Sunday, May 29, 2011

နူးယော့ခ်ကိုရောက်ခိုက် အရှေ့လေEast Wind ဝက်ဘ်ဆိုက်နဲ့ အင်တာဗျူးဖြစ်တာပါ။

0 comments
မေး။ HBO က ရိုက်တဲ့ မှတ်တမ်းရုပ်ရှင် Burma Soldier မှာ စတင်ပါဝင်ခွင့်ရပုံလေး သိပါရစေ။
ဖြေ။ ကျနော်aနာက်ဆုံးအကြိမ်ထောင်ကလွတ်(မေလ ၆ ရက် ၂၀၀၄) ပြီးနောက် ပြည်တွင်းမှာဆက်နေပြီး နိုင်ငံရေးထဲဆက်ပါနေဖို့ရာ အကျပ် အတည်းတော်တော်ဖြစ်လာပါတယ်။ အထူးသဖြင့် နိုင်ငံရေးအကျဉ်း သားများကူညီစောင့်ရှောက်ရေးအသင်းနဲ့ ချိတ်ဆက် လုပ်ဆောင်မှုတွေ ကို စစ်ထောက်လှမ်းရေးကရိပ်မိပုံပေါ်ပြီး မကြာမကြာဆိုသလိုမေး  တာမြန်းတာအပြင် ပြန်ဖမ်းမယ်ဆိုတဲ့ခြိမ်းခြောက်မှုတွေပါလုပ်လာပါတယ်။ နောက်တကြိမ်ပြန်အဖမ်းခံရပြီး
ထောင်ချခံရလို့ရှိရင် နှစ်ကြီးပေးခံရမှာဖြစ်တာကိုလည်း ကျနော်တွက်မိတယ်။ ထောင်ထဲတင်လည်း သေ သွားနိုင်တယ်။ နိုင်ငံရေးအကျဉ်းသားတယောက်ရဲ့ စစ်ကြောရေးနဲ့ထောင်ထဲက ဒုက္ခသုက္ခတွေဟာ ဘယ်လောက်ဆိုးကြောင်း ၁၅ နှစ်တာအတွေ့အကြုံအရ သိထားပြီးသူတယောက်ဖြစ်တော့ နောက် တကြိမ်ပြန်အဖမ်းခံရမှာ၊ စစ်ကြောရေးအလုပ်ခံရမှာ၊ ထောင်အကျခံရမှာကြောက်တာနဲ့ ထိုင်းမြန်မာနယ်စပ် ကို ထွက်ပြေးတိမ်းရှောင်ဖို့ စိတ်ကိုပိုင်းဖြတ်လိုက်ပြီး ၂ဝဝ၅ ဖေဖေါ်ဝါရီလထဲမှာ ဗမာပြည်ကထွက်ခဲ့ပါတယ်။ မတ်လ ၁ ရက်နေ့မှာ ထိုင်းနိုင်ငံမဲဆောက်ကိုရောက်တယ်။ အေအေပီပီမှာကူညီလုပ်ကိုင်နေရင်း တနေ့မှာ ဓါတ်ပုံသတင်းစာဆရာ Nic Dunlop ဆိုသူ ရုံးကိုရောက်လာတယ်။ ကျနော်နဲ့စကားနည်းနည်း ပြောဖြစ်သွား တယ်။ ကျနော့် လူပုဂ္ဂိုလ်ဘဝ၊ နိုင်ငံရေးဘဝနဲ့ထောင်တွင်းဘဝတွေကို စိတ်ဝင်စားကြောင်းပြောလာတယ်။ ကျနော်အရင်က စစ်သားဖြစ်ဖူးတယ်၊ နောက် ရှေ့တန်း မှာပြည်တွင်းစစ်ကြောင့် ဒုက္ခတိဖြစ်ပြီးတပ်ကထွက် တယ်၊ နောက်တော့ ပြည်တွင်းစစ်ရပ်စဲရေးပြည်တွင်းငြိမ်းချမ်းရေးအတွက် လက်နက်ကိုင်ဒီမိုကရေစီ အင်အားစုတွေနဲ့ ပြန်ဆက်သွယ်တယ်၊ နောက် ၁၉၈၈ မှာပါလာတယ်၊ ၈၈ ကာလအတွင်းစစ်တန်းလျားထဲက စစ်သားတချို့ကိုလူထုနဲ့လက်တွဲပြီး ဆန္ဒပြပွဲတွေမှာပါလာအောင် လံှု့ဆော်နိုင်ခဲ့တယ်၊ နောက်အဖမ်း ခံ ရ။  ထောင် ၃ကြိမ်ကျခဲ့တယ်၊ ထောင်ထဲမှာ ထောက်လှမ်းရေးက အပေးအယူလုပ်ပြီးလွှတ်ပေးဖို့ လာကမ်း လှမ်းတာကို ၃ကြိမ်စလုံးငြင်းခဲ့တယ်၊ အဖမ်းခံရချိန်ကတည်းက ညီဖြစ်သူက ကျောင်းသားတပ်မတော်နဲ့ လက်နက်ကိုင်တော်လှန်ရေးဆင်းသွားတယ်၊ နှစ်တွေချီပြီး ညီအကိုတကွဲတပြားဖြစ်နေတယ်၊ ထိုင်းရောက် လာပြီးနောက်ပိုင်းလည်း ဗမာ့ဒီမိုကရေစီရေးအတွက် ဆက်လုပ်နေတယ် စတာတွေကိုစိတ်ဝင်စား တယ်၊ နောက်တော့ သူနဲ့အဆက်အသွယ်ပြန်ပြတ်သွားတယ်။ ၂၀၀၈ ခုနှစ်ထဲ မှာ အုန်းပြန့်ဒုက္ခသည်စခန်းထဲ ကနေ ကျနော်မဲဆောက်ကိုပြန်ဆင်းအလာမှာ သူနဲ့ပြန်တွေ့တယ်။ သူက မှတ်တမ်းရုပ်ရှင်ထုတ်လုပ်သူရှာလို့ ရပြီဖြစ်ကြောင်းပြောတယ်။ ဇာတ်ဝင်ခန်း၊ ဇာတ်လမ်းဇာတ်ကွက်တွေ ဘာမှ သိတ်ထွေထွေထူးပြောနေစရာ မလိုတဲ့ ဖြစ်ရပ်မှန်မှတ်တမ်းကားဆိုတော့ နည်းနည်းပါးပါးညှိပြီးရိုက်ဖို့လက်ခံလိုက်တယ်။ ဒါနဲ့ ရိုက်ဖြစ်သွား တယ်။ HBO ကရိုက်တာမဟုတ်ပါဘူး။ HBOက ပြသခွင့်ကိုရရှိပြီး ပြသနေတာဖြစ်ပါတယ်။ အေအေပီပီက ဒုတိယအတွင်းရေးမှူး ကိုဘိုကြည်ကလည်း နိုင်ငံရေးအကျဉ်းသားတယောက်ရဲ့ ဘဝမှတ်တမ်းကိုရိုက်ချင် တယ်ဆိုရင် ကျနော်ဟာသင့်တော်တဲ့သူဖြစ်ကြောင်း Nic Dunlop ကိုတိုက်တွန်းပြောဆို အကြံပြုခဲ့တာ လည်းပါပါတယ်။
မေး။  Burma Soldier မှာပါဝင်ခွင့်ရတဲ့အတွက် ခံစားချက်နှင့် အတွေ့အကြုံကို ပြောပြပေးပါလားရှင်။
ဖြေ။ ဒီကားကို လက်ခံပြီးရိုက်မယ်ဆိုကတည်းက ကျနော်ကြိုတွေးထားတာတွေရှိပါတယ်။ ဗမာ့ဒီမိုကရေ စီရေးနဲ့ပတ်သက်လို့ မှတ်တမ်းရုပ်ရှင်တွေ အတန်အသင့်ရှိနေပြီးသားဖြစ်ပါတယ်။ အကြီးအသေး အတို အရှည်ပဲကွာတာပါ။ ကျနော့်ကားလည်း ဒီကားတွေထဲက ကားတကား။ ဒီမိုကရေစီလှုပ်ရှားမှုကို တထောင့် တနေရာက အတိုင်းအတာတခုအထိ စေ့ဆော်မှုပေးနိုင်မယ့်ကားတကား၊ ဒီလောက်ပါပဲ။ ဒီ့ထက်ပိုပြီး ဘာမှများများစားစားမမျှော်လင့်သလို တွေးလည်းမတွေးထားမိခဲ့ပါဘူး။ နောက်တခုက ဒီကားထဲမှာ ကျနော်ပြန်ပြောရတာတွေနဲ့ပတ်သက်လို့ဖြစ်ပါတယ်။ သူများကိုပြန်ပြောဖို့နေနေသာသာ ကိုယ်ကိုယ် တိုင်တောင် ဘယ်တော့မှပြန်မတွေးချင်တော့တဲ့၊ ဖြစ်နိုင်ရင် သိစိတ်နဲ့မှတ်ဉာဏ်ထဲကနေ အပြီးတိုင်ဖယ် ထုတ်လိုက်ချင်တဲ့အကြောင်းတွေကို ပြန်ပြောပြရတော့မယ်။ ပြောမယ်ဆိုရင်ပြန်တွေးရတော့မယ်။ ပြန်ခံစား ရတော့မယ်ဆိုတာ ကြိုတွက်မိတယ်။ အဲသလိုပြန်တွေးလိုက်ရုံနဲ့တင် ခြောက်အိပ်မက်တွေနဲ့ အိပ်ပျက် ညတွေ၊ ချွေးပြန်ပြီးနိုးလာမယ့် တရေးနိုးတွေအများကြီး ပြန်ရောက်လာဦးတော့မယ်ဆိုတာကိုလည်း သိနေတယ်။ ကိုယ့်ကိုယ်ကိုပြန်ပြီး နှိပ်စက်ညှဉ်းပမ်းရတော့မယ် ဆိုတာလည်းသိနေတယ်။ ဒါပေမယ့် ငါလုပ် ရမှာပဲဆိုတဲ့အသိနဲ့ စိတ်ဒုံးဒုံးချပြီးလုပ်ခဲ့ရတာပါ။ ကားရိုက်နေချိန်မှာတင် မဟုတ်ပါဘူး။ ဘယ်အချိန်ပြန် ကြည့်ကြည့် ကြည့်လိုက်ရတိုင်းမှာ အဟောင်းတွေအသစ်ဖြစ်၊ မသိစိတ်ထဲကမှတ်ဉာဏ်ဟောင်းတွေ သိစိတ်ထဲပြန် ဝင်လာပြီးအသစ်ပြန်ဖြစ်။  စိတ်ထိခိုက်ရတာချည်းပါပဲ။  
မေး။ စစ်တပ်ထဲကိုစတင်ဝင်ရောက်ဘို့အတွက် ဘယ်လိုအရာတွေကများ တွန်းအားပေးခဲ့ပါသလဲ။
ဖြေ။ ကျနော်အထက်တန်းကျောင်းသားဘဝမှာ မိသားစုစားဝတ်နေရေးပြဿနာက အိမ်မှာအတော်ရှိနေ တယ်။ ကျနော် ကျောင်းတက်ရင်း အပြင်မှာဈေးရောင်းဘာရောင်းလုပ်ပြီး ဝင်ငွေရှာခဲ့ရတယ်။ ဒါက မိသားစု ဝင်ငွေနဲ့စားဝတ်နေရေးအပိုင်း၊ နောက်တပိုင်းက ကျနော်က စစ်တပ်အဝန်းအဝိုင်းနဲ့နီးစပ်တယ်။ ကျနော့် မျက်စေ့ရှေ့မြင်နေရတဲ့ စစ်တပ်နဲ့စစ်သားတွေကို အထင်ကြီးတယ်။ လေးစားတယ်။ စစ်တပ်က တိုင်းပြည်ကို လူထုကိုကာကွယ်ပေးနေတယ်လို့လည်း ယုံကြည်နေတယ်။ ရှေ့တန်းပြန်စစ်သားတွေကို လူတွေကပန်း ကုံးတွေစွပ်လှိုက်လှိုက်လှဲလှဲ ကြိုဆိုတာတွေမြင်ရရင်၊ တော်လှန်ရေးနေ့ စစ်ရေးပြအခမ်းအနားတွေကိုမြင်ရင် အားကျမိတယ်။ ကိုယ်လည်းသူတို့လို သူရဲကောင်းဆန်ဆန် လုပ်ချင်စိတ်အခံကလေးလည်းရှိနေတယ်။ စာလေးဘာလေးလည်း နည်းနည်းပါးပါးဖတ်တော့ ဖက်ဆစ်တော်လှန်ရေးတို့ တရုပ်ဖြူ ကျူးကျော်မှုစစ်ပွဲတို့ ကိုသိပြီး စစ်သားလုပ်ချင်စိတ်လည်းဖြစ်မိတယ်။ စစ်သားဖြစ်ရင် စားဝတ်နေရေးပြဿနာလည်းငြိမ်းမယ်။ လူအထင်ကြီးတာ လေးစားတာကိုလည်း ခံရမယ်လို့တွက်မိတယ်။ ဒါနဲ့ဝင်ဖြစ်သွားတာပါ။ တိုင်းပြည်ချစ်လို့တို့ ဘာတို့လို့တော့မဟုတ်ပါဘူး။ အဲသလိုပြောနိုင်ပါတယ်။
မေး။ နောက် စစ်မှုထမ်းဟောင်းဘဝအနေနဲ့ ပြည်သူကြားမှာကိုယ်တိုင်တွေကြုံ ခံစားမှုများကိုသိပါရစေ။ 
ဖြေ။ စစ်တပ်က မဖြစ်စလောက်ဆေးပင်စင်လေးနဲ့ ထွက်လာပြီးနောက်ပိုင်း အမေနဲ့ညီအကိုမောင်နှမတွေနဲ့အတူ ပြန်နေတယ်။ ရွှေတကျပ်သား ၃ထောင်လောက်ရှိတဲ့ခေတ်မှာ ကျနော့်ထိခိုက်ဒဏ်ရာရမှုအတွက် ငွေခြောက်ထောင်တလုံးတခဲတည်း လျော်ကြေးအနေနဲ့ရတယ်။ ကိုယ်တိုင် ဘာမှမလုပ်နိုင်တော့သူဆိုတော့ အကူလစာဆိုပြီးပေးတာရယ် ကျနော့်ပင်စင်ရယ် ၂ ခုပေါင်းရင်တလကို ၂၆၀ လောက်လစဉ် ပင်စင်ငွေရတယ်။ မလုံလောက်ဘူး။ ဆိုတော့ ဘဝရပ်တည်ရေးအတွက် ဝင်ငွေရှာတဲ့အနေနဲ့ စာအုပ်အငှားဆိုင်လေးဖွင့်ဖို့ရည်ရွယ်ပေမယ့် လက်တွေ့မှာ စတိုးဆိုင် အသေးစားလေးတခုဖွင့်ဖြစ်တယ်။ ဒါပေမယ့် စာဖတ်ဝါသနာအလျှောက် စာဖတ်ဝိုင်းလေးတခုပါတွဲလုပ်ဖြစ်တယ်။ ပြည်တွင်းစစ်ရဲ့ ခါးသီးတဲ့ အနိဋ္ဌာရုံတွေကြောင့်ပဲ ကျနော့်စိတ်ကူးထဲကစစ်တပ်က ကျနော့်စစ်သားဘဝရဲ့အတွေ့အကြုံ အသိအမြင်တွေအောက်မှာ တစစီပြိုကျနေတာ ကို မြင်နေရတယ်။ ဖခင်ပျောက်သွားတဲ့သားသမီးတွေ၊ လင်သေမုဆိုးမတွေ၊ သားပျောက်ရှာနေ တဲ့မိခင်တွေ၊ ကျနော့်လိုပဲ ငယ်ငယ်ရွယ်ရွယ်နဲ့ ဒုက္ခိတဘဝ ရောက်သွားရရှာသူတွေရဲ့ မျက်ရည်ပေါက်ကြီးငယ်တွေကိုအရင်းတည်ပြီး စစ်အာဏာရှင်စနစ်ကိုထူထောင်၊ ဆွေမျိုးကောင်းစားရေး လုပ်နေတဲ့၊ စစ်အာဏာထူထောင်ရင်း ကိုယ်ကျိုးရှာနေတဲ့ လက်တဆုပ်စာစစ်ဗိုလ်ချုပ်တွေက စစ်တပ်ကိုလက်ကိုင်တုတ်လုပ်၊ လူမိုက်မွေးသ လိုမွေးထားတာကို မြင်လာတယ်။ တပြိုင်တည်းမှာ မဆလအရပ်ဝတ် စစ်အာဏာရှင်စနစ်ကြောင့်ပဲ တချိန်ကအရှေ့တောင်အာရှမှာ အချမ်းသာ ဆုံးနိုင်ငံအဖြစ်ကနေ ကမ္ဘာပေါ်မှာ အဆင်းရဲဆုံးနိုင်ငံအဖြစ်အနေဘဝကို လျှောကျသွားရလိုက်တာကိုလည်း မြင်လိုက်ရတယ်။ စိတ်ကူးယဉ် စစ်သားအိပ်မက်ကို လက်တွေ့စစ်သားအဖြစ်က ရွံမုန်းလာတယ်။ ပြည်တွင်းစစ်မှာမသိသားဆိုးရွားစွာနဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတဝက်လောက် ဆုံးရှူံးသွားခဲ့ရပေမယ့် ကျန်နေသေးတဲ့ခန္ဓာကိုယ်နဲ့ လိုအပ်ရင်အသက်ပါပေးပြီး ပြည်တွင်းစစ်ရပ်စဲရေး ပြည်တွင်းငြိမ်းချမ်းရေးအတွက်လုပ်မယ်လို့ ပိုင်းဖြတ်ချက်ချလိုက်တယ်။ ဒဏ်ရာရခဲ့တဲ့ ၁၉၈၄ ကနေ ၁၉၈၈ မတိုင်မီကာလတွေဟာ ကျနော့်ဘဝအတွက်အလွန်လည်းတန်ဖိုးရှိသလို စိတ်ပန်းလူပန်းလည်းဖြစ်ရချိန်တွေပါပဲ။ စိတ်ပိုင်းရောရုပ်ပိုင်းမှာပါ ဒဏ်ရာတွေဗလပွနဲ့ကိုး။
မေး။  နိုင်ငံရေးအကျဉ်းသားဖြစ်ခဲ့တယ်လို့သိရပါတယ်
ဦးမျိုးရဲ့ ထောင်မကျခင် နိုင်ငံရေး ဘဝဖြတ်သန်းမှု ပုံရိပ်တချို့ကို သိပါရစေရှင်။
ဖြေ။ စတိုးဆိုင်နဲ့စာဖတ်ဝိုင်းလေးဖွင့်ပြီးနေရင်းက ကျနော့်ပိုင်းဖြတ်ချက်ကို အကောင်အထည်ဖေါ်ဖို့ကြိုးစားတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ အဆက်အသွယ်ရလာတယ်။ ပြည်တွင်းစစ်ကိစ္စ၊ ငြိမ်းချမ်းရေးကိစ္စတွေ အထိုက်အလျှောက်ပြောဆိုဆွေးနွေးဖြစ် သဘောထားပေးခွင့်နဲ့ မေး ခွင့်တွေပါရလာတယ်။ ကျနော့်သဘောထားက ပြည်တွင်းငြိမ်းချမ်းရေးကိစ္စအတွက်ကို ဘယ်သူနဲ့ဖြစ်ဖြစ်၊ ဘယ်အဖွဲ့အစည်းနဲ့ဖြစ်ဖြစ် လက်တွဲပြီး လုပ်နိုင်တယ်။ လုပ်လည်းလုပ်မယ်။ နောက်ဆုံးကုန်ကုန်ပြောမယ် လက်ရှိစစ်တပ်က ပြည်တွင်းစစ်ရပ်စဲရေး ပြည်တွင်းငြိမ်းချမ်းရေးကို အမှန် တကယ်လုပ်တယ်ဆိုရင်၊ လုပ်နေတယ်လို့ကျနော်ယုံကြည်ရင် အဲဒီငြိမ်းချမ်းရေးကိစ္စတခုတည်းအတွက် သူတို့နဲ့တွဲလုပ်နိုင်တယ်။ ကျန်တာတွေ ကတော့ သူတို့ကျူးလွန်ခဲ့တာတွေ သူတို့လုပ်ရပ်တွေအတွက်ကတော့ သူ့တရားနဲ့သူစီရင်တာကို ခံပေ့စေပေါ့။ နောက်တော့ ၈၈အရေးတော် ပုံကြီးဖြစ်လာတယ် ကျနော်လည်းပါဝင်ခဲ့တယ်။ ကျနော့်အတွေ့အကြုံတွေကိုအခြေခံပြီး ကျနော်ဖျောင့်ဖျစည်းရုံးမယ်လို့ရည်ရွယ်တဲ့ “ပစ်မှတ်က စစ်တပ်” ပါ။ အဲဒီအချိန်မှာ ဒီမိုကရေစီရေးကိုသာ တွင်တွင်ပြောနေကြမေပယ့် အဲဒါနဲ့တွဲပြီးအရေးပါလှတဲ့ပြည်တွင်းစစ်ကိစ္စကို ပြောသံဆိုသံတွေ က နည်းနည်းအသံတိုးတယ်ထင်ပါတယ်။ ဒါနဲ့ကျနော့် “နဂိုရည်မှန်းနို င်ငံရေး”ဖြစ်တဲ့ ပြည်တွင်းစစ်ရပ်စဲရေး ပြည်တွင်းငြိမ်းချမ်းရေး ကို ဇောင်းပေးပြီးပြောတယ်ဆိုတယ် လုပ်တယ်ကိုင်တယ်။ အထိုက်အလျှောက် ထိရောက်တယ်လို့ဆိုနိုင်ပါတယ်။ တပ်မတော်သားတချို့ လူထုနဲ့လက်တွဲလာတယ်။ နောက်တော့ အရပ်ဝတ်စစ်အာရှင်စနစ်ကနေ ယူနီဖေါင်းဝတ်စစ်တပ်ဆီကို အာဏာလက်လွှဲလက်ပြောင်းလုပ်တယ်။ ပါတီတွေထောင်ခွင့်ရလာတာနဲ့ NLD ပေါ်လာတယ်။ ကျနော် ပါတီဝင် ဖြစ်လာတယ်။ NLD မှာ တစုံတရာအဆင့်အနေတခုအထိ တာဝန်ယူ လုပ်ကိုင်ခဲ့တယ်။ “မတရားတဲ့အမိန့်အာဏာဟူသမျှတာဝန်အရဖီဆန်ကြ” ဆိုတဲ့လှုပ်ရှားမှုမှာ မင်္ဂလာဒုံမြို့နယ်ကိုဦးဆောင်ပြီး အာဏာဖီဆန်ရေး လမ်းကြောင်းပေါ် တွန်းတင်နိုင်ခဲ့တယ်။ အဖမ်းခံရတယ် ပထမအကြိမ်။ ဇူလိုင်လ ၇ ရက် ၁၉၈၉။ စစ်ကြောရေးရောက်တယ်။ သူများနည်းတူ အနှိပ်စက်ခံရတယ်။ ထောင်ကိုပို့တယ်။ ကျနော်ထောင်ထဲမှာရှိနေတုန်းပဲ ဗမာပြည်ကွန်မြူနစ်ပါတီ ၄၈၂၈ မြေအောက်လှုပ်ရှားမှုကြီးတခုလုံး လိုလို ထောက်လှမ်းရေးလက် ကျသွားတယ်။ ကျနော်နဲ့သူတို့နဲ့အချိတ်အဆက်တွေ ထောက်လှမ်းရေးကရသွားတယ်။ ညီဖြစ်သူကရှောင်ရင်း တိမ်းရင်း လက်နက်ကိုင်တော်လှန်ရေးဆင်းဖို့ပြင်နေတယ်။ ဒီလိုနဲ့ သြဂုတ်လ ၄ ရက်နေ့ ၁၉၈၉ မှာပြန်လွတ်တယ်။ အပြင်မှာ ၃ ရက်နဲ့တမနက်ပဲ ထားပြီး ပြန်ဖမ်းတယ်။ သြဂုတ်လ ၈ ရက် ၁၉၈၉။ ရေကြည်အိုင်ရောက်တယ်။ ထုံးစံအတိုင်းခံရတယ်။ ဒီတကြိမ်မှာ ပိုဆိုးလာတယ်။ ကျနော့်ကို စစ်သားဟောင်းတယောက်ဖြစ်ပြီး တပ်မတော်ကိုဆန့်ကျင်သူလို့ သူတို့ကမြင်တယ်။ ဗကပ လို့စွပ်စွဲတယ်။ ဆိုတော့ပိုခံရတယ်။ နောက်တော့
ထောင်ကိုပို့တယ်။ နိုဝင်ဘာလ ၆ ရက် ၁၉၈၉ မှာ စစ်ခုံရုံးအမှတ်(၅)ကနေ ထုချေခွင့်လျှောက်လဲခွင့်ဘာမှမပေးပဲ အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၁၀ နှစ် ချတယ်။ စက်တင်ဘာ ၂၅ အင်းစိန်ထောင်တွင်းတိုက်ပွဲမှာပါခဲ့တယ်။ မချိမဆန့်တွေခံရတယ်။ နောက်တော့ တောင်ငူထောင်ကိုပြောင်း ခံရတယ်။ ၁၉၉၇ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့မှာ သာမန်လွတ်ရက်နဲ့လွတ်ပြန်တယ်။ အပြင်ပြန်ရောက်ရောက်ချင်း ထောင်တွင်းထောင်ပြင် သတင်း၊ ဆေးဝါး၊ စားနပ်ရိက္ခာကူညီရေး လျှို့ဝှက်ဆက်သွယ်ရေးလုပ်တယ်။ အပြင်မှာ တလလောက်နေလိုက်ရပြီး  ဖေဖေါ်ဝါရီလ ၂၃ ရက်နေ့ ၁၉၉၇ မှာပြန်အဖမ်းခံရပြန်တယ်။ စစ်ကြောရေးကနေ ရန်ကုန်ဆေးရုံကြီးအချုပ်ခန်းထဲ ရောက်ရတဲ့အခြေအနေအထိနှိပ်စက်ခံ ရတယ်။

