စာရေးဆရာ သခင်ဘဟိန်း
သခင်ဘဟိန်းကို ကိုဘဟိန်း၊ ရဲဘော်ဘဟိန်း၊ သခင်ဘဟိန်းဟုအများကသိကြသည်။ ထိုအမည်နာမများကို သူ့အချိန်သူ့အခါအလျောက် သူနှင့်တွေ့ဆုံခဲ့သူတို့က ခေါ်ဝေါ် ခဲ့ကြခြင်းဖြစ်သည်။ ၁၉၃၈ ခုနှစ်တွင် တက္ကသိုလ်သမဂ္ဂစားသောက်ဆိုင်၌ တက္ကသိုလ် သမဂ္ဂကျောင်းသားခေါင်းဆောင်များစုဝေး၍ စားသောက်နေကြသည်။ ထိုအထဲမှ တစ်ယောက်သည် ၀ိုင်းဖွဲ့စားသောက်ရင်း စကားပြောနေကြသည့်အထဲတွင် မပါဝင်ဘဲ စီးကရက်ကိုတွင်တွင်ဖွာလျက် စားပွဲစွန်းရှိဓာတ်စက်ကို ဓာတ်ပြားတစ်ချပ်ပြီးတစ်ချပ် လဲကာ ဖွင့်နေလေသည်။
ထိုသူသည် အသားဖြူဖြူ၊ ဆံပင်ကောက်ကောက်၊ ဖျင်အင်္ကျီလက်ရှည်၊ ဘန်ကောက် လုံချည် မြင်းချေးရောင်အစိမ်းကို ၀တ်ဆင်ထားသည်။ မျက်နှာမှာ ပဒုမ္မာကြာပန်းကဲ့သို့ လန်းရွှင်နေသည်။ ချစ်ဖွယ်ကောင်းသော အပြုံးကလေးများသည် နီရဲသောပါးပြင်နှင့်နှုတ်ခမ်းပေါ်တွင် ထာဝစဉ် နား ခိုလျက်ရှိသည်။ဆရာကြီးဒဂုန်တာရာက အထက်ပါအတိုင်း ကိုဘဟိန်း၏ရုပ်ပုံလွှာကို ခြယ်မှုန်းခဲ့သည်။ ဒဂုန်တာရာနှင့်ကိုဘဟိန်းကို သူတို့ဝိုင်းထဲမှ ကိုဘဆွေကမိတ်ဆက်ပေးသည်။ ဒဂုန်တာရာနှင့်ကိုဘဆွေမှာ တစ်ဆောင်တည်းအတူနေသူများ ဖြစ် သည်။
“ဒါ ကိုယ်တို့ စစ်ကိုင်းကျောင်းဆောင်ကလေ၊ ဒဂုန်မဂ္ဂဇင်းမှာ စာတွေဘာတွေရေးတယ်ကွ” ထိုအခါ ကိုဘဟိန်းက ဓါတ်စက်မှသော့ကိုလှည့်ရင်း အပြုံးနှင့်တုံ့ပြန်လိုက်ပြီး “ဟုတ်လား၊ ရတုပိုဒ်စုံတွေဘာတွေ ဒဂုန်မှာဖတ်ဖူးတယ်၊ မန္တလေးမှာနေကတည်းက တွေ့ဖူးပါတယ်” လူဖတ်နည်းလှသော ရတုပိုဒ်စုံများကို ဖတ်ဖူးသူဖြစ်သည်။ ကတယ်တော့ ကိုဘဟိန်းသည် ကဗျာမြတ်နိုးသူ တစ်ယောက်ဖြစ်သည်။
ကိုဘဟိန်းသည် ဂီတနှင့်စိမ်းသူတစ်ယောက်လည်း မဟုတ်ပေ။ ဒဂုန်တာရာကို “ကျွန်တော်တော့ မေရှင်ကို အတော် ကြိုက်တယ်၊ ခင်ဗျားကော ဘယ့်နှယ်လဲ” ဟု မေးရင်း “ချစ်၍ခေါ်ရာ၊ ချစ်၍ခေါ်သည်” ကို ဒုတိယအကြိမ် ထပ်၍ဖွင့်ြ ပန်သည်။ ပြီးလျှင် “သော်တာငွေမင်း” ကို ဆက်ဖွင့်သည်။ ကိုဘဟိန်းသည် ဂီတကိုချစ်သည်။ ထို့ကြောင့် ဒဂုန်တာရာ နှင့် ထိုခဏမှာပင်သိကျွမ်းရင်းနှီးသွားပြီး စကားလက်ဆုံကျလျက်ရှိသည်။ ကာလပေါ် မြန်မာဂီတအခြေအနေကို ကိုဘဟိန်း ဝေဖန်ဆွေးနွေးလေသည်။
