Saturday, July 30, 2011

ကျနော်သွားတက်မယ့် UNHCRနဲ့ORR အကြောင်း

0 comments

July 30, 2011
(Fort Wayne, Indiana) News Sentinel: Former Burmese political prisoner chosen for U.N. input; He will attend conferences in Washington, D.C.
By Ellie Bogue

Myo Myint, a political refugee from Burma now living in Fort Wayne, has been selected to attend the United Nations Refugee Congress next week in Washington, D.C.

This is the first year for the refugee congress being hosted by the United Nations High Commissioner for Refugees. The congress will act as a voice for the 3 million refugees who have found protection in the United States over the past 60 years, and it will commemorate the 1951 Convention of Refugees. Over the two days, the congress will address various refugee issues and try and come up with solutions that will be presented to the UNHCR Ministerial meeting, the administration and the Congress of the United States, and other refugee program players. Fifty delegates, one from each state, and another 10 notable refugees will attend.

The congress will have four workshops, in which delegates will discuss different areas of refugee resettlement: pre-departure and initial resettlement; social, economic and cultural integration; support and protection for refugees outside the U.S.; and the refugee voice in the U.S. and beyond the refugee congress.

Myo Myint said he is particularly interested in discussing support and protection for refugees outside the U.S. Burma – which the ruling military junta has renamed Myanmar – has refugees in countries all around the world including large populations in China and Malaysia, and some in Bangladesh.

According to Myo Myint, recently some of the refugees in Bangladesh were shot and killed for no apparent reason. In October, The New York Times reported that Burmese refugees there were being beaten and deported while thousands were living in squalor in crowded refugee camps. Myo Myint said in Malaysia more than 1 million Burmese work as migrant laborers, some illegally.

He is also interested in discussing pre-departure and resettlement. Before he came to the United States he went through an application process and was interviewed by the Department of Homeland Security. Fortunately he spoke enough English that he realized when the translator who was helping with the interview translated a crucial statement wrong. He had been asked why he was coming to the country, and he had told the translator he had been a political prisoner in Burma.

The translator told the interviewer that Myo Myint had been a prisoner, but he left out “political.” Myo Myint clarified the error. Had he not, it could have jeopardized his application. He said for Burmese or ethnic groups who don't even speak Burmese, much less English, this can be critical; bad translation can get valid applicants rejected.

Those who do make it through the application process are given exactly five days of cultural orientation before they leave for America.

Myo Myint said once he got to Fort Wayne he was given only five more hours of orientation. It was enough for him because he had studied American culture before coming here, but for those who haven't, it just isn't enough.

In addition to attending the congress, Myo Myint will also be attending the annual Office of Refugee Resettlement (ORR) 2011 National Consultation on Monday and Tuesday. There he plans to discuss the importance of refugees taking English as a Second Language classes.

Myo Myint said people who have been living two or three generations in refugee camps are used to being subsidized. When they come here, they only have 90 days of federal support, and then they must apply to the local townships for support. In Norway, Burmese refugees are supported for two years while they take mandatory Norwegian language classes.

If they refuse, they are asked to leave the country. Although Myo Myint isn't advocating the same sort of plan here, he sees language classes as critical in the assimilation of the Burmese into the local population.

“Some of them think they won't have to work here, but that is not case, and you must speak English to get a job,” Myo Myint said.

Friday, July 29, 2011

ဟင်နရီကလေး၊ကျွန်ဈေး၊ကြိမ်ဒဏ်နှင့်ကြက်ကြော်တဲ့မြို့(၁)(မျိုးမြင့်ချို)