မေး။ ဦးမျိုးကိုထောင်ထဲမှာ နှစ်ရှည်တိုက်ပိတ်ထားခံရတယ်လို့ဆိုပါတယ်။ တိုက်ပိတ်ခြင်းနှင့် ထောင်တွင်းတိုက်ပွဲ အတွေ့အကြုံတချို့ ကိုသိပါရစေရှင်။
နှစ်ရှည်တိုက်ပိတ်တာမဟုတ်ပါဘူး။ အကြိမ်ကြိမ်တိုက်ပိတ်တာခံခဲ့ရတဲ့ ကာလအရေအတွက်စုစုပေါင်း က လေးနှစ်ခွဲလောက်ဖြစ်တယ်လို့ဆိုတာပါ။ ထောင်တွင်းမှာ နိုင်ငံရေးအကျဉ်းသားတွေအနေနဲ့ကတော့ “တောင်းပွဲရောတိုက်ပွဲပါ” အမြဲရှိနေပါတယ်။ တချို့တိုက်ပွဲတွေက “ဂုဏ်သိက္ခာအတွက် တိုက်ရတဲ့တိုက် ပွဲ” ဖြစ်ပြီး တချို့တိုက်ပွဲတွေက “နိုင်ငံရေးအကျဉ်သားရပိုင်ခွင့်အတွက်တိုက်ရတဲ့တိုက်ပွဲ” ကျနော် လည်း အခြားနိုင်ငံရေးအကျဉ်းသားများနည်းတူ တောင်းပွဲမှာရောတိုက်ပွဲမှာပါ ပါခဲ့ပါတယ်။ အထူးခြားဆုံးတခု အနေနဲ့ပြောရမယ်ဆိုရင် ၁၉၉၀ ပြည့်နှစ် စက်တင်ဘာ ၂၅ ထောင်တွင်းတိုက်ပွဲဖြစ်ပါတယ်။ ၁၉၈၈ နောက် ပိုင်း ဗမာပြည်ထောင်သမိုင်းမှာ လူအများဆုံးပါဝင်ခဲ့ တဲ့ ထောင်တွင်းတိုက်ပွဲတခုလို့ပြောရင် မမှားဘူးထင်ပါ တယ်။ အဲဒီအချိန်မှာ ကျနော်က ၄ တိုက်(ရှည်)မှာရှိနေပါတယ်။ ဒီတိုက်ပွဲမှာ ၄ ရှည်ကအခြားသူတွေလည်း အကုန်ပါခဲ့ပါတယ်။ ဒါပေမယ့် ကိုခွန်ဆိုင်း (သွေးသစ်လူငယ်များအစည်းအရုံး- ယခုအင်္ဂလန်) ကိုအောင်သန်း (သဲကုန်းမြို့နယ် NLD ဥက္ကဋ္ဌ) ကိုမြင့်ရီ(ဗကသ) ကိုကျော်အေး(ဒညတ) ကိုညိုထွန်း (ဗကသ) နဲ့ကျနော်တို့ ၆ယောက်တည်းကို ခွဲထုတ်သွားပြီး မြေကြီးပေါ်တနေကုန်မှောက်ထား၊ နေလှမ်းပြီးရိုက်နှက်ကန်ကျောက် ထိုးကြိတ်တာခံရပါတယ်။ ညတွင်းချင်းပဲ ကိုခွန်ဆိုင်းနဲ့ ကိုညိုထွန်းကို ဒေါက်ခြေကျဉ်းခတ်ပြီး သရက်ထောင် ကိုပြောင်းလိုက်ပါတယ်။ ကျနော်တို့ ကျန်တဲ့ ၄ယေက်ကိုတော့ ခြေကျဉ်းခတ်ပြီး ကြိုးတိုက်ကို၊ စစ်ခွေးတိုက်ကို ပို့ပါတယ်။ ပြစ်ဒဏ်ကာလမှာ ဘယ်လောက်မချိမဆန့်တွေဖြစ်ခဲ့ရ၊ ခံခဲ့ရသလဲဆိုတာ အဲဒီတိုက်ပွဲမှာပါဝင် ခဲ့သူတွေ အားလုံးသိကြပါတယ်။ ထောက်လှမ်းရေးမှာ၊ ထောင်ထဲမှာနှိပ်စက်ခံပြီး ကျဆုံးသွားကြတဲ့ ဒီမို  ကရေစီရေးသူရဲကောင်းတွေ ဂုဏ်ပြုတဲ့အခါတိုင်း စက်တင်ဘာ၂၅ မှာ ခံခဲ့ရသူတွေကိုလည်း အခုချိန်ထိ ကျနော်မှတ်မှတ်ရရနဲ့ အလေးအမြတ်ပြုနေဆဲပါပဲ။  
မေး။ ထောင်မှထွက်ပြီးတဲ့နောက် ဘဝဖြတ်သန်းမှုတချို့ သိပါရစေရှင်။
ထောင်ကလွတ်တဲ့အချိန်မှာ ကျနော် ဘယ်သူ့ကိုမှနှုတ်မဆက်ရက်တာနဲ့ နှုတ်မဆက်ပဲထွက်ခဲ့တယ်။ ကျန်နေရဦးမယ့်သူတွေရဲ့မျက်နှာ၊ အားယူပြီး ပြုံးပြမယ့်အပြုံးတွေကို ကျနော်ရင်မဆိုင်ရက်ဘူး။ နောက်ပြီး အပြင်ရောက်သွားတော့မယ့် ကျနော့်အပေါ်မှာထားမယ့် သူတို့ရဲ့မျှော်လင့်ချက်တွေ ကို ကျနော် ဘယ်လောက်ဖြည့်စွမ်းနိုင်မလဲစတာတွေလည်း ကျနော်ကတိမပေးရက်ဘူး။ ဒါနဲ့ ဘယ်သူ့ကိုမှ နှုတ်မဆက်ပဲ ထွက်ခဲ့တာပါ။ ခံစားမှု ကတော့ “ခြင်းထဲကကြက်တကောင် ခြံထဲရောက်လာတယ်” ဆိုတာလောက်ပါပဲ။ ထောင်ကလွတ်ပြီးနောက် ကျနော် ထောင်တွင်းကသူတွေကို စိတ်ဓါတ်ရေးရာ အရရော၊ ရုပ်ဝတ္ထုပစ္စည်းအရပါ ကူညီဖို့ထောက်ပံ့ရေးတွေလုပ်ပါတယ်။ သခင်အုန်းမြင့်၊  မလှလှဝင်း(မဘဲရှုပ်) ကိုတင်လှိုင်(ကိုအီ ဗား) တို့နဲ့တွဲပြီးလုပ်ဖြစ်ခဲ့တာတွေပါ။ အေအေပီပီနဲ့လည်း အချိတ်အဆက်တွေပိုကောင်းလာပြီး ပိုလည်းအများကြီးလုပ်နိုင်ခဲ့ပါတယ်။ အဲဒါတွေ ကို ထောက်လှမ်းရေးက အနံ့နည်းနည်းရသွားပြီး ကျနော့်မေးလားမြန်းလား ခြိမ်းခြောက်လားတွေ လုပ်လာပြန်ပါတယ်။ ဒီတကြိမ် ကျနော် ပြန် အဖမ်းခံရရင် စစ်ကြောရေးတင် ဒါမှမဟုတ် ထောင်ထဲတင်သေသွားနိုင်တာကို ကျနော်တွက်မိတယ်။ ပြန်လည်းအဖမ်းခံချင်တော့ဘူး။ အဖမ်း လည်းမခံရဲတော့ဘူး။ ဒါနဲ့ ထိုင်းကိုထွက်ဖို့ ဆုံးဖြတ်လိုက်တာပါပဲ။ “တော် လှန်ရေးလုပ်ဖို့၊ နိုင်ငံရေးလုပ်ဖို့ထွက်လာတာ” လို့ပြောရင်မမှန်ပါဘူး။ “ကြောက်လို့ထွက်ပြေးလာတာ” ဆိုမှ မှန်မှာပါ။ ကျနော်ကြောက်သွားပြီ။ နောက်တကြိမ်အဖမ်းခံ အနှိပ်စက်ခံရမှာကို ကြောက်နေပြီ။ ကျနော့် ယုံကြည်ချက်အတွက်ကလည်း ဆက်လုပ်မယ်ပိုင်းဖြတ်ချက်ကရှိနေပြီ။ ဆိုတော့ ကျနော့်မှာရွေးချယ်စရာက ဗမာပြည်ကနေထွက်၊ တခြားနိုင်ငံ တခုခုကနေ ရသလောက်ကလေးတော့ ဆက်လုပ်နိုင်တန်ကောင်းရဲ့ဆိုတဲ့အတွေးပေါ်အခြေခံပြီး ထွက်ပြေးလာခဲ့ရတာပါ။