“တချို့က အင်္ဂလိပ်လုံးသွားသီချင်းတွေကို မကြားနိုင်ကြဘူး၊ နာပိတ်ထားချင်သတဲ့ဗျ၊ သာယာတဲ့တေးသံကို ဘာပြုလို့ လက်မခံနိုင်ရသလဲ၊ ဂီတဆိုတာ လူတစ်မျိုးတည်းကန့်သတ်ထားတာ မဟုတ်ဘူး၊ ကျွန်တော့် အဖို့တော့ သာယာလှပ တဲ့ တေးဂီတဆိုရင် နိုင်ငံခြား၊ ဂျပန်ပဲ ဖြစ်ဖြစ်၊ ကုလားပဲ ဖြစ်ဖြစ်၊ အီတာလျံပဲ ဖြစ်ဖြစ် နားထောင်တာပဲ၊ တချို့က အင်္ဂလိပ်သံဆိုရင် အသံလေးအသံကြောင်းဆိုပြီး နားမထောင်နိုင်တာ အံ့သြစရာပဲ”
“တချို့က အင်္ဂလိပ်လုံးသွားသီချင်းတွေကို မကြားနိုင်ကြဘူး၊ နာပိတ်ထားချင်သတဲ့ဗျ၊ သာယာတဲ့တေးသံကို ဘာပြုလို့ လက်မခံနိုင်ရသလဲ၊ ဂီတဆိုတာ လူတစ်မျိုးတည်းကန့်သတ်ထားတာ မဟုတ်ဘူး၊ ကျွန်တော့် အဖို့တော့ သာယာလှပ တဲ့ တေးဂီတဆိုရင် နိုင်ငံခြား၊ ဂျပန်ပဲ ဖြစ်ဖြစ်၊ ကုလားပဲ ဖြစ်ဖြစ်၊ အီတာလျံပဲ ဖြစ်ဖြစ် နားထောင်တာပဲ၊ တချို့က အင်္ဂလိပ်သံဆိုရင် အသံလေးအသံကြောင်းဆိုပြီး နားမထောင်နိုင်တာ အံ့သြစရာပဲ”
ကိုဘဟိန်းက ဒဂုန်တာရာနှင့်ထိုသို့ပြောဆိုနေစဉ် တစ်ဖက်စားပွဲစွန်းတွင် သမဂ္ဂအမှုဆောင်တစ်စုနှင့် နိုင်ငံရေး အကြောင်း ပြောဆိုဆွေးနွေနေရာမှ ကိုဗဆွေက ကျွန်တော်တို့ဘက်လှည့်ကာ “အေး မင်းတို့ နှစ်ယောက်ကတော့ ကိုက်မှာပဲ ဘဟိန်းကလည်း ၀တ္ထုရေးချင်၊ ကဗျာစပ်ချင်၊ ဂီတလိုက်စားချင်ဆိုတော့ မင်းတို့နှစ်ယောက်က စိတ်ကူး ယဉ်သမားတွေကိုး ” ဟု လှမ်း၍ ရယ်ရယ်မောမော နှင့်ပြောလိုက်သည်။
“ လူဆိုတာ အလှအပကို မက်မောတာပဲ၊ ကဗျာဂီတရဲ့အလှအပကို မကြည်နူးဘဲမနေနိုင်ဘူး၊ လူဟာ မင်းပြောတဲ့ စိတ်ကူးယဉ်ပဲဆိုပါတော့၊ ကဗျာဂီတကို နားလည်မွေ့လျော်တာဟာ ယဉ်ကျေးလာတာကွ” ဟု ရယ်မောရင်း ကိုဘဟိန်းက ပြန်ပြောလိုက်သည်။