0 comments

င်နရီကလေး၊ ကျွန်ဈေး၊ ကြိမ်ဒဏ်နှင့်ကြက်ကြော်တဲ့မြို့ 
ဟင်နရီကလေး Henry Clay(1777-1852)ကို အတိုဆုံးသံခိပ်ပြုရလျှင် အမေရိကားတွင်မြေအများဆုံးပိုင်သူ အာဏာအများဆုံးကိုင်သည့်ခေတ်က ပဒေသရဇ်ကလေးတပါးဟု ဆိုရမည်ဖြစ်၏။ ၁၈ဝ၃ ခုနှစ် ကင်တပ်ကီပြည်နယ်၏ အောက်လွှတ်တော်အမတ်မှစခဲ့သည့် သူ့ နိုင်ငံရေးဘဝသည် သူ့ လူ့ဘဝ၏နောက်ဆုံးရက် ဇွန် ၂၉/ ၁၈၅၂ ကျတော့မှ အဆုံးသတ်တော့၏။ အောက်လွှတ်တော်၊ အထက်လွှတ်တော်အမတ်၊ ပါတီခေါင်းဆောင်၊ လွှတ်တော်ပြော ခွင့်ရပုဂ္ဂိုလ်၊ ဘဏ္ဏာရေး၊ နိုင်ငံခြားရေးရာကော်မတီဥက္ကဋ္ဌ၊ နိုင်ငံခြားရေးဝန်ကြီး၊ လျှောမွေးဖြစ်ခဲ့သည့် သမ္မတလောင်းစသည်ဖြင့် စုံသည်။ "တဘဝလုံး လူကြီးဖြစ်စေ" ဟူသည့် ဇာတာဖြင့်မွေးခဲ့သူများလား မပြောတတ်။ ယခုတော့ ကျန်ရစ်သူများက သူ့အိမ်ခြံဝင်းကြီးကို ပြတိုက်သဖွယ်လုပ်ထား၏။ လူတယောက် ဒေါ်လာပေးပြီး သူ့စံအိမ်တော်ကြီးကိုဝင်ကြည့်လျှင် သူရှိတုန်းကဘယ်လိုနေခဲ့သည်၊ ဘာစာတွေဖတ်သည်၊ ဘာတွေးပြီးဘာလုပ်ခဲ့သည်ကို မှန်းဆကြည့်နိုင်သေး၏။

သူ့မြို့ကလေး Lexington တွင် သူ့အမည်ပေါက် Henry Clay Center ဟူ၍ ရှိ၏။ သူ့နိုင်ငံရေး အမွေအနှစ်ကိုဆက်ခံခဲ့ကြသည့်၊ ဆက်ခံနေကြသည့်၊ ဆက်ခံကြဦးမည့်သူများ၏ဆုံဆည်းရာဟု ဆိုရမည်ဖြစ်၏။ Henry Clay Center နှင့် University of Kentucky (UK) သည် ချိတ်ဆက်ထား၏။  (UK) တွင် Statesmanship ဆိုသည့်ဋ္ဌာနတခုရှိ၏။ ထိုဋ္ဌာနတွင် အမေရိကန်ပြည်ထောင်စု ပြည်နယ် အသီးသီးမှ ဆီနိတ်တာအမတ်မင်းများ၏ တပြည်နယ်တယောက်နှုန်းရွေးချယ်စေလွှတ်ခံကျောင်းသားများ "နိုင်ငံတော်အကြီးအကဲဖြစ်" စာဝါများကိုဆည်းပူးနေ၏။ "အကြီးအကဲဖြစ်ကျောင်း"တက်နေသဖြင့် သူတို့အား "လူကြီးလောင်းလေးများ"ဟုဆိုသော်ရမည်ထင်၏။ ထိုကျောင်းဆင်းတိုင်း လူကြီးမဖြစ်သော်လည်း လူကြီးများထဲတွင် ထိုကျောင်းထွက်များရှိ၏။ "လူကြီးဖြစ်စာများ"ဖြစ်သည့် စီးပွားရေး၊ အုပ်ချူပ်ရေး၊ သံခင်း တမန်ခင်း၊ နိုင်ငံရေးဒဿန၊ မူဝါဒရေးရာစသည်ဖြင့် အမယ်စုံကိုငွေပုံကာသင်အံစေ၏။ အခြားဘာသာရပ် ယူသည့် ကျောင်းသားများထက်သူတို့က ထိုအရေးများတွင် ခေါင်းတလုံးပိုမြင့်သည်ဟုဆိုရမည်ဖြစ်၏။ လူကြီးလောင်းလေးများပီပီ အကင်းပါး၏။ အရည်လည်၏။ အတွေးကောင်း၏။ အမေးလည်းကောင်း၏။ လွန်ခဲ့သည့် လက (UK) ထိုလူကြီးဖြစ်ဋ္ဌာနမှ ဗမာပြည်လူ့အခွင့်အရေးအကြောင်းများ လာပြောပါ၊ နားထောင်ချင်သည်၊ မေးချင်မြန်းချင်တာတွေလည်းရှိသည်ဟုဆိုကာ ကျနော့်အားဖိတ်၏။ (သူတို့နှင့်ပြောဖြစ်ဆိုဖြစ်၊ မေးဖြစ်ဖြေဖြစ်ခဲ့သည်များအား ပြန်ရေးဦးမည်ဟုသာ တေးထားလိုက်၏။ မရေးဖြစ်သေး) သို့နှင့် ကျနော် Lexington က University of Kentucky  ကိုရောက်သွား၏။

