Thursday, July 28, 2011

နိုင်ငံရေးယဉ်ကျေးမှု (ဒဂုန်တာရာ)

0 comments

ိုင်ငံရေးယဉ်ကျေးမှု
ကိုညိုထက်ဖေ့စ်ဘွတ်ခ်စာမျက်နှာမှရယူပါသည်။
(က)
နိုင်ငံရေးဆိုသည်ကတော့ အများနှင့်ပတ်သက်သော အနက်ရသည်ကို လူတိုင်းသိကြသည်။ တယောက်တည်းမဟုတ်၊ တကိုယ်တည်းမဟုတ်၊ အများနှင့်ပတ်သက်ခြင်း။ တယောက်ကာင်းစားခြင်း မဟုတ်၊ အများး ကောင်းစားခြင်း။
ယဉ်ကျေးမှုဆိုသည်ကတော့ ရိုင်းရာမှယဉ်လာသည်အထိ တိုးတက်လာခြင်း ဟူသော အနက်ထွက်သည်ကို လူတိုင်းသိကြသည်။ ယနေ့ခေတ်သည် နိုင်ငံရေး ယဉ်ကျေးမှုပျိုးထောင်ဖွဲ့စည်းစ ခေတ်ဖြစ်သည်။ သန်းပေါင်းများစွာသော လူသားတို့ သေကြေပျက်စီးဆုံးပါးကြပြီးနောက် ပညာရှင်တို့သည် မကောင်းဆိုးရွားဒဏ်ကိုနားလည်သိရှိပြီးကာ ငြိမ်းချမ်းရေးရှေ့ ရှူသောစိတ်ဓာတ်များ တိုးပွားလာကြပေသည်။ ပညာရှင်သာမဟုတ်၊ ပညာရှိခြင်းနှင့်ဆက်သွယ်သော နိုင်ငံရေး  ခေါင်းဆောင်တို့သည် နားလည်သိရှိသောလက္ခဏာဖြစ်သည်ဟုဆိုရမည်။ ထို့ကြောင်နိုင်ငံရေးယဉ်ကျေးမှုသည် ငြိမ်း ချမ်းရေး၊ ထိုမျှသာမက နိုင်ငံရေးသည်အများအတွက်၊ ပြည်သူတို့အတွက်ဖစ်ပေရာ ဧက၀ါဒတို့နှင့်လည်း ဆန့် ကျင်နပြန်သည်။ ဧက၀ါဒနှင့်ဆန့်ကျင်သည်ဆိုလျှင် ဗဟုဝါဒ၏တဖက်အနက်။ ဗဟုဝါဒဆိုသည်ကလည်း အများနှင့် ပတ်သက်နေသည်။ အများဆိုသည်မှာလည်း ပေါင်းစပ်ခြင်းသဘောတရားဖစ်သည်။ ထို့ကြောင့်  နိုင်ငံရေး ယဉ်ကျေးမှုသည် ပေါင်းစပ်ခြင်းသဘောတရား။
()
နိုင်ငံရေးယဉ်ကျေးမှုသည် ငြိမ်းချမ်းရေးဟုဆိုတော့ ငြိမ်းချမ်းရေးတည်မြဲရန်အခြေအနေများ ထည့်သွင်းစဉ်းစားကြ ရပေလိမ့်မည်။ ငြိမ်းချမ်းရေးရရှိရန်အခြေအနေများမှာ တန်းတူအခွင့်အရေး၊ လွတ်လပ်ရေးနှင့်ညီညွတ်ရေးဖစ်သည်။ တန်းတူအခွင့်အရေးဖြင့်လွတ်လပ်ရေးရှိမှ ညီညွတ်မည်။ ညီညွတ်မှ ငြိမ်းချမ်းရေးရရှိမည်။ ငြိမ်းချမ်းရေးမရှိခြင်းမှာ မညီညွတ်ခြင်ြးုကာင့် ဖြစ်သည်။ မညီညွတ်ခြင်းမှာ တန်းတူအခွင့်အရေးဖြင့်လွတ်လပ်ရေး မရရှိခြင်းကြောင့်ဖစ်သည်။ ယင်းသို့ အကြောင်းတရားတို့သည် ဆက်စပ်မှီတွယ်နေကြပေသည်။ မညီညွတ်ခြင်းသည် သဘာဝတော့ဖစ်သည်။ သို့သော် ညီညွတ်ရေးရရှိရန် အစဉ်လှုပ်ရှားအားထုတ်နေရမည်။ မညီညွတ်ရသောအကြောင်းမှာ တန်းတူအခွင့် အရေးဖြင့် လွတ်လပ်ရေးမရရှိသောကြောင့်ဖစ်သည်။
တိုင်းပြည်တပြည်တွင် အုပ်စိုးခံရသောပည်သူနှင့် အုပ်စိုးသောသူတို့ရှိကြသည်။ မရှိ၍ မဖြစ်။ အုပ်စိုးသူမရှိဘဲ ပြည်သူ တို့အချင်းချင်း အုပ်စိုးပ်တည်ခြင်းမှာတော့ ယဉ်ကျေးမှုအဆင့်အတန်း မြင့်မားသောအခြေအနေဖစ်သည်။ လူတိုင်း လူတိုင်းသည် အသိတရားရှိနေမှဖြစ်မည်။ လူတိုင်းလူတိုင်းသည် ငြိမ်းချမ်းသာသာစည်ပင်ဝပြောနေမှဖစ်မည်။ ယင်း သို့ကားမဖြစ်နိုင်။ သို့သော် မညီညွတ်ခြင်းကို