ဇမ္ဗူကျွန်းလုံး သီးချင်းခံ့ကို ဂီတ၌အတော်အတန် ၀ါရင့်သူးများသာ ရလေသည်။ ထိုဇမ္မူကျွန်းလုံး သီးချင်းကို ကိုဘ ဟိန်းက အစအဆုံးသီဆိုနိုင်သည်။ ပြည်လှဖေ၏ “နတ်ရှင်နောင်”၊ ဒိုရာသန်းအေး၏“လှေကလေး” သီချင်းတို့မှာ လည်းသူ့အသည်းစွဲ ဖြစ်သည်။ ချစ်ဒုက္ခ ဦးဘညွန့်နှင့်ခင်မင်းရင်းနှီးသော ကိုဘဟိန်းသည် “ဆုထူးရွယ်” သီချင်းကို ဓါတ်ပြားမထွက်မီကပင် ရနှင့်နေသည်။ တစ်ခါတရံ မေရှင်၏ “ကျောင်းပိတ်ရက်” သီချင်းကို ညည်းနေတတ်သည်။
ကိုဘဟိန်းနှင့် ဒဂုန်တာရာတို့ ခင်မင်ရင်းနှီးသွားပြီး ကျောင်းတွင် တတွဲတွဲနှင့်သွားလာနေကြသည်ကို တွေ့ရတော့ သည်။ ကိုဘဟိန်းသည် နိုင်ငံရေးသမားမဖြစ်လျှင် စာရေးဆရာတစ်ယောက် ဖြစ်မည့်သူဖြစ်သည်။ စာပေကို အလွန် ၀ါသနာပါသူဖြစ်ပြီး ကွန်မြူနစ်စာပေများကိုသာမက ကမ္ဘာ့စာပေများကိုလည်း ဖတ်သူတစ်ဦးဖြစ်သည်။ ရုရှ စာရေး ဆရာကြီး ဂေါ်ကီ၏စာများကို အလွန်နှစ်သက် သဘောကျသူဖြစ်သည်။
ဂေါ်ကီ၏ ၀တ္ထုတိုတစ်ပုဒ်ကို “လေလွင့်သူ” အမည်နှင့်ဆီလျှော်အောင် မြန်မာဘာသာပြန်ခဲ့ပြီး လက်ရွေးစင်မဂ္ဂဇင်း တွင် ထည့်ခဲ့ဖူးသည်။ ထိုဝတ္ထုမှာ ပစ္စည်းမဲ့အချင်းချင်း၊ ဆင်းရဲသော ဘ၀တစ်ကွေ့၌ တွေ့ဆုံခင်မင်ရင်းနှီးခဲ့ပုံကို ရေးသားထားခြင်းဖြစ်သည်။
ဒဂုန်မဂ္ဂဇင်းတွင်လည်း “ဘ၀ခရီး” အမည်ရှိ ၀တ္ထုတိုတစ်ပုဒ်ကို ရေးသာခဲ့သေးသည်။ ကုလား-ဗမာ အဓိကရုဏ်းကို နောက်ခံထားကာ ဆင်းရဲမွဲတေသော ပန်းချီဆရာသူငယ်ချင်းနှစ်ယောက်၏ဘ၀ကို ဖော်ကျူးထားခြင်း ဖြစ်သည်။ ထိုဝတ္ထုတိုထဲတွင် အရင်းရှင်စနစ်၏ စရိုက်လက္ခဏာကို ဖော်ပြခဲ့သည်။
ဒဂုန်မဂ္ဂဇင်းတွင်လည်း “ဘ၀ခရီး” အမည်ရှိ ၀တ္ထုတိုတစ်ပုဒ်ကို ရေးသာခဲ့သေးသည်။ ကုလား-ဗမာ အဓိကရုဏ်းကို နောက်ခံထားကာ ဆင်းရဲမွဲတေသော ပန်းချီဆရာသူငယ်ချင်းနှစ်ယောက်၏ဘ၀ကို ဖော်ကျူးထားခြင်း ဖြစ်သည်။ ထိုဝတ္ထုတိုထဲတွင် အရင်းရှင်စနစ်၏ စရိုက်လက္ခဏာကို ဖော်ပြခဲ့သည်။
ထွန်းအေးစာပေဖြန့်ချိရေးမှထုတ်ဝေသော “ဓနရှင်လောက” စာအုပ်မှာ သခင်ဘဟိန်း၏ အထင်ရှားဆုံး စာအုပ်တစ် အုပ်ဖြစ်သည်။ ထိုစာအုပ်ကို သခင်ဘဟိန်းသည် ထောင်ထဲတွင်ရေးသားပြုစုခဲ့ခြင်းဖြစ်သည်။