အမေရိကန်ရောက်ဖူးဖူး၊ မရောက်ဖူးဖူး။ ကင်တပ်ကီဟုဆိုလျှင် ကြက်ကြော်နှင့်တွဲပြီးသိကြသူများ၏။ ကျနော်က အမေရိကန်ကြက်ကြော်ကို ခံတွင်းမတွေ့သေး။ ဗမာကြက်ကို ဆား၊ ဆနွင်းလေးနယ် အချိုမှုန့်လေးနည်းနည်းထည့်၊ ခပ်မာမာ  ခြောက်ခြောက်လေးကြော်ထားသည်ကိုသာနှစ်သက်ဆဲ။ ထို့ကြောင့် ကင်တပ်ကီရောက်သော်လည်း ကြက်ကြော်ကိုတခုတ်တရမစားဖြစ်။ သို့သော် ရောက်သည့်ညက သူငယ်ချင်းတယောက်ကဖုန်းခေါ်ပြီး  “ခင်ဗျား ကင်တပ်ကီရောက်တုန်း တာကီကင်ကို စားဖြစ်အောင်တော့ စားပါဆို၏။  ရုတ်တရက် သူဘာပြောသည်ကိုနားမလည်။ ပြန်မေးတော့မှတာကီဆိုတာကကြက်ဆင် (Turky) ကို ဗမာသံနဲ့အပီပြောတာဗျ။ ကင်ဆိုတာကတော့ ကင် (Grill)  ကင်တာပေါ့ဗျာ။ ကြက်ဆင်ကင်ပေါ့တဲ့။ သို့နှင့် ကင်တပ်ကီတွင် တာကီကင်ကို မြည်းစမ်းကည့်ဖြစ်သည်။ မကြိုက်။ ပေါ့ရွှပ်ရွှပ်၊ စိုစိစိ၊ ပျော့ဖတ်ဖတ်ကြက်ဆင်ကင်သည် သူတို့ အင်္ဂလိပ်အချဉ်ရည်နှင့် လိုက်ဖက်သလားတော့ မပြောတတ်။

