Saturday, May 7, 2011

သနပ်ခါး (ကမာပုလဲ)

0 comments

သနပ်ခါး  

သဘာဝရဲ့ 

အဖိုးမဖြတ်နိုင်တဲ့ ရတနာ 

အညာကျေးလက် တပ်မက်ဖွယ်ရာ။


နွေထဲ
သဲမုန်တိုင်းတွေနဲ့ ရိုင်းစိုင်းလှတဲ့ လေထဲ
ပက်ကြားအက် ကုန်းမြေမာခေါင်ခေါင်ထဲ
ချွန်မြဆူးတွေထုတ်လို့ အာခံ
ဘဝကို ဒီလိုရှင်သန်တယ်။

အရွယ်ရောက်တော့
အလိုကျ ဖြတ်တောက်ခံကာ
ကြမ်းတမ်းခက်မာ ကျောက်သားပြင်
ဘဝကို မှတ်ကျောက်တင် အသွေးခံလို့

အိုမင်းတွန့်ရွ
အမေ့အသားအရေပေါ်မှာဖြစ်ဖြစ်
ပန်းနုရောင်ပြေး
ချစ်သူ့ပါးပြင်ကလေးပေါ်မှာဖြစ်စေ
သူဟာ
ပန်းတွေနဲ့အပြိုင် မွှေးတယ် ။

ကမာပုလဲ

Saturday, September 6, 2008

0 comments:

Post a Comment