့နိုင်ငံပိစိကွေးပါ။ ခု ပြန်ပွင့်ပြီဆိုတော့ မိုင်ယာမီမှာ တသက်လုံးတင်ကြွေးပြီးမွေးခဲ့တဲ့ နိုင်ငံရေးအရေခြုံကျူးဘန်းတချို့တော့ ခွက်ပျောက်မယ့်ကိန်းပဲ။ ပြည်ပရောက် ကျူးဘားလက်နက်ကိုင်တော်လှန်ရေးတပ်ရယ်လို့ မရှိလေတော့ကာ အပစ်အခတ်ရပ်စဲရေးတို့ ဘာနဲ့လဲညာနဲ့တို့တော့ လဲစရာမရှိပေဘူးပေါ့။ တချို့ကြတော့လည်း အင်န်ဂျီအို ဆိုင်းဘုတ်ထောင်ပြီး ပြည်တော်ပြန်လုပ်စားကြမှာပါ။ တချို့လည်း သင်တန်းဖွင့်စားကြမယ် ထင်တယ်။
ဥရောပသမဂ္ဂနဲ့အိမ်ဖြူတော်တို့ရဲ့ဆုံးဖြတ်ချက်တွေဟာ မတော်တဆ တိုက်ဆိုင်စွာ ထွက်လာမဟုတ်ဘူးလို့တော့ ထင်ရတယ်။တကယ့် အကြမ်းဖက်အစွန်းရောက်အစ္စလမ်မစ်တွေ (တာလီဘန်တို့ ဘိုကိုဟာရမ်တို့လို)ကိုရွေးပြီးတိုက်ဖို့ ရန်သူဟောင်းတွေနဲ့ ပြန်ပေါင်းထုတ်ကြလေသတည်းဆိုပြီး ခတ်လွယ်လွယ်ခတ်မြန်မြန်ကောက်ချက်ဆွဲဖို့တော့ မဖြစ်နိုင်သေးဘူးတွေးမိတာပါပဲ။


(ဗိုလ်တင်အေးရဲ့ ဘီလူကြိမ်း)
ခုဆို ဗိုလ်တင်အေးလည်း တဖြည်းဖြည်းနဲ့ ဗြောင်ထွက်ကြိမ်းမောင်းနိုင်တဲ့အနေအထားနဲ့ ရုံးတရုံးဓားတစင်းဖြစ်လာပြီ။
နောက်ဆို အပွင့်တွေထဲတောင်ပါမလာဘူးလို့ မပြောနိုင်တော့ဘူး။ သူက အာဏာရအစိုးရအဖွဲ့ဝင်လည်းမဟုတ်
အာဏာရပါတီရဲ့အဖွဲ့ဝင်လည်းမဟုတ်
လွှတ်တော်အမတ်ကလေးတောင်မဟုတ်ပေမယ့် 
"အာဏာသိမ်းလိုက်ရ"လို့ ပြောနိုင်သူဖြစ်နေတာဘာ ကျောထောက်နောက်ခံနဲ့လည်း။

(အကြမ်းဖက်နားကြပ်များ)
ဗုဒ္ဓမျက်နှာတော်မှာ နားကြပ်တပ်လို့ဆိုပြီး သတ်ဟဖြတ်ဟထောင်ချဟလုပ်နေတဲ့ မဘသ သင်္ကန်းခြုံအကြမ်းဖက် အစွန်းရောက်ဦးပြည်းကောင်တွေကြည့်တော့ အင်တာနက်ဆိုင်က ကွန်ပြူတာတွေမှာနားကြပ်ကိုယ်စီနဲ့ အင်တာနက်သုံးနိုင်တဲ့ဆဲလ်ဖုန်းကိုယ်စီနဲ့။ တချို့များ လုံးလောက်တောင် ခါးချိတ်ထားသေးတာ။ အလုပ်သာ လုပ်မစားတာ ကြီးပွားကြတာ အချိန်ဖြုန်းနိုင်ကြတာကတော့ သြချလောက်တယ်။ သံဃာစင်ပေါ်တင်ထားတာ အေးအေးမနေဘူး မိန်းမပေါင်ခြံကြားထဲ အလုအယက်ဆင်းကြတဲ့ အမျိုးကောင်းသားတွေပဲ။