မပြန်ခင်တရက် အချိန်ရခိုက် Lexington မြို့ထဲ လျှောက်ကြည့်ဖြစ်၏။ Lexington သည် အမေရိကန်ရွက်ကြမ်းရည်ကျိုမြို့။ သူလိုကိုယ်လိုမြို့။ ထူးထူးခြားခြားကြည့်စရာ များများစားစားဘာမှမရှိ။ Lexington ကို City of Horse ဟုဆိုသည့်အတိုင်း နေရာတကာမြင်းရုပ်များရှိ၏။ မြို့စွန်ပိုင်းတလျှောက် မြင်းခြံတွေတော်တော်များ၏။ မြို့တွင်းပိုင်းတွင်မတော့ ရှေးကအဆောက်အဦးတွေ၊ နေရာတွေကို စနစ်တကျ ထိန်းသိမ်းထား၏။ တချို့ကား လူနေဆဲ။ အသုံးပြုဆဲ။ တချို့ကား ပြတိုက်သဘောဖြစ်နေကြပြီ။ ကျနော်တည်းသည့်ဟော်တယ်လ်သည်ပင် ရှေးခေတ်ဟော်တယ်လ်။ ထပ်သာမြင့်၏။ ဟိုတယ်လ်အဝတွင်ဤဟိုတယ်လ်သည် အမေရိကန်သမိုင်းဝင်ဟော်တယ်လ်တခုဖြစ်သည်ဆိုသည့် ကြေးဝါဆိုင်းဘုတ်ကြီး ကပ်ထား၏။ မြို့လည်က မှုံရီထည်ဝါသည့်အဆောက်အဦးများကြားတွင် မိုးထိုးတိုက်ကြီးများက ခေတ်အရောင်နှင့်ပြိုးပြိုးပြက်ပြက်။ဤနေရာသည်၊ ဤအဆောက်အဦးသည်၊ ဤအိမ်သည်၊ ဤကွက်လပ်သည်၊ ဤရုပ်ထုသည်အစချီ၍ သမိုင်းနောက်ခံကိုပြောကာ ထောင်ထားစိုက်ထားသည့် အမှတ်တရစာတိုင်စာမှတ်များ နေရာတကာတွင်ရှိ၏။ လျှောက်ရင်း မြို့လည်ဇရပ်ကလယ်သမားဈေးဘက် ရောက်လာ၏။ ခြံထွက်အသီးအနှံများ၊ လက်ဖြစ်ထည်များ၊ အိမ်တွင်းချက်ဆပ်ပြာများ၊ ပျားရည်၊ ဆေးမြစ်ဆေးဥ၊ ချက်အရက်၊ စိမ်ရည်၊ ဝိုင် စသည်တို့ကို တနိုင်သယ်လာပြီး ရောင်းကြဝယ်ကြ။ တောဟင်းလျာများ ပူပူနွေးနွေးချက်ပြုတ်၊ ရောင်းကြစားကြ။ ပျိုးပင်ပန်းပင်လေးတွေ ဝယ်ကြချမ်းကြနှင့်မို့ မြို့တွင်းမှာသင်းပျံ့သည့် ကျေးလက်ရနံ့။

ဈေးတန်းစွန်နားတွင် ရပ်ကွက်ဘောလုံးအသင်းလေးအသင်းလေးအတွက် တယောထိုးသီချင်းဆိုပြီး ရံပုံငွေရှာနေသည့်  အာဖရိကန်အမေရိကန်အမွှာညီအစ်ကို။ ဗီယက်နမ်စစ်ပြန်တွေ ပျော်ပွဲရွှင်ပွဲရံပုံငွေ အတွက် စစ်ပြန်ကြီး ယောက်ကလည်း ဂစ်တာတီးသီချင်းဆိုလျှက်။ တနေရာမတော့ အဖြူရောင်ဝတ်စုံနှင့်၊ လက်မှာဂစ်တာနှင့်၊ ပါးစပ်မှာဘာဂျာလေးနှင့်၊ ခြေထောက်မှာ ချွင်ချပ်စည်းလေးနှင့် သီချင်းဆိုပြီးဖျော်ဖြေနေ သူတဦး။ ကျနော်က သူ့ကိုစိတ်ဝင်စားမိ၏။ သူအတီးနားချိန်မှာ အနားကပ်ပြီး ကိုယ့်ကိုယ်ကိုမိတ်ဆက်တော့မင်းတိုင်းပြည်ကို ငါသိတယ်၊ ဟို..အမျိုးသမီးကြီးရှိတဲ့တိုင်းပြည်ဆိုပြီးခဏစဉ်းစား၏။ ပြီးတော့သြော်.. သိပြီအောင်ရှန်းရှုကွီဟု ဆိုတော့ ကျနော့်ရင်တွင် ပီတိဖြင့်နွေးကနဲဖြစ်မိ၏။

