Sunday, July 3, 2011

ဇူလိုင်မှာတမ်းများ(မောင်လွမ်းဏီ)

0 comments
ဇူလိုင်မှာတမ်းများ

မောင်လွမ်းဏီ

ဗိုလ်နေ၀င်း ပြောတယ်
ဓား ဓားချင်း လှံ လှံချင်း တဲ့။

ဗိုလ်အောင်ကြီး ပြောတယ်
အိုကေပါတယ် တဲ့။

ကိုလှရွှေ (ဘိုကလေး) ပြောတယ်
သွေးနဲ့ ရေးတဲ့ ဒီမိုကရေစီ တဲ့။

တင့်ဇော် (ရခိုင်) ပြောတယ်
တနိုင်ငံလုံးရဲ့အနာဂတ်အတွက်
ဆိုးကျိုးများစွာနဲ့ ရင်ဆိုင်ကြရတော့မယ်လို့
စဉ်းစားမိသတဲ့။

ကိုကျော်ဝင်း (မြောင်းမြ) ပြောတယ်
၇-၇-၆၂ မမေ့နဲ့ တဲ့။

--- --- ပြောတယ်
--- --- --- ပြောကြတယ်
--- --- --- --- ပြောနေကြဆဲပဲ။

မင်းကိုနိုင် ပြောတယ်
ကျောင်းနံရံတ၀ိုက်မှာ
ဒေါင်းအလံ ပြန်စိုက်မယ် တဲ့။

ကိုဖိုးသံ ပြောတယ်
ဗမာပြည်မှာ ကျောင်းသားဆိုတာ ရှိနေသရွေ့ 
ကျောင်းသားသမဂ္ဂတွေ တည်ရှိနေမှာ တဲ့။

မန်းရှာလာဖန်း ပြောတယ်
ဆဲဗင်းဇူလိုင်စိတ်ဓာတ် အဓွန့်ရှည်ပါစေ တဲ့။

လူထုခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်တို့သားအမိ
ပုဂံမြို့ဟောင်းကို သွားရောက်ဖူးမျှော်ကြမတဲ့
တကသ ရုပ်အလောင်းကိုလည်း
ငဲ့စောင်း အောက်မေ့ရှိစေချင်။ ။

မောင်လွမ်းဏီ
၃-၇-၂၀၁၁

0 comments:

Post a Comment