Friday, July 24, 2009

မပြီးသေးတဲ့ပွဲ

0 comments

The Battle’s Not Over
________________________________________
By NIC DUNLOP FEBRUARY, 2009 - VOLUME 17 NO.1
________________________________________
E-MAIL

PRINT

TEXT SIZE

Scarred and disillusioned—A Burmese Army vet continues to fight on a different front
IN June 2008, 46-year-old Myo Myint walked through the gates of Umpiem refugee camp on the Thai-Burmese border, travelled to Bangkok airport and boarded an aircraft for the first time in his life, for a journey of 19,000 km (12,000 miles) to the United States. Many hours later, on a humid Indiana evening, he embraced a brother he hadn’t seen in almost 20 years.

The emotional reunion marked the end of one chapter in an extraordinary life and the beginning of a new one. For Myo Myint is no ordinary refugee.

Multimedia (View)

As a young man, he joined the Burmese army, witnessing appalling atrocities and losing an arm and a leg in battle. In 1988, he became an activist, appealing to his former comrades to join hands with those calling for peaceful democratic change. He was arrested, tortured and imprisoned for 15 years for his participation in the popular uprising.

Myo Myint came from a military family. His father was a soldier and the young boy, like so many others, looked up to men in uniform. They looked smart and commanded respect. “Back then, I didn’t know the difference between people showing respect and people acting out of fear,” he said.

Myo Myint enlisted and after training in Maymyo, he was sent north to join frontline units in a large offensive against Communist insurgents. There, amid the din of battle, he witnessed the reality of army life in Burma.

He saw comrades die around him or fall with hideous wounds. “I began to think I should never have joined,” he said.

He saw his own unit force villagers at gunpoint to act as human mine-sweepers and saw many of them blown to pieces. He stood by as his comrades carried out summary executions, raped local women and tortured civilians.

“I feel guilty, as though I was responsible for these things,” Myo Myint said. “But I never committed any atrocities.”

In one battle, a shell exploded next to him as he made his way through a minefield, tearing off one of his arms and a leg.

No longer of use to the army, 25-year-old Myo Myint was discharged with a small pension.

He opened a bookshop and became interested in world literature, reading Darwin’s The Origin of the Species, Tolstoy’s War and Peace and biographies—including the life of one of his heroes, Abraham Lincoln.

He also thirsted to understand Burma’s history and its conflicts.

In the tumultuous days of 1988, after attending Aung San Suu Kyi’s speech at Rangoon’s Shwedagon Pagoda, he joined her party, the newly formed National League for Democracy, and met her on several occasions.

Supported by crutches, he stood on a podium outside Rangoon’s Mingladon military base in Rangoon and addressed a crowd of several thousand anti-government protesters about the horrors of the civil war. Armed soldiers were also present and he aimed much of what he said directly at them.

“I’d been thinking that it is one thing for an ordinary civilian to talk to a soldier, but as a former soldier, disabled, if I spoke it would have greater effect,” he recalled.

“I was very scared to talk,” Myo Myin confessed. “If the soldiers started firing, I would be the first one to be shot.”

Instead of opening fire, about 100 soldiers joined the protestors and more followed in the days after. “The people were happy to have soldiers join them. Most were
demonstrating in uniform.”

The heady optimism of those days was to be short-lived, however. Gen Ne Win mustered his forces and sent them in to break up the demonstrations.

Myo Myint escaped the massacre but was tracked down by the authorities. He was interrogated and tortured for days on end, accused of being a traitor to his country.

“Why are you, a former soldier, turning people against the army?” yelled his accusers.
They took away his crutches and forced him to stand for long periods of time on his one leg, with no other support.

“They swore at me, kicking me, hitting me in the face, shouting, ‘You were a soldier. Why are you so ungrateful to the army? Why have you betrayed the army?’”

While Myo Myint was in prison, his brother, Ye Naing, fled to the Thai border and joined the All Burma Students Democratic Front (ABSDF), whose members were remnants of the student movement that had spearheaded the 1988 uprising.
(Page 2 of 2)
They were armed and supported by ethnic Karen and Mon insurgents.

There, on Burma’s eastern frontier, Ye Naing learned to fight the very army his brother and father had once served. After years in the jungle, he left for the US, where he and his wife now work in a factory outside Fort Wayne, Indiana.

After serving 15 years in Burmese prisons, Myo Myint was released and also made for the Burmese-Thai border. He crossed to Thailand and worked for a while with the Assistance Association for Political Prisoners—Burma.

He later entered the Umpiem refugee camp, which shelters 19,000 refugees who have fled the scorched earth policies of the Burmese military, and from there he was resettled in the US.

“To be honest, I don’t want to go to America,” Myo Myint said as he packed his belongings in the camp and prepared to say farewell to friends and comrades in the democracy movement, many of whom had shared the hardships of Burmese prison life with him.

“It’s only because my brother and sister are there and my mother told me to go that I’m leaving.”

Myo Myint’s sister, also a former NLD member and wife of a former political prisoner, settled in the US several years ago. She has just given birth to her first child.

“I’d rather stay and continue working in politics here,” Myo Myint said—but he knew there was no future in a refugee camp in Thailand. “I know that America has given a lot of support to the people of Burma. I hope to continue the struggle from there.”

A reunion with his brother and sister “could be the happiest moment of my life,” he said on the eve of his departure.

The reunion took place on June 24, 2008. Weeks later, in August, he and his brother and sister travelled to New York to join anti-regime protesters commemorating the 1988 uprising.

It was the first time the two brothers had been on a demonstration together since the Rangoon uprising 20 years previously. This time, however, they had no fear of arrest or of being shot.

မရှုံးခြင်းနှင့် မနိုင်ခြင်း

0 comments


“မရှုံးခြင်းနှင့် မနိုင်ခြင်း”
ကျနော့် နားလည်ထားချက်အရ အကျဉ်းထောင်၊ တရားရုံး၊ ရဲနှင့် စစ်တပ်ဆိုသည်မှာ အုပ်ချူပ်သူများ၏ လူထုဖိနှိပ်ရေး ကိရိယာများသာ ဖြစ်ပါသည်။ ထိုတရားသည် မည်သည့်နိုင်ငံများတွင်မှား၍ မည်သည့်နိုင်ငံများတွင်မှန်သည်ကို တပ်အပ် မပြောနိုင်သော်လည်း ဗမာပြည်တွင် မှန်ပါသည်။ ကျနော် မှန်သည်ထင်၍ ပုန်ကန်သည်။ ထို့ေုကာင့် ကျနော် သူပုန်ဖြစ်သည်။ သူပုန်တိုင်း မင်းမျက်သင့်၏။ မင်းဒဏ်ရှ၏။ ကျနော်လည်း သင့်၏။ ရှ၏။ လည်မျိုပေါ်တုတ်တိုမရောက်ခြင်းနှင့် ရေတွင်အဖျောက် မခံရခြင်းအတွက် “ဘုရားသခင်”နှင့် “ကံ” ကို ကျေးဇူးတင်စရာကောင်းသည်ဟု ယခုအချိန်ထိမထင်မိပါ။

အင်းစိန်တောရတွင် သီတင်းသုံးဖူးတိုင်း “ရင်ခွဲတိုက်” ဟု ဆိုရုံနှင့် “ုကိုးတိုက်” ဒါမှမဟုတ် “၂ တိုက်” မှန်းသိကြသည်။ ထူးခြားသည့် အခေါ်အဝေါ်နှင့် ထူးခြားသည့်တိုက်ခန်းဖွဲ့စည်းပုံကြောင့် တချို့ ထိုတိုက်ကိုရောက်ဖူးချင်ကြသည်။ သို့သော် မရောက် ခဲု့က။ ကျနော်က အခွင့် အခါသင့်သဖြင့် ထိုတိုက်သို့၂ုကိမ်တိုင်တိုင်ရောက်ခဲ့ဖူးပါသည်။ “ုကိုးတိုက်” တဲ့။ နင့်သီးလိုက်သည့် အသုံး။ုကက်သီးမွှေးညှင်း ထချင်စရာ။ အကယ်၍ ဗမာပြည်တွင် သေဒဏ်ကျခံရသူများအား လျှပ်စစ်ကုလားထိုင်ဖြင့်၊ ခေါင်းဖြတ် စက်ဖြင့်၊ သေဆေးထိုးခြင်းဖြင့်၊ လက်ဖြောင့်သေနတ်သမားဖြင့်သတ်လျင် ထိုတိုက်ကိုဘယ်လိုခေါ်မလဲဟု ကျနော်တွေးမိဖူးပါသည်။ အာဏာလက်ဝယ်ရှိသူတို့၏ “သူပုန်များအား တရား စီရင်ခန်း” အောက်တွင် သူပုန်ပေါင်းများစွာ “ဒေါက်ဖြုတ်” ခံရပြီး သေခြင်းတရားကို လှပစွာလက်ခံခဲ့သည့်အရပ်မို့ အရှိန်အစော်ကုကီးလွန်း လှသည်။

