Saturday, May 7, 2011

နာဂစ် … လပြည့်ည (ကမာပုလဲ)

0 comments
နာဂစ် လပြည့်ည
ကမာပုလဲ

လရောင်ရဲ့ အထိအပွေ့မှာ
ဘ၀ဟာ လမင်းနဲ့ ဝေးနေခဲ့

ဘယ်လိုကြမ္မာမျိုးလဲ
မြစ်တွေတောင် ငိုချင်းရှည်ဖွဲ့လို့
ဟောဒီ
ရေပြင်ကန္တာရကြီးမှာ

ဒို့တတွေအတွက်
ကမ္ဘာကြီးဟာ
ကိုယ်ချင်းစာ ငိုကြွေးခဲ့လေသတဲ့
အဲဒီနေ့တွေတုန်းကတဲ့
ခုတော့လည်း

တမိုးတွင်းလုံး
မိုးစက်မြားတံတွေက
အကာအကွယ်မဲ့ခဲ့ရတဲ့
ဒို့ရဲ့ အသားအရေတွေကို ဖောက်ထွင်း
ဒို့ရဲ့ အညတရဘ၀တွေကို ပစ်ခွင်း
အောင်သေအောင်သား စားနေကြသလို
လရောင်ရဲ့ ပွတ်သပ်ယစ်မူးနေမှုအောက်မှာ

ခုတော့
ကြွေစရာ တောလည်းမရှိ
ဝေစရာ မျက်ရည်တွေလည်း ခမ်းခြောက်ခဲ့
သီတင်းကျွတ် လပြည့်ညတဲ့
သိခဲ့သားပဲ
ဒီည
လမင်း ဘယ်လိုသာမယ်ဆိုတာ ။

ကမာပုလဲ

Saturday, November 1, 2008

0 comments:

Post a Comment