မေး။ အမေရိကားရောက် မြန်မာအစိုးရစစ်မှုထမ်းဟောင်းတဦး နိုင်ငံရေးအကျဉ်းသားဟောင်းတယောက်ရဲ့ လူနေမှုဘဝ စိတ်ခံစား မှုကို ပြောပြပေးပါလား။
ထိုင်းမှာ ၃ နှစ်ကျော်လောက် နိုင်ငံရေးအကျဉ်းသားများကူညီထောက်ပံ့ရေး၊ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအရေးတွေကို အဆက်မပြတ်လုပ်ခဲ့ပါတယ်။ နောက်တော့ ဒုက္ခသည်စခန်းထဲကိုရောက်ပါတယ်။ ဒုက္ခသည်စခန်းလည်း လူမှုရေးနဲ့နိုင်ငံရေးကိစ္စတွေ အတန် အသင့်လုပ်နိုင်၊ လုပ်ဖြစ်ခဲ့ပါတယ်။ နောက်တော့ ဇွန်လ ၂၄ ရက် ၂၀၀၈ ခုနှစ်မှာ အမေရိကန်ပြည်ထောင်စုကို ဒုက္ခသည်များပြန်လည်နေရာ ချထားရေးအစီအစဉ်နဲ့ ရောက်လာပါတယ်။ နှစ် ၂၀ နီးပါးကွဲကွာနေခဲ့ရတဲ့ ညီနဲ့ပြန်ဆုံပါတယ်။ ညီမနဲ့ ယောက်ဖတော်သူ (နိုင်ငံရေးအကျဉ်း သားဟောင်း ကိုရဲမော်ထူး) တို့နဲ့လည်း ပြန်ဆုံရပါတယ်။ ကျနော့်ဘဝရဲ့အပျော်ဆုံးအချိန်တွေထဲကတခုလို့ ပြောရမယ်ထင်ပါတယ်။ မသေလို့ မှပြန်ဆုံရတဲ့အဖြစ်တွေကိုး။ ဒီကအကျဉ်းထောင်တွေထဲမှာ ရာဇဝတ်သားတွေရဲ့ဘဝက ကျနော့်တို့ဗမာပြည်က နိုင်ငံရေးအကျဉ်းသားတွေရဲ့ဘဝနဲ့ မိုးနဲ့မြေလောက်ကိုကွာခြားတာတွေ့ရပါတယ်။ တကယ်ဆိုရင် သူတို့တွေဟာ ရာဇဝတ်ပြစ်မှုတခုခုကိုကျူးလွန်ပြီး လူ့အသိုင်းအဝိုင်းကပေးလိုက်တဲ့ ဒဏ်ကိုသာ ခံနေကြရတာမှန်ပေမယ့် အကျဉ်းသားတယောက်ရဲ့ ရပိုင်ခွင့်နဲ့လိုက်နာရမယ့်စည်းကမ်းတွေကတော့ ဗမာပြည်နဲ့ဘယ်လိုမှ မနိုင်း သာလောက်အောင်ကို ကွာနေတာတွေ့တော့ ကျနော် စိတ်တော်တော်ထိခိုက်မိတယ်။ စိတ်ထဲမလည်း “ငါ့ကို..ဗမာပြည်မှာနိုင်ငံရေးအကျဉ်းသား အဖြစ်နဲ့၊ ဒီကရာဇဝတ်သားတွေရတဲ့ အနေအထားမျိုးနဲ့သာထားမယ်ဆိုရင် သေသည်အထိတောင် ထောင်ထဲမှာနေနိုင်တန်ကောင်းရဲ့” လို့တောင် အတွေးဖြစ်မိတာအမှန်ပါပဲ။  ခံလည်းအတော်ခံစားရပါတယ်။ တချို့နေရာတွေမှာဆိုရင် ဒီကရာဇဝတ်အကျဉ်းသားတယောက်ရဲ့ ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာသင်ကြားပိုင်ခွင့်၊ ဘဝလုံခြုံမှုဆိုတာတွေဟာ ဗမာပြည်ထောင်အပြင်က၊ သာမန်ပြည်သူတယောက်ရဲ့ ဘဝအနေ ထက်တောင်ပိုပြီး ကောင်းနေတာတွေ့ရပါတယ်။ ဒီရောက်ပြီးနောက် US Army ကို ကျနော်လက်လှမ်းမီသလောက် လေ့လာဖြစ်ပါတယ်။ Professional Army ဆိုတာဘာလဲ၊ စစ်တပ်ဆိုတာ ဘယ်သူ့ကိုနာခံရတာလဲ၊ စစ်တပ်တခုရဲ့သဘာဝ၊ စစ်သားရဲ့တာဝန်၊ လုပ်ပိုင်ခွင့်နဲ့အကျိုး ခံစားခွင့်က ဘာတွေလဲ၊ ဘာတွေမတူသလဲ၊ ဘာတွေတူသလဲ စတာတွေကိုနိုင်းယှဉ်ကြည့်ဖြစ်တာတွေ အများကြီးရှိပါတယ်။ ရောက်ပြီးမကြာခင် မှာပဲ ဖို့ဝိန်းမြို့ရောက် မြန်မာဒုက္ခသည်များကူညီရေးအေဂျင်စီတွေ၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ အမေရိကန်ကြက်ခြေနီအဖွဲ့ စတာတွေနဲ့ စေတနာ့ဝန် ထမ်းအလုပ်တွေ အချိန်ပြည့်လိုလိုလုပ်ဖြစ်ပါတယ်။ လုပ်ဖြစ်တယ်ဆိုတာကလည်း ကျနော်ရောက်လာပြီး ချက်ချင်းဆိုသလိုပဲ အမေရိကန်ပြည် သူတွေကပေးတဲ့ SSI လို့ခေါ်တဲ့ လူမှုထောက်ပံ့ ကြေးငွေတလကို ၆၇၄ ဒေါ်လာပေးထားတာကြောင့် ရပ်တည်ရေးအတွက် ဝင်ငွေရှာစရာ မလိုတော့တဲ့အတူ အချိန်ပိုတွေထွက်လာပါတယ်။ အဲဒီအချိန်တွေကို လူတွေကိုကူညီဖို့၊ စာရေးစာဖတ်လုပ်ဖို့၊ နိုင်ငံရေးကိစ္စတွေမှာပါဖို့ အသုံးချနိုင် တာပါ။ ဆေးဘက်ဆိုင်ရာ၊ တရားရုံးဆိုင်ရာ၊ လူမှုအဝန်းဆိုင်ရာစကားပြန်နဲ့ ဘာသာပြန်သင်တန်းတွေအပြင် အင်္ဂလိပ်စာကို ဒုတိယဘာသာစကား အဖြစ်သင်ယူလိုသူ မြန်မာတွေကိုသင်ပေးရတဲ့ ဆရာဖြစ်သင်တန်းဆင်းလက်မှတ်လည်း ရထားပြီးဖြစ်ပါတယ်။ ဆေးရုံဆေးခန်းမှာ တရားရုံးမှာ အခါအားလျော်စွာစကားပြန်အလုပ်ကို လုပ်ပေးတာတွေရယ် အေဂျင်စီတွေ၊ အစိုးရဋ္ဌာနတွေက လိုအပ်မယ့် စာရွက်စာတမ်းတွေကို ဘာသာပြန် တာတွေလုပ်နေပါတယ်။ ဒါ့အပြင် ပညာရေးကိစ္စဇောင်းပေးလုပ်တဲ့ အေဂျင်စီတခုနဲ့တွဲ့ပြီး မြန်မာလူကြီးတွေအတွက် အင်္ဂလိပ်စာသင်ပေးတဲ့ အတန်းတွေမှာလည်း အနည်းဆုံးတပတ်ကို ၂ရက်သင်ပေးနေပါတယ်။ “ဖူးပွင့်ဝေ”  အမည်နဲ့ ဖို့ဝိန်းမြို့ထုတ် မြန်မာမဂ္ဂဇင်းတစောင်မှာ အယ်ဒီတာ အဖြစ်လုပ်ခဲ့သလို Golden Moon  အပတ်စဉ် မြန်မာရုပ်/သံအစီအစဉ်ကို စတင်ထူထောင်သူထဲက တဦးအဖြစ်နဲ့ရော၊ ထုပ်လုပ်သူ တဦးအဖြစ် နဲ့ပါ လုပ်ဆောင်ခဲ့ပါတယ်။ အဲဒါတွေအားလုံးက အခကြေးငွေမယူတဲ့ စေတနာ့ဝန်ထမ်းအလုပ်တွေချည်းပါပဲ။ တပြိုင်တည်းမှာ လွတ်လပ်သော အာရှအသံ (Radio Free Asia) မှာ “စစ်မြေပြင်မှပုံရိပ်များ” ဆိုတဲ့အပတ်စဉ်အသံလွှင့်အစီအစဉ်ကို RFA ရဲ့ Editorial Assistance အနေနဲ့ ကိုယ်တိုင်တင်ဆက်ပေးနေပါတယ်။ ကျနော့်တယောက်တည်းအနေနဲ့ပြောရရင် ဒီမှာနေရတာ ကောင်းပါတယ်။ ကျနော်တခါမှမခံစားဘူးတဲ့ ဒီမိုကရေစီနဲ့လွတ်လပ်ခွင့်ဆိုတဲ့ အရသာကိုခံစားခွင့်ရနေတယ်။ နောက်ပြီး Open Society လွတ်လပ်ပွင့်လင်းတဲ့လူ့ဘောင်ဆိုတာကို လည်း နှစ်ခြိုက်နေမိတယ်။ အမေရိကန်ပြည်သူတွေရဲ့ စိတ်နေစိတ်ထားနဲ့ဘဝနေဟန်ကလည်း ကျနော့်အတွက်ဝင်ဆန့်ရတာ မခက်လှပါဘူး။ ဒါပေမယ့် ကျနော့်တိုင်းပြည်ကိုပြန်တွေးတိုင်း၊ ကျနော့် ပြည်သူတွေရဲ့ဘဝကိုပြန်တွေးတိုင်း စိတ်ထိခိုက်ကြေကွဲရတာကတော့ အမှန်ပါပဲ။ ဒီက လူတွေလိုပဲ ဗမာပြည်သူတွေကို လွတ်လပ်စေချင်၊ ငြိမ်းချမ်းစေချင်၊ ချမ်းသာစေချင်လှပါပြီ။ ပြောရရင် လွတ်လပ်မှုတဝက် အနှောင်အဖွဲ့ တခြမ်း၊ ပျော်ရွှင်မှုတစိတ် ကြေကွဲမှုတပိုင်းဆိုတဲ့ ဆန့်ကျင်ဘက်စိတ်နှစ်စိတ်နဲ့ ရှင်သန်နေရသူလိုပါပဲ။
မေး။  ယနေ့တက်လာတဲ့ အစိုးရသစ်ရဲ့အပေါ် နိုင်ငံရေးအရအဘယ်လိုထင်မြင်သုံးသပ်မိပါသလဲ။
ဖြေ။ ဦးသိန်းစိန်ခေါင်းဆောင်တဲ့ အရပ်ဝတ်စစ်အာဏာရှင်စနစ်က အရင်ရှိနေတဲ့ ယူနီဖေါင်းဝတ်စစ်အာဏာရှင်စနစ်နဲ့ ဘာတွေများခြားနားပါ သလဲဆိုတာ သူတို့လုပ်ရပ်တွေကိုကြည့်ပြီး ကျနော်ကိုယ့်ကိုယ်ပြန်မေးဖြစ်တော့ ဒီလိုအဖြေထွက်ပါတယ်။ အခုဦးသိန်းစိန်အစိုးရမှမဟုတ်ပါဘူး ဗမာပြည်စစ်အာဏာရှင်အဆက်ဆက်က အရာရာကိုပြောင်းလဲနေသလို အရာရာကိုလည်းပြောင်းလဲစေခဲ့ပါတယ်။ ရိုးသားနှိမ့်ချဖြူစင် တဲ့ မြန်မာပြည်သူတွေရဲ့ ပင်ကိုယ်ဓလေ့စရိုက်ကောင်းတွေကို စနစ်တကျဖျက်လိုဖျက်ဆီးလုပ်ပြီး၊ ပျက်ဆီးအောင်ပြောင်းလဲစေခဲ့ပါတယ်။ လူတွေကိုအကြောက်တရားနဲ့မွေးဖွားပြီး အကြောက်တရားနဲ့ရှင်သန်နေတတ်အောင် ပြောင်းလဲပြစ်လိုက်ပါတယ်။ မိသားစုဝင်တွေကြား၊ ဆွေတွေ မျိုးတွေအကြား၊ မိတ်ဆွေတွေအကြား တယောက်ကိုတယောက်မယုံရဲ မကြည်ရဲဖြစ်လောက်အောင်ကို   ပြောင်းလဲစေခဲ့ပါပြီ။ တိုင်းပြည်ကို၊ မြို့တွေရွာတွေကိုအမည်ပြောင်းတယ်။ ငွေကြေးရဲ့အမှတ်အသားတွေကို၊ သမိုင်းနဲ့အဆက်အစပ်ဖြစ်မယ့်အရာမှန်သမျှကို အမည်ပြောင်းရုပ်ပြောင်း လုပ်တယ်။  သမိုင်းနဲ့လူထုကိုအဆက်ဖြတ်ထားတယ်။ ပြောင်းတာမှအကုန်ပြောင်းတာပါ စစ်ယူနီဖေါင်းကနေ ကြိုးကြီးချိတ်တွေအထိကို ပြောင်း ပါတယ်။ မပြောင်းတာဆိုလို့ နိုင်ငံရေးစနစ်ပဲရှိပါတယ်။ အာဏာကိုလက်ဆုပ်မဖြည်ပေးဘူး။ လူထုအပေါ်ဖိစီးမှု မလျှော့ဘူး။ စစ်အာဏာသက်ဇိုး ရှည်ရေး မူလရည်ရွယ်ချက်မပြောင်းဘူး။ ဆိုတော့ တကယ့်လိုအပ်တဲ့ အပြောင်းအလဲကိုမလုပ်ပဲ အရေးမပါတာတွေကိုသာ အပြောင်းအလဲ လုပ်နေတဲ့ အရပ်ဝတ်စစ်စိုးရဆိုတာအပေါ်မှာထားတဲ့ ကျနော့်သဘောထားက  အရင်ယူနီဖေါင်းဝတ် စစ်အာဏာရှင်တွေအပေါ်ထားတဲ့အတိုင်း ပါပဲ။ ဘာအပြောင်းအလဲမှမလုပ်တဲ့လူတစုအပေါ်မှာ ကျနော်ကလည်း ဘာသဘောထားအပြောင်းအလဲမှမရှိပါဘူး။ နဂိုအတိုင်းပါပဲ။ အပြောင်း အလဲမရှိပါဘူး။