ထိုတိုက်တွင် အခန်းပေါင်း ၆၀ ရှိပါသည်။ မျက်နှာချင်းဆိုင် အခန်း ၃၀ စီ စီထားသဖြင့် ၂ ဘက်ပေါင်း ၆၀ ဖြစ်သည်။ အလယ်က လျှောက်လမ်းဖြင့်ခွဲထားသည့် ရထားတွဲကြီးနှင့်ဆင်ပါသည်။ တခန်းချင်းစီ၏နောက်ဘက်အပေါ်ရှိ အလင်းပေါက် ကလေးမှအလင်းရောင်မှတပါး အပြင်အလင်းရောင်မရသဖြင့် အမြဲတမ်းလိုလိုမှုံဝါးဝါး။ုကိုးတိုက်တွင် အခန်း ၆၀ ရှိသည့်အနက် အခန်း ၁၄ ခန်းကို အလယ်မှ ကန့်လန့်ဖြတ် သစ်သားတံခါးကြီးဖြင့်ပိုင်း၍ ထပ်ခွဲထားပါသေးသည်။ ၂ တိုဟု ခေါ်ပါသည်။ ၂ တိုတွင် ထောင်ကျပြီးမှထောင်တွင်းပြစ်မှု ထပ်မံကျူးလွန်သည်ဆိုသည့်ုကိုးသမားများနှင့်ကြိုးသမားမဟုတ်သည့် အခြား အကျဉ်းသားများလည်းရှိပါသည်။

ကျနော်ုကိုးတိုက်သို့ပဌမအုကိမ်ရောက်စဉ်က “အထိန်းသိမ်းခံနိုင်ငံရေးအကျဉ်းသား”ဘဝ။ တော်တော်လှပသည့် စကားလုံးဟု တွေးစရာရှိသော်လည်း အလွန်အကျည်းတန်သည့် အဖြစ်တွေရင်ဆိုင်ခဲ့ရပါသည်။ ထိုစဉ်ကတည်းက သူလည်ုးကိုးတိုက်တွင် ရှိနေခဲ့ပါသည်။ အခြား မည်သူမည်ဝါတွေရှိသည်ဟုသာ သိရသော်လည်း မည်သနှင့်မျှ မတွေ့ခဲ့ရပါ။ သေဒဏ်ကျုကိုးသမား များအား ၃ ခန်းတတွဲနှင့် ရေချိုးဆင်းချိန် ၁၅ မိနစ်ခွင့်ပြုပါသည်။ ကျနော်တို့ နိုင်ငံရေးထိန်းသိမ်းများကိုမူ တယောက်တခန်းထား သည့်အပြင် ရေချိုးချိန်ကိုလည်း ခွဲထားပြန်သည်။ ဘယ်သူတွေရေချိုးဆင်းဆင်း ကျနော်တို့အခန်းများကို နှီးကြောဖျာများဖြင့် ပိတ်ထားသလို ကျနော်တို့ရေချိုးဆင်းချိန်တွင်လည်း အခြားသူများ၏အခန်းများအား အလားတူပိတ်ထားပါသည်။ုကိုးတိုက်၌ တလခွဲခန့်နေခဲ့ရပြီး ကျနော့်အား ၁ တိုက်သို့ပြောင်းရွှေ့ပြီး ချူပ်ပြန်ပါသည်။

၁ တိုက်တွင် ၄ လခန့်နေပြီးနောက် စစ်ခုံရုံးဖြင့်ထောင်ချလိုက်ပါသည်။ ထို့နောက် ဟိုတိုက်ဒီတိုက်နှင့် တိုက်သံသရာလည် နေချိန်များ ဖြင့်သာပြီးနေတော့သည်။ သည်လိုနှင့် ၁၉၈၈ ခုနှစ်နှောင်းပိုင်း အင်းစိန်ထောင်တွင်း “တောင်းပွဲတိုက်ပွဲများ”အနက် လူအများဆုံး ပါဝင်ခဲ့သည်ဟုဆိုနိုင်မည့် ၁၉၉၀ စက်တင်ဘာ ၂၅ အရေးအခင်းဖြစ်လာသည်။ ထိုအချိန်က ကျနော် ၄ ရှည် တွင်ရှိနေပါသည်။ အခြားသော နိုင်ငံရေးအကျဉ်းသားများနည်းတူ ကျနော်လည်းပါခဲ့သည်။ ၉၀ စက်တင်ဘာ ၂၅ အား အာဏာပိုင်တို့က သွေးရူးသွေးတမ်းဖြေရှင်းခဲ့ပြီးနောက် နိုင်ငံရေးအကျဉ်းသားများအား လူစုခွဲပါသည်။ တချို့ကို ညတွင်းချင်း ထောင်ပြောင်းပြစ်လိုက်သည်။ ၄ ရှည်မှ ကိုခွန်ဆိုင်း(သွေးသစ်လူငယ် များအစည်းအရုံး)၊ ကိုမြင့်ရီ(ဗ.က.သ)၊ ကိုညိုထွန်း (ဗ.က.သ)၊ ကိုအောင်သန်း(NLD)၊ ကိုကျော်အေး (ဒ.ည.တ) နှင့် ကျနော်တို့မှာ မိုး ပိုအရွာခံသည်လား အငြိုးပို အသိုခံရ သည်လား မပြောတတ်ပါ။ ၄ ရှည်မှ ခွဲထုတ်ခံလိုက်ရပါသည်။ ကိုခွန်ဆိုင်းနှင့် ကိုညိုထွန်းမှာ ညတွင်းချင်းသရက်ထောင်သို့။ ကျနော်နှင့် ကျန် ၃ ယောက်မှာုကိုးတိုက်သို့။

ဒုတိယုကိုးတိုက်ခရီးသည် ပဌမအုကိမ်ထက်အဆပေါင်းများစွာပိုဆိုးပါသည်။ ဘယ်လောက်ဆိုးသလဲဟု ဆိုလျှင် ကျနော့်ထောင် သက် စုစုပေါင်း ၁၅ နှစ်တွင် အဆိုးဆုံးအခြေအနေဖြစ်သည်ဟုသာ ပြောချင်ပါသည်။ ထားတော့။ ကျနော်ပြောချင်သည်မှာ ထောင်အေုကာင်း မဟုတ်ပါ။ ကျနော်ပြောချင်သည်မှာ သူ့အေုကာင်းဖြစ်ပါသည်။ တရက် သူ ရေချိုးဆင်းပြီးအပြန်တွင် ကျနော်က သူ့ကိုတွေ့ချင်နေသည်။ စကားပြော၍မရမှန်းလည်းသိသဖြင့်လည်း ခေါင်းကလေးဆတ်ပြခွင့်ရရုံ၊ လက်မကလေး ထောင်ပြခွင့်ရရုံလောက်သာ မျှော်လင့်ထားပါသည်။ (ထောင်တွင်းအကျဉ်းအကြပ်ကာလများတွင် တယောက်ကိုတယောက် ရင်ဘတ်ကိုကပ်၍လက်မထောင်ပြခြင်း၏သင်္ကေတမှာ အသံတိတ်နည်းဖြင့် “တောင့်ထား”“တောင့်ထားတယ်” ဟူသော အဓိပါယ်ဆောင်ပါသည်) အခန်းပေါက်ကို ပိတ်ထားသည့် နှီးကြောဖျာကြမ်းကို မသိမသာလေးလှစ်၍ သူပြန်အလာကို ကျနော် ချောင်းနေပါသည်။