သူနှင့်စကားပြောနေရင်း သူ့ကျောနောက်ကကြေးဝါဆိုင်းဘုတ်ကိုသတိထားမိ၏။ ဆိုင်းဘုတ်က၁၉ ရာစုက  ဤပြည်သူ့ပန်းခြံပေါ်ရှိ ချက်ပယ်လ်ဆိုဒ်လေလံပွဲလမ်းတိုနေရာတွင် အာဖရိကန်အမေရိကန်များ အား ကျွန်ဖြစ်ရောင်းချခဲ့သည်။ ၁၈၄ဝ ပြည့်နှောင်းပိုင်းကာလများတွင် ကင်တပ်ကီပြည်နယ်လက်ဇင်တန်မြို့ သည် ကျွန်ရောင်းဝယ်ဖေါက်ကားရာ ပင်မနေရာဖြစ်ခဲ့သည်။ ဤနေရာအား အမေရိကန်တောင်ဘက် ပိုင်းဒေသများမှ ကျွန်ရောင်းရာဈေးအဖြစ်အသုံးပြုခဲ့သည်။ ကျွန်ပေါင်းထောင်ချီ၍   ချက်ပယ်လ်ဆိုက်ဒ် တွင် ရောင်းစားခံခဲ့ရသည်။ ထိုအထဲတွင် မိဘများထံမှခွဲထုတ်ခံယူသည့် ကလေးငယ်ပေါင်းများစွာလည်း ပါဝင်ပါသည်ဟု ဆို၏။

ဖတ်နေရင်း ဒူးကတုန်လာ၏။ ခြေမခိုင်တော့။ ကတုန်ကယင်ဖြစ်နေ၏။ ဂျိုင်းထောက်အားပြုပြီး  လဲကျမသွားအောင် မနည်းထိန်းယူရ၏။ ရင်ထဲနင့်ကနဲဖြစ်မိ၏။ နှလုံးတွင် တချက်စူးကနဲအောင့်၏။ ဆို့တက်လာ၏။ လည်မျိုတွင်တစ်ဆို့ဆို့ဖြစ်ရ၏။ ရင်သည် နာကျင်မှုဖြင့်တုန်လှိုက်လာ၏။ မျက်စေ့ကား ဘာမှမမြင်တော့။ နှုတ်ကားဆွံ့အသွား၏။ နားကား အကြားမရှိ။ ပင်းသွား၏။ ကျွန်တွေ၊ ကျွန်တွေ၊ ကျွန်တွေ ဟုတ်လား၊ ကျွန်တွေတဲ့လား၊ ကျွန်တွေလို့ ပြောလိုက်တာလား၊ လူတွေပါဗျာ၊ သူတို့ လူတွေပါ၊ သူတို့လည်း လူတွေပါဗျာ၊ လူတွေပါပဲဗျာ၊ ခင်ဗျားတို့လိုပါပဲ၊  ခင်ဗျားတို့လိုလူတွေပါပဲဗျာ။ လုပ်ရက်လိုက်ကြတာ။ အမေတွေက ကလေးတွေကိုမျှော်နေရှာမှာပေါ့ဗျာ။ သူတို့လည်း အမေတွေဆီပြန်ချင်ရှာမှာပေါ့ဗျာ။ ခင်ဗျားတို့ဗျာ။ လုပ်ရက်လိုက်ကြတာ။ ကျွန်ဈေးဟုတ်လား။ ကျွန်ဈေးတဲ့လား။ လူတွေကို ကျွန်တွေဆိုပြီး ဒီနေရာမှာရောင်းတာတဲ့လား။ ဒီနေရာမှာ လူတွေကို ပစ္စည်းတွေရောင်းသလို ကျွဲနွားတွေရောင်းသလို ရောင်းကြဝယ်ကြ လဲကြလှယ်ကြတာပေါ့။ ဒီမှာပေါ့။ ဒီနေရာမှာ။ ဘုရား....ဘုရား။ ဘုရား...ဘုရား... ငါလာမိတာမှားပြီ။ ဟိုမှာ ကလေးတွေ..ကလေးတွေ.. အမေတွေတွေ..အမေတွေ.. သံကြိုးတွေ.. ခြေကျဉ်းတွေ..လက်ထိပ်တွေ... တချွင်ချွင်နဲ့ပါလား.. ဘုရားရေ ကြာပွတ်သံတွေ...ကြာပွတ်သံတွေ.. သူတို့ လူတွေပါဗျာ။ လူတွေပါ ခင်ဗျားတို့လိုလူတွေပါဗျာ။ ကလေးတွေ...ကလေးတွေ..ငိုသံတွေပါလား..

