Saturday, May 7, 2011

လရောင်တမ်းချင်း (ကမာပုလဲ)

0 comments
လရောင်တမ်းချင်း (ကမာပုလဲ)
ကမ္ဘာ့ဒုက္ခတွေ ထိုင်ရှုနေတာထက်တော့
တိရိစ္ဆာန်တကောင် ဒုက္ခလျော့တာက မြတ်ရဲ့*

သူ
အခက်ဆုံး သူ့အတ္တတွေကို
အချိန်နဲ့အမျှ ငြင်းဆန်ချေဖျက်နေရရင်း

သိုးအုပ်ရဲ့ ဆွံ့အတဲ့နှုတ်ခမ်းမှာ သူ့အသနားခံစကား ထည့်ပေးကာ
နတ်တို့ဆီ အသနားခံတဲ့သူဟာ အသနားကင်းတယ်*

မေမေရယ်
မေမေ သိပ်မြတ်နိုးတဲ့ ပဒုမ္မာကြာပန်းတွေ
ခု ကျနော်ရောက်နေတဲ့ အရပ်မှာ
နေစရာ ပန်းအိုးကလေးတွေ မဲ့လို့ ။

ကမာပုလဲ

(*) ဆရာကြီး ဆာအက်ဒွင်အန်းလ်ဒ်၏ အာရှတိုက်မှ အလင်းရောင် ကဗျာမှ (မောင်သာနိုး ဘာသာပြန်)

Saturday, August 23, 2008

0 comments:

Post a Comment