သူပြန်လာပြီ။ အစောင့်ဝါဒါ၏ အော်သုံကားလိုက်ရသည်။ “အားလုံး နောက်လှည့်ထား” တဲ့။ ကျနော်မလှည့်။ ကျနော်အတွက် ပြာပူမကြောက်ခဲ့ဖူးသည့်အချိန်များ။ ဖြစ်ချင်ရာဖြစ်။ ရအောင် နှုတ်ဆက်မည်ဟု စိတ်ကပိုင်းဖြတ်ထားပြီးသား။ မလှည့်၊ုကမ်း ပြင်ပေါ်အသာပုချလိုက်ပြီး ခေါင်းကိုထောင်ထားလိုက်သည်။ ကံကောင်းသွားသည်။ ရေချိုးထုတ်ချိန် နောက်ကလိုက်သည့် အစောင့်ဝါဒါသည် ကျနော်နှင့်တရပ်တည်းသားဖြစ်နေသည်။ သူက ကျနော့်ကို မမြင်ယောင်ဆောင်ပြီး နေပေးသည်။ ကျနော်က ဆရာမောင်သော်ကကို ရင်ဘတ်ကပ်ပြီးလက်မထောင်ပြလိုက်သည်။ သူက ကျနော့်ကိုမြင်တော့ လှည့်ရစောင်းရ ခက်လှသည့် သူ့လည်တိုင်ကို အားယူလှည့်ရင်း “ကျူပ်တို့မရှူံးဘူး၊ မနိုင်သေးတာ” တဲ့။ ဒါပဲ။ ဘာမှ ထပ်ပြောနေချိန်မရတော့။ သူလည်း ဆက်လျှောက်သွားသည်။ ကျနော်လည်းကြမ်းပြင်ပေါ်ပုလျက်သား ကျန်နေခဲ့သည်။

နောက်တော့ နောက်ထပ်အတောမသတ်နိုင်သည့် အဆိုးများကြားတွင် လိမ့်ပြီးရင်းလိမ့်နေခဲ့ရပါသည်။
ထို့နောက်ပိုင်း ကျနော် တောင်ငူထောင်သို့ အရွေ့ခံရပြန်သည်။

သူ ကျန်းမာရေးမကောင်းတော့ကြောင်း၊ ထောင်က သူ့ကို မည်သို့ ပြုမူကြောင်း စသည့်ရင်နင့်စရာတွေကြားရသည်။ ကျနော်လည်း စိတ်မကောင်း။ ဘာမှလည်းမတတ်နိုင်။ ရောက်ရာထောင်မှာ ငဖယ်တေ အတေခံရပြီး လူလည်းအပွေးတက်လာသည်ထင်၏။ မချိမဆန့် နှလုံးသားသည် “ခံနိုင်ရည်နှင့်ဝ” လာသည်လား မဆိုတတ်တော့။ တော်ရုံတန်ရုံဆိုသည်များကို ကျကျနန“ခံ” တတ် လာသည်။ သို့သော်၊ ထို သို့သော်ကား အရေုးကီးပါမည်။ “ပြီးတာတွေပြီးပါစေတော့” ဆိုသည့်အပြောအဆိုမျိုးကို ဘဝင်ခွေ့ သူများ၊ ခံတွင်းလိုက်သူများ ရှိနိုင်ပါမည်။ ဘာမျှမပြောလိုပါ။ သူ့အေုကာင်းနှင့်သူရှိပါလိမ့်မည်။ ကျနော်ကား ထိုစဉ်ကရော ယခုရော “ပြီးတာတွေပြီးပါစေတော့” ကို ဟာဒယမတွေ့သေးပါ။

နောက်တော့ သူ ကျဆုံးသွားပြီတဲ့။ုကာုးကားခြင်းစိတ်ထိခိုက်မိသည်။ုကိတ်မနိုင်ခဲမရဖြစ်ရသည်။ ဆောက်တည်ရာမရ ဖြစ်စရာမရှိဟုသာ ကိုယ့်ဘာသာကိုယ် တွေးပြီးဖြေယူလိုက်ရသည်။ သူကား သူယုံကည်ရာအတွက် နောင်တမဲ့စွာ၊ ရဲရင့်စွာ၊ ခိုင်ုကည်ပြတ်သားစွာ ခရီးခဲကို ဖြတ်သန်းခဲ့လေပြီ။

ကျနော်တို့သည် အားကစားမဟုတ်သည့်ပွဲတပွဲတွင် ဝင်ယှဉ်ခဲ့ကြပါသည်။ ယှဉ်နေဆဲလည်းဖြစ်ပါသည်။ အားကစားပွဲဆိုသည်မှာ စည်းမျဉ်း စည်းကမ်းမည်မျှ ကောင်းကောင်း၊ ခြေရည်မည်မျှသာသာ ဒိုင်ညစ်လျှင်ရှူံးရသည်များရှိတတ်ပါသည်။ ကျနော်တို့ ကစားခဲ့သည့်ပွဲသည် ဒိုင် မရှိသည့်ပွဲ။ုကိုတင်စည်းမျဉ်းစည်းကမ်းများ မသတ်မှတ်နိုင်ခဲ့သည့်ပွဲ။ ထို့ေုကာင့် သူပြောခဲ့ဖုးသလို ရှုံးသည်ဟုဆိုလျင်လည်း မနိုင်သေးခြင်းသာဖြစ်ပြီး၊ မနိုင်သေးဟုဆိုလျင်လည်း မရှုံးသေးခြင်းသာဖြစ်မည်ဟု တွေးနေမိပါသည်။
“ကျူပ်တို့မရှူံးဘူ၊ မနိုင်သေးတာ”
“ကျူပ်တို့မရှူံးဘူး၊ မနိုင်သေးတာ”
“ကျူပ်တို့မရှူံးဘူး၊ မနိုင်သေးတာ”
ဆိုသည့် သူ့အသံများကား ယနေ့တိုင် ကျနော့်ရင်တွင် ပဲ့တင်ထပ်ဆဲ။

မျိုးမြင့်ချို

Tuesday, June 16, 2009

သူလိုကိုယ်လိုကောင်

0 comments


“သူလိုကိုယ်လိုကောင်”

ဘဝမှာ
ပြောစရာ
များများစားစားမရှိပါဘူး

သူလိုကိုယ်လို
ထောင်လေးဘာလေးကျဖူးတယ်
သူလိုကိုယ်လို
တော်လှန်ရေး ဘာညာပြောတယ်

သူလိုကိုယ်လို
လက်မထောင်တယ်
သူလိုကိုယ်လို
နိမ့်ရာကို လှံစိုက်တယ်

သူလိုကိုယ်လို
ဟင်းဖတ်လည်း ပါပါပေးတယ်
သူလိုကိုယ်လို
ပါးလည်းပြောင်တယ်

သူလိုကိုယ်လို
ပျော့ညံ့တယ် ပျော့ပျောင်းတယ်
သူလိုကိုယ်လို
တည်ငြိမ်တယ် တွေဝေတယ်

သူလိုကိုယ်လို
ကာလာမသုတ္တံနဲ့ ဝိဘဇ္ဇဝါဒကိုကိုက်တယ်
သူလိုကိုယ်လို
ဥခွံဟောင်းနဲ့ ကလီရှေးကို နှစ်ခြိုက်တယ်

သူလိုကိုယ်လို
ပိယေဟ ဝိပယောဂေါ ဒုက္ခော
သူလိုကိုယ်လို
အပိယေဟိ သံမယုတ္တကော ဒုက္ခော

သူလိုကိုယ်လို
သူလိုကိုယ်လိုနဲ့
သူလိုကိုယ်လိုတွေချည်းပါပဲ

ဒါပေမယ့်
မင်းသားခေါင်း မဆောင်းဖူးဘူး
ဧည့်ခန်းဆောင်မှာ
ယဉ်ကျေးယောင် မဆောင်ဖူးဘူး
မယုံတာကို ယုံတယ်လို့
ယုံတာကို မယုံဘူးလို့ မပြောဖူးဘူး

အသေချာဆုံးကတော့
ရန်သူစစ်စစ်နဲ့
မိတ်ဆွေစစ်စစ်ကိုရှာရင်း
ဆင်းရဲတွင်းကို မရှောင်ဖူးဘူး

