မည်သူဖွင့်လိုက်သည်မသိ။ အခန်းထဲတွင် “လှောင်ချိုင့်ထဲကတေး” သီချင်းသံလွင့်ထွက်လာ၏။ ကျနော့် စိတ်အလျဉ်က ရုတ်ကနဲရပ်သွား၏။ သီချင်းသံကို ကြားတချက်မကြားတချက်။ ဖတ်လက်စ စာအုပ်နှင့် သီချင်းသံကြား အတွေးများ စုန်ချီဆန်ချီ။ သည်အခြေအနေသည် တိုက်ဆိုင်မှုတစ်ရပ် သာ ဖြစ်သည်ဆိုလျင်လည်း အတော်ထူးခြားသည့် တိုက်ဆိုင်မှုဟုသာ ပြောရမည်ဖြစ်သည်ထင်၏။
စာအုပ်က ၁၉၇၇ ခုနှစ်တွင် ပြည်ထောင်စုသမ္မတ ဂျာမနီနိုင်ငံသံရုံး သတင်းနှင့်ပြန်ကြားရေးဌာနမှ ထုတ်ဝေပြီး ဆရာလှသမိန် ပြန်ဆိုသည့် “ခေတ်သစ်ဂျာမန်လက်ရွေးစင်စာပေ”ဖြစ်သည်။ စာအုပ်ဘာသာပြန်သူ၏ အမှာစကားတွင်...
Pages
ဂိုးလ်ဒင်န်းမွန်းနဲ့ဗျူးတာပါ
ကျနော်စာသင်နေတာပါ
Blog Archive
Followers
Search This Blog
You can replace this text by going to "Layout" and then "Page Elements" section. Edit " About "
Sunday, May 31, 2009
လော့ခ်ကျသွားတဲ့မနက်ခင်း



ဒုက္ခသည်စခန်းက တဲကလေးကို ခွဲခွာချိန်တံခါးအပိတ်မှာ ပြန်လှည့် မကြည့်ဖြစ်အောင် သတိထားပြီးလက်နောက်ပြန်ဖြင့် ပိတ်လိုက်ဖြစ် သည်။ သံယောဇဉ်မတွယ်ချင်တော့။ ဘဝဒုက္ခများစွာကို အတူထမ်းပိုး သယ်ဆောင်ပေးခဲ့တဲ့တဲကလေးရေ နေရစ်ခဲ့တော့။ ငါ့ဘဝထဲက တံခါး တချပ်တော့ပိတ်လိုက်ပြန်ပြီပေါ့လေ။ ဘဝတွင်ပိတ်ခဲ့ဖူးသည့် တံခါးများ စွာအနက် သည်ဒုက္ခသည့်ဆိုသည့် တံခါးကား ပိတ်ရသိပ်ခက်ခဲမည် မဟုတ်ဟု ထင်ထားမိခဲ့ဖူးသည့်အထင်သည် လက်တွေ့တွင် မမှန် ကြောင်း ယခုသိလာရပြီ။
ကျနော် အရှေ့သို့လားရင်း အနောက်သို့စုန်ခဲ့ပါသည်။
တတိယတန်းစားတယောက်အတွက် တတိယတန်းရထားကြီးဖြင့်တော့...
Subscribe to:
Posts (Atom)