Friday, May 6, 2011

မပြီးဆုံးသေးသည့်တိုက်ပွဲ(Nic Dunlop)

0 comments
မပြီးဆုံးသေးသည့်တိုက်ပွဲ(Nic Dunlop)
ဒဏ်ရာအနာတရရရှိခဲ့သော်လည်း အားမလျှော့စိတ်မယိုင်လဲဘဲ မြန်မာ့တပ်မတော်သားဟောင်း ရဲဘော်တဦးက မတူ ကွဲပြားသည့်နောက်ထပ်စစ်မျာက်နှာတခုတွင် ဆက်လက်တိုက်ပွဲဝင်လျှက်ရှိသည်။ ၂ဝဝ၈ ခုနှစ်ဇွန်လ၊ အသက် ၄၆နှစ်အရွယ်ရှိ ကိုမျိုးမြင့်က ထိုင်း-မြန်မာနယ်စပ်ရှိ အုန်းပျံ့ဒုက္ခသည်စခန်းဂိတ်ပေါက်ကိုဖြတ်၍လျှောက်ထွက်လာ သည်။ သူက ဘန်ကောက်ကိုဆက်သွားမည်။ ဘဝတွင်ပထမဆုံးလေယဉ်ခရီးအဖြစ် ကီလိုမီတာ ၁၉၀၀၀ (မိုင် ၁၂ ၀၀၀)အကွာ အမေရိကန်ပြည်ထောင်စုသို့သွားရန်ဖြစ်သည်။ နောက် နာရီအနည်းငယ်ကြာပြီးသည့်အခါ အင်ဒီယား နားပြည်နယ်၏ စိုထိုင်းထိုင်းညနေခင်းတွင် နှစ်ပေါင်း ၂၀ နီးပါးကွဲကွာနေခဲ့သည့် သူ၏ညီဖြစ်သူကို ပြန်လည်တွေ့ဆုံ ရတော့မည်။ စိတ်လှုပ်ရှားရင်ခုန်ကြရသည့် မိသားစုပြန် လည်တွေ့ဆုံပွဲက ပြင်းထန်ကြမ်းတမ်းစွာဖြတ် သန်းခဲ့ရသည့် ဘဝတစိတ်တပိုင်းကို တခန်းရပ်အနားရစေနိုင်ခဲ့ပြီဖြစ်သည်။ သို့သော်လည်း နောက်ထပ်အစိမ်းဖြတ်ဖြတ်သန်းရဦးမည့် ဘဝသစ်ကသူ့ကိုစောင့်ကြိုနေသည်။
ကိုမျိုးမြင့်က သူလိုကိုယ်လိုဒုက္ခသည်တဦးမဟုတ်ပါ။ ကိုမျိုးမြင့်သည် လူငယ်ဘဝမှာ မြန်မာ့တပ်မတော်ထဲသို့ဝင်ခဲ့ သည်။ ကြောက်မက်ထိတ်လန့်ဖွယ်ရာဖြစ်ရပ်များကို သူကြုံတွေ့ခဲ့ရသလို တိုက်ပွဲတခုတွင် သူ၏ခြေထောက်တချောင်းဆုံးရှူံးခဲ့ရသည်။ ၁၉၈၈ ခုနှစ် လူထုအုံကြွမှုကြီးဖြစ်လာသည့်အခါ သူလည်း တက်တက်ကြွကြွပါဝင်လှုပ်ရှားခဲ့သည်။ ငြိမ်းချမ်းစွာအပြောင်းအလဲများ ဖြစ်လာစေရေးအ တွက် သူနှင့် ယခင်ကအတူလက်တွဲတိုက်ပွဲဝင်ခဲ့သည့် စစ်သားများကို သူကမေတ္တာရပ်ခံပန်ကြားခဲ့သည်။ နောက်ဆုံး သူအဖမ်းခံရပြီးနှိပ်စက်ညှဉ်း ပမ်းခံရသည်။ ဒီမိုကရေစီအုံကြွမှုကြီးတွင်ပါဝင်မှုကြောင့် ၁၅ နှစ်ကြာထောင်ချခံခဲ့ရသည်။ ကိုမျိုးမြင့်က စစ်သားမျိုးရိုးမိသားစုမှဆင်းသက်လာ သူဖြစ်သည်။ သူ၏ဖခင်ကလည်းစစ်သားတဦးဖြစ်သလို သူငယ်စဉ်ဘဝကလည်း စစ်သားများကိုကြည့်၍ ငေးမောအားကျဖူးသည်။ စစ်သား များက သေသေသပ်သပ်ကြည့်၍ကောင်းသလို လေးစားဖွယ်ဟု သူကမြင်ခဲ့သည်။ “ပြန်ပြောပြရရင် အဲဒီအချိန်က လူတွေကလေးစားပြီးဆက် ဆံကြတာနဲ့ ကြောက်ပြီးနာခံနေတြာကို ကျနော်မခွဲခြားတတ်ခဲ့ဘူး” ကိုမျိုးမြင့် စစ်ထဲဝင်ပြီးနောက် မေမြို့တွင် သင်တန်းတက်ရသည်။ ထို့နောက် ကွန်မြူနစ်သူပုန်များကို ထိုးစစ်ဆင်သည့်ထိုးစစ်ကြီးတခုအတွက် ရှေ့တန်းသို့အပို့ခံရသည်။ ပြင်းထန်ကြမ်းတမ်းလှသည့် တိုက်ပွဲကြီးတွင် တကယ့် စစ်သားတဦး၏ဘဝကြမ်းကိုလည်း မျက်မြင်ကိုယ်တွေ့ကြုံတွေ့လိုက်ရသည်။ သူ၏ရဲဘော်များ သူ့နဘေးနားတွင်ကျဆုံးသွားသည်ကိုမြင်ရသည်။ ဒဏ်ရာကြီးမားစွာဖြင့် ကျဆုံးကုန်ကြသည်။ “အဲဒီမှာ ကျနော် စစ်ထဲမဝင်ခဲ့သင့်ဘူးလို့တောင်စဉ်းစားမိလာတယ်” ဟုသူကဆိုသည်။ သူလိုက်ပါခဲ့ ရသည့်တပ်ဖွဲ့က ရွာသားများကိုရှေ့ကထား၍မိုင်းရှင်းစေရန် အတင်းအကျပ်ခိုင်းစေခဲ့သည်ကိုလည်း သူမြင်ခဲ့ရဖူးသည်။ သူတို့ရှေ့တွင်ပင် လူ အမြောက်အများ အစိတ်စိတ်ပြတ်တောက် လွင့်စဉ်သွားကြသည်ကိုလည်း မြင်ခဲ့ရသည်။ သူနှင့်အတူ တိုက်ဖော်တိုက်ဘက်ရဲဘော်များက လူ တယောက်ကို ကြက်ကလေးငှက်ကပလေးလို သတ်ဖြတ်နေသည်ကိုလည်း သူ လက်ပိုက်ကြည့်နေခဲ့ရသည်။ အမျိုးသမီးများကိုမုဒိန်းပြုကျင့်ကြ၊ ရွာသားများကိုနှိပ်စက်ညှဉ်းပမ်းကြသည်မှာလည်း မမြင်ချင်မှအဆုံးဟု သူကပြန်ပြောပြသည်။ “ကျနော် အပြစ်မကင်းသလိုခံစားရတယ်။ ဒီ ကိစ္စတွေအတွက် တာဝန်ရှိတယ်လို့ထင်လာတယ်။ ဒါပေမယ့် ကျနော် ဘာတခုမှ ရက်စက်တာတွေမလုပ်ခဲ့ပါဘူး” တိုက်ပွဲတခုတွင် ဗုံးဆန် တ ခုဘေးမှာပေါက်ကွဲသည်ကိုလည်း ကြုံရသည်။ မိုင်းတင်းကြမ်းပြည့်နေသည့် မိုင်းကွင်းကိုလည်းဖြတ်ရသည်။ သူ၏လက်တဘက်ခြေတဘက် မိုင်းဒဏ်ရာ ဗုံးဒဏ်ရာဖြင့်ဆုံးရှူံးခဲ့ရသည်။ သူ့ကို စစ်တပ်က အလိုမရှိတော့သည့်နောက်ပိုင်း အသက် ၂၅ နှစ်အရွယ်သာရှိသေးသည့် ကိုမျိုးမြင့်ကို စစ်တပ်မနှ ထုတ်ပယ်လိုက်ပြီး ပင်စင်လစာအနည်းငယ်ထောက်ပံ့ခဲ့သည်။ သူက စာအုပ်ဆိုင်တခုဖွင့်ပြီး ရပ်တည်ရေးရုန်းကန်ရသည်။ သည် အချိန်တွင်သူက ကမ္ဘာ့စာပေကြီးများကို စိတ်ဝင်တစားဖတ်ရှူခဲ့သည်။ “ဒါဝင်၏ မျိုးစိတ်များ၏မူလအစ The Oragin of Species) တော်လ် စတွိုင်း၏ စစ်နှင့်ငြိမ်းချမ်းရေးစသည့် နာမည်ကျော်စာအုပ်ကြီးများအပြင် သူလေးစားရသည့် သူ့ဘဝ၏သူရဲကောင်းတဦးဖြစ်သော