အင်း…
ပြောရင်း ပြောရင်းနဲ့
သူလိုကိုယ်လို
သူလိုကိုယ်လိုနဲ့
သူလိုကိုယ်လိုကောင်
မောင်းတင်လိုက်ပြန်ပေါ့

မျိုးမြင့်ချို

Sunday, May 31, 2009

“ပျံသန်းနိုင်စွမ်းတောင်ပံများနှင့်နှင်းဖြူဇီးကွက်” (မျိုးမြင့်ချို)

0 comments
မည်သူဖွင့်လိုက်သည်မသိ။ အခန်းထဲတွင် “လှောင်ချိုင့်ထဲကတေး” သီချင်းသံလွင့်ထွက်လာ၏။ ကျနော့် စိတ်အလျဉ်က ရုတ်ကနဲရပ်သွား၏။ သီချင်းသံကို ကြားတချက်မကြားတချက်။ ဖတ်လက်စ စာအုပ်နှင့် သီချင်းသံကြား အတွေးများ စုန်ချီဆန်ချီ။ သည်အခြေအနေသည် တိုက်ဆိုင်မှုတစ်ရပ် သာ ဖြစ်သည်ဆိုလျင်လည်း အတော်ထူးခြားသည့် တိုက်ဆိုင်မှုဟုသာ ပြောရမည်ဖြစ်သည်ထင်၏။
စာအုပ်က ၁၉၇၇ ခုနှစ်တွင် ပြည်ထောင်စုသမ္မတ ဂျာမနီနိုင်ငံသံရုံး သတင်းနှင့်ပြန်ကြားရေးဌာနမှ ထုတ်ဝေပြီး ဆရာလှသမိန် ပြန်ဆိုသည့် “ခေတ်သစ်ဂျာမန်လက်ရွေးစင်စာပေ”ဖြစ်သည်။ စာအုပ်ဘာသာပြန်သူ၏ အမှာစကားတွင် မျက်မှောက်ခေတ် ဂျာမန်စာရေးဆရာများ၏ စာပေလက်ရာ သစ်များကို ရွေးချယ်တင်ပြထားကြောင်း၊ မူရင်းစာရေးသူတို့၏ ရေးဖွဲ့ပုံ၊ ယူဆပုံ၊ စိတ်ကူးပုံ၊ တင်စားပုံ၊ စကားသုံးနုန်းပုံ၊ တွေးခေါ်စဉ်းစားပုံ၊ တီထွင်ပုံနှင့် ရေးဖွဲ့ချက်အကြောင်းအရာများကို အရင်းအတိုင်းသုံးသပ် လေ့လာမိစေရန် တတ်နိုင်သမျှအတိအကျပြန်ဆိုထားကြောင်း ဆိုပါသည်။ စာအုပ်ကိုဖတ်ကြည့်လျင် ဘာသာပြန်ဆိုသူ၏ စေတနာနှင့်အားထုတ်မှုကို ထင်ထင်လင်းလင်းမြင်ရလိမ့်မည်။ ကျေးဇူးကြီးလှသည်ဟု အောက်မေ့၏။ စာအုပ်တွင် ဝတ္ထုများ၊ ကဗျာများ၊ ဆောင်းပါးများနှင့် ဆွေးနွေးချက်များဟူ၍ အခန်း ၄ ခန်းခွဲ စီစဉ်ထားပြီး နောက်ဆက်တွဲသဘော စာရေးသူတို့၏ ကိုယ်ရေးအကျဉ်းကို ဖေါ်ပြထားသည်မှာလည်း ထူးခြားချက်လို ဖြစ်နေသည်။
လောလောလတ်လတ် ကျနော်တော်ဖတ်နေသည်က ၁၉၇၂ နှစ်အတွက် စာပေနိုဗယ်လ်ဆုရှင် ဂျာမန်စာရေးဆရာ ဟိန်းနရစ်ဘိုးလ်၏ “သူတို့ပျံမပြေးကြပေ” ဆိုသည့် ဆွေးနွေးချက်များအခန်းပါ စာတစ်ပုဒ်။ ဆွေးနွေးချက်များခေါင်းစဉ်အောက်တွင်ထည့်ထား၍သာ ဆွေးနွေးချက်ဖြစ်ရသည်ထင်၏။ တကယ်က ရသစာတမ်းလိုလို၊ ဘာလိုလို ကျနော်တော်လည်း မခွဲခြမ်းတတ်။ စာပေဝေဖန်သူတို့သာ လိမ္မာတတ်ပွန်ပေလိမ့်မည်ထင်ရ၏။
စာ စလျင်စခြင်း စာရေးသူက ယခုနှစ်တွင် အရေးအပါဆုံးသော “ယဉ်ကျေးမှုနှင့် လူမှုရေးပွဲလမ်းသဘင်” ကိစ္စဆိုသည်မှာ အဘယ်နည်းဟု သင်သိလိုပေလိမ့်မည်.. ဆိုကာ ဤပွဲလမ်းနှစ်ရပ်ကို အဘယ်ကြောင့် သီးခြားခွဲသင့်ပါသနည်း.. ဟု မေးလိုက်သည်။ ယဉ်ကျေးမှုနှင့် လူမှုရေးသည် ခွဲခြား၍ပိုင်းခြား၍မရနိုင်ကြောင်း သူ့အမြင်ကိုတင်ပြလာသည်။ ထို့နောက် “အနုပညာနှင့် လူမှုအသိုက်အဝန်း(လူ့အဖွဲ့အစည်း) သည် အစဉ်အမြဲပင်တသီးတခြားဖြစ်ပေသည်” ဟု ဆို၍ သူ့အယူအဆကို ဝံ့ဝံ့စားစား ထုတ်ဖေါ်ချပြလိုက်သည်။ သဘောတူခြင်းမတူခြင်း လက်ခံခြင်းမခံခြင်းတို့မှာ ဘက်သဘောရပ်တည်ချက်ကိစ္စအဖြစ် နှလုံးပိုက်၍ စာကိုဆက်ဖတ်နေမိသည်။
သူ့အနေနှင့်ဆိုလျှင် “အရေးပါဆုံးသောယဉ်ကျေးမှုဆိုင်ရာဆောင်ရွက်ချက်နှင့် အရေးပါဆုံးသော လူမှုရေးဆောင်ရွက်မှုမှာ နှစ်စဉ်လည်ပတ်နေကြအတိုင်း တိရိစ္ဆာန်ရုံရှိ ကျွနုပ်၏မိတ်ဆွေ နှင်းဖြူ ဇီးကွက်ကြီးထံ နှစ်တပတ်လည် လည်ပတ်ခြင်းပင်ဖြစ်ပေသည်” ဟု ဆိုရာ ကျနော့်တော့်စိတ်တွင် အံ့အားသင့်ခြင်းနှင့် နားမလည်နိုင်ခြင်းတို့ ဖြတ်ကနဲလျှပ်ပြေးသွား၏။
ဘယ့်နှယ် ရှေ့မှာတစ်လျှောက်လုံး “အရေးပါသည့်ယဉ်ကျေးမှုတို့ အရေးပါသည့်လူမှုရေးဆောင်ရွက်ချက်တို့” စသည့် ခန့်ထည်လှသည့် စကားများပြောလာနေရင်းမှ သူ၏ အရေးပါသောယဉ်ကျေးမှုနှင့် လူမှုရေး ဆောင်ရွက်ချက်မှာကား “ငှက်တစ်ကောင်ထံ သွားရောက်လည်ပတ်ခြင်း”သာ ဖြစ်သည်ဆိုတော့ ဘယ်လိုပါလိမ့်ဟု သိချင်စိတ်က ဖြန်းကနဲဖြစ်မိသည်။
ထို့နောက်ဆက်လက်၍ ထိုဇီးကွက်မကြီး အကြောင်းနှင့် ထိုဇီးကွက်မကြီးထံ သူ အဘယ်ကြောင့် နှစ်စဉ်သွားရောက်လည်ပတ် ရကြောင်းကို “မည်သည့်အရာသည် ဇီးကွက်မကြီး၏ရှေ့မှောက်သို့ သွားရောက်ရလေအောင် ဆွဲဆောင်သနည်း။ အဘယ်ကြောင့်ဆိုသော် ထိုဇီးကွက်မသည် လက်ခံတွေ့ဆုံနိုင် သူမဟုတ်ပါ။ ထို့ပြင်လည်း တွေ့ဆုံရသူတို့အား အလွန်စေ့စေ့စပ်စပ် ဆန်းစစ်တတ်သောကြောင့် ဖြစ်ပေ သည်။ ကျွန်ုပ်အား ဆွဲဆောင်သောအရာမှာ သူသည်အလွန်လှပ၍ အလွန်စင်ကြယ်ပြီး၊ အလွန်လိမ္မာ၍ အလွန်ရိုင်းခြင်းပင်ဖြစ်ပေသည်။ ထိုမှတပါး သူသည် အလွန်လည်းရဲရင့်ပေသည်။ သို့ရာတွင် ယခုအချိန် တွင်ကား သူ၏ရဲ့ရင့်မှုကို များစွာအသုံးမချနိုင်သေးပေ။ သူ၏ ခံနိုင်ရည်ရှိ သောအရာကို တွက်ဆရ သလောက်မှာ သူ၏ လှောင်အိမ်သံတန်းများသာဖြစ်ပေသည်..” ဟု ပြော၍ ထိုဇီးကွက်မကြီး၏ ပကတိ အခြေအနေနှင့်စရိုက်သဘာဝကို ဖေါ်ညွှန်းလိုက်သည်။ လှပခြင်းနှင့် စင်ကြယ်ခြင်းကို တွဲဖက်ပြ၍၊ ရဲရင့်ခြင်း လိမ္မာခြင်းတို့ရှိသည် မှန်သော်လည်း ထိုအရည်အချင်းများ သူအသုံးမချနိုင်သေးကြောင်း၊ လောလောဆယ် တွင် သူ့ခံနိုင်ရည်ကိုတိုင်းဆရန်မှာ လှောင်အိမ်နှင့်သံတန်းများသာဖြစ်ကြောင်း လှပစွာရေးဖွဲ့ပြ၏။ ကျနော့် စိတ်အထင် ရိုင်းသည်ဆိုသည်မှာလည်း အင်္ဂလိပ်လို Wild ကိုညွှန်းသည်ထင်၏။ ဤသို့ဆိုလျင် သဘာဝ အတိုင်းဖြစ်သော၊ အပြုအပြင်မရှိသော၊ ဟန်ဆောင်ဖုံးကွယ်မှုနှင့် ယဉ်ကျေးယောင်ဆောင်တတ်ခြင်းတို့ ကင်းသော “အရိုင်းဆန်ခြင်း”သာဖြစ်ရမည်။ မသွေးရသေးသည့် ကျောက်မျက်ကို “အရိုင်းတုံး” ဟု ခေါ်သည့်နှယ် ဖြစ်လေမည်လားဟု တွေးမိသည်။
စာရေးသူက သူနှင့် ထိုဇီးကွက်ကြီးတို့ မည်သည့်အကြောင်းအရာများ ဆွေးဆွေးနွေးကြသည်ကို စာဖတ်သူ၏သိချင်စိတ်ကို အောက်ပါအတိုင်း နှိုးဆွပေးပြန်ပါသည်။ “စာရေးဆရာများသည် နှင်းဖြူ ဇီးကွက်နှင့် အဘယ်အရာကိုဆွေးနွေးသနည်း” အစချီလိုက်ပြီးမှ သူနှင့် နှင်းဖြူဇီးကွက်တို့ဆွေးနွေးချက်များကို တဆက်တည်းပြောချလိုက်၏။ “မကုန်ခန်းနိုင်သော အသွင်အပြင်နှင့် အနှစ်သာရအကြောင်းပင် ဖြစ်ပေသည်၊ ယခုနှစ်တွင်ကား ကျွန်ုပ်တို့၏ ဆွေးနွေးချက်ခေါင်းစဉ်မှာ လွတ်လပ်ရေး၏ အသွင်အပြင်နှင့်အနှစ်သာရ အကြောင်းပင် ဖြစ်ပေသည်” (Essence and Form of Freedom)