မေး။
အရှေ့လေမှတဆင့် ပြည်တွင်းမှာရှိတဲ့ ရဟန်းရှင်လူ ပြည်သူများကို ဘာတွေများ ပြောကြားချင်ပါသလဲရှင့်။
စစ်သားဟောင်းတယောက်အနေနဲ့ လက်ရှိတပ်မတော်သားတွေကိုတော့.. စစ်သားဆိုတာ အထက်ကပေးတဲ့အမိန့်ကိုနာခံပြီးလိုက်နာ ရမှာပါပဲ။ ဒါပေမယ့် စစ်သားဆိုတာဟာလည်း လူသားပါပဲ။ လူသားတိုင်းမှာ ရွေးချယ်ခွင့်ဆိုတာရှိပါတယ်။ ပေးလာတဲ့အမိန့်ကိုနာခံပါ့မယ်လို့ရွေး ချယ်ခွင့်ရှိသလို မနာခံနိုင်ဘူးလို့ ငြင်းပယ်ခွင့်လည်းရှိပါတယ်။ ငြင်းပယ်တာရောလက်ခံတာပါ “လူသားရဲ့ရွေးချယ်ပိုင်ခွင့်”ပါ။ မိမိရဲ့ရွေးချယ်မှု အတွက် မိမိဘာသာတာဝန်ယူရဲဖို့သတ္တိတော့ မွေးယူရပါမယ်။ အခုချိန်မှာ တပ်မတော်ကိုလက်ကိုင်တုတ်လုပ်ပြီး ကိုယ်ကျိုးရှာပြည်သူကို ဖိစီးနှိပ်စက်နေတဲ့ စစ်အာဏာရှင်တစုရဲ့အကျိုးစီးပွားကိုကာကွယ်ပေးနေရတဲ့ တပ်မတော်သားတယောက်အဖြစ်နဲ့ ဆက်ရပ်မလား၊ ဒါမှမဟုတ် တိုင်းပြည်လူထုအကျိုးစီးပွားကို အမှန်တကယ်အကာအကွယ်ပေးမယ့် စစ်သားကောင်းတယောက်အဖြစ် ပြောင်းလဲရပ်ခံပေးမလားဆိုတာ ကိုတော့ လက်ရှိစစ်မှုထမ်းတိုင်းပြန်တွေးစေချင်ပါတယ်။ နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေးနဲ့ အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲ အဆက်ဆက်မှာ သမိုင်းဂုဏ်ရောင်ပြောင်ခဲ့တဲ့ ဗမာ့မျိုးချစ်တပ်မတော်ရဲ့ ဂုဏ်သိက္ခာကိုပြန်ဆယ်မယူကြဖို့ရာ တပ်မတော်သားတိုင်းရဲ့ လက်ငင်း ဆုံးဖြတ်လုပ်ကိုင်ရမယ့်ကိစ္စဖြစ်ကြောင်း သတိပြုကြစေလိုပါတယ်။
နိုင်ငံရေးအကျဉ်းသားဟောင်းတယောက်အနေနဲ့ကတော့… လက်ရှိဗမာပြည်ကအကျဉ်းထောင်အသီးသီးမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ ၂၀၀၀ ကျော်ကို ခြွင်းချက်မရှိအမြန်ဆုံးလွှတ်ပေးရေးနဲ့ လွတ်လာပြီးနောက် ဗမာ့နိုင်ငံရေးအပြောင်းအလဲဖြစ်စဉ်တိုင်းမှာ အကန့်အသတ်မထားပဲပါဝင်ခွင့်ရရေးကို တောင်းဆိုသလို၊ နိုင်ငံရေးအကျဉ်းသားများမြန်ဆုံးနဲ့ခြွင်းချက်မရှိလွတ်ရေးအတွက် ပြည်တွင်းပြည်ပက
ဝိုင်းဝန်းကူညီလုပ်ဆောင်ကြဖို့ တိုက်တွန်းလိုပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေကို ထောင်ထဲကမလွှတ်ပဲ အမျိုးသားပြန်လည်သင့်မြတ်ရေး လမ်းစဆိုတာ ရှာလို့ရနိုင်တဲ့အရာမဟုတ်ကြောင်း ပြောချင်ပါတယ်။
ဒီလောက်ပါပဲခင်ဗျား။ ကျေးဇူးတင်ပါတယ်။ မျိုးမြင့်။

Thursday, May 26, 2011

စစ်မြေပြင်မှပုံရိပ်များအပိုင်း(၁၂) မျိုးမြင့်ချို

0 comments

စစ်မြေပြင်မှပုံရိပ်များအပိုင်း(၁၂) ၅ လပိုင်း ၂၅ ရက် ၂ဝ၁၁ နေ့မှာ 
အာရ်အက်ဖ်အေ အပတ်စဉ်အသံလွှင့်အစီအစဉ်မှာ ထုတ်လွှင့်ခဲ့ပြီးဖြစ်ပါတယ်။
တနာရီကျော်လောက် တောက်လျှောက်အပြန်အလှန် ပစ်ခတ်ကြပြီးနောက် လက်နက်ကြီးသံတွေခနတိတ်သွားပြီး လက်နက်ငယ်သံ တွေလောက်ပဲ ဖြိုးဖြိုးဖျောက်ဖျောက် ကြားရပါတော့တယ်။ ခွဲမှူးက အမိန့်ပေးလိုက်တယ်ဆိုရင်ပဲ တပ်စုတွေဖြန့်ပြီး ရွာထဲစဝင်ကြတာကိုမြင်နေ ရပါတယ်။ ကျနော်လည်း ခွဲရုံးနဲ့အတူပါသွားပါတယ်။ ဝင်နေတဲ့တပ်စုတွေဆီကနေ ပစ်ရှင်းရှင်းသလိုမျိုး တချက်တချက်လှမ်းလှမ်းပစ်သံသာ ကြားရပေမယ့် ရွာထဲကပြန်ပစ်သံ ထွက်မလာတော့ပါဘူး။

နောက်တော့ ကျနော်တို့လည်းရွာထဲရောက်လာပါပြီ။ အိမ်တအိမ်မှာခနနားနေတုန်း ခွဲတပ်ကြပ်ကြီးက  “လာ..ဘီအီးလေး”ဆိုတာနဲ့ ကျနော်သူနဲ့အတူ လိုက်သွားပါတယ်။ ကျနော်တို့နဲ့အတူ ၄၀ မမ(အမ်၇၉)လောင်ချာ ကိုင် ဒုတပ်စိတ်မှူးတယောက်လည်း ပါလာပါတယ်။ အသက်၃၀လောက်ရှိမယ်ထင်ရပြီး စိတ်လည်းနည်းနည်းလှုပ်ရှားနေပုံပါပဲ။ ရွာထဲမှာသေနတ်နဲ့ရဲဘော်တွေ တအိမ်ဝင်တအိမ်ထွက် လုပ်နေ တာ။ လမ်းပေါ်မှာလွတ်ပြီး ပြေးလွှားဆူညံနေတဲ့ ဝက်တွေကြက်တွေ ကို လိုက်ပစ်လိုက်ဖမ်းလုပ်နေတာ။ ရွာသားတွေကိုဆူဆဲပြီး အိမ်ပြင်ထွက်ခိုင်း။ ခေါင်းပေါ်လက်တင် ထိုင်ခိုင်းနေတာ။ လက်ထဲမလည်း အိမ်တွေထဲကဆွဲချလာတဲ့ အထုတ်တွေ၊ အိတ်တွေ၊ ပစ္စည်းပစ္စယတွေ တို့လို့တွဲလောင်းတွေနဲ့ပါ။ စုမှူးတွေရောခွဲမှူးပါ အဲသလိုဖြစ်နေ တာတွေကိုတွေ့ပေမယ့် ဘာမှမပြောပါဘူး။ ကျနော်က အဲဒါတွေကိုကြည့်ရင်းကနေ တပ်ကြပ်ကြီးဘက်လှည့်လိုက်တော့ သူက “ဗ.က.ပ ရွာကွ” လို့တခွန်းပဲပြောပြီး ဘာမှမဖြစ်သလို ဆက်လျှောက်နေပါတယ်။

ဆက်လျှောက်လာရင်း ကျနော်တို့၃ယောက် အိမ်တလုံးရှေ့မှာရပ်မိပါတယ်။ အိမ်ထဲမှာဘယ်သူမှတော့ ရှိပုံမပေါ်ပါဘူး။ ဒါနဲ့တပ်ကြပ် ကြီးကအိမ်ထဲဝင်မယ်လုပ်တုန်း အိမ်ထဲကနေသေနတ်သံ ထွက်ချလာပါတယ်။ နီးကလည်းနီးနီးလေးဆိုတော့ ဘာမှတောင်လုပ်ချိန် မရလိုက်ပါဘူး။ ကျနော်နဲ့အကြပ်ကြီးက မှောက်ချိန်မီလိုက်ပေမယ့် ဒုစိတ်မှူးကတော့ ခေါက်ကနဲလဲကျသွားပါတယ်။ လက်ထဲ ကလောင်ချာကတော့ မလွတ်ပါဘူး။ ချက်ခြင်းပဲကုန်းထပြီး အိမ်ပေါက်ထဲကို လောင်ချာတလုံးပစ်သွင်းလိုက်ပါတယ်။ အကြပ်ကြီး ကလည်း မှောက်နေရာကနေ အိမ်ပေါက်ထဲကို ကာဘိုင်နဲ့အတွဲလိုက် ပြန်ပစ်သွင်းတော့တာပါပဲ။ အိမ်ထဲကပြန်ငြိမ်သွားတယ်။ ဒုစိတ်မှူးက ရင်ဘတ်ကိုလက်တဘက်နဲ့ဖိထားပြီး နောက်တဘက်နဲ့ နောက်တလုံးကိုပြောင်းထဲ ထိုးထည့်နေတယ်။ ကျနော် သူ့နား လှိမ့်သွားတော့ ဘာမှမပြောပဲမျက်လုံးကြီးပြူးပြီး တချက်ကြည့်တယ်။ ကျည်ထိုးပြီးတာနဲ့ အိမ်ထဲကိုပြောင်းတည်ပြီး နောက်တလုံး ထပ်ပစ်သွင်းလိုက်ပြန်တယ်။ အိမ်နံရံတဘက် "ဝုန်း"ကနဲလန်ထွက်သွားပါတယ်။ သူလည်း ပြန်လဲကျသွားတယ်။ အဲဒီအချိန်မှာ အိမ်က မီးစလောင်နေပါပြီ။