အေဗရာဟင်မ် လင်ကွန်း၏အတ္ထုပ္ပတ္တိအပါအဝင် အထ္တုပ္ပတ္တိစာပေတော်တော်များများကိုလည်း သူဖတ်ခဲ့သည်။ သူက မြန်မာနိုင်ငံသမိုင်းနှင့် ပဋိပက္ခများမည် သည့်အတွက်ကြောင့်ဖြစ်လာရသည်ကိုလည်း သိလိုစိတ်ဆာလောင်ပြင်းပြလာခဲ့သည်။  ၁၉၈၈ ခုနှစ်၏ မုန်တိုင်းထန်သောနေ့များအတွင်း ရန် ကုန်မြို့ဆင်ခြေဖုံးရှိ စစ်စခန်းအများစုရှိရာ မင်္ဂလာဒုံတပ်နယ်တွင် ချိုင်းထောက်တဘက်နှင့်စင်ပေါ်တက်၍ လူထောင်ဂဏန်းခန့်ရှိမည့် ဆန္ဒပြ သူများကို မိန့်ခွန်းပြောသည်။ ပြည်တွင်းစစ်၏ကြောက်မက်ဖွယ်ရာ အဖြစ်ဆိုးများအကြောင်းကိုလည်းပြောပြဖြစ်သည်။ ထိုအချိန်တွင် လက်နက် ကိုင် စစ်သားများကစောင့်ကြည့်နေကြပြီး သူကလည်း ထိုသူများကိုအဓိကပစ်မှတ်ထား၍ မိန့်ခွန်းပြောည်။ “သာမန်အရပ်သားတယောက်က စစ် သားတယောက်ကို စကားပြောရတာတမျိုးဖြစ်လိမ့်မယ်။ ဒါပေမယ့် အရင်စစ်သားဟောင်းတယောက်၊ ဒုက္ခိတတယောက်က စကားပြောရင်တော့ ပိုထူးခြားလိမ့်မယ်ဆိုတာ ကျနော်တွေးမိလာတယ်။ ကျနော်စကားပြောတော့ အင်မတန်တုန်လှုပ်နေတယ်။ တကယ်လို့ စစ်သားတွေကပစ်ခတ်ပြီ ဆိုရင်တော့ ကျနော် ပထမဦးဆုံးပဲ” ။ စစ်တပ်က ပစ်ခတ်မည့်အစား စစ်သား ၁ဝဝခန့်က ဆန္ဒပြသူများနှင့်ပူးပေါင်းလာသြည်။ နောက်တနေ့တွင် ပို၍လူများလာသည်။ “လူတွေကလည်း စစ်သားတွေပူးပေါင်းလာတော့ ဝမ်းသာနေကြတယ်။ သူတို့အများစုက ယူနီဖေါင်းဝတ်ပြီး  ဝင်ဆန္ဒပြကြ တယ်” ဟုသူကပြောပြ၏။
ထိုအချိန်က အနာဂတ်အရေးအတွက် အကောင်းမြင်နေကြသည့်အချိန်က မကြာလှ။ တခဏဧသာခံခဲ့သည်။ ဗိုလ်ချူပ်နေဝင်းက သူ့တပ်များ ကိုပြန်ဇက်ထိမ်းချုပ်နိုင်ခဲ့ပြီး ဆန္ဒပြပွဲတွေကို ဖြိုခွဲနှိမ်နင်းစေခဲ့သည်။ ကိုမျိုးမြင့်သည် ရက်ရက်စက်စက်ဖြိုခွဲချေမှုန်းမှုများမှ ကံကောင်းထောက်မ၍ လွတ်မြောက်နိုင်ခဲ့သော်လည်း အာဏာပိုင်များကသူ့ကိုခြေရာခံ လိုက်ခဲ့ကြသည်။ သူ့ကိုဖမ်းပြီး ရက်ပေါင်းများစွာ နှိပ်စက်မေးမြန်းခံရသည်။ နိုင်ငံ ကိုသစ္စာဖေါက်သည့် သစ္စာဖေါက်တဦးလို မေးမြန်းစွပ်စွဲခဲ့သြည်။ “မင်းက စစ်သားဟောင်းတယောက်ဖြစ်ပြီး ဘာလို့တပ်မတော်ကိုပြန်ဆန့်ကျင်ရ တာလဲ”ဟု သူ့ကိုစွပ်စွဲ၍အော်ဟစ်ကြိမ်းမောင်းသည်။ သူ၏ ချိုင်းထောက်များကိုဖယ်ရှားပြီး အချိန်နာရီများစွာကြာမြင့်အောင် ခြေထောက်တ ဘက်တည်းပေါ်တွင် အတင်းရပ်ခိုင်းသည်။”သူတို့က ကျနော့်ကို ဆူပူကြိမ်းမောင်းကြတယ်။ ကန်ကျောက်ရိုက်နှက်တယ်။ မျက်နှာကိုထိုးကြိတ် တယ်။ မင်းကစစ်သားပဲ ဘာဖြစ်လို့ စစ်တပ်ကိုကျေးဇူးကန်းတာလဲ။ ဘာဖြစ်လို့တပ်မတော်ကို မင်းကသစ္စာဖေါက်တာလဲနဲ့ ဆူပူကြတယ်” ဟု လည်း သူကပြောပြသည်။ ကျိုမျိုးမြင့်ထောင်ကျနေစဉ် သူ၏ညီဖြစ်သူ ကိုရဲနိုင်က ထိုင်း-မြန်မာနယ်စပ်သို့ထွက်ပြေးလာပြီး မြန်မာနိုင်ငံလုံးဆိုင် ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF) သို့ ဝင်ရောက်လှုပ်ရှားသည်။ (ABSDF) အဖွဲသည် ၁၉၈၈ ခုနှစ် လူထုအုံကြွမှုနောက် ပိုင်း ကျောင်းသားလှုပ်ရှားမှုမှတောထဲရောက်လာသူများက တည်ထောင်တိုက်ပွဲဝင်နေကြသည့် အဖွဲ့လည်းဖြစ်သည်။ လက်နက်ကိုင်အဖွဲ့အစ ည်းဖြစ်ပြီး ကရင်နှင့်မွန်လက်နက်ကိုင် သူပုန်များကထောက်ပံ့အားပေးခဲ့ကြသည်။ မြန်မာနိုင်ငံအရှေ့ပိုင်းဒေသရှေ့တန်းများတွင် ကိုရဲနိုင်သည် တ ချိန်ကသူ၏ဖခင်၊ သူ၏အကိုတို့ တာဝန်ထမ်းခဲ့သည့် မြန်မာစစ်တပ်နှင့်ပြန်လှန်တိုက်ခိုက်ခဲ့ရသည်။ နှစ်အတန်ကြာတောထဲတွင် တိုက်ပွဲဝင်ခဲ့ပြီး အမေရိကန်ပြည်ထောင်စုသို့ပြောင်းရွှေ့အခြေချလာခဲ့သည်။ ယခုတော့ အမေရိကန်ပြည် ဖို့ဝိန်းမြို့ပြင်ရှိ စက်ရုံတရုံတွင်သူရော သူ့ဇနီးပါအလုပ် လုပ်ကိုင်နေကြသည်။ ကိုမျိုးမြင့်၏ညီမဖြစ်သူကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အဖွဲ့ဝင်တဦးဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားဟောင်းတဦး၏ ဇနီးဖြစ်သည်။ သူက အမေရိကားရောက်၍ အခြေချနေလာခဲ့သည်မှာ နှစ်အတန်ကြာခဲ့ပြီဖြစ်သည်။ မြန်မာနိုင်ငံရှိထောင်ထဲတွင် ၁၅ နှစ်ကြာဖြတ် သန်းခဲ့ပြီးနောက် ကိုမျိုးမြင့်ပြန်လွတ်လာပြီး ထိုင်း-မြန်မာနယ်စပ်သို့ထွက်လာခဲ့သည်။ သူက ထိုင်းနိုင်ငံကိုဖြတ်ကူးပြီး မြန်မာနိုင်ငံရှိနိုင်ငံရေး အ ကျဉ်းသားများအရေးကိုကူညီနေသည့် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) တွင် အချိန်ကာလတခု ကူညီလုပ် ကိုင်ပေးခဲ့ပေးသည်။ နောက်ပိုင်းတော့ သူက ဒုက္ခသည် ၁၉ဝဝဝ ကျော် ခိုလှုံနေထိုင်ရာ အုန်းပျံ့ဒုက္ခသည်စခန်းသို့ ဝင်ရောက်ခဲ့သည်။ ထို ဒုက္ခ သည်များကမြန်မာစစ်တပ်၏မြေလှန်စစ်ဆင်ရေး ထိုးစစ်များကြောင့်ထွက်ပြေးလာကြရသူများဖြစ်သည်။ ထိုစခန်းမှတဆင့်အမေရိကန်ပြ ည်ထောင်စုသို့ သူပြောင်းရွှေ့အခြေချလာခြင်းဖြစ်သည်။ “ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ကျနော်အမေရိကားကိုမသွားချင်ဘူး။ (ဒါပေမယ့်သွား ရတော့မယ်) ဘာဖြစ်လို့လည်းဆိုတော့ ကျနော့်ညီနဲ့ညီမက အဲဒီမှာရှိတယ်လေ။ ကျနော့်အမေကလည်း သွားမယ်ဆိုအဲဒီကိုသွားဖို့ပြောတယ်” ဟု ကိုမျိုးမြင့်က စခန်းထဲတွင် သူပိုင်ဆိုင်သမျှပစ္စည်းလေးတွေထုပ်ပိုးနေရင်း ဒီမိုကရေစီလှုပ်ရှားမှုထဲရှိ သူ့မိတ်ဆွေများကို နောက်ဆုံးနှုတ်ဆက်နေ ရင်းပြောသည်။ သူ့မိတ်ဆွေအများစုကလည်း တချိန်ကမြန်မာစစ်အစိုးရ၏ အကျဉ်းထောင်အတွင်းတွင် အတူဒုက္ခခံစားခဲ့ကြရသူများဖြစ်သည်။ “ကျနော် နိုင်ငံရေးပဲဆက်လုပ်ဖြစ်ဦးမယ်ထင်တယ်။ ကျနော်သိတာက အမေရိကန်ပြည်ထောင်စုက မြန်မာပြည်အရေးကို အများကြီးပံ့ပိုးထောက် ခံပေးတယ်။ ကျနော်အဲဒီကိုပြောင်းပြီး အဲဒီကနေပဲ နိုင်ငံရေးဆက်လှုပ်ရှားတော့မယ်” ဟု သူကပြောသည်။ သူ၏ ညီဖြစ်သူ၊ ညီမဖြစ်သူတို့နှင့်ပြန် လည်ဆုံဆည်းရသည့်အဖြစ်သည် သူ၏ “ဘဝတွင်အပျော်ဆုံးကာလ” ဟု ခရီးမထွက်ဖြစ်ခင် သူကပြောသည်။ မိသားစုပြန်လည်တွေ့ဆုံပွဲက ၂ဝဝ၈ ခုနှစ် ဇွန်လ ၂၄ ရက်နေ့တွင်ဖြစ်ခဲ့သည်။ နောက်ပိုင်း ရက်သတ္တပတ်အနည်းငယ်အကြာ သြဂုတ်လတွင် သူ၏ညီ၊ ညီမတို့နှင့် အတူ နူးယော့ခ်မြို့သို့လိုက်လာပြီး ၁၉၈၈ ခု လူထုအုံကြွမှု နှစ်ပတ်လည်(နှစ် ၂ဝ မြောက်)ဆန္ဒပြပွဲသို့ ပါဝင်ပူးပေါင်းခဲ့သည်။ ယခုတကြိမ်သည် လွန်ခဲ့သည့် အနှစ် ၂ဝ ရန်ကုန်မြို့ လူထုအုံကြွမှုကြီးဖြစ်ပြီးနောက်ပိုင်း ညီအကိုနှစ်ဦးအတူ ပထမဦးဆုံးအကြိမ် ဆန္ဒပြခြင်းလည်းဖြစ်သည်။ သည်တကြိမ်တွင်တော့ ဆန္ဒပြ၍အဖမ်းဆီးခံရမည်ကိုကြောက်ရွံ့နေရသောစိတ်၊ ပစ်ခတ်သတ်ဖြတ်မည်ကို စိုးရိမ်ရသောစိတ်ကင်းရှင်းစွာ ဆန္ဒပြနိုင်ခြင်းလည်းဖြစ်ပေသည်။ (Nic Dunlop ၏ The Battle is not over) ကို ဧရာဝတီ အီးဂျာနယ်လ်မှ ကောက်နှုတ်ပြန်ဆိုဖေါ်ပြပါသည်)

0 comments:

Post a Comment