စာရေးသူက နှင်းဖြူဇီးကွက်မကြီးကို စဆွေးနွေးပုံကို အောက်ပါအတိုင်းဆိုသည်။ “အခြား ရေခဲငှက်နှင့် လင်းတကြီးများကဲ့သို့သင့်အား အမိုးပွင့်လေဟာပြင်ဝင်းခြံ ကာရံပေးပါသလား” ဟုမေးသည်။ ဇီးကွက်မကြီးက “ဟုတ်ကဲ့” ဟု ဖြေသည်။ သို့ရာတွင် သူက ငြင်းပယ်ခဲ့သည်။ လှောင်အိမ်ကိုသာ ပို၍သဘောကြသည်။ ထိုချီအချစကားပြောခန်းအား ကျနော့ နားလည်ချက်မှာ အခြားသော ရေခဲငှက်နှင့် လင်းတကြီးများကို အမိုးမပါသည့် အကာအရံကြားတွင် ထားသည့်နည်းတူ သူ့အားလည်း ထိုသို့ ခြံနှင့်နေချင် ပါသလား မေးသည့်အခါ၊ သူက ထိုသို့မနေချင်ကြောင်းခြံထက်လှောင်အိမ်ကိုသာ ပို၍သဘောကျ ကြောင်းပြောပြီး၊ အမိုးမဲ့ လေဟာပြင်(ခြံ)ကို ငြင်းဆန်ခဲ့ကြောင်း ပြန်ပြောပြဟန်ဟု သဘောရသည်။
ထိုရောအခါ စာရေးသူက “ဖြစ်မှဖြစ်ရလေ” ဟု ငြီးတွားမိလိုက်သည်။ ထို့ပြင်လည်း ဤ စင်ကြယ်သော၊ လှပသော၊ လိမ္မာသော၊ ရိုင်းသော ဇီးကွက်မကြီးနှင့် စကားပြောမိသည့် အခါတိုင်းတွင် သူ့ကိုယ်သူ အလွန်မိုက်မဲလှသည်ဟု ခံစားရမိကြောင်းဆိုပါသည်။ ထို့ကြောင့် ဘာမှ ဆက်မပြောတော့ပဲ ရပ်လိုက်သည်။
သည်တော့မှ ဇီးကွက်မကြီးက “ရေခဲငှက်နဲ့လင်းတတွေ ဘာလုပ်နေတယ်ဆိုတာ ရှင်..သတိမထားမိဘူးလား” ဟု မေးသည်။ “ထားမိပါတယ်။ သူတို့ဟာကြီးမားတဲ့ အတောင်ပံကြီးတွေကို ဖြန့်ရိုက်ခတ်ပြီး ခမ်းနားတဲ့ ဟိတ်ဟန်တွေကို ပြသနေကြတယ်။” ဟု သူ ဖြေလိုက်ကြောင်းဆိုသည်။ ပြီးမှ ဇီးကွက်မကြီး၏အမေးကို ဆက်ရေးသွားပြန်သည်။ “ရှင်.. သူတို့ အဝေးကိုပျံသွားတာကိုရော တွေ့ဖူးလား။” “ဟင့်အင်း။ ကျုပ် သူတို့ ပျံပြေးတာ မမြင်ဖူးဘူး” ဟု ပြန်ဖြေရင်း၊ ဘာများ ဆက်ပြောမှာပါလိမ့် ဆိုသည့်အတွေးနှင့် စာရေးသူက ငြိမ်သက်နေ ဟန်ရှိ၏။
“ဒီလိုဆိုရင်လည်း ကျွန်မရဲ့ မိတ်ဆွေမိုက်ကြီးရယ်၊ ဘာကြောင့် မမြင်ရတာလဲ။ သူတို့အတောင်ပံကြီးတွေ ရိုက်ခတ်ပြီး တခမ်းတနား ဟိတ်ဟန်တွေလှည့်ပြသားဘဲ။ ဒါပေမယ့် သူတို့ပျံမပြေးနိုင်ကြဘူးရှင့် ။ သူတို့အတောင်ပံတွေကို ညှပ်ခံထားရတယ်။ ဒါကြောင့်လဲ ကျွန်မ လှောင်အိမ်ထဲမှာ နေချင်တာပေါ့။ အမိုးဖွင့်ထားတဲ့ လေဟာပြင်(ခြံ)ဆိုတာ သံတိုင်သံတန်းတွေတော့ မရှိဘူးပေါ့။ ဒါပေမယ်လို့ အတောင်တွေ အညှပ်ခံထားရတယ်လေ။ လှောင်အိမ်ဆိုတာမျိုးက သံတိုင်သံတန်းတွေတော့ရှိတာပေါ့။ ဒါပေမယ့် အတောင်ပံအညှပ်မခံရဘူးမို့လား။”