သေနတ်တွေကြောင့် အနားကရဲဘော်တချို့နဲ့ စုမှူးတယောက်ပါ ကျနော်တို့ဆီရောက်ချလာတယ်။ အိမ်ထဲကတော့ဘာသံမှထွက် မလာဘူး။ ကျနော်တို့အိမ်ဘက်ကို စိုက်ကြည့်နေတုန်းမှာပဲ စစ်ဝတ်စုံနဲ့လူတယောက် သေနတ်ခေါင်းပေါ်တင်ပြီး အိမ်ထဲကနေ ခပ်ဖြည်းဖြည်းထွက်လာတယ်။ ခေါင်းလည်းငုံ့ရက်သားနဲ့ပါ။ ရုတ်တရက်ဆိုတော့ အားလုံးကြက်သေ သေသလိုဖြစ်သွားတယ်။ ရဲဘော်တယောက်က အဲဒီလူကို သေနတ်နဲ့ထိုးချိန်လိုက်တော့ “မပစ်နဲ့..မပစ်နဲ့”လို့ အော်သံကြားတခုလိုက်တယ်။ ဘယ်သူအော်သ လဲတော့ မမှတ်မိလိုက်ပါဘူး။ နောက်တော့ တပ်ကြပ်ကြီးက သေနတ်ချိန်ပြီးရှေ့ကို တိုးထွက်လိုက်တယ်။ အဲဒီသူဆီကို တည့်တည့် လှမ်းသွားတယ်။ ပါးစပ်ကလည်း တခုခုကိုအော်အော်ပြောတယ်။ လက်ဟန်နဲ့ သေနတ်အောက်ကိုချဖို့ပြတယ်။ အနားရောက်တော့ ဟိုလူ့နောက်ကျောကို သေနတ်နဲ့ထောက်ပြီး မြေကြီးပေါ်မှောက်ချခိုင်းလိုက်တယ်။ ပြီးတော့ ကျနေတဲ့သေနတ်ကိုကောက်တယ်။ စစ်သုံ့ပန်းတယောက် လက်ရဖမ်းမိလိုက်ပြီဆိုတဲ့သဘောပေါ့။

ကျနော်လည်း မှောက်နေတဲ့သူကို ကြည့်ချင်လာတယ်။ ဘယ်သူပါလိမ့်ပေါ့လေ။ သူ့နောက်ကျောဘက်မှာတော့ သွေးတွေစွန်းနေ တာတွေ့တယ်။ ဒဏ်ရာအကြီးအကျယ် ရထားတဲ့ပုံတော့မပေါ်ပါဘူး။ အဲဒီအချိန်လေးမှာပဲ စုမှူးကအနားရောက်လာပြီး သူ့ကိုပြန်ထိုင် ခိုင်း လိုက်တယ်။ ရဲဘော်တယောက်ကိုလည်း ကြိုးတုတ်ဖို့ပြောသံကြားလိုက်တယ်။ ဟိုလူက စုမှူးပြောလို့ ထထိုင်မယ်လုပ်လိုက်ချိန် မှာပဲ ဘယ် အချိန်ကဘယ်လိုလုပ် အနားရောက်လာတယ်မှန်းမသိတဲ့ ဒုစိတ်မှူးကသူ့ဘေးကရဲ့ဘော်ရဲ့ လက်ထဲကသေနတ်ကိုဆွဲလုပြီး ဟိုလူ့ခေါင်းကို နောက်စေ့နေရာကနေ အသားကုန်လှန်ရိုက်တင်လိုက်ပါတယ်။

“ဂုတ်”ကနဲအသံနဲ့တဆက်တည်း “အ”ဆိုတဲ့အသံထွက်လာတယ်။ ပြီးတော့ ပြန်မှောက်ကျသွားတယ်။ ဦးဆက်ပွင့်ထွက် သွားပြီ။ အဲဒီနေရာက ခပ်ဖြူဖြူအတုံးအခဲတွေနဲ့သွေးတွေ ရောပြီးထွက်လာပါတယ်။ တကိုယ်လုံးလျှပ်စစ်နဲ့တို့သလို တုန်နေတယ်။ ပြီးတော့ ပြန်ထတာလား ဘာလားတော့မသိပါဘူး ခါးကြီးကကုန်းထလာတယ်။ ဒီတင် ဒုစိတ်မှူးက လက်ထဲကသေနတ်နဲ့ ခေါင်းကို ချည်းလေးငါးချက် ဆက်တိုက်ပြစ်ချလိုက်တယ်။ ခေါင်းတခေါင်းလုံးကြေမွသွားပါပြီ။ ခေါင်းက ခေါင်းနဲ့မတူအောင်ကို ဖြစ်သွားပါပြီ။

ဟိုလူလည်း တွန့်လိန်ကောက်ကွေးပြီး ငြိမ်ကျသွားပါတော့တယ်။ အဲဒီတော့မှ ဘေးကလူတွေလည်း အသိပြန်ဝင်လာသလိုမျိုးဖြစ်ကြ တာပါ။ ဒုစိတ်မှူးလည်း ရင်ဘတ်ကိုလက်နဲ့ဖိပြီး သေနတ်တခြားလူတခြား ပြန်လဲကျသွားပါတယ်။ ကျနော်လည်း ကိုယ့်ရှေ့တင် လူတယောက် ရိုက်အသတ်ခံရတာမြင်ပြီး တော်တော့ကိုလန့်သွားပါတယ်။ စကားပြောဖို့နေနေသာသာ ကတုန်ကယင်ကြီးနဲ့ အအ လိုတောင်ဖြစ်သွားတယ် ထင်တာပါပဲ။

စစ်မြေပြင်မှာ လက်ရဖမ်းမိသူတွေအပေါ်ကျင့်သုံးရမယ့် သုံ့ပန်းပေါ်လစီတွေရှိနေတာမှန်ပေမယ့် လက်တွေ့မှာ ဘယ်အတိုင်းအတာ အထိ ကျင့်သုံးသလဲဆိုတာရယ်၊ ခုလိုရှောင်တခင်အဖြစ်ဆိုးနဲ့တိုးပြီး အသတ်ခံလိုက်ရရှာတဲ့သုံ့ပန်းပေါင်း ဘယ်လောက်ရှိနေပြီလဲ ဆိုတာရယ် ကိုတော့ ကျနော်တွေးဖြစ်အောင် တွေးလိုက်မိပါတယ်။
ကျနော်မျိုးမြင့်ပါခင်ဗျား။




Friday, May 20, 2011

လွတ်ငြိမ်းချမ်းသာခွင့်ဆိုတာက ဖော်ပြလိုက်တဲ့လက်တွေ့သဘောတားတခု(ရဲဘော်ဖိုးသံချောင်း)

0 comments
လွတ်ငြိမ်းချမ်းသာခွင့်ဆိုတာက ဖော်ပြလိုက်တဲ့လက်တွေ့သဘောတားတခု
ဗမာပြည်တပြည်လုံး၊ တကမ္ဘာလုံးကတောင်းဆို မျှော်လင့်နေကြတဲ့ နိုင်ငံရေးအကျဉ်းသားများကို
လွှတ် ပေးရေး ပြဿနာကို နအဖအမွေ အရပ်ဝတ်စစ်အစိုးရက ဒီလ၁၆ရက်နေ့မှာအကြောင်းပြန် လိုက်ပါပြီ၊
အချိန်ကဦးသိန်းစိန်အင်ဒိုနီးရှားကပြန်လာကာစ၊ တရုတ်ပြည်ကိုသွားမလို့ အထုပ်အပိုးပြင်နေတဲ့
အချိန်။ တိုက်ဆိုင်တာလား။ ချိန်ကိုက်လုပ်တာလား။ စဉ်းစားစရာတွေအများကြီးဖြစ်နေပါတယ်။ အာစီယံဥက္ကဋ္ဌလုပ်ခွင့်အဖြေမထွက်လို့ ပတ်မကြီးကိုထိုးဖောက်ပြတာလား၊ တရုတ်အစိုးရလောက်တော့ ဒါလောက်လုပ်ပြလိုက်ရင် ရပါတယ်လို့တွက်တာလား၊ သေချာတာကတော့ လုံးဝမရိုးသားတာပါပဲ။
            တကယ်က ဒီကာလတလျှောက်မှာ ဗမာပြည်ရဲ့ ယုံကြည်ချက်ကြောင့်အကျဉ်း 
ကျနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးရေးဆိုတဲ့ တောင်းဆိုချက်တွေ၊ ပြောဆိုသံတွေ ပြည် တွင်းပြည်ပမှာ နားလျှံနေအောင်ကြားနေရပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလုပ်တဲ့ လက်မှတ်စုဆောင်း ပွဲမှာ လက်မှတ်ထိုးလိုက်တဲ့ ဗမာပြည်ကလက်လုပ်လက်စားဆင်း ရဲသားကအစ ကုသမဂ္ဂအတွင်းရေးမှူးရဲ့ ကိုယ်စားလှယ် ဗီဂျေးနမ်ဘီးယားအထိ အားလုံးတသံတည်းထွက်၊ တလေထဲ တောင်းဆိုနေကြတဲ့ ကိစ္စဖြစ်ပါတယ်။ အဲဒီလိုအနေအထားမျိုးမှာ အခုလို ထောင်အနှစ်၂၀၀၊ ၆၅နှစ်ကျနေသူကို တနှစ်လျှော့ပေး လိုက်တယ်လို့ဆိုလိုက်တာဟာ အားလုံးကိုစော်ကားလိုက်တာဖြစ်ပါတယ်။ ဗိုလ်သိန်းစိန်တို့ရဲ့အခုလုပ် ရပ်ဟာ အင်္ဂလိပ် စကားထဲက add insult to injury ဆိုတဲ့ ထိခိုက်အောင်လုပ်ထားသူအပေါ် စော်ကားမှုစွက်လိုက် တယ် ဆိုတာလိုပဲ အားလုံးကို အစော်ကားကြီးစော်ကားလိုက်တာဖြစ်ပါတယ်။ လှောင်ချိုင့်ထဲမှာထည့်ထားတဲ့ တိရစ္ဆာန်တွေကို စတာ ပြောင်တာ ဟာအင်မတန်ရိုင်းတယ်ဆိုရင် ထောင်ထဲမှာအနှစ်၂၀၀ထောင်ချခံနေရတဲ့လူကို ဒီလိုသရော်လှောင် ပြောင်တာဟာ ပိုလို့တောင်ရိုင်းပါသေးတယ်။ ဒီအဖြစ်အပျက်က ဦးသိန်းစိန်သမတဖြစ်ပြီဆိုတုန်းက သူ့ကိုပုဂ္ဂိုလ်ရေးအရ ချီးမွမ်းခန်းထုတ်ခဲ့သူများကို သင်ခန်းစာထပ်ပေးတယ်လို့ ယူမှတ် ရမှာပါပဲ။
            တကယ်ကျတော့ နိုင်ငံတကာကရော သူတို့ကိုပိတ်ဆို့မှုတွေလုပ်နေကြတဲ့ နိုင်ငံတွေကပါ အရပ်ဝတ်စစ်အစိုးရရဲ့ အခုလိုလုပ်ရပ် ကို ကျေနပ်မှာမဟုတ်ဘူးဆိုတာ ဦးသိန်းစိန်တို့ကောင်းကောင်းသိပါတယ်။ အဲဒီလိုသိလျက်နဲ့ ဒီရိုင်းပျ စော်ကားလှတဲ့ထုတ်ပြန်ချက်ကို သမ္မတ ဦးသိန်းစိန်နာမည်နဲ့ထုတ်ပြန်လိုက်တာဟာ ဒီစစ်ဗိုလ်တွေ ဘာအ၀တ်အစားပဲ ၀တ်ထား၊ ၀တ်ထား၊ သူတို့ရဲ့ အတွင်းသဘောထားဖြစ်တဲ့ ပြည် တွင်းပြည်ပ ဘယ်သူ့ကိုမှဂရုမစိုက်ဘူးဆိုတဲ့ မောက်မာမှုကို လုံးဝမစွန့်လွှတ်ဘူးဆိုတာကို ဖော်ပြလိုက်တာဖြစ်ပါတယ်။ အထူးသဖြင့် ကုလ သမဂ္ဂအတွင်းရေးမှူးရဲ့ ကိုယ်စား လှယ်ဟာ ဗိုလ်သိန်းစိန်တို့နဲ့ဒီကိစ္စကိုပြောပြီး ပြန်သွားလို့ရက်ပိုင်းလေးအတွင်းမှာပဲ လုပ်ချလိုက်တာဖြစ်နေတော့ ဗီဂျေးနမ် ဘီးယားရဲ့ကျောပြင်ကို ဗိုလ်ချုပ်တွေကမေးငေါ့နေတာကိုတောင် မြင်ရသလိုလိုရှိနေပါတယ်။ ဒီတော့ ဒီအစိုးရသစ်ရဲ့ ကောင်း ကွက်တွေကို ချစ်တီးခေါင်းသန်းရှာသလိုရှာပြီး ချီးမွမ်းခန်းထုတ်နေတဲ့ပုဂ္ဂိုလ်တွေ အခုတော့ဘာများပြောပါဦးမလဲ လို့တောင် မေးချင်စရာဖြစ်နေ ပါပြီ်။
            နအဖတဖြစ်လဲ အရပ်ဝတ်စစ်အစိုးရရဲ့ဒီလှုပ်ရှားမှုဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ တနေ့တခြားထောက်ခံသူနဲ့ ထောက်ခံတဲ့အဖွဲ့ အစည်းတွေများပြားလာနေတဲ့ လှုပ်ရှားမှုကိုတုန့်ပြန်အဖြေပေးလိုက်တာဖြစ်တယ်ဆိုတာကတော့ ရှင်းနေပါတယ်။ တချို့အာဏာရသူတွေဟာ လူထုရဲ့ဆန္ဒကိုတိုက်ရိုက်မရင်ဆိုင်ပဲ ဒီလိုနည်းနဲ့တုန့်ပြန်အဖြေပေးလေ့ရှိပါတယ်။ ဒါဟာ သူတို့ရဲ့မောက်မာမှု၊ မရိုးသားမှုကိုဖော်ပြတာဖြစ်ရုံမက လူထုကြီးကိုမရင်ဆိုင်ရဲကြောင်း၊ အမှန်တရားကိုမရင်ဆိုင် ရဲကြောင်းဖော်ပြတာလည်းဖြစ်ပါတယ်။
            တပါတည်းမှာထောက်ပြဖို့လိုတာတခုက ဦးသိန်းစိန်တို့ရဲ့ အရပ်ဝတ်စစ်အစိုးရဟာ နအဖရဲ့ရန်ညှိုးအာဃာတတွေ၊ လုပ်နည်းလုပ် ဟန်တွေကို ပုဒ်မတခုမကျန်ဆက်ခံထားတယ်ဆိုတဲ့ အချက်ဖြစ်ပါတယ်။ ဒါ့အပြင် အကျဉ်းသားတွေကို လွှတ်တာတောင် ကဆုန်လပြည့်နေ့မှာ လွှတ်တယ်ဆိုတဲ့ စစ်အုပ်စုတွေရဲ့ယတြာဝါသနာကိုပါ ဆက်ခံထားတာလည်း မှတ်လောက်သားလောက် သတိထားမိပါတယ်။ ဒါကြောင့် စစ်ဗိုလ်ချုပ်တွေဟာ အရပ်ဝတ်ပြောင်းလိုက်တာနဲ့၊ ပါးစပ်က နတ်စကားထွက်လိုက်တာနဲ့ သဏ္ဍာန်ရောအနှစ်သာရပါပြောင်းသွားပြီလို့ ပြောနေ သူတွေကို ဒီပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံး၊ အမိန့်အမှတ် ၂၈/၂၀၁၁ဆိုတာကို လက်ညှိုးထိုးပြပြီး ဘယ့်နှယ်ရှိစ လို့ မေးလိုက်ဖို့ကောင်းပါတယ်။
            ဒီအရပ်ဝတ်စစ်အစိုးရဘက်ကကြည့်ရင် ဒီယုံကြည်ချက်ကြောင့်အကျဉ်းချခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အခုအချိန်မှာ လွှတ်ပေးလိုက်တယ်ဆိုတာဟာ ဒီနေ့ဗမာနိုင်ငံပြည်သူတွေနဲ့နိုင်ငံတကာကတောင်းဆိုနေတာကို အလျှော့ ပေးလိုက်ရာကျမယ်၊ အဲဒီလှုပ် ရှားမှုတွေကို အသိအမှတ်ပြုလိုက်ရာကျမယ်၊ နောင်မှာအစဉ်အလာဖြစ်သွားမယ် စသဖြင့် ပူပန်စရာတွေရှိနိုင်ပါတယ်။ ဒါမျိုးကိုသူတို့ရဲ့ လွှတ်တော်ထဲမှာတင်ပြတယ်ဆိုရင် အသာလေးခေါက်ထားလိုက်လို့ဖြစ်ပါတယ်။ ဒါပေမဲ့ အခုလိုဗမာသိ-ကမ္ဘာသိတင်ပြလာတာကိုတော့ သူတို့အနေနဲ့ မတုန့်ပြန်လို့မရတာနဲ့ တုန့်ပြန်ပြလိုက်တာဖြစ်ပါတယ်။
            တကယ်တော့ နိုင်ငံရေးအကျဉ်းသားလွှတ်ရေးဟာ ဒီမိုကရေစီအရေးနဲ့ တိုက်ရိုက်ဆက်စပ်နေတဲ့အပြင် အထင်သာ အမြင်သာ ဆုံး  ဖော်ပြချက်တခုလည်းဖြစ်ပါတယ်။ ဒီပြဿနာမှာ ဦးသိန်းစိန်တို့ဟာ အရင်နအဖနဲ့သဘောထားတခုတည်း ဆိုတာကိုကြည့်ရင် ၂၀၁၀ရွေးကောက်ပွဲကြောင့် ဗမာပြည်မှာဘာအပြောင်းအလဲဖြစ်ခဲ့တယ်ဆိုတာ ရှင်းနေပါတယ်။
            ဒါ့အပြင် ဒီအရပ်ဝတ်စစ်အစိုးရဟာ နအဖရဲ့မူပေါ်လစီတွေသာမက လုပ်နည်းလုပ်ဟန်တွေကိုပါ အကုန်ဆက်ခံ ထားတာဖြစ်လေတော့ ဗမာပြည်ပြည်သူတွေဘက်က ပြောရရင်လည့်း ကိုယ့်အရေးတော်ပုံရဲ့လက္ခဏာ၊ ကိုယ်တင်ရမယ့် ကြွေးကြော်သံစတာတွေဟာ ဘာမှမပြောင်း လဲသင့်ပါဘူး။ နအဖကိုဆန့်ကျင်တိုက်ပွဲဝင်ခဲ့တုန်းက အလံကိုပဲလွှင့်ထူပြီး အဲဒီအရေးတော်ပုံကိုပဲ ဆက်လက်တိုက်ပွဲဝင်ကြရမှာပါ။
            ဓားသွေးနေတဲ့လူဟာ စိတ်ကူးယဉ်နေမိရင် ဓားမထက်ဘူးဖြစ်တတ်ပါတယ်။ မတော်ရင်ကိုယ့်လက်ကိုရှတာတောင် ဖြစ်တတ်ပါတယ်။

