Friday, April 17, 2009

အဆာမပြေပုံများ

1 comments

အကောင်းဖြစ်ဖြစ် အဆိုးဖြစ်ဖြစ်
အမြစ်ကနေ လှန်သစ်မယ် ဆိုပြီး
ဘာ..ရမက်ပေါ်မှာမှ
ဘဝကို မစိုက်ပျိုးတာ
မိုက်တွင်းနက်မှု...တဲ့
ကျနော့် ငွေတွင်းလည်း
ဘယ်တုန်းကမှ မတိမ်ခဲ့ပါဘူးလေ..


“ဖခင်ကြီးဆိုသူက
“စိတ်နဲ့ တောင် မပြစ်မှားနဲ့ ” တဲ့
ကျနော်က
ကံသုံးပါးလုံးနဲ့  မှောက်မှားပြီး
“သော့အိမ်”မှာ
ပိတောက် ၁၅ ကြိမ်အပွင့်ခံတယ်..


တခုတော့ရှိတယ်
ငြိမ်းချမ်းချင်ရုံလေးနဲ့ 
စစ်ထွက်ခဲ့တာလား ဆိုတော့လည်း
မဟုတ်ပြန်ဘူး..


တခုတော့ရှိတယ်
အဆိုးထဲမှာ
အကောင်းရှာမလား ဆိုတော့လည်း
မဟုတ်ပြန်ဘူး..


ဒီတုန်းက
မစားရဝခမန်း မနက်ဖြန်တွေ
ခုလို
သဲရှပ်ပုံနဲ့ သာ ကြိုပြီးပက်ပင်းတိုးထားရင်
ပြည်တော်ပြန်ဂါထာများ ရွတ်ဖတ်နေမလား မပြောတတ်တော့ဘူး

အမေပြောသလို
မသေကောင်းမပျောက်ကောင်း..တဲ့
ဒါပေမယ့်
သေကောင်ပေါင်းလဲဘဝတွေ

မျိုးမြင့်ချို

1 comments:

  • November 24, 2009 at 12:22 AM
    Anonymous :

    ကြိုက်တယ်
    ဖခင်ကြီးဆိုသူက(အဖိုးလည်းပါတယ်ဗျ)
    စိတ်နဲ့ တောင်မပြစ်မှားနဲ့ တဲ့(ကျုပ်အဖေလည်းပြောခဲ့တယ်)
    ကျွန်တော်က
    ကံသုံးပါးလုံးနှင့်မှောက်မှားပြီး
    သော့အိမ်မှာ
    ပိတောက်(၁၅)ကြိမ်တောင်အပွင့်ခံရတယ်(၁၅နှစ်(ကြိမ်)ပိတောက်အပွင့်ခံရတာကြီးတော့ကျွန်တော်ကြောက်တယ်ဗျ)
    ဘယ်လိုပဲဖြစ်ဖြစ်နောင်ကိုလည်းလာလည်ခွင့်ပြုပါအုံး
    ခင်မင်လျှက်

Post a Comment