“ကျမပျံနိုင်စွမ်းရှိသလောက် သူတို့မှာပျံနိုင်စွမ်းမရှိတော့ပါဘူး”

စာရေးသူက ဤနေရာတွင် သူ့စာကို တိကနဲပိပိယိယိဖြတ်ချလိုက်သည်။ ကျနော့ရင်ထဲလှိုက်ကနဲ။ သူပြောချင်သမျှကို အိပ်သွန်ဖာမှောက် ပြောချပြီးသွားပြီ။ ဘာမျှမကျန်တော့။ ကျနော့မှာသာ အမိုးဖွင့်လှောင် အိမ်(ခြံ)ထဲမှ ရေခဲငှက်ကြီးများနှင့် လင်းတကြီးများ အကြောင်းနှင့် ဘက်ပေါင်းစုံ သံတိုင်သံတန်းတို့ကာရံ ခံနေရသည့် နှင်းဖြူဇီးကွက်မကြီးအကြောင်း တွေးမိနေသည်။ ကျနော်ကား ယခု ခြံထဲတွင်ရှိနေ၏။
(မှတ်ချက် မျက်တောင်ကော်မာအဖွင့်အပိတ်လေးများအတွင်းမှစာများသည် မူလဘာသာပြန်သူ၏ ဘာသာပြန် စကားလုံးများအတိုင်း ဖြစ်ကြောင်း သိစေအပ်ပါသည်)
မျိုးမြင့်ချို

လော့ခ်ကျသွားတဲ့မနက်ခင်း

0 comments

ဒုက္ခသည်စခန်းက တဲကလေးကို ခွဲခွာချိန်တံခါးအပိတ်မှာ ပြန်လှည့် မကြည့်ဖြစ်အောင် သတိထားပြီးလက်နောက်ပြန်ဖြင့် ပိတ်လိုက်ဖြစ် သည်။ သံယောဇဉ်မတွယ်ချင်တော့။ ဘဝဒုက္ခများစွာကို အတူထမ်းပိုး သယ်ဆောင်ပေးခဲ့တဲ့တဲကလေးရေ နေရစ်ခဲ့တော့။ ငါ့ဘဝထဲက တံခါး တချပ်တော့ပိတ်လိုက်ပြန်ပြီပေါ့လေ။ ဘဝတွင်ပိတ်ခဲ့ဖူးသည့် တံခါးများ စွာအနက် သည်ဒုက္ခသည့်ဆိုသည့် တံခါးကား ပိတ်ရသိပ်ခက်ခဲမည် မဟုတ်ဟု ထင်ထားမိခဲ့ဖူးသည့်အထင်သည် လက်တွေ့တွင် မမှန် ကြောင်း ယခုသိလာရပြီ။
ကျနော် အရှေ့သို့လားရင်း အနောက်သို့စုန်ခဲ့ပါသည်။
တတိယတန်းစားတယောက်အတွက် တတိယတန်းရထားကြီးဖြင့်တော့ မဟုတ်ပါ။ ခေတ်မီ ဂျက်လေယဉ် ပျံကြီးနှင့်ဖြစ်ပါသည်။ ဖယောင်းတိုင်မီး မှိတ်တုတ်မှိတ်တုတ်၊ သက်ကယ်မိုးထရံကာနှင့် အတန်ကြာ အသားကျခဲ့ရသည့်ဒုက္ခသည်ဘဝသည် ဒုက္ခသည်စခန်းတွင်း၌ ဒုက္ခတွေခါးစည်းရင်း လက်ပြနုတ်ဆက် ချန်နေရစ်ခဲ့ပါပြီ။ ပြိုးပြိုးပြက်ပြက်လျှပ်စစ်မီးရောင်တို့နှင့် ပျားပန်းခတ်မျှလူးလာခေါက်တုံ့တို့အကြားမှာ အထုတ်အပိုးတွေဘိုသီဘတ်သီ ကလေးငယ်များတို့လို့တွဲလောင်းနှင့် ကျနော်တို့အား သုဝဏ္ဏဘုမိလေဆိပ် သစ်ကြီးက တအံ့တဩ။ ကျနော်တို့ ငေးရင်းလည်းမောခဲ့ကြပါသည်။ ပျော်သလိုလို ဘာလိုလိုစိတ်ခံစားမှု လည်း ရှိခဲ့ကြမည်လားမပြောတတ်ပါ။
ဘန်ကောက်မှနူးယော့ခ်အထိ တိုက်ရိုက်ပျံသန်းသည့်လေယာဉ်ခရီးစဉ်မှာ ရှည်ကြာသလောက် ငြီးငွေ့ စရာလည်း ဖြစ်ပါသည်။ ကျနော့် တသက်စီးဖူးခဲ့သမျှ လေယာဉ်ခရီးစဉ်များအနက် အကြာဆုံးနှင့် အရှည်ဆုံးခရီးပင်ဖြစ်ပါသည်။ နူးယော့ခ်မှတဆင့် ရှီကားဂိုး၊ ထိုမှတဆင့် ဖို့ဝိန်း။ လမ်းတလျှောက်တွင် အင်္ဂင်္င်္လိပ်စကားမပြောတတ်သည့်သူများအကြား ချောက်တီးချောက်ချက် ပြောတတ်ရုံလေးဖြင့် ကျနော်က ကြက်ဆူပင် ဝင်ဝင်လုပ်ပေးခဲ့ရသည်လည်းရှိပါသည်။
ဖို့ဝိန်းရောက်တော့ ညသန်းကောင်ချိန်ဖြစ်နေပြီ။ လာကြိုနှင့်နေသူတွေနှင့် ပြန်ဆုံရချိန်တွင် ဝမ်းနည်း ဝမ်းသာခံစားမှုများဖြင့် ဒွေးရောယှက်တင်ဖြစ်နေပါသည်။ လေဆိပ်မှ နေရမည့်အိမ်သို့ကားဖြင့်လာရင်း လမ်းတွင် ဘေးဘီကိုကြည့်ကာ “ဖို့ဝိန်းဆိုတာ အမေရိကန်က တောမြို့လေးတခုပါ” ဟု ပြောခဲ့ဖူးသည့် သူငယ်ချင်းတယောက်ကိုလည်း အမှတ်ရနေမိသည်။ သေချာတာ တခုကတော့ ဘယ်အချိန်အိမ်ပြန် ရမည်သာ မသိနိုင်သေး၊ အိမ်နဲ့တာ့ မိုင်ထောင်ချီဝေးသွားပြီဆိုခြင်းပင်။
အိမ်ရောက်တော့ လူကတော်တော်လေးပန်းနေပြီ။ မေးတာတွေဖြေ။ သိတာတွေပြော၊ ပါလာသည့် လက်ဆောင်ပစ္စည်းလေးတွေဝေငှ၊ ပြီးတော့ အိပ်ယာဝင်ခဲ့သည်။ အိပ်မပျော်နိုင်တော့။ လူကသာပမ်းနေပြီး အိပ်ချင်စိတ်ကပေါ်မလာသေး။ ဘာလို့များပါလိမ့် တွေးကြည့်တော့မှ လေယာဉ်ပေါ်မှာ တရက်ပျောက်သွား ခဲ့ရသည်ကော။ အခုချိန်ဆို ဒုက္ခသည်စခန်းကနေ့လည်ချိန်ပါလားဆိုတာတွေးမိမှ နေ့နှင့်ညမှားသွားသည်ကို ပြန်သတိရတော့သည်။ ကြိုးစားပြီး အိပ်ကြည့်သေးသည်။ မရတော့။ နာရီကတော့ လေယာဉ်ပေါ်မှာ ကတည်းက ရောက်သည့်အရပ်၏ စံချိန်ကိုလိုက်တိုက်ထားသည်မို့ ဒီကစံတော်ချိန်အတိုင်း ဖြစ်နေသည်။ ကြည့်လိုက်တော့ မနက် ၅ နာရီအတိ။ ဆေးလိပ်ကလည်းသောက်ချင်နေသည်။ နောက်ပြီး ရောက် ရောက်ချင်း ပထမဆုံး အမေရိကန်မနက်ခင်းကို ကြည်ဖြစ်အောင်ကြည့်မည်ဆိုသည့် စိတ်ကူးကလည်း ရှိထားသည်။ အိပ်မပျော်သည့်အတူ အိပ်ယာက ထသည်။ ဆေးလိပ်မီးခြစ်ယူသည်။ အိမ်သားတွေ ဘယ် သူမှမနိုးကြသေး။ တအိမ်လုံးတိတ်ဆိတ်နေ၏။ ကောင်းသည်။ ဘယ်သူ့ဘယ်သူမှ အနှောင့်အယှက်ဖြစ် စရာမရှိတော့။ အိမ်ရှေ့ခန်းတံခါးကိုဖွင့်ပြီး အပြင်ထွက်လိုက်သည်။ အား..အေးလိုက်တာ ဟု အသံထွက် သွားမိသည်။ တံခါးကို လက်နောက်ပြန်ပိတ်လိုက်သည်။
အပြင်ဘက်မြင်ကွင်းကားလှပသည်။ “နွေဦးရာသီဆို ဒီမှာသိပ်လှတယ်” ဟုပြောခဲ့ဖူးသည့် မိတ်ဆွေကို အမှတ်ရလိုက်သည်။ ဟုတ်သားပဲ။ မြက်ခင်းစိမ်းလေးပေါ်မှာ ယုန်ကလေး တကောင်နှစ်ကောင် ခုန် ပေါက်နေသည်။ လူရှိနေမှန်းသိသိနှင့် ကြောက်လန့်ဟန်မရှိ။ လွတ်လပ်ပေါ့ပါးလွန်းလှသည်ပဲ။ အိမ်တအိမ်က လွတ်လာသည့် ယုန်ကလေးတွေပဲနေမှာ ဟု ထင်နေသည်။ နောက်တော့မှ တောယုန်လေးတွေမှန်း သိရသည်။ “ဒီမှာကတော့ တောတိရိစ္ဆာန်တွေကို အကြောင်းမဲ့ဖမ်းဆီး၊ နှိပ်စက်သတ်ဖြတ်ခွင့်မရှိဘူးလေ။ လုပ်ရင် လုပ်တဲ့သူအရေးယူခံရတယ်” ဆိုသည့်စကားကြောင့် ဩော်..တိရိစ္ဆန်လေးတွေတောင် ဥပဒေရဲ့ အကာအကွယ်အောက်မှာပါလား ဟု သိလိုက်ရသည်။ သစ်ပင်မြင့်မြင့်ကြီးတွေပေါ်က၊ ချုံပုတ်လိုလို ပန်းရုံလေးတွေဆီက မမြင်ဘူးသည့်ငှက်လေးတွေ တေးဆိုသံကြားရသည်။ နားထဲတော့ ခပ်စိမ်းစိမ်း။ သီချင်းသစ်တပုဒ်ကို စကြားကြားချင်းရလိုက်သည့် ခံစားမှုမျိုးနှင့်ဆင်သည်။ မျက်နှာချင်းဆိုင်က အိမ်အသစ်ကလေးကို ကြည့်လိုက်တော့လည်း နေချင်စရာလေး။ ဖြတ်သွားဖြတ်လာ ကားသံများမှလွဲ၍ ပကတိတိတ်ဆိတ်ငြိမ်သက်နေသည်။ ဆေးလိပ်ဖွာလိုက် ဝန်းကျင်ကိုငေးမောခံစားလိုက်နှင့် ဖန်တီးမှု မပါသည့် ရသ တမျိုးမျိုးကိုရနေသည့်နှယ်။
အမေရိကန်မနက်ခင်းကိုလည်း နဖူးတေ့ဒူးတေ့ တွေ့ဖူးပြီ။ ဆေးလိပ်သောက်လည်းအာသာပြေပြီ။ ခဏနေတော့ အနွေးထည်ဝတ် မလာတာမို့ နည်းနည်းလည်းအေးလာသည်။ အိမ်ထဲပြန်ဝင်တော့မှ၊ တံခါးလက်ကိုင်ကိုလှည့်လိုက်သည်။ ဖွင့်မရ။ ဘာများဖြစ်ပါလိမ့်ဆိုပြီး ထပ်လှည့်ကြည့်သည်။ မပွင့်။ ခက်ပြီ။ ထပ်လှည့်ကြည့်သည်။ ထိုအတိုင်းပင် တံခါးကတုတ်တုတ်မျှမလှုပ်။ ဒီတော့မှ သဘောပေါက်သွား၏။ အပြင်ထွက်ဖို့ တံခါးဖွင့်တုန်းက အထဲကနေ Lock ချထားကို သတိမပြုမိခဲ့။ အမှန်က တံခါးပြန်မပိတ်ခင် Lock ကို ဖွင့်ထားခဲ့ရမည်။ ဒါမှ ပြန်ဝင်သည့်အခါ အပြင်ကပြန်ဖွင့်လို့ရမည်။ အခုတော့ သွားပြီ။ Lock ကျသွားခဲ့ပြီ ကော။ ဘာမှမတတ်နိုင်တော့။ အိမ်သားတွေက တယောက် ယောကနိုးလာချိန်ထိ စောင့်ရတော့မည်။