ရဲဘော်ဖိုးသံချောင်း

Thursday, May 19, 2011

စစ်မြေပြင်မှပုံရိပ်များအပိုင်း(၁၁)

0 comments

စစ်မြေပြင်မှပုံရိပ်များအပိုင်း(၁၁) ၅လပိုင်း ၁၈ ရက် ၂ဝ၁၁နေ့က အာရ်အက်ဖ်အေ ကနေလွှင့်ထုတ်ပြီးဖြစ်ပါတယ်။
ကျနော် တစ်ကြိမ်က လွိုင်ကုန်းဆာ(၈၀၆၆) လို့ခေါ်တဲ့ ခံစစ်စခန်းကြီးမှာ စခန်းထိုင်တာဝန် 
ကျဖူးပါတယ်။ ကုန်းကလည်းမြင့်၊ ရောက်တဲ့အချိန်ကလည်းဆောင်းတွင်းကြီးဆိုတော့ တုန်နေအောင်ကိုအေးပါတယ်။ စခန်းပေါ်ကနေ အောက်ဘက်တွေကို လှမ်းငေးကြည့်လိုက်
ရင် သူ့ပတ်လည်တဝိုက်က တခြားတောင်တန်းတွေအားလုံး သူ့ထက်နိမ့်နေသယောင်ပါပဲ။ တိမ်တွေပေါ်ကနေစီးကြည့်ရတာဆိုတော့ ပင်လယ်ထဲကကျွန်းလေးတကျွန်းပေါ် ရောက်နေသူလိုဖြစ်နေပါတယ်။ နေပွင့်ပြီး တိမ်စင်တဲ့အချိန်တွေများဆို အောက်ဘက် 
ဟိုးအဝေးဆီမှာ သံလွင်မြစ်ကြီးက အဖြူရောင်ဖဲကြိုးလေးတစ်စကို တွန့်လိမ်ခွေခေါက်ပြီး ဆန့်ထားဖြန့်ထားသလိုမျိုး။ ဟိုပန်၊ ပန်လုံနဲ့ တခြားရွာငယ်လေးတွေကလည်း ဟိုတကွက်
ဒီတကွက်နဲ့။ တကယ့်ကိုသာယာလှပတဲ့ လွိုင်ကုန်းဆာပါ။ စစ်မက်ကင်းပြီးငြိမ်းချမ်းတဲ့ တိုင်းပြည်တစ်ပြည်မှာသာဆို လွိုင်ကုန်းဆာဟာ သူ့အလှအတွက် ဂုဏ်တောင်မောက်လောက်ပါရဲ့။ 

ပန်လုံကိုရောက်ရင် ကြိုးတံတားကိုဖြတ်၊ နမ့်ဟူးကူးတို့ဆိပ်ကိုရောက်။ အဲဒီနားက ရွာလေးတစ်ရွာရဲ့အခြေကစပြီး လွိုင်ကုန်း ဆာကို တက်ရတာပါ။ စခန်းမရောက်ခင်လမ်းမှာ တာတိလင်၊ ရှောင်တိလင်၊ ရှာတိလင်ဆိုတဲ့ရွာတွေကို ဖြတ်ရတယ်။ တရုပ်နဲ့ နယ်ခြားစပ်နေတဲ့အရပ် မို့ထင်ပါရဲ့၊ အဲဒီရွာတွေမှာ လီရှောနဲ့လားဟူတချို့နေပေမယ့် တရုပ်လူမျိုးတွေသာအနေများပါတယ်။ လွိုင် ကုန်းဆာရဲ့ အရှေ့ဘက်မှာတော့ ပညက်ထန်၊ လုံထန်စတဲ့ရွာတွေ။ နေပွင့်ချိန်ဆိုရင် လွိုင်ကုန်းဆာကနေ တရုပ်မြန်မာနယ်ခြား ကျောက်တိုင်ဖြူဖြူလေးကို လှမ်းမြင်ရတတ်ပါတယ်။

စခန်းပေါ်မှာက စိုက်ထားထားတဲ့ ရွှေဖရုံပင်တွေရယ်၊ သဘာဝအလျှောက်ပေါက်နေတဲ့ ကျောက်ဂျင်း၊ ဆေးမြင်းခွာ၊ ခမ်းတောက်ပင် တွေပဲရှိတာဆိုတော့ ဟင်းစားအတွက် စခန်းကိုတစ်ပတ်တစ်ကြိမ်လောက် ဈေးလာလာရောင်းတဲ့ ဈေးသည်  လေးတွေကိုပဲ အားကိုးရတာပါ။ အရပ်သားဆိုလို့ သူတို့ကလွဲလို့မမြင်ရတတ်ပါဘူး။ နေရတာ တကယ့်ကိုငြီးငွေ့စရာကြီးလိုပါပဲ။ ယူလာတဲ့ ဖတ်စရာစာအုပ်ကလေးတွေ ကုန်တာနဲ့ အင်္ဂလိပ်မြန်မာအဘိဓာန်လေးလှန်လိုက်၊ စာလုံးတွေကျက်လိုက်နဲ့ပေါ့။ ရေဒီယိုလေးကတော့ တကယ့်ကိုအသုံးတည့်တဲ့ ပစ္စည်းလေးပါ။ မနက်ခင်းနဲ့ညနေခင်းတွေမှာ ဘီဘီစီ၊ ဗီအိုအေလိုသတင်းဋ္ဌာ နတွေအပြင် ဗ.က.ပ အသံလွှင့်ဋ္ဌာနကလွှင့်တာတွေပါ ခိုးပြီးနားထောင်ကြပေါ့လေ။ ဗြောင်တော့လည်း မဟုတ်ပါဘူး။ တပ်ထဲမှာ အဲဒါတွေနားထောင်ရင် ပြဿနာရှိတယ်မဟုတ်လား။

တစ်နေ့တော့ စခန်းကုန်းအနောက်ဘက် အောက်ခြေက လီရှောရွာတစ်ရွာကို သွားဖို့ကိစ္စပေါ်လာပါတယ်။ တပ်ခွဲတစ်ခွဲ အင်အားနဲ့ သွားမှာဖြစ်ပြီး ကျနော်လည်းလိုက်သွားရပါတယ်။ ကျနော်တို့ မထွက်ခင်ကတည်းကိုက စခန်းပေါ်ကနေ ၇၅ မမနဲ့ ၈၁ မမ လက်နက်ကြီးတွေ ကြိုတင်နေရာချထားခိုင်းတာ သိရပါတယ်။ ကျနော့်စိတ်ထဲတိုက်ပွဲဖြစ်မယ်ထင်တယ်လို့တော့တွက်မိပါတယ်။ လက်နက်ကြီးတွေဘာကြောင့် ကြိုဆင်ထားရသလဲဆိုတာတော့ ဘယ်သူ့ကိုမှ မမေးဖြစ်ပါဘူး။

သွားရင်းနဲ့လမ်းမှာ ရဲဘော်တစ်ယောက်က နောက်သလိုပြောင်သလိုနဲ့ “ဟင်းစားပြတ်တာကြာပြီ။ ဗိုက်ထဲမှာဖရုံပင်  တွေတောင် ပေါက်နေပြီ။ ဂွင်ပဲ။ ဝါးတီးတော့ ရမှာသေချာတယ်” လို့ပြောတော့ နောက်တစ်ယောက်က မျက်နှာပြောင်စပ်စပ်နဲ့ “ပြည်သူ့တပ်မတော် သားများ++ တာမားကြက်ကိုခိုးစား++တာကောလိုက်လို့ပြေးရတဲ့++ဒို့တပ်မတော်သား++” ဆိုပြီး စစ်သီချင်း တပုဒ်ကို ဖျက်တောင်ဆိုလိုက်ပါသေးတယ်။ ကျနော်က “အင်း..သူတို့ပြောတာလည်း ဟုတ်တုတ်တုတ်” လို့တွေးပြီး ပြုံးလိုက်မိ ပါသေးတယ်။ အဲဒီရွာတွေက အသားတိုးဝက်ကြီးတွေမွေး၊ ဝက်ပေါင်ခြောက်လုပ်ပြီး တရုပ်ပြည်ဘက်ကိုတင်ကြတာကိုး။

၎ နာရီလောက်လျှောက်မိတော့ ရွာစပ်ကိုကပ်မိပါတယ်။ ရွာထဲက အချက်ပေးတုံးခေါက်သံတွေလည်း ခပ်သဲ့သဲ့ကြားလိုက် ရပါတယ်။ တုံးခေါက်တဲ့သဘောက “စစ်တပ်လာနေပြီ၊ လူတွေရှောင်ကြ” လို့ ရွာစဉ်အလိုက်အချက်ပေးတာပါပဲ။ အဲဒီအချိန်မှာ ကျနော်က ခွဲရုံးကလူတွေနဲ့အတူရှိနေတာပါ။ ခွဲမှူးက ၉၀၆ ဆက်သွယ်ရေးစက်ကနေ စစ်ကြောင်းမှူးနဲ့စကားပြောရင်း စစ်သုံးမြေ ပုံပေါ်မှာ နီပြာတံနဲ့ခြစ်လိုက်ဖျက်လိုက် လုပ်နေပါတယ်။ တပ်စုတွေကတော့ ရွာထဲဝင်ရှင်းဖို့ပြင်ဆင်နေကြတာပေါ့။ စက်လတ်ကိုင်တဲ့ ရဲဘော် ၂ ယောက်ကတော့ ခွဲမှူးနဲ့မလှမ်းမကမ်းက အမြင့်နေရာလေးမှာ စက်လတ်ကိုဆင်နေပါတယ်။