အင်္ဂလိပ်ပြေးကာနီး သခင်ဘဟိန်းထောင်မကျခင် ချားလ်ဒစ်ကင်း၏ “မျှော်တလင့်လင့်” ၀တ္ထုကြီးကို “လူ့အလို” အမည်ဖြင့် ရေးခဲ့ဖူးသည်။ သို့သော် တိုင်းပြည်ပျက်ကာနီးဖြစ်သဖြင့် စာမျက်နှာ ၆၀ ကျော်သာ ပုံနှိပ်ပြီးစီးခဲ့သည်။ ဆက်ပြီးမရေးနိုင်ခဲ့ပေ။ နိုင်ငံရေးကိစ္စများနှင့် အလုပ်များနေသည့်ကြားထဲက ပန်းဆိုးတန်းရှိ ထွန်းအေးစာအုပ် ဖြန့်ချိရေးဌာနအခန်းတွင်ထိုင်ကာ ရေးပေးခဲ့သော ၀တ္ထုဖြစ်သည်။ စာတစ်ဖောင်ချင်း ထိုင်ရေးပေးရသဖြင့် အပြီး မသတ်နိုင်ခဲ့ပေ၊ ထိုဝတ္ထုသာပြီးဆုံး၍ထွက်လာခဲ့လျှင် မြန်မာစာပေလောကတွင် ထင်ရှားသည့်ဝတ္ထုတစ်ပုဒ် ဖြစ်မည်ဟု ဆိုကြသည်။
သခင်ဘဟိန်းသည် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂ၏အာဘော် မဂ္ဂဇင်း ဖြစ်သည့် မျိုးညွန့်မဂ္ဂဇင်းတွင် အယ်ဒီတာလုပ်ခဲ့သည်။ ထို့နောက် စစ်ပြီးခေတ်တွင် ကွန်မြူနစ်ပါတီ၏အာဘော် ပြည်သူ့အာဏာဂျာနယ်ကိုလည်း ဦးဆောင်ထုတ်ဝေခဲ့သည်။
နဂါးနီ စာအုပ်တိုက်ကို ထူထောင်ကြသည့်အခါတွင်လည်း သခင်ဘဟိန်းပါဝင်ခဲ့သည်။ နဂါးနီစာအုပ်တိုက်မှ ထုတ်ဝေသောစာအုပ်မှာ “ကျောင်းသားအရေးတော်ပုံ”ဖြစ်သည်။
နဂါးနီ စာအုပ်တိုက်ကို ထူထောင်ကြသည့်အခါတွင်လည်း သခင်ဘဟိန်းပါဝင်ခဲ့သည်။ နဂါးနီစာအုပ်တိုက်မှ ထုတ်ဝေသောစာအုပ်မှာ “ကျောင်းသားအရေးတော်ပုံ”ဖြစ်သည်။
သခင်ဘဟိန်းသည် နဂါးနီစာအုပ်အသင်းကြီးကထုတ်ဝေသည့် နဂါးနီသတင်းစာစောင်တွင်လည်း ဆောင်းပါးများ၊ ၀တ္ထုများရေးသားခဲ့သည်။ သခင်ဘဟိန်းသည် စာရေးဆရာအချို့၏ စာအုပ်အချို့တွင် အမှာစာများရေးပေးခဲ့သည်။ ထိုအမှာများတွင် အထင်ရှားဆုံးအမှာစာမှာ ဒဂုန်တာရာ၏ “မေ” ၀တ္ထုတွင် ရေးသားခဲ့သည့် အမှာစာဖြစ်သည်။ ထိုအမှာစာတွင် အောက်ပါအတိုင်း သခင်ဘဟိန်းရေးသားခဲ့ရာ မြန်မာစာပေလောကတွင် ယနေ့တိုင် ထင်ရှားလျှက်ရှိ သည်။
“မေ၀တ္တုကို ဖတ်ရသည်မှာ ရှန်ပိန်အရက်ကို သောက်လိုက်ရသည်နှင့် တူလေသည်။ အဘယ့်ကြောင့် ဆိုသော် သူ့အရသာမှာ အခြားအစားအဟာရများလို ဒါချည်း၊ ဒါချည်းပဲမဟုတ်ဘဲ ထူးထူးကဲကဲ ရှိန်းခနဲ၊ ဖိန်းခနဲ ဖြစ် သွားသောကြောင့်ဖြစ်သည်။”