(မဘသ စစ်/မစစ်)
ဒီအတိုင်းဆက်သွား နောက်ဆို မဘသဘုန်းကြီးလို့ အသံကြားလိုက်တာနဲ့ စက်ဆုပ်ရွံရှာဖွယ် ကြောက်မက်သွေးပျက်ဖွယ် အော့နှလုံးနာစရာသတ္တဝါတွေအဖြစ် လူတွေက ရှောင်ကျဉ်ကြမှာသေချာတယ်။ ခုကိုပဲမဘသ ဘုန်းကြီး ဟုတ်မဟုတ်မေးပြီးမှ ဆွမ်းလောင်းသူတွေပေါ်လာပြီ။ စားခွက်သေးနဲ့ပန်းရင် ကျွေးတဲ့လက်ပြန်ကိုက်ရင် ဘာဖြစ်တတ်မှန်း အချိန်မီအသိဝင်ပြီး မဆင်ခြင်ရင် လူထုရန်သူအဖြစ်အချေမှုန်းခံရပြီး ဇာတ်သိမ်းမှာပဲ။

(နာဇီကောင်းရှာချိန်မဟုတ်)
ခုချိန်ဟာ ၉၆၉ ပြောပြော မဘသခေါ်ခေါ် အဲ့ဒီ ဦးပြည်းနဲ့သင်္ကန်းခြုံ နာဇီဖက်ဆစ်ကောင်တွေထဲ နာဇီကောင်းတယောက်ရှာရမယ့်အချိန်မဟုတ်သလို တရားပြ နားချဖျောင့်ဖြ သိမ်းသွင်းနေရမယ့်အချိန်လည်း လွန်ပြီ။ စစ်အာဏာရှင်နဲ့တပါတည်း တိုက်ထုတ်ဖျက်ဆီးပစ်ရမယ့်အချိန်ပဲ။ ရနိုင်တဲ့နည်းမှန်သမျှသုံးပြီး အပြီးအပြတ်ချေမှုန်းရမှာပဲ။

(နှစ်ဖက်ချွန် လူ့ကလိန်)
အိမ်ရှင်-ဧည့်သည်တို့လူ ၂ဝဝ ပဲသေတာပါ မျိုးမတုန်းပါဘူးတို့ပြောတဲ့ မဘသ အကြမ်းဖက်လူသတ်အားပေး စစ်ကိုင်းချောင်က ကုလားလေးခင်မောင်ထွန်းတဖြစ်လဲ အန္ဓသီတဂူလည်းငြိမ်နေပါရောလား။ ဗိုလ်ချုပ်သမီးအရတော်လှချည့်ပြောပြီး သိန်းစိန်ကို မဲပေးရမယ် ထောက်ခံရမယ်ပြောတဲ့ နှစ်ဖက်ချွန်လူ့ကလိန်ကြီးခြေငြိမ်လှချည့်။
(လူရှင်သရဏဂုဏ)
လူရှင်တွေကိုတင်ရမယ့် သရဏဂုဏက
ဂျပန်မှာ လူသေတွေကို စက်ရုပ်တွေနဲ့တင်တယ်။
သရဏဂုဏဆိုတာ လူသေတွေကိုတင်တဲ့ကိစ္စမဟုတ်။
သရဏဂုံဆိုတာ သူတင်ပေးမှရတဲ့အရာမဟုတ်
သီလ သမာဓိပညာအရာသာဖြစ်တယ်
မိမိစိတ်နှလုံးထဲ ကိမ်းဝပ်တည်မြဲတဲ့အရာသာဖြစ်တယ်
သရဏဂုံတင်ပေးမယ့်သူ မရှိမှာကြောက်ဖို့ထက်

အဲ့ဒီ သရဏဂုံတင်တဲ့ လူရှင်တွေကို ကြောက်တတ်ဖို့ပဲ။