မည်သို့ဖြေရှင်းကြမည်လဲ။ တန်းတူအခွင့်အရေးဖြင့်လွတ်လပ်ခြင်း စိတ် ဓာတ်ကသာလျှင်၊ လွတ်လပ်ရေးအခြေအနေကသာလျှင် ဖြေရှင်းနိုင်သည်။ ယင်းသို့ ဖြေရှင်းနိုင်ခြင်းဖြင့် ညီညွတ်ရေး ၏ အတိုင်းအတာတခုရရှိနေမည်ဆိုလျှင် ငြိမ်းချမ်းရေးရရှိမည်ဟု ဆိုနိုင်သည်။ ဤသို့ဖြေရှင်းရာတွင် လမ်းနှစ်သွယ်  တော့ရှိသည်။ အကြမ်းပတမ်းနည်း၊ လက်နက်နည်းဖြင့်ဖြေရှင်းရသည်က တနည်း၊ ငြိမ်းချမ်းစွာယှဉ်ပြိုင်ခြင်းက တ နည်း၊ ယင်းသို့ဖြင့် ငြိမ်းချမ်းသောနည်းဖြင့်ဖြေရှင်းမှသာလျှင် ညီညွတ်ရေးသည်ခိုင်မာလာမည်ဖစ်သည်။တန်းတူအခွင့် အရေးကလည်း အရေးကြီးလှပေသည်။ တန်းတူအခွင့်အရေးဖြင့်လွတ်လပ်ရေးရှိမှ ဖြစ်မည်။ တန်းတူအခွင့်အရေးဖြင့် လွတ်လပ်ရေးမရှိလျှင် မညီမညွတ်ဖစ်နေတတ်သည်။ ငြိမ်းချမ်းရေးရရှိနေပြီဆိုလျှင် တန်းတူအခွင့်အရေးဖြင့်လွတ် လပ်ရေးရှိနေသောကြောင့်သာလျှင် ဖြစ်သည်။ ယခုအခါ ပြည်သူတို့၏စွမ်းအားကို တန်းတူ အခွင့်အရေးဖြင့်ညီညွတ် စွာ ဆောင်ရွက်ကြခြင်းဖြင့် တိုင်းပြည်သည် စည်ပင်ဝပြော ပျော်ရွှင်ချမ်းမြေ့လာရပေမည်။ ထိုအခါ နိုင်ငံရေး ယဉ်ကျေးမှု ထွန်းကားလာပေမည်။
()
နိုင်ငံရေးယဉ်ကျေးမှုသည် ဧက၀ါဒမဟုတ်။ တကိုယ်တည်းကာင်းစားရေး၊ တကိုယ်တည်း အစွမ်းပြရေး၊ တယောက်တည်း လက်ဝါးကြီးအုပ်ထားခြင်း၊ ပုဂ္ဂိုလ်စွဲ အာဃာတလွှမ်းမိုးခြင်းတို့သည် ဧက၀ါဒ၏ခက်မာမှုများ ဖြစ် ကြသည်။ ဧက၀ါဒနှင့်ဆန့်ကျင်ဘက်က ဗဟုဝါဒ။ လူသားတို့၏ကမ္ဘာကြီးသည် တမျိုးတည်း၊ တရောင်တည်းရှိနေ သည်မဟုတ်။ အမျိုမျိုးအထွေထွေ ဖွဲ့စည်းတည်ရှိနေရသည်။ ယင်းသို့လျှင် မတူခြင်းတို့ပေါင်းစပ်ခြင်းသည် ညီ ညွတ်ရေးဖစ်သည်။ ဗဟုဝါဒ ဖြစ်သည်။ ပေါင်းစပ်နိုင်ပါသလော၊ ပေါင်းစပ်နိုင်သည်။ ယနေ့ခေတ်သည် အထူးသဖြင့် ပေါင်းစပ်နိုင်သည်။ ရှေးရှေးခေတ်များနှင့်မတူ။ ရှေးရှေးခေတ်များကတော့ ဆက်သွယ်မှုမကောင်း၍ မိမိဒေသ၊ မိမိ တနေရာတည်းသာနေ၍ တမျိုးတည်းသာဖစ်နေတတ်သည်။
ယခုအခါ အသံအားဖြင့်လည်း ပေါင်းစပ်နေသည်။ အမြင်အားဖြင့်လည်း ပေါင်းစပ်နေသည်။ ကမ္ဘာကြီးသည် ပေါင်း စပ်နေသည်။ ခေတ်ပေါ်သိပ္ပံဖြစ်သော အီလက်ထွန်းနစ်နည်းပညာဖြင့် ရုပ်မြင်သံကြားကည့်ကာ ရင်းနှီးနကြပေပြီ။ ယင်းသည် ပေါင်းစပ်ခြင်းဖစ်သည်။ အသံချင်း ပေါင်းစပ်ကြသည်။ ရုပ်အမြင်ချင်း ပေါင်းစပ်ကြသည်။ မပေါင်းစပ် ချင်သူများလည်း ရှိနိုင်သည်။ ပေါင်းစပ်သည်ဆိုရာတွင် အနုနှင့်အရင့်၊ လူငယ်နှင့်လူကြီး၊ နှလုံးရည်နှင့်လက်ရုန်း ရည်တို့ ပေါင်းစပ်ကြရသည်။ ပေါင်းစပ်ချင်သူများကိုလည်း ပေါင်းစပ်ဖြစ်အောင် နည်းအမျိုးမျိုးဖြင့်ပုလုပ်ကြရပေ မည်။ ယင်းသည်နိုင်ငံရေးယဉ်ကျေးမှုဟုထင်မိပေသည်။

ဒဂုန်တာရာ
၆၊ ၅၊ ၉၅
(ရနံ့သစ်၊ သြဂုတ်၊ ၁၉၉၅)

0 comments:

Post a Comment