“မေ၀တ္တုကို ဖတ်ရသည်မှာ ရှန်ပိန်အရက်ကို သောက်လိုက်ရသည်နှင့် တူလေသည်။ အဘယ့်ကြောင့် ဆိုသော် သူ့အရသာမှာ အခြားအစားအဟာရများလို ဒါချည်း၊ ဒါချည်းပဲမဟုတ်ဘဲ ထူးထူးကဲကဲ ရှိန်းခနဲ၊ ဖိန်းခနဲ ဖြစ် သွားသောကြောင့်ဖြစ်သည်။”
စကားလုံးအသစ်အဆန်းများ ၊ အရေးအသားသစ်ဖြင့် ထွက်ပေါ်လာသော “မေ” သတ္တုကို သခင်ဘဟိန်းက ကြိုဆို ခဲ့လေသည်။
နဂါးနီသတင်းကို နဂါးနီစာအုပ်တိုက်က တစ်လတစ်ကြိမ် ထုတ်ဝေခဲ့သည်။ အသင်းသားများကို အခမဲ့ပေးဝေခဲ့ပြီး အသင်းသားမဟုတ်သူများကို တစ်စောင်လျှင် ၃ပဲ နှင့်ရောင်းချခဲ့သည်။ နဂါးနီသတင်းတွင် နဂါးနီစာအုပ်အသင်းကြီး အကြောင်းနှင့် ထုတ်ဝေမည့်နဂါးနီစာအုပ်များအကြောင်း၊ မြန်မာ့နိုင်ငံရေးသတင်းများ၊ အစိုးရ၏ဖိနှိပ်ချုပ်ချယ်မှုများ အကြောင်း၊ နိုင်ငံရေးဆောင်းပါးများ၊ ၀တ္တုတိုများကို ဖော်ပြလေ့ရှိသည်။
ထိုနဂါးနီအသင်းတွင် သခင်ဘဟိန်းသည် အခါအားလျော်စွာဝင်ရောက်ရေးသားခဲ့သည်။ တွေ့ရှိသော နဂါးနီ သတင်းစာစောင်များတွင် သခင်ဘဟိန်းရေးသားခဲ့သမျှမှာ အောက်ပါအတိုင်းဖြစ်သည်။
၁။ ဗြိတိသျှနယ်ချဲ့စနစ်နှင့် အိန္ဒိယပြည်၊ ရေးသူ -ဂျိုအင်ဗိုချန်၊ ဝေဖန်သူ-ဘဟိန်း၊ (မျိုးညွန်မဂ္ဂဇင်း) အတွဲ ၁ အမှတ် ၅
၃။ အလုပ်သမား၊ ဘဟိန်း (၀တ္တုတို)
၎ အမ္ဘာကို ချောက်ချားတုန်လှုပ်စေသော နိုင်ငံရေးပါတီတစ်ခု၊ နဂါးနီ၊ အတွဲ ၁၊ အမှတ်၈
သခင်ဘဟိန်းသည် နဂါးနီစာအုပ်တိုက်မှထုတ်ဝေသော စနေနဂါးနီစာစောင်တွင် ပါဝင်ရေးသားခဲ့သည်။ ၁၉၄၀ ခု၊ နိုဝင်ဘာ ၂၃ရက်နေ့ထုတ် စနေနဂါးနီစာစောင်တွင် “အမျိုးသားစည်းရုံးရေး” အကြောင်းကိုရေးသားခဲ့သည်။
သခင်ဘဟိန်းသည် ဖက်ဆစ်တော်လှန်ရေးကာလအတွင်းတွင်လည်း နိုင်ငံရေးကျမ်းများကို မြန်မာပြန်ဆိုခဲ့သည်။
၎င်းတို့မှာ-
၁။ ပြင်သစ်ပြည် လွတ်လပ်ရေးတိုက်ပွဲ
၂။ လီနင် အစိုးရနှင့်တော်လှန်ရေး
၃။ လျူဝစ်၏ ဖူးဝါးဘတ်နှင့် ဂျူးရင်းကို ချေပချက် စသည်တို့ဖြစ်သည်။