လူတိုင်းဘဝတွင် Lock ကျခဲ့ရသည်များရှိနိုင်သလို Lock ချခဲ့ရသည်များလည်းရှိပါမည်။ ဘဝသစ်တခုကို တည်ဆောက်မည် ဆိုလျင် ဘဝဟောင်းကို ဖျောက်မှရမည်ထင်သည်။ ထိုကိစ္စသည် ဘဝ၏တံခါးတခုကို Lock ချလိုက်ခြင်းဖြစ်ရမည်။ Lock ချလိုက်ခြင်းဖြစ်ပါ သည်။ ရံခါတွင် မိမိက Lock ချလိုက်သည်မဟုတ်ပဲ အခြေအနေက (သို့မဟုတ်) ဘဝကိုယ်၌က Lock ချပေးလိုက်ခြင်းများလည်းရှိပါမည်။ မည်သို့ပင် Lock ချလိုက်ချင်သည်ဖြစ်စေ၊ ချမရသည့် (သို့မဟုတ်) ချ၍မကျသည့် Lock များစွာလည်းရှိနိုင်ပါမည်။ Lock ကို အပြီးချလိုက်သည့်ကြားမှ ပြန်ပြန်ပွင့်လာခြင်းမျိုးများလည်း ရှိနိုင်မည်ထင်သည်။ ယခု ကျနော် အမေရိကန်၏ ပထမဆုံးနံနက်ခင်းတွင် Lock ကျနေပြီ။ သည် Lock ကား ဘယ်အချိန်အထိ ကျနေဦးမည်နည်း။ ကျနော်မချခဲ့သည့် Lock သည် ကျနော့်အတွက်ကျနေပြီ။ နောင်ကိုလည်း ဘဝတွင် အကြိမ်မည်မျှ Lock ကျရဦးမည်လဲ။ အကြိမ်မည်မျှ Lock ချရဦးမည်လဲ။ ကျနော် မတွေးတတ်တော့။ တွေးလည်းမတွေးချင်တော့။ ဘဝတွင် အကြိမ်မည်မျှ Lock ကျခဲ့ပြီးပြီလဲ၊ ချခဲ့ပြီးပြီလဲဆိုသည်ကိုသာ တွေးနေမိသည်။
မျိုးမြင့်ချို
၀၅/၂၉/၂၀၀၉ ည ၁၀ နာရီ ၄၅ မိနစ်