နောက်တော့ ခွဲမှူးအမိန့်နဲ့ တပ်စုတွေရွာထဲစဝင်ပါတယ်။ ဝင်ဝင်ချင်းပဲ အမ်၂၂ သေနတ်သံ၊ အမ် ၂၃ တရုပ်စက်လတ် အသံတွေ ဖျော ကနဲထွက်လာပါတယ်။ ကျနော်တို့ဘက်က ပြန်လှန်ပစ်ခတ်သံတွေ၊ အနားကစက်လတ်သံတွေ၊ ခွဲမှူးရဲ့လက်ကိုင် စကားပြောစက်ကတဆင့် ဆက်သွယ်အမိန့်ပေးနေသံတွေ အားလုံးညံနေတာပါပဲ။ ရွာထဲကပစ်သံတွေအရမှန်းကြည့်ရတာ  အနည်းဆုံးသေနတ် ၁၀ လက်လောက်တော့ ရှိမယ်ထင်ပါတယ်။ ကျနော် ခေါင်းထောင်ပြီးလှမ်းကြည့်မိတော့ ရွာထဲက ကျောက်ခင်း လမ်းတွေပေါ်မှာ ပြေးလွှားနေတဲ့လူတွေ၊ တိရိစ္ဆာန် တွေကို ရိပ်ကနဲရိပ်ကနဲတွေ့နေရပါတယ်။ တချို့လူရိပ်တွေက ခပ်သေးသေး  လေးတွေဆိုတော့ ကလေးတွေဖြစ်မယ်ထင်ပါတယ်။

နောက်တော့ တပ်စုတွေကနေပစ်လိုက်တဲ့ စိန်ပြောင်းသံတွေထွက်လာပါတယ်။ ရွာလည်မှာ၊ ရွာအစွန်အစပ်တွေမှာ ကျကွဲသံတဝုန်း ဝုန်းနဲ့၊ မီးခိုးတွေလည်း အူထလာတာတွေ့နေရပါတယ်။ တချိန်ထဲမှာပဲ လွိုင်ကုန်းဆာကနေလှမ်းပစ်လိုက်တဲ့ လက်နက်ကြီးအသံတွေ တလ စပ်ထွက်ကြားနေရပါတယ်။ ရွာထဲမှာ ဗုံးဆန်ဘယ်လောက် ကျတယ်ဆိုတာသာမသိပေမယ့် ကျကျကွဲနေတာတော့ အတိုင်းသားမြင်နေရပါ တယ်။ တရွာလုံးမီးခိုးတွေဖုံးနေပါပြီ။ တချက်တချက် မီးတောက်ကြီးတွေ ဟုန်းကနဲဟုန်းကနဲ ထထတောက်တာတောင် တွေ့နေရပါတယ်။

စိတ်ထဲမှာ အခုဘယ်သူတွေနဲ့များချနေတာပါလိမ့်။ ဘာတွေများဆက်ဖြစ်လိမ့်ဦးမလဲ ဆိုတာလောက်ပဲတွေးမိပြီး၊ မိနစ်ပိုင်းအတွင်းမှာ တင် ကိုယ့်မျက်စေ့တောင်ကိုယ်မယုံနိုင်မယ့်အဖြစ်ဆိုးကြီးတခု တွေ့ရတော့မှာပါလားလို့တော့ တစက်မှမတွေးမိခဲ့ဖူးပါဘူး။

ကျနော်မျိုးမြင့်ပါခင်ဗျား

Monday, May 16, 2011

Nic နဲ့ ဧရာဝတီက ကိုရဲနီအင်တာဗျူးပါ

0 comments
From Khmer Rouge to Tatmadaw
Friday, May 13, 2011

“Burma Soldier” is a documentary about the life of Myo Myint, a former Burmese soldier who lost a leg and arm in a mortar attack and went on to become a pro-democracy activist.

The film will be screened at the Brighton Festival 2011—where Burmese pro-democracy leader Aung San Suu Kyi will be honored in absentia as the guest director.

Burma Soldier will also be shown May 19 and June 12 on HBO.

The Irrawaddy’s Yeni caught up with first-time film director Nic Dunlop, who is also a Bangkok-based photographer and writer, to talk about the movie.


QUESTION: As a photographer and writer you published a book about Duch, the Khmer Rouge prison chief, in 2005. Now you have made a documentary about the life of Myo Myint. When you reflect on these two projects, what are your thoughts? Why did you choose two different forms of media for the projects—the first a book and the second a film?

ANSWER:
I've always been interested in 'the other' and to get beyond stereotypes. Like the Khmer Rouge, the Tatmadaw [Burmese military] has been vilified to such an extent that there is little room for understanding. And I'm of the belief that if we're serious about change we need to engage in their world. They're not going to change through moral condemnation alone.

Also, perpetrators are always 'them' and never 'us,' and I was drawn to explore a world that few were interested in. For my book about Duch it made sense for me to write. It was the medium that made sense to me as most of what had occurred had already taken place. It was a reflective piece.

And that is the same with "Burma Soldier"; a film has an immediacy that the written word doesn't have. But "Burma Soldier" grew out of my experiences and also because I was trying to get a photo book on Burma published. Julie LeBrocquy said, 'Well, if you come up with an idea for a film then perhaps it can help.' And so that's really how it came about.

Q: You tracked down Duch eleven years ago, now he is being brought to justice. Compared with Duch, how did you find Myo Myint? What was your thought when you saw him? Can you tell a little about the origin of the film?

A: I was introduced to Myo Myint by Bo Kyi at the AAPP [Association for the Assistance of Politicial Prisoners-Burma] in Mae Sot. And I remember Bo Kyi saying, 'Someone should make a film about his life.' I liked Myo Myint immediately. He has quite a presence and Bo Kyi words stuck in my mind, so when Julie talked to me about a film I immediately thought of him. And because the military is so unknown, but he was happy to talk about his experience.

Q:
The film is based on a personal story, but it also tells the story of a country—especially its army. You also visited Napyidaw and took photographs of the Burmese armed forces day parade. What are the similarities and differences between the two armies—the Khmer Rouge and Burmese Army—in your eyes?

A: I once spent two days in a forward position of serving Burmese troops. I found them to be quite normal and not the baby eating thugs that we've heard about. That isn't to say that they haven't committed atrocities. We all know they have, but they are human. They were welcoming and happy to have a distraction from their routine. I remember thinking of them whilst taking pictures that these soldiers remind me of the rank and file of the Khmer Rouge; they looked like farmers.

Q: During the screening of the film, there was some horrifying footage of Burmese soldiers abusing villagers in the ethnic areas and battlefields. How did you manage to get the footage?

A:
It came from many sources. From the internet in some cases but also from the late Sam Kalayanee (who worked with us as soundman) and also from the Free Burma Rangers who had this incredible frontline footage of the Tatmadaw on operations deep in Karen state. It was taken at such incredible risk by their medics.

We were very lucky to have the support of people like this who, more often than not, donated their footage—particulalry the Democratic Voice of Burma (DVB).

Q: In an interview with The New York Times, you said the effort to reach a wider audience with film was "reverse pirating"—a process of smuggling a film into Burma instead of out of the country. How did it work out?

A: It's very simple. We have uploaded the Burmese version online and I have made many CVDs and DVDs to hand to activists inside and outside Burma and along the border, and many have been couriered across the border and to Rangoon. We are openly encouraging Burmese to 'pirate' our own film so that others can obtain a different history to the one they're used to. The DVB streamed it on their website before, during and after the election.

Q: Now your film has screened at many film festivals and even recently at the US State Department. So what result do you want to see after screening this film to an international audience?

A: It is Annie, Ricki, Julie and my hope that the film will invite people to think about the military and what drives them; to inject more nuance into the debate surrounding Burma's crisis. I think that is all we can expect from a film like this. We also hope it will be a platform for Myo Myint to get to wherever he wants to go. After all, it is his story.

irrawaddy.org
__________________
"Keeping quiet while monks and other peaceful protesters are murdered and jailed is not evidence of constructive engagement." - Arvind Ganesan, Human Rights Watch.

"I think...I think it's in my basement. Let me go upstairs and check" - M.C. Escher

Sunday, May 15, 2011

စစ်မြေပြင်မှပုံရိပ်များအပိုင်း(၁ဝ)

0 comments
စစ်မြေပြင်မှပုံရိပ်များအပိုင်း(၁ဝ) လွတ်လပ်သောအာရှအသံရဲ့အပတ်စဉ် အသံလွှင့်အစီအစဉ်ကနေ ၅လပိုင်း ၁၁ ရက် ၂၀၁၁နေ့ကထုတ်လွှင့်ပြီးဖြစ်
ကျနော်နဲ့ခွဲမှူး ရေဆိပ်ကိုရောက်တယ်ဆိုရင်ပဲ မြင်လိုက်ရတဲ့မြင်ကွင်းက အတော့်ကို ရင်ထိတ်စရာကြီးပါ။ ပေါ်တာနှစ်ယောက်က မြေကြီးပေါ်မှာလူးလှိမ့်နေလေရဲ့။ တကိုယ်လုံးလည်း ရွှံ့တွေဗွက်တွေအလူးလူးနဲ့။ တစ်ယောက်က သူ့ခြေတစ်ဘက်ကို လက်နှစ်ဖက်နဲ့အတင်းဆုပ်ကိုင်ဆွဲမထားပြီး ပါးစပ်ကလည်း ဝူးဝူးဝါးဝါးတွေအော်နေ ပါတယ်။ ရဲဘော် ၄-၅ယောက်က သေနတ်ကိုယ်စီနဲ့မိုးတိုးမတ်တပ်။ အဲဒီအချိန်မှာပဲ ခွဲမှုးက ရဲဘော်တွေဘက်လှည့်ပြီး “ဟေ့ကောင်တွေ..သွားဆွဲလေကွာ”လို့ အမိန့်ပေး လိုက်ပါတယ်။ ကျနော်က “ဗိုလ်ကြီးခဏလေး” ဆိုပြီး သေနတ်ဘေးချလိုက်ပါတယ်။ ပြီးတော့ ပေါ်တာတွေနားအသာကပ်သွားပြီး ငြိမ်ငြိမ်လေးနေဖို့ လက်ဟန်ခြေ
ဟန်ပြရပါတယ်။ သူတို့နား တဝိုက်က ရေစပ်စပ်ရွှံ့တွေ ထဲကိုရော၊ မြေမာမာကိုပါ လက်ထဲကမိုင်းရှာဆူးကလေးနဲ့ထိုးပြီး ထပ်ရှာ ကြည့်ပါတယ်။ ထင်တဲ့အတိုင်းပါပဲ။ နောက်ထပ် မိုင်းနှစ်လုံး ထပ်တွေ့ပါတယ်။ ရွှံ့စပ်စပ်ထဲမှာ အပေါ်ကသစ်ရွက်ဆွေး ကလေးတွေဖုံးပြီး ထောင်ထားတာပါ။

စစ်မြေပြင်ဒေသမှာ မဖြစ်မနေသွားရ၊ သုံးရမယ့်နေရာတွေဖြစ်တဲ့ ရေဆိပ်တို့၊ သီးပင်စားပင်တို့၊ ဝါးရုံတို့လိုနေရာတွေကို သွားရင် အတော်သတိထားရပါတယ်။ အန္တရာယ်သိပ်များပါတယ်။ သူ့ဘက်ကရော ကိုယ့်ဘက်က်ပါ အဲသလိုနေရာတွေမှာ မိုင်း ထောင်ထားတတ်တာကိုး။ ထောင်လို့ရှိရင်လည်း တစ်လုံးတည်းထောင်လေ့နည်းပါတယ်။ တစ်လုံးမဟုတ်တစ်လုံးထိအောင်။ ဒါမှမဟုတ်လည်း တစ်လုံးက တစ် ယောက်ကိုထိပြီးရင် လာဆွဲသူပါထပ်ထိအောင် အနည်းဆုံးနောက်တစ်လုံးလောက်တော့ ရံထားလေ့ရှိပါတယ်။ ထောင်ရင်လည်း လက်လုပ် မိုင်းတွေ၊ မြင်သာမယ့်မိုင်းတွေ၊ မြေပေါ်ထောင်တဲ့တိုက်မိုင်းလိုဟာမျိုးတွေ မထောင်တတ်ကြပါဘူး။ ရွှံ့ဒဏ်ရေဒဏ်ခံနိုင်တဲ့ ဗ.က.ပ မိုင်းလို့ခေါ်တဲ့ တရုပ်လုပ် ပလပ်စတစ်မိုင်းတွေပဲ အထောင်များပါတယ်။ ဒီမိုင်းက အထဲကိုတော်တော်နဲ့ရေမဝင်တော့ အသုံးအတော်တည့်တာကိုး။ သူက နင်းလိုက်မိရင် ခြေနှစ်ဘက်လုံးပြတ် သွားလောက်အောင်လည်း မပြင်းလှပါဘူး။ အလွန်ဆုံး ၁ ဘက်ပဲ။ တဘက်တောင်မှ ခြေကျဉ်းဝတ် အောက်လောက်ကပါ။ ချက်ကောင်းထိသွားရင်တော့ သေရင်သေမှာပေါ့လေ။

အန္တရာယ်များတယ်လို့ပြောရတဲ့အကြောင်း နောက်တစ်ခုလည်းရှိပါသေးတယ်။ အမြဲတမ်းသုံးနေတဲ့ ရေဆိပ်တွေမှာတောင် ညနေစောင်းလို့ စခန်းပြင်ထွက်စရာ၊ ရေခပ်စရာမရှိတော့ဘူးဆိုရင် “ညထောင်မနက်ဖြုတ်” လို့ခေါ်တဲ့ မိုင်းထောင်ချောက်တွေ ထားတတ်ကြပါ တယ်။ မသုံးတော့တဲ့ရေဆိပ်တွေမှာတော့ ဘယ်တော့မှပြန်မဖေါ်တော့မယ့် “စွန့်လွှတ်မိုင်း”တွေထားလေ့ရှိပါတယ်။ စွန့်လွှတ်မိုင်းဆိုတာက မြေပုံနဲ့ဘာနဲ့ခင်းတာလည်းမဟုတ်။ ဘာအမှတ်အသား ဘာသင်္ကေတမှလည်းမရှိ။ ဘယ်တုန်းတည်း က ထောင်ခဲ့မှန်းလည်းမသိ။ ရာသီဒဏ် ကြောင့် မိုင်းရဲ့ခလုပ်ပိုင်းတွေက ဘယ်လောက်ပျက်စီးနေမှန်းလည်းမသိ။ ပြန်ဖေါ်မယ့်သူ အတွက် ဘယ်လောက်လုံခြုံမှုရှိ/မရှိလည်း ခန့်မှန်းလို့ မရတတ်ပါဘူး။ စစ်မြေပြင်ဒေသတွေမှာ အရပ်သူအရပ်သားတွေကို ဒုက္ခ အပေးဆုံးက အဲဒီစွန့်လွှတ်မိုင်းတွေပါပဲ။ တောတိုး၊ မျှစ်ချိုးမှိုရှာရင်း၊ ကျွဲပျောက်နွားပျောက်ရှာရင်း တိုးမိနင်းမိလို့ သေရ၊ ဒုက္ခိတ ဖြစ်ရရှာသူတွေအများစုက အဲဒီစွန့်လွှတ်မိုင်းတွေကြောင့်ပါပဲ။ မကောင်းသူထိပ် ကောင်းသူထိပ်သဘောမျိုး လက်လွတ် စပယ်လုပ်ရပ်လို့ ပြောရမှာဖြစ်ပါတယ်။

