
ကျနော်လည်း အခုဆို အိုးနဲ့အိမ်နဲ့။ ဝင်ထွက်သွားလာလုပ်လို့ရပြီလေ။ ဧည့်သည့်ဟာဧည့်သည်မို့ လာလည်ချင်တဲ့အခါ တံခါးမရှိဓါးမရှိပါ။ ပြန်ချင်တဲ့အခါလည်း ဖုတ်ဖက်လေးခါပြီး ပြန်ရုံပေါ့နော်။ အညစ်အကြေး ချန်ခဲ့လည်းကျန်ပါစေ။ လိမ်းခဲ့ရင်လည်းကျံပါစေ။ ရသလေးတွေ ချန်ခဲ့လည်းကျန်ပါစေ။ လိမ်းခဲ့ရင်လည်းကျံပါစေ။ ကျနော့်အလိုကတော့ဗျာ We must take things as they are ပါဘဲ။ ဘယ်သူဖြစ်ဖြစ်ပါ အချိန်တန်ရင်တော့ ပြဋ္ဌာန်းခံတွေ ဟုတ်ဟုတ်/မဟုတ်ဟုတ် ဘဝကပြဋ္ဌာန်းပေးလိုက်တဲ့အသိတွေနဲ့ဘဲ လက်ကျန်အချိန်လေးတွေကို စီးဆင်းရတာပါ။ ကျနော်လည်း မဟာလူသားမဟုတ်လေတော့ကာ...