Friday, April 17, 2009

အဆာမပြေတဲ့သူရဲ့ အစာမကြေမှု--

0 comments

ကျနော်လည်း အခုဆို အိုးနဲ့အိမ်နဲ့။ ဝင်ထွက်သွားလာလုပ်လို့ရပြီလေ။ ဧည့်သည့်ဟာဧည့်သည်မို့ လာလည်ချင်တဲ့အခါ တံခါးမရှိဓါးမရှိပါ။ ပြန်ချင်တဲ့အခါလည်း ဖုတ်ဖက်လေးခါပြီး ပြန်ရုံပေါ့နော်။ အညစ်အကြေး ချန်ခဲ့လည်းကျန်ပါစေ။ လိမ်းခဲ့ရင်လည်းကျံပါစေ။ ရသလေးတွေ ချန်ခဲ့လည်းကျန်ပါစေ။ လိမ်းခဲ့ရင်လည်းကျံပါစေ။ ကျနော့်အလိုကတော့ဗျာ We must take things as they are ပါဘဲ။ ဘယ်သူဖြစ်ဖြစ်ပါ အချိန်တန်ရင်တော့ ပြဋ္ဌာန်းခံတွေ ဟုတ်ဟုတ်/မဟုတ်ဟုတ် ဘဝကပြဋ္ဌာန်းပေးလိုက်တဲ့အသိတွေနဲ့ဘဲ လက်ကျန်အချိန်လေးတွေကို စီးဆင်းရတာပါ။ ကျနော်လည်း မဟာလူသားမဟုတ်လေတော့ကာ လူသာမန်တယောက်လောက်ထက် ဘာမှပိုပြီး မမှားခဲ့/မမှန်ခဲ့၊၊ မကောင်းခဲ့/မဆိုးခဲ့၊ မလိမ်မာခဲ့ မမိုက်မဲခဲ့၊ မတော်ခဲ့ မညံ့ခဲ့၊ မယုတ်ညံ့ခဲ့ မစင်ကြယ်ခဲ့-------ဖူးပါဘူး။ လူတယောက်အဖြစ်နဲ့ လူစစ်စစ်လိုဖြစ်ခဲ့တာပါဘဲ။ သူတော်ကောင်းတရားစစ်စစ်တွေသာပွားများပြီး၊ သူတော်စင်စစ်စစ်တွေလိုကျင့်ကြံနေခဲ့သူဆိုတာလည်း ရှိချင်လည်းရှိမယ်။ အခုထက်ထိ ကျနော်ကတော့ လူအစစ်လိုနေရတာကိုဘဲ နှစ်သက်နေတုန်းပါ။ ရှေ့မှာ မှားစရာ/မှန်စရာ၊ ကောင်းစရာ/ဆိုးစရာ၊ တော်စရာ/ညံ့စရာ၊ လိမ်မာစရာ/မိုက်မဲစရာ၊ ယုတ်ညံ့စရာ/စင်ကြယ်စရာ၊ မုဒိတာပွားစရာ/မဈေရိယထားစရာ-----တွေ တပျော်ကြီးကျန်နေသေးရဲ့။

ကျနော်အခု ၁ မျက်နှာတည်းနဲ့ ၁ ရွက် ဖြစ်ချင်နေလို့ ဒီဘလော့ဂ်လေးလုပ်ကြည့်တာပါ။ ၂ မျက်နှာပေါင်းမှ ၁ ရွက် ဖြစ်တယ်ဆိုလည်း တခါတလေမှာ ၂ မျက်နှာရှိချင်ပါတယ်။ ၁ မျက်နှာတည်းနဲ့ ဘယ်တော့များ ၁ ရွက် အခေါ်ခံရမယ်မှန်းလည်း မမှန်းတတ်သေးပါဘူး။

တခါတလေမှာ ကိုယ့်ရဲ့ ရွေးချယ်မှု၊ တောင်းဆိုမှု၊ အလိုတူမှု ဘာတခုမှမပါဘဲရလာတဲ့ ဘဝရေစီးထဲမှာ အဆိုးတွေချည်းထပ်လာတော့ သူများတွေလုပ်ခဲ့သမျှကို ကိုယ်ကချည်းဝင်ခံပေးနေရတာများလားလို့လည်း တွေးတတ်လာမိတယ်။ ဘာပဲဖြစ်ဖြစ်ပါ အဆိုးထဲမှာတော့ အကောင်းဆိုတာရှာမရပါဘူး။ မိုးတိမ်မဲတွေရဲ့ ငွေနားကွပ်ဆိုတာ နောက်ခံနေရောင်ကြောင့်ဆိုတာ သိနေမှတော့ ကျနော့်သူငယ်ချင်း “သစ်ကောင်းအိမ်” ပြောသလို “နေဝင်တာကိုစောင့်မကြည့်ချင်ဘူး။ နေလုံးကိုဖြုတ်ချချင်တယ်.....ဆိုသလိုမျိုး”

အသက်ကလေးရလာလို့ လားမသိဘူး တခါတလေမှာ ကိုယ့်ကိုယ်ကိုယ်ရော သူတပါးကိုပါ တွေဝေနေတာလား၊ တည်ငြိမ်နေတာလား၊ ပျော့ပျောင်းတာလား၊ ပျော့ညံ့တာလား ဆိုတာလောက်တော့ ခွဲခွဲခြားခြားလေး သိချင်လာတယ်။

မျိုးမြင့်ချို

အဆာမပြေပုံများ

1 comments

အကောင်းဖြစ်ဖြစ် အဆိုးဖြစ်ဖြစ်
အမြစ်ကနေ လှန်သစ်မယ် ဆိုပြီး
ဘာ..ရမက်ပေါ်မှာမှ
ဘဝကို မစိုက်ပျိုးတာ
မိုက်တွင်းနက်မှု...တဲ့
ကျနော့် ငွေတွင်းလည်း
ဘယ်တုန်းကမှ မတိမ်ခဲ့ပါဘူးလေ..


“ဖခင်ကြီးဆိုသူက
“စိတ်နဲ့ တောင် မပြစ်မှားနဲ့ ” တဲ့
ကျနော်က
ကံသုံးပါးလုံးနဲ့  မှောက်မှားပြီး
“သော့အိမ်”မှာ
ပိတောက် ၁၅ ကြိမ်အပွင့်ခံတယ်..


တခုတော့ရှိတယ်
ငြိမ်းချမ်းချင်ရုံလေးနဲ့ 
စစ်ထွက်ခဲ့တာလား ဆိုတော့လည်း
မဟုတ်ပြန်ဘူး..


တခုတော့ရှိတယ်
အဆိုးထဲမှာ
အကောင်းရှာမလား ဆိုတော့လည်း
မဟုတ်ပြန်ဘူး..


ဒီတုန်းက
မစားရဝခမန်း မနက်ဖြန်တွေ
ခုလို
သဲရှပ်ပုံနဲ့ သာ ကြိုပြီးပက်ပင်းတိုးထားရင်
ပြည်တော်ပြန်ဂါထာများ ရွတ်ဖတ်နေမလား မပြောတတ်တော့ဘူး

အမေပြောသလို
မသေကောင်းမပျောက်ကောင်း..တဲ့
ဒါပေမယ့်
သေကောင်ပေါင်းလဲဘဝတွေ

မျိုးမြင့်ချို

Thursday, April 16, 2009

အရင်လို---

0 comments


လူထက်တော့
ဘာမှပိုမလျော့သေးဘူး။

မှားတုန်း မှန်တုန်း။
ကောင်းတုန်း ဆိုးတုန်း။
ညံ့တုန်း တော်တုန်း။
ဖြူစင်တုန်း ယုတ်ညံ့တုန်း။
မိုက်မဲတုန်း လိမ်မာတုန်း။
ဖြောင့်စင်းတုန်း ကွေ့ကောက်တုန်း။
အောက်တန်းကျတုန်း အထက်တန်းရောက်တုန်း။
ကြင်နာတုန်း ရက်စက်တုန်း။
မုဒိတာပွားတုန်း မဈေရိယထားတုန်း။
ချစ်တုန်း မုန်းတုန်း။

ခက်တာက--
ခုထိ..
ပျော့ညံ့တာနဲ့ ပျော့ပျောင်းတာကို...
တွေဝေတာနဲ့ တည်ငြိမ်တာကို
ခွဲပြီးမသိတဲ့ကောင်...

မျိုးမြင့်ချို