အိန္ဒိယပြည်မှ ကိုသိန်းဖေ လေထီးချပေးသော စာအုပ်များအနက် ပြင်သစ်ပြည် လွတ်လပ်ရေးတိုက်ပွဲကို သခင် ဘဟိန်း ဘာသာပြန်ခဲ့လေသည်။ ထိုစာအုပ်ကိုဘာသာပြန်ပုံမှာ အင်္ဂလိပ်စာအုပ်ကိုကြည့်ပြီး ဗမာလို လျှောက်ဖတ် သွားသည်။ ၄င်းကိုတစ်ယောက်က လက်ရေးတိုနှင့်လိုက်ရေးပြီး ဖယောင်းစက္ကူပေါ်တွင် လက်နှိပ်စက်နှင့်ရိုက်ရ သည်။ နောက်စာကူးစက်နှင့်လှည့်၍ ထုတ်လိုက်သည့်အခါ မြန်မာဘာသာပြန်စအုပ်အဖြစ် ထွက်လာလေသည်။
ဂျပန်ခေတ်တွင် ဗမာခေတ်သတင်းစာ၏ပုံပြင်များကို ရေးသားဖော်ပြလျက်ရှိရာ သခင်ဘဟိန်းနှင့်သခင်နုတို့က မြန်မာပုံပြင်များ ရေးသားဖော်ပြလမ်းညွှန်ခဲ့သည်။ တစ္ဆေသရဲပုံဝတ္တုများထက် အမျိုးသားရေး စိတ်ဓာတ် မြှင့် တင်ပေးသော ပုံပြင်များရေးသားရန် တိုက်တွန်းခဲ့ခြင်းဖြစ်သည်။
ဂျပန်ခေတ်တွင် ဗမာခေတ်သတင်းစာ၏ပုံပြင်များကို ရေးသားဖော်ပြလျက်ရှိရာ သခင်ဘဟိန်းနှင့်သခင်နုတို့က မြန်မာပုံပြင်များ ရေးသားဖော်ပြလမ်းညွှန်ခဲ့သည်။ တစ္ဆေသရဲပုံဝတ္တုများထက် အမျိုးသားရေး စိတ်ဓာတ် မြှင့် တင်ပေးသော ပုံပြင်များရေးသားရန် တိုက်တွန်းခဲ့ခြင်းဖြစ်သည်။
နဂါးနီစာအုပ်တိုက်မှလည်း သခင်ဘဟိန်း၏ “ကမ္ဘာစစ်နှင့် နောင်ရေး” ကိုလည်း ထုတ်ဝေခဲ့သည်။ သခင်လှဖေ၏ “နိုင်ငံရေး မြေပုံစာအုပ်” ၌လည်း အမှာစာရေးသားပေးခဲ့လေသည်။
သခင်ဘဟိန်းရေးသားခဲ့သမျှစာများကိုစုပေါင်း၍ “သခင်ဘဟိန်း၏စာ” သို့မဟုတ် သခင်ဘဟိန်း လက်ရွေးစင်စာဟူ ၍ စာတစ်အုပ်အဖြစ် ထုပ်ဝေရန် ကြိုးပမ်းသင့်သည်။ သခင်ဘဟိန်းသည် နိုင်ငံရေးသမားအဖြစ်နှင့်သာမက စာရေး ဆရာတစ်ယောက်အဖြစ်နှင့်လည်း သူ့လက်ရာ သူ့စာများကို ချန်ရစ်ခဲ့လေသည်။
သခင်ဘဟိန်း၏ စာများသည် အမျိုးသားလွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်စာများ၊ လွတ်လပ်ရေး တိုက်ပွဲဝင်စာ များဖြစ်သည်ကိုတော့ ငြင်း၍ရမည်မဟုတ်ပေ။ ရေးသားခဲ့သမျှသော သခင်ဘဟိန်း၏ စာများက သက်သေခံလျက် ရှိနေလေသည်။
မြင့်ဆွေဦးပြည်သူ့ခေတ်ဂျာနယ် အတွဲ ၁ အမှတ် ၅၁
၁၄ ဇူလိုင် ၂၀၁၁
0 comments:
Post a Comment