ဒီမှာ..မင်းဘာဖြစ်လို့လဲ။ ငါဘာလုပ်ပေးရမလဲ။ ခဏလောက်ထိုင်လိုက်ပါလား။ ရေနည်းနည်း သောက်လိုက်ပါလား။ ဆေးလိပ်သောက်မလား..” ဆိုသည့်အသံ၊ ပခုံးအပုတ်ခံလိုက်ရသည့်အသိကြောင့် စိတ်သည်ပစ္စုပ္ပန်ကိုပြန်လည်လာ၏။ မကြည့်မိရင်ကောင်းသား။ ကြည့်မိလည်း မဖတ်မိရင်ကောင်းသား။ ဖတ်မိလည်း အင်္ဂလိပ်လိုမတတ်ရင်ကောင်းသား၊ ဒီနေရာကို မလာမိရင်ကောင်းသား၊ ဒီကိုမလာမိရင် ကောင်းသားကောင်းသားကောင်းသားတွေနဲ့အတူ ဝတ်စုံဖြူဂစ်တာသမားကို နှုတ်ဆက်ပြီးပြန် ထွက်တော့ သူကမင်းတို့တိုင်းပြည် မြန်မြန်လွတ်လပ်ပါစေကွာတဲ့။ (ဆက်ပါဦးမယ်)
မျိုးမြင့်ချို

Thursday, July 28, 2011

နိုင်ငံရေးယဉ်ကျေးမှု (ဒဂုန်တာရာ)