ဒါနဲ့ ကျနော်လည်း ဖေါ်စရာရှိတာကို ခပ်မြန်မြန်ပဲဖေါ်လိုက်ပါတယ်။ ဒီတော့မှ ခွဲမှူးက သက်ပြင်းတစ်ချက်ချပြီး “တော်သေးတာပေါ့ ဘီအီးရာ” လို့ပြောပြီး သူ့ရဲဘော်တွေကို ဟိုလူတွေကိုသွားဆွဲဖို့ အမိန့်ပေးပါတယ်။ ကျနော် သူတို့ကိုကြည့်ရင်း “အင်း..တကယ်လို့ စုမှူးလေးလာပြောတဲ့အချိန်မှာ ငါထလိုက်သွားရရင်ကောင်းသား။ ဒီလူတွေလည်း ထိမှာမဟုတ်ဘူးလို့ တွေး မိပြီးစိတ်မကောင်းဖြစ်မိတယ်။ တွေးမယ့်သာတွေးမိတာပါ။ တကယ်က အဲဒါက မဖြစ်နိုင်တဲ့အတွေးပါ။ ဘာလို့လည်းဆိုတော့ ဂိုဒေါင်တွေရှင်းဖို့ပေးထားတဲ့ ရင်းမှူးအမိန့်ကိုမနာခံပဲ ခွဲမှူး အမိန့်အတိုင်းလိုက်လုပ်ဖို့ဆိုတာက အမိန့်မနာခံမှုပဲမဟုတ်လား။ စစ်မြေပြင်မှာအမိန့်မနာရင် သေဒဏ်အထိတောင်ပေးနိုင်တာကိုး။ ရဲဘော်တချို့ အနားဝါးရုံကဝါးလုံးခုတ်၊ စစ်စောင်ကျားနဲ့ပုခက် ဆင်နေတုန်းမှာပဲ ကျန်တဲ့ရဲဘော်တွေက ရေဆက်ခပ်ပါတယ်။ ကျနော်လည်း သူတို့နဲ့ အတူ ရေကူခပ်ပေးလိုက်ပါတယ်။ စိတ်ချ လက်ချပါပဲ။ ဘာမိုင်းမှ မရှိတော့တာကိုး။

ရေခပ်နေရင်းတန်းလန်းက ရဲဘော်တယောက်ကကျနော့်ကို “တော်သေးတာပေါ့ ကိုဘီအီးရာ၊ ခွဲမှူးကောင်းလို့၊ နို့မို့ဆို ကျုပ်တို့ထိမှာဗျ” လို့ပြောပါတယ်။ ကျနော့်စိတ်ထဲ ဇဝေဇဝါဖြစ်သွားတယ်။ မနင်းမိသေးပဲကျန်နေတဲ့ မိုင်းနှစ်လုံးကို ရှာတာရှင်းတာက ကျနော်။ ကျနော့် စိတ်ကူးနဲ့လုပ်တာ။ ခွဲမှူးကတောင် ဘုမသိဘမသိနဲ့ သူတို့ကို လူနာသွားဆွဲခိုင်းသေးတာ။ ကျေးဇူးတင်ချင်းတင်ရင် ကျနော့်ပဲတင်ရမှာ။ ဘာလို့ ခွဲမှူးကို တင်ရတာလဲပေါ့။ ဒီတင် ကျနော့်ပါးစပ်က “ဟာ..ကျနော်ပြောလို့ ခင်ဗျားတို့မထိတာပါ၊ ခွဲမှူးကို ကျနော်ပဲတားလိုက်တာလေ၊ ခင်ဗျားတို့ လူနာသွားဆွဲမှာစိုးလို့၊ သွားသာဆွဲမိလို့ကတော့..” ဆိုပြီး ပြန်ပြောမိတယ်။ ငါ့ကို ကျေးဇူး မတင်ရကောင်းလားလို့တွေးမိပြီး စိတ်ထဲလည်း နည်းနည်းခုတုတုဖြစ်မိပါတယ်။

ဒီတော့ အခုနရဲဘော်က “အဲဒါပြောတာမဟုတ်ဘူး ကိုဘီအီးရ။ ကျနော်တို့ရေဆင်းခပ်မယ်ဆိုတော့ စုမှူးက “မင်းတို့ ချည်းပဲသွားရမှာ၊ သတိတော့ထားနော်” လို့ပြောတာ။ ကျနော်တို့ သွားမလို့လုပ်နေတုန်း ခွဲမှူးရောက်လာပြီး စုမှူးကို “ဘယ်တပ် စိတ်တုန်း ရေသွားခပ်မှာ” လို့ မေးတယ်။ စုမှူးက “ဒီတပ်စိတ်ပါ”လို့ ကျနော်တို့ကိုပြတယ်။ ခွဲမှူးက “ဟေ့ကောင်တွေ ဘီအီးလာမှာ မဟုတ်ဘူး၊ မင်းတို့ချည်းပဲဆင်းရမှာ၊ ရေဆိပ်မှာ မိုင်းရှိနိုင်တယ်၊ ချောင်းပစ်လည်း ခံရင်ခံရနိုင်တယ်၊ ပေါ်တာတွေခေါ်သွား၊ သူတို့ကို အရင်ဆင်းခိုင်း၊ မင်းတို့နောက်ကခပ်ခွာခွာလိုက်..ကြားလား” လို့ ပြောလိုက်လို့ဗျ။ နို့မို့ဆို ကျနော်တို့ထိမှာ”တဲ့။ ဒီစကားကြောင့် ကျနော်အံ့အားသင့်သွားပြီး ကြက်သီးလည်းဖျန်းကနဲထမိတယ်။
စိတ်ထဲမှာလည်း “သြော်..လက်စသတ်တော့ သူတို့အကြံက ဒါကိုး”လို့လည်း သိလိုက်ရပါတော့တယ်။

ကျနော်မျိုးမြင့်ပါခင်ဗျား

Sunday, May 8, 2011

ဂါးဒီးယန်းသတင်းစာကရေးထားတာပါ။

0 comments

Burma soldier: 'I would never vote in this election'
An opposition supporter who was jailed for 15 years and now lives in the US gives his view on the Burmese election.
Producer Julie LeBrocquy and co-director Annie Sundberg on smuggling footage out of Burma to telling the story of Myo Myint, a former soldier turned peace activist Link to this video
Myo Myint Cho, 48, served in the Burmese army. Discharged after losing a leg and an arm in a minefield, he became a supporter of opposition leader Aung San Suu Kyi and started giving speeches outside military bases. He was jailed for 15 years, suffering mistreatment and torture. He has lived in the US since 2008 and is the subject of a new British documentary, Burma Soldier, directed by Nic Dunlop.
If I were in Burma, I would never vote in this election. I never trust to the government's promises. When the junta held an election in 1990, it promised the Burmese people and the international community that it would transfer power to the elected body and return to barracks.
The military broke their promise, arrested elected candidates and threw them into prison. Now they are trying to hold another sham election to give legitimacy to the 2008 constitution, which reaffirms absolute control of the junta. So if people vote in this election, it means further legitimising of the military government.
There are different ways to weaken the junta. Some believe in armed struggle, some believe in non-violence. I believe in mass movement combined with international pressure. If we can stage mass movement – you can call it people power movement – it should be led by Aung San Suu Kyi and the opposition National League for Democracy (NLD), which won the last election in 1990 with 60% of the vote. The junta must come to the table to negotiate with democratic forces. I believe that this is the best way to weaken the regime. There is a role for economic sanctions but they are not the one and only way to change Burma's political situation. The US should continue its diplomatic pressure and should try to persuade to China, India, and other Southeast Asian countries to impose economic sanctions against the regime.
There are so many soldiers in Burma who feel like me. However, they have no opportunity to express how they feel and they dare not. On the surface, Burma's military seem to be strong, but many of the lower ranks do not like their officers as the higher-ups act only out of self-interest. Last month I heard about dissatisfied soldiers who tried to stage a demonstration. The generals routinely neglect the daily problems and needs of their soldiers, who are deserting more and more. The number of deserters is getting bigger and bigger. However, you will never be able to get an accurate number because every regiment commander always omits the number of deserters.
Very few people in Burma have access to the internet or satellite, although some people in big cities do have internet access. But many Burmese have DVD players at home, so if they have DVD or video compact discs they will be able to watch the film.
I hope it will make soldiers serving the regime think about their actions and their treatment of civilians. After watching it, they can ask themselves whether their behaviour towards civilians is good or bad, just or unjust. I hope it will help them turn towards the people and to join the people's movements.

Saturday, May 7, 2011

ပိတောက်မှတ်တမ်း (ကမာပုလဲ)

0 comments

ပိတောက်မှတ်တမ်း

ကမာပုလဲ

တခါတုန်းကပေါ့ ...
နှစ်ကာလ မှတ်စုစာအုပ်တွေအကြား
ဝှက်ထားတဲ့ ပိတောက်တွေ
သွေ့ခြောက်နေလည်း ရနံ့မပြယ်။

အဲဒီပိတောက်တွေမှာ
မေမေ့ ရနံ့ကိုရတယ်
(
ကျနော့်ရဲ့ အမဖြစ်သူ)
မမလေး ရနံ့ကိုရတယ်
ဘ၀ရဲ့ ပထမဆုံး
ငယ်ချစ်ဦးရဲ့ ရနံ့ကိုရတယ်။

ပိတောက်ဆိုရင်
ဇော်ဂျီက ချစ်တယ်
ဒဂုန်တာရာကလည်း ချစ်တယ်
အမေလူထုဒေါ်အမာက ချစ်သလို
ကျနော်တို့မြို့သူ
ဂျာနယ်ကျော်မမလေးကလည်း ချစ်တယ်
ကုန်ကုန်ပြောရရင်
ချီလီကဗျာဆရာ
နီရူဒါကလည်း ချစ်တယ်။

မနှစ်ကပေါ့
မြစ်ဝကျွန်းပေါ်ဒေသမှာ
နောက်ကျပြီးမှ ပွင့်ခွင့်ရတဲ့ ပိတောက်တွေ
နာဂစ်ခြွေတာခံခဲ့ရ။

ခုဆို
တယောတလက်ရဲ့ ဘိုးတံပေါ်မှာ
ဝေဒနာနဲ့ပွင့်မယ့် ပိတောက်တွေ
ရွှေရည်လူးနိုင်လိမ့်မယ်မထင်ဘူး။

ကမာပုလဲ
ဧပြီ၊ ၂၀၀၉။

Saturday, April 4, 2009


သနားစရာ ကမ္ဘာမြေ(ကမာပုလဲ)

0 comments
သနားစရာ ကမ္ဘာမြေ
ကမာပုလဲ

မနက်လင်းတာနဲ့
အိပ်ရာကထတယ်
ရုံးက ရှားရှားပါးပါး ကွန်ပျူတာကလေး အားနေတုန်း
You Tube
ကို ဖွင့်တယ်
မိုက်ကယ်လ်ဂျက်ဆင်ရဲ့
Heal the World (
ကမ္ဘာမြေကို ကုစားပါ) ကို ခံစားတယ်။

စစခြင်းမှာကိုပဲ
ဗုံးဆံ၊ ကျည်ဆံတွေ ထိမှန်ထားတဲ့
အပြစ်မဲ့ ကလေးငယ်တွေကို
ဒဏ်ရာတွေ၊ ပတ်တီးတွေနဲ့ ရိုက်ပြတယ်၊
နောက်ပြီး
ဟိုဘက်နဲ့ ဒီဘက်
မောင်းပြန်သေနတ်တွေ၊ အမြောက်တင့်ကားတွေ
ရန်စောင်နေတဲ့ စစ်သားတွေကို ပြတယ်၊
ရိုက်ကွင်းနေရာက
မငြိမ်းနိုင်သေးတဲ့
ဘုမသိ ဘမသိ ပဋိပက္ခတွေ ဖြစ်ပွားနေဆဲ
အရှေ့အလယ်ပိုင်း ဒေသလို့ ထင်တာပဲ။

နှစ်ဘက်စစ်သားတွေကြားမှာ
နှစ်ဘက်ကလေးငယ်တွေက
အမုန်းမရှိ၊ ရန်ငြိုးမရှိ
တားမြစ်ထားတဲ့ နယ်နိမိတ်စည်းတွေကို မသိ
စုဖွဲ့ ပြေးလွှား ဆော့ကစားကြတဲ့အခါ
တဘက်က ကလေးငယ်မလေးက
တခြားတဘက်က လက်နက်ကိုင် စစ်သားတယောက်ကို
ကြောက်ရလန့်ရမှန်းမသိ
ပန်းလေးတပွင့် ပေးလိုက်တဲ့အခါ ...
နှစ်ဘက်စစ်သားတွေ စွန့်ပစ်လိုက်တဲ့
မောင်းပြန်သေနတ်တွေဟာ လေထဲမှာ ၀ဲကာပျံလို့ပေါ့

သန္တရသဆိုတာ
ဒါပဲဖြစ်မယ်ထင်တယ်။

အဲဒီလို ကြည်နူးမှုဟာ
တဒင်္ဂပဲ ကြာလိုက်တယ်
ကြောင်းကျိုးဆက်စပ် အတွေးတွေက
လက်တွေ့ကျကျ ပေါ်လာတယ်၊
ကမ္ဘာပေါ်မှာ
ငြိမ်းချမ်းရေးအကြောင်း
စစ်ဆန့်ကျင်ရေးတွေအကြောင်း
အာပေါင်အာရင်းနဲ့
ကျယ်ကျယ်လောင်လောင် ပြောနေကြသံကို
နေ့တဓူဝ ကြားကြားနေရတယ်

ခက်နေတာက
နားမလည်ချင်လို့မရအောင် သိသာထင်ရှားနေတာက
ကမ္ဘာပေါ်မှာ
စစ်ပွဲတွေနဲ့ ချမ်းသာကြွယ်ဝနေသူတွေက
စစ်ပွဲတွေကို ပို့ကုန်အဖြစ် ထုတ်လုပ်နေပြီး
လက်နက်ကိုင် အကြမ်းမဖက်ရေးကို
အော်ကြီးဟစ်ကျယ်
လူကြားကောင်းအောင် ပြောဆိုဝါဒဖြန့်နေတာကိုပဲ

သြော် ...
မိုက်ကယ်လ်ဂျက်ဆင်ကိုလည်း သနားတယ်၊
ကမ္ဘာ့ကလေးငယ်တွေကိုလည်း သနားတယ်၊
ကိုယ်ကိုယ်တိုင်လည်း
ဘာမှမတတ်နိုင်တဲ့အကောင် ဖြစ်နေတာကို
သနားတယ်

ကမာပုလဲ
မတ်လ၊ ၂၀၀၉

Friday, March 27, 2009