0 comments

ိုင်ငံရေးယဉ်ကျေးမှု
ကိုညိုထက်ဖေ့စ်ဘွတ်ခ်စာမျက်နှာမှရယူပါသည်။
(က)
နိုင်ငံရေးဆိုသည်ကတော့ အများနှင့်ပတ်သက်သော အနက်ရသည်ကို လူတိုင်းသိကြသည်။ တယောက်တည်းမဟုတ်၊ တကိုယ်တည်းမဟုတ်၊ အများနှင့်ပတ်သက်ခြင်း။ တယောက်ကာင်းစားခြင်း မဟုတ်၊ အများး ကောင်းစားခြင်း။
ယဉ်ကျေးမှုဆိုသည်ကတော့ ရိုင်းရာမှယဉ်လာသည်အထိ တိုးတက်လာခြင်း ဟူသော အနက်ထွက်သည်ကို လူတိုင်းသိကြသည်။ ယနေ့ခေတ်သည် နိုင်ငံရေး ယဉ်ကျေးမှုပျိုးထောင်ဖွဲ့စည်းစ ခေတ်ဖြစ်သည်။ သန်းပေါင်းများစွာသော လူသားတို့ သေကြေပျက်စီးဆုံးပါးကြပြီးနောက် ပညာရှင်တို့သည် မကောင်းဆိုးရွားဒဏ်ကိုနားလည်သိရှိပြီးကာ ငြိမ်းချမ်းရေးရှေ့ ရှူသောစိတ်ဓာတ်များ တိုးပွားလာကြပေသည်။ ပညာရှင်သာမဟုတ်၊ ပညာရှိခြင်းနှင့်ဆက်သွယ်သော နိုင်ငံရေး  ခေါင်းဆောင်တို့သည် နားလည်သိရှိသောလက္ခဏာဖြစ်သည်ဟုဆိုရမည်။ ထို့ကြောင်နိုင်ငံရေးယဉ်ကျေးမှုသည် ငြိမ်း ချမ်းရေး၊ ထိုမျှသာမက နိုင်ငံရေးသည်အများအတွက်၊ ပြည်သူတို့အတွက်ဖစ်ပေရာ ဧက၀ါဒတို့နှင့်လည်း ဆန့် ကျင်နပြန်သည်။ ဧက၀ါဒနှင့်ဆန့်ကျင်သည်ဆိုလျှင် ဗဟုဝါဒ၏တဖက်အနက်။ ဗဟုဝါဒဆိုသည်ကလည်း အများနှင့် ပတ်သက်နေသည်။ အများဆိုသည်မှာလည်း ပေါင်းစပ်ခြင်းသဘောတရားဖစ်သည်။ ထို့ကြောင့်  နိုင်ငံရေး ယဉ်ကျေးမှုသည် ပေါင်းစပ်ခြင်းသဘောတရား။
()
နိုင်ငံရေးယဉ်ကျေးမှုသည် ငြိမ်းချမ်းရေးဟုဆိုတော့ ငြိမ်းချမ်းရေးတည်မြဲရန်အခြေအနေများ ထည့်သွင်းစဉ်းစားကြ ရပေလိမ့်မည်။ ငြိမ်းချမ်းရေးရရှိရန်အခြေအနေများမှာ တန်းတူအခွင့်အရေး၊ လွတ်လပ်ရေးနှင့်ညီညွတ်ရေးဖစ်သည်။ တန်းတူအခွင့်အရေးဖြင့်လွတ်လပ်ရေးရှိမှ ညီညွတ်မည်။ ညီညွတ်မှ ငြိမ်းချမ်းရေးရရှိမည်။ ငြိမ်းချမ်းရေးမရှိခြင်းမှာ မညီညွတ်ခြင်ြးုကာင့် ဖြစ်သည်။ မညီညွတ်ခြင်းမှာ တန်းတူအခွင့်အရေးဖြင့်လွတ်လပ်ရေး မရရှိခြင်းကြောင့်ဖစ်သည်။ ယင်းသို့ အကြောင်းတရားတို့သည် ဆက်စပ်မှီတွယ်နေကြပေသည်။ မညီညွတ်ခြင်းသည် သဘာဝတော့ဖစ်သည်။ သို့သော် ညီညွတ်ရေးရရှိရန် အစဉ်လှုပ်ရှားအားထုတ်နေရမည်။ မညီညွတ်ရသောအကြောင်းမှာ တန်းတူအခွင့် အရေးဖြင့် လွတ်လပ်ရေးမရရှိသောကြောင့်ဖစ်သည်။
တိုင်းပြည်တပြည်တွင် အုပ်စိုးခံရသောပည်သူနှင့် အုပ်စိုးသောသူတို့ရှိကြသည်။ မရှိ၍ မဖြစ်။ အုပ်စိုးသူမရှိဘဲ ပြည်သူ တို့အချင်းချင်း အုပ်စိုးပ်တည်ခြင်းမှာတော့ ယဉ်ကျေးမှုအဆင့်အတန်း မြင့်မားသောအခြေအနေဖစ်သည်။ လူတိုင်း လူတိုင်းသည် အသိတရားရှိနေမှဖြစ်မည်။ လူတိုင်းလူတိုင်းသည် ငြိမ်းချမ်းသာသာစည်ပင်ဝပြောနေမှဖစ်မည်။ ယင်း သို့ကားမဖြစ်နိုင်။ သို့သော် မညီညွတ်ခြင်းကို မည်သို့ဖြေရှင်းကြမည်လဲ။ တန်းတူအခွင့်အရေးဖြင့်လွတ်လပ်ခြင်း စိတ် ဓာတ်ကသာလျှင်၊ လွတ်လပ်ရေးအခြေအနေကသာလျှင် ဖြေရှင်းနိုင်သည်။ ယင်းသို့ ဖြေရှင်းနိုင်ခြင်းဖြင့် ညီညွတ်ရေး ၏ အတိုင်းအတာတခုရရှိနေမည်ဆိုလျှင် ငြိမ်းချမ်းရေးရရှိမည်ဟု ဆိုနိုင်သည်။ ဤသို့ဖြေရှင်းရာတွင် လမ်းနှစ်သွယ်  တော့ရှိသည်။ အကြမ်းပတမ်းနည်း၊ လက်နက်နည်းဖြင့်ဖြေရှင်းရသည်က တနည်း၊ ငြိမ်းချမ်းစွာယှဉ်ပြိုင်ခြင်းက တ နည်း၊ ယင်းသို့ဖြင့် ငြိမ်းချမ်းသောနည်းဖြင့်ဖြေရှင်းမှသာလျှင် ညီညွတ်ရေးသည်ခိုင်မာလာမည်ဖစ်သည်။တန်းတူအခွင့် အရေးကလည်း အရေးကြီးလှပေသည်။ တန်းတူအခွင့်အရေးဖြင့်လွတ်လပ်ရေးရှိမှ ဖြစ်မည်။ တန်းတူအခွင့်အရေးဖြင့် လွတ်လပ်ရေးမရှိလျှင် မညီမညွတ်ဖစ်နေတတ်သည်။ ငြိမ်းချမ်းရေးရရှိနေပြီဆိုလျှင် တန်းတူအခွင့်အရေးဖြင့်လွတ် လပ်ရေးရှိနေသောကြောင့်သာလျှင် ဖြစ်သည်။ ယခုအခါ ပြည်သူတို့၏စွမ်းအားကို တန်းတူ အခွင့်အရေးဖြင့်ညီညွတ် စွာ ဆောင်ရွက်ကြခြင်းဖြင့် တိုင်းပြည်သည် စည်ပင်ဝပြော ပျော်ရွှင်ချမ်းမြေ့လာရပေမည်။ ထိုအခါ နိုင်ငံရေး ယဉ်ကျေးမှု ထွန်းကားလာပေမည်။
()
နိုင်ငံရေးယဉ်ကျေးမှုသည် ဧက၀ါဒမဟုတ်။ တကိုယ်တည်းကာင်းစားရေး၊ တကိုယ်တည်း အစွမ်းပြရေး၊ တယောက်တည်း လက်ဝါးကြီးအုပ်ထားခြင်း၊ ပုဂ္ဂိုလ်စွဲ အာဃာတလွှမ်းမိုးခြင်းတို့သည် ဧက၀ါဒ၏ခက်မာမှုများ ဖြစ် ကြသည်။ ဧက၀ါဒနှင့်ဆန့်ကျင်ဘက်က ဗဟုဝါဒ။ လူသားတို့၏ကမ္ဘာကြီးသည် တမျိုးတည်း၊ တရောင်တည်းရှိနေ သည်မဟုတ်။ အမျိုမျိုးအထွေထွေ ဖွဲ့စည်းတည်ရှိနေရသည်။ ယင်းသို့လျှင် မတူခြင်းတို့ပေါင်းစပ်ခြင်းသည် ညီ ညွတ်ရေးဖစ်သည်။ ဗဟုဝါဒ ဖြစ်သည်။ ပေါင်းစပ်နိုင်ပါသလော၊ ပေါင်းစပ်နိုင်သည်။ ယနေ့ခေတ်သည် အထူးသဖြင့် ပေါင်းစပ်နိုင်သည်။ ရှေးရှေးခေတ်များနှင့်မတူ။ ရှေးရှေးခေတ်များကတော့ ဆက်သွယ်မှုမကောင်း၍ မိမိဒေသ၊ မိမိ တနေရာတည်းသာနေ၍ တမျိုးတည်းသာဖစ်နေတတ်သည်။
ယခုအခါ အသံအားဖြင့်လည်း ပေါင်းစပ်နေသည်။ အမြင်အားဖြင့်လည်း ပေါင်းစပ်နေသည်။ ကမ္ဘာကြီးသည် ပေါင်း စပ်နေသည်။ ခေတ်ပေါ်သိပ္ပံဖြစ်သော အီလက်ထွန်းနစ်နည်းပညာဖြင့် ရုပ်မြင်သံကြားကည့်ကာ ရင်းနှီးနကြပေပြီ။ ယင်းသည် ပေါင်းစပ်ခြင်းဖစ်သည်။ အသံချင်း ပေါင်းစပ်ကြသည်။ ရုပ်အမြင်ချင်း ပေါင်းစပ်ကြသည်။ မပေါင်းစပ် ချင်သူများလည်း ရှိနိုင်သည်။ ပေါင်းစပ်သည်ဆိုရာတွင် အနုနှင့်အရင့်၊ လူငယ်နှင့်လူကြီး၊ နှလုံးရည်နှင့်လက်ရုန်း ရည်တို့ ပေါင်းစပ်ကြရသည်။ ပေါင်းစပ်ချင်သူများကိုလည်း ပေါင်းစပ်ဖြစ်အောင် နည်းအမျိုးမျိုးဖြင့်ပုလုပ်ကြရပေ မည်။ ယင်းသည်နိုင်ငံရေးယဉ်ကျေးမှုဟုထင်မိပေသည်။

ဒဂုန်တာရာ
၆၊ ၅၊ ၉၅
(ရနံ့သစ်၊ သြဂုတ်၊ ၁၉၉၅)